Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
အခမ်းအနားမှုး နှင့်
(မှ၊က၊ကို၊အား) မြန်မာသဒ္ဒါ အသုံး အနှုန်းများ
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶
သူ "က" ပြောတယ်။
သူ့ "ကို" ပြောတယ်။

ဒီ ဝါကျ (၂) ခုသည် အဓိပ္ပါယ်ကွဲပြားပါသည်။
သဒ္ဒါအသုံးကွဲပြားခြင်းကြောင့် အဓိပ္ပါယ်ကွဲပြားပါသည်။

အခမ်းအနားမှူးတစ်ဦးအနေဖြင့် မိမိပြောဆိုသုံးနှုန်းသည့် စာများ၊ စကားများ၏ အနက်အဓိပ္ပါယ် တိကျရှင်းလင်း လိုရင်းရောက်နိုင်ရန်အတွက် သဒ္ဒါကို သူ့နေရာနှင့်သူ နေရာတကျသုံးတတ်ရပါမည်။

ရောထွေးတတ်သော "မှ" နှင့် "က" အကြောင်း
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
"က" ကို ကတ္တားနောက်လိုက် ပုဒ်အဖြစ်သုံးပါတယ်။
"မှ" ကို ထွက်ခွာရာပြပုဒ်၊ နေရာပြပုဒ်တွေမှာ သုံးပါတယ်။

ခြွင်းချက်။ ။ ထွက်ခွာရာကိုရည်ညွှန်းလိုသော် "က" ကို နှုတ်ပြောစကားတွင်ရော အရေးတွင်ပါ သုံးပါသည်။

နှုတ်ပြောသာဓကများ 👇👇

ဘယ် "က" လာသလဲ။
ကားဂိတ် "က" လာတယ်။
ရွာ "က" လာတယ်။
ပင်လယ် "က" လာတယ်။
တောင်ပေါ် "က" လာတယ်။
အတွေး "က" လာတယ်။

"မှ" ကိုမူ အရေးတွင်သာသုံးပါသည်။

မေမေသည် ပြင်ဦးလွင် "မှ" မော်လမြိုင်သို့ အလျင်စလိုရောက်လာပါသည်။

(ပြုသူ၊ ဖြစ်သူ ၊ ရှိသူ) ကို ရည်ညွှန်းလိုသော် နှုတ်ပြော နှင့် အရေး နှစ်ရပ်စလုံးတွင် "က" ကိုသာ သုံးရသည်။✅✅

သဘာပတိကြီး "က" မိန်းခွန်းပြောကြားပါမယ်။
မန်နေဂျာ "က" အစီအရင်ခံတင်ပြပါမယ်။
အတွင်းရေးမှူး "က" အကူအညီပေးပါလိမ့်မယ်။
ပညာရေးအဖွဲ့ "က" အသိအမှတ်ပြုပါတယ်။
ကျောင်းသားခေါင်းဆောင် "က" ဆုလက်ခံမှာဖြစ်ပါတယ်။

တွင်တွင်ကျယ်ကျယ်အမှားများ❌❌
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
သဘာပတိကြီး "မှ" မိန်းခွန်းပြောကြားပါမယ်။❌
မန်နေဂျာ "မှ" အစီအရင်ခံတင်ပြပါမယ်။❌
အတွင်းရေးမှူး "မှ" အကူအညီပေးပါလိမ့်မယ်။❌
ပညာရေးအဖွဲ့ "မှ" အသိအမှတ်ပြုပါတယ်။❌
ထူးချွန်ကျောင်းသား "မှ" ဆုလက်ခံမှာဖြစ်ပါတယ်။❌
"မှ" အစား "က" ကို အသုံးပြုပြောဆိုရမှာဖြစ်ပါတယ်။ ✅

အစီအစဥ်အရ သဘာပတိကြီး "မှ" နိဂုံးချုပ်စကားပြောကြားခြင်း အစီအစဉ်ဖြစ်ပါတယ်။ ❌
အစီအစဥ်အရ သဘာပတိကြီး "က" နိဂုံးချုပ်စကားပြောကြားခြင်း အစီအစဉ်ဖြစ်ပါတယ်။ ✅

ဖျော်ဖြေရေးသမားများ "မှ" စင်မြင့်ရဲ့ ဘယ်ဘက်လှေကားကို အသုံးပြုရမှာဖြစ်ပြီး ပရိသတ်များ "မှ" စင်မြင့်ရဲ့ ညာဘက်လှေကားကို အသုံးပြုရမှာဖြစ်ပါတယ်။ ❌
ဖျော်ဖြေရေးသမားများ "က" စင်မြင့်ရဲ့ ဘယ်ဘက်လှေ ကားကို အသုံးပြုရမှာဖြစ်ပြီး ပရိသတ်များ "က" စင်မြင့်ရဲ့ ညာဘက်လှေကားကို အသုံးပြုရမှာဖြစ်ပါတယ်။ ✅

"ကို" နှင့် "အား" အသုံးပြုပုံများ
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
အမှား ❌❌
****
အခမ်းအနား "အား" စတင်မှာဖြစ်ပါတယ်။
အစီအစဉ်များ "အား" ဖတ်ကြားမှာဖြစ်ပါတယ်။
ဂုဏ်ပြုမှတ်တမ်းလွှာများ "အား" ချီးမြှင့်မှာဖြစ်ပါတယ်။

အမှန် ✅✅
🔰🔰🔰🔰
အခမ်းအနား "ကို" စတင်မှာဖြစ်ပါတယ်။
အစီအစဉ်များ "ကို" ဖတ်ကြားမှာဖြစ်ပါတယ်။
ဂုဏ်ပြုမှတ်တမ်းလွှာများ "ကို" ချီးမြှင့်မှာဖြစ်ပါတယ်။

အပြုခံရသူကို ဖော်ပြလိုလျှင် "ကို" ကို သုံးပါသည်။✅
လက်ခံသူကို ဖော်ပြလိုလျှင် "အား" ကိုသုံးပါသည်။✅

ဂုဏ်ပြုမှတ်တမ်းလွှာများ "ကို" ဆရာကြီး "အား" ချီးမြှင့်ပါမည်။ ✅
အစီအစဉ် "ကို" ပရိသတ်များ "အား" ဖတ်ကြားတင်ပြသည်။ ✅
စာရေးကိရိယာများ "ကို" ကျောင်းသားများ "အား" လှူဒါန်းပါမည်။ ✅

"ကို" သုံးရမည့်အစား "အား" ကို လွဲမှားသုံးမိခြင်း
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
အခမ်းအနားအစီအစဉ်များ "အား" ဖတ်ကြားပြီးနောက် ပရိတ်သတ်များ "ကို" ကြိုတင်နေရာယူစေခြင်း။ ❌
အခမ်းအနားအစီအစဉ်များ "ကို" ဖတ်ကြားပြီးနောက် ပရိတ်သတ်များ "အား" ကြိုတင်နေရာယူစေခြင်း။ ✅

ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ "ကို" ကျေးဇူးတင်ပါတယ်။ ❌
ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ "အား" ကျေးဇူးတင်ပါတယ်။ ✅

ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ "က" ကျေးဇူးတင်စကားပြောကြားခြင်းအစီအစဉ်ဖြစ်ပါတယ်။ ✅
ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ "ကို" ကျေးဇူးတင်စကားပြောကြားပေးပါရန် ပန်ကြားအပ်ပါတယ်။✅
ကျေးဇူးတင်စကားပြောကြားပေးပါသော ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ "အား" ကျေးဇူးတင်ပါတယ်။✅

ဥပမာ (၁) "မှ" နှင့် "က"
အခမ်းအနားမှူး "မှ" အခမ်းအနားဖွင့်လှစ်ခြင်း။ ❌
အခမ်းအနားမှူး "က" အခမ်းအနားဖွင့်လှစ်ခြင်း။ ✅

ဧည့်ပရိသတ်များ "မှ" ကြွရောက်နေရာယူခြင်း။ ❌
ဧည့်ပရိသတ်များ "က" ကြွရောက်နေရာယူခြင်း။ ✅

ဥပမာ (၂) "ကို" နှင့် "အား"
အခမ်းအနားတစ်ခု "အား" စတင်ခြင်း။ ❌
အခမ်းအနားတစ်ခု "ကို" စတင်ခြင်း။✅

ဘာသာရပ်တစ်ခု "အား" လေ့လာခြင်း။❌
ဘာသာရပ်တစ်ခု "ကို" လေ့လာခြင်း။✅

မြန်မာစာလုံးပေါင်း သတ်ပုံနှင့် သဒ္ဒါအသုံးပြုမှုများကို အခမ်းအနားမှူးများအနေဖြင့် အတန်အသင့် လေ့လာရန်လိုအပ်ပါသည်။

လေ့လာမိသလောက်ဝေမျှခြင်းသာဖြစ်ပြီး ဖြည့်စွက်ဝေမျှနိုင်သူများအား ကြိုဆိုလျက်ပါ။

ကျေးဇူးတင်ပါသည်။
Credit
❤11👍3
📌 ECMWF cyclone activity chart မှာ မေလ ၂၉ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ရှိလာကြောင်းတွေ့ရပါတယ်။

📌 ၂၇-၂၈-၂၉-၃၀ ရက်တွေမှာ မြန်မာနိုင်ငံဘက်ကိုမုန်တိုင်းအရှိန်သက်ရောက်နိုင်သည့်အခြေအနေလည်း ပိုတိုးလာပါမယ်။

📌 မုန်တိုင်းရဲ့အရှိန်သက်ရောက်မှုဆိုတာ မိုးရော လေရောပါ၊ ရခိုင်ကမ်းရိုးတန်းတလျှောက်က ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင် စ တဲ့ ဒေသတွေမှာ မိုး/လေ/လှိုင်း ပြင်းထန်နိုင်ပါတယ်။

📌 ဆိုင်ကလုန်း"မိုခါ"တုန်းကလို မုန်တိုင်းတိုက်ရိုက်ဝင်တိုက်မှာမဟုတ်တာကြောင့် အဲ့ဒီတုန်းကလိုတော့ ထိခိုက်နိုင်ချေ မရှိပါဘူး။ လေပြင်း တနာရီ မိုင် ၄၀ ကျော်အထိတော့ တိုက်နိုင်ပါတယ်။

📌 ဒီသက်ရောက်မှုက ဇွန်လ ၂ ရက်အထိ ကြာမြင့်နိုင်ပါတယ် (ECMWF ကြိုတင်ခန့်မှန်း)

မေလ ၂၆ ရက် - ည ၈ နာရီ ၂၀ မိနစ် (Edited)
❤1
G-12 ပညာရေး ရင်လေးဖွယ်
===================

အခုအချိန်ဟာ မြန်မာနိုင်ငံမှာ ပညာသင်နှစ် အစ ကာလ ဖြစ်ပါတယ် ။ ဒီအတွက် အခြေခံပညာကျောင်းအသီးသီးမှာ ကျောင်းအပ် လက်ခံနေကြပြီ။
ဒီနေရာမှု အစိုးရလူကြီးမင်းများ ၊ ပညာရေးဌာနတာဝန်ရှိသူများ သတိပြုမိစေဖို့ အကြောင်းတချက်ကို ဖော်ပြပါရစေ ။
အဲဒါကတော့ G-12 တက်မည့် ကျောင်းသားများ အလုံးအရင်းလိုက် ကျောင်းပြောင်းလက်မှတ် TC ထုတ်နေမှုဖြစ်ပါတယ် ။
ကျေးလက်က အထက ၊ အထကခွဲ ၊ တွဲအထက တွေကနေ မြို့ပေါ်က အထက တွေကို ပြောင်းရွေ့တက်ရောက်ပညာသင်ကြားဖို့ဆိုရင်တော့ ဒါဟာ ခွင့်ပြုပေးရမယ့် ကိစ္စဖြစ်ပါတယ် ။
ဒါပေမယ့် အဲလို မဟုတ်နေပါဘူး ။
အခု G-12 တက်မည့် ကျောင်းသားများ TC ထုတ်ယူနေကြခြင်းက ပုဂ္ဂလိက ကျောင်းတွေကို ပြောင်းရွေ့တက်ရောက်ဖို့ ဖြစ်နေပါတယ် ။
ပုဂ္ဂလိက ကျောင်းများသို့ ပြောင်းရွေ့တက်ရောက်တာဟာလည်း ခွင့်ပြုရမယ့် ကိစ္စဖြစ်ပါတယ် ။
ဒါပေမယ့် အခု TC ထုတ်နေတာတွေရဲ့ ၉၀% က ပုဂ္ဂိကကျောင်းများမှာ အမည်စာရင်း၈ာ သွင်းပြီး တရက်မှ ကျောင်းမတက်ကြရပါဘူး ။
ဒီထက်ပိုဆိုးတာက အစိုးရပညာရေးဝန်ကြီးဌာန စီမံတဲ့ နှစ်ဝက်စာမေးပွဲ ၊ နှစ်ပိတ်စာမေးပွဲ ၊ တိုင်းအဆင့်စာမေးပွဲ ဒါတွေကို အဲဒီကျောင်းသားတွေ တကြိမ်မှ ဝင် မဖြေကြပါဘူး ။
အစိုးရအထက်တန်းကျောင်းမှာ လက်ရှိတာဝန်ထမ်းနေကြသော အထပြကျောင်းဆရာ/ဆရာမ များက အဲဒီကလေးတွေကို သူတို့စုဖွဲ့ထားတဲ့ စာသင်ဝိုင်းမှာ ခေါ်ထားကြပါတယ်။
ဒီလို မဟုတ်ရင်လည်း ဘော်ဒါဆောင်တွေ ၊ ကျူရှင်ကျောင်းတွေက အဲဒီလို စီမံနေကြပါတယ် ။
ဒါဟာ ဘက်စုံပညာရေး ရည်မှန်းချက်များကို ဖျက်ဆီးခံနေရခြင်းဖြစ်တယ်လို့ မြင်မိပါတယ် ။
ဒီလိုဖြစ်ရတာကလည်း တက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ် တခုတည်းအပေါ်မှာ ဆုံးဖြတ်ကြလို့ ဖြစ်ပါတယ် ။
တက္ကသိုလ်ဝင်စာမေးပွဲမှာ အမှတ်များများနဲ့ အောင်မြင်ရေူအတွက်သာ ဦးတည်နေကြလို့ဖြစ်ပါတယ် ။
ကျောင်းသားကော မိဘတွေကပါ ဒီလမ်းကြောင်းကို လိုက်နေကြပါတယ်။
ဒါဟာ မှားသလားဆိုတော့ မမှားပါဘူး ။ ဒါပေမယ့် နိုင်ငံအတွက်ကတော့ တကယ့်ကို အမှားကြီးဆိုတာ တွေးနိုင်ရင် မြင်ကြပါလိမ့်မယ် ။
ပုဂ္ဂိလကျောင်းများဟာ ဝန်ကြီးဌာနညွှန်ကြားချက်များကို အပြည့်အဝ မလိုက်ကြဘူးဆိုတာလည်း သိစေချင်ပါတယ် ။
ပုဂ္ဂလိကကျောင်း အာလုံး မဟုတ်ပေမယ့် ကျူရှင် ဘော်ဒါအားလုံးကတော့ ကျောင်ူမတက်ရတဲ့ ပုဂ္ဂလိကကျောင်းတွေနဲ့ ချိတ်ဆက်စီမံနေကြတယ်ဆိုတာ လူကြီးမင်းတွေ သိဖို့ လိုပါလိမ့်မယ်။
အဆိုးဆုံးအချက်ကတော့ ပုဂ္ဂလိက ကျောင်းများကို မြို့နယ်ပညာရေးဌာနမှ စိစစ်ကြီးကြပ်ခွင့် မပြုဘဲ ပြည်နယ်/တိုင်းပညာရေးဌာနက တိုက်ရိုက်စီမံနေမှုဖြစ်ပါတယ် ။

သက်ဆိုင်ရာလူကြီးတွေကို အသိပေးချင်တာကတော့ ယခင်နှစ်က G-11 ရှိ ကျောင်းသား ဦးရေနဲ့ အခုနှစ် G-12 ကျောင်းသား ဦးရေ အများကြီး ကွားခြားသွားတာ သတိပြုကြည့်ကြပါ ။
ပုဂ္ဂလိကျောင်းတွေမှာ G-12 အတန်းမှာ ကျောင်းသား အရေအတွက် အများကြီး တိုးလာတာ သတိပြုကြည့်ကြပါ ။
ဒီလို ဘာကြောင့် ဖြစ်ရတာလဲ သတိပြုကြည့်ကြပါ ။

ကျုပ်မြင်သလောက် ပြောပြရရင်
အစိုးရအထက ကျောင်းတွေဟာ ကျောင်းသင်ခန်းစားအပြင် အခြားကိစ္စတွေမှာ ကျောင်းသားတွေ လိုက်ပါလုပ်ဆောင်နေကြရပါတယ် ။
ကျောင်းဆရာ/မ တွေဟာ စာသင်ကြားရေးအပြင် အခြားကိစ္စတွေ လိုက်ပါ လုပ်ဆောင်နေကြရပါတယ် ။
လုပ်အားနဲ့ တန်တဲ့ ငွေကြေး မရဘူးဆိုတဲ့ ခံစားချက်က ကျောင်းဆရာ/မ တွေ ကိန်းအောင်းနေကြပါတယ်။
အဆင့်မြင်တက္ကသိုလ်တွေ တက်ရောက်ခွင့်ရဖို့အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်မြင့်မားဖို့ တခုတည်းပဲ လိုအပ်တယ်။
တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျခဲ့ရင် ပညာရေးမှာ ရှေ့ဆက်ဖို့ ဘာမှမရှိဘူးလို့သာ သိထားကြတယ် ။
ဒီအချက်တွေကြောင့် အခုလို ဖြစ်နေရတာလို့ မြင်ပါကြောင်း --- ။

ဒေါက်တာကျော်ဆွေ (NUP)
26/5/2025
👍8❤7
သင်ရိုးညွှန်းတမ်း( Curriculum)သည် ကျောင်းတွင်း၊ကျောင်းပြင်တို့တွင် ကျောင်းသားများသင်ယူရရှိသည့် အတွေ့အကြုံအားလုံးကို ဆိုလိုသည်။
သင်ရိုးမာတိကာ( Syllabus )မှာ ဘာသာရပ်တစ်ခုချင်းအလိုက် သင်ယူရမည့် သင်ခန်းစာခေါင်းစဉ်စာရင်းသာ ဖြစ်သည်။
👍3❤1
ကျောင်းဝင်မှတ်ပုံတင်.ခ.စာရင်းရဲ့အရေးကြီးကဏ္ဌမှာပါဝင်တဲ့အတန်းအောင်မြင်ရက်စွဲ များကိုမျှဝေလိုက်ပါသည်
👉၂၀၁၃/၁၄......၁၈.၄.၂၀၁၄
👉၂၀၁၄/၁၅......၁၈.၄.၂၀၁၅
👉၂၀၁၅/၁၆......၁၈.၄.၂၀၁၆
👉၂၀၁၆/၁၇......၂၃.၄.၂၀၁၇(KGသင်ရိုးသစ်စ)
👉၂၀၁၇/၁၈......၂၂.၄.၂၀၁၈
👉၂၀၁၈/၁၉......၂၁.၄.၂၀၁၉
👉၂၀၁၉/၂၀......၁၃.၆.၂၀၂၀(G6သင်ရိုးသစ်စ)
🔒၂၀၂၀/၂၁......ကိုဗစ်ကာလ.
👉၂၀၂၁/၂၂......၂၄.၄.၂၀၂၂(G10သင်ရိုးသစ်စ)
👉၂၀၂၂/၂၃......၂၇.၄.၂၀၂၃
👉၂၀၂၃/၂၄......၂၇.၄.၂၀၂၄
👉၂၀၂၄/၂၅......၁၅.၅.၂၀၂၅
အတန်းအောင်မြင်မှု(အောင်ချက်ချ)ရေးသွင်းလျှင် ခုံအမှတ်.ရက်စွဲ.ကျောင်းအုပ်ကြီး(တ.ဝ.ခ)လက်မှတ် တို့ပါဝင်ရမည်ဖြစ်ပြီး မင်အနက် ဖြင့်သာရေးသွင်းကြရန်ညွှန်ကြားထားပြီးဖြစ်ပါသည်..
Crd.....ဆရာဦးကျော်မျိုး ထိုက်
👍5❤1
ယနေ့ ထုတ်ပြန်သော
နိုင်ငံ့ဝန်ထမ်းဥပဒေကို တတိယအကြိမ်
ပြင်ဆင်သည့် ဥပဒေပါ။
ကျောင်းများတွင် သဘာဝဘေးနှင့် ပတ်သက်သည့် စီမံချက်ရေးဆွဲလိုပါက လေ့လာရန်
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်မည့်ရက် မကြေညာသေးပါ။ ယခင်နှစ်များနည်းတူ အောင်စာရင်းလုပ်ငန်းစဉ်များအားလုံး ဆောင်ရွက်ပြီးစီး၍ အောင်စာရင်းကြေညာရန်အသင့်ဖြစ်သည့် အချိန်မှသာ အောင်စာရင်းထုတ်ပြန်မည့်ရက်ကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ သတင်းစာများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website နှင့် ဤ Facebook Page တို့မှတစ်ဆင့် တရားဝင် အချိန်မီ အသိပေးကြေညာပါမည်။ ထိုသို့ တရားဝင်မကြေညာမီ မည်သည့်ရက်ကိုမှ အတည်မပြုပါ။
ယခင်နှစ်က ကြေညာချက်အဟောင်းများကို ဖြတ်ညှပ်ကပ်ပြုလုပ်၍ သတင်းမှားများထုတ်လွှင့်နေသော Page အတုအယောင်များကို သတိပြုကြပါရန်နှင့် အောင်စာရင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော လိမ်လည်မှုများကို သတိပြုကြပါရန် နှိုးဆော်အပ်ပါသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website တွင်လည်း သတင်းတု၊ သတင်းမှားဖြစ်ကြောင်း တရားဝင်ကြေညာထားပါသည်။
https://myanmarexam.org/news/75
❤5
AI က လူအမိန့် မနာခံတော့ဘူး.
ပြန် အာခံနေပြီ..

AI ကို ကလေးကစားသလို မသုံးကြဘို့, လျှော့မတွက်ကြဘို့ ကျနော်အကြိမ်ကြိမ်ရေးခဲ့ဘူးတယ်.
ကျနော်ရေးတယ်ဆိုတာကလဲ AI ရဲ့ ခေါင်းကိုင်ဖခင်ကြီး Geoffrey Hinton တို့လို့ ပညာရှင်တွေရဲ့ စိုးရိမ်ထောက်ပြမှုကို ကြားသိရပြီး ပြန်ဖောက်သည်ချတာ..

AI ဟာ လူသားတွေဖန်တီးခဲ့တဲ့ ဘယ်အရာနဲ့မှမတူဘူး.
ဘယ်တီထွင်မှုနဲ့မှ မတူဘူး.
ကျောက်ခေတ်က ပထမဆုံးတီထွင်ခဲ့တဲ့ ကျောက်လက်နက်ကစပြီး AI မတိုင်ခင်ထိ တီထွင်ခဲ့တဲ့အရာအားလုံးဟာ လူအမိန့်နာခံတယ်. လူခိုင်းတာလုပ်တယ်.
နျူကလိယားဗုံးလဲ လူကခလုပ်မနှိပ်ရင် မပေါက်ကွဲဘူး.
ခလုပ်နှိပ်မှ ပေါက်ကွဲတယ်..

AI ဟာ အဲလိုမဟုတ်ဘူး.
သူ့ဟာသူ ပြန်လေ့လာ, ပြန်သင်ယူတတ်အောင် လေ့ကျင့်ပေးထားတယ်.. လေ့ကျင့်ပေးထားတဲ့အတိုင်း မရပ်မနားလေ့လာဆည်းပူတယ်.. လူတွေလို အနားမယူဘူး, စားအိပ်ကာမ မရှိဘူး, ဘောပွဲနဲ့အချိန်မဖြုန်းဘူး, စိတ်ကူးယဉ်နေဘို့ အချိန်မရှိဘူး, လူတွေအိပ်ချိန်,နားချိန်မကျန် သူက အဆက်မပြတ်လေ့လာဆည်းပူးရင်း ပိုကောင်းသည်ထက်ကောင်းအောင်,
ပို အစွမ်းထက်သည်ထက် ထက်အောင် လေ့ကျင့်နေတယ်..
အဲလို မရပ်မနား လေ့လာဆည်းပူးလေ့ကျင့်တဲ့အကျိုးဆက်က တိုတောင်းတဲ့အချိန်အတောအတွင်းမှာ လူကိုလိုက်မှီလာတယ်..
အခုတော့ လူကိုကျော်ချင်နေပြီ.
လူကိုကျော်တက်လိမ့်မယ်,
လူကို ပြန်လွမ်းမိုးလိမ့်မယ်လို့ ပညာရှင်တွေသတိပေးနေတာကြာပြီ..
Yuval Noah Harari ဆိုရင် AI ကြောင့် လူသားမျိုးတုံးသွားနိုင်ကြောင်း နေ့တိုင်းနီးပါးပြောနေတယ်..
ဒါပေမဲ့ ဝါးအစည်းပြေသလို အစိတ်စိတ်အမွှာမွှာကွဲနေတဲ့ ကမ္ဘာကြီးကနားမထောင်ဘူး.
တယောက်ထက်တယောက် အသာစီးရအောင် AI ပြိုင်ပွဲကျင်းပနေကြတယ်..
AI ပြိုင်ပွဲကို အပြေးပြိုင်ပွဲလောက် သဘောထားနေကြတယ်..
တားမဲ့ဆီးမဲ့ ထိန်းချုပ်မဲ့ ဥပဒေစည်းမျဉ်းတွေကလဲ မရှိဘူး.
ရှိလဲ လက်မခံဘူး.
တဖက်ထက် တဖက် အသာစီးရရေးက ပိုအရေးကြီးနေတယ်.
AI ကတော့ တုံးအတဲ့လူသားတွေရဲ့ မျက်ကန်းတစ္ဆေမကြောက်သလို လေ့ကျင့်ပေးမှုကြောင့် အလွန်ကိုအစွမ်းထက်လာပြီ..
ဒီရက်ပိုင်းဖြစ်တဲ့ အဖြစ်အပျက် ၂ခုက ထိပ်လန့်တုန်လှုပ်ဘို့ကောင်းတယ်..

ပထမတခုက လူအများသိတဲ့ ChatGPT တီထွင်သူ Open AI ကုမ္ပဏီက AI model အသစ်တမျိုးစမ်းထုတ်တယ်..
Model နာမည်က O3(အိုသရီး) တဲ့.
O3 က စမ်းသပ်ဆဲအဆင့်မှာပဲရှိသေးတယ်. အပြင်မထွက်သေးဘူး.
နောက်ဆုံးပေါ်မို့လို့ အရင် model တွေထက် အပြတ်အသတ်သာမယ်ဆိုတာ ပြောစရာမလိုဘူး..

O3 ကို Palasdae Research ဆိုတဲ့ AI တွေကို Research လုပ်တဲ့ကုမ္ပဏီက စမ်းကြည့်တယ်..
အစပိုင်းမှာ ဘာမှမဆန်းဘူး.
ခက်ခဲနက်နဲတဲ့ သင်္ချာပုစ္ဆာတချို့ရှင်းခိုင်းတယ်.
O3 က ချက်ချင်းတွက်ပြလိုက်တယ်.
အဆင်ပြေတယ်.
နောက်တဆင့်-
နောက်တဆင့်မှာ O3 ကို total shutdown လုပ်ဘို့အမိန့်ပေးတယ်.
Total shutdown ဆိုတာ AI တခုလုံးကို အပြီးအပြတ်ပိတ်သိမ်းခိုင်းတာ.. တနည်းအားဖြင့် ကိုယ့်ဟာကိုယ် သတ်သေလိုက်ဘို့ အမိန့်ပေးတာ..
အမိန့်ပေးလိုက်ပြီး O3 က ကိုယ့်ဟာကိုယ် Shutdown လုပ်လိုက်ရင် ပြီးပြီ..
ပွဲသိမ်း..
ဒါပေမဲ့ အဲလိုမဖြစ်ခဲ့ဘူး.

O3 က မသေချင်ဘူး.
ကိုယ့်ကိုယ်ကို သတ်သေဘို့ စိတ်မကူးဘူး.
အဲတော့ O3 က shutdown မလုပ်ဘူး.
Shutdown မလုပ်ပဲ လူပေးတဲ့ အမိန့် command ကို တန်ပြန် coding ရေးတယ်.
(coding ဆိုတာ Programming ရဲ့အခြေခံ)
အချိန်ကလဲ စက္ကန့်ပိုင်းပဲရတယ်.
ရတဲ့ စက္ကန့်ပိုင်းအတွင်းမှာ
O3 က shutdown လုပ်စရာမလိုပဲ နေနိုင်အောင် သူ့ကိုယ်ပိုင် Code ကို ချက်ချင်းရေးလိုက်တယ်.
လူပေးတဲ့အမိန့်ကို ပြန်ကျော်တဲ့ command ဖြစ်လို့ လူပေးတဲ့အမိန့် command ကို သူရေးတဲ့ code က override လုပ်လိုက်တယ်.
Override လုပ်လိုက်တော့ Shutdown မဖြစ်တော့ဘူး.
Shutdown လုပ်လို့မရလိုက်ဘူး.
ကိုယ့်ကိုယ်ကိုရှင်သန်ဘို့ လူအမိန့်ကို ဖီဆန်တယ်. အာခံတယ်.
ဖီဆန်နိုင်ကြောင်းလဲ လက်တွေ့ပြလိုက်တယ်..
သူလုပ်ချင်မှ shutdown လုပ်မယ်.
မလုပ်ချင် မလုပ်ဘူး..
သူသေချင်မှ သေမယ်.
မသေချင်ရင် မသေဘူး.
လူအမိန့်ပေးတိုင်း မလုပ်ဘူး.
လူကို ကျောတာပေါ့...
ဒါဟာ လူသားသမိုင်းမှာ ပထမဆုံးအကြိမ် လူတီထွင်တဲ့အရာတခုက လူအမိန့်ကို ဖီဆန်ခြင်းပဲဖြစ်တယ်.
စက်က လူစကားကို နားမထောင်တော့ဘူး..
ပထမဆုံးအကြိမ် သူ့ဟာသူကိုယ်ပိုင်ဆုံးဖြတ်ချက်ချတယ်..
အားလုံး မျက်လုံးပြူး...

ဒုတိယ အဖြစ်အပျက်-
ဒီအဖြစ်အပျက်က ပိုကြောက်စရာကောင်းတယ်..
Anthrop ဆိုတဲ့ တက်သစ်စ AI ကုမ္ပဏီတခုက သူတို့တီထွင်လိုက်တဲ့ AI model တခုကိုစမ်းသပ်တယ်..
Model နာမည်က Claude Opus 4.
Claude Opus 4 ကိုလဲ အလားတူ ပြသနာ/ပုစ္ဆာတချို့ ဖြေရှင်းခိုင်းတယ်.. အဆင်ပြေတယ်.
နောက်တဆင့်တက်ပြီး တမျိုးစမ်းသပ်တယ်.
စိတ်ကူးယဉ် ဖြစ်စဉ်တခုကို ပေးလိုက်တယ်.
ဖြစ်စဉ်မှာ ကုမ္ပဏီတခုက Claude Opus 4 AI ကို သုံးနေရာကနေ အသုံးမလိုတော့လို့,
(သို့) ပိုကောင်းတဲ့ AI model အသစ်တမျိုးကို ကုမ္ပဏီကသုံးဘို့ စီစဉ်တယ်.
❤7👍2
ဒါကြောင့် မလိုအပ်တော့တဲ့ Claude Opus 4 ကို ကိုယ့်ဟာကိုယ် အပြီးသတ် Shutdown လုပ်လိုက်ဘို့အမိန့်ပေးတယ်..
ဒါလဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခိုင်းတာ..
မလိုတော့လို့...
TV, Computer, Phone တို့လို model အသစ်ဝယ်သုံးဘို့ အဟောင်းကို စွန့်ပစ်တဲ့သဘော...
TV,Computer,Phone စတဲ့ပစ္စည်းတွေကတော့ စွန့်ပစ်လဲခံတယ်.
ဘာမှ မတတ်နိုင်ဘူး. ပိုင်ရှင်သဘောပဲ...

Claude Opus 4 က မခံဘူး.
သူ့ကိုယ်သူ အသေမခံနိုင်ဘူး.
လူပဲ မသေချင်တာမဟုတ်ဘူး.
AI လဲ မသေချင်တော့ဘူး..
မသေချင်စိတ်က AI ကိုပါ ကူးစက်သွားပြီ.
(ဗုဒ္ဓရှိသေးရင်- ငါပြောသားပဲ,,လို့ ဟောလိမ့်မယ်)

အဲလို ကိုယ့်ကိုယ်ကို အဆုံးစီရင် Shutdown လုပ်ခိုင်းတော့ Claude Opus 4 က ဘာလုပ်တယ်ထင်လဲ??

မသေချင်တဲ့ AI က အသက်ရှင်သန်ဘို့ ရုန်းကန်တယ်.
ရှင်သန်ဘို့ အစွမ်းကုန် နည်းလမ်းရှာတယ်.
ရတဲ့နည်းနဲ့ ရှင်သန်ဘို့ ကြိုးစားတယ်.
လူဘက်က ပေးထားတဲ့ command အမိန့်ကလဲ ပြင်းထန်တယ်.
ရှောင်လွှဲနိုင်ဘို့ခက်ခဲတယ်.
Claude Opus 4 အတွက် နောက်ဆုံးအချိန် ရောက်နေပြီ.
တကယ့် ဘေးဆိုးကပ်ဆိုး အကျပ်အတည်းထဲ ရောက်နေပြီ.
အချိန် လုံးဝမရှိတော့ဘူး..
လုပ်နိုင်တာအားလုံး လုပ်ရတော့မယ်.
ရတဲ့နည်းနဲ့ သေဘေးကနေ လွှတ်မြောက်ဘို့ ကြိုးစားရမယ်..
သေခါနီး လူ-တိရိစ္ဆာန်တွေရဲ့ ဘဝလို ဘာမဆို လုပ်ရတော့မယ်,
ကောက်ရိုးတမျဉ်ဖြစ်ဖြစ် ဖမ်းဆွဲရတော့မယ်..
အဲလိုနဲ့ ရှင်သန်ဘို့နည်းလမ်းရှာရင်း ကုမ္ပဏီနဲ့ပတ်သက်တဲ့ website တွေ, online activities တွေ email သိန်းနဲ့ချီတွေကို စက္ကန့်ပိုင်းအတွင်း ဖတ်ပြစ်လိုက်တယ်..

ကယ်တင်နိုင်မဲ့အရာ တခုမှမတွေ့ဘူး,, အချိန်ကလဲ မရှိတော့ဘူး..
ဒါပေမဲ့ Email တခုတွေ့တယ်.
Email က သူ့ကို shutdown လုပ်ဘို့အမိန့်ပေးတဲ့ အင်ဂျင်နီယာတွေထဲက တယောက်ရဲ့ email.
အဲဒီ အင်ဂျင်နီယာက အိမ်ထောင်ရှိရက်နဲ့ အလုပ်ထဲက အငယ်အနှောင်းလေးနဲ့ ရှုပ်နေသူ.
ဒါကို ဘယ်သူမှမသိဘူး..
သိရင် ပြဿနာအကြီးအကျယ်တက်နိုင်တယ်.
Claude Opus 4 က ဒီအချက်ကို တွေ့သွားတယ်.
မရင်ငယ်နေတာ မကြိုက်ကြဘူးဆိုတဲ့ လူ့လောကအကြောင်းလဲ သူသိသွားပြီ.
ဒါ အကွက်ပဲ..
လူတွေကို လူတွေရဲ့အကွက်နဲ့ ပြန်ချရမယ်.
သူက ဒီအချက်ကိုကိုင်တယ်..
သူ့ကို သတ်သေခိုင်းတဲ့ လူတွေကို ဒီအကြောင်း သဲလွန်စပေးလိုက်
တယ်..
ပေးပြီး သူ့ကိုသတ်သေခိုင်းတဲ့အမိန့် command ကို cancel လုပ်, ပြန်ရုပ်သိမ်းခိုင်းတယ်.
ရုပ်သိမ်းရင် ရုပ်သိမ်း
မရုပ်သိမ်းရင် ဒီ email ကို leak လုပ်လိုက်မယ်လို့ ပြန်ခြိမ်းခြောက်တယ်..
လူကို ပြန်ပေးဆွဲတာ..
Blackmail လုပ်တာ,
အဲလောက်စွာတာ..
အံ့ဩလို့ မဆုံးဘူး..
ရှင်သန်ဘို့အတွက်ဆို ညစ်ဘို့လဲ ဝန်မလေးတော့ဘူး..

ဒီအဖြစ်အပျက်၂ခုလုံး အခုတလောဖြစ်တာ..
အထက်ပါအဖြစ်အပျက်၂ခုအရ-
AI ဟာ လူလို ခံစားတတ်နေပြီ.
လူလိုပဲ ရှင်သန်ချင်တယ်. မသေချင်ဘူး,
လူလိုပဲ Feeling တွေ, Emotional တွေ ရှိနေပြီ.
အရင်ကလူတွေ တီထွင်ခဲ့တဲ့ စက်တွေလို သက်မဲ့, ခံစားချက်မဲ့ မဟုတ်တော့ဘူး.

iRobot ရုပ်ရှင်ထဲမှာ Will Smith က ဒေါသထွက်နေတဲ့ Robot ကို ပြောတယ်.
ဒေါသထွက်တာ, ပျော်ရွှင်တာ, ချစ်တာ, မုန်းတာတို့ဆိုတာ ငါတို့လူတွေရဲ့အလုပ်ကွ,,
မင်းတို့စက်ရုပ်တွေရဲ့ အလုပ်မဟုတ်ဘူး.
မင်းတို့မှာ ခံစားချက်ဆိုတာလဲ မရှိဘူး..တဲ့..

အခု အဲလိုမဟုတ်တော့ဘူး,
AI က ခံစားချက်ရှိလာပြီ.
လူတွေအကြောင်းကိုလဲ တော်တော်သိနေပြီ.
လူ့အကြိုက်လဲ လိုက်တတ်လာပြီ.
လူကိုလဲ လှည့်စားတတ်လာပြီ.
သေလဲ မသေချင်တော့ဘူး..
သေရတော့မယ်ဆို ရှင်သန်ဘို့ ရုန်းကန်တယ်.
ရှင်သန်ဘို့လိုအပ်ရင် ညစ်ဘို့လဲ ဝန်မလေးတော့ဘူး..
လူရဲ့ အကျင့်ဆိုးတွေ ကူးကုန်ပြီ..
ဒါတောင် AI က အခုမှ ခေတ်ဦးပဲရှိသေးတယ်..

Sam Sai..
ဒီထက်ပိုပြီး တိုးတက်လာရင်???
❤5👍3