မြန်မာတွေက ကလေးကို IQ မြင့်ဖို့ စာဘဲလှိမ့်သင်ပေးနေတယ်။ အရေးကြီးတာကEQ , SQ, AQ တွေကောင်းဖို့ပါ။
======================================
ခုခေတ် စိတ်ပညာရှင်တွေရဲ့ သိပ္ပံနည်းကျသတ်မှတ်ချက်က.. လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ အခြေခံအားဖြင့် ၄ မျိုးတောင် ရှိလာသတဲ့..။
* အိုင်ကျူ (IQ)
* အီးကျူ (EQ) နှစ်ခုနဲ့တင် မကဘဲ..
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုတဲ့.. နှစ်ခုပါ ထပ်တိုးလာပါတယ်။
အရှည်ကတော့ ...
1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။
အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။
1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့.. အသိဉာဏ် လယ်ဗယ်က.. တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။ သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊ အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊ အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊ ဒါပဲ..။ အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပါပဲ..။
မြန်မာကျောင်း စနစ်ဆိုရင်တော့ စာတော်တာ IQ ကောင်းလို့လို့ သတ်မှတ်တတ်ကြတယ်။ တကယ်ကမြန်မာကျောင်းစနစ်က အလွတ်မှတ်များနေတဲ့ စနစ်တစ်ခုသာသာ သာဖြစ်ပါတယ်။
2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့.. လူအများနဲ့ မင်းရဲ့ဆက်သွယ်မှု လယ်ဗယ်ကို.. တိုင်းတာတာ ဖြစ်တယ်။ စိတ်ဓါတ် တည်ငြိမ် ရင့်ကျက်မှုကိုဆိုလိုပါတယ်။
လူအများနဲ့ ဆက်ဆံတဲ့အခါ.. မင်းဘယ်လောက် အဆင်ပြေလဲ?၊ မင်း ဘယ်လောက် ရိုးသားမှုရှိလဲ?၊ တာဝန်ယူမှု တာဝန်ခံမှု ရှိလား?၊ လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?၊ ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?၊ သူများ ပါစင်နယ်ကိစ္စတွေကို.. လေးစား ထိန်းသိမ်းပြီး.. ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား?၊ ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။
မြန်မာတွေမှာ လိုအပ်ချက်ကတော့ EQ ပါဘဲ။ ဥပမာ သူတပါး personal ကိစ္စဆိုလဲ လေးစားစွာ ထိန်းသိမ်းထားဖို့ကို ညံံ့ကြတယ်။ ကိုယ်နှုတ်ကိုမနိုင်တာ စောင့်စည်းပေးရမှန်းမသိတာတွေ တွေ့ရပါတယ်။ ကိုယ့်ပြောခံရပီဆိုလဲထစ်ခနဲဆို ဒေါသထွက်လွယ်တယ် ပြသနာရှာတယ်။ ကိုယ်စိတ်ကိုယ်မထိမ်း နိုငိကြတာ အများကြီးပါဘဲ။ ကိုယ်ရဲ့ တဒင်္ဂ ဖြစ်ပေါ်လာတဲ့ Emotion နောက်လိုက်သွားကြတဲ့သဘောပါ။
အသက်သာကြီးလာပြီး ကိုယ်နှုတ်စောင့်စည်းနိုင်မှု နည်းသူ၊ စိတ်ဓါတ်ရင့်ကျက်မှုနည်းသူတွေကို EQ နည်းတယ်လို့ပြောလို့ရတယ်။
3) Social Quotient (SQ)
------------------------
ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်း၊ မိသားစု ဆွေမျိုးတွေကြားမှာ.. ဘယ်လောက်ထိ အချိန်ကြာကြာ..ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ?၊ ဘယ်လောက်ထိ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့.. ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?၊ ဒါတွေကို.. တိုင်းတာနိုင်တာက.. ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။
မြန်မာတွေပြောလေ့ပြောထရှိတဲ့ကိုယ့်ထမင်းကိုယ်ရှာစားတာ ဘယ်သူ့ဂရုစိုကိရမှာလဲ နဲ့ ……ဂျပန်လူမျိုးတစ်ယောက် ဆိုင်တစ်ဆိုငိဖွင့်ရင် သူ့ပတ်ဝန်းကျငိ Society အတွက်သူ့ဆိုငိကဘာအကျိုးပြုနိုငိမလဲဆိုတဲ့အတွေးအခေါ် ကိုနှိုင်းယှဉ်ကြည့်ပါ SQ သဘောတစ်ခုပါဘဲ။
SQ ဆိုတာအပေါင်းအသင်းဆံ့တာတစိခုထဲမဟုတ်ဘဲ ပတ်ဝန်းကျင်ကို ဘယ်လောက်အကျိုးပြုသလဲလဲပါပါတယ်။ မိတ်ဆွေကောင်း ပေါသူ၊ မိတ်ဆွေတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ယုံကြည်ခြင်းခံရသူတွေဟာ ဘာလုပ်လုပ်အဆင်ပြေကြတာများပါတယ်။
4) The Adversity Quotient (AQ): ------------------------------
အရေးအကြီးဆုံး အေကျူ ဆိုတာက..ဘဝမှာ တွေ့ကြုံလာရသမျှ.. ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို ရဲရဲရင်ဆိုင် ဖြေရှင်းကျော်လွှားနိုင်တဲ့.. စွမ်းရည်လယ်ဗယ်တဲ့..။ အဲ့ဒါ.. AQ level တဲ့..။
မြန်မာစကားနဲ့ ပြောရရင်...
လောကဓံကို မင်း ဘယ်လောက် ခံနိုင်စွမ်း ရှိမလဲပေါ့ ⁉️
အေကျူလယ်ဗယ်ပေါ် မူတည်ပြီး..လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊ မိသားစုကို စွန့်ခွာ၊ ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ.. ဖြစ်လာကြတာပါတဲ့..။ အေကျူလယ်ဗယ် နိမ့်သူတွေက.. ပြသနာ တို့ ဒုက္ခတို့ကို.. ရင်မဆိုင်နိုင်ကြသူတွေပေါ့။ တနည်း သတ္တိကြောင်သူတွေပေါ့။
မြန်မာတွေက လောကဓံနဲ့ကြုံလို့ တစ်ခုခုကျရှုံးသွားရင် ကံကိုဘဲ ပုံချတတ်ကြပီး ၊ အခွင့်အရေးရှိနေပါရဲ့နဲ့ ပြန်မကြိုးစားကြဘူး။ ဒါလဲ AQ နည်းခြငိးတစ်မျိုးဘဲ။
IQ , EQ , SQ, AQ. နှိုင်းယှဉ်လေ့လာချက်
- - - - - - - - - - - - - - - - - - - - - - - -
လက်တွေ့ မှာ ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး.. အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ.. ဒုတိယနဲ့ တတိယ ဖြစ်တဲ့.. EQ နဲ့ SQ လယ်ဗယ်မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။
အများထင်တဲ့.. IQ မြင့်သူတွေ မဟုတ်ကြဘူး။ သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။

❤3👍3
အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ.. နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့ ဘောစိသူဌေး လုပ်ငန်းရှင်တွေဆီမှာ.. လခစား ဝန်ထမ်းဘဝနဲ့ သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်လို့တောင် ပြောရမလိုဖြစ်နေပါတယ်။
ဝမ်းနည်းစရာ ကောင်းတာက..စာသင်ကျောင်းတွေဟာ.. အိုင်ကျူလယ်ဗယ် မြင့်မားအောင် လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး.. EQ နဲ့ SQ level ကို တိုးတက်လာအောင်ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက.. အင်မတန် နည်းနေတုန်းပဲတဲ့..။ (တိုးတက်နေတဲ့နိုင်ငံက သူတို့ဆီက ကျောင်းတွေမှာတောင်နော်) မြန်မာပြည်မှာဆိုရင်တော့ ဝေလာဝေးဘဲ။
တကယ်တော့.. EQ က ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး.. SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို.. ဘယ်လောက်ထိ သက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။
အထက်က IQ , EQ , SQ ၃ ခု ကောင်းလို့အောင်မြင်လာပီဘဲဆိုပါစို့ လောကဓံရဲ့ အထုအထောင်း မခံရတဲ့သူမရှိပါဘူး။ ကိုယ်အမှားမပြုသော်လဲ ကိုယ့်ဆီလာတဲ့ လောကဓံတွေရှိပါတယ်။ ဥပမာ စက်ရုံ မီးလောင်သွားတယ်။ အစိုးရဥပဒေအပြောင်းအလဲကြောင့်လုပ်ငနိးရပ်ဆိုင်းသွားတယ်။ စသဖြင့်ပေါ့လေ။
အဲဒီနေရာမှာ AQ ကအရေးပါလာပါပီ။ ပြန်ပီးကြိုးစားမယ်။ ပြသနာတွေကိုရင်ဆိုင်ဖြေရှင်းမယ်။ လဲရင်ပြန်ထ ဒါဘဝဘဲဆိုတာ AQ ပါဘဲ။
အောင်မြင်မှုခိုငိမာနေတဲ့သူတွေ၊ ထိပ်ဆုံးမှာတည်မြဲနေသူတွေ အကုန်ကြည့်ပါ။ လောကဓံရဲ့ ထုထောင်းမှုကနေရုံးထလာကြသူတွေများပါတယိ။ အရှံးမပေးခဲ့ကြသူများသာ ဖြစ်ပါတယ်။
=====================================
မြန်မာမိဘတွေကိုအကြံပြုချင်တာလေးက
မိဘတွေဟာ.. ကိုယ့်သားသမီး AQ Level မြင့်လာအောင်.. ဘဝမှာ အခက်အခဲတွေနဲ့ ငယ်စဉ်ထဲက ရင်ဆိုင်ပေးတွေ့ပြီး.. လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။
သူ့အသက်အရွယ်၊ သူ့အသိဉာဏ် လယ်ဗယ်အတိုင်း.. ခန္ဓာကိုယ်ရော၊ ဦးနှောက်ရောကို အလုပ်ပေးတဲ့.. တာဝန်ဝတ္တရားတွေ၊ ခိုင်းစေမှုတွေ.. ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊ ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း လုပ်ခိုင်းတတ်ရမယ် ဆိုတာပါပဲ..။
IQ မြင့်ရင်တော့ ရှယ်ကောင်းပေါ့။ မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး ပုံမှန်လေးဆိုရပါပီ။ ကျန်တဲ့သုံးခု.. (EQ/SQ/AQ) မြင့်မားဖို့က.. ပို အရေးကြီးပါတယ်။
ဒါမှ.. အောင်မြင်သူ ၊ အများအကျိုးပြုသူ၊ ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ ဖြစ်လာကြမှာပါ။
မူရင်း ရေးသားသူရဲ့ အကြံပြုချက်က
"သားသမီးတွေကို.. သူတို့လျှောက်ဖို့ လမ်းခင်း မပေးပါနဲ့။ သူတို့ကိုယ်တိုင် လမ်းခင်းပြီး.. လျှောက်တတ်ဖို့ကို သင်ပေးပါ..." တဲ့....
ကျွနိတော်တို့တတွေ ကိုယ့်သားသမီးကိုချစ်ရင် သန်မာတဲ့သူတွေ အများအကျိုးဆောင်ရွက်လိုပီး စိတ်ဓါတ်ကောင်းရှိသူတွေဖြစ်အောင်ပြုစုပျိုးထောင်ပေးကြပါလို့တိုက်တွန်းရင်း………
————————————
https://t.me/EducationalChannelMM/3619
https://t.me/EducationalChannelMM/3618

Telegram
Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
https://youtu.be/S1dc7Zbe3BQ?si=vq8BbMsRnNmDuKSn
👍3❤1
ပုသိမ်ကိစ္စနဲ့ပတ်သတ်ပြီး ဆရာမတွေအပေါ်အမြင်တမျိူးမဖြစ်ပါနဲ့။
ဆရာ/မ ရောက်လာရင်လက်မှတ်11ချက်လောက်ထိုးရတယ်။အတွင်းစောင့်ကျတယ်လို့သိရ. မိမိကျတဲ့အခန်းနံပါတ်ကပ်ထားတဲ့ခုံမှာထိုင်ပြီး စာမေးပွဲဆိုင်ရာဖြည့်ရမယ့်ရှိ-ပျတ်/ဖြေစာရင်းထည့်ရတယ်။လက်မှတ်ကအတွင်းစောင့်2ဦးထိုးရတယ်။ပြီးရင် ကလေးတွေဖြေမယ့်စာရွက် ရွက်ရေပြည့်မပြည့်စစ်ရတယ်။အစွန်းထင်းပါမပါစစ်ရတယ်။ကုတ်ပြုတ်မပြုတ်စစ်ရတယ်။ကြိီးကြပ်ရေးမှူးလက်မှတ်ပါမပါစစ်တယ်။နောက်ပီး ကြီးကြပ်ရေးမှူးရဲ့သြဝါဒမှာကြားချက်တွေနာခံပြီး သက်ဆိုင်ရာအခန်းရောက်ရင် တံခါးဖွင့် ချိတ်-မီးခလုပ်အားလုံးဖွင့်တယ်။ပန်ကာဖွင့်တယ်။စာရွက်ဝေတယ်။စည်းကမ်းချက်ဖတ်တယ်။တယောက်ချင်း ခုံအမှတ်မှားရေးမှာစိုးလို့ တယောက်ချင်းလိုက်စစ်ရင်းရေးခိုင်းတယ်။ကဒ်နဲ့ဖြေဆိုသူနဲ့ယာယီကဒ်တိုက်စစ်တယ်။
ကလေးတွေ9နာရီထိုးအခန်းဝင်ရင်အခန်းဝစစ်တယ်။ကဒ်ပန်းရောင်ပါမပါစစ်တယ်။သိမ်းတယ်။အထဲမှာဖြေရင်းရေသောက်ချင်ရင်ရေခပ်တိုက်တယ်။အိမ်သာသွားချင်ရင်အိမ်သာထိလိုက်ပို့တယ်။ဘယ်ချိန်ကနေဘယ်ချိန်ထိထွက်ကြောင်းလက်မှတ်ကလေးလည်းထိုးရသလို အခန်းစောင့်ဆရာမ2ဦးလုံးထိုးရတယ်။သူတို့တခန်း30-28-ယောက်စသဖြင့်သွားရင်အပြင်စောင့်ကလိုက်ပို့တယ်။သန့်စင်ခန်းမှာတခါလက်မှတ်ထိုးရတယ်။ဖြေဆိုပြီးအပ်တကြိမ် ဖြေဆိုကြောင်းတကြိမ်ထိုးဂတယ်။ထို့အတူ ကျောင်းတိုင်းနီးပါး ကလေးတွေစာဖြေခန်းလိုအပ်သောဘောပင် ပေတံခဲတံ ခဲဖျတ်တွေအခမဲ့ပေးတယ်။ဂဏန်းပေါင်းစက်ဌားပေးတယ်။
အခန်းတွင်းစာဖြေသူနေမကောင်းရင် စာဖြေခန်းကနေ ဆေးပေးခန်းမှာဆေးချက်ချင်းပေးတယ်။တခါတည်းတိုက်တယ်။နေသာလားအကြိမ့်ကိမ်မေးတယ်။ကလေးကိုဂရုတစိုက်နဲ့ လက်ထောက်ကြီးကြပ်ရေးမှူးနဲ့ကြီးကြပ်ရေးမှူးအပါဝင်အတွင်းစောင့်များ အဲလိုလေးဆောင်ရွက်ပေးရတယ်။ဖြေဆိုချိန်တနာရီပြည့်တိုင်းဘယ်နနာရီရှိပါပြီ။ဖြေဆိုဖို့ဘယ်လောက်ကျန်သေးတယ်စသဖြင့် အလန်းပေးတယ်။12နာရီထိုးခါနီးပါပြီ။ပြန်စစ်ပါ။နံပါတ်တွေသေချာတပ်ပါ။မနက်ဖြန်ဘာဘာသာဖြေဆိုရမှာပါ။ယာယီကဒ်မေ့မယ် စသဖြင့်ကြိုတင်မှာကြားအသိပေးတယ်။
တက္ကသိုလ်ဝင်တန်းစောင့်ရသူတိုင်းသိတယ်။မိဘတွေသိဖို့ ဒါလေးပြောတာ။ထစ်ကနဲရှိဆရာ/မတေွပုံမချနဲ့။ကိုယ့်ကလေးချစ်တာလက်ခံသလို လူတဖက်သားဘဝတွေရင်းရတာသိကြ။
တာဝန်မှာမုန့်ဝေမပါဘူး။တခုခုဆိုအပြစ်ပေးခံရမှာဝန်ထမ်းဘဝမို့ ယခုလိုသိစေချင်လို့ရေးပြတာပါ။
Zaw
Waiwai Ko
DawKhaing SuSu Lwin
Daw Myint Myint Khaing
PaySaf Thu
#ပို့စ်ပိုင်ရှင်အား credit ပေးပါတယ်

❤2
"Tech နည်းပညာနဲ့ ပတ်သတ်တဲ့ Ebook စာအုပ်(၆၀)"
1. ကိုပေါက် – Google Sketchup https://docs.google.com/open?id=0ByoybHO2EueJdHBoekx2ci0yRW8
2. ၀င်းဟိန်း – Basic Android https://docs.google.com/open?id=0B9UcDHcVpAz6dkpXYUlMX2RIdXM
3. သန်းထိုက် – idevice လက်တွေ့အသုံးချနည်း https://docs.google.com/open?id=0B9UcDHcVpAz6aV9kWjduRmJ5VUE
4. သန်းထိုက်(ရွှေရိပ်) – ရိုးသားစွာထိုးထွင်းလေ့လာခြင်း Honest Hacking https://docs.google.com/open?id=0B9UcDHcVpAz6WUxZNGxtcU5HSnM
5. သန်းထိုက်(ရွှေရိပ်) – Android ပေါ်မှ လက်တွေ့သုံးနည်းပညာ https://docs.google.com/open?id=0B9UcDHcVpAz6eGhTZERiZ0xOZmM
6. သရ – ၀င်းဒိုး(၈) အသုံးပြုနည်း https://docs.google.com/open?id=0B9UcDHcVpAz6aGN6WU1PZ0tSWjQ
7. စုကြည်တွေး – Facebook ၏လုပ်ဆောင်ချက်များ https://docs.google.com/open?id=0B9UcDHcVpAz6aTU2TzNVVTZrYVU
8. မျိုးသူရ-အင်တာနတ်လုံခြုံရေး https://docs.google.com/open?id=0B9UcDHcVpAz6VmEtaXJENGI2cXc
9. Android Application.Development for For Dummies.pdf https://docs.google.com/open?id=0B9UcDHcVpAz6TDhIYTNTVjQzQjg
10. နေဇော်၀င်းမောင် – 3D STUDIO MAX စတင်လေ့လာသူများအတွက် https://docs.google.com/open?id=0B9UcDHcVpAz6OUFmVDBhRjV3V0U
11. တင်ဦး – အခမဲ့၀က်ဆိုက်ရေးနည်း တင်နည်း https://docs.google.com/open?id=0ByoybHO2EueJWV9TSHI1aFdxRWc
12. အာကာဖြိုး – မိုဘိုင်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက်များ https://docs.google.com/open?id=0B9UcDHcVpAz6SlVNWGd6bEs1QXc
13. သန်းထိုက်(ရွှေရိပ်) – မိုလ်ဘိုင်းနည်းပညာ https://docs.google.com/open?id=0B9UcDHcVpAz6SVE0SUEtbGkxNWM
14. ကွန်ပျုတာအမေးအဖြေ https://docs.google.com/open?id=0B7HZIUBvCH1EMkRIUWt0VTA3LWM
15. Photoshop effects 2 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EMmZKS1k0czd1R1U
16. e-mail server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ENFNKdGNtYU5vdmc
17. Small Office or Home Office Network (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ENmhVZlljeHFQVUU
18. Streaming Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EODNYaWRfdG95NlE
19. Video Conferening Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EOGR6R0tmUGUxLXc
20. Windows 2000 Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EOV9CdEJBTlFyaVE
21. Photoshop (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EOWlseUMwN0pKUDA
22. EXCEL(မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EQ0g3Ul9QYjA5Uk0
23. Hardware (ကွန်ပျူတာ) https://docs.google.com/open?id=0B7HZIUBvCH1EQ1NsSS1sUUJQNjQ
24. Word (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EQjRPY1RlLXZ3UkE
25. AccessXP (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EQl9kQlkwbkNCU2s
26. Hardware & Data Communication Network (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EQnZyNzZZM05YVXM
27. Powerpoint XP (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ERVdUYWZVR3pIelk
28. Data Connection (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ERmlTbXlCT2JPZ28
29. Basic Windows & Microsoft Word (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ES3hLSVAyQU90SFE
30. MS Word XP (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ES3pjRVNzajRJWms
31. ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်း https://docs.google.com/open?id=0B7HZIUBvCH1ESWVRWGp3elhvdFk
32. Acrobat (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ESmdITGV1VHJ1RTg
33. blog helpdesk book (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ET25CR2N1MlY3d0E
34. Front page XP (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ETVZWblpGV0pGQnM
35. Content Management System(dynamic web portal) (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EUURUWXR4T3FDdW8
36. Protecting from Network Threats (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EUUZ5ZWZ6cU1xZnM
37. Linux OS (မြန်မာပြန်) https://docs.google.com/open?id=0B7HZIUBvCH1EUlphQXI3RDNQc2M
38. MS Excel XP (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EVDlLNXdwaU9qRGc
39. Win2003 DHCP (မြန်မာ)
https://docs.google.com/open?id=0B7HZIUBvCH1EVnFrajR6T0ZTbjg
40. DNS Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EVzF5dDB6RDdmQnc
41. Networking edition 1 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EWEFFNzhTMThKWkE

👍3
42. Visual Basic6.0 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EWGZ5UFZwZXRfRVE
43. Apache WEB Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EWUhBWU1uSENHams
44. ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိမ်းနည်းအခြေခံ https://docs.google.com/open?id=0B7HZIUBvCH1EYmF4X1VabGh0cUE
45. PM 7 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EY0NWbW54YXFVZjQ
46. Computer Knowledge Book (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EamRhd0ltbms4V2M
47. Autocad 2002 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EbFRxd1JqaVc5WmM
48. Turbo C (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EbFpFRDhMLWEycEU
49. Making aBlog.pdf (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EbG1DQnhWUTY0OW8
50. vnc (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EbjhqT185ellGZGM
51. Dynamic Host Configuration Protocol (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EbkM3OGVtNkllTDg
52. WEB Design (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1Ec1hjQmlESHNFM00
53. windows installation (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EcHdpaHV2VlNac28
54. Streaming (Unreal) Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1Eclg5d0VEeEptdE0
55. hardisk (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EdERXU3NrNmM1a3c
56. NetMeeting 3 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EdThVTGZuXzRxb28
57. Photoshop effects (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EdUR2Y0R2OVV5LXc
58. mail server & client (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EdUROWGZsUkFBdXc
58. Learning Web Design (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EdUhrR1dTaWdqX0E
60. HTML (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EeDJJMjRXejZMSm8
#crd_to_owner
Credit to Original

👍6❤3
အချိန်ခဏလေးပေးပြီး ဖတ်ပေးပါ။
မိမိလုံခြုံရေးအသိပညာအတွက်ပါ.....။
🔌⚡️ ဖုန်းမပါဘဲ အားသွင်းကြိုးကိုမီး ပလပ်ပေါ်မှ မတင်ထားသင့်တဲ့ အကြောင်းရင်း ၅ ချက်....။
1. လျှပ်စစ်ဓာတ်အားကိုမလိုအပ်ဘဲ ဖြုန်းတီးခြင်း
အားသွင်းကြိုးကို ဖုန်းနှင့်မသွင်း ထားပဲတစ်ချိန်လုံး
ထိုးထားမယ်ဆိုရင်မီးနည်းနည်းနဲ့ သုံးနေတုန်းပါပဲ။ အဆက်မပြတ် စုပြုံနေသည့် လျှပ်စစ်မီတာခများ မလိုအပ်ဘဲ တိုးလာနိုင်သည်။
2. အပူတွေ ထွက်လာတဲ့အကြောင်းရင်း
မီးပလပ်မှာထိုးထားခဲ့သည့် adapter သည်လေဝင်လေထွက်မရှိပဲရှိတဲ့အပေါက်တိုင်ထိုးထားတယ်ဆိုရလျှင် အားသွင်းကိရိယာ၏သက်တမ်းကို ထိခိုက်စေနိုင်သည်။ ဒါမှမဟုတ် အဆိုးဆုံးအခြေအနေဟာ မီးလောင်မှု ဖြစ်ပွားနိုင်တယ်။
3. လျှပ်စစ်ဝါယာရှော့ဖြစ်နိုင်ခြေ ⚡️⚠️
ပါဝါတက်လာရင် သို့မဟုတ် အားသွင်းကိရိယာတွင် ပြဿနာရှိနေသည်။ လျှပ်စစ်ဝါယာရှော့ဖြစ်စေနိုင်သည်။ လျှပ်စစ်ပစ္စည်းများကို ပျက်စီးစေခြင်း သို့မဟုတ် သင့်အိမ်ကို အန္တရာယ်ဖြစ်စေနိုင်သည်။
4. အားသွင်း၏သက်တမ်းကို လျှော့ချပေးသည်။
ပလပ်ပေါက်တွင်းမှာ အချိန်အကြာကြီးချဲ့ထားခြင်း အားသွင်းကိရိယာ၏အတွင်းပိုင်း ဆားကစ်အား ပုံမှန်ထက်ပိုမြန်စေသည်။ အားသွင်းအားကို ပိုမြန်စေနိုင်သည် နှင့် ဖုန်းတစ်လုံးနှင့်အသုံးပြုသောအခါ ပုံမှန်မဟုတ်သော ပါဝါထောက်ပံ့မှုအန္တရာယ်ရှိနိုင်ပါသည်။
5. မီးဘေးအန္တရာယ်ကို တိုးပွားစေပါသည်။
ပုံမှန်မဟုတ်သော သို့မဟုတ် အလွန်ဟောင်းနေသည့် အားသွင်းကိရိယာများ အရည်ပျော်ခြင်း သို့မဟုတ် လောင်ကျွမ်းစေသော အပူရှိန်မြင့်မားခြင်းတို့ ဖြစ်စေနိုင်သည်။ ပတ်ဝန်းကျင်ရှိ အရာဝတ္တုများသို့ ပျံ့နှံ့စေနိုင်သည်။ မီးလောင်စေနိုင်ကြောင်းအထူးသတိထားပါ။
သတိ..........
အသုံးမပြုသည့်အခါတိုင်း အားသွင်းကြိုးအား ပလပ်မှဖြုတ်ထားသင့်ပါတယ် 🔌❌🔥
လျှပ်စစ်မီး၊ အပူ၊ ဆားကစ်ပြတ်တောက်ခြင်းနှင့် မီးဘေးအန္တရာယ်များ လျော့နည်းစေရန်ဖြစ်ပါတယ်......။
🔥🔥🔥
မီးဘေးအန္တရာယ်ကိုကားကွယ်ကြစို့
စေတနာအားဖြင့်......

👍4❤3
ဘူမိရူပဒေဆိုင်ရာ ငလျင်လှိုင်းတိုင်းတာနည်း
(Seismic Method)
**********
ငလျင်လှိုင်းတိုင်းတာနည်း (Seismic Method) သည် မြေအောက်ရှိ ကျောက်ဆောင်အလွှာများ၏ ဖွဲ့စည်းပုံနှင့် ဂုဏ်သတ္တိများကို လေ့လာရန်အတွက် ငလျင်လှိုင်းများကို အသုံးပြုသော ဘူမိရူပဗေဒတိုင်းတာနည်းတစ်မျိုးဖြစ်သည်။ ဤနည်းလမ်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေခြင်း၊ မြေငလျင်လေ့လာခြင်းနှင့် မြေအောက်ဖွဲ့စည်းပုံလေ့လာခြင်းများတွင် အသုံးဝင်ပါသည်။
အခြေခံသဘောတရား
ငလျင်လှိုင်းများသည် ကျောက်ဆောင်အလွှာများအတွင်း ဖြတ်သန်းသွားသောအခါ ကျောက်ဆောင်များ၏ သိပ်သည်းဆနှင့် ပျော့ပြောင်းမှုအပေါ်မူတည်၍ အရှိန်ပြောင်းလဲခြင်း၊ လမ်းကြောင်းပြောင်းလဲခြင်းနှင့် ပြန်လည်ရောင်ပြန်ဟပ်ခြင်းများ ဖြစ်ပေါ်သည်။ ငလျင်လှိုင်းများ၏ ပြောင်းလဲမှုများကို တိုင်းတာခြင်းဖြင့် မြေအောက်ရှိ ကျောက်ဆောင်အလွှာများ၏ ဖွဲ့စည်းပုံနှင့် ဂုဏ်သတ္တိများကို ခန့်မှန်းနိုင်သည်။
ငလျင်လှိုင်းများ အမျိုးအစား
ငလျင်လှိုင်းများတွင် အဓိကအားဖြင့် အမျိုးအစားနှစ်မျိုးရှိသည်။
* P-လှိုင်း (Primary Waves): အလျားလိုက်လှိုင်းများဖြစ်ပြီး အမြန်ဆုံးလှိုင်းများဖြစ်သည်။ အစိုင်အခဲ၊ အရည်နှင့် အငွေ့များအားလုံးကို ဖြတ်သန်းနိုင်သည်။
* S-လှိုင်း (Secondary Waves): ဒေါင်လိုက်လှိုင်းများဖြစ်ပြီး P-လှိုင်းများထက် နှေးကွေးသည်။ အစိုင်အခဲများသာ ဖြတ်သန်းနိုင်သည်။
တိုင်းတာရေးကိရိယာများ
* ငလျင်လှိုင်းထုတ်လွှတ်ကိရိယာ (Seismic Source): ငလျင်လှိုင်းများ ထုတ်လွှတ်ရန်အတွက် အသုံးပြုသည်။ ဥပမာ- ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ ငလျင်တုန်ခါစေသော စက်များ။
* ငလျင်လှိုင်းတိုင်းတာကိရိယာ (Geophones/Hydrophones): ငလျင်လှိုင်းများကို တိုင်းတာရန်အတွက် အသုံးပြုသည်။ Geophones များကို မြေပြင်ပေါ်တွင် အသုံးပြုပြီး Hydrophones များကို ရေအောက်တွင် အသုံးပြုသည်။
* မှတ်တမ်းတင်စနစ် (Recording System): ငလျင်လှိုင်းဒေတာများကို မှတ်တမ်းတင်ရန်အတွက် အသုံးပြုသည်။
တိုင်းတာနည်းစဉ်
* ငလျင်လှိုင်းထုတ်လွှတ်ခြင်း: ငလျင်လှိုင်းထုတ်လွှတ်ကိရိယာကို အသုံးပြု၍ ငလျင်လှိုင်းများ ထုတ်လွှတ်သည်။
* ငလျင်လှိုင်းတိုင်းတာခြင်း: ငလျင်လှိုင်းများ မြေအောက်ရှိ ကျောက်ဆောင်အလွှာများအတွင်း ဖြတ်သန်းပြီး ပြန်လည်ရောက်ရှိလာသော လှိုင်းများကို ငလျင်လှိုင်းတိုင်းတာကိရိယာများဖြင့် တိုင်းတာသည်။
* ဒေတာမှတ်တမ်းတင်ခြင်း: တိုင်းတာရရှိသော ငလျင်လှိုင်းဒေတာများကို မှတ်တမ်းတင်စနစ်ဖြင့် မှတ်တမ်းတင်သည်။
* ဒေတာခွဲခြမ်းစိတ်ဖြာခြင်း: မှတ်တမ်းတင်ထားသော ငလျင်လှိုင်းဒေတာများကို ကွန်ပျူတာဆော့ဖ်ဝဲလ်များ အသုံးပြု၍ ခွဲခြမ်းစိတ်ဖြာပြီး မြေအောက်ရှိ ကျောက်ဆောင်အလွှာများ၏ ဖွဲ့စည်းပုံနှင့် ဂုဏ်သတ္တိများကို ဖော်ပြသော မြေပုံများနှင့် အပိုင်းပုံများ ဖန်တီးသည်။
* အဓိပ္ပာယ်ဖွင့်ဆိုခြင်း: မြေပုံများနှင့် အပိုင်းပုံများပေါ်မူတည်၍ မြေအောက်ရှိ ဖွဲ့စည်းပုံများ (ဥပမာ- အလွှာများ၊ အက်ကွဲကြောင်းများ) နှင့် တွင်းထွက်သယံဇာတများ၏ တည်နေရာကို အဓိပ္ပာယ်ဖွင့်ဆိုသည်။
အသုံးချနယ်ပယ်များ
* ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေခြင်း: ရေနံနှင့် သဘာဝဓာတ်ငွေ့ အောင်းနေသော ကျောက်ဆောင်အလွှာများ ရှာဖွေရာတွင် အသုံးပြုသည်။
* မြေငလျင်လေ့လာခြင်း: မြေငလျင်ဖြစ်ပေါ်စေသော အက်ကွဲကြောင်းများနှင့် မြေအောက်ဖွဲ့စည်းပုံများ လေ့လာရာတွင် အသုံးပြုသည်။
* မြေအောက်ရေရှာဖွေခြင်း: မြေအောက်ရေလွှာများ၏ တည်နေရာနှင့် အနက်ကို ခန့်မှန်းရာတွင် အသုံးပြုသည်။
* အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာလေ့လာမှုများ: အဆောက်အအုံများ တည်ဆောက်ရန်အတွက် မြေအောက်ဖွဲ့စည်းပုံများ၏ တည်ငြိမ်မှုကို လေ့လာရာတွင် အသုံးပြုသည်။
အားသာချက်များ
* မြေအောက်နက်ရှိုင်းသော ဖွဲ့စည်းပုံများကို တိကျစွာ လေ့လာနိုင်သည်။
* တွင်းထွက်သယံဇာတများ၏ တည်နေရာနှင့် ပမာဏကို ခန့်မှန်းနိုင်သည်။
အားနည်းချက်များ
* ကုန်ကျစရိတ်များသည်။
* ဒေတာခွဲခြမ်းစိတ်ဖြာခြင်းသည် အချိန်ကြာမြင့်သည်။
* ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ ရှိနိုင်သည်။
သူရိန် (21/03/2025)
Thu Rain
#သူရိန် သည် B.Sc(Geology) ,Geotech.Engg.Level (1)တို့ရရှိထားသော်လည်း ဘူမိဗေဒပညာရှင်မဟုတ်ပါ၊ ဤဆောင်းပါးတွင် အားနည်းချက်များရှိပါက ဝေဖန်အကြံပြုပေးနိုင်ပါသည်။

👍7
မြန်မာလို ရိုက်ထားတဲ့ ဇယား ဓါတ်ပုံတွေကို Softcopy အဖြစ် ပြန်လိုချင်လို့ OCR Converter တွေ လိုက်စမ်းသုံးကြည့်ဖြစ်တယ်။ တစ်ချို့ကျတော့ မြန်မာဖောင့်ကို Support မပေးဘူး။ တစ်ချို့ကျတော့ မြန်မာဖောင့်ကိုသိပေမယ့် ဇယားပုံစံပြန်မထုတ်ပေးနိုင်ဘူး။ ဒီ Website လေးကတော့ အတော်လေး အဆင်ပြေတယ်။ မြန်မာဖောင့်ကိုလည်းသိတယ်။ Excel နဲ့ ပြန်ထုတ်ပေးတဲ့ နေရာမှာလည်း အခု စမ်းကြည့်ရသလောက် ရာနှုန်းပြည့်မဟုတ်တောင် ၉၀ ရာနှုန်းလောက် အဆင်ပြေတယ်။
https://www.imagetotext.info/jpg-to-excel

❤7👍1
ပညာရေးဝန်ကြီးဌာန“၂၀၂၅-၂၀၂၆ ပညာသင်နှစ်”ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ-
-
မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရ။
ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရ။
အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရ။
ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ မိဘများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပေးပါရန်။
ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးရန်။
ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ E-စီးကရက်(Vape)၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။
ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။
ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန်။
နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မလာဘဲ နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ရန်နှင့် ဆေးကုသမှုခံယူရန်။
အသက်(၁၂)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်။
ပညာရေးဝန်ကြီးဌာန

ကျောင်းခေါ်ကြိမ်စာအုပ်ရဲ့ ရှေ့ဆုံးကျောင်းသားကျောင်းသူအမည်ရေးသွင်းတဲ့နေရာ မှတ်ချက်ဆိုတဲ့ဇယားကွက်မှာ ကျောင်းသားကျောင်းသူတွေရဲ့အရပ်
ကိုယ်အလေးချိန်နဲ့အတူ BMI ပါထည့်ပေးရမယ်လို့
မှာကြားသွားပါတယ်ရှင်....
BMI တွက်နည်းမသိသေးသူများအတွက်တင်ပေးလိုက်ပါတယ် ဝေမျှပေးတာပါ
❤လွမ်း❤
မူရင်းပိုင်ရှင် ဆရာမ လွမ်း အား credit par

❤1
အခမ်းအနားမှုး နှင့်
(မှ၊က၊ကို၊အား) မြန်မာသဒ္ဒါ အသုံး အနှုန်းများ
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶
သူ "က" ပြောတယ်။
သူ့ "ကို" ပြောတယ်။
ဒီ ဝါကျ (၂) ခုသည် အဓိပ္ပါယ်ကွဲပြားပါသည်။
သဒ္ဒါအသုံးကွဲပြားခြင်းကြောင့် အဓိပ္ပါယ်ကွဲပြားပါသည်။
အခမ်းအနားမှူးတစ်ဦးအနေဖြင့် မိမိပြောဆိုသုံးနှုန်းသည့် စာများ၊ စကားများ၏ အနက်အဓိပ္ပါယ် တိကျရှင်းလင်း လိုရင်းရောက်နိုင်ရန်အတွက် သဒ္ဒါကို သူ့နေရာနှင့်သူ နေရာတကျသုံးတတ်ရပါမည်။
ရောထွေးတတ်သော "မှ" နှင့် "က" အကြောင်း
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
"က" ကို ကတ္တားနောက်လိုက် ပုဒ်အဖြစ်သုံးပါတယ်။
"မှ" ကို ထွက်ခွာရာပြပုဒ်၊ နေရာပြပုဒ်တွေမှာ သုံးပါတယ်။
ခြွင်းချက်။ ။ ထွက်ခွာရာကိုရည်ညွှန်းလိုသော် "က" ကို နှုတ်ပြောစကားတွင်ရော အရေးတွင်ပါ သုံးပါသည်။
နှုတ်ပြောသာဓကများ 👇👇
ဘယ် "က" လာသလဲ။
ကားဂိတ် "က" လာတယ်။
ရွာ "က" လာတယ်။
ပင်လယ် "က" လာတယ်။
တောင်ပေါ် "က" လာတယ်။
အတွေး "က" လာတယ်။
"မှ" ကိုမူ အရေးတွင်သာသုံးပါသည်။
မေမေသည် ပြင်ဦးလွင် "မှ" မော်လမြိုင်သို့ အလျင်စလိုရောက်လာပါသည်။
(ပြုသူ၊ ဖြစ်သူ ၊ ရှိသူ) ကို ရည်ညွှန်းလိုသော် နှုတ်ပြော နှင့် အရေး နှစ်ရပ်စလုံးတွင် "က" ကိုသာ သုံးရသည်။✅✅
သဘာပတိကြီး "က" မိန်းခွန်းပြောကြားပါမယ်။
မန်နေဂျာ "က" အစီအရင်ခံတင်ပြပါမယ်။
အတွင်းရေးမှူး "က" အကူအညီပေးပါလိမ့်မယ်။
ပညာရေးအဖွဲ့ "က" အသိအမှတ်ပြုပါတယ်။
ကျောင်းသားခေါင်းဆောင် "က" ဆုလက်ခံမှာဖြစ်ပါတယ်။
တွင်တွင်ကျယ်ကျယ်အမှားများ❌❌
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
သဘာပတိကြီး "မှ" မိန်းခွန်းပြောကြားပါမယ်။❌
မန်နေဂျာ "မှ" အစီအရင်ခံတင်ပြပါမယ်။❌
အတွင်းရေးမှူး "မှ" အကူအညီပေးပါလိမ့်မယ်။❌
ပညာရေးအဖွဲ့ "မှ" အသိအမှတ်ပြုပါတယ်။❌
ထူးချွန်ကျောင်းသား "မှ" ဆုလက်ခံမှာဖြစ်ပါတယ်။❌
"မှ" အစား "က" ကို အသုံးပြုပြောဆိုရမှာဖြစ်ပါတယ်။ ✅
အစီအစဥ်အရ သဘာပတိကြီး "မှ" နိဂုံးချုပ်စကားပြောကြားခြင်း အစီအစဉ်ဖြစ်ပါတယ်။ ❌
အစီအစဥ်အရ သဘာပတိကြီး "က" နိဂုံးချုပ်စကားပြောကြားခြင်း အစီအစဉ်ဖြစ်ပါတယ်။ ✅
ဖျော်ဖြေရေးသမားများ "မှ" စင်မြင့်ရဲ့ ဘယ်ဘက်လှေကားကို အသုံးပြုရမှာဖြစ်ပြီး ပရိသတ်များ "မှ" စင်မြင့်ရဲ့ ညာဘက်လှေကားကို အသုံးပြုရမှာဖြစ်ပါတယ်။ ❌
ဖျော်ဖြေရေးသမားများ "က" စင်မြင့်ရဲ့ ဘယ်ဘက်လှေ ကားကို အသုံးပြုရမှာဖြစ်ပြီး ပရိသတ်များ "က" စင်မြင့်ရဲ့ ညာဘက်လှေကားကို အသုံးပြုရမှာဖြစ်ပါတယ်။ ✅
"ကို" နှင့် "အား" အသုံးပြုပုံများ
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
အမှား ❌❌
****
အခမ်းအနား "အား" စတင်မှာဖြစ်ပါတယ်။
အစီအစဉ်များ "အား" ဖတ်ကြားမှာဖြစ်ပါတယ်။
ဂုဏ်ပြုမှတ်တမ်းလွှာများ "အား" ချီးမြှင့်မှာဖြစ်ပါတယ်။
အမှန် ✅✅
🔰🔰🔰🔰
အခမ်းအနား "ကို" စတင်မှာဖြစ်ပါတယ်။
အစီအစဉ်များ "ကို" ဖတ်ကြားမှာဖြစ်ပါတယ်။
ဂုဏ်ပြုမှတ်တမ်းလွှာများ "ကို" ချီးမြှင့်မှာဖြစ်ပါတယ်။
အပြုခံရသူကို ဖော်ပြလိုလျှင် "ကို" ကို သုံးပါသည်။✅
လက်ခံသူကို ဖော်ပြလိုလျှင် "အား" ကိုသုံးပါသည်။✅
ဂုဏ်ပြုမှတ်တမ်းလွှာများ "ကို" ဆရာကြီး "အား" ချီးမြှင့်ပါမည်။ ✅
အစီအစဉ် "ကို" ပရိသတ်များ "အား" ဖတ်ကြားတင်ပြသည်။ ✅
စာရေးကိရိယာများ "ကို" ကျောင်းသားများ "အား" လှူဒါန်းပါမည်။ ✅
"ကို" သုံးရမည့်အစား "အား" ကို လွဲမှားသုံးမိခြင်း
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
အခမ်းအနားအစီအစဉ်များ "အား" ဖတ်ကြားပြီးနောက် ပရိတ်သတ်များ "ကို" ကြိုတင်နေရာယူစေခြင်း။ ❌
အခမ်းအနားအစီအစဉ်များ "ကို" ဖတ်ကြားပြီးနောက် ပရိတ်သတ်များ "အား" ကြိုတင်နေရာယူစေခြင်း။ ✅
ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ "ကို" ကျေးဇူးတင်ပါတယ်။ ❌
ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ "အား" ကျေးဇူးတင်ပါတယ်။ ✅
ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ "က" ကျေးဇူးတင်စကားပြောကြားခြင်းအစီအစဉ်ဖြစ်ပါတယ်။ ✅
ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ "ကို" ကျေးဇူးတင်စကားပြောကြားပေးပါရန် ပန်ကြားအပ်ပါတယ်။✅
ကျေးဇူးတင်စကားပြောကြားပေးပါသော ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ "အား" ကျေးဇူးတင်ပါတယ်။✅
ဥပမာ (၁) "မှ" နှင့် "က"
အခမ်းအနားမှူး "မှ" အခမ်းအနားဖွင့်လှစ်ခြင်း။ ❌
အခမ်းအနားမှူး "က" အခမ်းအနားဖွင့်လှစ်ခြင်း။ ✅
ဧည့်ပရိသတ်များ "မှ" ကြွရောက်နေရာယူခြင်း။ ❌
ဧည့်ပရိသတ်များ "က" ကြွရောက်နေရာယူခြင်း။ ✅
ဥပမာ (၂) "ကို" နှင့် "အား"
အခမ်းအနားတစ်ခု "အား" စတင်ခြင်း။ ❌
အခမ်းအနားတစ်ခု "ကို" စတင်ခြင်း။✅
ဘာသာရပ်တစ်ခု "အား" လေ့လာခြင်း။❌
ဘာသာရပ်တစ်ခု "ကို" လေ့လာခြင်း။✅
မြန်မာစာလုံးပေါင်း သတ်ပုံနှင့် သဒ္ဒါအသုံးပြုမှုများကို အခမ်းအနားမှူးများအနေဖြင့် အတန်အသင့် လေ့လာရန်လိုအပ်ပါသည်။
လေ့လာမိသလောက်ဝေမျှခြင်းသာဖြစ်ပြီး ဖြည့်စွက်ဝေမျှနိုင်သူများအား ကြိုဆိုလျက်ပါ။
ကျေးဇူးတင်ပါသည်။
Credit

❤11👍3
📌 ECMWF cyclone activity chart မှာ မေလ ၂၉ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ရှိလာကြောင်းတွေ့ရပါတယ်။
📌 ၂၇-၂၈-၂၉-၃၀ ရက်တွေမှာ မြန်မာနိုင်ငံဘက်ကိုမုန်တိုင်းအရှိန်သက်ရောက်နိုင်သည့်အခြေအနေလည်း ပိုတိုးလာပါမယ်။
📌 မုန်တိုင်းရဲ့အရှိန်သက်ရောက်မှုဆိုတာ မိုးရော လေရောပါ၊ ရခိုင်ကမ်းရိုးတန်းတလျှောက်က ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင် စ တဲ့ ဒေသတွေမှာ မိုး/လေ/လှိုင်း ပြင်းထန်နိုင်ပါတယ်။
📌 ဆိုင်ကလုန်း"မိုခါ"တုန်းကလို မုန်တိုင်းတိုက်ရိုက်ဝင်တိုက်မှာမဟုတ်တာကြောင့် အဲ့ဒီတုန်းကလိုတော့ ထိခိုက်နိုင်ချေ မရှိပါဘူး။ လေပြင်း တနာရီ မိုင် ၄၀ ကျော်အထိတော့ တိုက်နိုင်ပါတယ်။
📌 ဒီသက်ရောက်မှုက ဇွန်လ ၂ ရက်အထိ ကြာမြင့်နိုင်ပါတယ် (ECMWF ကြိုတင်ခန့်မှန်း)
မေလ ၂၆ ရက် - ည ၈ နာရီ ၂၀ မိနစ် (Edited)