Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Fine Motor Skills ဆိုတာဘာလဲ?

Fine Motor Skills (ကလေးတို့ရဲ့ ခန္ဓာကိုယ်ရှိ သေးငယ်သော ကြွက်သားလေးတွေ ဖွံဖြိုးမှု) ဆိုသည်မှာ လက်သေးသေးလေးတွေ သန်မာဖွံ့ဖြိုးမှု ၊ လက်ချောင်းတွေရဲ့ လှုပ်ရှားနိုင်စွမ်းနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို အခြေခံပြုသော ကျွမ်းကျင်မှုများကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ကလေးတွေရဲ့ လက်နှင့် လက်ချောင်းလှုပ်ရှားမှုများပေါ်မှာ အခြေခံထားတဲ့ စွမ်းရည်များ ကို အဓိကပြောချင်တာဖြစ်ပါတယ်။
လက်နဲ့လက်ချောင်းတွေ သန်မာအောင် အရင်လေ့ကျင့်မှသာ စာရေးစွမ်းရည်အတွက် အဆင်သင့်ဖြစ်မှာ ဖြစ်ပါတယ်။

Fine Motor Skills တွေက ဘာလို့ ကလေးတွေအတွက် အရေးကြီးလဲ?

1. စာရေးခြင်း၊ ပုံဆွဲခြင်း

• Fine Motor Skills က စာရေးတဲ့လက်ရေးပုံစံ တည်ဆောက်ရန်၊ ပုံဆွဲရန် အတွက် လက်ချောင်းတွေ အဆင်သင့်ဖြစ်လာဖို့ အထောက်အကူပြုပါတယ်။

• ကလေးတွေရဲ့ လက်ရေးလေးတွေ သေသပ်သန့်ရှင်းပြီး စနစ်တကျရေးတတ်ဖို့ အတွေ့အကြုံရလာစေပါတယ်။
2. တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အထောက်အကူပြုခြင်း

• ကိုယ်တိုင် အဝတ်အစားဝတ်ခြင်း၊ ဖိနပ်စီးခြင်း၊ ထမင်းစားခြင်း၊ ရေချိုးသန့်စင်ခြင်း စတဲ့ တစ်ကိုယ်ရည် လုပ်ငန်းတွေမှာFine Motor Skills က လိုအပ်ပါတယ်။

• လက်ဆေးတာ၊ ရေချိုးတာ၊ သွားတိုက်တာ စတဲ့ သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ပိုမိုစနစ်ကျလာစေပါတယ်။

3. အနာဂတ်လုပ်ဆောင်ချက်များအတွက် အခြေခံလေ့ကျင့်မှုပေးခြင်း

• Fine Motor Skills က ကလေးအတွက် လက်ချောင်းတွေသန်မာဖို့၊ စာရေးတဲ့အချိန်အတွက်ထောက်ပံ့မှု ပေးသလို အခြားပညာရေးဆိုင်ရာ အရည်အချင်းများမှာပါ အရေးကြီးပါတယ်။

• ဥပမာ - ပုံစံတွေ မျဉ်းတွေ ရေးဆွဲခြင်း၊ ကြယ်သီးတပ်ခြင်း လက်လှုပ်ရှားမှုလုပ်ငန်းစဉ်များမှာ အသုံးဝင်ပါတယ်။

4. စိတ်ခံစားမှု နှင့် ယုံကြည်စိတ်ချမှု တိုးတက်စေခြင်း

• Fine Motor Skills ကို ရင်းနှီးလာတဲ့အခါ ကိုယ်တိုင်ကျွမ်းကျင်လုပ်ကိုင်လာနိုင်မှုအပေါ်ကလေးတွေက မိမိကိုယ်ကို ယုံကြည်မှုနဲ့ သင်ယူမှု ပိုမိုတိုးတက်စေပါတယ်။

• ကလေးတွေရဲ့ စိတ်ခံစားမှုဖွံ့ဖြိုးတိုးတက်မှု တွင် လည်း ထောက်ပံ့နိုင်ပါတယ်။

Fine Motor Skills တိုးတက်စေဖို့ လေ့ကျင့်ခန်းများ

1. ပုံဆွဲကစားခြင်း

• ပုံသဏ္ဌာန်တွေ မျဉ်းတွေနဲ့ ခဲတံဆွဲလေ့ကျင့်တာကို လေ့ကျင့်နိုင်ပါတယ်။

2. အရောင်ခြယ်ခြင်း

• ကလေးတွေအတွက် အရောင်ခြယ်ခြင်း၊ ပုံဆွဲခြင်း က လက်ချောင်းတွေနဲ့ စာရွက်မျက်နှာပြင်ထိတွေ့မှုတွေကနေ အထိအတွေ့ခံစားမှုကိုတိုးတက်စေပါတယ်။

3. ဂျုံမှုန့်/ရွှံ့/သဲတွေနဲ့ လက်ရာဖန်တီးပြုလုပ်ခြင်း

• ဂျုံမှုန့်/ရွှံ့/သဲတွေနဲ့ ပလတ်စတစ်ကြိုးစသည်ဖြင့် လက်ကို ထိန်းရင်း ပြုလုပ်နိုင်သည့် လုပ်ငန်းတွေနဲ့ ကစားနိုင်ပါတယ်။

4. ကတ်ကြေးညှပ်ကစားခြင်း

. စက္ကူပေါ်မှာ ပုံသဏ္ဌာန်အမျိုးမျိုး/ မျဉ်းအမျိုးမျိုး ရေးဆွဲပြီး ကတ်ကြေးညှပ်ကစားလို့ ရပါတယ်

5. အရုပ်စက္ကူခေါက်ကစားခြင်း

. Origami လို့ သိကြတဲ့ စက္ကူခေါက်ပုံစံလေးတွေကလည်း တစ်ဆင့် နှစ်ဆင့်ကနေ ကလေးတွေအတွက် နှစ်သက်သဘောကျစရာမို့ ကစားပေးလို့ရပါတယ်

#Crd to resource
👍2❤1
ကျွန်တော်တို့က USB stick တွေကို များသောအားဖြင့် file တွေ save ဖို့၊ Computer တစ်လုံးကနေတစ်လုံး file တွေ ရွေ့ပြောင်းဖို့နဲ့ file တွေ backup လုပ်ဖို့သုံးကြပါတယ်။
ဒါပေမယ့် USB Stick တွေကို အထာကျကျ သုံးလို့ရ‌တဲ့ နည်းလမ်းတွေလည်းရှိပါတယ်။
ရုပ်ရှင်တွေထဲကလို USB stick ကိုသုံးပြီး computer ကို lock/unlock လုပ်တာ၊ speed မြန်အောင်လုပ်တာအစရှိသဖြင့် ပြုလုပ်နိုင်ပါတယ်။
ကဲ..အဲ့တာဆို USB Stick တွေနဲ့ ပတ်သတ်ပြီး သင်တို့မသိလောက်သေးတဲ့ အခြားဘယ်အရာတွေ လုပ်လို့ရလဲဆိုတာကို အောက်မှာဆက်ဖတ်လိုက်ရအောင်။
---------------------------------------------------------------------------------
၁။ PC ကို USB stick သုံးပြီး lock/unlock ပြုလုပ်နိုင်ခြင်း
PREDATOR ဆိုတဲ့ software ကိုသုံးပြီးတော့ USB Stick တွေကို PC ရဲ့ security key အနေနဲ့ အသုံးပြုလို့ရပါတယ်။ အသုံးပြုပုံကတော့ရိုးရှင်းပါတယ်။ PC မှာတပ်ထားတဲ့ USB stick ကိုဖြုတ်လိုက်တာနဲ့တပြိုင်နက် သင့် PC lock ကျသွားမှာဖြစ်ပါတယ်။ Keyboard နဲ့ Mouse ပါအလုပ်မလုပ်တော့မယ့်အပြင် screen ကလဲ black screen ဖြစ်သွားမှာမို့ PC အနားမှာ သင်မရှိတုန်း တခြားလူသုံးမှာကို စိတ်ပူစရာမလိုတော့ပါဘူး။ USB Stick ကိုနောက်တကြိမ်ပြန်တပ်မှသာလျှင် unlock ဖြစ်ပြီး ပြန်သုံးလို့ရမှာဖြစ်ပါတယ်။
www.predator-usb.com သို့ဝင်ရောက် download ဆွဲနိုင်ပါတယ်။
၂။ USB stick ထဲမှာ portable application တွေထည့်ထားပြီး ဘယ် PC မှာ ဖြစ်ဖြစ်အသုံးပြုနိုင်ခြင်း
Portable application တွေရဲ့ အားသာချက်ကတော့ software တွေကို install လုပ်စရာမလိုပဲ အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ သင်အသုံးများတဲ့ software တွေရဲ့ portable version တွေကို USB Stick ထဲထည့်ထားပြီး PC တိုင်းလိုလိုမှာ အသုံးပြုလို့ရပါတယ်။
Portable application တွေကို download ဆွဲလိုပါက www.portableapps.com မှာဝင်ရောက်ရှာဖွေနိုင်ပါတယ်။
၃။ ReadyBoost feature ကိုသုံးပြီး PC ရဲ့ performance ကို မြှင့်တင်နိုင်ခြင်း
PC တစ်လုံးမှာ speed နှေးတဲ့ hard disk သာရှိနေခဲ့မယ်ဆိုရင် ReadyBoost feature ကို သုံးပြီး performance ကို မြှင့်တင်နိုင်ပါတယ်။ အကျဉ်းချုပ်နဲ့လွယ်လွယ်ပြောရရင် ReadyBoost က hard disk ရဲ့ cache memory အနေနဲ့ လုပ်ဆောင်ပေးမှာဖြစ်တဲ့အတွက် PC ရဲ့ read/write performance ကိုပုံမှန်ထက် ပိုကောင်းပိုမြန်လာမှာဖြစ်ပါတယ်။ အကယ်၍ PC ရဲ့ hard disk က 7200 RPM (သို့) အဲ့ဒီထက်မြန်တဲ့ hard disk ဖြစ်ဖြစ်၊ PC မှာ Solid State Drive(SSD) ကိုဖြစ်ဖြစ် တပ်ထားမယ်ဆိုရင်တော့ ReadyBoost ကို သုံးလို့ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ReadyBoost ရဲ့ cache ထပ် SSD က ပိုမြန်နေလို့ပဲဖြစ်ပါတယ်။
၄။ Win32 Disk Imager ကိုသုံးပြီး backup ပြုလုပ်နိုင်ခြင်း
USB Stick ကို backup လုပ်ဖို့အတွက် အသုံးပြုမယ်ဆိုရင်တော့ Win32 Disk Imager က သင့်အတွက်ဖြစ်မှာပါ။ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းနဲ့ backup ပြုလုပ်နိုင်ပါတယ်။
www.sourceforge.net/projects/win32diskimager သို့ဝင်ရောက် download ဆွဲယူနိုင်ပါတယ်။
၅။ USB Stick ကိုသုံးပြီး Operating System တိုင်းနီးပါးကို install ပြုလုပ်နိုင်ခြင်း
USB stick ကို bootable disk image တွေထည့်သွင်းပြီး အခွေမလိုပဲ PC မှာ OS အသစ်တွေထည့်သွင်းနိုင်ပါတယ်။ Universal USB Installer ကိုသုံးပြီး Windows OS၊ Linux OS တွေကိုပါ USB stick နဲ့ install လုပ်နိုင်ပါတယ်။
https://www.pendrivelinux.com/universal-usb-installer-easy-as-1-2-3/ သို့ဝင်ရောက် download ဆွဲယူနိုင်ပါတယ်။
၆။ Tails Live Operating System ကိုသုံးပြီး security နဲ့ privacy ရှိရှိ online အသုံးပြုနိုင်ခြင်း
Online သုံးတဲ့အခါမှာ လုံလုံခြုံခြုံ security ရှိရှိနဲ့အသုံးပြုချင်ကြတာ လူတိုင်းရဲ့ ဆန္ဒပါပဲ။ Tails က သင်တို့ online သုံးတဲ့အချိန်မှာ security ကောင်းဖို့အတွက်နဲ့privacy လုံခြုံစေဖို့အတွက်ပါလုပ်ဆောင်ပေးမှာပါ။ Tails မှာပါတဲ့ Tor ဆိုတဲ့ software ကနေတဆင့် သင်တို့ရဲ့ file တွေ၊ email တွေ၊ chat message တွေကို encryption ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ Tails OS ကို USB stick ထဲ bootable အနေနဲ့ထည့်ထားပြီး အသုံးပြုရုံပါပဲ။
www.tails.boum.org သို့ဝင်ရောက် download ဆွဲနိုင်ပါတယ်။
ဒီ post လေးကိုအဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီ post လေးကနေလဲ သင်တစ်ခုခုဗဟုသုတရသွားမယ်လို့မျှော်လင့်မိပါတယ်။
❤1👍1
ကဲ.....ကဲ။ ပြင်ပဖြေ
ဘတ်ဂျတ်ငွေစာရင်းခေါင်းစဉ်များ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
၀၁၀၁ . လစာများ
၀၁၀၂ . စရိတ်ချီးမြှင့်ငွေများ (ဒေသစရိတ်)
၀၂၀၁ . ပြည်တွင်းခရီးစရိတ်
၀၂၀၂ . ပြည်ပခရီးစရိတ်

၀၃၀၁ . လုပ်အားခ (ဘဏ်ဆောင်ရွက်ခ၊ မိတ္တူဆွဲခ၊ သန့်ရှင်းရေးလုပ်ခ ၊ သောက်ရေခပ်ခ
အစရှိသဖြင့် လုပ်အားအတွက် ရှောင်တခင်ခေါ်ယူထမ်းဆောင်စေသည့် အခကြေးငွေများ)

၀၃၀၂ . အခွန်အခ (မြေခွန်၊ မော်တော် ဆိုင်ကယ်
သက်တမ်းတိုး ကုန်ကျအခွန်အခ
မီးအာမခံ အစရှိသည့် အခွန်အခ)

၀၃၀၃ . ငှါးရမ်းခ (ယာဉ်၊ မဏ္ဍာပ်၊ ထိုင်ခုံ၊ အသံချဲ့စက် )

၀၃၀၄. သယ်ယူပို့ဆောင်ခ
၀၃၀၅ . ရုံးအသုံးအဆောင်ပစ္စည်းများ
၀၃၀၆ . ဓာတ်ဆီ၊ စက်ဆီ၊ ချောဆီ
ီ
၀၃၀၇ . တံဆိပ်ခေါင်း၊ တယ်လီဖုန်း၊ ကြေးနန်း
( စာပို့ခ၊ ဖက်စ်ပို့ခ၊ ကြေးနန်းပို့ခ၊ တယ်လီဖုန်း
ပြောဆိုသည့် ဘီလ်၊ အင်တာနက်လိုင်းခ)

၀၃၀၈ . လျှပ်စစ်ဓာတ်အားခ (လျှပ်စစ်မရှိသည့်
ဒေသများအတွက် မီးစက်နှိုးသည့်ဆီဖိုးများ
သုံးစွဲ၍ မရပါ၊ ၀၃၀၆ မှ သုံးစွဲရန် ဖြစ်သည်)
အေးသည့်ဒေသများအတွက် မီးသွေးဝယ်ယူခြင်း

၀၃၀၉ . စာအုပ် စာနယ်ဇင်း သတင်းစာ
၀၃၁၂ . ဝတ်စုံများ (ရုံးလုလင်၊ သန့်ရှင်းရေး)
၀၃၁၃ . လုပ်ငန်းသုံးပစ္စည်းများ
၀၃၁၄ . အစားအစာရိက်ခာ
၀၃၁၆ . ဆေးဝါးကုသစရိတ်
၀၃၁၇ . တိရိစ္ဆာန်အစားအစာ
၀၃၁၉ . မှတ်ပုံတင်ကြေး၊ ဝင်ကြေး (ပုံနှိပ်ထုတ်ဝေရေးအတွက် မှတ်ပုံတင်ခများ)
၀၃၂၀ . ပုံနှိပ်ခ၊ စာအုပ်စာတမ်းထုတ်ဝေခ
၀၃၂၁ . ကြော်ငြာခ (ကြော်ငြာစရိတ်)
၀၃၂၄ .တရားရုံးနှင် ခုံရုံးစရိတ်
၀၃၂၅ . ပြပွဲ၊ ပြိုင်ပွဲ (ဆုချီးမြှင့်ခြင်း)
၀၃၂၆ . ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ

၀၄၀၁ . စက်ကိရိယာ (စာကူးစက်၊ လက်နှိပ်စက်၊ ဖက်စ်၊ ကွန်ပျူတာ စသည့် ဌာန၏လုပ်ငန်းသုံးစက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းစရိတ်)

၀၄၀၂ . အဆောက်အဦ (ပြုပြင်မွမ်းမံထိန်းသိမ်းစရိတ်)

၀၄၀၃ . လမ်းများ (ပြင်ဆင်ထိန်းသိမ်းစရိတ်)
၀၄၀၄ . မော်တော်ယာဉ် (ပြင်ဆင်ထိန်းသိမ်းစရိတ်၊ သက်တမ်းတိုးစရိတ်)
၀၄၀၉ . အခြား (ရေမြောင်းတူးခြင်း၊ ပရိဘောဂ၊ အဆောက်အဦ၊ ပြင်ဆင်ခြင်း)

၀၅၀၁ . ပညာသင်ထောက်ပံကြေး
၀၅၀၅ . လျော်ကြေး
၀၅၀၆ . ပညာပေးသင်တန်း
၀၅၀၈ . လက်ဆောင်ပေးခြင်းအလှူဒါန

၀၆၀၁ . ကျွေးမွေးစရိတ်
၀၆၀၂ . ဧည့်ခံစရိတ်

အများသုံးစွဲသည့်ခေါင်းစဉ်များသာဖြစ်ပါသည်။
အသေးစိတ်လေ့လာလိုပါက ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ တွင်ထုတ်ပြန်ထား
သည့်ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရဝန်ကြီးဌာန၊ ဦးစီးဌာန၊ ဒေသန္တရအဖွဲ့အစည်းများနှင့် ပြည်နယ်ဦးစီးအဖွဲ့များအတွက် သာမန်အသုံးစရိတ်စာရင်းတွင် အသုံးပြုမည့်ဘတ်ဂျတ်ခေါင်း စဉ်အမှတ်အသားများစာအုပ် တွင် လေ့လာနိုင်ပါသည်။
👍1
မြန်မာတွေက ကလေးကို IQ မြင့်ဖို့ စာဘဲလှိမ့်သင်ပေးနေတယ်။ အရေးကြီးတာကEQ , SQ, AQ တွေကောင်းဖို့ပါ။
======================================

ခုခေတ် စိတ်ပညာရှင်တွေရဲ့ သိပ္ပံနည်းကျသတ်မှတ်ချက်က.. လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ အခြေခံအားဖြင့် ၄ မျိုးတောင် ရှိလာသတဲ့..။

* အိုင်ကျူ (IQ)
* အီးကျူ (EQ) နှစ်ခုနဲ့တင် မကဘဲ..
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုတဲ့.. နှစ်ခုပါ ထပ်တိုးလာပါတယ်။

အရှည်ကတော့ ...

1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။

အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။

1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့.. အသိဉာဏ် လယ်ဗယ်က.. တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။ သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊ အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊ အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊ ဒါပဲ..။ အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပါပဲ..။

မြန်မာကျောင်း စနစ်ဆိုရင်တော့ စာတော်တာ IQ ကောင်းလို့လို့ သတ်မှတ်တတ်ကြတယ်။ တကယ်ကမြန်မာကျောင်းစနစ်က အလွတ်မှတ်များနေတဲ့ စနစ်တစ်ခုသာသာ သာဖြစ်ပါတယ်။

2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့.. လူအများနဲ့ မင်းရဲ့ဆက်သွယ်မှု လယ်ဗယ်ကို.. တိုင်းတာတာ ဖြစ်တယ်။ စိတ်ဓါတ် တည်ငြိမ် ရင့်ကျက်မှုကိုဆိုလိုပါတယ်။

လူအများနဲ့ ဆက်ဆံတဲ့အခါ.. မင်းဘယ်လောက် အဆင်ပြေလဲ?၊ မင်း ဘယ်လောက် ရိုးသားမှုရှိလဲ?၊ တာဝန်ယူမှု တာဝန်ခံမှု ရှိလား?၊ လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?၊ ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?၊ သူများ ပါစင်နယ်ကိစ္စတွေကို.. လေးစား ထိန်းသိမ်းပြီး.. ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား?၊ ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။

မြန်မာတွေမှာ လိုအပ်ချက်ကတော့ EQ ပါဘဲ။ ဥပမာ သူတပါး personal ကိစ္စဆိုလဲ လေးစားစွာ ထိန်းသိမ်းထားဖို့ကို ညံံ့ကြတယ်။ ကိုယ်နှုတ်ကိုမနိုင်တာ စောင့်စည်းပေးရမှန်းမသိတာတွေ တွေ့ရပါတယ်။ ကိုယ့်ပြောခံရပီဆိုလဲထစ်ခနဲဆို ဒေါသထွက်လွယ်တယ် ပြသနာရှာတယ်။ ကိုယ်စိတ်ကိုယ်မထိမ်း နိုငိကြတာ အများကြီးပါဘဲ။ ကိုယ်ရဲ့ တဒင်္ဂ ဖြစ်ပေါ်လာတဲ့ Emotion နောက်လိုက်သွားကြတဲ့သဘောပါ။

အသက်သာကြီးလာပြီး ကိုယ်နှုတ်စောင့်စည်းနိုင်မှု နည်းသူ၊ စိတ်ဓါတ်ရင့်ကျက်မှုနည်းသူတွေကို EQ နည်းတယ်လို့ပြောလို့ရတယ်။

3) Social Quotient (SQ)
------------------------
ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်း၊ မိသားစု ဆွေမျိုးတွေကြားမှာ.. ဘယ်လောက်ထိ အချိန်ကြာကြာ..ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ?၊ ဘယ်လောက်ထိ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့.. ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?၊ ဒါတွေကို.. တိုင်းတာနိုင်တာက.. ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။

မြန်မာတွေပြောလေ့ပြောထရှိတဲ့ကိုယ့်ထမင်းကိုယ်ရှာစားတာ ဘယ်သူ့ဂရုစိုကိရမှာလဲ နဲ့ ……ဂျပန်လူမျိုးတစ်ယောက် ဆိုင်တစ်ဆိုငိဖွင့်ရင် သူ့ပတ်ဝန်းကျငိ Society အတွက်သူ့ဆိုငိကဘာအကျိုးပြုနိုငိမလဲဆိုတဲ့အတွေးအခေါ် ကိုနှိုင်းယှဉ်ကြည့်ပါ SQ သဘောတစ်ခုပါဘဲ။

SQ ဆိုတာအပေါင်းအသင်းဆံ့တာတစိခုထဲမဟုတ်ဘဲ ပတ်ဝန်းကျင်ကို ဘယ်လောက်အကျိုးပြုသလဲလဲပါပါတယ်။ မိတ်ဆွေကောင်း ပေါသူ၊ မိတ်ဆွေတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ယုံကြည်ခြင်းခံရသူတွေဟာ ဘာလုပ်လုပ်အဆင်ပြေကြတာများပါတယ်။

4) The Adversity Quotient (AQ): ------------------------------
အရေးအကြီးဆုံး အေကျူ ဆိုတာက..ဘဝမှာ တွေ့ကြုံလာရသမျှ.. ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို ရဲရဲရင်ဆိုင် ဖြေရှင်းကျော်လွှားနိုင်တဲ့.. စွမ်းရည်လယ်ဗယ်တဲ့..။ အဲ့ဒါ.. AQ level တဲ့..။

မြန်မာစကားနဲ့ ပြောရရင်...
လောကဓံကို မင်း ဘယ်လောက် ခံနိုင်စွမ်း ရှိမလဲပေါ့ ⁉️

အေကျူလယ်ဗယ်ပေါ် မူတည်ပြီး..လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊ မိသားစုကို စွန့်ခွာ၊ ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ.. ဖြစ်လာကြတာပါတဲ့..။ အေကျူလယ်ဗယ် နိမ့်သူတွေက.. ပြသနာ တို့ ဒုက္ခတို့ကို.. ရင်မဆိုင်နိုင်ကြသူတွေပေါ့။ တနည်း သတ္တိကြောင်သူတွေပေါ့။

မြန်မာတွေက လောကဓံနဲ့ကြုံလို့ တစ်ခုခုကျရှုံးသွားရင် ကံကိုဘဲ ပုံချတတ်ကြပီး ၊ အခွင့်အရေးရှိနေပါရဲ့နဲ့ ပြန်မကြိုးစားကြဘူး။ ဒါလဲ AQ နည်းခြငိးတစ်မျိုးဘဲ။

IQ , EQ , SQ, AQ. နှိုင်းယှဉ်လေ့လာချက်
- - - - - - - - - - - - - - - - - - - - - - - -

လက်တွေ့ မှာ ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး.. အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ.. ဒုတိယနဲ့ တတိယ ဖြစ်တဲ့.. EQ နဲ့ SQ လယ်ဗယ်မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။

အများထင်တဲ့.. IQ မြင့်သူတွေ မဟုတ်ကြဘူး။ သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။
❤3👍3
အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ.. နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့ ဘောစိသူဌေး လုပ်ငန်းရှင်တွေဆီမှာ.. လခစား ဝန်ထမ်းဘဝနဲ့ သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်လို့တောင် ပြောရမလိုဖြစ်နေပါတယ်။

ဝမ်းနည်းစရာ ကောင်းတာက..စာသင်ကျောင်းတွေဟာ.. အိုင်ကျူလယ်ဗယ် မြင့်မားအောင် လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး.. EQ နဲ့ SQ level ကို တိုးတက်လာအောင်ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက.. အင်မတန် နည်းနေတုန်းပဲတဲ့..။ (တိုးတက်နေတဲ့နိုင်ငံက သူတို့ဆီက ကျောင်းတွေမှာတောင်နော်) မြန်မာပြည်မှာဆိုရင်တော့ ဝေလာဝေးဘဲ။

တကယ်တော့.. EQ က ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး.. SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို.. ဘယ်လောက်ထိ သက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။

အထက်က IQ , EQ , SQ ၃ ခု ကောင်းလို့အောင်မြင်လာပီဘဲဆိုပါစို့ လောကဓံရဲ့ အထုအထောင်း မခံရတဲ့သူမရှိပါဘူး။ ကိုယ်အမှားမပြုသော်လဲ ကိုယ့်ဆီလာတဲ့ လောကဓံတွေရှိပါတယ်။ ဥပမာ စက်ရုံ မီးလောင်သွားတယ်။ အစိုးရဥပဒေအပြောင်းအလဲကြောင့်လုပ်ငနိးရပ်ဆိုင်းသွားတယ်။ စသဖြင့်ပေါ့လေ။

အဲဒီနေရာမှာ AQ ကအရေးပါလာပါပီ။ ပြန်ပီးကြိုးစားမယ်။ ပြသနာတွေကိုရင်ဆိုင်ဖြေရှင်းမယ်။ လဲရင်ပြန်ထ ဒါဘဝဘဲဆိုတာ AQ ပါဘဲ။

အောင်မြင်မှုခိုငိမာနေတဲ့သူတွေ၊ ထိပ်ဆုံးမှာတည်မြဲနေသူတွေ အကုန်ကြည့်ပါ။ လောကဓံရဲ့ ထုထောင်းမှုကနေရုံးထလာကြသူတွေများပါတယိ။ အရှံးမပေးခဲ့ကြသူများသာ ဖြစ်ပါတယ်။

=====================================
မြန်မာမိဘတွေကိုအကြံပြုချင်တာလေးက

မိဘတွေဟာ.. ကိုယ့်သားသမီး AQ Level မြင့်လာအောင်.. ဘဝမှာ အခက်အခဲတွေနဲ့ ငယ်စဉ်ထဲက ရင်ဆိုင်ပေးတွေ့ပြီး.. လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။

သူ့အသက်အရွယ်၊ သူ့အသိဉာဏ် လယ်ဗယ်အတိုင်း.. ခန္ဓာကိုယ်ရော၊ ဦးနှောက်ရောကို အလုပ်ပေးတဲ့.. တာဝန်ဝတ္တရားတွေ၊ ခိုင်းစေမှုတွေ.. ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊ ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း လုပ်ခိုင်းတတ်ရမယ် ဆိုတာပါပဲ..။

IQ မြင့်ရင်တော့ ရှယ်ကောင်းပေါ့။ မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး ပုံမှန်လေးဆိုရပါပီ။ ကျန်တဲ့သုံးခု.. (EQ/SQ/AQ) မြင့်မားဖို့က.. ပို အရေးကြီးပါတယ်။

ဒါမှ.. အောင်မြင်သူ ၊ အများအကျိုးပြုသူ၊ ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ ဖြစ်လာကြမှာပါ။

မူရင်း ရေးသားသူရဲ့ အကြံပြုချက်က

"သားသမီးတွေကို.. သူတို့လျှောက်ဖို့ လမ်းခင်း မပေးပါနဲ့။ သူတို့ကိုယ်တိုင် လမ်းခင်းပြီး.. လျှောက်တတ်ဖို့ကို သင်ပေးပါ..." တဲ့....

ကျွနိတော်တို့တတွေ ကိုယ့်သားသမီးကိုချစ်ရင် သန်မာတဲ့သူတွေ အများအကျိုးဆောင်ရွက်လိုပီး စိတ်ဓါတ်ကောင်းရှိသူတွေဖြစ်အောင်ပြုစုပျိုးထောင်ပေးကြပါလို့တိုက်တွန်းရင်း………

————————————

https://t.me/EducationalChannelMM/3619

https://t.me/EducationalChannelMM/3618
👍3❤1
ပုသိမ်ကိစ္စနဲ့ပတ်သတ်ပြီး ဆရာမတွေအပေါ်အမြင်တမျိူးမဖြစ်ပါနဲ့။
ဆရာ/မ ရောက်လာရင်လက်မှတ်11ချက်လောက်ထိုးရတယ်။အတွင်းစောင့်ကျတယ်လို့သိရ. မိမိကျတဲ့အခန်းနံပါတ်ကပ်ထားတဲ့ခုံမှာထိုင်ပြီး စာမေးပွဲဆိုင်ရာဖြည့်ရမယ့်ရှိ-ပျတ်/ဖြေစာရင်းထည့်ရတယ်။လက်မှတ်ကအတွင်းစောင့်2ဦးထိုးရတယ်။ပြီးရင် ကလေးတွေဖြေမယ့်စာရွက် ရွက်ရေပြည့်မပြည့်စစ်ရတယ်။အစွန်းထင်းပါမပါစစ်ရတယ်။ကုတ်ပြုတ်မပြုတ်စစ်ရတယ်။ကြိီးကြပ်ရေးမှူးလက်မှတ်ပါမပါစစ်တယ်။နောက်ပီး ကြီးကြပ်ရေးမှူးရဲ့သြဝါဒမှာကြားချက်တွေနာခံပြီး သက်ဆိုင်ရာအခန်းရောက်ရင် တံခါးဖွင့် ချိတ်-မီးခလုပ်အားလုံးဖွင့်တယ်။ပန်ကာဖွင့်တယ်။စာရွက်ဝေတယ်။စည်းကမ်းချက်ဖတ်တယ်။တယောက်ချင်း ခုံအမှတ်မှားရေးမှာစိုးလို့ တယောက်ချင်းလိုက်စစ်ရင်းရေးခိုင်းတယ်။ကဒ်နဲ့ဖြေဆိုသူနဲ့ယာယီကဒ်တိုက်စစ်တယ်။
ကလေးတွေ9နာရီထိုးအခန်းဝင်ရင်အခန်းဝစစ်တယ်။ကဒ်ပန်းရောင်ပါမပါစစ်တယ်။သိမ်းတယ်။အထဲမှာဖြေရင်းရေသောက်ချင်ရင်ရေခပ်တိုက်တယ်။အိမ်သာသွားချင်ရင်အိမ်သာထိလိုက်ပို့တယ်။ဘယ်ချိန်ကနေဘယ်ချိန်ထိထွက်ကြောင်းလက်မှတ်ကလေးလည်းထိုးရသလို အခန်းစောင့်ဆရာမ2ဦးလုံးထိုးရတယ်။သူတို့တခန်း30-28-ယောက်စသဖြင့်သွားရင်အပြင်စောင့်ကလိုက်ပို့တယ်။သန့်စင်ခန်းမှာတခါလက်မှတ်ထိုးရတယ်။ဖြေဆိုပြီးအပ်တကြိမ် ဖြေဆိုကြောင်းတကြိမ်ထိုးဂတယ်။ထို့အတူ ကျောင်းတိုင်းနီးပါး ကလေးတွေစာဖြေခန်းလိုအပ်သောဘောပင် ပေတံခဲတံ ခဲဖျတ်တွေအခမဲ့ပေးတယ်။ဂဏန်းပေါင်းစက်ဌားပေးတယ်။
အခန်းတွင်းစာဖြေသူနေမကောင်းရင် စာဖြေခန်းကနေ ဆေးပေးခန်းမှာဆေးချက်ချင်းပေးတယ်။တခါတည်းတိုက်တယ်။နေသာလားအကြိမ့်ကိမ်မေးတယ်။ကလေးကိုဂရုတစိုက်နဲ့ လက်ထောက်ကြီးကြပ်ရေးမှူးနဲ့ကြီးကြပ်ရေးမှူးအပါဝင်အတွင်းစောင့်များ အဲလိုလေးဆောင်ရွက်ပေးရတယ်။ဖြေဆိုချိန်တနာရီပြည့်တိုင်းဘယ်နနာရီရှိပါပြီ။ဖြေဆိုဖို့ဘယ်လောက်ကျန်သေးတယ်စသဖြင့် အလန်းပေးတယ်။12နာရီထိုးခါနီးပါပြီ။ပြန်စစ်ပါ။နံပါတ်တွေသေချာတပ်ပါ။မနက်ဖြန်ဘာဘာသာဖြေဆိုရမှာပါ။ယာယီကဒ်မေ့မယ် စသဖြင့်ကြိုတင်မှာကြားအသိပေးတယ်။
တက္ကသိုလ်ဝင်တန်းစောင့်ရသူတိုင်းသိတယ်။မိဘတွေသိဖို့ ဒါလေးပြောတာ။ထစ်ကနဲရှိဆရာ/မတေွပုံမချနဲ့။ကိုယ့်ကလေးချစ်တာလက်ခံသလို လူတဖက်သားဘဝတွေရင်းရတာသိကြ။
တာဝန်မှာမုန့်ဝေမပါဘူး။တခုခုဆိုအပြစ်ပေးခံရမှာဝန်ထမ်းဘဝမို့ ယခုလိုသိစေချင်လို့ရေးပြတာပါ။
Zaw
Waiwai Ko
DawKhaing SuSu Lwin
Daw Myint Myint Khaing
PaySaf Thu
#ပို့စ်ပိုင်ရှင်အား credit ပေးပါတယ်
❤2
"Tech နည်းပညာနဲ့ ပတ်သတ်တဲ့ Ebook စာအုပ်(၆၀)"

1. ကိုပေါက် – Google Sketchup https://docs.google.com/open?id=0ByoybHO2EueJdHBoekx2ci0yRW8

2. ၀င်းဟိန်း – Basic Android https://docs.google.com/open?id=0B9UcDHcVpAz6dkpXYUlMX2RIdXM

3. သန်းထိုက် – idevice လက်တွေ့အသုံးချနည်း https://docs.google.com/open?id=0B9UcDHcVpAz6aV9kWjduRmJ5VUE

4. သန်းထိုက်(ရွှေရိပ်) – ရိုးသားစွာထိုးထွင်းလေ့လာခြင်း Honest Hacking https://docs.google.com/open?id=0B9UcDHcVpAz6WUxZNGxtcU5HSnM

5. သန်းထိုက်(ရွှေရိပ်) – Android ပေါ်မှ လက်တွေ့သုံးနည်းပညာ https://docs.google.com/open?id=0B9UcDHcVpAz6eGhTZERiZ0xOZmM

6. သရ – ၀င်းဒိုး(၈) အသုံးပြုနည်း https://docs.google.com/open?id=0B9UcDHcVpAz6aGN6WU1PZ0tSWjQ

7. စုကြည်တွေး – Facebook ၏လုပ်ဆောင်ချက်များ https://docs.google.com/open?id=0B9UcDHcVpAz6aTU2TzNVVTZrYVU

8. မျိုးသူရ-အင်တာနတ်လုံခြုံရေး https://docs.google.com/open?id=0B9UcDHcVpAz6VmEtaXJENGI2cXc

9. Android Application.Development for For Dummies.pdf https://docs.google.com/open?id=0B9UcDHcVpAz6TDhIYTNTVjQzQjg

10. နေဇော်၀င်းမောင် – 3D STUDIO MAX စတင်လေ့လာသူများအတွက် https://docs.google.com/open?id=0B9UcDHcVpAz6OUFmVDBhRjV3V0U

11. တင်ဦး – အခမဲ့၀က်ဆိုက်ရေးနည်း တင်နည်း https://docs.google.com/open?id=0ByoybHO2EueJWV9TSHI1aFdxRWc

12. အာကာဖြိုး – မိုဘိုင်းမျိုးစုံ Root လုပ်နည်းနှင့် အခြေခံလိုအပ်ချက်များ https://docs.google.com/open?id=0B9UcDHcVpAz6SlVNWGd6bEs1QXc

13. သန်းထိုက်(ရွှေရိပ်) – မိုလ်ဘိုင်းနည်းပညာ https://docs.google.com/open?id=0B9UcDHcVpAz6SVE0SUEtbGkxNWM

14. ကွန်ပျုတာအမေးအဖြေ https://docs.google.com/open?id=0B7HZIUBvCH1EMkRIUWt0VTA3LWM

15. Photoshop effects 2 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EMmZKS1k0czd1R1U

16. e-mail server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ENFNKdGNtYU5vdmc

17. Small Office or Home Office Network (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ENmhVZlljeHFQVUU

18. Streaming Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EODNYaWRfdG95NlE

19. Video Conferening Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EOGR6R0tmUGUxLXc

20. Windows 2000 Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EOV9CdEJBTlFyaVE

21. Photoshop (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EOWlseUMwN0pKUDA

22. EXCEL(မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EQ0g3Ul9QYjA5Uk0

23. Hardware (ကွန်ပျူတာ) https://docs.google.com/open?id=0B7HZIUBvCH1EQ1NsSS1sUUJQNjQ

24. Word (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EQjRPY1RlLXZ3UkE

25. AccessXP (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EQl9kQlkwbkNCU2s

26. Hardware & Data Communication Network (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EQnZyNzZZM05YVXM

27. Powerpoint XP (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ERVdUYWZVR3pIelk

28. Data Connection (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ERmlTbXlCT2JPZ28

29. Basic Windows & Microsoft Word (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ES3hLSVAyQU90SFE

30. MS Word XP (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ES3pjRVNzajRJWms

31. ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်း https://docs.google.com/open?id=0B7HZIUBvCH1ESWVRWGp3elhvdFk

32. Acrobat (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ESmdITGV1VHJ1RTg

33. blog helpdesk book (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ET25CR2N1MlY3d0E

34. Front page XP (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1ETVZWblpGV0pGQnM

35. Content Management System(dynamic web portal) (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EUURUWXR4T3FDdW8

36. Protecting from Network Threats (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EUUZ5ZWZ6cU1xZnM

37. Linux OS (မြန်မာပြန်) https://docs.google.com/open?id=0B7HZIUBvCH1EUlphQXI3RDNQc2M

38. MS Excel XP (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EVDlLNXdwaU9qRGc

39. Win2003 DHCP (မြန်မာ)
https://docs.google.com/open?id=0B7HZIUBvCH1EVnFrajR6T0ZTbjg

40. DNS Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EVzF5dDB6RDdmQnc

41. Networking edition 1 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EWEFFNzhTMThKWkE
👍3
42. Visual Basic6.0 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EWGZ5UFZwZXRfRVE

43. Apache WEB Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EWUhBWU1uSENHams

44. ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိမ်းနည်းအခြေခံ https://docs.google.com/open?id=0B7HZIUBvCH1EYmF4X1VabGh0cUE

45. PM 7 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EY0NWbW54YXFVZjQ

46. Computer Knowledge Book (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EamRhd0ltbms4V2M

47. Autocad 2002 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EbFRxd1JqaVc5WmM

48. Turbo C (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EbFpFRDhMLWEycEU

49. Making aBlog.pdf (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EbG1DQnhWUTY0OW8

50. vnc (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EbjhqT185ellGZGM

51. Dynamic Host Configuration Protocol (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EbkM3OGVtNkllTDg

52. WEB Design (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1Ec1hjQmlESHNFM00

53. windows installation (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EcHdpaHV2VlNac28

54. Streaming (Unreal) Server (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1Eclg5d0VEeEptdE0

55. hardisk (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EdERXU3NrNmM1a3c

56. NetMeeting 3 (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EdThVTGZuXzRxb28

57. Photoshop effects (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EdUR2Y0R2OVV5LXc

58. mail server & client (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EdUROWGZsUkFBdXc

58. Learning Web Design (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EdUhrR1dTaWdqX0E

60. HTML (မြန်မာ) https://docs.google.com/open?id=0B7HZIUBvCH1EeDJJMjRXejZMSm8

#crd_to_owner

Credit to Original
👍6❤3
အချိန်ခဏလေးပေးပြီး ဖတ်ပေးပါ။
မိမိလုံခြုံရေးအသိပညာအတွက်ပါ.....။

🔌⚡️ ဖုန်းမပါဘဲ အားသွင်းကြိုးကိုမီး ပလပ်ပေါ်မှ မတင်ထားသင့်တဲ့ အကြောင်းရင်း ၅ ချက်....။

1. လျှပ်စစ်ဓာတ်အားကိုမလိုအပ်ဘဲ ဖြုန်းတီးခြင်း

အားသွင်းကြိုးကို ဖုန်းနှင့်မသွင်း ထားပဲတစ်ချိန်လုံး
ထိုးထားမယ်ဆိုရင်မီးနည်းနည်းနဲ့ သုံးနေတုန်းပါပဲ။ အဆက်မပြတ် စုပြုံနေသည့် လျှပ်စစ်မီတာခများ မလိုအပ်ဘဲ တိုးလာနိုင်သည်။

2. အပူတွေ ထွက်လာတဲ့အကြောင်းရင်း

မီးပလပ်မှာထိုးထားခဲ့သည့် adapter သည်လေဝင်လေထွက်မရှိပဲရှိတဲ့အပေါက်တိုင်ထိုးထားတယ်ဆိုရလျှင် အားသွင်းကိရိယာ၏သက်တမ်းကို ထိခိုက်စေနိုင်သည်။ ဒါမှမဟုတ် အဆိုးဆုံးအခြေအနေဟာ မီးလောင်မှု ဖြစ်ပွားနိုင်တယ်။

3. လျှပ်စစ်ဝါယာရှော့ဖြစ်နိုင်ခြေ ⚡️⚠️

ပါဝါတက်လာရင် သို့မဟုတ် အားသွင်းကိရိယာတွင် ပြဿနာရှိနေသည်။ လျှပ်စစ်ဝါယာရှော့ဖြစ်စေနိုင်သည်။ လျှပ်စစ်ပစ္စည်းများကို ပျက်စီးစေခြင်း သို့မဟုတ် သင့်အိမ်ကို အန္တရာယ်ဖြစ်စေနိုင်သည်။

4. အားသွင်း၏သက်တမ်းကို လျှော့ချပေးသည်။

ပလပ်ပေါက်တွင်းမှာ အချိန်အကြာကြီးချဲ့ထားခြင်း အားသွင်းကိရိယာ၏အတွင်းပိုင်း ဆားကစ်အား ပုံမှန်ထက်ပိုမြန်စေသည်။ အားသွင်းအားကို ပိုမြန်စေနိုင်သည် နှင့် ဖုန်းတစ်လုံးနှင့်အသုံးပြုသောအခါ ပုံမှန်မဟုတ်သော ပါဝါထောက်ပံ့မှုအန္တရာယ်ရှိနိုင်ပါသည်။

5. မီးဘေးအန္တရာယ်ကို တိုးပွားစေပါသည်။

ပုံမှန်မဟုတ်သော သို့မဟုတ် အလွန်ဟောင်းနေသည့် အားသွင်းကိရိယာများ အရည်ပျော်ခြင်း သို့မဟုတ် လောင်ကျွမ်းစေသော အပူရှိန်မြင့်မားခြင်းတို့ ဖြစ်စေနိုင်သည်။ ပတ်ဝန်းကျင်ရှိ အရာဝတ္တုများသို့ ပျံ့နှံ့စေနိုင်သည်။ မီးလောင်စေနိုင်ကြောင်းအထူးသတိထားပါ။

သတိ..........
အသုံးမပြုသည့်အခါတိုင်း အားသွင်းကြိုးအား ပလပ်မှဖြုတ်ထားသင့်ပါတယ် 🔌❌🔥
လျှပ်စစ်မီး၊ အပူ၊ ဆားကစ်ပြတ်တောက်ခြင်းနှင့် မီးဘေးအန္တရာယ်များ လျော့နည်းစေရန်ဖြစ်ပါတယ်......။

🔥🔥🔥
မီးဘေးအန္တရာယ်ကိုကားကွယ်ကြစို့
စေတနာအားဖြင့်......
👍4❤3