Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
💥 မြန်မာဗျည်းတွင်
ပထမက္ခရာ (ပထမ+အက္ခရာ) များဖြစ်ကြသော က စ၊ တ၊ ပ၊

ဒုတိယက္ခရာ (ဒုတိယ+အက္ခရာ)များ ဖြစ်ကြသော ခ၊ ဆ၊ ထ၊ ဖ နှင့်

ဝဂ္ဂန္တ (ဝဂ်အဆုံး)များ ဖြစ်ကြသော င၊ ည၊ န၊ မ တို့သာ အနက်ရှိသော အက္ခရာ များ ဖြစ်ကြသည်။

ဋ- ဝဂျ အက်ခရာ (၅)လုံး( ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ) ၊

တတိယက္ခရာ(တတိယ+အက္ခရာ) များ ဖြစ်ကြသော ဂ၊ ဇ၊ ဒ၊ ဗ၊ ၊

စတုတ္ထက္ခရာ(စတုတ္ထ+အက္ခရာ).များဖြစ်ကြသော ဃ၊ ဈ၊ ဓ၊ ဘ တို့ကား မြန်မာဘာသာတွင်
အနက်မရှိသော အက္ခရာများ ဖြစ်ကြသည်။

⭐ အနက်မရှိ အသံသာရှိတဲ့ ဗျည်း(၈)လုံး⭐
- ဂ၊ ဃ
- ဇ၊ ဈ
- ဒ၊ ဓ
- ဗ၊ ဘ

☘ ဂ ☘

ဂ သည် မြန်မာဘာသာတွင် အနက်မရှိပါ။ အနက်မရှိသဖြင့် ပင်ကိုအဓိပ္ပာယ်လည်း မရှိ။ မြန်မာဘာသာတွင် ဂငယ်နှင့် ရေးသော ဝေါဟာရများရှိသော်လည်း မြန်မာဘာသာစကားများမဟုတ်ဘဲ မွေးစား စကားများ၊ အသံဖလှယ်စကားများသာ ဖြစ်ကြသည်။

သာဓက။

ဂဇာ၊ န- ဆင်ရုပ်၊ မြင်းရုပ် စသည် ရေးဆွဲသော ရှေးရိုး မြန်မာပန်းချီ။ [ပါ၊ ဂဇ]

ဂဏန်း၊ န- ၁၊ ၁၊၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊၀ ဟူသော သင်္ချာအမှတ်အသား။
၂။ ကိန်းအရေအတွက်။ ၃၊ ရေတွက်ခြင်းအတတ်။ [ပါ၊ ဂဏနာ]

ဂတိ၊ န- သတ္တဝါတို့လားရာဘဝ။ [ပါ၊ ဂတိ]

ဂဒူး၊ န- ဦးခေါင်းမှ တင်ပါးအထိ မိုးလုံသော ဆောင်းစရာတစ်မျိုး။ ပက္ကလာ။ ပီလမ။ [မွန်၊ ဂဒိုဝ်]

ဂနိုင်၊ န- ၁၊ သစ်ပင်ကြီးများ စည်ကားစွာ ပေါက်ရောက်လျက် ရှိသော လှည့်လည်ကြည့်ရှုချင့်စဖွယ် သာယာသောတော။
၂၊ [ ရှေး ] တော။ [ မွန်၊ ဂွိုင်]

ဂါထာ၊ န- ၁၊ ဆန်းကျမ်းတွင် ပြဆိုထားသည့် စည်းကမ်းတို့နှင့်အညီ ရေးစီသော ပါဠိကဗျာ။ ၂၊ လိုအင်ဆန္ဒပြည့်ဝစေကြောင်း ဩောင်း၊ ဥုံ ခံ၍ ရွတ်ရသောစာ။ [ပါ၊ ဂါထာ]

ဂါလန်၊ န- အရည်ပမာဏကို ခန့်တွက်သော ချင့်ဝန်တစ်မျိုး။ [δι gallon]

ဂူလီ၊ န- ၁၊ မြင်းစီးလျက် တုတ်တံဖြင့် ရိုက်ခတ်ကစားရသော သစ်သားလုံး။ ၂၊ ယင်းသို့ရိုက်ခတ်ကစားရသော ရှေးခေတ်
အားကစားနည်း။ [သ၊ ဂေါလီ]

ဂေဟာ၊ န- နေအိမ်။ [ပါ၊ ဂေဟ]

ဂေါပက၊ န- စေတီပုထိုးစသည်ကို စောင့်ရှောက်ထိန်းသိမ်းသူ။

ဂေါ်ပြား၊ န- ၁၊ မြေကို တူးဆွကော်ယက်ခပ်ယူရသော ငန်းပြားကြီး
၂၊ အမှိုက်များကို သိမ်းယူရာတွင် သုံးသောပစ္စည်း။
[ မြန်၊ ကော်ပြား ]

ဂုဏ်၊ န- ၁၊ သက်ရှိသက်မဲ့တို့၏ အရည်အချင်း၊ အစွမ်းသတ္တိ။
၂၊ [စာပေ] အရေးအသား အစီအကုံးတွင် ကောင်းမြတ်သော
အရည်အချင်း။ [ပါ၊ ဂုဏ]

***
☘ ဃ ☘

ဃ သည် မြန်မာဘာသာတွင် အနက်မရှိပါ။ အနက်မရှိသဖြင့် အဓိပ္ပာယ်လည်း မရှိပါ။ မြန်မာဘာသာတွင် ဃကြီးနှင့် ရေးသော ဝေါဟာရများ ရှိသော်လည်း မြန်မာဘာသာစကားများ မဟုတ်ဘဲ မွေးစား စကားများသာဖြစ်သည်။

သာဓက။

ဃဋီ၊ န- နှစ်ဆယ့်လေးမိနစ်နှင့် ညီမျှသော ကာလအပိုင်းအခြား။ မြန်မာနာရီ တစ်နာရီ။ [သ၊ ဃဋိကာ]

ဃနာနို့ဆွမ်း၊ န- နွားနို့ဖြင့် ကျိုချက်သောဆွမ်း။ [ပါ၊ ဃန + မြန်၊ နို့ဆွမ်း]

ဃရာဝါသ၊ န- အိမ်ထောင်ပြုခြင်း။ [ပါ၊ ဃရာဝါသ]

ဃောသအက္ခရာ၊ န- အသံပြင်းသောအက္ခရာ။ သံပြင်းအက္ခရာ။
(ဂ၊ ဃ၊ င၊ ဇ၊ ဈ၊ ဉ/ည၊ ဍ၊ ဎ၊ ဏ၊ ဒ၊ ဓ၊ န၊ ဗ၊ ဘ၊ မ၊ ယ၊ ရ၊ လ၊ ဝ၊ ဟ၊ ဠ ဟူ၍ အက္ခရာ၂၁ လုံးရှိသည်။)(ပါ၊ ဃောသ+အက္ခရ]

သံဃာ၊ န- မြတ်စွာဘုရား၏ တပည့်ရဟန်းအပေါင်း။ [ ပါ၊ သံဃ ]

သံဃာစင်၊ န- အလှူမဏ္ဍပ်တွင် ရဟန်းတော်များ သီတင်းသုံးရာစင်။ [ ပါ၊ သံဃ + မြန်၊ စင် ]

အာဃာတ၊ န- တစ်စုံတစ်ဦးအပေါ် မကျေနပ်သောကြောင့် အန္တရာယ် ပြုရန် စိတ်တွင်တေးမှတ်ထားခြင်း။ ရန်ငြိုး။ [ ပါ၊ အာဃာတ ]

☘ ဇ၊ ဈ ၊ ဒ၊ ဓ ☘
***

☘ ဇ ☘

ဇ သည် မြန်မာဘာသာတွင် အနက်မရှိသော ဗျည်းအက္ခရာဖြစ်ပါသည်။ အနက်မရှိသဖြင့် ပင်ကိုအဓိပ္ပာယ်လည်း မရှိပါ။ သို့ရာတွင် မြန်မာဘာသာဝေါဟာရများတွင် ဇ နှင့် ရေးရသော ဝေါဟာရများကို တွေ့နေရပါသည်။ ယင်း ဇကွဲနှင့်အရေးရှိနေသော ဝေါဟာရသည်ကား အသံစွဲအရေးဝေါဟာရများနှင့် မွေးစားဝေါဟာရများသာ ဖြစ်သည်။ ဇ သည် ပါဠိဘာသာ၊ သက္ကတဘာသာ တို့အတွက်သာ သုံးရသော ဗျည်းအက္ခရာ ဖြစ်သည်။

သာဓက။

ဇနပုဒ်၊ န- ကျေးလက်တောရွာ။ [ ပါ၊ ဇနပဒ ]

ဇယား၊ န- ၁၊ ရေးသွင်းမှတ်သားရန် ဆွဲသားမှတ်ထားသော မျဉ်းများ။
၂၊ စည်းကမ်း။ စနစ်။ [သ၊ ဇျာ ]

ဇရပ်၊ န- လူအများ နားနေတည်းခိုရန် ဆောက်လုပ်ထားသော အဆောက်အအုံ။ [ မြန်၊ စရပ် ]

ဇလီဖားတုံး၊ န- မီးရထားသံလမ်း အောက်က ကန့်လန့်ခံထားသော သစ်သားတုံး။ [လိပ်၊ sleeper + မြန်၊ တုံး ]

ဇာ၊ န- အပေါက်များပါအောင် ပုံဖော်၍ ထိုးရက်ထားသော အထည်။ [ သ၊ ဇာလ ]

ဇော၊ န- အရှိန်အဟုန်ဖြင့် ဖြစ်သောစိတ်။ [ ပါ၊ ဇဝန ]

ဇော်ဂျီ၊ န- ဆေးဝါးမန္တရားအတတ်၊ မြေလျှိုး၊ မိုးပျံ အတတ် စသည် တတ်ကျွမ်းသူ။ [ သ၊ ယောဂီ ]

ဇက်၊ န- ကျောရိုးနှင့် လည်ကုပ်ရိုး ဆက်စပ်ရာ။ [ မြန်၊ ဆက် ]

ဇောက်၊ န- အနက်။ အမြင့်။ [ မြန်၊ စောက် ]

ဇင်၊ န- ပိတ်အထူစားတစ်မျိုး။ [ လိပ်၊ jean ]

ဇောင်း၊ န- မြင်းထားရာ အဆောက်အအုံငယ်။ [ မြန်၊ စောင်း ]

ဇာတ်၊ န- ၁၊ အဖြစ်၊ ဘဝ။ ၂၊ မင်းမျိုး၊ ပုဏ္ဏားမျိုး စသည်ဖြင့် ခွဲခြား သတ်မှတ်သော အမျိုးအဆင့်အတန်း။ [ပါ၊ ဇာတိ]

ဇာတ်၊ န- ၁၊ ဘုရားလောင်းစသည်၏ ရှေးဘဝ အဖြစ်အပျက်။ “ဝေဿန္တရာဇာတ်။” ၂၊ ဇာတ်လမ်းဇာတ်ကွက်ဖြင့် ကပြသော ပွဲ။ ၃၊ ဇာတ်ကပြသော အဖွဲ့။ [ပါ၊ ဇာတက]
👍3❤1
***

☘ ဈ ☘

ဈ သည် မြန်မာဘာသာတွင် အနက်မရှိသော ဗျည်းအက္ခရာ ဖြစ်သည်။ အနက်မရှိသဖြင့် ပင်ကိုအဓိပ္ပာယ်လည်း မရှိပါ။ သို့ရာတွင် မြန်မာ ဘာသာစကားတွင်ပင် အသံဖလှယ်၍ရေးသော အသံစွဲအရေးရှိပါသည်။ ထို့ပြင် ပါဠိ၊ သက္ကတ ဘာသာစကားများကို မွေးစား၍သုံးသော မွေးစားစကား ဝေါဟာရများလည်း ရှိပါသည်။ ယင်းဝေါဟာရများအတွက် ဈမျဉ်းဆွဲသည် မြန်မာဗျည်းအက္ခရာများတွင် မပါမဖြစ် ပါဝင်နေရပါသည်။

သာဓက။

ဈာပန၊ န- ၁၊ မီးသင်္ဂြိုဟ်ခြင်း။
၂၊ မသာ။ အသုဘ။ [ ပါ၊ ဈာပန ]

ဈေး၊ န- ၁၊ လူအများစုဝေး၍ ကုန်ပစ္စည်းများကို ရောင်းဝယ်ရာ နေရာ။ ၂၊ ဈေးနှုန်း။ ၃။ တန်ဖိုး။ [ မြန်၊ ဆေး < အိမ်ဆေး ]

ဈာန်၊ န- စူးစူးစိုက်စိုက် အထူးမြဲမြံစွာ ရှုသောတရား။ [ ပါ၊ ဈာန]

ဈာန်လျှော၊ ကြိ- ၁၊ ဈာန်၏အစွမ်းသတ္တိ ပျက်ပြယ်သွားသည်။ ၂၊ [ဥပစာ] ဂုဏ်သိက္ခာ လျှောကျသည်။ [ ပါ၊ ဈာန + မြန်၊ လျှော ]

**

☘ ဒ ☘

ဒ သည် မြန်မာဘာသာတွင် အနက်မရှိသော ဝေါဟာရဖြစ်ပါသည်။ အနက်မရှိသဖြင့် အဓိပ္ပာယ်လည်း
မရှိပါ။ သို့ရာတွင် ဒ နှင့် ရေးသော ဝေါဟာရများ မြန်မာစာပေတွင် တွေ့နေရပါသည်။ ဒ ၌ ပင်ကိုအနက်မရှိ၊ အဓိပ္ပာယ်မရှိသော်လည်း အသံဖလှယ်၍ရေးသော အသံစွဲအရေးများနှင့် မွေးစားဝေါဟာရများကိုမူ မြန်မာအဘိဓာန်တွင် တွေ့မြင်နေရပေသည်။ သာဓကအချို့ထုတ်ပြပါမည်။

သာဓက။

ဒကာ၊ န- ၁၊ ပေးလှူသူ။ ၂၊ ရဟန်းက လူယောက်ျားကို ခေါ်သော စကား။ [ပါ၊ ဒါယက > ဒကာ ]

ဒရဝမ်၊ န- တံခါးစောင့်သူ။ အစောင့်။ [ဟိန္ဒီ၊ ဒရဝါန် ]

ဒရိုင်ဘာ၊ န- မော်တော်ယာဉ်မောင်းနှင်သူ။ ယာဉ်မောင်း။[လိပ်၊ driver]

ဒလန်၊ န- တစ်စုံတစ်ယောက်၏ အကျိုးအတွက် အခြားသူကိုလှည့်ဖြား၍ ဆောင်ရွက်ပေးသူ။ [ဟိန္ဒီ၊ ဒလာလ်]

ဒါဇင်၊ န- တစ်ဆယ့်နှစ်ခု။ [လိပ်၊ dozen ]

ဒီပနီ၊ န- အကြောင်းရပ်တို့ကို အကျယ်တဝင့် ရှင်းလင်း ဖွင့်ပြသော ကျမ်း။ [ပါ၊ ဒီပနီ]

ဒီမိုကရေစီ၊ န- ပြည်သူတို့၏ ဆန္ဒအရ ပြည်သူ့ကိုယ်စားလှယ် များဖြင့် နိုင်ငံအုပ်ချုပ်သော စနစ်တစ်မျိုး။ (လိပ်၊ democracy]

ဒု၊ န- အရာဝတ္ထုတစ်ခု၏ အထူပမာဏ။ အထု။ [ မြန်၊ ထု]

ဒေါ်၊ စည်း- ယဉ်ကျေးသောအားဖြင့် မိန်းမ၏ အမည်ရှေ့က ထည့် သုံးသော စကား။ [ မြန်၊ တော်]

ဒေါင်၊ န- အရပ်အမောင်း။ ကိုယ်ခန္ဓာအမြင့်။ [ မြန်၊ ထောင်]

****
☘ ဓ.☘

ဓ သည် မြန်မာဘာသာတွင် အနက်မရှိသော ဗျည်းအက္ခရာ ဖြစ်ပါသည်။ အနက်မရှိသဖြင့် အဓိပ္ပာယ်လည်းမရှိပါ။ သို့ရာတွင် ဓ နှင့် ရေးသော ဝေါဟာရများ မြန်မာအဘိဓာန်တွင် တွေ့နေရပါသည်။
ဓ ၌ ပင်ကိုအားဖြင့် အနက်မရှိ၊ အဓိပ္ပာယ်မရှိသော်လည်း အသံဖလှယ်ရေးသော အသံစွဲအရေးများနှင့် မွေးစားဝေါဟာရများကို မြန်မာအဘိဓာန်တွင် တွေ့ နေရပေသည်။

သာဓက။

ဓနရှင်၊ န- ငွေအရင်းအနှီးများစွာရှိသောသူ။ [ပါ၊ ဓန + မြန်၊ ရှင်]

ဓမကရိုဏ်၊ န- ရဟန်းတို့၏ ပရိက္ခရာရှစ်ပါးအဝင်ဖြစ်သော ရေစစ်။ [ပါ၊ ဓမကရဏ]

ဓား၊ န- သံဖြင့်ပြုလုပ်သော အသွားပါသော လက်ကိုင်ရိုးတပ် လက်နက်။ [ မြန်၊ ထား]

ဓူဝံ၊ န- ကမ္ဘာ၏ မြောက်ဝင်ရိုးစွန်းဘက် ကောင်းကင်တွင် အမြဲတည်နေသောကြယ်။ [ပါ၊ ဓုဝ]

ဓာတ်၊ န- ၁၊ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ကဲ့သို့သော အရင်းခံ သဘော။ ၂၊ ရွှေငွေကဲ့သို့သော မြေထွက်သတ္တု။ ၃၊ အစာ ဟောင်း။ [ပါ၊ ဓာတု]

ဓာတ်ဘူး၊ န- အအေး သို့မဟုတ် အပူကို ထိန်းချုပ်နိုင်အောင် ဖန်သား
နှစ်လွှာအကြားတွင် လေဟာနယ်ထား၍ ပြုလုပ်ထားသည့် ဘူး။ [ပါ၊ ဓာတု + မြန်၊ ဘူး]

ဓမ္မသတ်၊ န- တရားဥပဒေဆိုင်ရာကျမ်း။ [ပါ၊ ဓမ္မသတ္ထ]

ဓမ္မာရုံ၊ န- တရားဟောရာ၊ ဘုရားရှိခိုးဝတ်တက်ရာ အဆောက် အအုံ။ [ပါ၊ ဓမ္မ + အာရာမ]

ဓမ္မန္တရာယ်၊ န- တရားတော်ကို ထိခိုက်စေနိုင်သော အန္တရာယ်။ [ပါ၊ ဓမ္မ + အန္တရာယ ]

🌿 ဗ ၊ ဘ 🌿
**
☘ ဗ ☘

ဗ မြန်မာဘာသာတွင် အနက်မရှိသောဗျည်း ဖြစ်သည်။ အနက်မရှိသဖြင့် အဓိပ္ပာယ်လည်းမရှိပေ။ သို့ရာတွင် မြန်မာစာပေ၌
ဗ ဗျည်းအက္ခရာဖြင့် ရေးသားသုံးနှုန်းနေကြသော ဝေါဟာရများကို တွေ့မြင် နေရပါသည်။ ဤသို့ တွေ့နေရသည်မှာ ဗ တွင် အနက်၊ အဓိပ္ပာယ်ရှိနေခြင်းကြောင့် မဟုတ်။ ဗ အရေးအားလုံးသည် အသံပြောင်းရေးသော အသံစွဲ အရေးသော်လည်းကောင်း၊ မွေးစားဝေါဟာရသော်လည်းကောင်း ဖြစ်သည်ကို တွေ့ရပါမည်။

သာဓက။

ဗလိနတ်စာ၊ န- နတ်ပူဇော်ရန်စားဖွယ်။ [ပါ၊ ဗလိ + နာထ + မြန်၊ စားဖွယ်]

ဗဟုသုတ၊ န- များပြားသော အကြားအမြင် အတွေ့အကြုံ။ [ပါ၊ ဗဟုဿုတ]

ဗာဒံ၊ န- အကိုင်းအခက် ဘေးပတ်လည်တည့်တည့် ဖြာထွက်သည့် အစေ့အဆန်ကို စားရသော ရွက်ကြွေပင်စောက်တစ်မျိုး။ [သ၊ ဝါတမ္ဗ]

ဗာဟီရကိစ္စ၊ န- အမည်မတပ်သာသော ကိစ္စအထွေထွေ။ [ပါ၊ ဗာဟိရ + ကိစ္စ]

ဗိမာန်၊ န- မွန်မြတ်သော အဆောက်အအုံ။ [ပါ၊ ဝိမာန)

ဗေဒင်၊ န- ၁၊ ဝေဒ၏ အစိတ်အပိုင်းဖြစ်သော ကျမ်းခြောက်မျိုး။
၂၊ မွေးသက္ကရာဇ် စသည်ကို အခြေခံ၍ ကောင်းကျိုး ဆိုးပြစ် ကို တွက်ချက်ဟောပြောသောပညာ။ [ပါ၊ ဝေဒင်္ဂ]

ဗောင်းတော်၊ န- ဘုရင်၊ နတ် စသည်တို့၏ ခေါင်းပေါင်းတစ်မျိုး။ [ မြန်၊ ပေါင်းတော်]

ဗုဒ္ဓဝင်၊ န- မြတ်စွာဘုရား၏ ဘဝဖြစ်တော်စဉ်။ [ပါ၊ ဗုဒ္ဓဝံသ]
❤1👍1
ဗြဲတိုက်၊ န- ၁၊ လူပျိုတော်သားတို့ ခစားရသည့် အဆောင်။ ၂၊ မြန်မာမင်း လက်ထက် အတွင်းဝန်လေးယောက် စသည် တို့ အမှုထမ်းရွက်ရာဖြစ်သော အတွင်းရုံး။ [မွန်၊ ဗဟဲ + မြန်၊ တိုက်]

ဗြက်၊ န- မျက်နှာပြင်အနံ။ [ မြန်၊ ပြက်]

ဗွက်၊ န- မြေပြင်တွင် ရေဝပ်သဖြင့် ဖြစ်ပေါ်သော မြေပျော့။ [ မြန်၊ ပွက်]

***

☘ ဘ☘

ဘ သည် မြန်မာဘာသာတွင် အနက်မရှိသောဗျည်းဖြစ်သည်။ အနက်မရှိသဖြင့် အဓိပ္ပာယ်လည်းမရှိပေ။ သို့ရာတွင် မြန်မာစာပေတွင် ဘဖြင့် ရေးသားသုံးနှုန်း နေကြသော ဝေါဟာရများကို တွေ့ရပါမည်။ ဘ သည် မြန်မာဘာသာတွင် ပင်ကိုအားဖြင့် အနက်၊ အဓိပ္ပာယ် မရှိသော်လည်း အသံလှယ်၍သုံးသော အသံစွဲဝေါဟာရများနှင့် မွေးစားဝေါဟာရများ အတွက် အသုံးပြုရေးသားရာတွင် အသုံးဝင်နေပါသည်။

သာဓက-

ဘကြီး၊ န- ဖခင်၏အစ်ကို။ [ မြန်၊ ဖကြီး (အနက်စွဲအရေး ဖ၊ အသံစွဲအရေး ဘ)]

ဘနန်း၊ စည်း- လုနီးပါး။ [ မြန်၊ ဖွယ်နှန်း]

ဘရာစီယာ၊ န- အမျိုးသမီးများဝတ်သည့် အတွင်းခံရင်စည်း။
[ıပြင်သစ်၊ brassiere]

ဘရိတ်အုပ်၊ ကြိ- ၁၊ ဘရိတ်ဖြင့် အရှိန်ကို သတ်သည်။ ၂၊ [ဥပစာ] ပြောဆိုပြုလုပ်နေသည့် အရှိန်ကို ရုတ်တရက် ထိန်းချုပ် သည်။ [လိပ်၊ brake + မြန်၊ အုပ်]

ဘဝဂ်၊ န- ၃၁ဘုံတွင် အထက်ဆုံးဘုံ။ (နေဝသညာနာသညာယတနဘုံ။ [ပါ၊ ဘဝဂ္ဂ]

ဘာဂျာ၊ န- ၁၊ ပါးစပ်ဖြင့် မှုတ်ရသော သံစုံထွက် တူရိယာတစ်မျိုး၊ ၂၊ လက်နှိပ်ခလုတ်များကိုနှိပ်၍ သံစုံမြည်စေသော တူရိယာ တစ်မျိုး။ [ဟိန္ဒီ၊ ဗာဇာ]

ဘိသိက်၊ န- ရေစင်သွန်း၍ မင်္ဂလာပြုခြင်း။ [ပါ၊ အဘိသေက]

ဘူမိနက်သန်၊ န- မြေကြန်လက္ခဏာ ညီညွတ်သော အောင်မြေ။ [သ၊ ဘူမိလက္ခဏ]

ဘူးတောင်း၊ န- အများအားဖြင့် ရေထည့်ဆောင်လေ့ရှိသော ဘူးခါး သီးခြောက် အခွံ။ [ မြန်၊ ဖူးတောင်း]

ဘွဲ့၊ န- ၁၊ထူးခြားပြောင်မြောက်သော စွမ်းဆောင်မှုအတွက် ဂုဏ်ပြု ချီးမြှင့်သော အမည်အရည် တံဆိပ်။
၂၊ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့၏ အမည်။ ၃၊ သတ်မှတ်ထားသော တက္ကသိုလ် ပညာရည်အဆင့် တစ်ခုခုကို အောင်မြင်သူအား ချီးမြှင့်သော အမည်အရည်။ [ မြန်၊ ဖွဲ့]

✴✴✴✴✴✴✴✴✴✴✴

{ ဒေါက်တာထွန်းတင့်၊ ကကြီးခခွေးမတတ်သေး.လူရေးညံ့တော့သည်။}
❤1👍1
Fine Motor Skills ဆိုတာဘာလဲ?

Fine Motor Skills (ကလေးတို့ရဲ့ ခန္ဓာကိုယ်ရှိ သေးငယ်သော ကြွက်သားလေးတွေ ဖွံဖြိုးမှု) ဆိုသည်မှာ လက်သေးသေးလေးတွေ သန်မာဖွံ့ဖြိုးမှု ၊ လက်ချောင်းတွေရဲ့ လှုပ်ရှားနိုင်စွမ်းနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို အခြေခံပြုသော ကျွမ်းကျင်မှုများကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ကလေးတွေရဲ့ လက်နှင့် လက်ချောင်းလှုပ်ရှားမှုများပေါ်မှာ အခြေခံထားတဲ့ စွမ်းရည်များ ကို အဓိကပြောချင်တာဖြစ်ပါတယ်။
လက်နဲ့လက်ချောင်းတွေ သန်မာအောင် အရင်လေ့ကျင့်မှသာ စာရေးစွမ်းရည်အတွက် အဆင်သင့်ဖြစ်မှာ ဖြစ်ပါတယ်။

Fine Motor Skills တွေက ဘာလို့ ကလေးတွေအတွက် အရေးကြီးလဲ?

1. စာရေးခြင်း၊ ပုံဆွဲခြင်း

• Fine Motor Skills က စာရေးတဲ့လက်ရေးပုံစံ တည်ဆောက်ရန်၊ ပုံဆွဲရန် အတွက် လက်ချောင်းတွေ အဆင်သင့်ဖြစ်လာဖို့ အထောက်အကူပြုပါတယ်။

• ကလေးတွေရဲ့ လက်ရေးလေးတွေ သေသပ်သန့်ရှင်းပြီး စနစ်တကျရေးတတ်ဖို့ အတွေ့အကြုံရလာစေပါတယ်။
2. တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အထောက်အကူပြုခြင်း

• ကိုယ်တိုင် အဝတ်အစားဝတ်ခြင်း၊ ဖိနပ်စီးခြင်း၊ ထမင်းစားခြင်း၊ ရေချိုးသန့်စင်ခြင်း စတဲ့ တစ်ကိုယ်ရည် လုပ်ငန်းတွေမှာFine Motor Skills က လိုအပ်ပါတယ်။

• လက်ဆေးတာ၊ ရေချိုးတာ၊ သွားတိုက်တာ စတဲ့ သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ပိုမိုစနစ်ကျလာစေပါတယ်။

3. အနာဂတ်လုပ်ဆောင်ချက်များအတွက် အခြေခံလေ့ကျင့်မှုပေးခြင်း

• Fine Motor Skills က ကလေးအတွက် လက်ချောင်းတွေသန်မာဖို့၊ စာရေးတဲ့အချိန်အတွက်ထောက်ပံ့မှု ပေးသလို အခြားပညာရေးဆိုင်ရာ အရည်အချင်းများမှာပါ အရေးကြီးပါတယ်။

• ဥပမာ - ပုံစံတွေ မျဉ်းတွေ ရေးဆွဲခြင်း၊ ကြယ်သီးတပ်ခြင်း လက်လှုပ်ရှားမှုလုပ်ငန်းစဉ်များမှာ အသုံးဝင်ပါတယ်။

4. စိတ်ခံစားမှု နှင့် ယုံကြည်စိတ်ချမှု တိုးတက်စေခြင်း

• Fine Motor Skills ကို ရင်းနှီးလာတဲ့အခါ ကိုယ်တိုင်ကျွမ်းကျင်လုပ်ကိုင်လာနိုင်မှုအပေါ်ကလေးတွေက မိမိကိုယ်ကို ယုံကြည်မှုနဲ့ သင်ယူမှု ပိုမိုတိုးတက်စေပါတယ်။

• ကလေးတွေရဲ့ စိတ်ခံစားမှုဖွံ့ဖြိုးတိုးတက်မှု တွင် လည်း ထောက်ပံ့နိုင်ပါတယ်။

Fine Motor Skills တိုးတက်စေဖို့ လေ့ကျင့်ခန်းများ

1. ပုံဆွဲကစားခြင်း

• ပုံသဏ္ဌာန်တွေ မျဉ်းတွေနဲ့ ခဲတံဆွဲလေ့ကျင့်တာကို လေ့ကျင့်နိုင်ပါတယ်။

2. အရောင်ခြယ်ခြင်း

• ကလေးတွေအတွက် အရောင်ခြယ်ခြင်း၊ ပုံဆွဲခြင်း က လက်ချောင်းတွေနဲ့ စာရွက်မျက်နှာပြင်ထိတွေ့မှုတွေကနေ အထိအတွေ့ခံစားမှုကိုတိုးတက်စေပါတယ်။

3. ဂျုံမှုန့်/ရွှံ့/သဲတွေနဲ့ လက်ရာဖန်တီးပြုလုပ်ခြင်း

• ဂျုံမှုန့်/ရွှံ့/သဲတွေနဲ့ ပလတ်စတစ်ကြိုးစသည်ဖြင့် လက်ကို ထိန်းရင်း ပြုလုပ်နိုင်သည့် လုပ်ငန်းတွေနဲ့ ကစားနိုင်ပါတယ်။

4. ကတ်ကြေးညှပ်ကစားခြင်း

. စက္ကူပေါ်မှာ ပုံသဏ္ဌာန်အမျိုးမျိုး/ မျဉ်းအမျိုးမျိုး ရေးဆွဲပြီး ကတ်ကြေးညှပ်ကစားလို့ ရပါတယ်

5. အရုပ်စက္ကူခေါက်ကစားခြင်း

. Origami လို့ သိကြတဲ့ စက္ကူခေါက်ပုံစံလေးတွေကလည်း တစ်ဆင့် နှစ်ဆင့်ကနေ ကလေးတွေအတွက် နှစ်သက်သဘောကျစရာမို့ ကစားပေးလို့ရပါတယ်

#Crd to resource
👍2❤1
ကျွန်တော်တို့က USB stick တွေကို များသောအားဖြင့် file တွေ save ဖို့၊ Computer တစ်လုံးကနေတစ်လုံး file တွေ ရွေ့ပြောင်းဖို့နဲ့ file တွေ backup လုပ်ဖို့သုံးကြပါတယ်။
ဒါပေမယ့် USB Stick တွေကို အထာကျကျ သုံးလို့ရ‌တဲ့ နည်းလမ်းတွေလည်းရှိပါတယ်။
ရုပ်ရှင်တွေထဲကလို USB stick ကိုသုံးပြီး computer ကို lock/unlock လုပ်တာ၊ speed မြန်အောင်လုပ်တာအစရှိသဖြင့် ပြုလုပ်နိုင်ပါတယ်။
ကဲ..အဲ့တာဆို USB Stick တွေနဲ့ ပတ်သတ်ပြီး သင်တို့မသိလောက်သေးတဲ့ အခြားဘယ်အရာတွေ လုပ်လို့ရလဲဆိုတာကို အောက်မှာဆက်ဖတ်လိုက်ရအောင်။
---------------------------------------------------------------------------------
၁။ PC ကို USB stick သုံးပြီး lock/unlock ပြုလုပ်နိုင်ခြင်း
PREDATOR ဆိုတဲ့ software ကိုသုံးပြီးတော့ USB Stick တွေကို PC ရဲ့ security key အနေနဲ့ အသုံးပြုလို့ရပါတယ်။ အသုံးပြုပုံကတော့ရိုးရှင်းပါတယ်။ PC မှာတပ်ထားတဲ့ USB stick ကိုဖြုတ်လိုက်တာနဲ့တပြိုင်နက် သင့် PC lock ကျသွားမှာဖြစ်ပါတယ်။ Keyboard နဲ့ Mouse ပါအလုပ်မလုပ်တော့မယ့်အပြင် screen ကလဲ black screen ဖြစ်သွားမှာမို့ PC အနားမှာ သင်မရှိတုန်း တခြားလူသုံးမှာကို စိတ်ပူစရာမလိုတော့ပါဘူး။ USB Stick ကိုနောက်တကြိမ်ပြန်တပ်မှသာလျှင် unlock ဖြစ်ပြီး ပြန်သုံးလို့ရမှာဖြစ်ပါတယ်။
www.predator-usb.com သို့ဝင်ရောက် download ဆွဲနိုင်ပါတယ်။
၂။ USB stick ထဲမှာ portable application တွေထည့်ထားပြီး ဘယ် PC မှာ ဖြစ်ဖြစ်အသုံးပြုနိုင်ခြင်း
Portable application တွေရဲ့ အားသာချက်ကတော့ software တွေကို install လုပ်စရာမလိုပဲ အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ သင်အသုံးများတဲ့ software တွေရဲ့ portable version တွေကို USB Stick ထဲထည့်ထားပြီး PC တိုင်းလိုလိုမှာ အသုံးပြုလို့ရပါတယ်။
Portable application တွေကို download ဆွဲလိုပါက www.portableapps.com မှာဝင်ရောက်ရှာဖွေနိုင်ပါတယ်။
၃။ ReadyBoost feature ကိုသုံးပြီး PC ရဲ့ performance ကို မြှင့်တင်နိုင်ခြင်း
PC တစ်လုံးမှာ speed နှေးတဲ့ hard disk သာရှိနေခဲ့မယ်ဆိုရင် ReadyBoost feature ကို သုံးပြီး performance ကို မြှင့်တင်နိုင်ပါတယ်။ အကျဉ်းချုပ်နဲ့လွယ်လွယ်ပြောရရင် ReadyBoost က hard disk ရဲ့ cache memory အနေနဲ့ လုပ်ဆောင်ပေးမှာဖြစ်တဲ့အတွက် PC ရဲ့ read/write performance ကိုပုံမှန်ထက် ပိုကောင်းပိုမြန်လာမှာဖြစ်ပါတယ်။ အကယ်၍ PC ရဲ့ hard disk က 7200 RPM (သို့) အဲ့ဒီထက်မြန်တဲ့ hard disk ဖြစ်ဖြစ်၊ PC မှာ Solid State Drive(SSD) ကိုဖြစ်ဖြစ် တပ်ထားမယ်ဆိုရင်တော့ ReadyBoost ကို သုံးလို့ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ReadyBoost ရဲ့ cache ထပ် SSD က ပိုမြန်နေလို့ပဲဖြစ်ပါတယ်။
၄။ Win32 Disk Imager ကိုသုံးပြီး backup ပြုလုပ်နိုင်ခြင်း
USB Stick ကို backup လုပ်ဖို့အတွက် အသုံးပြုမယ်ဆိုရင်တော့ Win32 Disk Imager က သင့်အတွက်ဖြစ်မှာပါ။ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းနဲ့ backup ပြုလုပ်နိုင်ပါတယ်။
www.sourceforge.net/projects/win32diskimager သို့ဝင်ရောက် download ဆွဲယူနိုင်ပါတယ်။
၅။ USB Stick ကိုသုံးပြီး Operating System တိုင်းနီးပါးကို install ပြုလုပ်နိုင်ခြင်း
USB stick ကို bootable disk image တွေထည့်သွင်းပြီး အခွေမလိုပဲ PC မှာ OS အသစ်တွေထည့်သွင်းနိုင်ပါတယ်။ Universal USB Installer ကိုသုံးပြီး Windows OS၊ Linux OS တွေကိုပါ USB stick နဲ့ install လုပ်နိုင်ပါတယ်။
https://www.pendrivelinux.com/universal-usb-installer-easy-as-1-2-3/ သို့ဝင်ရောက် download ဆွဲယူနိုင်ပါတယ်။
၆။ Tails Live Operating System ကိုသုံးပြီး security နဲ့ privacy ရှိရှိ online အသုံးပြုနိုင်ခြင်း
Online သုံးတဲ့အခါမှာ လုံလုံခြုံခြုံ security ရှိရှိနဲ့အသုံးပြုချင်ကြတာ လူတိုင်းရဲ့ ဆန္ဒပါပဲ။ Tails က သင်တို့ online သုံးတဲ့အချိန်မှာ security ကောင်းဖို့အတွက်နဲ့privacy လုံခြုံစေဖို့အတွက်ပါလုပ်ဆောင်ပေးမှာပါ။ Tails မှာပါတဲ့ Tor ဆိုတဲ့ software ကနေတဆင့် သင်တို့ရဲ့ file တွေ၊ email တွေ၊ chat message တွေကို encryption ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ Tails OS ကို USB stick ထဲ bootable အနေနဲ့ထည့်ထားပြီး အသုံးပြုရုံပါပဲ။
www.tails.boum.org သို့ဝင်ရောက် download ဆွဲနိုင်ပါတယ်။
ဒီ post လေးကိုအဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီ post လေးကနေလဲ သင်တစ်ခုခုဗဟုသုတရသွားမယ်လို့မျှော်လင့်မိပါတယ်။
❤1👍1
ကဲ.....ကဲ။ ပြင်ပဖြေ
ဘတ်ဂျတ်ငွေစာရင်းခေါင်းစဉ်များ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
၀၁၀၁ . လစာများ
၀၁၀၂ . စရိတ်ချီးမြှင့်ငွေများ (ဒေသစရိတ်)
၀၂၀၁ . ပြည်တွင်းခရီးစရိတ်
၀၂၀၂ . ပြည်ပခရီးစရိတ်

၀၃၀၁ . လုပ်အားခ (ဘဏ်ဆောင်ရွက်ခ၊ မိတ္တူဆွဲခ၊ သန့်ရှင်းရေးလုပ်ခ ၊ သောက်ရေခပ်ခ
အစရှိသဖြင့် လုပ်အားအတွက် ရှောင်တခင်ခေါ်ယူထမ်းဆောင်စေသည့် အခကြေးငွေများ)

၀၃၀၂ . အခွန်အခ (မြေခွန်၊ မော်တော် ဆိုင်ကယ်
သက်တမ်းတိုး ကုန်ကျအခွန်အခ
မီးအာမခံ အစရှိသည့် အခွန်အခ)

၀၃၀၃ . ငှါးရမ်းခ (ယာဉ်၊ မဏ္ဍာပ်၊ ထိုင်ခုံ၊ အသံချဲ့စက် )

၀၃၀၄. သယ်ယူပို့ဆောင်ခ
၀၃၀၅ . ရုံးအသုံးအဆောင်ပစ္စည်းများ
၀၃၀၆ . ဓာတ်ဆီ၊ စက်ဆီ၊ ချောဆီ
ီ
၀၃၀၇ . တံဆိပ်ခေါင်း၊ တယ်လီဖုန်း၊ ကြေးနန်း
( စာပို့ခ၊ ဖက်စ်ပို့ခ၊ ကြေးနန်းပို့ခ၊ တယ်လီဖုန်း
ပြောဆိုသည့် ဘီလ်၊ အင်တာနက်လိုင်းခ)

၀၃၀၈ . လျှပ်စစ်ဓာတ်အားခ (လျှပ်စစ်မရှိသည့်
ဒေသများအတွက် မီးစက်နှိုးသည့်ဆီဖိုးများ
သုံးစွဲ၍ မရပါ၊ ၀၃၀၆ မှ သုံးစွဲရန် ဖြစ်သည်)
အေးသည့်ဒေသများအတွက် မီးသွေးဝယ်ယူခြင်း

၀၃၀၉ . စာအုပ် စာနယ်ဇင်း သတင်းစာ
၀၃၁၂ . ဝတ်စုံများ (ရုံးလုလင်၊ သန့်ရှင်းရေး)
၀၃၁၃ . လုပ်ငန်းသုံးပစ္စည်းများ
၀၃၁၄ . အစားအစာရိက်ခာ
၀၃၁၆ . ဆေးဝါးကုသစရိတ်
၀၃၁၇ . တိရိစ္ဆာန်အစားအစာ
၀၃၁၉ . မှတ်ပုံတင်ကြေး၊ ဝင်ကြေး (ပုံနှိပ်ထုတ်ဝေရေးအတွက် မှတ်ပုံတင်ခများ)
၀၃၂၀ . ပုံနှိပ်ခ၊ စာအုပ်စာတမ်းထုတ်ဝေခ
၀၃၂၁ . ကြော်ငြာခ (ကြော်ငြာစရိတ်)
၀၃၂၄ .တရားရုံးနှင် ခုံရုံးစရိတ်
၀၃၂၅ . ပြပွဲ၊ ပြိုင်ပွဲ (ဆုချီးမြှင့်ခြင်း)
၀၃၂၆ . ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ

၀၄၀၁ . စက်ကိရိယာ (စာကူးစက်၊ လက်နှိပ်စက်၊ ဖက်စ်၊ ကွန်ပျူတာ စသည့် ဌာန၏လုပ်ငန်းသုံးစက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းစရိတ်)

၀၄၀၂ . အဆောက်အဦ (ပြုပြင်မွမ်းမံထိန်းသိမ်းစရိတ်)

၀၄၀၃ . လမ်းများ (ပြင်ဆင်ထိန်းသိမ်းစရိတ်)
၀၄၀၄ . မော်တော်ယာဉ် (ပြင်ဆင်ထိန်းသိမ်းစရိတ်၊ သက်တမ်းတိုးစရိတ်)
၀၄၀၉ . အခြား (ရေမြောင်းတူးခြင်း၊ ပရိဘောဂ၊ အဆောက်အဦ၊ ပြင်ဆင်ခြင်း)

၀၅၀၁ . ပညာသင်ထောက်ပံကြေး
၀၅၀၅ . လျော်ကြေး
၀၅၀၆ . ပညာပေးသင်တန်း
၀၅၀၈ . လက်ဆောင်ပေးခြင်းအလှူဒါန

၀၆၀၁ . ကျွေးမွေးစရိတ်
၀၆၀၂ . ဧည့်ခံစရိတ်

အများသုံးစွဲသည့်ခေါင်းစဉ်များသာဖြစ်ပါသည်။
အသေးစိတ်လေ့လာလိုပါက ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ တွင်ထုတ်ပြန်ထား
သည့်ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရဝန်ကြီးဌာန၊ ဦးစီးဌာန၊ ဒေသန္တရအဖွဲ့အစည်းများနှင့် ပြည်နယ်ဦးစီးအဖွဲ့များအတွက် သာမန်အသုံးစရိတ်စာရင်းတွင် အသုံးပြုမည့်ဘတ်ဂျတ်ခေါင်း စဉ်အမှတ်အသားများစာအုပ် တွင် လေ့လာနိုင်ပါသည်။
👍1
မြန်မာတွေက ကလေးကို IQ မြင့်ဖို့ စာဘဲလှိမ့်သင်ပေးနေတယ်။ အရေးကြီးတာကEQ , SQ, AQ တွေကောင်းဖို့ပါ။
======================================

ခုခေတ် စိတ်ပညာရှင်တွေရဲ့ သိပ္ပံနည်းကျသတ်မှတ်ချက်က.. လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ အခြေခံအားဖြင့် ၄ မျိုးတောင် ရှိလာသတဲ့..။

* အိုင်ကျူ (IQ)
* အီးကျူ (EQ) နှစ်ခုနဲ့တင် မကဘဲ..
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုတဲ့.. နှစ်ခုပါ ထပ်တိုးလာပါတယ်။

အရှည်ကတော့ ...

1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။

အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။

1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့.. အသိဉာဏ် လယ်ဗယ်က.. တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။ သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊ အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊ အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊ ဒါပဲ..။ အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပါပဲ..။

မြန်မာကျောင်း စနစ်ဆိုရင်တော့ စာတော်တာ IQ ကောင်းလို့လို့ သတ်မှတ်တတ်ကြတယ်။ တကယ်ကမြန်မာကျောင်းစနစ်က အလွတ်မှတ်များနေတဲ့ စနစ်တစ်ခုသာသာ သာဖြစ်ပါတယ်။

2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့.. လူအများနဲ့ မင်းရဲ့ဆက်သွယ်မှု လယ်ဗယ်ကို.. တိုင်းတာတာ ဖြစ်တယ်။ စိတ်ဓါတ် တည်ငြိမ် ရင့်ကျက်မှုကိုဆိုလိုပါတယ်။

လူအများနဲ့ ဆက်ဆံတဲ့အခါ.. မင်းဘယ်လောက် အဆင်ပြေလဲ?၊ မင်း ဘယ်လောက် ရိုးသားမှုရှိလဲ?၊ တာဝန်ယူမှု တာဝန်ခံမှု ရှိလား?၊ လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?၊ ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?၊ သူများ ပါစင်နယ်ကိစ္စတွေကို.. လေးစား ထိန်းသိမ်းပြီး.. ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား?၊ ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။

မြန်မာတွေမှာ လိုအပ်ချက်ကတော့ EQ ပါဘဲ။ ဥပမာ သူတပါး personal ကိစ္စဆိုလဲ လေးစားစွာ ထိန်းသိမ်းထားဖို့ကို ညံံ့ကြတယ်။ ကိုယ်နှုတ်ကိုမနိုင်တာ စောင့်စည်းပေးရမှန်းမသိတာတွေ တွေ့ရပါတယ်။ ကိုယ့်ပြောခံရပီဆိုလဲထစ်ခနဲဆို ဒေါသထွက်လွယ်တယ် ပြသနာရှာတယ်။ ကိုယ်စိတ်ကိုယ်မထိမ်း နိုငိကြတာ အများကြီးပါဘဲ။ ကိုယ်ရဲ့ တဒင်္ဂ ဖြစ်ပေါ်လာတဲ့ Emotion နောက်လိုက်သွားကြတဲ့သဘောပါ။

အသက်သာကြီးလာပြီး ကိုယ်နှုတ်စောင့်စည်းနိုင်မှု နည်းသူ၊ စိတ်ဓါတ်ရင့်ကျက်မှုနည်းသူတွေကို EQ နည်းတယ်လို့ပြောလို့ရတယ်။

3) Social Quotient (SQ)
------------------------
ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်း၊ မိသားစု ဆွေမျိုးတွေကြားမှာ.. ဘယ်လောက်ထိ အချိန်ကြာကြာ..ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ?၊ ဘယ်လောက်ထိ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့.. ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?၊ ဒါတွေကို.. တိုင်းတာနိုင်တာက.. ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။

မြန်မာတွေပြောလေ့ပြောထရှိတဲ့ကိုယ့်ထမင်းကိုယ်ရှာစားတာ ဘယ်သူ့ဂရုစိုကိရမှာလဲ နဲ့ ……ဂျပန်လူမျိုးတစ်ယောက် ဆိုင်တစ်ဆိုငိဖွင့်ရင် သူ့ပတ်ဝန်းကျငိ Society အတွက်သူ့ဆိုငိကဘာအကျိုးပြုနိုငိမလဲဆိုတဲ့အတွေးအခေါ် ကိုနှိုင်းယှဉ်ကြည့်ပါ SQ သဘောတစ်ခုပါဘဲ။

SQ ဆိုတာအပေါင်းအသင်းဆံ့တာတစိခုထဲမဟုတ်ဘဲ ပတ်ဝန်းကျင်ကို ဘယ်လောက်အကျိုးပြုသလဲလဲပါပါတယ်။ မိတ်ဆွေကောင်း ပေါသူ၊ မိတ်ဆွေတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ယုံကြည်ခြင်းခံရသူတွေဟာ ဘာလုပ်လုပ်အဆင်ပြေကြတာများပါတယ်။

4) The Adversity Quotient (AQ): ------------------------------
အရေးအကြီးဆုံး အေကျူ ဆိုတာက..ဘဝမှာ တွေ့ကြုံလာရသမျှ.. ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို ရဲရဲရင်ဆိုင် ဖြေရှင်းကျော်လွှားနိုင်တဲ့.. စွမ်းရည်လယ်ဗယ်တဲ့..။ အဲ့ဒါ.. AQ level တဲ့..။

မြန်မာစကားနဲ့ ပြောရရင်...
လောကဓံကို မင်း ဘယ်လောက် ခံနိုင်စွမ်း ရှိမလဲပေါ့ ⁉️

အေကျူလယ်ဗယ်ပေါ် မူတည်ပြီး..လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊ မိသားစုကို စွန့်ခွာ၊ ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ.. ဖြစ်လာကြတာပါတဲ့..။ အေကျူလယ်ဗယ် နိမ့်သူတွေက.. ပြသနာ တို့ ဒုက္ခတို့ကို.. ရင်မဆိုင်နိုင်ကြသူတွေပေါ့။ တနည်း သတ္တိကြောင်သူတွေပေါ့။

မြန်မာတွေက လောကဓံနဲ့ကြုံလို့ တစ်ခုခုကျရှုံးသွားရင် ကံကိုဘဲ ပုံချတတ်ကြပီး ၊ အခွင့်အရေးရှိနေပါရဲ့နဲ့ ပြန်မကြိုးစားကြဘူး။ ဒါလဲ AQ နည်းခြငိးတစ်မျိုးဘဲ။

IQ , EQ , SQ, AQ. နှိုင်းယှဉ်လေ့လာချက်
- - - - - - - - - - - - - - - - - - - - - - - -

လက်တွေ့ မှာ ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး.. အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ.. ဒုတိယနဲ့ တတိယ ဖြစ်တဲ့.. EQ နဲ့ SQ လယ်ဗယ်မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။

အများထင်တဲ့.. IQ မြင့်သူတွေ မဟုတ်ကြဘူး။ သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။
❤3👍3
အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ.. နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့ ဘောစိသူဌေး လုပ်ငန်းရှင်တွေဆီမှာ.. လခစား ဝန်ထမ်းဘဝနဲ့ သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်လို့တောင် ပြောရမလိုဖြစ်နေပါတယ်။

ဝမ်းနည်းစရာ ကောင်းတာက..စာသင်ကျောင်းတွေဟာ.. အိုင်ကျူလယ်ဗယ် မြင့်မားအောင် လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး.. EQ နဲ့ SQ level ကို တိုးတက်လာအောင်ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက.. အင်မတန် နည်းနေတုန်းပဲတဲ့..။ (တိုးတက်နေတဲ့နိုင်ငံက သူတို့ဆီက ကျောင်းတွေမှာတောင်နော်) မြန်မာပြည်မှာဆိုရင်တော့ ဝေလာဝေးဘဲ။

တကယ်တော့.. EQ က ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး.. SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို.. ဘယ်လောက်ထိ သက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။

အထက်က IQ , EQ , SQ ၃ ခု ကောင်းလို့အောင်မြင်လာပီဘဲဆိုပါစို့ လောကဓံရဲ့ အထုအထောင်း မခံရတဲ့သူမရှိပါဘူး။ ကိုယ်အမှားမပြုသော်လဲ ကိုယ့်ဆီလာတဲ့ လောကဓံတွေရှိပါတယ်။ ဥပမာ စက်ရုံ မီးလောင်သွားတယ်။ အစိုးရဥပဒေအပြောင်းအလဲကြောင့်လုပ်ငနိးရပ်ဆိုင်းသွားတယ်။ စသဖြင့်ပေါ့လေ။

အဲဒီနေရာမှာ AQ ကအရေးပါလာပါပီ။ ပြန်ပီးကြိုးစားမယ်။ ပြသနာတွေကိုရင်ဆိုင်ဖြေရှင်းမယ်။ လဲရင်ပြန်ထ ဒါဘဝဘဲဆိုတာ AQ ပါဘဲ။

အောင်မြင်မှုခိုငိမာနေတဲ့သူတွေ၊ ထိပ်ဆုံးမှာတည်မြဲနေသူတွေ အကုန်ကြည့်ပါ။ လောကဓံရဲ့ ထုထောင်းမှုကနေရုံးထလာကြသူတွေများပါတယိ။ အရှံးမပေးခဲ့ကြသူများသာ ဖြစ်ပါတယ်။

=====================================
မြန်မာမိဘတွေကိုအကြံပြုချင်တာလေးက

မိဘတွေဟာ.. ကိုယ့်သားသမီး AQ Level မြင့်လာအောင်.. ဘဝမှာ အခက်အခဲတွေနဲ့ ငယ်စဉ်ထဲက ရင်ဆိုင်ပေးတွေ့ပြီး.. လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။

သူ့အသက်အရွယ်၊ သူ့အသိဉာဏ် လယ်ဗယ်အတိုင်း.. ခန္ဓာကိုယ်ရော၊ ဦးနှောက်ရောကို အလုပ်ပေးတဲ့.. တာဝန်ဝတ္တရားတွေ၊ ခိုင်းစေမှုတွေ.. ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊ ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း လုပ်ခိုင်းတတ်ရမယ် ဆိုတာပါပဲ..။

IQ မြင့်ရင်တော့ ရှယ်ကောင်းပေါ့။ မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး ပုံမှန်လေးဆိုရပါပီ။ ကျန်တဲ့သုံးခု.. (EQ/SQ/AQ) မြင့်မားဖို့က.. ပို အရေးကြီးပါတယ်။

ဒါမှ.. အောင်မြင်သူ ၊ အများအကျိုးပြုသူ၊ ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ ဖြစ်လာကြမှာပါ။

မူရင်း ရေးသားသူရဲ့ အကြံပြုချက်က

"သားသမီးတွေကို.. သူတို့လျှောက်ဖို့ လမ်းခင်း မပေးပါနဲ့။ သူတို့ကိုယ်တိုင် လမ်းခင်းပြီး.. လျှောက်တတ်ဖို့ကို သင်ပေးပါ..." တဲ့....

ကျွနိတော်တို့တတွေ ကိုယ့်သားသမီးကိုချစ်ရင် သန်မာတဲ့သူတွေ အများအကျိုးဆောင်ရွက်လိုပီး စိတ်ဓါတ်ကောင်းရှိသူတွေဖြစ်အောင်ပြုစုပျိုးထောင်ပေးကြပါလို့တိုက်တွန်းရင်း………

————————————

https://t.me/EducationalChannelMM/3619

https://t.me/EducationalChannelMM/3618
👍3❤1