Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
16.3K subscribers
3.74K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ရုံးဘက်ကို ပြောင်းရင် ကောင်းမလား
ရုံးကဘယ်လိုမျိုးလဲလို့ စဉ်းစားနေကြတဲ့ M.Ed, B.Ed၊Dip.Edဘွဲ့ရ ထက်ပြ ဆရာ/မများကို အကြံပြုချင်တာက

👉ရွေးချယ်ရန်

ရုံးလုပ်ငန်းတွေပဲလုပ်မယ် ရုံးထိုင်ရတာကြိုက်တယ် ခရီးအမြဲသွားရတာမျိုးမလုပ်နိုင်ဘူးဆို
ထက်ပြမှ ဒုဦးစီးမှူးအပြောင်းလျှောက်ပါ

ခရီးသွားချင်/နိုင်တယ် ကျောင်းစစ်‌တွေ ထွက်ချင်တယ်ဆို
ဒုကြီးကြပ်ရေးမှူး ရာထူးကိုလျှောက်ပါ

ရာထူးနေရာကတော့
မြို့နယ်ရုံး >>> ATEO/ ဒုဦးစီးမှူး
ခရိုင်/ပြည်နယ်/တိုင်းရုံး >>> ဒုဦးစီးမှူး/ဒုကြီးကြပ်ရေးမှူး

(M.Edဘွဲ့ရပြီးသားဆရာ/မတွေ
သင်ကြားရေးကိုကြိုက်ရင် UOEနဲ့ ECကိုအားပေးတယ်
ကိုယ်ကသင်ကြားရေးကိုကြိုက်သူမို့🙂
သင်ကြားရေးကြိုက်တယ်ဆိုဘာလို့ပြောင်းခဲ့လဲလို့မေးရင်တော့ ဒီလိုပဲ အကြောင်းအမျိုးမျိုးကြောင့် ရေစက်ရှိ ‌ရောက်ရတာပါလို့ဖြေရမှာပဲ

B.Edဘွဲ့ရတွေလည်း သင်ကြားရေးပဲ‌ကြိုက်တယ်ဆို ထက်ပြနဲ့နေပြီး လယ်အုပ်ရာထူးတိုးဖြေလို့ရပါတယ်)

UOEတွေ EC‌တွေ လည်း မသွားချင် ကျောင်းအုပ်လည်း မလုပ်ချင်သေးဘူး
အပြောင်းအလဲဖြစ်ချင်လို့ပဲ ဖြစ်ဖြစ် ရုံးကိုကြိုက်လို့ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်ပဲမဆို ရုံးကို ပြောင်းမယ်လို့စဉ်းစားရင်လည်း အပြောင်းတင်လို့ရပါတယ် warmly welcomeပါ

ကျောင်းရဲ့ nature နဲ့ ရုံးရဲ့ natureကတော့ တခြားစီပါ လုံးဝမတူပါဘူး
အားသာချက် အားနဲချက်ကတော့ ရုံးမှ ကျောင်းမှမဟုတ်ပါဘူး နေရာတိုင်းမှာရှိပါတယ်
သိချင်ရင်လာကြည့်ပါ
ကျောင်းထက်သာတဲ့အားသာချက်တွေလည်းအများကြီးရှိပါတယ်နော် 🙂

အမေးများတဲ့မေးခွန်းတွေဖြေပေးမယ်နော်
👇
ကျောင်းလိုရက်ရှည်ပိတ်ရက်မရှိပါ ပြက္ခဒိန်ထဲက ပိတ်ရက်ပဲ ပိတ်ပါတယ်
လိုအပ်ရင် လုပ်သက်ခွင့်ယူလို့ရပါတယ်

ကျောင်းတွေဝန်ထမ်းအင်အားမပြည့်သလို
ရုံး‌တွေမှာလည်း ဝန်ထမ်းအင်အားအပြည့်မရှိပါဘူး
အလုပ်က အမြဲလည်းရှုပ်မနေသလို
အမြဲလည်း အားမနေပါဘူး
ပင်မအလုပ်ရှိသလို
အရေးပေါ်ကြုံလာတဲ့အလုပ်တွေလည်း လုပ်ရပါတယ်

ရာထူးတိုးအခွင့်အလမ်း အနေနဲ့
တစ်ဆင့်တက်ဖို့ ရာထူးတိုး စာမေးပွဲဖြေရပါမယ်
ထက်ပြ/ဒုဦးစီး/ဒုကြီးကြပ်/ATEO လစာစကေးတူ လုပ်သက်(၃)နှစ်ရှိရင် စာမေးပွဲ ဝင်ဖြေလို့ရပါတယ်
မေးခွန်း(၁)ခုတည်းကိုပဲဖြေရပါတယ်
ထက်ပြကအောင်ရင် လယ်အုပ်
ဒုကြီးကြပ်/ဒုဦးစီးကအောင်ရင် ဦးစီးအရာရှိ
ATEOက‌အောင်ရင် DTEO ပါ

ကိုယ်တိုင်လည်းပြောင်းစက ရုံးကိုပြောင်းမိတာမှားလားလို့တွေးခဲ့ဖူးတယ် နောက်တော့လည်း နေသားကျ ပျော်သွားတာပါ
ကျောင်းထဲမှာ ဆရာ/မတွေအများကြီး ကလေးတွေအများကြီးနဲ့နေခဲ့ရာကနေ
တစ်နေရာထဲမှာ အရွယ်စုံ ရာထူးစုံ ဆက်ဆံရေး အထက်ရုံး အောက်ရုံး ဆက်ဆံရေးတွေ အပြောင်းအလဲတွေကြုံရပါမယ်

ခုရက်ပိုင်းအတွင်း အမေးများနေတဲ့ အတွက် ဒီမှာတစ်ခါတည်းဖြေထားပေးတာပါနော် သိချင်‌နေ တဲ့သူတွေလည်း သိရအောင် အပြည့်အစုံ မဟုတ်ပေမယ့် လုံလောက်မယ်လို့ထင်ပါတယ်။
👍4❤3
ဆယ့်နှစ်လရာသီပန်းဖွဲ့
==================

ပန်းကံ့ကော်၊
‌ရွှေစကား။
ငွေသားနု စံပယ်မှန်။
မြတ်လေး ခတ္တာနှင့်၊
ရွှေရင်းမာ ကြာ ခဝဲ၊
ဖွဲစ နှင်းလျှံ။
သဇင်ကျန်၊
ခွာတံ ပေါက် လဲ။
ပွင့်ဝတ်မုံ ရွှေဖီမင်း၊
သင်းထုံနံ့ ကဲ။
ကင်းဝန်မင်းကြီး

*******

၁။ တန်ခူးလ - ကံ့ကော်ပန်း၊
၂။ ကဆုန်လ - စကားပန်း၊
၃။ နယုန်လ - စံပယ်ပန်း၊
၄။ ဝါဆိုလ - မြတ်လေးပန်း၊
၅။ ဝါခေါင်လ - ခတ္တာပန်း၊
၆။ တော်သလင်းလ - ရင်းမာပန်း၊
၇။ သီတင်းကျွတ်လ - ကြာပန်း၊
၈။ တန်ဆောင်မုန်းလ - ခဝဲပန်း၊
၉။ နတ်တော်လ - သဇင်ပန်း၊
၁၀။ ပြာသိုလ - ခွာညိုပန်း၊
၁၁။ တပို့တွဲလ - ပေါက်ပန်း၊
၁၂။ တပေါင်းလ - သရဖီပန်း။

****

တန်ခူးလရဲ့ ရာသီပန်းအဖြစ် ပိတောက်ကို ရှေးကတည်းကမသတ်မှတ်ခဲ့ပါ။
သင်္ကြန်နှင့်သာတွဲဖက်သုံးခဲ့သည်
❤9👍1👏1
❤1👍1
အခြေခံပညာထက်ဆင့်သင်ကျောင်းများ အထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် (Completion Certificate) ပေးအပ်နိုင်ရေးအတွက် သတ်မှတ်ကာလ၊သတ်မှတ်ပုံစံများအတိုင်း ဆောင်ရွက်ထားနိုင်ရေး
ပုံစံများ
စံသတ်မှတ်ချက်မူ
👍1
CC.pdf
1.5 MB
မတ်လ၂၄ရက်နေ့မှ မေလကုန်အထိဖွင့်လှစ်မည့် ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာ(Dip.EP) အမှတ်စဥ်(၁)သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များ....

၁။ပညာရေး သဘောတရား
၂။ ပညာရေး စိတ်ပညာ
၃။ မြန်မာစာ
၄။ အင်္ဂလိပ်စာ
၅။ သင်္ချာ
၆။ သိပ္ပံ
၇။ လူမူရေး
၈။ ပြန်လည်သုံးသပ်ခြင်းအလေ့အကျင့်နှင့် မရှိမဖြစ်ကျွမ်းကျင်မှု့များ
၉။ ဒေသသင်ရိုး(စိုက်၊စက်၊အိမ်)
၁၀။ စာရိတ္တနှင့် ပြည်သူ့နီတိ
၁၁။ ကာယ
၁၂။ အနုပညာ
၁၃။ လက်တွေ့တန်းပြ
၁၄။ ဘ၀တွက်တာကျွမ်းကျင်စရာ
၁၅။ ICT
👍4
ပညာသင်တဲ့လူတွေ သိထားသင့်တဲ့ သင်ယူခြင်း ပိရမစ်ဆိုတာ ဘာလဲ။
❝ ပညာသင်တဲ့လူတွေ သိထားသင့်တဲ့ သင်ယူခြင်း ပိရမစ်ဆိုတာ ဘာလဲ ❞

စာလုပ်ဖို့ ပျင်းတယ်၊ စာဆို ဝေးဝေးရှောင်တဲ့အထဲမှာ ပါကြတဲ့ လူတွေ တော်တော်များများကို ကြည့်လိုက်ရင် မေ့လွယ်တဲ့လူ၊ မှတ်ဉာဏ်မကောင်းတဲ့လူတွေ မပါနေတာကို တွေ့ရတယ်။

မှတ်ဉာဏ်ကောင်းပါရဲ့ ပျင်းလို့ စာမလုပ်ချင်ကြတဲ့ လူလဲ ရှိသလို လုံ့လစိုက်ထုတ်ပြီးမှ စာလုပ်ပေမဲ့ စာမရတဲ့လူလဲ ရှိတယ်။ အမှန်တကယ်တမ်း သင်ယူလေ့လာတယ်ဆိုတာ ကျောင်းတက်နေမှ မဟုတ်ဘူး။

အလုပ်ထဲမှာလဲ ကိုယ့် Productivity တက်လာအောင်လို့ အလုပ်နဲ့ပတ်သက်တဲ့ Skill တွေကို သင်ယူတဲ့အခါမှာလဲ စနစ်တကျ သင်ယူဖို့ကလဲ အရေးကြီးတယ်။ ဒါဆို သင်ယူဖို့ လွယ်ကူအောင်.. အတတ်မြန်အောင် ဘယ်လိုသင်ယူမှုမျိုးနဲ့ လေ့လာသင်ယူသင့်လဲ။

◾️သင်ယူမှု ပိရမစ်ကို သုံးပြီး သင်ယူနည်း

၁။ Lecture (ဟောပြောပို့ချတာ ၅ %)

ဒီသင်ယူမှု နည်းစနစ်က တခြားသူတွေရဲ့ ဟောပြောပို့ချချက်တွေကို လိုက်မှတ်သားတဲ့ သင်ယူမှုနည်းနစ်မျိုးပါ။ ဒီသင်ယူနည်းစနစ်က လေ့လာသူကို ၅ % ပဲ မှတ်မိစေပါတယ်။

၂။ Reading (စာဖတ်တာ ၁၀ %)

စာဖတ်တာကတော့ ဘယ်လိုစာအုပ်မျိုးကိုမဆို ဖတ်ဖတ်၊ လေ့လာသင်ယူနေတဲ့နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ ဒီလိုနည်းကတော့ လေ့လာသူကို ၁၀ % ပြန်မှတ်မိစေတဲ့နည်းဖြစ်ပါတယ်။

၃။ Audiovisual (အသံနဲ့ နားထောင်တာ ၂၀ %)

တစ်ယောက်ယောက်က.. ကိုယ့်ကို အသံထွက် စာဖတ်ပြနေတာ၊ ကိုယ်က.. အသံစာအုပ်ဖွင့်ပြီး နားထောင်နေတာမျိုးက ကိုယ့်ကို ၂၀ % မှတ်မိစေပါတယ်။

၄။ Demonstration (ရုပ်သံပစ္စည်းတွေကတဆင့် လေ့လာသင်ယူတာ ၃၀ %)

ဒီသင်ယူလေ့လာမှုကတော့ ရုပ်သံ ဗီဒီယိုတွေထဲကနေ၊ ဓာတ်ပုံတွေထဲကနေ၊ သင်ယူတဲ့ နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီနည်းက ကျောင်းသားတွေကို ပိုပြီးတော့ မှတ်မိစေနိုင်သလို တခြားနည်းတွေထက် ၃၀ % မှတ်မိစေတယ်ဆိုတာကို တွေ့ရမှာပါ။

၅။ Discussion (ဆွေးနွေးတိုင်ပင်တာ ၅၀ %)

ဆွေးနွေးတိုင်ပင်ခြင်းက ပူးပေါင်းသင်ယူတဲ့ နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ် ဘယ်လောက် သိလိုက်လဲ၊ တခြားလူတွေကရော ဒါကို ဘယ်လိုမြင်လဲ၊ သူများဆီက အမြင်တွေ ယူတာကလဲ မှတ်မိလွယ်စေပါတယ်။

၆။ Practice by doing (လက်တွေ့ လုပ်ဆောင်တာ ၇၅ %)

လက်တွေ့လုပ်ဆောင် သင်ယူတဲ့နည်းက အများသိကြတဲ့အတိုင်း စူးစမ်းရှာဖွေတဲ့နည်းတွေ၊ သုတေသန လုပ်နည်းတွေနဲ့ လေ့လာတဲ့နည်းပဲဖြစ်ပါတယ်။ ဒီနည်းက သင်ယူသူကို ၇၅ % အထိတောင် မှတ်မိစေတဲ့နည်းလမ်းလေးပါ။

၇။ Teach Other (တခြားလူကို သင်ပေးတာ ၉၀ %)

ဒီနည်းကတော့ ဆရာဆရာမတွေကြားမှာ အသုံးတွင်နေတဲ့ နည်းပါ၊ ကိုယ်က တခြားတစ်ယောက်ကို သိသလောက် ပြန်သင်ပေးခြင်းက ကိုယ့်ကို ၉၀ % အထိမှတ်မိနေစေပါတယ်။
❤2👍1
မက္ခရာမင်းသားကြီး

ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အကြောင်းတင်ပြချင်ပါသည်။ သူသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်မှ ကုန်းဘောင်ဆက်၏မင်းမျိုးမင်းနွယ်ဖြစ်ကြောင်းပြောလျှင် အံ့အားသင့်ကြပေလိမ့်မည်။ ဘိုးတော်ဘုရား(ဗဒုံမင်း)၏သားတော် မက္ခရာမင်းသားကြီးဖြစ်ပါသည်။

မက္ခရာမင်းသားကြီးသည် ငယ်စဉ်ကတည်းကသွက်ချာပါဒလေငန်းရောဂါရှိသူဖြစ်ပြီး အခြားမင်းသားများကဲ့သို့ နန်းတွင်းရေးကို စိတ်မဝင်စားခဲ့ဘဲ နိုင်ငံနှင့်လူမျိုးအတွက် နှလုံးရည်နှင့်အလုပ်အကျွေးပြုရန် ပညာရေးနယ်ပယ်တွင် သူ့ဘဝကို မြုပ်နှံခဲ့သူဖြစ်ပါသည်။

သူသည် ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပါဠိသက္ကတဘာသာရပ်ကျမ်း (၂၃၄)ကျမ်းခန့် စုဆောင်းကာ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ နောက်ပိုင်း အနောက်တိုင်းသားများ နန်းတွင်းသို့ဝင်ထွက်လာကြသောအခါ ထိုသူတို့နှင့် တွေ့ဆုံနှီးနှောပြီး အင်္ဂလိပ်စာသင်ယူရာမှတဆင့် သိပ္ပံပညာကို စိတ်ဝင်စားလာသည်။ သင်္ချာဘာသာရပ်ကိုကား အထူးဝါသနာပါသည်။ ထိုခေတ်က မြန်မာတို့သည် အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်များကို မတတ်မြောက်ကြသေး၊ ခေတ်မမီကြသေးပေ။

ထို့ကြောင့် မင်းသားကြီးသည် မြန်မာများခေတ်မီစေရေးအတွက် မြှော်တွေးကာ အစွမ်းကုန်ကြိုးပမ်းရန် စိတ်ပိုင်းဖြတ်ခဲ့ဟန်တူပါသည်။ ထို့နောက်သူသည် အင်္ဂလိပ်ကုန်သည် ချားလိန်းထံမှ (Ree's Encyclopedia) စွယ်စုံကျမ်းကြီးကို ဝယ်ယူရရှိခဲ့ရာ အထူးတလည်လေ့လာဆည်းပူးခဲ့သည်။

ထိုကျမ်းကြီးသည် အနောက်တိုင်းခေတ်သစ်အတတ်ပညာ၊ စာပေ၊ ဗဟုသုတများကို AမှZအထိ စုပေါင်းပြုစုထားသေားကျမ်းကြီးဖြစ်ရာ မင်းသားကြီးသည် ထိုကျမ်းကြီး၏ အကျိုးအာနိသင်များကို သိမြင်လာပြီး မြန်မာများ ခေတ်နှင့်ရင်ပေါင်တန်းနိုင်စေရန် ထိုကျမ်းကြီးမှ အကြောင်းအရာများကို မြန်မာများသိရှိစေလိုသောစေတနာဖြင့် ချားလိန်း၏အကူအညီယူကာ စတင်ဘာသာပြန်ဆိုပါသည်။ သို့သော်ကျမ်းကြီးမှာ အုပ်ရေ၄၅အုပ်အထိရှိသောကြောင့် နှစ်ပေါင်းများစွာဘာသာပြန်ဆိုမှ ပြီးစီးမည်ဖြစ်ကြောင်းတွက်ဆမိပြီး သူဘာသာပြန်ဆိုနေစဉ်အတောအတွင်း မြန်မာများအင်္ဂလိပ်စာ လေ့လာနိုင်စေရန် အကြံထုတ်ဟန်တူပါသည်။

ထို့ကြောင့် မင်းသားကြီးသည် သူ့အားဆေးကုသပေးသော ဒေါက်တာပရိုက်၏အကူအညီနှင့် ဒေါက်တာဂျပ်ဆင်ဆိုသူ ပြုစုခဲ့သော အင်္ဂလိပ်အဘိဓာန်ကို စတင်ဘာသာပြန်ဆိုပါသည်။

နောက်ပိုင်း ဒေါက်တာပရိုက်ပြန်သွားသောအခါ ချားလိန်းနှင့် ပူးပေါင်းပြီး ဘာသာပြန်ဆိုရန်အားထုတ်ခဲ့ရာ နောက်ဆုံးတွင် ပထမဆုံးသော အင်္ဂလိပ်-မြန်မာအဘိဓာန်ဖြစ်သော လိန်း-မက္ခရာအဘိဓာန် ထွက်ပေါ်လာခဲ့ပါသည်။ မြန်မာနိုင်ငံကို ယခုမှရောက်ဖူးသည့် စာပေပညာရှင်မဟုတ်သော အင်္ဂလိပ်ကုန်သည်တစ်ဦးနှင့် အင်္ဂလိပ်စာနှင့်အဘိဓာန်ကို ယခုမှ မြင်ဖူးသော မြန်မာမင်းသားတစ်ပါးတို့သည် မူလပြုစုသူ ဒေါက်တာဂျပ်ဆင်က ရှစ်နှစ်ကြာပြုစုခဲ့ရသော အဘိဓာန်ကို ငါးနှစ်နှင့် ဘာသာပြန်ဆိုနိုင်ခဲ့သည်မှာ အံ့ချီးဖွယ်ရာပင်ဖြစ်ပါသည်။

ထိုခေတ်အခါက အင်းဝနေပြည်တော်ရောက် အနောက်တိုင်းသားများ အလေးစားဆုံးပုဂ္ဂိုလ်မှာ မက္ခရာမင်းသားကြီးဖြစ်ကြောင်း ၎င်းတို့၏မှတ်တမ်းများအရ သိရှိရပါသည်။

မင်းသားကြီး၏စာကြည့်ဆောင်၌ အပူအအေးတိုင်းသော သာမိုမီတာနှင့် လေဖိအားတိုင်းသော ဘာရိုမီတာတို့ပင် ရှိပါသည်။ မင်းသားကြီးသည် ကမ္ဘာလုံးသည်ဟူသော အယူအဆကို လက်ခံသူလည်းဖြစ်ပါသည်။ မင်းသားကြီးသည် လောဂရစ်သမ်ဂဏာန်းသင်္ချာကိုလည်း ကောင်းစွာတတ်မြောက်ပြီး အနောက်တိုင်းနက္ခတ္တဗေဒနှင့် ပထဝီဝင်ကိုလည်း လေ့လာလိုက်စားခဲ့ပါသည်။

နောက်ဆုံးကံတော်ကုန်ချိန်အထိ အနောက်တိုင်းခေတ်သစ်သိပ္ပံပညာရပ်အများအပြားကို လေ့လာလိုက်စားခဲ့သူလည်းဖြစ်ပါသည်။ ထို့ပြင် ထိုခေတ်အခါက အာရှတိုက်မှ ဒိပ်ဒိပ်ကြဲပညာရှင်သုတေသီများသာ အသင်းဝင်ခွင့်ပြုသော ဘင်္ဂလားအာရှဆိုင်ရာဝိဇ္ဇာသိပ္ပံသုတေသနအသင်းကြီးမှ ဂုဏ်ထူးဆောင်အသင်းသားသိပ္ပံပညာရှင်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါသည်။

မင်းသားကြီးသည် မင်းတုန်းမင်းနန်းမတက်ခင် အသက်၅၇နှစ်အရွယ်၌ ကံတော်ကုန်ခဲ့ပါသည်။ အသက်၅၇နှစ်ဆိုသည်မှာ အသက်ကြီးပြီဟုမဆိုနိုင်သောကြောင့် နှမြောစရာကောင်းလှပါသည်။ ကနောင်မင်းသားကြီးနှင့်လက်တွဲအလုပ်မလုပ်နိုင်ခဲ့သည်က ပိုပြီးနှမြောဖို့ကောင်းပါသည်။

သူပြုစုခဲ့သော အဘိဓာန်စာအုပ်မှာ ယခုထိ မပျက်စီးဘဲ ကျန်နေသည်မှာ နှစ်အုပ်သာရှိကြောင်း ဆိုပါသည်။ တစ်အုပ်မှာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်၊ ကွန်ဂရက်စာကြည့်တိုက်တွင်ဖြစ်ပြီး ကျန်တစ်အုပ်မှာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အမျိုးသားစာကြည့်တိုက်တွင် ရှိကြောင်းသိရပါသည်။

#မက္ခရာမင်းသားကြီး
(ခရစ် ၁၇၉၁- ၁၈၄၈)

မက္ခရာမင်းသားကြီး၏ အမည်ကို ယခုအခါ ယပက်လက် အသံနှင့် 'မက်ခဟာ' ဟု ခေါ်နေကြသည်။ သို့သော်လည်း သိုးဆောင်းတို့၏ ထိုခေတ် မျက်မှောက်မှတ်တမ်း တို့တွင်ကား Mekkhara ဟု ရကောက်လျှာလိပ်သံနှင့် တွေ့ရပါသည်။
အပိုင်း-၂
မက္ခရာမင်းသားသည် ဘိုးတော်ဘုရား (ဗဒုံမင်း) ၏ သားတော် တပါး ဖြစ်ပြီး အမည်ရင်းမှာ မောင်ပျိုးဖြစ်သည်။ ဘကြီးတော်မင်း၏ ဘထွေးတော် တစ်ပါး ဖြစ်သည်။ မင်းသားကြီးသည် နေပြည်တော်သို့ လာရောက် နေထိုင်ကြသော အစိုးရ အရာရှိ မဟုတ်သည့် မျက်နှာဖြူများနှင့် အရောတဝင် ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံသည်။ အနောက်တိုင်း ဗဟုသုတများကို သူတို့ထံမှ မေးမြန်း ဆည်းပူးသည်။ ဗြိတိသျှ ကုန်သည် တဦးဖြစ်သော ရောဂျားစ် (Rogers) က အင်္ဂလိပ်စကားကို မင်းသားကြီးအား သင်ပေးသည်။ မစ္စတာလိန်းက ကျေးဇူးပြုသဖြင့် အိန္ဒိယပြည် ကလကတ္တားမြို့မှ ရီးစ် (Rees) ၏ စွယ်စုံကျမ်း ၄၅ တွဲကို ဝယ်ယူ ဖတ်ရှုခွင့်ရသည်။

#ပထမအင်္ဂလိပ်မြန်မာအဘိဓာန်ဆရာ

မက္ခရာမင်းသားကြီးသည် ပညာအရာမှာ ထူးချွန်ရုံသာမက သိက္ခာ သမာဓိနှင့်လည်း ပြည့်စုံဟန်တူသည်။ ခြေလက်မသန်စွမ်းခဲ့သော်လည်း ၊ ဘဝကို အရှုံးမပေးခဲ့ ။ ကမ္ဘာကြီး ပြားသည်ဟု ယုံကြည်ကြဆဲဖြစ်သည့် အင်းဝခေတ်မှာ ၊ မြန်မာလူမျိုးတွေ ခေတ်မီ ဝိဇ္ဇာ သိပ္ပံပညာရပ်များကို တတ်မြောက်မှ နယ်ချဲ့ရန်ကို တွန်းလှန်နိုင်မည်ဟု အမျှော်အမြင်ကြီး စဉ်းစားတွေးတောတတ်ခဲ့သည်။ ထိုအတွေးနှင့်အတူ နေပြည်တော်ကိုလာရောက်သမျှ နိုင်ငံခြားသားများနှင့် တွေ့ဆုံဆွေးနွေးပြီး ၊ နေပြည်တော်အခြေစိုက် နိုင်ငံခြား ပါမောက္ခတစ်ချို့၏ အကူအညီနှင့် ထိုဘာသာရပ်ဆိုင်ရာ ကျမ်း အတော်များများကို ဘာသာပြန်ခဲ့သည်။
မင်းသားကြီး ပထမဆုံးထုတ်ဝေသော အင်္ဂလိပ် - မြန်မာ အဘိဓာန်၏ နိဒါန်းတွင် ခုလို ရေးသားခဲ့သည်။

“အထူးထူးသော ဘာသာ ၊ များစွာသော လူမျိုးတို့တွင် အင်္ဂလိပ် လူမျိုးသည် ဟုတ်မှန်သော ၊ ထင်ရှား မျက်မှောက်တွေ့မြင်သော အတတ်ပညာကိုသာ ရှာဖွေ နှိုင်းယှဉ်ပြီးလျှင် ရုံးစု မှတ်သားလေ့ ရှိသည် ဖြစ်၍ အင်္ဂလိပ်ဘာသာကို နားလည်သိမြင်ခြင်းသည် ဗဟုသုတ အရာ၌ များစွာအကျိုးရှိသည် ။ ထိုကြောင့် ဗဟုသုတကို အလိုရှိကုန်သော မြန်မာလူမျိုးတို့အား အင်္ဂလိပ်ဘာသာကို မြန်မာဘာသာအားဖြင့် နားလည်သိမြင်စေခြင်း အကျိုးငှာ ....”

#မက္ခရာမင်းသားကြီး
(မြန်မာ ၁၁၅၃ - ၁၂၁ဝ)

မက္ခရာမင်းသားကြီးသည် ဘကြီးတော်ဘုရား၏ဦးလေး လည်းဖြစ်သည်။ ယောက္ခမလည်းဖြစ်သည်။ ကုန်းဘောင်ခေတ် မင်းညီ မင်းသားများအနက် ခေတ်မီ၍ ဉာဏ်အမြော်အမြင်ဖြင့် ပြည့်စုံကာ ထူးခြားသောပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းဖြင့် ဘကြီး တော်ဘုရားလက်ထက် အရှေ့အိန္ဒိယကုမ္ပဏီ၏ ကိုယ်စားလှယ် အဖြစ် ရောက်ရှိလာသော ကက်ပတိန်(နောင်သော် မေဂျာ) ဗား နေး(မယ်စယ်ဘော်ရနီ) က မှတ်တမ်းတင်ခဲ့ပေသည်။ တစ်ဖန် ဘကြီးတော်ဘုရားလက်ထက်တွင် ရောက်ရှိလာသော အမေရိ ကန် သာသနာပြုဂျပ်ဆန် (ဆရာ ယုဒသန်) ကလည်း မက္ခရာ မင်းသားကြီးသည် ဗုဒ္ဓအယူဝါဒကို ကောင်းစွာတတ်မြောက် ကျွမ်းကျင်သည်ဟု မှတ်ချက်ချပေသည်။ ဤသို့ဖြင့် နိုင်ငံခြား သားတို့၏ လေးစားမှုကိုခံရသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ မက္ခရာမင်းသားကြီးကား အမရပူရ ပထမမြို့တည် နန်းတည် ဗဒုံမင်းတရား (ဘိုးတော်ဘုရား)နှင့် ဒုတိယမြောက် နန်းမိဖုရား သီရိမဟာ ရတနာ ဒေဝီတို့မှ သက္ကရာဇ် ၁၁၅၃ ခုနှစ်တွင် ဖွားမြင်တော်မူသော သားတော်ဖြစ်၍ ငယ်မည်မှာ မောင်ပျိုး၊ ဘွဲ့တော် မင်းရဲကျော်စွာ တည်း။ မက္ခရာ ဇန့်ကျီ တိုက်များကို ကံကျွေးခံရသည်။ ခမည်းတော် ဗဒုံ မင်းတရား လက်ထက်ကပင် တိုင်းရေးပြည်မှုအစုစုတို့တွင် ပါဝင်ထမ်းရွက် သဖြင့် အဆင့်ဆင့် ချီးမြှင့်‌မြှောက်စားတော်မူခြင်း ခံရ၏။ တူတော်များဖြစ်သော ဘကြီးတော်နှင့် သာယာဝတီမင်း (ရွှေဘို မင်း)တို့ လက်ထက်များတွင်လည်း ရာထူးဌာနန္တရနှင့် လေးစား ခြင်း ခံရသည်။ သို့သော် နန်းတွင်းရေး၌ ပါဝင်နိုင်သော်လည်း မပါဝင်ပေ။ နိုင်ငံရေး အာဏာလုမှု၌ စိတ်ဝင်စားခြင်း မရှိဘဲ ပြည်သူတို့အကျိုးကို ရှေးရှူလျက် အနောက်နိုင်ငံများတွင် တိုး တက် ထွန်းကားနေကြောင်း သိမြင်သည်နှင့်အညီ မြန်မာတို့ လည်း ခေတ်မီတိုးတက် မျက်စိပွင့်လာအောင် နှလုံးရည်ဖြင့် စွမ်းဆောင်သူဖြစ်၏။

ဗားနေး၏ မှတ်တမ်းအရ
မက္ခရာမင်းသားကြီးသည် မစ္စတာရောဂျာဟု အမည်ရှိသော ဗြိတိသျှလူမျိုး ကုန်သည် တစ်ဦးထံမှ အင်္ဂလိပ်စာကို သင်ယူတတ်မြောက်သည်။ မက္ခရာ မင်းသားကြီးသည် သိပ္ပံလောကဓာတ်ပညာကို လက်ခံယုံကြည်၍ စိတ်ဝင်စား၏။ စာပေအနုပညာကိုလည်း စိတ်ဝင်စား၏။ မက္ခရာ မင်းသားကြီးသည် ရီး၏ စွယ်စုံကျမ်းတစ်စုံကို မစ္စတာ လိန်း ဆိုသူထံမှတစ်ဆင့် ကာလကတ္တားမြို့မှရရှိ၏။ ယင်း စွယ်စုံကျမ်းကို ဖတ်ရှုလေ့လာ၏။ ထိုပြင် မူရင်းသမ္မာကျမ်း၊ ဆရာယုဒသန် ပြန်ဆိုထားသော သမ္မာကျမ်း၊ ဂျွန်ဆင်၏ အဘိဓာန်တို့ကိုလည်း ဆောင်ထား၍လေ့လာ၏။ ရီး၏ စွယ်စုံ ကျမ်းမှ သိပ္ပံပညာဆိုင်ရာ အကြောင်းရပ်အချို့ကို မြန်မာဘာသာ သို့ ပြန်ဆို၏။ နေကြတ်ခြင်း၊ လကြတ်ခြင်းတို့ကို တွက်ချက် နည်း အကြောင်းနှင့် မိုးသီးများဖြစ်လာပုံ အကြောင်းဖြစ်သော သိပ္ပံပညာအကြောင်းရပ် ၂ ခုကို မြန်မာဘာသာသို့ ပြန်ဆိုပြီး၍ မစ္စတာလိန်းထံသို့ ပေးပို့၏။

အင်းဝမြို့ နေပြည်တော်တွင် မစ္စတာလိန်း လာရောက်နေထိုင်ခိုက် မစ္စတာလိန်းနှင့် တွဲဖက်၍ အင်္ဂလိပ် မြန်မာ အဘိဓာန်ကျမ်းကို ၁၈၃ဝ ပြည့်နှစ်မှ ၁၈၃၅ ပြည့်နှစ်အထိ ၅ နှစ်တိုင် ကြိုးပမ်းပြုစုခဲ့သည်။ ယင်းအဘိဓာန် သည် ရခိုင်တိုင်း၊ တနင်္သရီတိုင်းတို့တွင် အုပ်ချုပ်နေသော ဗြိတိသျှအရာရှိများနှင့်တကွ
❤1
အပိုင်း-၃
တိုင်းရင်းသားများအတွက်သာမက အင်္ဂလိပ်စာ သင်ကြားတတ်မြောက်လိုသော မြန်မာ့လက်အောက် ခံ တိုင်းရင်းသားများအတွက်လည်း အထူးအသုံးဝင် အဖိုးတန် ပေလိမ့်မည်ဟူ၍ ဗားနေးက ယင်းအဘိဓာန်ကျမ်းနှင့် စပ်လျဉ်း ၍ ကာလကတ္တားအစိုးရထံသို့ ပေးပို့သော စာချွန်တော်တွင် မှတ်ချက်ချလေသည်။ ယင်းအဘိဓာန်ကို ခရစ် ၁၈၄၁ ခုနှစ် တွင် ကာလကတ္တားမြို့ရှိ သာသနာပြု စာပုံနှိပ်တိုက်၌ ပုံနှိပ် ထုတ်ဝေသည်။ အဘိဓာန်မှာ ဒီမိုင်းဆိုက်ကြီးဖြင့် ပုံနှိပ်ထုတ်ဝေ ၍ စာမျက်နှာ ၁ မှ ၄၆ဝ အထိ အတော်ပင် ကျယ်ဝန်းလေ သည်။ မက္ခရာမင်းသားကြီး၏လက်ရာ စာအုပ်ကြီးကို ယခုတိုင် မျက်မြင်ထင်ရှား တွေ့ရပေသေးသည်။

မက္ခရာမင်းသားကြီးသည် တစ်ခါသော် ဗားနေးနှင့် စကားလက်ဆုံကျ၍ ဆွေးနွေးကြသည်တွင် တစ်နာရီကျော်ကျော် အချိန်အတွင်း၌ ဗားနေအား မိမိသိလိုသော ပုစ္ဆာပေါင်းများစွာ မေး၏။ သို့တိုင်အောင် မက္ခရာမင်းသားကြီး သိလိုသမျှ၏ အပုံတစ်ရာလျှင် တစ်ပုံမျှပင် ရှိဟန်မတူဟူ၏။ မက္ခရာမင်းသား ကြီး သိလိုသောအကြောင်းများကား လန်ဒန်မြို့၊ ကာလကတ္တား မြို့၊ အင်းဝမြို့၊ ဗန်ကောက်မြို့တို့ တည်ရှိရာ လတ္တီတွဒ်၊ လောင်တီတွဒ်များ၊ နောက်ဆုံးပေါ်ခဲ့သော ကြယ်တံခွန်၊ ဗရို မီတာ၊ သာမိုမီတာတို့၏သတ္တိများ စသော တိကျသော သိပ္ပံ ပညာရပ်ဆိုင်ရာ အကြောင်းတို့ဖြစ်၏။

မက္ခရာ မင်းသားကြီး၏ အခန်းတွင်းရှိ စာတိုက်၌ ရီး၏ စွယ်စုံကျမ်း၊ သမ္မာကျမ်းမူရင်း၊ ဂျွန်ဆင်၏ အဘိဓာန်၊ ဆရာ ယုဒသန် ပြန်ဆိုထားသော သမ္မာ ကျမ်း စသည်တို့ကို ကောင်းမွန်စွာ သိမ်းဆည်းထား၍ အားလုံး ကို သေချာစွာ ဖတ်ရှုပြီးဖြစ်ကြောင်း ပြောပြ၏။ သူ၏ အခန်း တွင်း၌ ဗရိုမီတာနှင့်သာမိုမီတာတို့ကို ချိတ်ဆွဲထား၏။ မက္ခရာ မင်းသားကြီးသည် ခရစ် ၁၈၃၁ ခုနှစ်တွင် သင်္ချာပညာရပ် တစ်မျိုးဖြစ်သော လော့ဂရစ်သမ်ကိုလည်း ဆည်းပူးသင်ယူခဲ့ သည်။ အက္ခရာသင်္ချာကို တတ်လို၏။ အင်းဝနေပြည်တော်သို့ ကိုယ်စားလှယ်တော် ဗလန်ဒယ် ရောက်လာသောအခါ မက္ခရာ မင်းသားကြီးအား အက္ခရာသင်္ချာ သင်ပေးမည်ဟု ဆိုသော်လည်း လွှတ်တော်နှင့် အခြားမှူးမတ်များ အထင်လွဲမည်စိုး၍ မသင်ယူခဲ့ ပေ။ ဗားနေးသည် မင်းသားကြီး၏ ကျယ်ဝန်းသော ဗဟုသုတ ကိုလည်းကောင်း၊ ပညာများကို ငတ်မပြေ သောက်သုံးလိုသော ဆန္ဒကိုလည်းကောင်း၊ ဉာဏ်ပညာထက်မြက်ပုံကို လည်းကောင်း အံ့ဩ၍လေးစားကာ၊ မြန်မာနိုင်ငံတွင် မိမိတွေ့ဖူးသူများအနက် အထူးခြားဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ ဘင်္ဂလားသို့ အလည်အပတ် မရောက်နိုင်သည်မှာ စိတ်မကောင်းဖွယ် ဖြစ်ကြောင်းတို့ကို မှတ်တမ်းတင်သွားပေ သည်။

မက္ခရာမင်းသားကြီးသည် စာပေပရိယတ္တိတွင်သာ မက ဘဲ ပေါင်းသင်းဆက်ဆံရာ၌လည်း ပြေပြစ်၏။ အင်းဝနန်းတော် တွင်း၌ မငြိမ်မသက်ရှိ၍ သာယာဝတီမင်းသား ပုန်ကန်စဉ်အခါ က ပြေငြိမ်းမှုအတွက်စေ့စပ်ရာ၌ ကုန်းဘောင်ရွှေဘိုမြို့ တူတော် သာယာဝတီမင်းသားထံ မက္ခရာမင်းသားကြီးပင် အဖွဲ့ကို ခေါင်း ဆောင်သွားပေသည်။ မက္ခရာမင်းသားကြီးသည် သာယာဝတီ မင်းသားနှင့် သင့်မြတ်၏။ အင်းဝနန်းတွင်း၌ အရေးပါသော မင်းသားတစ်ပါးဖြစ်၏။ ဗြိတိသျှ ကိုယ်စားလှယ်တော်တို့နှင့် လည်း အဆင်ပြေစွာ ဆက်ဆံတတ်သူဖြစ်၏။ မက္ခရာမင်းသား ကြီးသည် ထိုစဉ်အခါက နန်းတွင်းရေးအာဏာရမှုတွင် မပါဝင် သောကြောင့် အခြားမင်းညီမင်းသားများ တိမ်းပါးပျက်စီး သော် လည်း မက္ခရာမင်းသားကြီးမူကား ကံတော်ကုန်သည်အထိ မယိမ်းမယိုင် တည်ကြည်ခိုင်မာပေသည်။ မက္ခရာမင်းသားကြီး သည် သက္ကရာဇ် ၁၂၁ဝ ပြည့်နှစ် သက်တော် ၅၇ နှစ်အရွယ် တွင် ကံတော်ကုန်သည်။

ကိုးကား

1=မောင်သန်းဆွေ(ထားဝယ်) "ကုန်းဘောင်ရှင်းတမ်း"
2=ဇေယျ - "မြန်မာ့မျက်ပွင့်"
3=မင်းသုဝဏ် - "လိန်း-မက္ခရာ စေတနာ"
4=မင်းယုဝေ ၏ “ပထမမြန်မာများ”
5=မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
ပညာရေးကောင်းဆိုတာ ကျောင်းတွေကနေ သင်ရိုးပြင်ပလက်တွေ့သင်ခန်းစာတွေဘယ်လောက်ပေါင်းထည့်နိုင်သလဲဆိုတာပါပဲ။

#Extracurricularactivities

Extracurricular activities play a crucial role in the holistic development of students. These activities, which include sports, arts, clubs, and volunteer work, offer numerous benefits that extend beyond the classroom. In this essay, we will explore the various advantages of participating in extracurricular activities, focusing on personal growth, academic improvement, social skills, and future opportunities.

### Personal Growth

One of the most significant benefits of extracurricular activities is the opportunity for personal growth. Engaging in activities outside of the academic curriculum allows students to explore their interests and passions. This exploration can lead to the development of new skills and talents that might not be discovered within the confines of traditional classroom settings. For instance, a student who joins a drama club may discover a talent for acting or public speaking, which can boost their confidence and self-esteem.

Moreover, extracurricular activities often require students to set goals, manage their time, and work towards achieving those goals. This process fosters a sense of responsibility and discipline, which are essential traits for personal development. Students learn to balance their academic responsibilities with their extracurricular commitments, enhancing their organizational and time-management skills.

### Academic Improvement

Contrary to the belief that extracurricular activities might distract students from their studies, research has shown that participation in these activities can actually improve academic performance. Students who are involved in extracurricular activities tend to have better grades and higher levels of academic achievement. This improvement can be attributed to several factors.

Firstly, extracurricular activities provide a break from the rigors of academic work, allowing students to recharge and return to their studies with renewed focus and energy. Secondly, many extracurricular activities, such as debate clubs or science fairs, directly complement academic subjects, reinforcing the knowledge and skills learned in the classroom. Additionally, the skills developed through extracurricular activities, such as critical thinking, problem-solving, and teamwork, are transferable to academic tasks, enhancing overall academic performance.

### Social Skills

Extracurricular activities offer a unique platform for students to develop and refine their social skills. Participation in these activities often involves working in groups, collaborating with peers, and interacting with individuals from diverse backgrounds. These experiences help students build strong communication skills, learn to work effectively in teams, and develop empathy and understanding towards others.

Furthermore, extracurricular activities provide opportunities for leadership and mentorship. Students who take on leadership roles in clubs or teams learn to lead by example, motivate others, and manage conflicts. These leadership experiences are invaluable, as they prepare students for future roles in their personal and professional lives. Mentorship, on the other hand, allows older or more experienced students to guide and support their peers, fostering a sense of community and mutual respect.

### Future Opportunities

The benefits of extracurricular activities extend beyond the immediate advantages of personal growth, academic improvement, and social skills. Participation in these activities can open doors to future opportunities, both in higher education and career prospects. Colleges and universities often look favorably upon applicants who have demonstrated a commitment to extracurricular activities, as it reflects a well-rounded and engaged individual.
Moreover, the skills and experiences gained through extracurricular activities can be valuable assets in the job market. Employers seek candidates who possess strong communication, leadership, and teamwork skills, all of which can be developed through participation in extracurricular activities. Additionally, involvement in volunteer work or community service can demonstrate a candidate's dedication to social responsibility and civic engagement, making them stand out in the competitive job market.

### Conclusion

In conclusion, extracurricular activities offer a multitude of benefits that contribute to the holistic development of students. These activities promote personal growth, enhance academic performance, develop social skills, and provide future opportunities. By encouraging students to participate in extracurricular activities, educators and parents can help them build a strong foundation for success in all aspects of life. Whether it is through sports, arts, clubs, or volunteer work, the advantages of extracurricular activities are undeniable and should be embraced as an integral part of the educational experience.

သင်ရိုးညွှန်းတမ်းပြင်ပလှုပ်ရှားမှုများသည် ကျောင်းသားများ၏ အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ အားကစား၊ အနုပညာ၊ ကလပ်များနှင့် စေတနာ့ဝန်ထမ်းအလုပ်များပါ၀င်သော ဤလှုပ်ရှားမှုများသည် စာသင်ခန်းအပြင်ဘက်တွင် အကျိုးကျေးဇူးများစွာကို ပေးဆောင်ပါသည်။ ဤစာစီစာကုံးတွင်၊ သင်ရိုးပြင်ပလှုပ်ရှားမှုများတွင် ပါဝင်ခြင်း၏ အကျိုးကျေးဇူးများ၊ ပုဂ္ဂိုလ်ရေးတိုးတက်မှု၊ ပညာရေးတိုးတက်မှု၊ လူမှုရေးစွမ်းရည်များနှင့် အနာဂတ်အခွင့်အလမ်းများကို အဓိကထား၍ စူးစမ်းလေ့လာပါမည်။

### ကိုယ်ပိုင်တိုးတက်မှု

သင်ရိုးညွှန်းတမ်းပြင်ပလုပ်ဆောင်မှုများ၏ အထင်ရှားဆုံးအကျိုးကျေးဇူးများထဲမှတစ်ခုမှာ ကိုယ်ရေးကိုယ်တာတိုးတက်မှုအတွက် အခွင့်အလမ်းဖြစ်သည်။ သင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းဖြင့် ကျောင်းသားများသည် ၎င်းတို့၏ စိတ်ဝင်စားမှုနှင့် ဝါသနာများကို စူးစမ်းလေ့လာနိုင်စေပါသည်။ ဤရှာဖွေတွေ့ရှိမှုသည် ရိုးရာစာသင်ခန်းဆက်တင်များ၏ ကန့်သတ်ချက်များအတွင်း ရှာဖွေတွေ့ရှိနိုင်ဖွယ်မရှိသည့် ကျွမ်းကျင်မှုနှင့် အရည်အချင်းအသစ်များ ဖွံ့ဖြိုးတိုးတက်လာစေနိုင်သည်။ ဥပမာအားဖြင့်၊ ဒရာမာကလပ်တစ်ခုတွင်ပါဝင်သည့် ကျောင်းသားတစ်ဦးသည် ၎င်းတို့၏ယုံကြည်မှုနှင့် မိမိကိုယ်ကိုတန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်သည့် သရုပ်ဆောင် သို့မဟုတ် အများသူငှာ စကားပြောဆိုနိုင်သည့်စွမ်းရည်ကို ရှာဖွေတွေ့ရှိနိုင်သည်။

ထို့အပြင်၊ သင်ရိုးညွှန်းတမ်းပြင်ပလှုပ်ရှားမှုများသည် ကျောင်းသားများအား ရည်မှန်းချက်များချမှတ်ရန်၊ ၎င်းတို့၏အချိန်များကို စီမံခန့်ခွဲရန်နှင့် ထိုရည်မှန်းချက်များအောင်မြင်ရန် လုပ်ဆောင်သည်။ ဤလုပ်ငန်းစဉ်သည် တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော စရိုက်လက္ခဏာများဖြစ်သည့် တာဝန်ယူမှုနှင့် စည်းကမ်းရှိမှုတို့ကို တိုးပွားစေသည်။ ကျောင်းသားများသည် ၎င်းတို့၏ ပညာရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ၎င်းတို့၏ သင်ရိုးညွှန်းတမ်း ကတိကဝတ်များနှင့် ချိန်ခွင်လျှာညှိရန် သင်ယူကြပြီး ၎င်းတို့၏ အဖွဲ့အစည်းနှင့် အချိန်စီမံခန့်ခွဲမှု စွမ်းရည်များကို မြှင့်တင်ကြရသည်။

### ပညာရေးတိုးတက်မှု

သင်ရိုးညွှန်းတမ်းပြင်ပလှုပ်ရှားမှုများသည် ကျောင်းသားများကို ၎င်းတို့၏ လေ့လာမှုမှ အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟု ယုံကြည်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး အဆိုပါ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းသည် ပညာရေးဆိုင်ရာ စွမ်းဆောင်ရည်ကို အမှန်တကယ် တိုးတက်စေနိုင်ကြောင်း သုတေသနပြုချက်များအရ သိရသည်။ သင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားမှုများတွင် ပါဝင်သည့် ကျောင်းသားများသည် ပိုမိုကောင်းမွန်သော အဆင့်များနှင့် ပညာရေးဆိုင်ရာ အောင်မြင်မှုအဆင့်များ ပိုမိုရရှိကြပါသည်။ ဤတိုးတက်မှုသည် အကြောင်းရင်းများစွာကြောင့်ဟု ယူဆနိုင်သည်။

ပထမဦးစွာ၊ သင်ရိုးညွှန်းတမ်း လှုပ်ရှားမှုများသည် ကျောင်းသားများအား အာရုံစူးစိုက်မှု နှင့် စွမ်းအင်များဖြင့် ပြန်လည်အားဖြည့်ပြီး ၎င်းတို့၏ လေ့လာမှုများသို့ ပြန်လည်ဝင်ရောက်နိုင်စေမည့် ပညာရေးဆိုင်ရာ တင်းကျပ်မှုများမှ အနားယူခြင်းကို ပံ့ပိုးပေးပါသည်။ ဒုတိယအနေဖြင့်၊ စကားရည်လုပွဲများ သို့မဟုတ် သိပ္ပံပွဲများကဲ့သို့သော သင်ရိုးပြင်ပလှုပ်ရှားမှုများစွာသည် ပညာရေးဆိုင်ရာဘာသာရပ်များကို တိုက်ရိုက်ဖြည့်စွက်ကာ စာသင်ခန်းအတွင်းသင်ယူခဲ့သော အသိပညာနှင့် ကျွမ်းကျင်မှုများကို အားဖြည့်ပေးပါသည်။ ထို့အပြင်၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ ပြဿနာဖြေရှင်းခြင်းနှင့် အဖွဲ့လိုက်လုပ်ဆောင်ခြင်းကဲ့သို့သော သင်ရိုးပြင်ပလှုပ်ရှားမှုများမှ ဖြစ်ပေါ်လာသော ကျွမ်းကျင်မှုများသည် ပညာရပ်ဆိုင်ရာတာဝန်များကို
လွှဲပြောင်းပေးနိုင်ပြီး အလုံးစုံပညာရေးဆိုင်ရာစွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါသည်။

### လူမှုဆက်ဆံရေးစွမ်းရည်

သင်ရိုးပြင်ပလှုပ်ရှားမှုများသည် ကျောင်းသားများအတွက် ၎င်းတို့၏လူမှုရေးစွမ်းရည်များကို မြှင့်တင်ရန်နှင့် ပြန်လည်ပြင်ဆင်ရန်အတွက် ထူးခြားသောပလက်ဖောင်းတစ်ခုဖြစ်သည်။ ဤလှုပ်ရှားမှုများတွင် ပါဝင်ခြင်းသည် အုပ်စုဖွဲ့လုပ်ဆောင်ခြင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မတူကွဲပြားသော နောက်ခံများမှ တစ်ဦးချင်းစီနှင့် အပြန်အလှန် ဆက်ဆံခြင်းတို့ ပါဝင်ပါသည်။ ဤအတွေ့အကြုံများသည် ကျောင်းသားများအား ခိုင်မာသောဆက်သွယ်ရေးစွမ်းရည်များတည်ဆောက်ရန်၊ အဖွဲ့များအတွင်း ထိရောက်စွာအလုပ်လုပ်ရန် သင်ယူရန်နှင့် အခြားသူများအပေါ် စာနာနားလည်မှုနှင့် နားလည်မှုတိုးပွားစေရန် ကူညီပေးပါသည်။

ထို့အပြင်၊ သင်ရိုးညွှန်းတမ်းပြင်ပလှုပ်ရှားမှုများသည် ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှုများအတွက် အခွင့်အလမ်းများကို ပေးသည်။ ကလပ်များ သို့မဟုတ် အသင်းများတွင် ခေါင်းဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်သည့် ကျောင်းသားများသည် ဥပမာအားဖြင့် ဦးဆောင်ရန်၊ အခြားသူများကို လှုံ့ဆော်ရန်နှင့် ပဋိပက္ခများကို စီမံခန့်ခွဲရန် သင်ယူကြရသည်။ ကျောင်းသားများအား ၎င်းတို့၏ ပုဂ္ဂိုလ်ရေးနှင့် ပရော်ဖက်ရှင်နယ်ဘဝများတွင် အနာဂတ်အခန်းကဏ္ဍများအတွက် ပြင်ဆင်ပေးသောကြောင့် ဤခေါင်းဆောင်မှုအတွေ့အကြုံများသည် အဖိုးမဖြတ်နိုင်ပေ။ အခြားတစ်ဖက်တွင် လမ်းညွှန်မှုပေးခြင်းသည် အသက်ကြီးသော သို့မဟုတ် အတွေ့အကြုံရှိ ကျောင်းသားများကို ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များအား လမ်းညွှန်ပံ့ပိုးပေးခြင်း၊ ရပ်ရွာအသိုင်းအဝိုင်းနှင့် အပြန်အလှန်လေးစားမှုတို့ကို တိုးပွားလာစေပါသည်။

### အနာဂတ် အခွင့်အလမ်းများ

သင်ရိုးပြင်ပလှုပ်ရှားမှုများ၏ အကျိုးကျေးဇူးများသည် တစ်ကိုယ်ရည်တိုးတက်မှု၊ ပညာရေးတိုးတက်မှုနှင့် လူမှုရေးကျွမ်းကျင်မှုများ၏ လက်ငင်းအားသာချက်များထက် ကျော်လွန်ပါသည်။ အဆိုပါ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းသည် အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလားအလာများ နှစ်ခုစလုံးအတွက် အနာဂတ်အခွင့်အလမ်းများအတွက် တံခါးဖွင့်ပေးနိုင်သည်။ ကောလိပ်များနှင့် တက္ကသိုလ်များသည် သင်ရိုးညွှန်းတမ်းပြင်ပလုပ်ဆောင်မှုများတွင် ကတိကဝတ်ပြု ပါဝင်ထားသည့် ကျောင်းလျှောက်ထားသူများကို သဘောထားပြည့်ဝပြီး စေ့စပ်သေချာသည့်သူတစ်ဦးအဖြစ် ထင်ဟပ်သည်ဟု သတ်မှတ်လက်ခံလေ့ရှိပါသည်။

ထို့အပြင် သင်ရိုးညွှန်းတမ်း လှုပ်ရှားမှုများမှ ရရှိသော ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများသည် အလုပ်အကိုင်ဈေးကွက်တွင် အဖိုးတန်သော ပိုင်ဆိုင်မှုများ ဖြစ်နိုင်သည်။ အလုပ်ရှင်များသည် ခိုင်မာသော ဆက်သွယ်မှု၊ ခေါင်းဆောင်မှု နှင့် အဖွဲ့လိုက်လုပ်ဆောင်မှု စွမ်းရည်များ ပိုင်ဆိုင်ထားသည့် ကိုယ်စားလှယ်လောင်းများအား သင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်စေမည့်အရာ အားလုံးကို ရှာဖွေသည်။ ထို့အပြင်၊ စေတနာ့ဝန်ထမ်းအလုပ် သို့မဟုတ် ရပ်ရွာဝန်ဆောင်မှုများတွင်ပါ၀င်ဆောင်ရွက်ခြင်းသည် လျှောက်ထားသူကိုယ်စားလှယ်လောင်း (ကျောင်းသား)တစ်ဦး၏ လူမှုရေးဆိုင်ရာတာဝန်ဝတ္တရားနှင့်ပြည်သူ့ရေးရာထိတွေ့ဆက်ဆံမှုတွင် ပါဝင်ပတ်သက်မှုကိုသရုပ်ပြနိုင်ပြီး ပြိုင်ဆိုင်မှုရှိသောအလုပ်အကိုင်စျေးကွက်တွင် သူတို့ကိုထင်ရှားစေ ပါသည်။

### နိဂုံး

နိဂုံးချုပ်အနေဖြင့်၊ သင်ရိုးညွှန်းတမ်းပြင်ပလှုပ်ရှားမှုများသည် ကျောင်းသားများ၏ အလုံးစုံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေသော အကျိုးကျေးဇူးများစွာကို ပေးဆောင်ပါသည်။ ဤလှုပ်ရှားမှုများသည် တစ်ကိုယ်ရည်တိုးတက်မှုကို မြှင့်တင်ရန်၊ ပညာရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရန်၊ လူမှုဆက်ဆံရေးစွမ်းရည်များ တိုးတက်လာစေရန်နှင့် အနာဂတ်အခွင့်အလမ်းများကို ပံ့ပိုးရန် ဆောင်ရွက်ပေးပါသည်။ ကျောင်းသူများကို သင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားမှုများတွင် ပါဝင်ရန် ကျောင်းသားများကို အားပေးခြင်းဖြင့် ပညာတတ်များနှင့် မိဘများသည် ဘဝ၏ ကဏ္ဍပေါင်းစုံတွင် အောင်မြင်မှုအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ရန် အကူအညီပေးနိုင်ပါသည်။ အားကစား၊ အနုပညာ၊ ကလပ်များ သို့မဟုတ် စေတနာ့ဝန်ထမ်းအလုပ်ဖြင့်ဖြစ်စေ သင်ရိုးပြင်ပလှုပ်ရှားမှုများ၏ အကျိုးကျေးဇူးများကို ငြင်းမရနိုင်ဘဲ၊ ၎င်းကိုပညာရေးအတွေ့အကြုံ၏ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံယုံကြည်သင့်ပါသည်။
❤1