Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
15.9K subscribers
3.72K photos
90 videos
1.2K files
507 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
👍2
AD,DD,TEO,DTEO,ATEO,SO,ဒုဦးစီးရာထူးတိုးအတွက်လေ့လာရန်မေးခွန်းဟောင်းများ။

အားနည်းချက်။ ။ရသမျှရှာထားတာကြောင့် အစဉ်လိုက်မဟုတ်ပါ။အဖြေအချို့မပါ။
👍3
ပိတ်ရက်
❤1
ရက်နီးလာပြီဆိုတော့ ဖြေဆိုရမဲ့
နေ့ရက်၊ဘာသာရပ် မမှားအောင်
ထပ်မံသတိပေးတာပါ
*ဇာတ်လမ်းကောင်း အင်္ဂါရပ် (၆)မျိုး*

ပျိုး၊နှိုး၊တက်၊ထွတ်၊ဆင်း၊သိမ်း

ပျိုး>ဇာတ်ပျိုး

နှိုး>ဇာတ်နှိုး

တက်> ဇာတ်တက်

ထွတ်>ဇာတ်ထွတ်

ဆင်း>ဇာတ်ဆင်း

သိမ်း>ဇာတ်သိမ်း

(၁)ဇာတ်ပျိုး(ဇာတ်ချီ)-

ဇာတ်လမ်းအစပျိုးသည့်အပိုင်းပင်။ ဇာတ်ဆောင်နှင့် စာဖတ်သူကို မိတ်ဆက်ပေးသည့် အပိုင်းပင်။

(၂)ဇာတ်နှိုး-

စိတ်ဝင်စားဖွယ်ဖြစ်ရပ်များနှင့် စာဖတ်သူအား ရှေ့ဆက်၍ ဘာဖြစ်မည်ကို သိချင်စိတ် နှိုးဆွပေးသော အပိုင်းပင်။

(၃)ဇာတ်တက်-

အားပြိုင်မှုများ၊ မြှုပ်ကွက်များ၊ စိတ်လှုပ်ရှားစရာဖြစ်ရပ်များနှင့် စာဖတ်သူ၏ သိလိုစိတ်ကို နှိုးဆွပေးပြီး ဇာတ်ရှိန်တက်လာစေသော အပိုင်းပင်။

(၄)ဇာတ်ထွတ်-

စိတ်လှုပ်ရှားမှုများ၊ သိချင်စိတ်များ အထွတ်အထိပ်ရောက်စေသည့် အပိုင်းပင်၊

(၅)ဇာတ်ဆင်း-

ပြဿနာအားလုံးရှင်းလင်းပြီး ပြေသွားသည့်အပိုင်း၊ စာဖတ်သူသိချင်နေသော အဖြေကိုဖြေရှင်းပေးလေ့ရှိသော အပိုင်းပင်။

(၆)ဇာတ်သိမ်း-

ဇာတ်လမ်းတစ်ခုလုံး၏ အဆုံးသတ်အပိုင်းပင်။
#ကလေးကမေးလို့ပါ

" ကစား နဲ့ ကစီ ကို /ဂဇား/ /ဂဇီ/ လို့ အသံပြောင်းထွက်ပြီး ကဆုန် ကိုတော့ /ကဆုန်/ လို့ပဲ အသံမပြောင်းဘဲ ထွက်တာ ဘာကြောင့်ပါလဲ။ ကလေးကမေးလို့ပါ။ ပြီးတော့ ကိုယ်တိုင်လည်း ကျကျနန သိချင်လို့ပါ။"

မက်စင်ဂျာကနေ စာပို့လာသည်။ အသံပြောင်းလဲ ခြင်း အခြေခံဖြစ်သော အဃောသ၊ ဃောသ၊ သိထိလ၊ ဓနိတ အက္ခရာတို့ကိုတော့ သိထားရပေမည်။

အသံပြောင်းရာမှာ ယေဘုယျအားဖြင့် စကားသံ တစ်ခုနဲ့တစ်ခု အပိတ်စပ်ရွတ်တဲ့အခါ အဃောသသံတွေက ဃောသသံတွေ ဖြစ်သွားကြတာပါ။ ယေဘုယျလို့ ဆိုရတာက တချို့တွေမှာ အပိတ်စပ်ရှိပေမဲ့ ဃောသသံ မပြောင်းတတ်လို့ပါ။ ထားတော့... မေးတာကိုပဲ ဖြေကြည့်ပါ့မယ်....

မတြာဝက် အ အသံ (လူအ မှာ ပါတဲ့ အ အသံ မဟုတ်ဘူးနော်) ရဲ့နောက်ကလာတဲ့ ဗျည်းသည် အဃောသ ဖြစ်သော်လည်း ဃောသသံမပြောင်းပေ။

အခု
အစား
အပူ

မတြာဝက်ဗျည်း (ဗျည်းသံက အသံပြည့်မထွက်ဘဲ အသံတစ်ဝက်ထွက်တာ) နောက်က အဃောသ သံတွေဟာ ဃောသ သံတွေအဖြစ်ပြောင်းထွက်ကြတယ်။ အသံပြောင်းရာမှာ ရှေ့အက္ခရာကော၊ နောက်အက္ခရာပါ အသံပြောင်းကြတယ်...

ကစား/ဂဇား/
ကစီ /ဂဇီ/
ကစော်/ဂဇော်/
စကား/ဇဂါး/
စပါး/ဇဘား/
တကာ /ဒဂါ/
တံတွေး / ဒဒွေး/

မတြာဝက်ဗျည်း (ဗျည်းသံက အသံပြည့်မထွက်ဘဲ အသံတစ်ဝက်ထွက်တာ) နောက်က ဓနိတဗျည်း ရှိရင် အသံမပြောင်းဘူး။ မေးထားတဲ့ ကဆုန် မှာ ဆ က ဓနိတအက္ခရာ ဖြစ်တယ်.. ဒါကြောင့် ကဆုန် က အသံမပြောင်းခြင်း ဖြစ်ပါတယ်..

ကဆုန်
ကထိန်
စခန်း
ပခုံး
ပဆစ်

(ခြွင်းချက်တော့ ရှိမယ်ခင်ဗျ.. တံခါး/ဒဂါး/၊ တံချူ /ဒဂျူ/၊ တံခွန် / ဒဂွန်/)
သဒ္ဒဗေဒမှာတော့ အသေးစိတ် ဥပဒေသတွေ ရှိမယ်ခင်ဗျ။"

(ကိုးကား မောင်သာနိုး၏ မြန်မာ့စကားနဲ့စာပေ)
👍1
မြန်မာ့စကားသံပြောင်းလဲမှုစနစ်
===================

အေးအေး နေချင်သော်လည်း မနေနိုင်လို့ ရေးရပြန်ပါပြီ။
===================

မြန်မာစကားသံ
ပြောင်းလဲမှု စနစ် (phonology) နဲ့ ပတ်သက်လို့ မေးခွန်းအချို့ တင်ပြပါတယ်။
မေးထိုက်သော မေးခွန်းများ ဖြစ်ပါတယ်။

သူ့အမေးများကို ပြေလည်အောင်ဖြေကြားဖို့အတွက် ၊ မြန်မာ phonology နဲ့ ပတ်သက်လို့ စည်းမျဉ်း ဥပဒေသ တော်တော် များများကို
တင်ပြပြီး လက်ဝင် ဝင် အချိန် ယူပြီး
ရှင်းပြဖို့ လိုအပ်တာမို့ ချက်ချင်း ဖြေရှင်းပြဖို့ အချိန်မရှိတာကြောင့် ဒီနေ့မှပဲ ရေးပြရတာဖြစ်ပါတယ်။

သူ့အမေးများကို မြန်မာ phonology စနစ်အရ အဓိပ္ပာယ် ရှိအောင် အောက်ပါအတိုင်း
ပြန်လည် တင်ပြအပ်ပါတယ်။

ပထအမေးခွန်း……

မြန်မာစာအရေးအရ
၁၊ ကစား ကို ဂဇား
၂၊ ကစီ ကို ဂဇီ
၃၊ စကား ကို ဇဂါး
၄၊ စပါး ကို ဇဘား ဟူ၍

ဝဏ္ဏနှစ်ခုရှိသော ဒွိဝဏ္ဏ ဝေါဟာရတို့၌
ဝဏ္ဏတိုင်း၏ သံညှင်းများသည်
သက်ဆိုင်ရာ သံပြင်း ဗျည်းများ အဖြစ် ပြောင်းသွားသော်လည်း

၆၊ ကဆုန်
၇၊ ကထိန်
၈၊ စခန်း
၉၊ ပဆစ်
၁၀၊ ပခုံး တို့သည် အလားတူ
ဒွိဝဏ္ဏ ဝေါဟာရများဖြစ်သော်လည်း အဘယ့်ကြောင့် အသံပြောင်းလဲမှု မဖြစ်ပါသလဲ။

အ ဖြေ (၁)
မြန်မာစကားသည် အဓိကလက္ခဏာအားဖြင့် ၊ ဝဏ္ဏတိုင်းက အဓိပ္ပာယ် ကိုပေးသည့် ၊ ဧကဝဏ္ဏဘာသာစကားဖြစ်သော်လည်း ၊ ဝဏ္ဏတခုချင်း အဓိပ္ပာယ် ရှင်း၍မရသော ဒွိဝဏ္ဏ
နှင့် ဗဟုဝဏ္ဏ ဝေါဟာရများ မြန်မာစကားတွင် အတော်များများရှိပါသည်။

ဥပမာအဖြစ် ကလိုင် ကညစ် ကညင်
ခဝဲ ခဝါ ခလောက် ခရေ ခရမ်း ခလုတ်
ငရုတ် စနက် ဇယား ဇရပ် ဇလုံ
ပလိုင်း ပလုံး ဂဇော် ပခြုပ်
ဂမုန်း ဂဝံ ထရံ ဒလက် ဒလန်

စသည်ဖြင့် ပထမ ဝဏ္ဏသည် မတြာဝက် သရ ဖြစ်သည့် ဒွိဝဏ္ဏများ အမြောက်အမြားရှိပါသည်။ဤကဲ့သို့ ဧကဝဏ္ဏ တလုံးချင်း အဓိပ္ပာယ် ဖေါ်၍မရသော ဗဟုဝဏ္ဏနှင့် ဒွိဝဏ္ဏဝေါဟာရတို့ကို အသံပြောင်းလဲမှုမရှိပဲ အရှိအတိုင်း ပြောဆိုသုံးစွဲကြရသဖြင့် ငှင်းတို့သည် မွေးစား ဟောဟာရဖြစ်စေ မြန်မာဝေါဟာရ အစစ်ဖြစ်စေ မြန်မာ့ phonology လေ့လာမှုတွင် ထည့်သွင်း စဉ်းစားရန်မလိုတော့ပါ။

phonology ဆိုသည်မှာ အသံပြောင်းလဲဖြစ်ပေါ်မှုကိုသာ လေ့လာရသော ပညာရပ် ဖြစ်ပါသည်။

ငှင်း ဝေါဟာရတို့သည် မည်သည့် အခြေအနေ၌ ဖြစ်စေ အသံပြောင်းလဲမှု မရှိသဖြင့် ယင်းတို့ကို phonology တွင် ထည့်သွင်းစဉ်းစားရန် မလိုအပ်ခြင်းဖြစ်ပါသည်။

ဤကဲ့သို့သော ဗဟုဝဏ္ဏ နှင့် ဒွိဝဏ္ဏဝေါဟာရတို့ကို မြန်မာ phonology တွင် ထည့်သွင်းစဉ်းစားရန်မလိုကြောင်း စေစောပိုင်းက post တခုတွင် စာရေးသူ တင်ပြခဲ့ဖူးပါသည်။

အထက်တွင်တင်ပြခဲ့သော ဝေါဟာရ
၁ မှ ၁၀ တို့သည် ဤကဲ့သို့သော ဒွိဝဏ္ဏ အမျိုးအစားများဖြစ်ပါသည်။

ကထိန် သည် ပါဠိ ကထိန မှ လာသော်လည်း ငှင်း ကို မြန်မာမှု ပြုပြီးသောအခါ
မြန်မာ ဒွိဝဏ္ဏအမျိုး အစား ပင်ဖြစ်လာပါသည်။

ကဆုန်သည် ကုဆုန်မှလာသည်ဖြစ်စေ
ခုဆုန်မှ လာသည် ဖြစ်စေ မြန်မာစကားတွင် ဒွိဝဏ္ဏအဖြစ် ထာဝရ အသံပြောင်းလဲမှုမရှိဖြင့်
အသံပြောင်းလဲမှုစနစ်တွင် ထည့်သွင်းစဉ်းစားရန် မလိုသော ဝေါဟာရဖြစ်ပါသည်။

အခြား ၁ မှ ၄ ရှိဝေါဟာရများ
(ဂစား ဂဇီ ဂဇား စပါး ) တို့သည်လည်း
မြန်မာစကား စစ်စစ်ဖြစ်စေ မွေးစားဝေါဟာရဖြစ်စေ ငှင်းတို့ကို မည်ကဲ့သို့ရေးသည်ဖြစ် ၊
ပြောသူတို့က ယင်းတို့၏ သံညှင်းများကို
ဖိုနင်းအဖြစ် မှတ်ယူသည် မယူသည်ဖြစ်စေ ၊
မည်သည့် အခြေအနေတွင်မှ အသံပြောင်းလဲမှု မရှိသဖြင့် phonology တွင် ထည့်သွင်းစဉ်းစားရန်မလိုပဲ ပြောသံအတိုင်း သာ အသိအမှတ်ပြုရသည့် ဝေါဟာရများဖြစ်
ပါသည်။

ဤ ၁ မှ ၄ ဝေါဟာရတို့တွင်

အရေးအက္ခရာဖြစ်သော
က စ ပ သံညှင်းဗျည်းများသည် ဖိုနင်းများ ဖြစ်သဖြင့် ယင်းတို့၏ သံပြင်းသို့ ပြောင်းလဲမှုကို ကြိုတင် ပြောင်းလဲပြီးသော အသံများ (predetermined variation) predetermined allophones များဟုလည်း ရှင်းပြနိုင်ပါသည်။
================

ဒုတိယ မေးခွန်း

ကဆုန် ကထိန် စခန်း ပဆစ် ပခုံး
တို့တွင် အထက်တွင် တင်ပြခဲ့သည့်အတိုင်း အသံပြောင်းလဲမှု မရှိသော်လည်း တံခါး တံချူ တံခွန် တံစဉ် တို့သည် အဘယ်ကြောင့်

ဒဂါး ဒဂျူ ဒဂွန် ဒဇင် သို့ ပြောင်းသွားပါသလဲ။

အဖြေ

အထက်တွင် တင်ပြခဲ့သည့်အတိုင်း
ကဆုန် ကထိန် စခန်း ပခုံး ပဆစ်
တို့သည် ဧကဝဏ္ဏလုံးချင်း အဓိပ္ပာယ် ဖွင့်မရသော ဒွိဝဏ္ဏများဖြစ်သဖြင့် ဧကဝဏ္ဏစနစ်တွင် အကျုံး မဝင်သော ဒွိဝဏ္ဏများဖြစ်ပါသည်။

မည်သည့်အခြေအနေတွင်မှ အသံပြောင်းလဲမှု မရှိသဖြင့် phonology တွင်ထည့်သွင်းစဉ်းစားရန် မလိုသည့်ဝေါဟာရများဖြစ်
ပါသည်။ phonology တွင် ပြောင်းလဲမှာကိုသာလေ့လာရန်လိုပါသည်။

မပြောင်းလဲသည်ကို လေ့လာရန်မလိုပါ။

တံခါး တံချူ တို့တွင် မူ
တံနှင့် ချူ တို့သည် လုံးချင်းအဓိပ္ပာယ်ရှိသော
ဧကဝဏ္ဏ များဖြစ်သဖြင့် ဧကဝဏ္ဏ phonology စည်း မျဉ်းအရ ငှင်းတို့၏ အသံပြောင်းပုံကို ရှင်းပြနိုင်ပါသည်။

၎င်းတို့သည်
Word level စကားလုံအဆင့်၌ နာမ်များ ဖြစ်သဖြင့် ဝဏ္ဏနှစ်ခုသည် ရှေးဦးစွာ
အတွင်းအပိတ်တွဲ (internal close juncture)တွင် ပေါင်းစပ်သည်။

အတွင်းအပိတ်တွင် ပေါင်းစပ်သော ခါ ပထမ ဝဏ္ဏမှ သရ သည် မတြာဝက်သို့ ပြောင်းသဖြင့် ပထမအဆင့်တွင်

တခါး တချု ဖြစ်လာပါသည်။

အတွင်းအပိတ်တွဲတွင် ဒုတိယ ဝဏ္ဏမှ သံညှင်း
(Obstruent) ပိတ်ဆို့ ရုန်းပွင့် ပွတ်တိုက်ဗျည်းသည် သံပြင်းသို့ပြောင်းသဖြင့် ဒုတိယအဆင့်တွင်

တဂါး တဂျူ ဖြစ်လာပါသည်။

အတွင်းအပိတ်တွဲတွင် ဒုတိယဝဏ္ဏမှ obstruent ဗျည်းသည် သံပြင်းဖြစ်သွားသောအခါ ပထမဝဏ္ဏမှ obstruent သံညှင်းဗျည်းသည်လည်း သံပြင်း ဖြစ်လာပါသည်။

ထို့ကြောင့် တတိယအဆင့်တွင်

တဂါး သည် ဒဂါး
တဂျူ သည် ဒဂျူ ဖြစ်လာပါသည်။
သံပြင်း ရောင်ပြန် ဟပ်ခြင်း voiced reflection ဟု ခေါ်ပါသည်။

အလားတူ ဉပမာများမှာ

တန်ခိုး > ဒဂိုး power
စားကျက် > ဇဂျက် pasture
ခုတင် > ဂဒင် bed
ခံတွင်း > ဂဒွင်း oral, inside the mouth
ကြမ်းပိုး > ဂျဘိုး floor bug
ပန်းတိမ် > ဗဒိန် goldsmith
ပန်းတင်း > ဗဒင်း tinsmith

စသည် တို့ဖြစ်သည်။

ကျန်ရှိသော ဝေါဟာရနှစ်ခု

တံစဉ်/ဒဇင်
တံခွန်/ဒဂွန် တို့ကို အမြင်နှစ်မျိုး နှင့် ချဉ်းကပ်နိုင်ပါသည်။

ပထမ အမြင်မှာ အထက်တွင် ရှင်းပြခဲ့သော
စဉ်းစားရန်မလိုအပ်သော ဒွိဝဏ္ဏဝေါဟာရများအဖြစ်မှတ်ယူရန်။

ဒုတိယ အမြင်မှာ စိတ်ဖြာနိုင်သော ဧက ဝဏ္ဏဝေါဟာရများအဖြစ်သဘောထား၍

တံခါး နှင့် တံချူ ကဲ့သို့ရှင်းပြရန်ဖြစ်ပါသည်။

ငြိမ်းချမ်း - ဗိုလ်ချုပ်ရွာ ၏ မူလ အမေးတွင် ပါဝင်သည့် တကာ သည် ပါဠိ ဒကာ (အပြောတွင် ထာဝရ ဒဂါ ) သာဖြစ်ပါသည်။ တကာ မဟုတ်သဖြင့် အပြောတွင် ထာဝရ “ဒဂါ” သာဖြစ်သဖြင့် ရှေးဦးစွာတင်ပြခဲ့သော ဝေါဟာရ ၁ မှ ၁၀ ကဲ့သို့ပင် သဘောထား၍ ဖြေရှင်းနိုင်ပါသည်။

နိဂုံးချုပ် အမှာစကား
မည်သည့် ဘာသာစကားတွင်မဆို
Phonology သည် ရှင်းပြရန် အခက်ခဲဆုံးသော ထွေပြားရှုပ်ထွေးဆုံးသော ပညာရပ်
ဖြစ်ပါသည်။

ထို့ကြောင့် မည်သည့် ဘာသာစကားအတွက်မဆို သဒ္ဒါဆိုင်ရာ စာအုပ်စာတမ်းများ မှိုလိုပေါက်အောင် ရှိနေသော်လည်း ဘာသာစကားတခုလုံးအကျုံးဝင်အောင် ရှင်းပြသည့်
Phonology စာအုပ်စာတမ်း အလွန်ရှားပါသည်။

မြန်မာ phonology စနစ်တွင် ထည့်သွင်းစဉ်းစားရသော အကြောင်း အချက်များမှာ

၁။ ဘာသာစကား၏အဆင့်
Linguistic level
Sentence level လော
Phrase level. လော
Word level လော
၂။ လေ့လာနေသော ဝေါဟာရအမျိုးအစား
အဆက်အကပ် particle လော
ကြိယာလော နာမ်လော စသည်။
၃။ စကားပြောသော အရှိန် tempo
အမြန်ပြောသလော နှေးနှေးပြောသလော
ဖိသံလော ဖော့သံလော
အပိတ်တွဲ close juncture လော အဖွင့်တွဲ
open nuncture လော စသည့်
ဆန်း prosody ၏သဘောတရားများ
၄။ လေ့လာနေသော ဝေါဟာရ ရှိ
ဗျည်း သရ တို့၏ အမျိုး အစားများ
နှင့် ငှင်းတို့၏ ရှေ့နောက် အစဉ် နေရာ
အနေအထား။ type of phonetic
segments and phonetic environment
၅။ မူလ မြန်မာဝေါဟာရလော မွေးစား
ဝေါဟာရလော

စသည့် အကြောင်းအချက် factor များသည်
တခုနှင့် တခု အားပြိုင်ခြင်း ထောက်ကူခြင်း ဆန့်ကျင်ခြင်း စသည်ဖြင့် နည်းအမျိုးနှင့် interact လုပ်နေကြပါသည်။

ထို့ကြောင့် ဘာသာစကားတို့၏ phonology သည် သဒ္ဒါ လေ့လာမှုထက် ရှုပ်ထွေး ခြင်း
ကျယ်ပြန့်ခြင်း ဖြစ် ပါသည်။

စာရေးသူ၏

မြန်မာဘာသာစကား၏ အသံပြောင်းလဲမှု
စနစ်

The Phonology of the Myanmar Language စာအုပ်တွင် အသေးစိတ် တင်ပြထားသည်ကို လေ့လာနိုင်ပါသည်။

ဤအကြောင်းအရာများနှင့် ပတ်သက်၍
အချိန်ရရင် ရသလောက် ဆက်လက်တင်ပြပါမည်။

ပါမောက္ခ ဒေါက်တာသိန်းထွန်း
❤1👍1
အထက်တွင် တင်ပြခဲ့သော
အဖြေများတွင် မပါဝင်ပဲ ကျန်ခဲ့ သည့် အောက်ပါ ဝေါဟာရ လေးခုရှိပါသည်။

ငှင်းတို့မှာ အခု အပူ အစား တံတွေး
တို့ဖြစ်ပါသည်
===============

အခု ကို မည်သည့် အနေအထား ၌ဖြစ်စေ
ထာဝရ အဂု ဟုသာ အသံထွက်သည်။

အဂု သည် လေးခု ခြောက်ခု ဟူသော အရေအတွက်ပြ အဆက် အကပ် မှ မလာ ပဲ ၊
ယခု ဟူသောအပြောစကားမှ သက်လာသည် ဟု ယူပါမည်။

ထို့ကြောင့် နာမ်ပြု ရှေ့ဆက် မတြာ ဝက်
သရနှင့် “ယခု” မှ “ခု” သည် အပိတ်တွဲတွင် ပေါင်းစပ်ပါသည်။ အပိတ်တွဲတွင် ဒုတိယဝဏ္ဏမှ သံညှင်းသည် သံပြင်းသို့ ပြောင်းသ
ဖြင့် “အခု” သည် ပြောစကား၌ “အဂု”ဖြစ်လာခြင်းဖြစ်ပါသည်။
==================

တံတွေး > ဒဒွေး

အပူ အစား

ငှင်းတို့ကို ဆက်၍ရှင်းပြပါမည်။

အပူ အစား တို့သည်
ပူ စား (ဥပမာ “ပူသည်” “စားသည်” ဟူသော ကြိယာတို့ မှ ကြိယာဖြစ် သော ပူ
စား တို့ရှေ့မှ နာမ်ပြုပစ္စည်း မတြာဝက်သရ
အ ကို ထည့်၍ ၊ ပြုထားသော နာမ်များဖြစ်ပါသည်။

ဤကဲ့သို့ မတြာဝက် သရ နာမ်ပြုပစ္စည်းနှင့်
ကြိယာတို့ပေါင်းစပ်သောအခါ အပွင့်တွဲ
open juncture တွင်ပေါင်းစပ်သည်။ open juncture အပွင့်တွဲတွင် အသံပြောင်းလဲမှု မရှိပါ။

ဤကဲ့သို့သောပေါင်းစပ်မှု ဥပမာများမှာ

အသွား အလာ အနေ အထိုင် အလုပ်
အကိုင် အပြော အဆို အတွေး အမြင်
စသည်တို့ ဖြစ်သည်။
===============

တံတွေး မှ ဒဒွေး သို့ပြောင်းလဲခြင်းသည်
ယမန်နေ့က တင်ပြခဲ့သော

တံချူ > ဒဂျူ
တံခါး > ဒဂါး
တံစဉ် > ဒဇင်

တို့၏ ပြောင်းလဲမှု အတိုင်း (same procedure and same mechanism) ပင်ဖြစ်ပါသည်။

ငှင်းတို့ ၏ ဝဏ္ဏနှစ်ခုသည် ဝေါဟာရအဆင့် word level တွင် အတွင်းအပိတ်တွဲ (internal close juncture) ၌ ပေါင်းစပ်ကြပါသည်။

အတွင်းအပိတ်တွဲတွင် ပထမ အဆင့် ၌
ပထမ ဝဏ္ဏမှ သရသည် မတြာဝက်သရ သို့ပြောင်းသဖြင့်

တံတွေး သည် တတွေး

ဖြစ်လာသည်။

အတွင်းအပိတ်တွဲတွင် ဒုတိယ ဝဏ္ဏမှ
obstruent ခေါ် ပိတ်ဆို့မှု ရုန်းပွင့်မှု ပွတ်တိုက်မှု ရှိသော သံညှင်း ဗျည်းများသည်
သံပြင်းသို့ပြောင်းသဖြင့် ဒုတိယအဆင့်တွင်

တတွေး သည် တဒွေး

ဖြစ်လာပါသည်။

အတွင်း အပိတ်တွဲ ၌ ဒုတိယ ဝဏ္ဏမှ ပိတ်ဆို့ ရုန်းပွင့် ပွတ်တိုက် ဗျည်း သည် သံပြင်းဖြစ်လာသောအခါ ပထမဝဏ္ဏမှ သံညှင်း ဖြစ်သော ပိတ်ဆို့ ရုန်းပွင့် ပွတ်တိုက်ဗျည်းသည်လည်း (သံယောင်လိုက်၍) သံပြင်းသို့ ပြောင်းပါသည်။ voiced reflection ဟုခေါ်ပါသည်။ ထို့ကြောင့် တတိယနှင့် နောက်ဆုံးအဆင့်တွင်

တဒွေး သည် ဒဒွေး

ဖြစ်လာပါသည်။

ဤနေရာ၌ သဒ္ဒ ဗေဒ အခြေခံမရှိသူများ
အတွက်

Obstruent
ပိတ်ဆို့ ရုန်းပွင့် ပွတ်ဗျည်း ဟူသည်မှာ

က ပ တ ဂ ဗ ဒ
(ခံတွင်းအပိတ် ဗျည်းများ unaspirated
oral stops)

သ စ ဆ ရှ ဇ
(လေတိုးပွတ်တိုက်မှုရှိသော ဗျည်းများ
fricatives)

ကျ ချ ဂျ
(ပိတ်ဆို့ မှု နှင့် လေတိုးပွတ် တိက်မှု
ကို တွဲထားသောဗျည်းများ affricate ဖြစ်
ပါသည်။)

ချ သည် အင်္ဂလိပ်ဗျည်း ch (as in church)။
ဂျ သည် အင်္ဂလိပ်ဗျည်း j (as in judge) ဖြစ်ပါသည်။

အောက်တွင် ပေးထားသော ဇယား ကိုလည်း ကြည့်ပါ။
👍2
Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
AD,DD,TEO,DTEO,SO,MH,HH,JSO Old Questions.pdf
နိုင်ငံ့၀န်ထမ်းများအား တစ်ဆင့်မြင့်ရာထူးတိုးပေးနိုင်ရေးအတွက် စစ်မေးသည့် ရေးဖြေစာမေးပွဲနှင့်လူတွေ့စာမေးပွဲများတွင် စစ်မေးလေ့ရှိသည့် အချက်အလက်များ

အပိုင်း(၁)

၁။ ၀န်ထမ်းများလိုက်နာရန် တာ၀န်(၁၂)ချက်

(က) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း ။
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါပြဋ္ဌာန်းချက်များကို လိုက်နာခြင်း ။
(ဂ) နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား၍ဆောင်ရွက်ခြင်း ။
(ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အလွဲသုံးစားမှုမပြုရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း ။
(င) မိမိအားပေးအပ်ထားသောတာ၀န်နှင့်၀တ္တရားများကို ကျေပွန်စွာထမ်းဆောင်ခြင်း ။
(စ) ဤဥပဒေအရပြုလုပ်သော နည်းဥပဒေ၊စည်းမျဉ်း၊စည်းကမ်းများ၊အမိန့်၊ညွှန်ကြားချက်များ၊ ၀န်ထမ်းအဖွဲ့အစည်းအလိုက် သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို လေးစားလိုက်နာခြင်း ။
(ဆ) ပါတီနိုင်ငံရေးကင်းရှင်းခြင်း ။
(ဇ) ပြည်ထောင်စုရာထူး၀န်အဖွဲ့ကသတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း ။
(စျ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာပြုမူနေထိုင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း ။
(ည) တာ၀န်အရ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ခြင်း ။
(ဋ) လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း ။
(ဌ) ပြည်သူကို ရိုသေလေးစားစွာ ၀န်ဆောင်မှုပေးခြင်း တို့ ဖြစ်ပါသည်။

၂။ ၀န်ထမ်းများခံစားခွင့့်ရှိသည့် အခွင့်အရေး (၁၈)ချက်

(က) အလုပ်တည်မြဲခွင့် ။
(ခ) လုပ်ငန်းခွင် အာမခံချက်ရခွင့် ။
(ဂ) လုပ်အား၊အတတ်ပညာ၊ တာ၀န်ထမ်းဆောင်မှုနှင့်လျော်ညီသည့်လစာ၊ ထောက်ပံ့ကြေး၊ခရီးစရိတ်နှင့် အခြားစရိတ်ခံစားခွင့် ။
(ဃ) ရာထူးတိုးမြှင့်ခွင့် ။
(င) ပညာလေ့လာဆည်းပူးခွင့် ။
(စ) ခွင့်ခံစားခွင့် ။
(ဆ) ထူးချွန်မှု၊စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်မှုတို့အတွက် ချီးမြှင့်ခြင်းကိုခံစားခွင့် ။
(ဇ) ဆေးစစ်ခံယူမှုနှင့် ဆေးကုသမှုခံယူခွင့် ။
(စျ) အငြိမ်းစားယူခွင့် ။
(ည) တာ၀န်ထမ်းဆောင်မှုကိုအကြောင်းပြု၍ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့အတွက် အထူးပင်စင်ခံစားခွင့် ။
(ဋ) အမျိုးသမီး၀န်ထမ်းဖြစ်ပါက တူညီသောအလုပ်အတွက် အမျိုးသား၀န်ထမ်းများနည်းတူ အကျိုးခံစားခွင့်အပြင် မီးဖွားခြင်းဆိုင်ရာအကျိုးခံစားခွင့် ။
(ဌ) ပါတီနိုင်ငံရေးနှင့်ကင်းရှင်းသော အသင်းအဖွဲ့များတွင် ပါ၀င်ခွင့် ။
(ဍ) ၀န်ထမ်းရေးရာခံစားခွင့်၊ဆုံးရှုံးနစ်နာမှုများနှင့်စပ်လျဉ်း၍ တင်ပြခွင့်၊ရှင်းလင်းထုချေခွင့်နှင့်အယူခံခွင့် ။
(ဎ) ရာထူးအနွယ်ပိုင်ဆိုင်ခွင့် ။
(ဏ) ကူးပြောင်းချိန်ပိုင်ဆိုင်ခွင့် ။
(တ) ပြင်ပ၀န်ထမ်းစည်းကမ်းချက်ဖြင့် လွှဲပြောင်းတာ၀န်ထမ်းဆောင်ခွင့် ။
(ထ) လုပ်သက်ဆုငွေနှင့် အငြိမ်းစားလစာခံစားခွင့် ။
(ဒ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာသတ်မှတ်သော အခြားခံစားခွင့် တို့ဖြစ်ကြပါသည်။

၃။ ၀န်ထမ်းများခံစားခွင့်ရှိသည့် ခွင့် (၁၀ ) မျိုး

(က) ရှောင်တခင်ခွင့်
(ခ) ကူးစက်ရောဂါကာကွယ်ခွင့်
(ဂ) လုပ်သက်ခွင့်
(ဃ) ဆေးလက်မှတ်ခွင့်
(င) မီးဖွားခွင့်
(စ) လစာမဲ့ခွင့်
(ဆ) ဆေးရုံခွင့်
(ဇ) အထူးမသန်စွမ်းခွင့်
(စျ) သင်္ဘောသားနာမကျန်းခွင့်
(ည) ပညာလေ့လာဆည်းပူးခွင့်

လင်္ကာ - ရှောင် ကူး လုပ် ဆေး ၊ မီး မဲ့ ရုံ စွမ်း နာ ညာ

၄။ ၀န်ထမ်းများ ရာထူးတိုးမြှင့်ခံစားခွင့်မရှိသည့် အခြေအနေ(၉) ရပ်

၀န်ထမ်းတစ်ဦးသည် ရာထူးတိုးမြှင့်ပေးရန် သတ်မှတ်ထားသောအရည်အချင်းများ ပြည့်စုံစေကာမူ -

(က) စာဖြင့်သတိပေးခြင်းပြစ်ဒဏ်ခံရလျှင် ယင်းသို့သတိပေးခြင်းခံရသည့်နေ့မှခြောက်လအတွင်း ရာထူးတိုးမြှင့်မပေးရ ။
(ခ) နှစ်တိုးလစာရပ်ဆိုင်းခြင်းပြစ်ဒဏ်ခံရလျှင် ယင်းသို့နှစ်တိုးလစာရပ်ဆိုင်းသည့်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ ။
(ဂ) တာ၀န်ထမ်းဆောင်ရာတွင် ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ကျွမ်းကျင်မှုမရှိ၍ဖြစ်စေ ပျက်စီးဆုံးရှုံးမှုအတွက် ဆုံးရှုံးမှုတန်ဖိုးအပြည့်အ၀ကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း ပေးလျော်ရသောကိစ္စမျိုးတွင် ဆုံးရှုံးတန်ဖိုးကိုပြန်လည်ပေးလျော်စေရန် အမိန့်ချမှတ်သည့်နေ့မှစ၍ တစ်နှစ်(သို့မဟုတ်) အကျေပေးလျော်ပြီးသည့်နေ့၊ ထိုနေ့နှစ်ခုတို့အနက် စောရာနေ့အထိ ရာထူးတိုးမြှင့်မပေးရ ။
(ဃ) ကိုယ်ကျင့်တရားပျက်ပြားမှုနှင့်အကျုံး၀င်သောပြစ်မှုဖြင့် တရားရုံး၏ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော်လည်း လက်ရှိရာထူးတွင်ဆက်လက်တည်ရှိနေသည့်အခါ ယင်းသို့ပြစ်ဒဏ်စီရင်ခြင်းခံရသည့်နေ့မှ တစ်နှစ်အတွင်း ရာထူးတိုးမြှင့်မပေးရ ။
(င) ချိန်နှုန်းလစာတစ်ခုအတွင်း လစာအဆင့် လျှော့ချခြင်းခံရလျှင် မူလလစာအဆင့်သို့ ပြန်လည်မရောက်မချင်း ရာထူးတိုးမြှင့်မပေးရ ။
(စ) ဌာနဆိုင်ရာစစ်ဆေးခြင်းခံနေရစဉ်အတွင်း ရာထူးတိုးမြှင့်မပေးရ ။
👍1
Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
AD,DD,TEO,DTEO,SO,MH,HH,JSO Old Questions.pdf
(ဆ) အပြစ်ကြောင့်ရာထူးလျှော့ချခြင်းခံရပါက ယင်းရာထူးလျှော့ချသည့် အမိန့်ပါသတ်မှတ်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ ။
(ဇ) ရာထူးတစ်ခုတွင် အစမ်းခန့်ထားခြင်းခံရစဉ်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ ။
(စျ) တာ၀န်မှယာယီရပ်ဆိုင်းထားခြင်းခံရစဉ်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ ။

၅။ ၀န်ထမ်းပြစ်ဒဏ် (၉) မျိုး

ဌာနဆိုင်ရာစစ်ဆေးမှုအရ ၀န်ထမ်းတွင်အပြစ်ရှိကြောင်း တွေ့ရှိရပါက အောက်ဖော်ပြပါပြစ်ဒဏ်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက်ပို၍ဖြစ်စေ နည်းဥပဒေ၊ စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ချမှတ်နိုင်သည် -
(က) စာဖြင့်သတိပေးခြင်း
(ခ) နှစ်တိုးလစာရပ်ဆိုင်းခြင်း
(ဂ) ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း
(ဃ) လစာနှုန်းအတွင်း လစာလျှော့ချခြင်း
(င) ရာထူးအဆင့်လျှော့ချခြင်း
(စ) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့်ဖြစ်စေ၊ ပေါ်ပေါက်သည့်ဆုံးရှုံးမှုတန်ဖိုးအပြည့်အ၀(သို့မဟုတ်) တစ်စိတ်တစ်ဒေသကို ပေးလျော်စေခြင်း ။
(ဆ) တာ၀န်မှယာယီရပ်ဆိုင်းခဲ့သည့်ကာလအတွက် လစာအပြည့်ခံစားခွင့်မပြုခြင်း သို့မဟုတ် ထိုကာလကို တာ၀န်ချိန်အဖြစ် မသတ်မှတ်ခြင်း
(ဇ) ရာထူးမှ ထုတ်ပယ်ခြင်း
(စျ) ၀န်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း တို့ဖြစ်ကြပါသည်။

၆။ ပင်စင်အမျိုးအစား (၇) မျိုး

(က) သက်ပြည့်ပင်စင်
(ခ) နှစ်ပြည့်ပင်စင်
(ဂ) နာမကျန်းပင်စင်
(ဃ) လျော်ကြေးပင်စင်
(င) အထူးပင်စင်
(စ) မိသားစုပင်စင်
(ဆ) လျှော့ပေါ့ပင်စင်

လင်္ကာ - သက် နှစ် နာ လျော်၊ ထူး မိ လျှော့

အပိုင်း(၂)

၇။ ၀င်စာများကို အရေးယူဆောင်ရွက်ရခြင်းရည်ရွယ်ချက် (၅) ချက်

(က) စာများပျောက်ဆုံးမှု မရှိစေရန် ။
(ခ) စာများပေါက်ကြားမှု မရှိစေရန် ။
(ဂ) လုံခြုံစွာ ထိန်းသိမ်းကွပ်ကဲနိုင်ရန် ။
(ဃ) လိုအပ်သည့်အခါ အလွယ်တကူ ရှာဖွေ တွေ့ရှိ ဆောင်ရွက်နိုင်စေရန် ။
(င) ရုံးလုပ်ငန်းများကို ထိရောက် မြန်ဆန် မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန် အတွက်ဖြစ်ကြပါသည်။

၈။ ထွက်စာများကို အရေးယူဆောင်ရွက်ရခြင်းရည်ရွယ်ချက် (၃) ချက်

(က) ထွက်စာ စာရင်း၊ ထွက်စာ ဦးရေ အတိအကျ သိရှိနိုင်ရန် ။
(ခ) နောင်တွင် ရည်ညွှန်းကိုးကားရန်လိုအပ်သည့်အခါ အလွယ်တကူရှာဖွေ တွေ့ရှိ ဆောင်ရွက်နိုင်စေရန် ။
(ဂ) ထွက်စာတစ်စောင်ကို မည်သည့်နေ့ရက်တွင် မည်သူ့ထံသို့ပေးပို့ခဲ့ကြောင်း အခိုင်အမာသိရှိနိုင်စေရန် တို့အတွက် ဖြစ်ပါသည်။

၉။ စာရွက်စာတမ်းများကို လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းရခြင်းရည်ရွယ်ချက် (၃) ချက်

(က) မိမိ ရုံး/ဌာန/အဖွဲ့အစည်းရှိ စာရွက်စာတမ်းများကို ပေါက်ကြားမှုမရှိစေဘဲ လုံခြုံစွာ ကိုင်တွယ် အရေးယူဆောင်ရွက်နိုင်စေရန် ။
(ခ) လုံခြံမှုအဆင့်အတန်းနှင့် ဦးစားပေးအဆင့်အလိုက် စာရွက်စာတမ်းများကို သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်နိုင်စေရန် ။
(ဂ) ရုံးလုပ်ငန်းများကို ထိရောက်မြန်ဆန်စွာ အရေးယူဆောင်ရွက်နိုင်စေရန် ။

၁၀။ စာရွက်စာတမ်းများ လုံခြုံမှုအဆင့်အတန်း (၅) မျိုး

(က) ထိပ်တန်းလျှို့ဝှက် ။
(ခ) လျှို့ဝှက် ။
(ဂ) အတွင်းရေး ။
(ဃ) ကန့်သတ် ။
(င) ရိုးရိုး ။

၁၁။ ရုံးစာရေးသားနည်း (၉) မျိုး

(က) စာတမ်း
(ခ) အကျဉ်းချုပ်စာ
(ဂ) အတိုချုံးရေးစာ
(ဃ) စာပေးစာယူ
(င) အမိန့်နှင့်ညွှန်ကြားချက်
(စ) အစည်းအဝေးမှတ်တမ်း
(ဆ) ခရီးသွားမှတ်တမ်း
(ဇ) လုပ်ငန်းမှတ်တမ်း
(စျ) လုပ်ငန်းစီမံချက်

လင်္ကာ - တမ်း ကျဉ်း တို ပေး၊ မိန့် ဝေး သွား လုပ် စီ

၁၂။ စာပေးစာယူအမျိုးအစား (၅) မျိုး

(က) အမှာစာ
(ခ) ရင်းနှီးမှုဖြင့်ပေးသောရုံးစာ
(ဂ) ကိုယ်ရေးစာ
(ဃ) ရုံံးတွင်းပေးစာ
(င) သာမန်ရုံးစာ

လင်္ကာ - မှာ ရင်း ကိုယ် ရုံး သာ

မှတ်ချက်။ အထက်ပါ အချက်(၁၂)ချက်မှာ ၀န်ထမ်းများတစ်ဆင့်မြင့်ရာထူးတိုး ရေးဖြေ/လူတွေ့ စာမေးပွဲများမှာ စစ်မေးလေ့ရှိပြီး၊ ၀န်ထမ်းတစ်ယောက်အနေနဲ့လည်း မဖြစ်မနေသိရှိထားသင့်တဲ့အချက်အလက်များ ဖြစ်ပါတယ်။

အသေးစိတ်ထပ်မံလေ့လာလိုပါက အောက်ပါ ကိုးကားစာအုပ်များတွင် လေ့လာနိုင်ပါတယ်။

ကိုးကား - ရုံးလုပ်ငန်းလက်စွဲစာအုပ် ၊ နိုင်ငံ၀န်ထမ်းဥပဒေစာအုပ်၊ နိုင်ငံ့၀န်ထမ်းနည်းဥပဒေစာအုပ်၊ ပြည်သူ့၀န်ထမ်းဂျာနယ်

👍2❤1
PPTT သင်တန်းတွင် လိုအပ်သည့်ပစ္စည်းစာရင်းနှင့်တစ်နေ့တာ လုပ်ဆောင်ရမည့်တာဝန်ဝတ္တရားများ

ဆရာများအတွက်.........လိုအပ်သည့်ပစ္စည်းစာရင်း✔

တိုက်ပုံအဖြူ ၊
ရှပ်အင်္ကျီအဖြူလက်ရှည် လည်ဂတုံး၊
ပုဆိုးအစိမ်းရောင်၊
ကတ္တီပါ(သို့)သားရေဖိနပ်၊ အကြမ်းစီးဖိနပ်၊
လွယ်အိတ်(သို့)လက်ဆွဲအိတ်
(ကောလိပ်မှ လက်ဆွဲအိတ်ပေးသော်လည်း ချက်ခြင်းမရပါ)၊
PT ဝတ်စုံ၊ဖိနပ်၊ခြေအိတ်အဖြူ (ကောလိပ်ရှိဆိုင်တွင်ဝယ်၍ရသည်)၊
A4 အဖြူရောင် ၁ ထုပ်၊
ဗလာစာအုပ် ၁ ဒါဇင်၊
ပုံဆွဲစာအုပ် အကြီး ၁ အုပ်၊
ဘောပင်၊ခဲတံ၊ပေတံ၊ပလတ်စတစ် စက်ဝိုင်းပြား၊Stapla၊စက္ကူကပ်ကော်တောင့်၊
ရေချိုးခန်းသုံးပစ္စည်း(ဆပ်ပြာ၊အဝတ်လျှော်ဆပ်ပြာ၊သွားတိုက်ဆေး၊သွားတိုက်တံ၊ရေပုံး၊ရေခွက်)၊
ခြင်ဆေး၊ကြမ်းပိုးနှင်ဆေး (အထူးလိုအပ်သည်)၊
ပလတ်စတစ်ကြိုး၊ကတ်ကြေး၊ခဲတံချွန်ဓား၊
စောင်၊ခြင်ထောင်၊ခေါင်းအုံး၊ဖျာ၊အိပ်ယာခင်း၊တိပ်၊
ထမင်းချိုင့်(သို့)ထမင်းဘူး၊ဇွန်း၊သောက်ရေခွက်၊ဓာတ်ဘူး၊ဓာတ်မီး၊ဖယောင်းတိုင်၊မီးခြစ်၊အိတ်ဆောင်ဆေးဝါးအချို့၊ဘုရားရှိခိုးစာအုပ်၊ ၁၀၈လုံး ပုတီး၊အဝတ်အစားအချို့၊အဝတ်လှန်းချိတ်၊ရေလဲပုဆိုး(သို့)ဘောင်ဘီ၊ဖုန်းအားသွင်းကြိုး၊Power Bank(အဆောင်တွင် အခန်းမီးမှလွဲ၍လျှပ်စစ်မီး သုံးစွဲခွင့်မရှိပါ။)
Portable fan (သို့) ယပ်တောင် ယူဖြစ်အောင်ယူသွားပါ။
(တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းများနှင့်စာရေးကိရိယာပစ္စည်းများအား ကောလိပ်ရှိဆိုင်တွင် ဝယ်ယူရရှိနိုင်ပါသည်။✌ ✌ ✌ )

ဆရာမများအတွက်........လိုအပ်သည့်ပစ္စည်းစာရင်း✔

အင်္ကျီအဖြူလက်ရှည် ခါးတိုရင်ဖုံး၊
ထဘီအစိမ်းရောင်၊
ခြေညှပ်ဖိနပ်အဖြူရောင်၊အကြမ်းစီးဖိနပ်၊
ခြုံထည်ပဝါ အစိမ်းရောင်၊
ဗိုးကလစ်အမည်း၊ယိုးဒယားကလစ်၊ခေါင်းစည်းသရေကွင်းအသေး၊အမျိုးသမီးသုံးပစ္စည်း၊အလှပြင်ပစ္စည်းအစုံအလင်၊
လွယ်အိတ်(သို့)လက်ဆွဲအိတ်
(ကောလိပ်မှ လက်ဆွဲအိတ်ပေးသော်လည်း ချက်ခြင်းမရပါ)၊
PT ဝတ်စုံ၊ဖိနပ်၊ခြေအိတ်အဖြူ (ကောလိပ်ရှိဆိုင်တွင်ဝယ်၍ရသည်)၊
A4 အဖြူရောင် ၁ ထုပ်၊
ဗလာစာအုပ် ၁ ဒါဇင်၊
ပုံဆွဲစာအုပ် အကြီး ၁ အုပ်၊
ဘောပင်၊ခဲတံ၊ပေတံ၊ပလတ်စတစ် စက်ဝိုင်းပြား၊Stapla၊စက္ကူကပ်ကော်တောင့်၊
ရေချိုးခန်းသုံးပစ္စည်း(ဆပ်ပြာ၊အဝတ်လျှော်ဆပ်ပြာ၊သွားတိုက်ဆေး၊သွားတိုက်တံ၊ရေပုံး၊ရေခွက်)၊
ခြင်ဆေး၊ကြမ်းပိုးနှင်ဆေး (အထူးလိုအပ်သည်)၊
ပလတ်စတစ်ကြိုး၊ကတ်ကြေး၊ခဲတံချွန်ဓား၊
စောင်၊ခြင်ထောင်၊ခေါင်းအုံး၊ဖျာ၊အိပ်ယာခင်း၊တိပ်၊
မြန်မာဝတ်စုံ လက် မတို/မရှည်လေးတွေထည့်သွားပါ၊
အဆောင်မှာညဘက်ဝတ်ရန် ဘောင်းဘီ/ဂါဝန်ယူသွားပါ(အဆောင်အပြင်ထွက်လျှင် ထဘီပဲဝတ်ရသည်။)
ထမင်းချိုင့်(သို့)ထမင်းဘူး၊ဇွန်း၊သောက်ရေခွက်၊ဓာတ်ဘူး၊ဓာတ်မီး၊ဖယောင်းတိုင်၊မီးခြစ်၊အိတ်ဆောင်ဆေးဝါးအချို့၊ဘုရားရှိခိုးစာအုပ်၊ ၁၀၈လုံး ပုတီး၊အဝတ်အစားအချို့၊အဝတ်လှန်းချိတ်၊ရေလဲထဘီအဟောင်း၊ဖုန်းအားသွင်းကြိုး၊Power Bank(အဆောင်တွင် အခန်းမီးမှလွဲ၍လျှပ်စစ်မီးသုံးစွဲခွင့်မရှိပါ။)
Portable fan (သို့) ယပ်တောင် ယူဖြစ်အောင်ယူသွားပါ။
(တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းများနှင့်စာရေးကိရိယာပစ္စည်းများအား ကောလိပ်ရှိဆိုင်တွင် ဝယ်ယူရရှိနိုင်ပါသည်။✌ ✌ ✌ )

တစ်နေ့တာလုပ်ဆောင်ရမည့်တာဝန် ဝတ္တရားများ...✔

ကောလိပ်ရှိအဆောင်စတင်ဝင်ရောက်သည့်ညတွင်အဆောင်မှူးများမှအဆောင်စည်းကမ်းများအားပြောပြပါမည်။
အဆောင်အတွက်ခေါင်းဆောင်(EC)များရွေးချယ်ပါသည်။
အဆောင်တာဝန်များနှင့် စားဆောင်တာဝန်များအားအလှည့်ကျစနစ်ဖြင့် တာဝန်ပေးပါသည်။
စာသင်ချိန် အချိန်စာရင်းအားမည်သည့်နေရာတွင်ကပ်ထားကြောင်းပြောပါလိမ့်မည်။
မိမိတက်ရောက်ရမည့်တန်းခွဲအား မှတ်ထားရန်လိုအပ်ပါသည်။

နံနက် ၅ နာရီ အချက်ပေးခရာမှုတ်ပါက အိပ်ယာမှထရသည်။(ထချင်သည်ဖြစ်စေ၊မထချင်သည်ဖြစ်စေ အိပ်ယာမှထရသည်။)
မိမိအိပ်ယာအား စနစ်တကျသိမ်းဆည်းရသည်။
PT ဝတ်စုံလဲ၍ PT ကွင်းထဲသို့ နံနက် ၅:၄၅ နာရီအရောက်အချိန်မီသွားရသည်။
(PT မလုပ်မီ အဆာပြေမုန့်တစ်ခုခုစားသွားပါ။)
နံနက် ၆ နာရီမှ ၆:၅၀ နာရီအထိ ကာယလေ့ကျင့်ခန်းများအား(ရုံးပိတ်ရက်များမှအပ)နေ့စဉ်ပုံမှန်ပြုလုပ်ရသည်။
PT ပြုလုပ်ပြီးပါက အဆောင်ပြန်၍ စာအုပ်ပြန်ယူပါ။
မိန်းကလေးများ ထဘီလဲပြီးမှ စာသင်ခန်းသို့သွားပါ။
စာသင်ခန်းထဲသို့ ဇွန်း၊ဟင်းနှင့်အကြော်အလှော်များ တစ်ပါတည်းယူသွားပါ။မယူသွားမိခဲ့ရင် စားဆောင်သွားပါက အဆောင်တွင်တစ်ခေါက်ထပ်ပြီးပြန်ယူနေရမှာစိုးလို့ပါ.. 
နံနက် ၇ နာရီမှ ၇:၅၀ နာရီအထိ ဖွံ့ဖြိုးရေးချိန် ၁ ချိန်ထပ်မံတက်ရောက်ရသည်။(ကာယ၊ဂီတ၊ပန်းချီ၊အိမ်တွင်းမှု/စက်မှု၊စိုက်ပျိုးရေး)
၇:၅၀ မှ ၉:၃၀ အထိအားလပ်ချိန်ဖြစ်ပါသည်။
ထိုအချိန်အတွင်း အောက်ပါတို့ကိုလုပ်ဆောင်ရသည်။
နံနက်စာ စားရန် စားဆောင်သို့သွားရသည်။
နံနက် ၈ နာရီ စားဆောင်ဖွင့်ပါသည်။
နံနက် ၈:၃၀ နာရီ စားဆောင်ပိတ်သည်။
မိန်းကလေးများ စားဆောင်သို့ ဘောင်းဘီဝတ်လာခွင့်မရှိပါ။
ယောက်ျားလေးများအတွက်တော့ PT ဝတ်စုံဖြင့်သွားခွင့်ရှိသည်။(စည်းကမ်းထဲမှာတော့ ဝတ်ခွင့်မရှိပါ။)
👍2
ပဲဟင်းတစ်မျိုးတည်းဖြင့်သာ နံနက်စာကျွေးသည်။
But....စား၍အလွန်ကောင်းပါသည်။
စားဖြစ်အောင်စားကြည့်ကြပါ။ 
စားဆောင်တွင် ထမင်းမစားလိုပါက ကောလိပ်ရှိ Canteen တွင်ဝယ်ယူစားသောက်နိုင်ပါသည်။
နေ့လယ်စာမကျွေးပါ....။
(နေ့လယ်စာ စားရန်အတွက် ထမင်နှင့်ဟင်းလျာများအားကြိုတင်ဝယ်ယူထားပါက ပို၍အဆင်ပြေပါမည်။
နေ့လယ်စာ စားချိန်ရောက်မှဝယ်ယူ၍လည်းရပါသည်။
တိုးဝှေ့၍မဝယ်လိုသူများကြိုတင်ဝယ်ယူထားကြပါ။)
ထမင်းစားပြီးပါက ရေချိုး၊အဝတ်အစားလဲ၊အချိန်စာရင်းအတိုင်း စာအုပ်များထည့်ပါ...။
ပုံနှိပ်စာအုပ်မရသေးပါက ဗလာစာအုပ်တွေသာယူသွားပါ။မိမိတန်းခွဲစာသင်ခန်းအား ရှာဖွေ၍နေရာယူပါ။
(A,B,C,D) စသည်ဖြင့်စာသင်ခန်းများအားသတ်မှတ်ထားပါသည်။

နံနက်ပိုင်း စာသင်ချိန် ၄ ချိန်သင်ရသည်။
နံနက် ၉:၃၀ နာရီမှ နေ့လယ် ၁၂:၃၀ နာရီအထိ နံနက်ပိုင်းစာသင်ချိန်ဖြစ်ပာသည်။စာသင်ချိန်တစ်ချိန်အတွက်ကြာချိန် ၄၅ မိနစ် ဖြစ်ပါသည်။(သင်ထောက်ကူ အချို / အချဉ်များ ကြိုတင်ဝယ်ယူသွားကြပါ...

နေ့လယ် ၁၂:၃၀ နာရီမှ ၁:၀၀ နာရီအထိ နေ့လယ်စာ စားချိန်ဖြစ်ပါသည်။
(မိမိအခန်းတွင်ထမင်းစားနိုင်သည်။
သို့မဟုတ်
Canteen တွင်သွားရောက်၍ဝယ်စားနိုင်သည်။)
မြန်မြန်စားတတ်ရန်ကြိုတင်လေ့ကျင့်ထားပါ။

ညနေပိုင်း စာသင်ချိန် ၄ ချိန်သင်ရသည်။
နေ့လယ် ၁:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ ညနေပိုင်းစာသင်ချိန်ဖြစ်ပါသည်။စာသင်ချိန်တစ်ချိန်အတွက်ကြာချိန် ၄၅ မိနစ် ဖြစ်ပါသည်။

ညနေပိုင်းစာသင်ချိန်ပြီးပါက အဆောင်သို့ပြန်၍ ဇွန်း၊ဟင်းနှင့်အကြော်အလှော်များပြန်ယူကာ စားဆောင်သို့သွားပါ။
ညနေ ၄:၀၀ စားဆောင်ဖွင့်ပြီး ၄:၃၀ စားဆောင်ပိတ်ပါသည်။
ကော်ဖီသောက်တတ်သူများ ရေနွေးဓာတ်ဘူးဖြင့် စားဆောင်မှရေနွေးယူနိုင်သည်။

ညနေ ၆ နာရီ အဆောင်တံခါးပိတ်ပါသည်။
အဆောင်တံခါးပိတ်ပြီးပါက အဆောင်မှူးများမှ လူစစ်ဆေးခြင်းဆောင်ရွက်ပါသည်။
အဆောင်မှူးများမှလူစစ်ဆေးပြီးနောက် ဘုရားရှိခိုးရပာသည်။
အမျိုးသမီးဆောင်များတွင် ၅:၃၀ နာရီ ဘုရားရှိခိုးရပါသည်။
ည ၇:၀၀ နာရီမှ ၉:၀၀ နာရီအထိ စာကျက်ချိန်ဖြစ်ပါသည်။ထိုအချိန်တွင် ဖုန်းသုံးစွဲခြင်းအား တားမြစ်ထားပါသည်။
ည ၉:၀၀ နာရီနောက်ပိုင်း ကိုယ်ပိုင်အချိန်ဖြစ်ပါသည်။

စားဆောင်တာဝန်ကျသူများ လုပ်ဆောင်ရမည့်တာဝန်ဝတ္တရားများ........

ကောလိပ်တွင် အဆောင်တာဝန်နှင့် စားဆောင်တာဝန်များအား နေ့စဉ် အခန်းလိုက် အလှည့်ကျ ဆောင်ရွက်ရသည်။

သင်တန်းသားများအတွက်.......✔

မိမိအခန်းတာဝန်ကျရက်ဖြစ်ပါက တာဝန်ရက်မတိ်ုင်မီ ညနေ ၆:၀၀ နာရီအချိန်မှစ၍ အဆောင်တံခါးသော့ပိတ်ကာ အဆောင်မှူးများလူစစ်ဆေးရန်အတွက် ခရာမှုတ်လူစုရသည်။
အဆောင်မှူးများ လူစစ်ဆေးပြီးပါက ဂျူတီစာရွက်တွင် အဆောင်မှူးလက်မှတ်ထိုး၍ အဆောင်သော့အားထိန်းသိမ်းထားရမည်။
ဘုရားရှိခိုးပြီးနောက် အဆောင်ရှိ အိမ်သာများအား သန့်ရှင်းရေးလုပ်ဆောင်ရပါသည်။
နံနက်တွင် ၅:၀၀ နာရီမတိုင်မီ အိပ်ယာထ၍ ၅:၀၀ နာရီထိုးသည့်အချိန်တွင် ခရာမှုတ် အချက်ပေးရသည်။
ထို့နောက် အဆောင်အတွင်းအပြင် တံမျက်စည်းလှည်း သန့်ရှင်းရေးပြုလုပ်၍ အမှိုက်အိတ်များဖြင့် အမှိုက်များအား စနစ်တကျ ထုပ်ပိုးကာ အဆောင်အပြင် လူမြင်သာသည့်နေရာတွင် ထားပေးရသည်။(ထိုအမှိုက်အိတ်များအား သန့်ရှင်းရေးဝန်ထမ်းမှ လာရောက်သိမ်းယူသွားပါလိမ့်မည်။)
နံနက် ၅:၃၀ နာရီတွင် အဆောင်တံခါးသော့ဖွင့်ပေး၍ ၅:၄၀ နာရီတွင် ခရာမှုတ်ကာ PT ကွင်းသို့သွားရန် အချက်ပေးရမည်။
ဂျူတီတာဝန်ကျ သင်တန်းသားများသည် PT ချိန်နှင့် ဖွံ့ဖြိုးရေးချိန်အား မတက်ရောက်ရပါ။
ဂျူတီကျ သင်တန်းသားများမှလွဲ၍ ကျန်သူများအားလုံး PT ကွင်းသို့သွားကြရမည်ဖြစ်ပါသည်။
ဂျူတီတာဝန်ကျစာရွက်အား PT Attendance စာအုပ်နှင့် ဖွံ့ဖြိုးရေးချိန် Attendance စာအုပ်တွင် မှတ်တမ်းရေးရန်အတွက် မိမိ၏ တန်းခွဲမှ သင်တန်းသားတစ်ဦးဦးအားပေးလိုက်ရပါမည်။
ထို့နောက် စားဆောင်သို့မသွားမီ ရေချိုး၊အဝတ်အစားလဲ၍ နံနက် ၇:၃၀ နာရီတွင် အဆောင်အားသော့ခတ်ကာ စားဆောင်သို့သွား၍ စားဆောင်တာဝန်များဆောင်ရွက်ရပါမည်။
အဆောင်သော့ခတ်ပြီးပါက ထိုအဆောင်သော့အား မိမိ၏ တန်းခွဲရှိ သင်တန်းသားတစ်ဦးဦးထံသို့ သွားရောက်ပေးထားလိုက်ပါ...။
စားဆောင်သို့သွားသည့်အခါ အဆောင်မှူးများ၏ ထမင်းချိုင့်များအား တစ်ပါတည်းယူသွား၍ စားဆောင်ဝန်ထမ်းများအားပေးအပ်ရမည်။ စားဆောင်မှပြန်သည့်အခါတွင်ပြန်လည်တောင်းယူလာခဲ့ရမည်။
စားဆောင်သို့ရောက်သည့်အခါ တံခါးများဖွင့်၍ စားသောက်သည့် စားပွဲများအား သန့်ရှင်းရေးပြုလုပ်ပေးရမည်။
ထို့နောက် လက်ဆေးရန်ရေပုံးများအားရေဖြည့်ပေးရမည်။
ပဲဟင်းခွက်များအား စားသောက်သည့်နေရာသို့သယ်ယူ၍လူဦးရေ စာရင်းအရ အဆင်သင့်ပြုလုပ်ပေးရမည်။
နံနက် ၈:၀၀ နာရီ စားဆောင်ဖွင့်ပါက ထမင်းစားမည့်သင်တန်းသားများအား ထမင်းပန်းကန်ထဲသို့ ထမင်းခူးခပ်ပေးရပါမည်။
နံနက် ၈:၃၀ နာရီတွင် စားဆောင်တံခါးများပိတ်၍ အဆောင်သို့ပြန်ရပါမည်။
နံနက် ၉:၁၅ နာရီတွင် ဂျူတီတာဝန်ကျ သင်တန်းသားမှ အချက်ပေးခရာမှုတ်၍ အဆောင်အားသော့ခတ်ကာ အားလုံးအဆောင်မှစာသင်ခန်းသို့ ထွက်ခွာကြရမည်ဖြစ်ပါသည်။
👍2
ဂျူတီတာဝန်ကျ သင်တန်းသားများသည် ညနေပိုင်းစာသင်ချိန် ၃:၀၀ နာရီထိုးသည့်အခါ ဘာသာရပ်သင် ဆရာအား ခွင့်တောင်း၍ စားဆောင်ဂျူတီပြုလုပ်ရန် အဆောင်သို့ပြန်ရမည်ဖြစ်ပါသည်။
အဆောင်တွင် အဝတ်အစားလဲ ခဏနားပြီးပါက ၃:၃၀ နာရီတွင် အဆောင်မှူးများ၏ ထမင်းချိုင့်ယူကာအဆောင်သော့ခတ်၍ စားဆောင်သို့သွားရပါမည်။
အဆောင်သော့အား မိမိ၏တန်းခွဲရှိ သင်တန်းသားတစ်ဦးဦးထံသို့ သွားရောက်ပေးထားခဲ့ရပါမည်။
စားဆောင်တာဝန်များအား နံနက်ပိုင်းတွင်ပြုလုပ်ရသကဲ့သို့ပြုလုပ်ပြီး ၄:၃၀ နာရီတွင် စားဆောင်တံခါးပိတ် အဆောင်သို့ပြန်ရန်ဖြစ်ပါသည်။
ညနေ ၆:၀၀ နာရီ တွင်အဆောင်တံခါးပိတ်၍အဆောင်သော့အား သက်ဆိုင်ရာ တာဝန်ကျ သင်တန်းသားထံသိုလွှဲပြောင်းပြီးပါက တာဝန်ချိန်ပြီးဆုံးပြီဖြစ်ပါသည်။

✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
(သင်တန်းသူများ၏ ဂျူတီပြုလုပ်ပုံအား မသိ၍ ချန်လှပ်ထားခဲ့ပါသည်။)

မှတ်ချက်။ ။တနင်္လာနေ့နှင့် သောကြာနေ့များတွင် ကျောင်းစုဝေးပွဲ(Assembly) အား သင်တန်းသား/သူများမပျက်မကွက်တက်ရောက်ရသည်။
ထိုနေ့တွင် အမျိုးသားများ တိုက်ပုံဝတ်၍၊ အမျိုးသမီးများ ပဝါခြုံကာ ပညာနေခြည်ခန်းမထဲသို့ နံနက် ၉:၀၀ မတိုင်မီ အရောက်သွားကြရသည်။
Assembly မှာနံနက် ၉:၀၀ နာရီမှ ၉:၃၀ နာရီအထိဖြစ်ပါသည်။ ထိုနေ့တွင်လုပ်ဆောင်ရမည့်တာဝန်များအား ပုံမှန်ရက်များထက်မြန်မြန်ပြုလုပ်ရန်လိုပါသည်။

✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖
အဆောင်တွင် ဖုန်းအားသွင်းခွင့်မပြုပါ။
Canteen တွင်ဖုန်းအားသွင်းနိုင်ပါသည်။
ဖုန်းတစ်လုံးအားသွင်းခ 100 ကျပ်ဖြစ်ပါသည်။
စာသင်ခန်းအတွင်း ဖုန်းသုံးစွဲခြင်းခွင့်မပြုပါ။
စာသင်နေစဉ်မိမိဖုန်းအား Silent ပြုလုပ်ထားပါ။
အဝတ်အစားများမီးပူတိုက်ချင်လျှင် Canteen ၌စုံစမ်းနိုင်ပါသည်။
မီးပူတိုက်ခ အဝတ်တစ်ထည် 50 ကျပ်ဖြစ်ပါသည်။

✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉
နိုင်ငံတော်မှ ထောက်ပံ့ကြေးအဖြစ် လစဉ် ၃၀၀၀၀ ကျပ်ထောက်ပံ့ပါသည်။
၁၅၅၀၀ ကျပ်ဖြင့် မနက်စာနှင့်ညစာ ထမင်း၂ နပ်အား ကောလိပ်မှ စီစဉ်ကျွေးမွေးပါသည်။
၁၄၅၀၀ ကျပ်အား သင်တန်းသား၊သင်တန်းသူများထံသို့ လစဉ်ပြန်လည်ထုတ်ပေးပါသည်။
(PPTT 5/18)

✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖
စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင်
Day Pass (or) Night Pass ခွင့်ပြုလေ့ရှိသည်။✔

Day Pass အိမ်ပြန်ခွင့်မရှိပါ။
နံနက် ၈:၀၀ နာရီမှ ညနေ ၄:၀၀ နာရီ အထိအပြင်ထွက်ခွင့်ပြုသည်။မှတ်တမ်းစာအုပ်တွင် ပြင်ပထွက်ခွာခွင့်ပုံစံဖြည့်၍ ထွက်ခွာချိန်နှင့် ပြန်ရောက်ချိန်အား တိတိကျကျလက်မှတ်ရေးထိုးရ၏။

Night Pass အိမ်ပြန်ခွင့်ရှိပါသည်။
သောကြာနေ့ ညနေ အတန်းချိန်ပြီးသည်နှင့် အိမ်ပြန်နိုင်သည်။
တနင်္ဂနွေနေ့ ညနေ ၄:၀၀ နာရီအရောက် အဆောင်သို့ပြန်ဝင်ကြရသည်။
မှတ်တမ်းစာအုပ်တွင် ထွက်ခွာချိန်နှင့် ပြန်လည်ရောက်ရှိချိန်အားအတိအကျ လက်မှတ်ရေးထိုးရ၏။

ဘဝတူ၊ ဝါသနာတူ သူငယ်ချင်းမိတ်ဆွေတွေနဲ့တွေ့တဲ့အခါ ကောလိပ်မှာနေရတာ အလွန်ပျော်ရွှင်ဖို့ကောင်းတယ်ဆိုတာက်ို သိသွားမှာပါ....။
စိတ်ပျက်အားလျော့ခြင်းမရှိဘဲ ဇွဲရှိရှိနဲ့ရှေ့ကိုလျှောက်လှမ်းနိုင်ပါစေဗျာ.....။

PPTT(5/18)
သင်္ကန်းကျွန်းပညာရေးကောလိပ်အတွေ့အကြုံဖြစ်ပါသည်။
By- (W-Cockroach) — feeling ကိုယ့်တုန်းကလို အခက်အခဲမရှိရလေအောင်.
👏3
ပညာရေးကောလိပ်အလွမ်းပြေ
❤7
အိပ်ချင်ပြေဟာသလေးပါ။
😀😀😀😀😀😀😀😀

ငါတို့ဘဝတွေလဲ ဆရာ/ဆရာမအလုပ်ကထွက်ပြီး အကြော်ဘဲ ပြေးကြော်ရတော့မလိုလို/သံပရာသီးဘဲ ပြေးသုပ်ရတော့မလိုလို လမ်းတွေပျောက် 😁
👍19🥰1