Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
15.9K subscribers
3.72K photos
90 videos
1.2K files
507 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ပင်စင်ဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစာယူသည့်အခါ အငြိမ်းစား အကျိုးခံစားခွင့်များကို အငြိမ်းစားယူသည့်လနှင့်တစ်ဆက်တည်း ရရှိနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ နည်းဥပဒေများ
နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ပင်စင်အကျိုးခံစားခွင့်အမြန်ရရှိရေးအတွက် ပင်စင်အမျိုးအစားအလိုက် ပါဝင်ရမည့်ပုံစံနှင့် မှတ်တမ်းများ ပြည့်စုံစွာပြုစုပေးစေလိုပါသည်။

သက်ပြည့်/နှစ်ပြည့်/လျော်ကြေး/လျှော့ပေါ့/နာမကျန်း ပင်စင်အမှုတွဲ တွင် ပါဝင်ရမည့်ပုံစံနှင့်မှတ်တမ်းများ -

(၁) ပင်စင်နှင့်ဆုငွေလျှောက်လွှာပုံစံဖြည့်သွင်းခြင်း၊
အရာထမ်းများအတွက် CSR -26 ပုံစံ (၂)စုံ
အမှုထမ်းများအတွက် CSR -25 ပုံစံ (၂)စုံ

(၂) ပင်စင်စား၏ဝန်ခံချက်(၂)စုံနှင့်ပင်စင်စား၏ကြေငြာချက်(၂)စုံ၊

(၃) Service book၊

(၄) ပြတ်တောက်နေသည့်အမှုထမ်းသက္များရှိလျှင် ဆက်စပ်ခွင့်ပြု
ကြောင်းခွင့်ပြုမိန့်နှင့် ပထမလုပ်သက်အတွက် အမှုထမ်းသက်
် မှတ်တမ်း၊

(၅) ဓါတ်ပုံ (၄)ပုံနှင့် ထိုးမြဲလက္မှတ်(၄)စုံ၊

(၆) အမှုထမ်းများအတွက် လက်ဝဲလက်ဗွေပုံစံ(၄)စု၊

(၇) နောက်ဆုံးထုတ်လစာလက္မှတ်(LPC)၊

(၈) ယာယီပင်စင်နှင့်ဆုငွေထုတ်ယူထားပါကငွေပေးမိန့်မိတ္တူ(၁)စုံ၊

(၉) ထုတ်ယူခြင်းမရှိပါက မရှိကြောင်းထောက်ခံချက်၊

(၁၀) နိုင်ငံ့ဝန်ထမ်းချေးငွေ(GEB)ချေးယူထားပါက ခုနှိမ်ရန်
ကျန်ရှိသည့် အရင်းအတိုးပေးသွင်းပြီးကြောင်းထောက်ခံချက်နှင့်
အခြားငွေကြေးကိစ္စများမရှိကြောင်းထောက်ခံချက်၊

(၁၁) သက်ပြည့်/နှစ်ပြည့်/လျော်ကြေး/လျှော့ပေါ့/နာမကျန်းပင်စင်
ခွင့်ပြုမိန့်၊

(၁၂) ချို့တဲ့ကာလ ပေါင်းခွင့်ပြုလိုပါက ပေါင်းခွင့်ပြုသည့်အမိန့်စာ၊

(၁၃) အထက်ပါပုံစံနှင့်မှတ်တမ်းများတွင် ပင်စင်ပေးပိုင်ခွင့်ရှိသူက
လက္မှတ်ရေးထိုးရန်၊

(၁၄) နာမကျန်းပင်စင်အတွက်သက်ဆိုင်ရာဆေးဘုတ်အဖွဲ့ကသတ်မှတ်
ခွင့်ပြုသည့်နာမကျန်းဆေးလက္မှတ်မူရင်း။

အထက်ပါအချက်များ ပြည့်စုံမှန်ကန်မှုရှိ-မရှိ စိစစ်ရန် အချက္များ ကိုလည်း ဌာနအဖွဲ့အစည်းများအားလုံးသို့ ဖြန့်ဝေပေးထားပါသည်။

ထပ်မံသိရှိလိုပါက ပင်စင်ဦးစီးဌာန၏ ပူးတွဲပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Credit: ပင်စင်ဦးစီးဌာန
👍2
AD,DD,TEO,DTEO,ATEO,SO,ဒုဦးစီးရာထူးတိုးအတွက်လေ့လာရန်မေးခွန်းဟောင်းများ။

အားနည်းချက်။ ။ရသမျှရှာထားတာကြောင့် အစဉ်လိုက်မဟုတ်ပါ။အဖြေအချို့မပါ။
👍3
ပိတ်ရက်
1
ရက်နီးလာပြီဆိုတော့ ဖြေဆိုရမဲ့
နေ့ရက်၊ဘာသာရပ် မမှားအောင်
ထပ်မံသတိပေးတာပါ
*ဇာတ်လမ်းကောင်း အင်္ဂါရပ် (၆)မျိုး*

ပျိုး၊နှိုး၊တက်၊ထွတ်၊ဆင်း၊သိမ်း

ပျိုး>ဇာတ်ပျိုး

နှိုး>ဇာတ်နှိုး

တက်> ဇာတ်တက်

ထွတ်>ဇာတ်ထွတ်

ဆင်း>ဇာတ်ဆင်း

သိမ်း>ဇာတ်သိမ်း

(၁)ဇာတ်ပျိုး(ဇာတ်ချီ)-

ဇာတ်လမ်းအစပျိုးသည့်အပိုင်းပင်။ ဇာတ်ဆောင်နှင့် စာဖတ်သူကို မိတ်ဆက်ပေးသည့် အပိုင်းပင်။

(၂)ဇာတ်နှိုး-

စိတ်ဝင်စားဖွယ်ဖြစ်ရပ်များနှင့် စာဖတ်သူအား ရှေ့ဆက်၍ ဘာဖြစ်မည်ကို သိချင်စိတ် နှိုးဆွပေးသော အပိုင်းပင်။

(၃)ဇာတ်တက်-

အားပြိုင်မှုများ၊ မြှုပ်ကွက်များ၊ စိတ်လှုပ်ရှားစရာဖြစ်ရပ်များနှင့် စာဖတ်သူ၏ သိလိုစိတ်ကို နှိုးဆွပေးပြီး ဇာတ်ရှိန်တက်လာစေသော အပိုင်းပင်။

(၄)ဇာတ်ထွတ်-

စိတ်လှုပ်ရှားမှုများ၊ သိချင်စိတ်များ အထွတ်အထိပ်ရောက်စေသည့် အပိုင်းပင်၊

(၅)ဇာတ်ဆင်း-

ပြဿနာအားလုံးရှင်းလင်းပြီး ပြေသွားသည့်အပိုင်း၊ စာဖတ်သူသိချင်နေသော အဖြေကိုဖြေရှင်းပေးလေ့ရှိသော အပိုင်းပင်။

(၆)ဇာတ်သိမ်း-

ဇာတ်လမ်းတစ်ခုလုံး၏ အဆုံးသတ်အပိုင်းပင်။
#ကလေးကမေးလို့ပါ

" ကစား နဲ့ ကစီ ကို /ဂဇား/ /ဂဇီ/ လို့ အသံပြောင်းထွက်ပြီး ကဆုန် ကိုတော့ /ကဆုန်/ လို့ပဲ အသံမပြောင်းဘဲ ထွက်တာ ဘာကြောင့်ပါလဲ။ ကလေးကမေးလို့ပါ။ ပြီးတော့ ကိုယ်တိုင်လည်း ကျကျနန သိချင်လို့ပါ။"

မက်စင်ဂျာကနေ စာပို့လာသည်။ အသံပြောင်းလဲ ခြင်း အခြေခံဖြစ်သော အဃောသ၊ ဃောသ၊ သိထိလ၊ ဓနိတ အက္ခရာတို့ကိုတော့ သိထားရပေမည်။

အသံပြောင်းရာမှာ ယေဘုယျအားဖြင့် စကားသံ တစ်ခုနဲ့တစ်ခု အပိတ်စပ်ရွတ်တဲ့အခါ အဃောသသံတွေက ဃောသသံတွေ ဖြစ်သွားကြတာပါ။ ယေဘုယျလို့ ဆိုရတာက တချို့တွေမှာ အပိတ်စပ်ရှိပေမဲ့ ဃောသသံ မပြောင်းတတ်လို့ပါ။ ထားတော့... မေးတာကိုပဲ ဖြေကြည့်ပါ့မယ်....

မတြာဝက် အ အသံ (လူအ မှာ ပါတဲ့ အ အသံ မဟုတ်ဘူးနော်) ရဲ့နောက်ကလာတဲ့ ဗျည်းသည် အဃောသ ဖြစ်သော်လည်း ဃောသသံမပြောင်းပေ။

အခု
အစား
အပူ

မတြာဝက်ဗျည်း (ဗျည်းသံက အသံပြည့်မထွက်ဘဲ အသံတစ်ဝက်ထွက်တာ) နောက်က အဃောသ သံတွေဟာ ဃောသ သံတွေအဖြစ်ပြောင်းထွက်ကြတယ်။ အသံပြောင်းရာမှာ ရှေ့အက္ခရာကော၊ နောက်အက္ခရာပါ အသံပြောင်းကြတယ်...

ကစား/ဂဇား/
ကစီ /ဂဇီ/
ကစော်/ဂဇော်/
စကား/ဇဂါး/
စပါး/ဇဘား/
တကာ /ဒဂါ/
တံတွေး / ဒဒွေး/

မတြာဝက်ဗျည်း (ဗျည်းသံက အသံပြည့်မထွက်ဘဲ အသံတစ်ဝက်ထွက်တာ) နောက်က ဓနိတဗျည်း ရှိရင် အသံမပြောင်းဘူး။ မေးထားတဲ့ ကဆုန် မှာ ဆ က ဓနိတအက္ခရာ ဖြစ်တယ်.. ဒါကြောင့် ကဆုန် က အသံမပြောင်းခြင်း ဖြစ်ပါတယ်..

ကဆုန်
ကထိန်
စခန်း
ပခုံး
ပဆစ်

(ခြွင်းချက်တော့ ရှိမယ်ခင်ဗျ.. တံခါး/ဒဂါး/၊ တံချူ /ဒဂျူ/၊ တံခွန် / ဒဂွန်/)
သဒ္ဒဗေဒမှာတော့ အသေးစိတ် ဥပဒေသတွေ ရှိမယ်ခင်ဗျ။"

(ကိုးကား မောင်သာနိုး၏ မြန်မာ့စကားနဲ့စာပေ)
👍1
မြန်မာ့စကားသံပြောင်းလဲမှုစနစ်
===================

အေးအေး နေချင်သော်လည်း မနေနိုင်လို့ ရေးရပြန်ပါပြီ။
===================

မြန်မာစကားသံ
ပြောင်းလဲမှု စနစ် (phonology) နဲ့ ပတ်သက်လို့ မေးခွန်းအချို့ တင်ပြပါတယ်။
မေးထိုက်သော မေးခွန်းများ ဖြစ်ပါတယ်။

သူ့အမေးများကို ပြေလည်အောင်ဖြေကြားဖို့အတွက် ၊ မြန်မာ phonology နဲ့ ပတ်သက်လို့ စည်းမျဉ်း ဥပဒေသ တော်တော် များများကို
တင်ပြပြီး လက်ဝင် ဝင် အချိန် ယူပြီး
ရှင်းပြဖို့ လိုအပ်တာမို့ ချက်ချင်း ဖြေရှင်းပြဖို့ အချိန်မရှိတာကြောင့် ဒီနေ့မှပဲ ရေးပြရတာဖြစ်ပါတယ်။

သူ့အမေးများကို မြန်မာ phonology စနစ်အရ အဓိပ္ပာယ် ရှိအောင် အောက်ပါအတိုင်း
ပြန်လည် တင်ပြအပ်ပါတယ်။

ပထအမေးခွန်း……

မြန်မာစာအရေးအရ
၁၊ ကစား ကို ဂဇား
၂၊ ကစီ ကို ဂဇီ
၃၊ စကား ကို ဇဂါး
၄၊ စပါး ကို ဇဘား ဟူ၍

ဝဏ္ဏနှစ်ခုရှိသော ဒွိဝဏ္ဏ ဝေါဟာရတို့၌
ဝဏ္ဏတိုင်း၏ သံညှင်းများသည်
သက်ဆိုင်ရာ သံပြင်း ဗျည်းများ အဖြစ် ပြောင်းသွားသော်လည်း

၆၊ ကဆုန်
၇၊ ကထိန်
၈၊ စခန်း
၉၊ ပဆစ်
၁၀၊ ပခုံး တို့သည် အလားတူ
ဒွိဝဏ္ဏ ဝေါဟာရများဖြစ်သော်လည်း အဘယ့်ကြောင့် အသံပြောင်းလဲမှု မဖြစ်ပါသလဲ။

အ ဖြေ (၁)
မြန်မာစကားသည် အဓိကလက္ခဏာအားဖြင့် ၊ ဝဏ္ဏတိုင်းက အဓိပ္ပာယ် ကိုပေးသည့် ၊ ဧကဝဏ္ဏဘာသာစကားဖြစ်သော်လည်း ၊ ဝဏ္ဏတခုချင်း အဓိပ္ပာယ် ရှင်း၍မရသော ဒွိဝဏ္ဏ
နှင့် ဗဟုဝဏ္ဏ ဝေါဟာရများ မြန်မာစကားတွင် အတော်များများရှိပါသည်။

ဥပမာအဖြစ် ကလိုင် ကညစ် ကညင်
ခဝဲ ခဝါ ခလောက် ခရေ ခရမ်း ခလုတ်
ငရုတ် စနက် ဇယား ဇရပ် ဇလုံ
ပလိုင်း ပလုံး ဂဇော် ပခြုပ်
ဂမုန်း ဂဝံ ထရံ ဒလက် ဒလန်

စသည်ဖြင့် ပထမ ဝဏ္ဏသည် မတြာဝက် သရ ဖြစ်သည့် ဒွိဝဏ္ဏများ အမြောက်အမြားရှိပါသည်။ဤကဲ့သို့ ဧကဝဏ္ဏ တလုံးချင်း အဓိပ္ပာယ် ဖေါ်၍မရသော ဗဟုဝဏ္ဏနှင့် ဒွိဝဏ္ဏဝေါဟာရတို့ကို အသံပြောင်းလဲမှုမရှိပဲ အရှိအတိုင်း ပြောဆိုသုံးစွဲကြရသဖြင့် ငှင်းတို့သည် မွေးစား ဟောဟာရဖြစ်စေ မြန်မာဝေါဟာရ အစစ်ဖြစ်စေ မြန်မာ့ phonology လေ့လာမှုတွင် ထည့်သွင်း စဉ်းစားရန်မလိုတော့ပါ။

phonology ဆိုသည်မှာ အသံပြောင်းလဲဖြစ်ပေါ်မှုကိုသာ လေ့လာရသော ပညာရပ် ဖြစ်ပါသည်။

ငှင်း ဝေါဟာရတို့သည် မည်သည့် အခြေအနေ၌ ဖြစ်စေ အသံပြောင်းလဲမှု မရှိသဖြင့် ယင်းတို့ကို phonology တွင် ထည့်သွင်းစဉ်းစားရန် မလိုအပ်ခြင်းဖြစ်ပါသည်။

ဤကဲ့သို့သော ဗဟုဝဏ္ဏ နှင့် ဒွိဝဏ္ဏဝေါဟာရတို့ကို မြန်မာ phonology တွင် ထည့်သွင်းစဉ်းစားရန်မလိုကြောင်း စေစောပိုင်းက post တခုတွင် စာရေးသူ တင်ပြခဲ့ဖူးပါသည်။

အထက်တွင်တင်ပြခဲ့သော ဝေါဟာရ
၁ မှ ၁၀ တို့သည် ဤကဲ့သို့သော ဒွိဝဏ္ဏ အမျိုးအစားများဖြစ်ပါသည်။

ကထိန် သည် ပါဠိ ကထိန မှ လာသော်လည်း ငှင်း ကို မြန်မာမှု ပြုပြီးသောအခါ
မြန်မာ ဒွိဝဏ္ဏအမျိုး အစား ပင်ဖြစ်လာပါသည်။

ကဆုန်သည် ကုဆုန်မှလာသည်ဖြစ်စေ
ခုဆုန်မှ လာသည် ဖြစ်စေ မြန်မာစကားတွင် ဒွိဝဏ္ဏအဖြစ် ထာဝရ အသံပြောင်းလဲမှုမရှိဖြင့်
အသံပြောင်းလဲမှုစနစ်တွင် ထည့်သွင်းစဉ်းစားရန် မလိုသော ဝေါဟာရဖြစ်ပါသည်။

အခြား ၁ မှ ၄ ရှိဝေါဟာရများ
(ဂစား ဂဇီ ဂဇား စပါး ) တို့သည်လည်း
မြန်မာစကား စစ်စစ်ဖြစ်စေ မွေးစားဝေါဟာရဖြစ်စေ ငှင်းတို့ကို မည်ကဲ့သို့ရေးသည်ဖြစ် ၊
ပြောသူတို့က ယင်းတို့၏ သံညှင်းများကို
ဖိုနင်းအဖြစ် မှတ်ယူသည် မယူသည်ဖြစ်စေ ၊
မည်သည့် အခြေအနေတွင်မှ အသံပြောင်းလဲမှု မရှိသဖြင့် phonology တွင် ထည့်သွင်းစဉ်းစားရန်မလိုပဲ ပြောသံအတိုင်း သာ အသိအမှတ်ပြုရသည့် ဝေါဟာရများဖြစ်
ပါသည်။

ဤ ၁ မှ ၄ ဝေါဟာရတို့တွင်

အရေးအက္ခရာဖြစ်သော
က စ ပ သံညှင်းဗျည်းများသည် ဖိုနင်းများ ဖြစ်သဖြင့် ယင်းတို့၏ သံပြင်းသို့ ပြောင်းလဲမှုကို ကြိုတင် ပြောင်းလဲပြီးသော အသံများ (predetermined variation) predetermined allophones များဟုလည်း ရှင်းပြနိုင်ပါသည်။
================

ဒုတိယ မေးခွန်း

ကဆုန် ကထိန် စခန်း ပဆစ် ပခုံး
တို့တွင် အထက်တွင် တင်ပြခဲ့သည့်အတိုင်း အသံပြောင်းလဲမှု မရှိသော်လည်း တံခါး တံချူ တံခွန် တံစဉ် တို့သည် အဘယ်ကြောင့်

ဒဂါး ဒဂျူ ဒဂွန် ဒဇင် သို့ ပြောင်းသွားပါသလဲ။

အဖြေ

အထက်တွင် တင်ပြခဲ့သည့်အတိုင်း
ကဆုန် ကထိန် စခန်း ပခုံး ပဆစ်
တို့သည် ဧကဝဏ္ဏလုံးချင်း အဓိပ္ပာယ် ဖွင့်မရသော ဒွိဝဏ္ဏများဖြစ်သဖြင့် ဧကဝဏ္ဏစနစ်တွင် အကျုံး မဝင်သော ဒွိဝဏ္ဏများဖြစ်ပါသည်။

မည်သည့်အခြေအနေတွင်မှ အသံပြောင်းလဲမှု မရှိသဖြင့် phonology တွင်ထည့်သွင်းစဉ်းစားရန် မလိုသည့်ဝေါဟာရများဖြစ်
ပါသည်။ phonology တွင် ပြောင်းလဲမှာကိုသာလေ့လာရန်လိုပါသည်။

မပြောင်းလဲသည်ကို လေ့လာရန်မလိုပါ။

တံခါး တံချူ တို့တွင် မူ
တံနှင့် ချူ တို့သည် လုံးချင်းအဓိပ္ပာယ်ရှိသော
ဧကဝဏ္ဏ များဖြစ်သဖြင့် ဧကဝဏ္ဏ phonology စည်း မျဉ်းအရ ငှင်းတို့၏ အသံပြောင်းပုံကို ရှင်းပြနိုင်ပါသည်။

၎င်းတို့သည်
Word level စကားလုံအဆင့်၌ နာမ်များ ဖြစ်သဖြင့် ဝဏ္ဏနှစ်ခုသည် ရှေးဦးစွာ
အတွင်းအပိတ်တွဲ (internal close juncture)တွင် ပေါင်းစပ်သည်။

အတွင်းအပိတ်တွင် ပေါင်းစပ်သော ခါ ပထမ ဝဏ္ဏမှ သရ သည် မတြာဝက်သို့ ပြောင်းသဖြင့် ပထမအဆင့်တွင်

တခါး တချု ဖြစ်လာပါသည်။

အတွင်းအပိတ်တွဲတွင် ဒုတိယ ဝဏ္ဏမှ သံညှင်း
(Obstruent) ပိတ်ဆို့ ရုန်းပွင့် ပွတ်တိုက်ဗျည်းသည် သံပြင်းသို့ပြောင်းသဖြင့် ဒုတိယအဆင့်တွင်

တဂါး တဂျူ ဖြစ်လာပါသည်။

အတွင်းအပိတ်တွဲတွင် ဒုတိယဝဏ္ဏမှ obstruent ဗျည်းသည် သံပြင်းဖြစ်သွားသောအခါ ပထမဝဏ္ဏမှ obstruent သံညှင်းဗျည်းသည်လည်း သံပြင်း ဖြစ်လာပါသည်။

ထို့ကြောင့် တတိယအဆင့်တွင်

တဂါး သည် ဒဂါး
တဂျူ သည် ဒဂျူ ဖြစ်လာပါသည်။
သံပြင်း ရောင်ပြန် ဟပ်ခြင်း voiced reflection ဟု ခေါ်ပါသည်။

အလားတူ ဉပမာများမှာ

တန်ခိုး > ဒဂိုး power
စားကျက် > ဇဂျက် pasture
ခုတင် > ဂဒင် bed
ခံတွင်း > ဂဒွင်း oral, inside the mouth
ကြမ်းပိုး > ဂျဘိုး floor bug
ပန်းတိမ် > ဗဒိန် goldsmith
ပန်းတင်း > ဗဒင်း tinsmith

စသည် တို့ဖြစ်သည်။

ကျန်ရှိသော ဝေါဟာရနှစ်ခု

တံစဉ်/ဒဇင်
တံခွန်/ဒဂွန် တို့ကို အမြင်နှစ်မျိုး နှင့် ချဉ်းကပ်နိုင်ပါသည်။

ပထမ အမြင်မှာ အထက်တွင် ရှင်းပြခဲ့သော
စဉ်းစားရန်မလိုအပ်သော ဒွိဝဏ္ဏဝေါဟာရများအဖြစ်မှတ်ယူရန်။

ဒုတိယ အမြင်မှာ စိတ်ဖြာနိုင်သော ဧက ဝဏ္ဏဝေါဟာရများအဖြစ်သဘောထား၍

တံခါး နှင့် တံချူ ကဲ့သို့ရှင်းပြရန်ဖြစ်ပါသည်။

ငြိမ်းချမ်း - ဗိုလ်ချုပ်ရွာ ၏ မူလ အမေးတွင် ပါဝင်သည့် တကာ သည် ပါဠိ ဒကာ (အပြောတွင် ထာဝရ ဒဂါ ) သာဖြစ်ပါသည်။ တကာ မဟုတ်သဖြင့် အပြောတွင် ထာဝရ “ဒဂါ” သာဖြစ်သဖြင့် ရှေးဦးစွာတင်ပြခဲ့သော ဝေါဟာရ ၁ မှ ၁၀ ကဲ့သို့ပင် သဘောထား၍ ဖြေရှင်းနိုင်ပါသည်။

နိဂုံးချုပ် အမှာစကား
မည်သည့် ဘာသာစကားတွင်မဆို
Phonology သည် ရှင်းပြရန် အခက်ခဲဆုံးသော ထွေပြားရှုပ်ထွေးဆုံးသော ပညာရပ်
ဖြစ်ပါသည်။

ထို့ကြောင့် မည်သည့် ဘာသာစကားအတွက်မဆို သဒ္ဒါဆိုင်ရာ စာအုပ်စာတမ်းများ မှိုလိုပေါက်အောင် ရှိနေသော်လည်း ဘာသာစကားတခုလုံးအကျုံးဝင်အောင် ရှင်းပြသည့်
Phonology စာအုပ်စာတမ်း အလွန်ရှားပါသည်။

မြန်မာ phonology စနစ်တွင် ထည့်သွင်းစဉ်းစားရသော အကြောင်း အချက်များမှာ

၁။ ဘာသာစကား၏အဆင့်
Linguistic level
Sentence level လော
Phrase level. လော
Word level လော
၂။ လေ့လာနေသော ဝေါဟာရအမျိုးအစား
အဆက်အကပ် particle လော
ကြိယာလော နာမ်လော စသည်။
၃။ စကားပြောသော အရှိန် tempo
အမြန်ပြောသလော နှေးနှေးပြောသလော
ဖိသံလော ဖော့သံလော
အပိတ်တွဲ close juncture လော အဖွင့်တွဲ
open nuncture လော စသည့်
ဆန်း prosody ၏သဘောတရားများ
၄။ လေ့လာနေသော ဝေါဟာရ ရှိ
ဗျည်း သရ တို့၏ အမျိုး အစားများ
နှင့် ငှင်းတို့၏ ရှေ့နောက် အစဉ် နေရာ
အနေအထား။ type of phonetic
segments and phonetic environment
၅။ မူလ မြန်မာဝေါဟာရလော မွေးစား
ဝေါဟာရလော

စသည့် အကြောင်းအချက် factor များသည်
တခုနှင့် တခု အားပြိုင်ခြင်း ထောက်ကူခြင်း ဆန့်ကျင်ခြင်း စသည်ဖြင့် နည်းအမျိုးနှင့် interact လုပ်နေကြပါသည်။

ထို့ကြောင့် ဘာသာစကားတို့၏ phonology သည် သဒ္ဒါ လေ့လာမှုထက် ရှုပ်ထွေး ခြင်း
ကျယ်ပြန့်ခြင်း ဖြစ် ပါသည်။

စာရေးသူ၏

မြန်မာဘာသာစကား၏ အသံပြောင်းလဲမှု
စနစ်

The Phonology of the Myanmar Language စာအုပ်တွင် အသေးစိတ် တင်ပြထားသည်ကို လေ့လာနိုင်ပါသည်။

ဤအကြောင်းအရာများနှင့် ပတ်သက်၍
အချိန်ရရင် ရသလောက် ဆက်လက်တင်ပြပါမည်။


ပါမောက္ခ ဒေါက်တာသိန်းထွန်း
1👍1
အထက်တွင် တင်ပြခဲ့သော
အဖြေများတွင် မပါဝင်ပဲ ကျန်ခဲ့ သည့် အောက်ပါ ဝေါဟာရ လေးခုရှိပါသည်။

ငှင်းတို့မှာ အခု အပူ အစား တံတွေး
တို့ဖြစ်ပါသည်
===============

အခု ကို မည်သည့် အနေအထား ၌ဖြစ်စေ
ထာဝရ အဂု ဟုသာ အသံထွက်သည်။

အဂု သည် လေးခု ခြောက်ခု ဟူသော အရေအတွက်ပြ အဆက် အကပ် မှ မလာ ပဲ ၊
ယခု ဟူသောအပြောစကားမှ သက်လာသည် ဟု ယူပါမည်။

ထို့ကြောင့် နာမ်ပြု ရှေ့ဆက် မတြာ ဝက်
သရနှင့် “ယခု” မှ “ခု” သည် အပိတ်တွဲတွင် ပေါင်းစပ်ပါသည်။ အပိတ်တွဲတွင် ဒုတိယဝဏ္ဏမှ သံညှင်းသည် သံပြင်းသို့ ပြောင်းသ
ဖြင့် “အခု” သည် ပြောစကား၌ “အဂု”ဖြစ်လာခြင်းဖြစ်ပါသည်။
==================

တံတွေး > ဒဒွေး

အပူ အစား

ငှင်းတို့ကို ဆက်၍ရှင်းပြပါမည်။

အပူ အစား တို့သည်
ပူ စား (ဥပမာ “ပူသည်” “စားသည်” ဟူသော ကြိယာတို့ မှ ကြိယာဖြစ် သော ပူ
စား တို့ရှေ့မှ နာမ်ပြုပစ္စည်း မတြာဝက်သရ
အ ကို ထည့်၍ ၊ ပြုထားသော နာမ်များဖြစ်ပါသည်။

ဤကဲ့သို့ မတြာဝက် သရ နာမ်ပြုပစ္စည်းနှင့်
ကြိယာတို့ပေါင်းစပ်သောအခါ အပွင့်တွဲ
open juncture တွင်ပေါင်းစပ်သည်။ open juncture အပွင့်တွဲတွင် အသံပြောင်းလဲမှု မရှိပါ။

ဤကဲ့သို့သောပေါင်းစပ်မှု ဥပမာများမှာ

အသွား အလာ အနေ အထိုင် အလုပ်
အကိုင် အပြော အဆို အတွေး အမြင်
စသည်တို့ ဖြစ်သည်။
===============

တံတွေး မှ ဒဒွေး သို့ပြောင်းလဲခြင်းသည်
ယမန်နေ့က တင်ပြခဲ့သော

တံချူ > ဒဂျူ
တံခါး > ဒဂါး
တံစဉ် > ဒဇင်

တို့၏ ပြောင်းလဲမှု အတိုင်း (same procedure and same mechanism) ပင်ဖြစ်ပါသည်။

ငှင်းတို့ ၏ ဝဏ္ဏနှစ်ခုသည် ဝေါဟာရအဆင့် word level တွင် အတွင်းအပိတ်တွဲ (internal close juncture) ၌ ပေါင်းစပ်ကြပါသည်။

အတွင်းအပိတ်တွဲတွင် ပထမ အဆင့် ၌
ပထမ ဝဏ္ဏမှ သရသည် မတြာဝက်သရ သို့ပြောင်းသဖြင့်

တံတွေး သည် တတွေး

ဖြစ်လာသည်။

အတွင်းအပိတ်တွဲတွင် ဒုတိယ ဝဏ္ဏမှ
obstruent ခေါ် ပိတ်ဆို့မှု ရုန်းပွင့်မှု ပွတ်တိုက်မှု ရှိသော သံညှင်း ဗျည်းများသည်
သံပြင်းသို့ပြောင်းသဖြင့် ဒုတိယအဆင့်တွင်

တတွေး သည် တဒွေး

ဖြစ်လာပါသည်။

အတွင်း အပိတ်တွဲ ၌ ဒုတိယ ဝဏ္ဏမှ ပိတ်ဆို့ ရုန်းပွင့် ပွတ်တိုက် ဗျည်း သည် သံပြင်းဖြစ်လာသောအခါ ပထမဝဏ္ဏမှ သံညှင်း ဖြစ်သော ပိတ်ဆို့ ရုန်းပွင့် ပွတ်တိုက်ဗျည်းသည်လည်း (သံယောင်လိုက်၍) သံပြင်းသို့ ပြောင်းပါသည်။ voiced reflection ဟုခေါ်ပါသည်။ ထို့ကြောင့် တတိယနှင့် နောက်ဆုံးအဆင့်တွင်

တဒွေး သည် ဒဒွေး

ဖြစ်လာပါသည်။

ဤနေရာ၌ သဒ္ဒ ဗေဒ အခြေခံမရှိသူများ
အတွက်

Obstruent
ပိတ်ဆို့ ရုန်းပွင့် ပွတ်ဗျည်း ဟူသည်မှာ

က ပ တ ဂ ဗ ဒ
(ခံတွင်းအပိတ် ဗျည်းများ unaspirated
oral stops)

သ စ ဆ ရှ ဇ
(လေတိုးပွတ်တိုက်မှုရှိသော ဗျည်းများ
fricatives)

ကျ ချ ဂျ
(ပိတ်ဆို့ မှု နှင့် လေတိုးပွတ် တိက်မှု
ကို တွဲထားသောဗျည်းများ affricate ဖြစ်
ပါသည်။)

ချ သည် အင်္ဂလိပ်ဗျည်း ch (as in church)။
ဂျ သည် အင်္ဂလိပ်ဗျည်း j (as in judge) ဖြစ်ပါသည်။

အောက်တွင် ပေးထားသော ဇယား ကိုလည်း ကြည့်ပါ။
👍2