ပညာရေးကောလိပ်တက်ခွင့်အမြင့်ဆုံးအမှတ်နဲ့အနိမ့်ဆုံးအမှတ်တွေပါခင်ဗျ
(TC မဲ့ကျောင်းသား)
“ဆရာ ကျွန်တော်ရဲ့ သားကို ကျောင်းအပ်ချင်လို့”
ဒီစကားကြားရတဲ့ အချိန်တိုင်းမှာ
ဟိုး..ကျောင်းရှေ့က “Education For All” ဆိုတဲ့
ဆိုင်းပုဒ်ကြီးကို ပြေးမြင်နေကျ။
ဒါ.. ပညာရေးဌာနရဲ့ အဓိကလုပ်ငန်း တစ်ခုပဲလေ။
လက်ခံရမှာပဲ။ ဒါပေမယ့် ကလေးက
ကျောင်းပြောင်း(TC) ပါမလာဘူး။ ခက်ပြီ…
ဒီ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်
TC မဲ့စာမေးပွဲဝင်ခွင့်ကို (မေလ)မှာကတည်းက
ဖြေဆိုခွင့် ၁-ကြိမ်ပေးထားခဲ့ပြီးသားပါပဲ။
ဒါပေမယ့် ကျောင်းအခြေအနေ၊ ရပ်ရွာအခြေအနေ၊
နိုင်ငံရေးအခြေအနေနဲ့ နယ်မြေ သတင်းချိတ်ဆက်မှု
အခြေအနေတွေအရ ဝင်ရောက် မဖြေဆို လိုက်နိုင်တဲ့
TC မဲ့ ကလေးတွေက အခု ကျောင်းလာအပ်နေကြပါပြီ။
ကဲ… ဘယ်လိုလုပ်ကြရမှာလဲ?
TC မဲ့ဖြစ်နေတဲ့ ဒီလို ကလေးတစ်ယောက်ယောက်ကို
“မင်းကျောင်းတက်လို့မရနိုင်ဘူးကွာ” လို့
ဘယ်ကျောင်းက ပြောရဲလို့လဲ?
ဘယ်ဆရာကရော ပြောထွက်နိုင်မှာလဲ?
ဖြေရှင်းရမယ့် တာဝန်ကရော ဘယ်သူ့မှာ ရှိမယ်ထင်လဲ?
ဒီကိစ္စနဲ့ပတ်သက်ပြီး သိချင်တာ တစ်ခုတော့ရှိတယ်။
“TC မဲ့ စာမေးပွဲဆိုတာ
ဘယ်လိုကလေးအတွက် အခွင့်အရေးမျိုးပေးတာလဲ?”
ဖြေကြည့်လိုက်ရင်ပဲ အဖြေက ထွက်နေပြီးသားပါ။
“TCမဲ့ ကျောင်းသား” လို့ပြောရင် (၂)မျိုးပဲ ရှိပါမယ်။
၁) အထောက်အထားပါတဲ့ TC မဲ့ကျောင်းသား။
၂) အထောက်အထားမပါတဲ့ TC မဲ့ ကျောင်းသား။
ဒီအတွက် အထောက်အထားပါတာကို လက်ခံမှာလား?
အထောက်အထားမပါတာကိုရော လက်ခံမှာလား?
ဒါ ပညာရေးဌာနက ပထမဆုံးသတ်မှတ်ရမယ့်
ကိစ္စတစ်ခု။ “ကြာတင့် ဖို့အတွက် ရေမြင့် ဖို့တော့”
လိုတာပေါ့လေ။တန်ဖိုးသိမှပဲ တန်ဖိုးရှိ ပါလိမ့်မယ်။
အထောက်အထားပါတဲ့ TC မဲ့ကိုသာ
လက်ခံမယ်ဆိုရင်တော့………
“အထောက်အထား” ဆိုတဲ့ နေရာမှာ
ကန့်သတ်ချက်တော့ ရှိပေးပါ။ ဘာလို့လည်းဆိုရင်
လက်ရှိ စနစ်သစ်ပညာရေးမှာ
ကလေးရဲ့ အကဲဖြတ်မှတ်တမ်း ရလဒ်ဖြစ်တဲ့
A,S,E (သို့) A,B,C နဲ့သာ ကောလိပ်၊ တက္ကသိုလ်တို့ရဲ့
ဝင်ခွင့် တံခါးကိုခေါက်ရမှာ ဖြစ်ပါတယ်။
ဒီအတွက် ကလေးရဲ့ တစ်နှစ်ချင်းစီရထားတဲ့
အကဲဖြတ်ရလဒ်တွေကိုပါ လိုအပ်ပါတယ်။
ဒါမှ နေ့စဉ်အကဲဖြတ်ရလဒ်နဲ့ နှစ်စဉ်ဖြည့်သွင်းလာရတဲ့
လက်ရှိကျောင်းသားတွေနဲ့ ယှဉ်ရတာ ညီမျှမှာပါ။
ဘာအထောက်အထားမှ မပါတဲ့
TC မဲ့ကျောင်းသားတွေကို ပါ လက်ခံမယ်ဆိုရင်တော့
ဝင်ခွင့်ရ TC မဲ့ ကလေးအားလုံးကို
“Wellcome” လုပ်ရုံကလွဲပြီးဘာမှပြောစရာမရှိပါဘူး။
အခု အခြေခံပညာစာသင်ကျောင်းတစ်ချို့တွေမှာ
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာ၊ မိဘ၊ ကျောင်းသား
၃-ဦးကြား အခက်တွေ့နေကြပါတယ်။
🔔TC မဲ့စာမေးပွဲက ဖြေခွင့်ပေးမှာလား?
မပေးဘူးလား?
🔔G 4 အောင်ထားပြီ ဆိုတဲ့ ကလေးကို G 4 မှာပဲ
ပြန်ထားရမှာလား?
(ဒါဆို G 5 အောင်လို့ပဲ လိမ်ကြလိမ့်မယ်)
🔔G 4 တစ်ကယ်အောင်ပြီးသား(စာလိုက်နိုင်သူ)ကိုG 5
မှာထားပြီး TC မဲ့စာမေးပွဲ စောင့်ဖြေခိုင်းရမှာလား?
(မဟုတ်ရင် G 5 သင်ခန်းစာ နောက်ကျလိမ့်မယ်)
ဒီလို TC မဲ့ကျောင်းသားရှိနေတဲ့ကျောင်းကို လာကြည့်ပါ။
ကျောင်းသားတွေလည်း စိတ်မပျော်နိုင်ကြဘူး။
မိဘတွေလည်း စိတ်အားငယ်နေကြရတယ်။
ဆရာတွေလည်း စိတ်မချမ်းသာကြရပါဘူး။
(အခြေခံကျောင်းတွေက ဘာလုပ်လို့ လုပ်ရမှန်းမသိ။
ဖြစ်နိုင်ရင် ပညာရေးဌာနကနေ
ဒီကိစ္စကို အမြန်ဆုံးကောင်အထည်ဖော်စေချင်ပါတယ်။
ဒီလိုမှမဟုတ်။ TC မဲ့ ကျောင်းသားတွေကို
ထပ်ပြီးလက်မခံရဘူးလား။ အမိန့်စာထွက်ပေးလိုက်ပါ။
ဒါဆိုရှင်းရော။
ဒါပေမယ့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း
(၂၀၁၆-၂၀၂၁) (NESP)မှာရေးဆွဲထားတဲ့
“ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးလုပ်ငန်း”
(NFPE/NFME) ကိုတော့ ဒီလိုကလေးတွေ အတွက်
ပီပီပြင်ပြင် အကောင်အထည်ဖော်ပေးရမှာပါပဲ။
၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံမှာ ပြဌာန်းလိုက်တဲ့
လူတိုင်းအကျုံးဝင်ပညာရေး(Inclusive Education)
ဆိုတဲ့ဥပဒေမှာ -
“လူတိုင်းအကျုံးဝင်ပညာရေးဆိုတာ မသန်စွမ်းသူများ
အပါဝင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်
မရသူများကို ကျောင်းပညာရေး(သို့) ကျောင်းပြင်ပ
ပညာရေးတစ်ခုခုတွင် ပညာဆည်းပူးခွင့်ရရှိစေရန် အခွင့်
အလမ်း ဖန်တီးပေးသည့် အစီအစဉ်ကို ဆိုလိုသည်” တဲ့။
အခု ကျောင်းလာတက်တဲ့ TC မဲ့ကလေးတွေဟာ
မသန်စွမ်းနေသူတွေလည်း မဟုတ်ပါဘူး။
အသက်အရွယ်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုမှာလည်း
အတန်း နဲ့ ကိုက်ညီမှု ရှိနေကြပါတယ်။
လူတိုင်းအကျုံးဝင်ပညာရေးဟာ
“မတူကွဲပြားသော နောက်ခံအမျိုးမျိုးရှိသည့်
ကလေးများအားလုံး ကျောင်းသို့ ရောက်ရှိရေး
သက်သက်သာ မဟုတ်….” လို့ ဆိုထားတဲ့အတွက်
ဘယ်လိုကလေးမျိုးကိုမဆို၊ ဘယ်လိုနေရာ၊
ဘယ်လိုဒေသက ဘယ်လိုလူမျိုးကိုမဆို ပညာသင်ယူခွင့်
ဖန်တီးပေးနိုင်ဖို့ဟာ ပညာရေးဌာနကလွဲရင်
ဘယ်ဌာနကများ တတ်နိုင်ကြအုံးမှာလည်းဗျာ…
ဒါကြောင့် TC မဲ့ ကျောင်းသားများအားလုံး
ပညာသင်ယူခွင့် အခွင့်အလမ်းများကို အမြန်ဆုံး
ရနိုင်ကြပါစေလို့ ဆန္ဒပြုရင်း.....

FB_IMG_1656008651288.jpg
36.6 KB
စာချုပ်နမူနာများ