Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
15.9K subscribers
3.72K photos
90 videos
1.2K files
508 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
မင်္ဂလာပါဆရာကြီးဆရာမကြီးတို့ရေ အားလုံးကသိထားပြီးသောအကြောင်းအရာဖြစ်ပေမယ့် တာဝန်ခံကျောင်းအုပ်များ ဖြင့်သာလည်ပတ်နေသောကျောင်းများအတွက် ရည်ရွယ်၍တင်ပေးရခြင်းဖြစ်ပါတယ်ခင်ဗျာ။

နှစ်ဆုံးစာမေးပွဲပြီးဆုံးပါက ထည့်သွင်းရမည့်ပုံစံလေးကိုဖော်ပြထားပါတယ်။

အကယ်၍ထိုကျောင်းသားသည်နောက်စာသင်နှစ်တွင်ထိုကျောင်းမှာသာတတ်ရောက်မည်ဆိုပါက ယခုဖော်ပြထားသောပထမတန်းရဲ့CCPR.. QCPR ၊ ယခင်နှစ်အဟောင်းပုံစံတို့ကို နောက်အတန်းတစ်ခု၏အတန်းပိုင်လက်ထဲသို့လွှဲပြောင်း၍ လွှဲပြောင်းပုံစံတွင်လက်မှတ်ရေးထိုးပေးရမည်ဖြစ်သည်။ ထိုသို့လွှဲပြောင်းရာတွင်ကျောင်းအုပ်ကြီးရှေ့တွင်လွှဲပြောင်းရမည်ဖြစ်သည်။

အကယ်၍ထိုကျောင်းသားသည် နောက်စာသင်နှစ်တွင်အခြားကျောင်းသို့ပြောင်းရွှေ့မည်ဖြစ်ပါက QCPR... CCPR နှင့် ယခင်နှစ်အဟောင်းတို့ကို ပူးတွဲ၍ ထိုအတန်းကိုအမှန်တကယ်ပြီးဆုံးပါကြောင်းထောက်ခံစာတို့ကို (ပညာရေးမှူးလက်မှတ်ပါ) ပူးတွဲ၍ အခြားကျောင်းသို့ရုံးစာအိတ်ချိတ်ပိတ်၍ပေးပို့ရမည်ဖြစ်သည်။
ထိုကိစ္စသည်နောက်လာမည့်စာသင်နှစ်မစမီကျောင်းအပ်ကာလရောက်မှသာထိုကလေးမိဘကိုလာရောက်ထုတ်ယူရန်မှာကြား၍လွှဲရမည်ဖြစ်ပြီးလွှဲပြောင်းမူပုံစံတွင်ကျောင်းအုပ်ကြီးကမှတ်တမ်းသွင်းပေးရမည်ဖြစ်ပါသည်။

(#လိုအပ်မူများရှိပါကဖြည့်စွက်ပေးလို့ရပါတယ်ခင်ဗျာ)

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍2
အမှုထမ်းသက် မှတ်တမ်းစာအုပ် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း
**********

ဝန်ထမ်းလောကမှာ မလွဲမသွေ ကြုံရတဲ့
အထဲမှာ ဝန်ထမ်းမှတ်တမ်း အမှုထမ်းသက်
မှတ်တမ်းစာအုပ် ပျောက်ဆုံးခြင်း၊
ပျက်စီးခြင်းဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ဒီလို ပျက်စီးခြင်း ပျောက်ဆုံးခြင်း ဖြစ်ရတာဟာ
အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်တတ်ပါတယ်။

ဘာ့ကြောင့် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း
ဖြစ်ရတာလဲလို့တော့ ဇစ်မြစ်ကို ရှာမနေတော့ပါဘူး။
အဆိုးဆုံးကတော့ ဝန်ထမ်းက
ပင်စင်ယူတော့မယ်ဆိုမှသာ အမှုထမ်းသက်
မှတ်တမ်းစာအုပ် ပျောက်ဆုံး နေတာပါဘဲ။

အဲဒီမှာ ဘာဖြစ်ကြပြီလဲဆိုတော့ လက်ညှိုးတွေ ထိုးကြပြီပေါ့။ သူနဲ့မဆိုင် ငါနဲ့မဆိုင် သူနိုင် ကိုယ်နိုင် အပြိုင် ငြင်းကြပြီ။ ပျောက်နေပါစေ။ ပျက်စီးသွားပါစေ။ အသစ် ပြန်ဖွင့်လို့ ရနေတာဘဲကို။

အရေးယူခံကြရမှာ ကြောက်တာနဲ့ဘဲ
ကြိတ်ရှာ၊ ကြိတ်လုပ်။ ဒါနဲ့ဘဲ အချိန်တွေ အများကြီး
ကြန့်ကြာသွားတော့တာပေါ့။ မရနိုင်တော့တဲ့ဟာကို
ဘယ်ကာလထိများ ရှာနေကြမှာလဲ။ အသစ် ပြန်ဖွင့်လို့ ရတယ်လို့လည်း ဥပဒေ နည်းဥပဒေတွေမှာ ပြောထားရဲ့သားနဲ့နော်။ မငြင်းကြ၊ လက်ညှိုးတွေ
မထိုးကြပါနဲ့တော့။ အသစ်သာ ဖွင့်လိုက်ကြပါ။

ဥပဒေ နည်းဥပဒေ ဆောင်ရွက်ရမယ့် အပိုင်းလေးတွေ အောက်မှာ ဖော်ပြ လိုက်ပါတယ်ဗျ။

နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ အပိုဒ် ၂၈၈

ဝန်ထမ်းမှတ်တမ်း စာအုပ် ပျောက်ဆုံး ပျက်စီး သွားရင် ဌာနဆိုင်ရာ အမိန့်များ၊ လစာ တောင်းခံလွှာများ၊ လစာထုတ်ပေးသည့် စာရင်းများကို အခြေခံ၍ မှတ်တမ်းစာအုပ် အသစ် ပြုစုရမည်။ အထောက်အထား
ပြည့်စုံစွာ မရနိုင်သည့် ကာလများအတွက်
လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများ၏ ထောက်ခံချက်များနှင့် ဌာနတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခဲ့သည့်ကိစ္စတွင်
ဝန်ထမ်း တာဝန်ထမ်းဆောင်ခဲ့သည့် ဌာနများမှ
ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး တို့၏
ထောက်ခံချက်ကို အခြေခံ၍ မှတ်တမ်းစာအုပ်
အသစ် ပြုစုရမည်။ ၄င်းအတိုင်း မဆောင်ရွက်နိုင်သည့် ကိစ္စတွင် ဝန်ထမ်းကိုယ်တိုင် အသေးစိတ်
အချက်အလက်များ ရေးသွင်း စေပြီးနောက်
ထိုအသေးစိတ် မှတ်တမ်းနှင့်အတူ လုပ်ဖော်ကိုင်ဖက်
နှစ်ဦးတို့၏ ထောက်ခံချက်များနှင့် သက်ဆိုင်ရာ မြို့နယ် တရားရုံးတွင် ဝန်ထမ်းက ကတိသစ္စာ ပြုချက်တို့ကို
ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးထံသို့ တင်ပြရမည်။ ယင်း ကတိသစ္စာ ပြုချက်တွင် ဝန်ထမ်းသက်
ကာလတလျှောက်၌ လစာ အပြည့်အဝ ခံစားခြင်း
မရှိသော ခွင့်၊ လစာမဲ့ခွင့်၊ ယူခဲ့ခြင်း ရှိ မရှိ၊ တာဝန်မှ ယာယီရပ်ဆိုင်းထားသည့် ကာလ၊ အမှုထမ်းသက်
ပြတ်သည့်ကာလများ ရှိ မရှိ၊ ဆိုသည့်အချက်များ
ပါဝင်စေရမည်။ ယင်းသို့ တင်ပြ၍ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးက အတည်ပြု လက်မှတ်ရေးထိုးထားသည့် အချက်အလက်များကို အခြေခံ၍ မှတ်တမ်းအသစ်
ပြုစုရမည်။

ဒီတော့ ဝန်ထမ်းစာအုပ် ပျောက်ဆုံးရင်
အပြစ်ဖို့နေကြဖို့ထက် အသစ် ဖွင့်လှစ်ဖို့ကို
ဦးစားပေး ဆောင်ရွက်ကြစေလိုတာပါ။

တကယ်လို့ ပင်စင်လည်း တင်ရပြီ။
အမှုထမ်းသက်မှတ်တမ်း စာအုပ်ကလည်း
ပျောက်နေတယ်၊ အထောက်အထားတွေလည်း
ပြန်ရှာ မရနိုင်တော့တဲ့ အခြေအနေမျိုး ဆိုရင်တော့
အောက်မှာ ဖော်ပြ ပေးလိုက်တဲ့ ပုံစံလေးတွေကို
သတိရကြပါလို့။
👍2
👍1
Top AI Tools 2025
8👍2🥰1