Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
15.9K subscribers
3.72K photos
90 videos
1.2K files
508 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
အချို့မြို့နယ်တွေမှာ အပြောင်းအရွှေ့ နှင့် ရာထူးတိုးများခေါ်ယူနေပါပီ။
လက်ရှိကျောင်းတွင်တာဝန်ထမ်းဆောင်သောနှစ်သည် အနဲဆုံးလုပ်သက် ၂နှစ်ရှိရပါမည်။
လုပ်သက်ကိုတွက်ချက်မည်ဆိုပါက( ၃၀.၆.၂၀၂၅ ) ဖြင့်တွက်ချက်ရပါမည်။

ရာထူးတိုးတွင်မည်သည့်ရာထူးမှမည်သို့ဖြစ်လျှင် မည်သည့်ရာထူးသို့တိုးနိုင်ပါသည်ဆိုတာလည်းအပြည့်အစုံဖော်ပြထားပါတယ်ခင်ဗျာ။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
Dip-Ed သမားများအချည်းအနှီးမဖြစ်ပါ။

ညွှန်ကြားရေးမှူး/ကျောင်းအုပ်ကြီး(ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း) (လစာနှုန်း ၃၇၄၀၀ဝိ-၄၀၀ဝိ-၃၉၄၀၀ဝိ) ရာထူးနေရာသို့ ရာထူးတိုးမြှင့်ခန့်ထားရေးမူ)

၁။ ညွှန်ကြားရေးမှူးရာထူးအတွက် B.Ed/Dip.Ed(သို့မဟုတ်) ဘွဲ့တစ်ခုခုရရှိပြီး အခြေခံပညာ ဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးနှင့် ရုံးခွဲများ၊ ခရိုင်ပညာရေးမှူးရုံးများတွင် ဒုတိယညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေသူဖြစ်ရမည်။

၂။ ကျောင်းအုပ်ကြီး (ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း) ရာထူးအတွက် B.Ed ဘွဲ့၊ မဟာဘွဲ့(သို့မဟုတ်) ဘွဲ့တစ်ခုခုရရှိပြီး အခြေခံပညာဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးနှင့် ခရိုင်ပညာရေးမှူးရုံးများတွင် ဒုတိယညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေသူ(သို့) (ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း)တွင် ဒုတိယ ကျောင်းအုပ်ကြီး ရာထူးတာဝန်ထမ်းဆောင်နေသူ ဖြစ်ရမည်။

၃။ ဒုတိယညွှန်ကြားရေးမှူး/ ဒုတိယကျောင်းအုပ်ကြီး ရာထူးတွင် အနည်းဆုံး လုပ်သက် (၂)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ is

၄။ ညွှန်ကြားရေးမှူး(စီမံ/ ဘဏ္ဍာ/ ပညာ/ ကြီးကြပ်အကဲဖြတ်/ စီမံကိန်း/ စာရင်းအင်း)ရာထူး အတွက်သက်ဆိုင်ရာဌာနခွဲများ၏ လုပ်ငန်းအတွေ့အကြုံရှိပြီး နားလည်တတ်ကျွမ်းသူ ဖြစ်ရမည်။

၅။ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရာထူးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် လုပ်ငန်းနှံ့စပ်ကျွမ်းကျင်သူဖြစ်ရမည်။ ခရိုင်ပညာရေးမှူးရာထူးတွင် တာဝန်ထမ်း ဆောင်ဖူးသူကို ဦးစားပေးမည်။

၆။ ပြစ်မှု၊ ပြစ်ဒဏ်ခံရဆဲကာလ မဖြစ်စေရ။

၇။ အထက်ဖော်ပြပါ အချက်များအပြင် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

(က)ခေါင်းဆောင်မှုပေးနိုင်ခြင်း

(ခ)အများအကျိုးဆောင်ရွက်လိုခြင်း

(ဂ)လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း

(ဃ) စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(c) ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(စ) ကြိုးစား၍ တာဝန်ကို လိုလားစွာ ထမ်းဆောင်ခြင်း

(ဆ) တီထွင်ကြံဆတတ်ခြင်း

(ဇ) စည်းကမ်းလိုက်နာခြင်း

(ဈ) ယုံကြည်စိတ်ချရသူ....ဖြစ်ရမည်။
..........

ဒုတိယညွှန်ကြားရေးမှူးချုပ် (လစာနှုန်း ၄၁၈၀၀ဝိ-၄၀၀ဝိ-၄၃၈၀၀ဝိ) ရာထူးနေရာသို့ ရာထူးတိုးမြှင့်ခန့်ထားရေးမူ)

B.Ed/Dip.Ed (သို့မဟုတ်) ဘွဲ့တစ်ခုခုရရှိပြီး အခြေခံပညာဦးစီဌာန(ရုံးချုပ်)/ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးများတွင် ညွှန်ကြားရေးမှူးရာထူး (လစာနှုန်း ၃၇၄၀၀ဝိ-၄၀၀ဝိ-၃၉၄၀၀ဝိ)ဖြင့် တာဝန်ထမ်းဆောင်နေသူဖြစ်ရမည်။ .။

၂။ ညွှန်ကြားရေးမှူးနှင့် လစာနှုန်းတူရာထူးတွင် အနည်းဆုံး လုပ်သက် (၁)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

၃။ ပညာရေးကဏ္ဍ/အခြေခံပညာနှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင် အတွေ့အကြုံရှိသူကို ဦးစားပေးမည်။

၄။ ပြစ်မှု၊ ပြစ်ဒဏ်ခံရဆဲကာလ မဖြစ်စေရ။

၅။ အထက်ဖော်ပြပါ အချက်များအပြင် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

(က) ခေါင်းဆောင်မှုပေးနိုင်ခြင်း

(ခ) အများအကျိုးဆောင်ရွက်လိုခြင်း

(0) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း

(ဃ)စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(င) ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(0) ကြိုးစား၍ တာဝန်ကို လိုလားစွာ ထမ်းဆောင်ခြင်း

(ဆ) တီထွင်ကြံဆတတ်ခြင်း

(0) စည်းကမ်းလိုက်နာခြင်း

(ဈ) ယုံကြည်စိတ်ချရခြင်း

(ည) ဆက်ဆံရေးပြေပြစ်ခြင်း

၆။ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ပညာရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံး/ဦးစီးဌာနမှ လုပ်သက်ရမှတ်၊ ရေးဖြေရမှတ်၊ လူတွေ့ရမှတ် စုစုပေါင်းကို တန်းစီဇယားရေးဆွဲပြီး ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးက ခန့်ထားဆောင်ရွက်ရမည်။

...........

ဒုတိယညွှန်ကြားရေးမှူး(ပညာ၊ စီမံကိန်းများကြီးကြပ်အကဲဖြတ်)/ဒုတိယညွှန်ကြားရေးမှူး (ခရိုင်ပညာရေးမှူးရုံး)/ဒုတိယကျောင်းအုပ်ကြီး(ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း)

( လစာနှုန်း ၃၄၁၀ဝဝိ-၄၀၀ဝိ-၃၆၁၀၀ဝိ)ရာထူးနေရာသို့ ရာထူးတိုးမြှင့်ခန့်ထားရေးမူ)

၁။ B.Ed/Dip.Ed ဘွဲ့ရရှိပြီး အခြေခံပညာဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်ရုံးများတွင် လက်ထောက်ညွှန်ကြားရေးမှူး(သို့) မြို့နယ်ပညာရေးမှူးရုံးတွင် မြို့နယ် ပညာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ရမည်။

၂။ ဒုတိယကျောင်းအုပ်ကြီးရာထူးအတွက် B.Ed/Dip.Ed(သို့မဟုတ်)ဘွဲ့တစ်ခုခုရရှိပြီး အခြေခံ ပညာဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်ရုံးများတွင် လက်ထောက် ညွှန်ကြားရေးမှူးရာထူး၊ မြို့နယ်ပညာရေးမှူးရုံးတွင် မြို့နယ်ပညာရေးမှူးရာထူး၊ ပညာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ဌာနမှူးရာထူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ရမည်။

၃။ လက်ထောက်ညွှန်ကြားရေးမှူး/ မြို့နယ်ပညာရေးမှူး/ ဌာနမှူးရာထူးတွင် အနည်းဆုံး လုပ်သက် (၃)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

၄။ ဒုတိယညွှန်ကြားရေးမှူး (ပညာ၊ စီမံကိန်းများကြီးကြပ်အကဲဖြတ်) ရာထူးများအတွက် သက်ဆိုင်ရာဌာနခွဲ၏ လုပ်ငန်းအတွေ့အကြုံရှိပြီး နားလည်တတ်ကျွမ်းသူဖြစ်ရမည်။

၅။ ဒုတိယညွှန်ကြားရေးမှူး (ခရိုင်ပညာရေးမှူးရုံး)ရာထူးအတွက် မြို့နယ်ပညာရေးမှူးရာထူး တွင် တာဝန်ထမ်းဆောင်ဖူးသူကို ဦးစားပေးမည်။

၆။ ပြစ်မှု၊ ပြစ်ဒဏ်ခံရဆဲကာလ မဖြစ်စေရ။ ။
အထက်ဖော်ပြပါအချက်များအပြင် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

(က) ခေါင်းဆောင်မှုပေးနိုင်ခြင်း

(ခ) အများအကျိုးဆောင်ရွက်လိုခြင်း

(0) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း

(ဃ)စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(c) ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(စ) ကြိုးစား၍ တာဝန်ကို လိုလားစွာ ထမ်းဆောင်ခြင်း

(ဆ) တီထွင်ကြံဆတတ်ခြင်း

(ဇ) စည်းကမ်းလိုက်နာခြင်း

(ဈ) ယုံကြည်စိတ်ချရခြင်း

(ည) ဆက်ဆံရေးပြေပြစ်ခြင်း

...........

ဒုတိယညွှန်ကြားရေးမှူး(စီမံ၊ဘဏ္ဍာ၊စီမံကိန်း/စာရင်းအင်း)

(လစာနှုန်း ၃၄၁၀၀ဝိ-၄၀၀ဝိ-၃၆၁၀၀ဝိ) ရာထူးနေရာသို့ ရာထူးတိုးမြှင့်ခန့်ထားရေးမူ)

ဘွဲ့တစ်ခုခုရရှိပြီး အခြေခံပညာဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်ရုံး များတွင် လက်ထောက်ညွှန်ကြားရေးမှူး(သို့) မြို့နယ်ပညာရေးမှူးရုံးတွင် မြို့နယ်ပညာ ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ရမည်။ ။

လက်ထောက်ညွှန်ကြားရေးမှူး(သို့) မြို့နယ်ပညာရေးမှူးရာထူးတွင် အနည်းဆုံးလုပ်သက် (၃)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

၃။ ဒုတိယညွှန်ကြားရေးမှူး (စီမံ၊ ဘဏ္ဍာ၊ စီမံကိန်း/စာရင်းအင်း) ရာထူးများအတွက် သက်ဆိုင်ရာ ဌာနခွဲ၏ လုပ်ငန်းအတွေ့အကြုံရှိပြီး နားလည်တတ်ကျွမ်းသူ ဖြစ်ရမည်။

၄။ ပြစ်မှု၊ ပြစ်ဒဏ်ခံရဆဲကာလ မဖြစ်စေရ။

၅။ အထက်ဖော်ပြပါအချက်များအပြင် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

(က) ခေါင်းဆောင်မှုပေးနိုင်ခြင်း

(ခ) အများအကျိုးဆောင်ရွက်လိုခြင်း

(0) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း

(ဃ)စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(c) ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(စ) ကြိုးစား၍ တာဝန်ကို လိုလားစွာ ထမ်းဆောင်ခြင်း

(ဆ) တီထွင်ကြံဆတတ်ခြင်း

(ဇ) စည်းကမ်းလိုက်နာခြင်း

(ဈ) ယုံကြည်စိတ်ချရခြင်း

(ည) ဆက်ဆံရေးပြေပြစ်ခြင်း

၆။ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ အခြေခံပညာ ဦးစီးဌာနမှ လုပ်သက်ရမှတ်၊ ရေးဖြေရမှတ်၊ လူတွေ့ရမှတ် စုစုပေါင်းကို တန်းစီဇယား ရေးဆွဲပြီး ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ တင်ပြအတည်ပြုချက်ရယူကာ အခြေခံပညာ ဦးစီးဌာနက ခန့်ထားဆောင်ရွက်ရမည်။

.............

လက်ထောက်ညွှန်ကြားရေးမှူး(ပညာ၊ စီမံကိန်းများကြီးကြပ်အကဲဖြတ်)/မြို့နယ်ပညာရေးမှူး/ဌာနမှူး(ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း)

(လစာနှုန်း ၃၀၈၀ဝဝိ-၄၀၀ဝိ-၃၂၈၀ဝဝိ) ရာထူးနေရာသို့ တိုးမြှင့်ခန့်ထားရေးမူ B.Ed/Dip.Ed (သို့) ဘွဲ့တစ်ခုခုရရှိပြီး အခြေခံပညာဦးစီးဌာန(ရုံးချုပ်)၊ ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ အထက်တန်းကျောင်းအုပ်၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ဦးစီးအရာရှိနှင့် လက်ထောက်ကထိကရာထူးတွင် တာဝန် ထမ်းဆောင်နေသူဖြစ်ရမည်။

အခြေခံပညာဦးစီးဌာန(ရုံးချုပ်)၊ ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ အထက်တန်းကျောင်းအုပ်၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဦးစီးအရာရှိ/ လက်ထောက်ကထိက ရာထူးများတွင် အနည်းဆုံးလုပ်သက် (၃)နှစ်ပြည့်ပြီး သူဖြစ်ရမည်။ (အထက်တန်းကျောင်းအုပ်ဖြစ်ပါက လက်ရှိရာထူးတွင် လုပ်သက်အနည်းဆုံး (၁)နှစ်နှင့် (အလယ်တန်းကျောင်းအုပ် + အထက်တန်းကျောင်းအုပ်) လုပ်သက်အနည်းဆုံး (၃)နှစ်ရှိရမည်။]

၃။ လက်ထောက်ညွှန်ကြားရေးမှူး (ပညာ၊ စီမံကိန်းများကြီးကြပ်အကဲဖြတ်) ရာထူးအတွက် သက်ဆိုင်ရာဌာနခွဲများ၏ လုပ်ငန်းအတွေ့အကြုံရှိပြီး နားလည်တတ်ကျွမ်းသူ ဖြစ်ရမည်။

၄။ မြို့နယ်ပညာရေးမှူးရာထူးသို့ ရာထူးတိုးလျှောက်ထားသူဖြစ်ပါက အထက်တန်းကျောင်းအုပ် ရာထူးတွင် ထမ်းဆောင်နေသူ ဖြစ်ရမည်။

၅။ ပြစ်မှု၊ ပြစ်ဒဏ်ခံရဆဲကာလ မဖြစ်စေရ။ ။

၆။ အထက်ဖော်ပြပါအချက်များအပြင် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

(က) ခေါင်းဆောင်မှုပေးနိုင်ခြင်း

(ခ) အများအကျိုးဆောင်ရွက်လိုခြင်း

(ဂ) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း

(ဃ)စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(c)ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(စ) ကြိုးစား၍ တာဝန်ကို လိုလားစွာ ထမ်းဆောင်ခြင်း

(ဆ) တီထွင်ကြံဆတတ်ခြင်း

(0) စည်းကမ်းလိုက်နာခြင်း

(ဈ) ယုံကြည်စိတ်ချရခြင်း

(ည) ဆက်ဆံရေးပြေပြစ်ခြင်း

ဒါကြောင့် ယခုတက်ရောက်နေကျသော Dip-Ed များအထူးကြိုးစားပေးကျပါ။
Dip-Ed လျှောက်ချင်သူများကလည်းဝင်ခွင့်ခေါ်တဲ့အခါဖြေဆိုနိုင်ဖို့မေဂျာအလိုက်လေ့လာကျဖို့လိုပါတယ်....Dip-Ed ကအချည်းအနှီးမဖြစ်သလိုအဆင့်ဆင့်ကြိုးစားသွားမယ်ဆိုလျှင် ရာထူးအဆင့်ဆင့်သို့တက်လှမ်းနိုင်ပါတယ်။ ဒါကြောင့် ရှေ့ဆက်ကြိုးစားကျပါလို့တိုက်တွန်းချင်ပါတယ်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
❤1👍1
#QCPR&CCPR အတွက် လမ်းညွှန်ချက်

အခြေခံပညာဦးစီးဌာနသည် ကျောင်းသားများ၏ သင်ယူမှုရလဒ်များကို မှတ်တမ်းတင်ထိန်းသိမ်းသည့် ဘက်စုံပညာအရည်အချင်းမှတ်တမ်း (QCPR နှင့် CCPR) များကို ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်တွင် *A* Code ဖြင့် အသုံးပြုခဲ့ပြီးဖြစ်၍ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်တွင် *......* Code ဖြင့် အသုံးပြုသွားမည် ဖြစ်ပါသည်။

၂။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘက်စုံပညာအရည်အချင်းမှတ်တမ်းများ("..." Code)အသုံးပြုရာတွင် အောက်ပါညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရပါမည်။

(က) ဘက်စုံပညာအရည်အချင်းမှတ်တမ်း (QCPR)

(၁) QCPR သည် ပညာသင်နှစ်အလိုက် Code နံပါတ်များ ပြောင်းလဲအသုံးပြုရမည် ဖြစ်သောကြောင့် အတန်းအားလုံး (Grade 1 to 12) ရှိ ကျောင်းသားများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သတ်မှတ်ထားသည့် "...." Code ကိုသာ အသုံးပြုရပါမည်။

(၂) ကျောင်းသားတစ်ဦးသည် ပညာသင်နှစ်တစ်နှစ်အတွင်း အခြားကျောင်းတစ်ကျောင်း (မြို့နယ်ခြား၊ တိုင်းဒေသကြီး/ ပြည်နယ်ခြား) သို့ ပြောင်းရွှေ့ပါက ၎င်းကျောင်းသား လက်ရှိအသုံးပြုနေသော [ယခင်တိုင်းဒေသကြီး/ ပြည်နယ်မှ ထုတ်ပေးသော] QCPR ကတ်ပြားကိုသာ ဆက်လက်အသုံးပြုရပါမည်။ (ပညာသင်နှစ်တစ်နှစ်အတွင်း ကျောင်းသား တစ်ဦးလျှင် QCPR ကတ်ပြားတစ်ခုသာ အသုံးပြုရန်)

(ခ) ဘက်စုံပညာအရည်အချင်းမှတ်တမ်းချုပ် (CCPR)

(၁) CCPR သည် ကျောင်းသားတစ်ဦး အတန်းစဉ်တတ်မြောက်မှုများကို စဉ်ဆက်မပြတ် ဖြည့်သွင်းရသည့် မှတ်တမ်းဖြစ်သောကြောင့် (Grade 2 3 4 5 7 8 9 11 12) အတန်းများရှိ ကျောင်းသားများသည် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်တွင် အသုံးပြုခဲ့သည့် *A* Code ကိုသာ (မူ၊ လယ်၊ ထက်) အတန်းအဆင့် ပြီးမြောက်သည်ထိ ဆက်လက် အသုံးပြုရပါမည်။

(၂) ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မူလတန်းဆင့် (Grade 1)၊ အလယ်တန်းဆင့် (Grade 6)၊ အထက်တန်းဆင့် (Grade 10) စတင်တက်ရောက်မည့် ကျောင်းသားများသည် Code အသစ် ကို အသုံးပြုရပါမည်။

(၃) ကျောင်းသားတစ်ဦးသည် ပညာသင်နှစ်တစ်နှစ်အတွင်း အခြားကျောင်းတစ်ကျောင်း (မြို့နယ်ခြား၊ တိုင်းဒေသကြီး/ ပြည်နယ်ခြားကျောင်း) သို့ ပြောင်းရွှေ့ပါက ၎င်းကျောင်းသား လက်ရှိအသုံးပြုနေသော [ယခင်တိုင်းဒေသကြီး/ ပြည်နယ်မှ ထုတ်ပေးသော] CCPR ကတ်ပြားကိုသာ ဆက်လက်အသုံးပြုရပါမည်။

(ဂ) QCPR နှင့် CCPR များရှိ ကျောင်းဝင်အမှတ်ကို မင်အနီရောင်ဖြင့်ရေးပြီး အခြားသော အချက်အလက်များကို မင်အပြာရောင်ဖြင့် ရေးသားရပါမည်။ (မင်စိုဖြင့် ဖြည့်စွက်ခြင်း မပြုရန်)

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍2
☘ ဘက်စုံပညာအရည်အချင်းမှတ်တမ်း (QCPR) ပုံစံများ ရေးသွင်းရာတွင် လိုက်နာရမည့်အချက်များ

အခြေခံပညာသင်ရိုးသစ်သင်တန်းများ ပို့ချခဲ့စဉ်က ဘာသာရပ်များကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည် -

အုပ်စု (က) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း စသော ဘာသာရပ်များ

အုပ်စု (ခ) စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ အနုပညာ (ပန်းချီ)၊ အနုပညာ (ဂီတ)၊ ကာယပညာ ဘာသာရပ်များ

၂။ အခြေခံပညာအဆင့်အလိုက် အဓိကဘာသာရပ်များ [အုပ်စု(က) ဘာသာရပ်များ]၏ သင်ယူ အပြီး စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ သင်ယူတတ်မြောက်မှုအဆင့်များ သတ်မှတ်သည့်အခါ
#၁ဝဝမှတ်ပေါ်အခြေခံ၍သတ်မှတ်ရန်] QCPR ကတ်ပြား (နောက်ကျော)ပါ ညွှန်ကြား ထားသည့် သတ်မှတ်ချက်များအတိုင်း စနစ်တကျဆောင်ရွက်ရမည်။

၃။ အဓိကဘာသာရပ်များ [အုပ်စု(က) ဘာသာရပ်များ] အတွက် ပျမ်းမျှအဆင့်ကို အောက်ပါ အတိုင်းတွက်ချက်၍ အခြေခံအဆင့်အလိုက်သတ်မှတ်ထားသည့် တတ်မြောက်မှုအဆင့်များ အတိုင်း ရေးသွင်းရမည် -

ပျမ်းမျှအဆင့် - စစ်ဆေးအကဲဖြတ်ခြင်း (၄)ကြိမ်၏ ရမှတ်စုစုပေါင်း

စစ်ဆေးသည့်အကြိမ်အရေအတွက်

၄။ အခြေခံပညာအဆင့်အလိုက် အုပ်စု(ခ) ဘာသာရပ်များနှင့် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှု (5C's) ၏ စာသင်ခန်းတွင်း သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ သင်ယူမှုရလဒ်များကို ကျောင်းသားတစ်ဦးချင်း လအလိုက် မှတ်တမ်းစာအုပ်တွင် စနစ်တကျ ရေးသွင်းမှတ်တမ်း ထား၍ ဤကတ်ပြားသို့ ကူးပြောင်းရေးသွင်းရမည်။ အဆင့်သတ်မှတ်ရာတွင် QCPR ကတ်ပြား (နောက်ကျော) ပါ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရမည်။

၅။ အုပ်စု “ခ” ဘာသာရပ်များနှင့် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှုများ (5C's) အတွက် ပျမ်းမျှ အဆင့်ကို အောက်ပါအတိုင်း တွက်ချက်၍ ရေးသွင်းရမည်

#မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း

☘ ဘက်စုံအရည်အချင်းမှတ်တမ်း ချုပ် (CCPR) ပုံစံများ ရေးသွင်းရာတွင် လိုက်နာရမည့်အချက်များ

(၁) ပညာသင်နှစ်အလိုက် ရေးသွင်းရာတွင် QCPR မှ ပျမ်းမျှအဆင့် ကူးပြောင်းရေးသွင်းရမည်။

(၂) ပညာသင်နှစ်တစ်နှစ်ပြီးဆုံး၍ အတန်းပြီးမြောက်အောင်မြင်မှသာ ကျောင်းအုပ်ကြီးကိုယ်တိုင် ဖြည့်သွင်းရမည်။

(၃) CCPR ကတ်ပြားများကို မူလတန်းဆင့်၊ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် ခွဲခြား အသုံးပြုသည့်အတွက် အခြေခံပညာအဆင့်အလိုက် ပြီးမြောက်သည်ထိ CCPR ကတ်ပြား များကို အောက်ပါအတိုင်း ပူးတွဲ၍ ကျောင်းအုပ်ကြီးရုံးခန်းတွင် မှတ်တမ်းတင် ထိန်းသိမ်း ထားရမည် -

(က) မူလတန်းဆင့် ကျောင်းသား (၁)ဦး - CCPR (၁) ကတ်

(ခ) အလယ်တန်းဆင့် ကျောင်းသား (၁)ဦး - CCPR (၂) ကတ် (မူလတန်း CCPR (၁) ကတ်၊ အလယ်တန်း CCPR (၁) ကတ်)

(ဂ) အထက်တန်းဆင့် ကျောင်းသား (၁)ဦး CCPR (၃) ကတ်
(မူလတန်း CCPR (၁) ကတ်၊ အလယ်တန်း CCPR (၁) ကတ်၊ အထက်တန်း CCPR (၁) ကတ်)

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍2
မင်္ဂလာပါဆရာကြီးဆရာမကြီးတို့ရေ အားလုံးကသိထားပြီးသောအကြောင်းအရာဖြစ်ပေမယ့် တာဝန်ခံကျောင်းအုပ်များ ဖြင့်သာလည်ပတ်နေသောကျောင်းများအတွက် ရည်ရွယ်၍တင်ပေးရခြင်းဖြစ်ပါတယ်ခင်ဗျာ။

နှစ်ဆုံးစာမေးပွဲပြီးဆုံးပါက ထည့်သွင်းရမည့်ပုံစံလေးကိုဖော်ပြထားပါတယ်။

☘ အကယ်၍ထိုကျောင်းသားသည်နောက်စာသင်နှစ်တွင်ထိုကျောင်းမှာသာတတ်ရောက်မည်ဆိုပါက ယခုဖော်ပြထားသောပထမတန်းရဲ့CCPR.. QCPR ၊ ယခင်နှစ်အဟောင်းပုံစံတို့ကို နောက်အတန်းတစ်ခု၏အတန်းပိုင်လက်ထဲသို့လွှဲပြောင်း၍ လွှဲပြောင်းပုံစံတွင်လက်မှတ်ရေးထိုးပေးရမည်ဖြစ်သည်။ ထိုသို့လွှဲပြောင်းရာတွင်ကျောင်းအုပ်ကြီးရှေ့တွင်လွှဲပြောင်းရမည်ဖြစ်သည်။

☘ အကယ်၍ထိုကျောင်းသားသည် နောက်စာသင်နှစ်တွင်အခြားကျောင်းသို့ပြောင်းရွှေ့မည်ဖြစ်ပါက QCPR... CCPR နှင့် ယခင်နှစ်အဟောင်းတို့ကို ပူးတွဲ၍ ထိုအတန်းကိုအမှန်တကယ်ပြီးဆုံးပါကြောင်းထောက်ခံစာတို့ကို (ပညာရေးမှူးလက်မှတ်ပါ) ပူးတွဲ၍ အခြားကျောင်းသို့ရုံးစာအိတ်ချိတ်ပိတ်၍ပေးပို့ရမည်ဖြစ်သည်။
ထိုကိစ္စသည်နောက်လာမည့်စာသင်နှစ်မစမီကျောင်းအပ်ကာလရောက်မှသာထိုကလေးမိဘကိုလာရောက်ထုတ်ယူရန်မှာကြား၍လွှဲရမည်ဖြစ်ပြီးလွှဲပြောင်းမူပုံစံတွင်ကျောင်းအုပ်ကြီးကမှတ်တမ်းသွင်းပေးရမည်ဖြစ်ပါသည်။

(#လိုအပ်မူများရှိပါကဖြည့်စွက်ပေးလို့ရပါတယ်ခင်ဗျာ)

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍2
အမှုထမ်းသက် မှတ်တမ်းစာအုပ် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း
**********

ဝန်ထမ်းလောကမှာ မလွဲမသွေ ကြုံရတဲ့
အထဲမှာ ဝန်ထမ်းမှတ်တမ်း အမှုထမ်းသက်
မှတ်တမ်းစာအုပ် ပျောက်ဆုံးခြင်း၊
ပျက်စီးခြင်းဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ဒီလို ပျက်စီးခြင်း ပျောက်ဆုံးခြင်း ဖြစ်ရတာဟာ
အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်တတ်ပါတယ်။

ဘာ့ကြောင့် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း
ဖြစ်ရတာလဲလို့တော့ ဇစ်မြစ်ကို ရှာမနေတော့ပါဘူး။
အဆိုးဆုံးကတော့ ဝန်ထမ်းက
ပင်စင်ယူတော့မယ်ဆိုမှသာ အမှုထမ်းသက်
မှတ်တမ်းစာအုပ် ပျောက်ဆုံး နေတာပါဘဲ။

အဲဒီမှာ ဘာဖြစ်ကြပြီလဲဆိုတော့ လက်ညှိုးတွေ ထိုးကြပြီပေါ့။ သူနဲ့မဆိုင် ငါနဲ့မဆိုင် သူနိုင် ကိုယ်နိုင် အပြိုင် ငြင်းကြပြီ။ ပျောက်နေပါစေ။ ပျက်စီးသွားပါစေ။ အသစ် ပြန်ဖွင့်လို့ ရနေတာဘဲကို။

အရေးယူခံကြရမှာ ကြောက်တာနဲ့ဘဲ
ကြိတ်ရှာ၊ ကြိတ်လုပ်။ ဒါနဲ့ဘဲ အချိန်တွေ အများကြီး
ကြန့်ကြာသွားတော့တာပေါ့။ မရနိုင်တော့တဲ့ဟာကို
ဘယ်ကာလထိများ ရှာနေကြမှာလဲ။ အသစ် ပြန်ဖွင့်လို့ ရတယ်လို့လည်း ဥပဒေ နည်းဥပဒေတွေမှာ ပြောထားရဲ့သားနဲ့နော်။ မငြင်းကြ၊ လက်ညှိုးတွေ
မထိုးကြပါနဲ့တော့။ အသစ်သာ ဖွင့်လိုက်ကြပါ။

ဥပဒေ နည်းဥပဒေ ဆောင်ရွက်ရမယ့် အပိုင်းလေးတွေ အောက်မှာ ဖော်ပြ လိုက်ပါတယ်ဗျ။

နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ အပိုဒ် ၂၈၈

ဝန်ထမ်းမှတ်တမ်း စာအုပ် ပျောက်ဆုံး ပျက်စီး သွားရင် ဌာနဆိုင်ရာ အမိန့်များ၊ လစာ တောင်းခံလွှာများ၊ လစာထုတ်ပေးသည့် စာရင်းများကို အခြေခံ၍ မှတ်တမ်းစာအုပ် အသစ် ပြုစုရမည်။ အထောက်အထား
ပြည့်စုံစွာ မရနိုင်သည့် ကာလများအတွက်
လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများ၏ ထောက်ခံချက်များနှင့် ဌာနတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခဲ့သည့်ကိစ္စတွင်
ဝန်ထမ်း တာဝန်ထမ်းဆောင်ခဲ့သည့် ဌာနများမှ
ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး တို့၏
ထောက်ခံချက်ကို အခြေခံ၍ မှတ်တမ်းစာအုပ်
အသစ် ပြုစုရမည်။ ၄င်းအတိုင်း မဆောင်ရွက်နိုင်သည့် ကိစ္စတွင် ဝန်ထမ်းကိုယ်တိုင် အသေးစိတ်
အချက်အလက်များ ရေးသွင်း စေပြီးနောက်
ထိုအသေးစိတ် မှတ်တမ်းနှင့်အတူ လုပ်ဖော်ကိုင်ဖက်
နှစ်ဦးတို့၏ ထောက်ခံချက်များနှင့် သက်ဆိုင်ရာ မြို့နယ် တရားရုံးတွင် ဝန်ထမ်းက ကတိသစ္စာ ပြုချက်တို့ကို
ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးထံသို့ တင်ပြရမည်။ ယင်း ကတိသစ္စာ ပြုချက်တွင် ဝန်ထမ်းသက်
ကာလတလျှောက်၌ လစာ အပြည့်အဝ ခံစားခြင်း
မရှိသော ခွင့်၊ လစာမဲ့ခွင့်၊ ယူခဲ့ခြင်း ရှိ မရှိ၊ တာဝန်မှ ယာယီရပ်ဆိုင်းထားသည့် ကာလ၊ အမှုထမ်းသက်
ပြတ်သည့်ကာလများ ရှိ မရှိ၊ ဆိုသည့်အချက်များ
ပါဝင်စေရမည်။ ယင်းသို့ တင်ပြ၍ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးက အတည်ပြု လက်မှတ်ရေးထိုးထားသည့် အချက်အလက်များကို အခြေခံ၍ မှတ်တမ်းအသစ်
ပြုစုရမည်။

ဒီတော့ ဝန်ထမ်းစာအုပ် ပျောက်ဆုံးရင်
အပြစ်ဖို့နေကြဖို့ထက် အသစ် ဖွင့်လှစ်ဖို့ကို
ဦးစားပေး ဆောင်ရွက်ကြစေလိုတာပါ။

တကယ်လို့ ပင်စင်လည်း တင်ရပြီ။
အမှုထမ်းသက်မှတ်တမ်း စာအုပ်ကလည်း
ပျောက်နေတယ်၊ အထောက်အထားတွေလည်း
ပြန်ရှာ မရနိုင်တော့တဲ့ အခြေအနေမျိုး ဆိုရင်တော့
အောက်မှာ ဖော်ပြ ပေးလိုက်တဲ့ ပုံစံလေးတွေကို
သတိရကြပါလို့။
👍2
👍1