Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
16K subscribers
3.73K photos
90 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
❤3👍1
ပညာရေးနှင့်ပတ်သက်၍ ထောက်ခံစာ၂မျိုး

(က) မွေးသက္ကရာဇ်ထောက်ခံစာ
(ခ) အတန်းထောက်ခံစာ တစ်နည်းအားဖြင့် ကျောင်းပြောင်းလျှင် ကျောင်းပြောင်းသူကျောင်းသား/သူ အတွက်ထောက်ခံစာ

(ခ) ပုံစံလေးကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍2
👍1
ပညာရေးကောလိပ်ဒုနှစ်ပြီးသူများမပါ။
ဆရာဆရာမတို့ရေ

#လက်ထောက်မူလတန်းပြ ၊
#ဒုတိယမူလတန်းပြ၊
#မူလတန်းပြများထဲမှမူလဘွဲ့+ဒီပလိုမာ မရသေးသူများ အားလုံး
မတ်လ တက္ကသိုလ်ဝင်စာမေးပွဲပြီးဆုံးချိန်တွင် ဒီပလိုမာသင်တန်း
တက်ရမည်ဖြစ်သည်။
(မူလဘွဲ့+ မည်သည့်ဒီပလိုမာမဆို)ရရှိသူ များမှလွှဲ၍
ကျန်သူများအားလုံးတက်ရမည်ဖြစ်ပါသည်။
ကိုယ့်စရိတ်နှင့်ကိုယ်တက်ရမည်ဖြစ်၍
ဘွဲ့မရဘဲ ဒီပလိုမာရရှိသူ များမပါဝင်ပါ။
......
#ဘွဲ့ရဒီမလိုမာမရသေးသူများအားလုံးကိုလုပ်သက်ကြီးစဉ်ငယ်လိုက်တန်းစီဇယားဖြင့်လိုအပ်သောသင်တန်းသား/သူစာ ရင်းအတိုင်းစေလွှတ်မည်ဖြစ် ကြောင်းကြိုတင်အသိပေးအပ်ပါသည်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍4❤3
☘ ဘက်စုံပညာအရည်အချင်းမှတ်တမ်း (QCPR) ပုံစံများ ရေးသွင်းရာတွင် လိုက်နာရမည့်အချက်များ

အခြေခံပညာသင်ရိုးသစ်သင်တန်းများ ပို့ချခဲ့စဉ်က ဘာသာရပ်များကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည် -

အုပ်စု (က) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း စသော ဘာသာရပ်များ

အုပ်စု (ခ) စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ အနုပညာ (ပန်းချီ)၊ အနုပညာ (ဂီတ)၊ ကာယပညာ ဘာသာရပ်များ

၂။ အခြေခံပညာအဆင့်အလိုက် အဓိကဘာသာရပ်များ [အုပ်စု(က) ဘာသာရပ်များ]၏ သင်ယူ အပြီး စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ သင်ယူတတ်မြောက်မှုအဆင့်များ သတ်မှတ်သည့်အခါ
#၁ဝဝမှတ်ပေါ်အခြေခံ၍သတ်မှတ်ရန်] QCPR ကတ်ပြား (နောက်ကျော)ပါ ညွှန်ကြား ထားသည့် သတ်မှတ်ချက်များအတိုင်း စနစ်တကျဆောင်ရွက်ရမည်။

၃။ အဓိကဘာသာရပ်များ [အုပ်စု(က) ဘာသာရပ်များ] အတွက် ပျမ်းမျှအဆင့်ကို အောက်ပါ အတိုင်းတွက်ချက်၍ အခြေခံအဆင့်အလိုက်သတ်မှတ်ထားသည့် တတ်မြောက်မှုအဆင့်များ အတိုင်း ရေးသွင်းရမည် -

ပျမ်းမျှအဆင့် - စစ်ဆေးအကဲဖြတ်ခြင်း (၄)ကြိမ်၏ ရမှတ်စုစုပေါင်း

စစ်ဆေးသည့်အကြိမ်အရေအတွက်

၄။ အခြေခံပညာအဆင့်အလိုက် အုပ်စု(ခ) ဘာသာရပ်များနှင့် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှု (5C's) ၏ စာသင်ခန်းတွင်း သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ သင်ယူမှုရလဒ်များကို ကျောင်းသားတစ်ဦးချင်း လအလိုက် မှတ်တမ်းစာအုပ်တွင် စနစ်တကျ ရေးသွင်းမှတ်တမ်း ထား၍ ဤကတ်ပြားသို့ ကူးပြောင်းရေးသွင်းရမည်။ အဆင့်သတ်မှတ်ရာတွင် QCPR ကတ်ပြား (နောက်ကျော) ပါ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရမည်။

၅။ အုပ်စု “ခ” ဘာသာရပ်များနှင့် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှုများ (5C's) အတွက် ပျမ်းမျှ အဆင့်ကို အောက်ပါအတိုင်း တွက်ချက်၍ ရေးသွင်းရမည်

#မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း

☘ ဘက်စုံအရည်အချင်းမှတ်တမ်း ချုပ် (CCPR) ပုံစံများ ရေးသွင်းရာတွင် လိုက်နာရမည့်အချက်များ

(၁) ပညာသင်နှစ်အလိုက် ရေးသွင်းရာတွင် QCPR မှ ပျမ်းမျှအဆင့် ကူးပြောင်းရေးသွင်းရမည်။

(၂) ပညာသင်နှစ်တစ်နှစ်ပြီးဆုံး၍ အတန်းပြီးမြောက်အောင်မြင်မှသာ ကျောင်းအုပ်ကြီးကိုယ်တိုင် ဖြည့်သွင်းရမည်။

(၃) CCPR ကတ်ပြားများကို မူလတန်းဆင့်၊ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် ခွဲခြား အသုံးပြုသည့်အတွက် အခြေခံပညာအဆင့်အလိုက် ပြီးမြောက်သည်ထိ CCPR ကတ်ပြား များကို အောက်ပါအတိုင်း ပူးတွဲ၍ ကျောင်းအုပ်ကြီးရုံးခန်းတွင် မှတ်တမ်းတင် ထိန်းသိမ်း ထားရမည် -

(က) မူလတန်းဆင့် ကျောင်းသား (၁)ဦး - CCPR (၁) ကတ်

(ခ) အလယ်တန်းဆင့် ကျောင်းသား (၁)ဦး - CCPR (၂) ကတ် (မူလတန်း CCPR (၁) ကတ်၊ အလယ်တန်း CCPR (၁) ကတ်)

(ဂ) အထက်တန်းဆင့် ကျောင်းသား (၁)ဦး CCPR (၃) ကတ်
(မူလတန်း CCPR (၁) ကတ်၊ အလယ်တန်း CCPR (၁) ကတ်၊ အထက်တန်း CCPR (၁) ကတ်)

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍1
👍2
ပညာရေးစိတ်ပညာ(Educational Psychology)

လူသားတွေဟာ ကမ္ဘာလောကနဲ့ ပတ်သက်တဲ့
အကြောင်းအရာတွေကို သင်ယူမှုတွေလုပ်ကြရ
ပါတယ်။ လူတွေဟာ သင်ကြားသင်ယူမှုတွေကို
ဘယ်လိုလုပ်ကြသလဲ အဓိကထားလေ့ကြတာ
ကတော ပညာရေးစိတ်ပညာနယ်ပယ်ပါပဲ။ အဲလို
လေ့လာရာမှာ သင်ကြားသင်ယူမှုဖြစ်စဉ်
(Instructional process) များကို စူးစမ်းလေ့လာ
ခြင်း၊ သင်ယူရာတွင် လူတစ်ဦးနှင့်တစ်ဦးခြားနား
ပုံကို လေ့လာခြင်း၊ ထိရောက်သော သင်ကြားနည်း
(Teaching method)တွေကိုလည်း တီထွင်စူးစမ်း
လေ့လာခြင်းတွေပါဝင်ပါတယ်။

ပညာရေးစိတ်ပညာနဲ့ပတ်သက်တဲ့ရှုထောင့်များ။
================================
အပြုအမူဝါဒရှုထောင့်(Behavioral perspective )
ကတော့ လူတွေဟာ သင်ယူမှုတွေကို အကြောင်း
ဆက်သင်ယူခြင်း၊ ဆုပေးဒဏ်ပေးစံနစ်၊ စသည်
တို့နဲ့သင်ယူရတယ်လို့ဆိုတယ်။
၄င်းအပြင်ဆုပေးဒဏ်ပေးမှုတွေနဲ့ တိုက်ရိုက်မ
ပတ်သက်တဲ့ ရှုမှတ်သင်ယူခြင်း၊ ထိုးထွင်းသိမြင်
သင်ယူခြင်းတွေနဲ့လည်းသင်ယူနိုင်တယ်လို့
ပြောတဲ့ပညာရှင်တွေလည်းရှိတယ်။

ဖွံဖြိုးမှုဆိုင်ရာရှုထောင့်(Developmental
perspective)အရ ဥပမာ- ပီယာဂျေးရဲ့သီအိုရီအရ
ကလေးရဲ့အသိဉာဏ်ဟာ အသက်အဆင့်အလိုက်
ဖွံ့ဖြိုးတယ်။ အဲဒီဖွံ့ဖြိုးမှုအဆင့်ဆင့်ကို လေ့လာ
နားလည်ထားရင် ဘယ်အသက်အရွယ်မှာ ဘာတွေ
သင်ပေးဖို့ ဘယ်လိုသင်ရိုးညွှန်းတန်းတွေသင်ပေး
ရင်ထိရောက်မယ်ဆိုပြီးအသုံးဝင်ပါလိမ့်မယ်။
ဆရာဆရာမတွေဟာ Child Psychology(Child
Development ) ကိုလည်းနားလည်ဖို့လိုပါလိမ့်မယ်။

တွေးသိစဉ်းစားမှုဆိုင်ရာရှုထောင့် (Cognitive
perspective ) ဆိုတာကတော့ စဉ်းစား၊ တွေး၊ သိ၊
မှတ်မိ၊ ပြဿနာဖြေရှင်းစတဲ့ဖြစ်စဉ်တွေကိုလေ့လာ
တယ်။
ကလေးတွေ သင်ယူရာမှာ ဘယ်လိုသင်ကြားနည်း
တွေနဲ့သင်ပေးရင် ပိုပြီးမှတ်မိမလဲ၊ ပြဿနာပုစ္ဆာတွေ
ပိုပြီးထိရောက်စွာဖြေရှင်းနိုင်မလဲစသဖြင့် ချဉ်းကပ်
လေ့လာကြပါတယ်။ ၄င်းအပြင် ယုံကြည်မှု၊ စိတ်လှုပ်
ရှားမှု၊ စေ့ဆော်မှုတွေက သင်ယူမှုကို ဘယ်လိုအကျိုး
ပြုနိုင်မလဲ့စသဖြင့်လည်းလေ့လာပါတယ်။

Learning theory တွေထဲက အခုလတ်တလောကျတဲ့
ရှု့ထောင့်ကတော့ Constructivist approachပါပဲ။
ဒီရှုထောင့်အရ ကမ္ဘာလောကနဲ့ပတ်သက်တဲ့အသိပညာ
တွေ ကိုကျွန်ုပ်တို့ဘယ်နည်းနဲ့တက်တက်ကြွကြွတည်
ဆောက်သလဲချဉ်းကပ်လေ့လာပါတယ်။ ဒီရှုထောင့်က
ကျွန်ုပ်တို့ရဲ့သင်ယူမှုအပေါ် လူမှု၊ ယဉ်ကျေးမှုဆိုင်ရာ
လွမ်းမိုးမှုတွေအကြောင်း ရှင်းလင်းဖို့ ပိုပြီးကြိုးစား
တယ်။ ဒီပညာရှင်တွေရဲ့အယူအဆတစ်ခုက သင်ယူ
မှုအသစ်တွေဟာ ရှိထားပြီးအသိပညာတွေအပေါ်
ထပ်ထပ် ပေါင်းစပ်ပြီးသင်ယူလိမ့်မယ်ဆိုတဲ့အချက်ပဲ
ဖြစ်ပါတယ်။

Experiential Perspective ရှုထောင့်အရ လူတစ်ဦးရဲ့
ကိုယ်ပိုင်ဘဝအတွေ့အကြုံတွေဟာ သူအသစ်သင်ယူ
ရတဲ့အချက်တွေအပေါ် လွှမ်းမိုးပုံကို အလေးထားထား
ကြည့်မြင်ပါတယ်။ Constructivist နဲ့ Cognitive ရှု
ထောင့်တွေလိုပဲ ဒီရှုထောင့်ဟာလည်း သင်ယူမှုထိ
ရောက်ဖို့ သင်ယူသူရဲ့ အတွေ့အကြုံ၊ စိတ်ကူး၊ ခံစား
မှုတွေအပေါ်ထည့်သွင်းစဉ်းစားပါလိမ့်မယ်။

ပညာရေးစိတ်ပညာမှာသင်ကြားရတဲ့ခေါင်းစဉ်များ
==================================
-Educational technology(ဘယ်လိုနည်းပညာ
အမျိုးအစားတွေဟာကျောင်းသားတွေကိုသင်ယူ
ရာမှာကူညီနိုင်မလဲ လေ့လာခြင်း)
-Instructional design
Learning material designing (သင်ကြားပေး
မည့်အရာများကိုပုံစံထုပ်ခြင်း)
-Special education(ပုံမှန်မဟုတ်ဘဲ လိုအပ်ချက်
ရှိသည့်ကလေးများကို သင်ကြားခြင်း)
-Curriculum Development(သင်ယူမှုအထိရောက်
ဆုံးဖြစ်အောင် သင်ရိုးများရေးဆွဲခြင်း)
-Organizational learning(အဖွဲ့အစည်းဆိုင်ရာအခြေ
အနေများတွင် လူတို့ သင်ယူပုံကို လေ့လာခြင်း)
-Gifted learner (ပါရမီရှင်ကလေးများကို ကူညီခြင်း)
စတဲ့အကြောင်းအရာတွေပါဝင်ပါတယ်။

ပညာရေးစိတ်ပညာရှင်များစွာရှိပါတယ်။ အဲဒီအထဲက
ဥပမာအချို့ပြရရင်

John Locke ဗြိတိသျှအတွေးအခေါ်ပညာရှင်တဦးဖြစ်
ပြီး လူရဲ့ဦးနှောက်ဟာ မွေးကာစမှာ ဘာမှရေးမှတ်ထား
ခြင်းမရှိသေားတဲ့မှတ်စု Tabula rasaကြီးဖြစ်ပြီး အသိ
ပညာတွေဟာ အတွေ့အကြုံသင်ယူမှုများအရ ဖွံဖြိုး
လာတယ်ဆိုတဲ့ သဘောတရားကို တင်ပြခဲ့သူဖြစ်တယ်။

Jean Piaget ကတော့ ဆွစ်လူမျိုးစိတ်ပညာရှင်ဖြစ်ပြီး
ကလေးတွေရဲ့အသိဉာဏ်ဟာအသက်အဆင့်အလိုက်
ဖွံဖြိုးလာတယ်ဆိုတဲ့ Cognitive Development
Theoryကိုဖော်ထုတ်ခဲ့သူဖြစ်ပါတယ်။

B F Skinner ကတော့ အမေရိကန်လူမျိုးစိတ်ပညာ
ရှင်ဖြစ်ပြီး အလုပ်သဘောအကြောင်းဆက်သင်ယူ
ခြင်း (Operant conditioning)သဘောတရားကို
စမ်းသပ်ပြခဲ့ပြီး Reinforcement၊ Punishment
ဆုပေးဒဏ်ပေးနိယာမများတင်ပြခဲ့သူဖြစ်ပါတယ်။

အထက်ကအချက်အလက်များကတော့ ပညာရေး
စိတ်ပညာအကြောင်း ခြုံငုံမိအောင် အကျဉ်းခြုံး
မိတ်ဆက်ဖော်ပြခဲ့ခြင်းပဲဖြစ်ပါတယ်။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

👁👁
👃🏻
👄
*ကြိုးစားမှုမရှိတဲ့ ပါရမီက အလကားပဲ*
❤9👍2
မနက်ဖြန်ကစပြီး

တက္ကသိုလ် အဝေးသင် ပထမနှစ်

များအားလုံး Online payment ဖြင့်

ငွေသွင်းရတော့မှာဖြစ်ပါတယ်။

ကျောင်းမှာ ပုံမှန်အတိုင်းငွေသွင်း

အပ်လို့ရမည် မဟုတ်တော့ပါ။

ပညာရေးဝန်ကြီးဌာနက တစ်နိုင်ငံ

လုံးအတိုင်းအတာနဲ့ Online

payment system အားကျင့်သုံး

ခြင်းဖြစ်ပါသည်။

UAB Pay တစ်ခုထဲ ဖြင့်သာ

ကျောင်းအပ်လက်ခံမည်ဖြစ်သည်။
🥰10👍3❤1
3 Idiots ဇာတ်ကားကို ဒီရက်ထဲ နောက်တစ်ကြိမ် ပြန်ကြည့်မိတော့ ဇာတ်ဝင်ခန်း တစ်ခုကို သဘောကျမိတယ်။ အရင်ကလည်း အဲ့ဒီဇာတ်ဝင်ခန်းကို သဘောကျပါတယ်။ ဒီတစ်ခါတော့ သဘောကျရုံတင်မကပဲ အဲ့ဒီဇာတ်ဝင်ခန်းအကြောင်းစာရေးချင်စိတ်ပါ ဖြစ်လာတယ်။ အင်ဂျင်နီယာ တက္ကသိုလ်မှာ ဆရာဖြစ်သူက Machine ဆိုတာ ဘာလဲလို့ ရန်ချိုကိုမေးတယ်။ “လူတွေရဲ့ လုပ်အားကိုလျှော့ချပေးနိုင်သမျှအရာတွေကို စက်လို့ခေါ်ပါတယ်” လို့ ပြန်ဖြေတယ်။ ဒီထက်ပိုပြီး အသေးစိတ်ရှင်းပြပါလားလို့ ဆရာက ထပ်မေးတော့ရန်ချိုက “အလုပ်ကို ပိုပြီးရိုးရှင်းအောင်၊အချိန်သက်သာအောင်လုပ်ပေးနိုင်သမျှ အရာတွေအားလုံးဟာ စက်တွေပါပဲဆရာ၊ပူပြင်းတဲ့နေ့တွေမှာ ခလုပ်လေးတစ်ခုကို နှိပ်လိုက်ရုံနဲ့လေအေးတွေရအောင် လုပ်ပေးတဲ့ ပန်ကာကလည်းစက်ပါပဲ..ဆရာ၊ မိုင်ပေါင်းများစွာ ဝေးတဲ့နေရာက သူငယ်ချင်းတွေနဲ့ စကားပြောလို့ရအောင် လုပ်ပေးတဲ့ တယ်လီဖုန်းကလည်း စက်ပါပဲ..ဆရာ၊ စက္ကန့်ပိုင်းအတွင်းမှာ ဂဏန်းပေါင်းများစွာကို တွက်ချက်ပေးတဲ့ ဂဏန်းပေါင်းစက်ဟာလည်း စက်ပါပဲ..ဆရာ၊ ဘောလ်ပင်ထိပ်က ဘုသီးလေးက အစ၊ ဘောင်းဘီဇစ်အထိ စက်ပါပဲ..ဆရာ”လို့
ဖြေတယ်။ အဲ့ဒီမှာ ဆရာက လုံးဝ သဘောမကျဘူး။

ဘယ်သူသိသေးလဲမေးတော့...စာကြမ်းပိုး ချာတူးကလက်ထောင်တယ်။ သူကတော့ ကြက်တူရွေးကျက်
ကျက်ထားတာကို ရွတ်ပြသွားတယ်။ ဆရာက အရမ်းသဘောကျသွားတယ်။

အဲ့ဒီဇာတ်ဝင်ခန်းလေးကို မြင်တော့ ကျွန်တော်တို့ ပညာ
ရေး စနစ်ကို မြင်ယောင်မိတယ်။ ကျွန်တော်တို့ ငယ်ငယ်
ထဲက အနှစ်တွေကို မသင်ခဲ့ရဘူး။ တကယ်နားလည်ပြီး
ပျော်ပျော်ရွှင်ရွှင် သင်ခဲ့ရတဲ့ ဘာသာရပ်ဆိုတာ နည်း
တယ်။ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊
သင်ရိုးစာအုပ်ထဲက စကားလုံးတွေကို အလွတ်ကျက်ရ
တယ်။ Definition ဆိုတာ ကျက်စာလို့ပဲ သတ်မှတ်ခဲ့
တယ်။ရူပဗေဒဆိုတာစိတ်ဝင်စားစရာကောင်းပါလား၊
ဓာတုဗေဒဆိုတာ အရမ်းမိုက်ပါလား ဆိုပြီး တွေးဖြစ်ခဲ့
တာ မရှိသလောက်ပဲ။ နားလည်ဖို့ထက် အလွတ်ကျက်
ဖို့က ပိုအရေးကြီးခဲ့တယ်။ နားလည်ခြင်းဟာအရေးကြီး
တဲ့ အရာတစ်ခု မဟုတ်ခဲ့ဘူး။ အလွတ်ကျက်ပြီး စာမေး
ပွဲမှာ ပြန်လည်ချရေးနိုင်ခြင်းကသာ အရေးကြီးဆုံးဖြစ်
ခဲ့တယ်။ အခုခေတ်ကလေးတွေရော အဲ့ဒီလိုပဲလား
ဆိုတော့ ကျွန်တော် မသေချာဘူး။ ပြောင်းလဲသွားပြီ
ဆိုရင်တော့ ကောင်းပါတယ်။ သင်္ချာမှာဆိုလည်း
ပုံသေတွက်နည်း တစ်ခုနဲ့ပဲ တွက်ရတယ်။ အခြားနည်း
နဲ့ ကွန့်မြူးပြီး တွက်လို့ မရဘူး။ ကွန့်မြူးပြီး တွက်တာ
ဖြစ်ဖြစ်၊အရမ်းလွယ်နေတဲ့ အဆင့်ကို ကျော်တွက်ပြ
တာပဲ ဖြစ်ဖြစ် လုပ်မိရင် အမှတ်မပေးတော့ဘူး။ အဲ့ဒီ
စနစ်က ကျွန်တော်တို့ရဲ့ Creativity စွမ်းရည်ကို သတ်
လိုက်သလိုပဲ။ ကလေးဆိုတာ၊ လူငယ်ဆိုတာ ကွန့်မြူး
ချင်တယ်၊ ဆန်းသစ်ချင်တယ်၊ တီထွင်ချင်တယ်၊
ဘောင်ထဲမှာ နေရတာထက် ဥာဏ်ကွန့်မြူးရင်
ကွန့်မြူးသလောက် အသစ်လေးတွေ လုပ်ချင်တယ်။

ဒါပေမယ့် ပညာရေးစနစ်က Creativity ကို သတ်
သလို ဖြစ်နေခဲ့တယ်။ ကျွန်တော်တို့တွေ နိုင်ငံတကာနဲ့
ယှဉ်ရင် Creativity မှာ အလွန်အားနည်းကြတယ်။
နောက်တစ်ခု စဉ်းစားမိတာက ကျွန်တော်တို့မြန်မာ
တွေ Team Work အားနည်းတာ ရှိတတ်တယ်။
မြန်မာနှစ်ယောက်ရှိရင် နှစ်ဖွဲ့ကွဲတယ်ဆိုပြီး လူတွေပြော
လေ့ရှိတတ်ကြတယ်။ Team Work ကို Education က
Foundation မချပေးနိုင်ခဲ့ဘူး။ သူများ လူမျိုးတွေဆို
အစုအဖွဲ့နဲ့ အလုပ်လုပ်တတ်ကြတယ်။ ကျွန်တော်တို့
က ဂိမ်းထဲမှာတောင် ပူးပေါင်းဆောင်ရွက်ဖို့မလွယ်ကြ
ဘူး။ PUBG ကစားတဲ့သူတွေဆိုရင် သဘောပေါက်လိမ့်
မယ်။ မြန်မာတွေနဲ့ အတူတူကျရင် တစ်နေရာထဲကို
အတူတူ ခုန်ဆင်းဖို့ မလွယ်ဘူး။ တစ်ယောက်တစ်ပေါက်
ဆင်းကြတာများတယ်။ (အပြင်မှာ သိတဲ့ သူငယ်ချင်း
တွေဆော့တာကို ပြောတာမဟုတ်ဘူးနော်။ Random
ကို ပြောတာ။) ကျွန်တော်တို့က ငယ်ငယ်ထဲက အတူတူ
ပူးပေါင်းလုပ်ဖို့ထက် ပြိုင်ဖို့ကို ပိုစိတ်အားထက်သန်ခဲ့ကြ
တယ်။ အဲ့ဒီလိုဖြစ်အောင် ပညာရေးကလည်း တိုက်တွန်း
ခဲ့သလို၊ မိဘတွေကလည်း တိုက်တွန်းခဲ့ကြတယ်။
မိဘချင်း ပြိုင်တာတွေလည်း ရှိတယ်။ ကလေးတွေကို
ကျူရှင်ပေါင်းစုံ ထားတယ်။ အသက်ရှုချိန်တောင် မရကြ
ဘူး။ ကျောင်းပြီး ကျူရှင်၊ ကျူရှင်ပြီး ကျောင်း။သားသမီး
ပညာရေးနဲ့ပတ်သက်တာကို ဂုဏ်ယူတတ်ကြတယ်။
ဂုဏ်ယူတာကို ကျွန်တော် အပြစ်မပြောလိုပါဘူး။ ဒါပေ
မယ့် သားသမီးတိုင်းဟာ အလွတ်ကျက်ပညာရေးစနစ်
နဲ့ အံဝင်ကြသူတွေ မဟုတ်ကြပါဘူး။ အချို့ကလေးတွေ
က စာမတော်ကြပါဘူး။ စာကို အလွတ်မကျက်နိုင်ကြပါ
ဘူး။ စာမေးပွဲတွေမှာ အမှတ်နည်းတိုင်း ဘဝမှာ မအောင်
မြင်မယ့် ကလေးလို့ သတ်မှတ်လို့ မရပါဘူး။ စာဘယ်
လောက် ကျက်နိုင်လဲဆိုတာ တကယ့်လက်တွေ့ဘဝမှာ
အသုံး မဝင်သလောက်ပါပဲ။ အဲ့ဒီလို စာမကျက်နိုင်တာနဲ့ပဲ
အချို့မိဘတွေက "ဘေးအိမ်က ဘယ်သူ့ကိုကြည့် စာတော်
လိုက်တာ၊ နင်သူ့ချီးစားဖို့ ကောင်းတယ်ဆိုပြီး သားသမီး
ကို ဆုံးမတတ်ကြတယ်။

စာမတော်တဲ့ ကလေးကို လူရာမဝင်တဲ့ ကလေးပုံံစံပြောဆို
လိုက်တာ တော်တော်ဆိုးပါတယ်။ ကလေးတွေက စာကျက်
❤9👍4
တာ မတော်ပေမယ့် အခြားနေရာတွေမှာ တော်တာတွေ
ရှိတတ်ပါတယ်။ အချို့ကလေးတွေက ပန်းချီဝါသနာပါ
ကြတယ်။ အချို့ကလေးတွေက စာရေးတာ ဝါသနာပါမယ်၊
အချို့ကလေးတွေက ကွန်ပျူတာ ဝါသနာပါမယ်၊ အချို့ကျ
တော့ အားကစား ဝါသနာပါမယ်။ ဒါမျိုး ကလေးတွေကို
ပညာရေး စနစ်က မြေထောင်မြှောက်ပေးဖို့ လိုသလို၊ မိဘ
တွေကလည်း လက်ခံပေးဖို့ လိုပါလိမ့်မယ်။ ကိုယ့်အတ္တတစ်ခု
ထဲ၊ ကိုယ့်အမြင်တစ်ခုထဲနဲ့ “ဒါကောင်းတယ်လို့ငါထင်တယ်၊
မင်းဒါပဲလုပ်” ဆိုတာမျိုးက ကလေးကို မွန်းကြပ်စေပါတယ်။
ဝါသနာမပါတဲ့ အရာတစ်ခုမှာ ထူးချွန်ဖို့ဆိုတာ တော်တော်
ခက်ခဲပါတယ်။ စာမတော်လည်း အခြား အသက်မွေးဝမ်း
ကြောင်း ပညာတစ်ခု တတ်အောင် ပြုစုပျိုးထောင်ပေးလို့
ရပါတယ်။ ဆယ်တန်းမအောင်တာနဲ့ မင်းဘဝပျက်ပြီပဲလို့
မချိန်းခြောက်သင့်ပါဘူး။ ပြီးတော့ ကလေးတွေကို အခြား
ကလေးနဲ့ နှိုင်းယှဉ်ပြီး ပြင်းပြင်းထန်ထန် ပြောဆိုတာဟာ
တော်တော်ဆိုးပါတယ်။ ကလေးတစ်ယောက်ကို အဲ့ဒီလို
ပြောခြင်းဟာ “မင်းဟာ Loser တစ်ယောက်ပါ” လို့ ရိုက်သွင်း
ပေးလိုက်သလိုပါပဲ။ ငယ်ဘဝမှာ ဦးနှောက်ရဲ့ အတွင်းပိုင်း
ထဲအထိ ရောက်သွားတဲ့ အဲ့ဒီ Belief ဟာ ကြီးတဲ့အထိ
မပျောက်တတ်ပါဘူး။ Insecurity တွေ အပြည့်နဲ့ အရှက်
အကြောက်ကြီးပြီး Confidence မရှိတဲ့ လူငယ်လေးတွေ
ဖြစ်လာတတ်ပါတယ်။ လွဲမှားတဲ့ ယုံကြည်မှုဆိုတာ တစ်ခါ
တစ်လေ ဖျောက်ဖျက်ရ အင်မတန်ခက်ပါတယ်။ ငယ်ဘဝ
မှာ ရိုက်သွင်းခံထားရရင် ပိုဆိုးပါတယ်။

ထက်မြက်ပြီး အဖွဲ့အစည်းနဲ့ အလုပ်လုပ်တတ်တဲ့ လူငယ်
တွေ ပေါ်ထွန်းလာဖို့ဆိုတာ ကျွန်တော်တို့ ပညာရေးစနစ်
အပေါ်မှာ အများကြီး မူတည်သလို မိဘတွေရဲ့ခံယူချက်
တွေပေါ်မှာလည်း မူတည်ပါတယ်။ ကလေးတစ်ယောက်
ကျောင်းမှာ အဆင့်ဘယ်လောက်ရသလဲ ဆိုတာထက်၊
ကလေး ကျောင်းကနေ ဘာတွေသင်ယူပြီး ဘယ်လောက်
အထိ နားလည်လဲဆိုတာက ပိုအရေးကြီးပါတယ်။ ကိုယ့်
တုန်းက မဖြစ်ခဲ့တဲ့ အိမ်မက်တွေကို သားသမီးကို ထမ်းခိုင်း
တာထက် သူတို့အိမ်မက်လေးတွေကို သူတို့ရှာတွေ့အောင်
ကူညီပေးတာက ပိုကောင်းပါတယ်။ အလွတ်ကျက်တဲ့စနစ်
ပျောက်ပြီး ကလေးတွေ တကယ်နားလည်အောင် ကူညီ
ပေးတဲ့ ပညာရေး စနစ်မျိုး မြင်ချင်မိပါတယ်။

ဒီစာလေးကိုတော့ရန်ချိုပြောတဲ့ စကားလေးနဲ့ပဲ အဆုံးသတ်
ချင်ပါတယ်။ ကျောင်းမှာ ကျောင်းသားအားလုံး ဓာတ်ပုံရိုက်
တော့ ရန်ချိုက အဆင့်(၁) ရလို့ ဆရာဘေးမှာ ထိုင်ရပါတယ်။
သူ့သူငယ်ချင်း၂ယောက်ကတော့ အဆင့်ဘိတ်ဆုံးရလို့ နောက်
ဆုံးမှာထိုင်ရပါတယ်။ အဲ့ဒါနဲ့ ရန်ချိုက “ဘာဖြစ်လို့ ကျောင်းသား
တွေက အဆင့်လိုက် ထိုင်ရတာလဲ..ဆရာ” လို့ မေးလိုက်
ပါတယ်။ ဆရာက “အဲ့ဒီလိုထိုင်ရတာ ပြဿနာရှိလို့လား”လို့
ပြန်မေးတယ်။ ရန်ချိုက “ရှိတာပေါ့ ဆရာရဲ့...ဒီစနစ်ကြီးက
လူနေမှုအဆင့်အတန်းခွဲတဲ့ စနစ်ကြီးလို ဖြစ်နေတယ်။”
ဆရာက “မင်းမှာ ဒီထက်ပိုကောင်းတဲ့ အကြံရှိလို့လား”
လို့ မေးတော့ ရန်ချိုက “ရှိတာပေါ့..ဆရာ။ Result တွေကို
ချတောင် မချပြသင့်ဘူး။ လူတစ်ယောက်ရဲ့ အားနည်းချက်�ကို
ဘာလို့အခြားသူတွေရှေ့မှာ ချပြနေမှာလဲ..ဆရာ့မှာ
သံဓာတ်အားနည်းရင် ဆရာဝန်က ဆရာ့ကို သံဓာတ်အား
တိုးဆေး ပေးလိုက်တာပဲလေ..ဆရာ သံဓာတ်အားနည်း
နေကြောင်း သူတို့က တီဗွီမှာ လိုက်ကြော်ငြာနေလို့လား”
လို့ ပြန်ဖြေလိုက်ပါတယ်။

Credit
#မိုးရှင်း (I.M.T)
👍4❤3
လက်ရှိ လူပျောက်မှုတွေထဲမှာ ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေ ပါမသွားအောင် ဘယ်လိုပြုမူ နေထိုင်သင့်သလဲ? အခြေခံအချက် (၁၀) ချက်နဲ့ အကြံပြုလိုက်ပါတယ်။

ခုတလော လူပျောက်မှုတွေဟာ ဆိုးရွားသထက် ဆိုးရွားလာပါပြီ။ သတင်းတိုင်းမှာ အသက်မပြည့်သေးတဲ့ ကျောင်းနေရွယ်ကစပြီး အရွယ်အမယ်ပေါင်းစုံ ယောက်ျားမိန်းမ အကုန်ပါပါတယ်။ ဒီလို နေ့ရောညပါ လုံခြုံမှုတစက်မှ မရှိတော့ချိန် မဖြစ်မနေ အပြင်ထွက်ကြရတဲ့အခါ ဒီအခြေခံအချက်တွေကို သိမှတ်ထားစေလိုပါတယ်။

(၁) လူပြတ်တဲ့နေရာတွေကို လုံးဝရှောင်ကြဉ်ပါ။

(၂) မိမိသွားလာရာ အနီးဝန်းကျင်မှာ မသင်္ကာစရာ အရိပ်အယောင် ရှိမရှိ မကြာခဏ ဆန်းစစ်ပါ။ သံသယရှိတာ သေချာလာတဲ့အခါ လူအုပ်ထူရာ ဝင်ရောဖို့သာ ကြိုးစားပါ။

(၃) အလုပ်သိမ်းတာနဲ့ချက်ချင်း အိမ်ရောက်အောင်သာ တန်းတန်းမတ်မတ် ပြန်ပါ။ ဒီကာလက ဟိုဝင်ဒီထွက် မလုပ်သင့်ဆုံးအချိန်ဆိုတာ သတိချပ်ပါ။

(၄) ကိုယ့်ဆွေမျိုးသားချင်းမှာ ဆိုင်သူပိုင်သူ ရှိရင် အဲဒီသူရဲ့ ဖုန်းနံပါတ်၊ ဒါမှမဟုတ် ကဒ်တခုခုကို ဆောင်ထားပြီး အရေးကြုံတာနဲ့ ဖြေရှင်းနိုင်အောင် အသင့်ပြင်ဆင်ပါ။

(၅) ညပိုင်း ပွဲဈေးတန်းသွားခြင်း၊ Night Out ထွက်ခြင်းများကို အထူးရှောင်ကြဉ်ပါ။ ပွဲလမ်းသဘင် လူစည်ကားရာမို့ စိတ်ချရတယ် မထင်ပါနဲ့၊ အဲဒီကတဆင့် အပြန်ခရီးမှာတော့ မီးပြတ်နေတဲ့ ညမှောင်မှောင်ထဲ လမ်းမတိုင်းက လူသူခြောက်ကပ်ကပ်ပါ။

(၆) မိဘတွေအနေနဲ့ မိမိကလေး ငယ်ငယ်/ကြီးကြီး ကိုယ်တိုင် ကျောင်းပို့ကျောင်းကြိုဖြစ်ဖြစ်၊ ကျောင်းကားနဲ့ အကြိုအပို့ဖြစ်ဖြစ် ပြုလုပ်ပါ။ လိုက်မလုပ်နိုင်ရင် ကလေးတွေကို ကျောင်းသွားခိုင်းမနေပါနဲ့။

(၇) ကိုယ့်မိသားစုဝင်တယောက်ယောက် အပြင်ထွက်တဲ့အခါ ဘယ်သွားမှာ ဘာအတွက်လဲဆိုတာ အမြဲသိအောင် မေးပါ။ တကယ်လို့ လူပျောက်မှုထဲ ပါသွားခဲ့ရင် ပျောက်ဆုံးသူ သွားခဲ့ရာ လမ်းကြောင်းကနေ သဲလွန်စ အမြန်ကောက်နိုင်အောင်ပါ။

(၈) မိသားစုဝင်အချင်းချင်း အိမ်အချိန်မီပြန်ဖို့ မကြာမကြာ ဖုန်းလှမ်းဆက်ပြီး သတိပေးတဲ့အလေ့ ပြုလုပ်ပါ။

(၉) ကျန်တာ စိတ်မဝင်စားရင်တောင် လူမှုကွန်ရက်ပေါ်က လူပျောက်မှုသတင်းတွေကိုတော့ အမြဲလိုလို အလေးထားပါ။ ငါ့ကျမှ လာမဖြစ်လောက်ဘူး မတွေးပါနဲ့။ ပျောက်ဆုံးသွားသူတိုင်းဟာလည်း အဲဒီလို တွေးခဲ့ကြမှာပါပဲ။

(၁၀) သတိဟူသည် ပိုသည်မရှိပါ။ ကြိုတင်ပြင်ဆင်ခြင်းဟာ ကြုံလာမယ့် အန္တရာယ်တွေကို လျှော့ချနိုင်ခြင်းပါပဲ။
❤20👍9
စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စိတ်ပညာဌာနမှ Dr ရာဇာချစ်ရေးသားပြီး ကျောင်းသား၊ကျောင်းသူများသရုပ်ဆောင်ထားပါသည်။
‼️သတိ‼️

Kpay လိမ်တဲ့ကိစ္စက ဒီနေ့ခင်းမှာ ကျွန်တော့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါလေရော။ ဒီလိမ်တဲ့ ကိစ္စဟာ သိနေသူတွေအတွက် အလိမ်ဆိုတာ သိပေမယ့် မသိတဲ့သူတွေမှာလည်း အခုထိခံရတုန်း။ အဲဒီလို လိမ်တာတွေရှိပါတယ်၊ SMS Code ကို ဘယ်သူ့ကိုမှ မပေးရပါဘူးလို့ အာပေါက်အောင် ဘယ်လောက်ပဲ ပြောနေကြလည်း တစ်ချို့တွေကျတော့ အဲဒီလို လိမ်တာရှိမှန်း သိရက်နဲ့ကို သူတို့ဆီ ရောက်လာတော့ ခံလိုက်ရတာပဲ။ အဲဒါ လောလောလတ်လတ် ဒီလထဲမှာကို အသိကောင်မလေးတစ်ယောက်။ ဖုန်းဆက်ပြီး လိမ်တာတွေ ရှိတယ်ဆိုတာလည်းအသိ။ သူ့သူငယ်ချင်းရဲ့ အသိကနေ ငွေလွှဲလိုက်တာ Code နံပါတ်လေးကျလာတာလေးပေးပါ၊ မှတ်ပုံတင်နံပါတ်ပေးပါ ဆိုပြီးတောင်းတော့ သူလည်း ယောင်နနနဲ့ပေးလိုက်မိတာ ပါသွားရော။

ကျွန်တော့်ဆီဆက်လာတဲ့ဖုန်းကျတော့ ထုံးစံအတိုင်း Kpay Level မြှင့်ဖို့ လိုနေပါပြီတဲ့။ ကျွန်တော့်အကောင့်က Level 2 ဖြစ်နေလို့ ဒီနေ့မှ Level မမြှင့်ရင် အကောင့်ပိတ်သိမ်းပါတော့မယ်တဲ့။ ဘဏ်ပိတ်ရက်မှာ တမင်ရွေးလုပ်တာ။ ဘဏ်ဖွင့်ရက်ဆိုရင် ဘဏ်သွားလုပ်လိုက်မယ် ဖြစ်မှာစိုးလို့။ Kpay ကနေ ဆက်တာပါ ဆိုကတည်းက လိမ်တော့မှာမှန်းသိတယ်။ သိပေမယ့် သူတို့ ဖုန်းဘီလ်ကုန်ပါစေတော့ဆိုပြီး ဆက်မျှောပေးလိုက်တာ မိနစ် ၂၀ လောက်ပဲ။ 😆

သူတို့ဆက်လာတဲ့ဖုန်းနံပါတ်က ကျွန်တော့်ရဲ့ လူသိများတဲ့ဖုန်း။ ဒါပေမယ့် အဲဒီ နံပါတ်နဲ့က Kpay မသုံးဘူး။ ဒီဖုန်းနံပါတ်လေးနဲ့ Kpay သုံးလားတဲ့။ လူလိမ်မှန်း သိလို့ ဖုန်းဘီလ်ကုန်ပါစေတော့ဆိုပြီး ဪ .. ဟုတ်ကဲ့ သုံးပါတယ်ပေါ့။ အကို့ Kpay Level လေးက 2 ပဲဖြစ်နေလို့ Level 6 ကို မြှင့်ဖို့ လိုပါတယ်တဲ့။ ဘာဖြစ်လို့၊ ညာဖြစ်လို့၊ ဒီနေ့နောက်ဆုံးပါ ဘာညာသာရကာတွေလည်းပါသေးတယ်။ လူလိမ်တွေရဲ့ ထုံးစံအတိုင်း စာကျက်ထားတာကို နောက်က ကျားလိုက်သလို ရွတ်ပြတာ။ အဲဒီမှာ လိုင်းမမိချင်ယောင် ဆောင်ပြီး ဟလို ဟလို ညီမ ဘာပြောလိုက်တာလဲ မကြားလိုက်ရဘူး။ Level 2 က ဘာဖြစ်တယ် ပြန်ပြောပြပါဦးဆိုပြီး ကြပ်ပေးလိုက်တော့ စောစောက ပြောတာကိုပဲ တသွေမတိမ်း ထပ်ရွတ်တာ။ ကြားထဲမှာလည်း ဟလို လိုင်းကလည်းမကောင်း ဘာဖြစ်တာတုန်း၊ မကြားတစ်ချက် ကြားတစ်ချက်နဲ့ဆိုပြီး အဲဒီပြောတာကိုပဲ နောက်ထပ် ၂ ခေါက် ထပ်ပြောခိုင်းလိုက်သေးတယ်။😁 တူညီတဲ့စကားကို ၄ ခေါက်ပြောခိုင်းပြီးမှ ဟမ် ငါ Level 2 နဲ့ပဲ သုံးနေတာကြာပြီလေ။ ဘယ်လိုလုပ်ပြီး ကြားထဲက Level 3, 4, 5 တွေကို ကျော်လွှားပြီးတော့ Level 6 ကို ရောက်သွားတာတုန်း။ တစ်ဆင့်ချင်း မြှင့်ပေးတာ မဟုတ်ဘူးလားဆိုတော့ အခုက နောက်ဆုံး Level လေးကို တစ်ခါတည်း မြှင့်ပေးမှာပါတဲ့။ ငါတော့ Level 6 မကြားဖူးဘူးနော်။ နေပါဦး Kpay Version ကို မြှင့်ခိုင်းနေတာလား၊ Level မြှင့်ခိုင်းနေတာလား ရှင်းပြဦး ဆိုပြီးတော့ ထပ်ရစ်လိုက်သေးတယ်။ ဟိုလို၊ ဒီလိုတွေ အများကြီး လျှောက်မေးပြီးမှ အဲဒါဆိုရင် Level မြှင့်ဖို့ ဘာလုပ်ရမှာတုန်းဆိုတော့မှ Code ၆ လုံလေး ကျလာပါလိမ့်မယ်တဲ့။ အဲဒီ Code 6 လုံးက Kpay ထဲမှာ ကျလာမှာလား၊ ဘယ်လိုလုပ်ရမှာတုန်း၊ ဘာလုပ်ရမှာတုန်း Kpay မှာ ထည့်ပေးရမှာ လား၊ ဘယ်နားမှာ ဘယ်လို ထည့်ရမှာလဲ။ ဝင်ရမှာလား၊ ထွက်ရမှာလားတွေ အူလည်ပတ်လည်တွေ ထပ်မေးပြီး ခေါင်းစားခိုင်းလိုက်တယ်။ မဟုတ်ဘူးတဲ့ ညီမတို့ကို အဲဒီ Code ၆ လုံး ပြောပြီး Confirm လုပ်ပေးပါတဲ့။ အဲဒီ Code ၆ လုံး ရရင် Level မြှင့်လို့ရပါပြီတဲ့။
ဒါနဲ့ ညည်းတို့ Kpay အဖွဲ့က ဘယ်လို အလုပ်လုပ်နေကြတာတုန်း။ ငါ့အိမ်က KBZ ဘဏ်ခွဲ ၅ ဘေးမှာ ကပ်ရက်၊ ဟိုဖက်ဒီဖက် လှမ်းအော်ပြောရင်တောင် ကြားနေရတဲ့ဟာကို အခုမှ အရေးတကြီးဖုန်းဆက်ပြီး လုပ်ခိုင်းနေရလား။ ညည်းတို့ဘဏ်ကဟာတွေ ငွေသွင်းထုတ်အတွက် ဆိုင်ကိုလည်း ရက်ခြားရောက်နေတာကို ကြားထဲမှာ Kpay level 3, 4, 5 တွေ မြှင့်ဖို့ရှိတုန်းက ဘာလို့ မပြောတာတုန်း။ ညည်းတို့ Kpay နဲ့ အပတ်စဉ် လည်ပတ်နေတဲ့ ပိုက်ဆံက သိန်းရာနဲ့ချီပြီး ရှိနေတာကို ဒီလောက်တောင် ပေါ့ပေါ့လျော့လျော့ လုပ်ရသလား။ ညည်းတို့ Kpay တစ်ဖွဲ့လုံးကို ရုံးချုပ်ထိ တိုင်မယ်၊ အခုလည်း ငါ့ Kpay ကို ပိတ်ရဲပိတ်ကြည့် စားသုံးသူရေးရာထိတိုင်ပြီးတော့ကို တရားစွဲမယ်၊ မနက်ဖြန် ညည်တို့ ဘဏ်ခွဲတစ်ခုလုံးနဲ့ ငါနဲ့အတွေ့ပဲ။ အကုန်စောင့်နေကြ ညည်းတို့လည်း အပြုတ်ပဲ လို့ ဖြဲချလိုက်ရော။ 🤣 ကျွန်မတို့က Kpay ရုံးချုပ်ကတိုက်ရိုက်ဆက်တာပါတဲ့။ ဒါဆို ညည်းနာမည်ပြော၊ ညည်းက ဘာအဆင့်တုန်း။ ညည်းနဲ့ ဆက်မပြောချင်ဘူး၊ ညည်းတို့ရုံးက တာဝန်အရှိဆုံး အကြီးဆုံးလူကို ခေါ်ပေး။ သူနဲ့ ပြောမယ် ဆိုတော့ ခင်ရတနာ ပါတဲ့။ အကြီးဆုံး လူက ဒီနေ့ ပိတ်ရက်မို့လို့ ရုံးမလာပါဘူးတဲ့။ အေး အဲဒါဆို ငါလည်းကားမောင်းနေတာ၊ code ဝင်/မဝင် မကြည့်အားသေးဘူး။ နောက် နာရီဝက်နေမှ ဖုန်းဆက်၊ မဟုတ်လည်း မနက်ဖြန်မှ ငါ့ဘာသာ ဘဏ်မှာသွားမြှင့်လိုက်မယ် လို့ပြောတော့ တစ်ခွန်းမှတောင် မပြောဘဲ ဖုန်းချသွားရော။
👍4👏3
တကယ်က အဲဒီဖုန်းနံပါတ်နဲ့ Kpay အကောင့်မဖွင့်ထားဘူး။ ဒါပေမယ့် SMS Code ကျလာတာရှိတယ်။ အဲဒါနဲ့ Kpay မှာ ကိုယ့်ဖုန်းနံပါတ်ကို ရိုက်ပြီး Transfer လုပ်ကြည့်တော့ ကျနော့်နာမည်နဲ့ Kpay အကောင့်က ရှိနေပြီ။ အရင်ကဆိုရင် အဲဒီဖုန်းနံပါတ်ကို Kpay လုံးဝလွှဲလို့မရဘူး။ အကောင့်မရှိလို့။ သူတို့တွေ လိမ်ဖို့ရာ ဖုန်းနံပါတ်တွေနဲ့ Kpay ဝင်ကြည့်ရင်းနဲ့ အကောင့်ဖွင့်မိသွားတာ လားမသိဘူး။ မနက်ဖြန်ကျရင် အဲဒီဟာကို သွားပိတ်ခိုင်းရဦးမယ်။

ဆက်လာတဲ့ဖုန်းနံပါတ်က 09-423357468
သူတို့ပိတ်ချင်တဲ့ဖုန်းကျတော့ စက္ကန့်မဆိုင်းပိတ်နိုင်ပေမယ့်
ဒီလို လိမ်တဲ့ဖုန်းတွေကျတော့ ထိထိရောက်ရောက်ဘယ်တော့မှ မပိတ်ဘူး။
Dip-Ed သမားများအချည်းအနှီးမဖြစ်ပါ။

ညွှန်ကြားရေးမှူး/ကျောင်းအုပ်ကြီး(ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း) (လစာနှုန်း ၃၇၄၀၀ဝိ-၄၀၀ဝိ-၃၉၄၀၀ဝိ) ရာထူးနေရာသို့ ရာထူးတိုးမြှင့်ခန့်ထားရေးမူ)

၁။ ညွှန်ကြားရေးမှူးရာထူးအတွက် B.Ed/Dip.Ed(သို့မဟုတ်) ဘွဲ့တစ်ခုခုရရှိပြီး အခြေခံပညာ ဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးနှင့် ရုံးခွဲများ၊ ခရိုင်ပညာရေးမှူးရုံးများတွင် ဒုတိယညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေသူဖြစ်ရမည်။

၂။ ကျောင်းအုပ်ကြီး (ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း) ရာထူးအတွက် B.Ed ဘွဲ့၊ မဟာဘွဲ့(သို့မဟုတ်) ဘွဲ့တစ်ခုခုရရှိပြီး အခြေခံပညာဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးနှင့် ခရိုင်ပညာရေးမှူးရုံးများတွင် ဒုတိယညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေသူ(သို့) (ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း)တွင် ဒုတိယ ကျောင်းအုပ်ကြီး ရာထူးတာဝန်ထမ်းဆောင်နေသူ ဖြစ်ရမည်။

၃။ ဒုတိယညွှန်ကြားရေးမှူး/ ဒုတိယကျောင်းအုပ်ကြီး ရာထူးတွင် အနည်းဆုံး လုပ်သက် (၂)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ is

၄။ ညွှန်ကြားရေးမှူး(စီမံ/ ဘဏ္ဍာ/ ပညာ/ ကြီးကြပ်အကဲဖြတ်/ စီမံကိန်း/ စာရင်းအင်း)ရာထူး အတွက်သက်ဆိုင်ရာဌာနခွဲများ၏ လုပ်ငန်းအတွေ့အကြုံရှိပြီး နားလည်တတ်ကျွမ်းသူ ဖြစ်ရမည်။

၅။ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရာထူးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် လုပ်ငန်းနှံ့စပ်ကျွမ်းကျင်သူဖြစ်ရမည်။ ခရိုင်ပညာရေးမှူးရာထူးတွင် တာဝန်ထမ်း ဆောင်ဖူးသူကို ဦးစားပေးမည်။

၆။ ပြစ်မှု၊ ပြစ်ဒဏ်ခံရဆဲကာလ မဖြစ်စေရ။

၇။ အထက်ဖော်ပြပါ အချက်များအပြင် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

(က)ခေါင်းဆောင်မှုပေးနိုင်ခြင်း

(ခ)အများအကျိုးဆောင်ရွက်လိုခြင်း

(ဂ)လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း

(ဃ) စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(c) ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(စ) ကြိုးစား၍ တာဝန်ကို လိုလားစွာ ထမ်းဆောင်ခြင်း

(ဆ) တီထွင်ကြံဆတတ်ခြင်း

(ဇ) စည်းကမ်းလိုက်နာခြင်း

(ဈ) ယုံကြည်စိတ်ချရသူ....ဖြစ်ရမည်။
..........

ဒုတိယညွှန်ကြားရေးမှူးချုပ် (လစာနှုန်း ၄၁၈၀၀ဝိ-၄၀၀ဝိ-၄၃၈၀၀ဝိ) ရာထူးနေရာသို့ ရာထူးတိုးမြှင့်ခန့်ထားရေးမူ)

B.Ed/Dip.Ed (သို့မဟုတ်) ဘွဲ့တစ်ခုခုရရှိပြီး အခြေခံပညာဦးစီဌာန(ရုံးချုပ်)/ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးများတွင် ညွှန်ကြားရေးမှူးရာထူး (လစာနှုန်း ၃၇၄၀၀ဝိ-၄၀၀ဝိ-၃၉၄၀၀ဝိ)ဖြင့် တာဝန်ထမ်းဆောင်နေသူဖြစ်ရမည်။ .။

၂။ ညွှန်ကြားရေးမှူးနှင့် လစာနှုန်းတူရာထူးတွင် အနည်းဆုံး လုပ်သက် (၁)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

၃။ ပညာရေးကဏ္ဍ/အခြေခံပညာနှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင် အတွေ့အကြုံရှိသူကို ဦးစားပေးမည်။

၄။ ပြစ်မှု၊ ပြစ်ဒဏ်ခံရဆဲကာလ မဖြစ်စေရ။

၅။ အထက်ဖော်ပြပါ အချက်များအပြင် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

(က) ခေါင်းဆောင်မှုပေးနိုင်ခြင်း

(ခ) အများအကျိုးဆောင်ရွက်လိုခြင်း

(0) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း

(ဃ)စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(င) ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(0) ကြိုးစား၍ တာဝန်ကို လိုလားစွာ ထမ်းဆောင်ခြင်း

(ဆ) တီထွင်ကြံဆတတ်ခြင်း

(0) စည်းကမ်းလိုက်နာခြင်း

(ဈ) ယုံကြည်စိတ်ချရခြင်း

(ည) ဆက်ဆံရေးပြေပြစ်ခြင်း

၆။ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ပညာရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံး/ဦးစီးဌာနမှ လုပ်သက်ရမှတ်၊ ရေးဖြေရမှတ်၊ လူတွေ့ရမှတ် စုစုပေါင်းကို တန်းစီဇယားရေးဆွဲပြီး ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးက ခန့်ထားဆောင်ရွက်ရမည်။

...........

ဒုတိယညွှန်ကြားရေးမှူး(ပညာ၊ စီမံကိန်းများကြီးကြပ်အကဲဖြတ်)/ဒုတိယညွှန်ကြားရေးမှူး (ခရိုင်ပညာရေးမှူးရုံး)/ဒုတိယကျောင်းအုပ်ကြီး(ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း)

( လစာနှုန်း ၃၄၁၀ဝဝိ-၄၀၀ဝိ-၃၆၁၀၀ဝိ)ရာထူးနေရာသို့ ရာထူးတိုးမြှင့်ခန့်ထားရေးမူ)

၁။ B.Ed/Dip.Ed ဘွဲ့ရရှိပြီး အခြေခံပညာဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်ရုံးများတွင် လက်ထောက်ညွှန်ကြားရေးမှူး(သို့) မြို့နယ်ပညာရေးမှူးရုံးတွင် မြို့နယ် ပညာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ရမည်။

၂။ ဒုတိယကျောင်းအုပ်ကြီးရာထူးအတွက် B.Ed/Dip.Ed(သို့မဟုတ်)ဘွဲ့တစ်ခုခုရရှိပြီး အခြေခံ ပညာဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်ရုံးများတွင် လက်ထောက် ညွှန်ကြားရေးမှူးရာထူး၊ မြို့နယ်ပညာရေးမှူးရုံးတွင် မြို့နယ်ပညာရေးမှူးရာထူး၊ ပညာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ဌာနမှူးရာထူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ရမည်။

၃။ လက်ထောက်ညွှန်ကြားရေးမှူး/ မြို့နယ်ပညာရေးမှူး/ ဌာနမှူးရာထူးတွင် အနည်းဆုံး လုပ်သက် (၃)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

၄။ ဒုတိယညွှန်ကြားရေးမှူး (ပညာ၊ စီမံကိန်းများကြီးကြပ်အကဲဖြတ်) ရာထူးများအတွက် သက်ဆိုင်ရာဌာနခွဲ၏ လုပ်ငန်းအတွေ့အကြုံရှိပြီး နားလည်တတ်ကျွမ်းသူဖြစ်ရမည်။

၅။ ဒုတိယညွှန်ကြားရေးမှူး (ခရိုင်ပညာရေးမှူးရုံး)ရာထူးအတွက် မြို့နယ်ပညာရေးမှူးရာထူး တွင် တာဝန်ထမ်းဆောင်ဖူးသူကို ဦးစားပေးမည်။

၆။ ပြစ်မှု၊ ပြစ်ဒဏ်ခံရဆဲကာလ မဖြစ်စေရ။ ။
👍2
အထက်ဖော်ပြပါအချက်များအပြင် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

(က) ခေါင်းဆောင်မှုပေးနိုင်ခြင်း

(ခ) အများအကျိုးဆောင်ရွက်လိုခြင်း

(0) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း

(ဃ)စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(c) ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(စ) ကြိုးစား၍ တာဝန်ကို လိုလားစွာ ထမ်းဆောင်ခြင်း

(ဆ) တီထွင်ကြံဆတတ်ခြင်း

(ဇ) စည်းကမ်းလိုက်နာခြင်း

(ဈ) ယုံကြည်စိတ်ချရခြင်း

(ည) ဆက်ဆံရေးပြေပြစ်ခြင်း

...........

ဒုတိယညွှန်ကြားရေးမှူး(စီမံ၊ဘဏ္ဍာ၊စီမံကိန်း/စာရင်းအင်း)

(လစာနှုန်း ၃၄၁၀၀ဝိ-၄၀၀ဝိ-၃၆၁၀၀ဝိ) ရာထူးနေရာသို့ ရာထူးတိုးမြှင့်ခန့်ထားရေးမူ)

ဘွဲ့တစ်ခုခုရရှိပြီး အခြေခံပညာဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်ရုံး များတွင် လက်ထောက်ညွှန်ကြားရေးမှူး(သို့) မြို့နယ်ပညာရေးမှူးရုံးတွင် မြို့နယ်ပညာ ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ရမည်။ ။

လက်ထောက်ညွှန်ကြားရေးမှူး(သို့) မြို့နယ်ပညာရေးမှူးရာထူးတွင် အနည်းဆုံးလုပ်သက် (၃)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

၃။ ဒုတိယညွှန်ကြားရေးမှူး (စီမံ၊ ဘဏ္ဍာ၊ စီမံကိန်း/စာရင်းအင်း) ရာထူးများအတွက် သက်ဆိုင်ရာ ဌာနခွဲ၏ လုပ်ငန်းအတွေ့အကြုံရှိပြီး နားလည်တတ်ကျွမ်းသူ ဖြစ်ရမည်။

၄။ ပြစ်မှု၊ ပြစ်ဒဏ်ခံရဆဲကာလ မဖြစ်စေရ။

၅။ အထက်ဖော်ပြပါအချက်များအပြင် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

(က) ခေါင်းဆောင်မှုပေးနိုင်ခြင်း

(ခ) အများအကျိုးဆောင်ရွက်လိုခြင်း

(0) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း

(ဃ)စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(c) ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(စ) ကြိုးစား၍ တာဝန်ကို လိုလားစွာ ထမ်းဆောင်ခြင်း

(ဆ) တီထွင်ကြံဆတတ်ခြင်း

(ဇ) စည်းကမ်းလိုက်နာခြင်း

(ဈ) ယုံကြည်စိတ်ချရခြင်း

(ည) ဆက်ဆံရေးပြေပြစ်ခြင်း

၆။ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ အခြေခံပညာ ဦးစီးဌာနမှ လုပ်သက်ရမှတ်၊ ရေးဖြေရမှတ်၊ လူတွေ့ရမှတ် စုစုပေါင်းကို တန်းစီဇယား ရေးဆွဲပြီး ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ တင်ပြအတည်ပြုချက်ရယူကာ အခြေခံပညာ ဦးစီးဌာနက ခန့်ထားဆောင်ရွက်ရမည်။

.............

လက်ထောက်ညွှန်ကြားရေးမှူး(ပညာ၊ စီမံကိန်းများကြီးကြပ်အကဲဖြတ်)/မြို့နယ်ပညာရေးမှူး/ဌာနမှူး(ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း)

(လစာနှုန်း ၃၀၈၀ဝဝိ-၄၀၀ဝိ-၃၂၈၀ဝဝိ) ရာထူးနေရာသို့ တိုးမြှင့်ခန့်ထားရေးမူ B.Ed/Dip.Ed (သို့) ဘွဲ့တစ်ခုခုရရှိပြီး အခြေခံပညာဦးစီးဌာန(ရုံးချုပ်)၊ ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ အထက်တန်းကျောင်းအုပ်၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ဦးစီးအရာရှိနှင့် လက်ထောက်ကထိကရာထူးတွင် တာဝန် ထမ်းဆောင်နေသူဖြစ်ရမည်။

အခြေခံပညာဦးစီးဌာန(ရုံးချုပ်)၊ ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ အထက်တန်းကျောင်းအုပ်၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဦးစီးအရာရှိ/ လက်ထောက်ကထိက ရာထူးများတွင် အနည်းဆုံးလုပ်သက် (၃)နှစ်ပြည့်ပြီး သူဖြစ်ရမည်။ (အထက်တန်းကျောင်းအုပ်ဖြစ်ပါက လက်ရှိရာထူးတွင် လုပ်သက်အနည်းဆုံး (၁)နှစ်နှင့် (အလယ်တန်းကျောင်းအုပ် + အထက်တန်းကျောင်းအုပ်) လုပ်သက်အနည်းဆုံး (၃)နှစ်ရှိရမည်။]

၃။ လက်ထောက်ညွှန်ကြားရေးမှူး (ပညာ၊ စီမံကိန်းများကြီးကြပ်အကဲဖြတ်) ရာထူးအတွက် သက်ဆိုင်ရာဌာနခွဲများ၏ လုပ်ငန်းအတွေ့အကြုံရှိပြီး နားလည်တတ်ကျွမ်းသူ ဖြစ်ရမည်။

၄။ မြို့နယ်ပညာရေးမှူးရာထူးသို့ ရာထူးတိုးလျှောက်ထားသူဖြစ်ပါက အထက်တန်းကျောင်းအုပ် ရာထူးတွင် ထမ်းဆောင်နေသူ ဖြစ်ရမည်။

၅။ ပြစ်မှု၊ ပြစ်ဒဏ်ခံရဆဲကာလ မဖြစ်စေရ။ ။

၆။ အထက်ဖော်ပြပါအချက်များအပြင် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

(က) ခေါင်းဆောင်မှုပေးနိုင်ခြင်း

(ခ) အများအကျိုးဆောင်ရွက်လိုခြင်း

(ဂ) လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း

(ဃ)စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(c)ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိခြင်း

(စ) ကြိုးစား၍ တာဝန်ကို လိုလားစွာ ထမ်းဆောင်ခြင်း

(ဆ) တီထွင်ကြံဆတတ်ခြင်း

(0) စည်းကမ်းလိုက်နာခြင်း

(ဈ) ယုံကြည်စိတ်ချရခြင်း

(ည) ဆက်ဆံရေးပြေပြစ်ခြင်း

ဒါကြောင့် ယခုတက်ရောက်နေကျသော Dip-Ed များအထူးကြိုးစားပေးကျပါ။
Dip-Ed လျှောက်ချင်သူများကလည်းဝင်ခွင့်ခေါ်တဲ့အခါဖြေဆိုနိုင်ဖို့မေဂျာအလိုက်လေ့လာကျဖို့လိုပါတယ်....Dip-Ed ကအချည်းအနှီးမဖြစ်သလိုအဆင့်ဆင့်ကြိုးစားသွားမယ်ဆိုလျှင် ရာထူးအဆင့်ဆင့်သို့တက်လှမ်းနိုင်ပါတယ်။ ဒါကြောင့် ရှေ့ဆက်ကြိုးစားကျပါလို့တိုက်တွန်းချင်ပါတယ်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
❤1
ကျောင်းသားဦးရေဖြင့်သာ အခြေခံသော သို့မဟုတ် ဆိုင်သော ရေး ( ၄ ) ရေး

☘ ဝန်ထမ်းဦးရေရရှိရေး ။ ကျောင်းသားဦးရေ နှင့် ဆရာဦးရေအချိုးကိုကြည့်၍ ထိုကျောင်း၏ လိုအပ်သောဝန်ထမ်းဦးရေကို ဖြည့်ဆည်းပေးသည်။

☘ ဆောက်လုပ်ရေး(တိုးချဲ့ဆောင်)ရရှိရေး ။ ထိုကျောင်း၏ကျောင်းသားဦးရေကိုကြည့်၍ပေးသည် ။

☘ ကျောင်းအဆင့်တိုးရရှိရေး ။ ထိုကျောင်း၏ ကျောင်အဆင့်တိုးရေးကို မူလကျောင်းအဆင့်၏ ကျောင်းသားအင်အားကို ကြည့်၍ပေးသည်။

☘ ကျောင်းတိုးတတ်ဖွံ့ဖြိုးရေးငွေတိုး၍ရရှိရေး ။ ထိုကျောင်း၏ကျောင်းသားဦးရေ ဖြင့်သာ ရန်ပုံငွေကိုတိုးပေးသည်။

ဖော်ပြပါ ရေး (၄) ေရးသည် မူလပညာရေး၏ ပြဌာန်းချက်စစ်စစ်ဖြစ်သည်။
ယခုဖြစ်ပေါ်တွေ့ရှိနေသောအကြောင်းအရာများကိုမပြောလိုပါ။ ပညာရေးဌာန၏ ပြဌာန်းချက်စစ်စစ်ကို ဆရာဆရာမတိုင်းသိရှိအောင်ဖော်ပြပေးခြင်းပင်ဖြစ်ပါသည်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍1