Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
16K subscribers
3.73K photos
90 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ဝေဖန်ခြင်းနှင့် ပုတ်ခတ်ခြင်း
<><><><><><><><><><>

ဝေဖန်ခြင်းနှင့် ပုတ်ခတ်ခြင်း
မတူဘူး •••
ဝေဖန်ခြင်း ဆိုတာက -
သူ့ရဲ့ အမှားကို
သူ ပြန်စဉ်းစားနိုင်အောင်
ယဉ်ယဉ်ကျေးကျေး , အေးအေးဆေးဆေး
သုံးသပ်ပြတာ •••
မေတ္တာ , ပညာ , အကြင်နာ
အခြေခံတယ် •••
ပုတ်ခတ်ခြင်း ဆိုတာက
သူများ အမှားကို
ချက်ကောင်းယူပြီး စော်ကားတာ
အမုန်းတွေ....အာဃာတတွေ.... ဒေါသတွေ
အခြေခံတယ် •••
ဝေဖန်ခြင်းက
သူရော , ကိုယ်ရော ချမ်းသာစေပြီး •••
ပုတ်ခတ်ခြင်းက
သူရောကိုယ်ပါ ဆင်းရဲစေပါတယ် •••

✒ မဟာဗောဓိမြိုင်_ဆရာတော်_ဘုရားကြီး

#
👍3❤1
👍2
ဆန်တစ်ဆုပ်...
ကျဲချလိုက်
ငှက်တစ်အုပ်...ရောက်လာလိမ့်မယ်။
ဆန်စေ့ကုန်ရင်...ပျံသွားကြမယ်။

ငွေတစ်ထုပ် ။
ပကာသနတစ်ပုဒ်နဲ့ ပေါင်းကြည့်လိုက်
လူတစ်အုပ်ရောက်လာလိမ့်မယ်။
ကျွေးစရာ ပေးစရာမရှိတော့ရင်...
ပြန်သွားကြလိမ့်မယ်။

စွန့်ခွာသွားပုံခြင်း တူကြပေမယ့်
ငှက်တစ်အုပ်က ဒုက္ခမပေးဘူး။
👍17❤3
၂၀၂၅ ပြက္ခဒိန်နှစ် အတွက်
ပြန်တမ်းဝင် ရုံးပိတ်ရက်/အလုပ်ပိတ်ရက်များ
👍2
၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၄) တွင် အောက်ပါအတိုင်း လမ်းညွှန်မှု ပြုခဲ့ပါသဖြင့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အကြောင်းကြားလာပါသည်-

(က) ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း တက်ရောက်နေသည့် ကျောင်းသားများအားလုံး ရာနှုန်းပြည့်နီးပါး စာမေးပွဲဖြေဆိုပြီး အတန်း အောင်၍ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားပေးရန်၊ တန်းစဉ်ကူးပြောင်းရာတွင် လက်ရှိကျောင်းသားဦးရေထက် လျော့မသွားစေရန် ကြပ်မတ်ပေးရန်နှင့် ကျောင်းတက်ရောက်ရန် ကျန်ရှိသည့် ကလေးများအား အတတ်နိုင်ဆုံး စည်းရုံးဖျောင်းဖျပြီး ကျောင်းတတ်နိုင်အောင် ဆောင်ရွက်ပေးရန်၊

(ခ) မိမိတို့လက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာမှာ ပညာရေးအားနည်းခြင်းကြောင့်ဖြစ်၍ ကျောင်းနေ အရွယ်ကလေးများ အခြေခံပညာတတ်မြောက်စေရေး အလေးထားဆောင်ရွက်ရန်၊

(ဂ) လာမည့်ပညာသင်နှစ်တွင် မူလတန်းနှင့် အလယ်တန်းကလေးများအားလုံး အသက်အရွယ် အလိုက် ကျောင်းတတ်နိုင်အောင်၊ ပညာသင်ယူနိုင်အောင် ကြပ်မတ်ဆောင်ရွက်ရန်...........

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍6
🏵 #မဟော်သဓာဝင်ခွင့်လျှောက်လွှာ🚩

#အောက်ဖော်ပြပါစာများကိုသေသေချာ
ချာ ဖတ်ပေးကြပါ။

✒(၂၀၂၅/၂၀၂၆)ပညာသင်နှစ်အတွက်
(G-10)မဟော်သဓာဝင်ခွင့်လျှောက်လွှာ
ပုံစံကို အောက်ပါအတိုင်းဖော်ပြပေးလိုက်
ပါသည်။ #ယနေ့မှစ၍_ဖောင်ပိတ်ပြီဟု
မကြေငြာမခြင်း တင်ခွင့်ရှိပါသည်။Tတ်
မှတ်လူဦးရေပြည့်ပါက ဖောင်ပိတ်မည်
ဖြစ်ပါသည်။

#အဆိုပါဝင်ခွင့်လျှောက်ပုံစံကို
မိမိိတို့ဘာသာ ပရင့်ထုတ် မိတ္တူကူးယူပြီး
လျှောက်လွှာပုံစံမှာပါသည့် အမည်၊ အဘ
အမည်၊ကိုယ်အလေးချိန်စသည့် အချက်
အလက်များကို အစုံအလင်ဖြည့်သွင်းပေး
ရပါမည်။ဓာတ်ပုံကပ်ပြီး .....အုပ်ထိန်းသူ
လက်မှတ်ထိုးရပါမည်။

#အချက်အလက်ဖြည့်သွင်းပြီးသည့်
စာရွက်ကို စားပွဲပေါ် သေသေချာချာချပြီး
မိမိဖုန်းဖြင့် ထင်ထင်ရှားရှား ဓာတ်ပုံရိုက်
ရပါမည်။(ပုံ-အတည့်ဖြစ်အောင်ရိုက်ပါ)။

#အဆိုပါဖောင်စာရွက်ပုံစံ_ဓာတ်ပုံကို
#သုညကိုး_ခြောက်၊ကိုး၊ခြောက်၊ကိုး၊
သုည၊ရှစ်၊လေး၊ကိုး၊လေး၊ဘိုင်ဘာ
တစ်ခုတည်းကိုသာ....⤵⤵
#၀၉၆၉၆၉၀၈၄၉၄ဖုန်းViber
တစ်ခုတည်းကိုသာ ပေးပို့ရမည်ဖြစ်ပါ
သည်။ #အခြားဖုန်းViberများသို့ပေးပို့ပါ
က 😎မှတ်တမ်းဝင်မည်မဟုတ်ပါ။
(နံနက်(၉)နာရီမှ ညနေ(၅)နာရီ (ရုံးချိန်)
အတွင်းသာ ပေးပို့ကြရမည်ဖြစ့သည်။
(၂၀၂၅)FB စစ်စတန်ကြောင့် ဖုန်းနံပါတ်
ကို ဂဏန်းဖြင့်ဖော်ပြခွင့်မရှိဟုကြားသိရ
သောကြောင့် မြန်မာစာဖြင့်ဖော်ပြရခြင်း
ဖြစ်ပါသည်။

#ပေးပို့သူတို့အနေဖြင့်_သတ်မှတ်ကာလ
အတွင်း၌သာ ပေးပို့ကြရမည်ဖြစ်ပါသည်
ကြိုတင်ပေးပို့ခြင်း၊ကျောင်းသားတစ်ဦး
ကို #တစ်ကြိမ်ထက်ပို၍ပေးပို့ခြင်း၊ဖောင်
ပိတ်ပြီးမှပေးပို့ခြင်းမက်ဆင်ဂျာမှပေးပို့
ခြင်းများပြုလုပ်ပါက မိမိတို့လျှောက်လွှာ
စာရင်းဝင်မည်မဟုတ်ပါ။ .....မိဘများက
#မိမိပို့ထားသည့်ဖောင်_မရောက်မှာစိုးရိမ်
၍ မိမိပို့ထားပြီးသည့်အပြင် ..ဆရာတော်
တစ်ပါးပါးအားထပ်ပို့ခိုင်းခြင်း၊...ဦးလေး၊
အကို၊မိတ်ဆွေများအား..ထပ်မံပေးပို့ခိုင်း
ခြင်းများမပြုလုပ်ကြပါရန် မေတ္တာရပ်ခံ
အပ်ပါသည်။စာရင်းလုပ်ရ အင်မတန်ခက်
ခဲသွားနိုင်၍ဖြစ်ပါသည်။

#အထူးမှတ်ချက်
☕ဖောင်တင်ပြီး... #တစ်ပါတ်အတွင်း၌၊
ထပ်ပြောပါမည်..... #တစ်ပါတ်အတွင်း၌
#လျှောက်လွှာလက်ခံရရှိကြောင်း_စာရင်း
သွင်းပြီးကြောင်း #ပြန်စာများကို_မိမိတို့
ပို့ထားသည့်Viberဖုန်းကနေတဆင့်.. ပြန်
လည်အကြောင်းကြားပေးသွားမည်.ဖြစ်
ပါသည်။.....အဆိုပါပြန်စာရရှိပြီဆိုလျှင်
မိမိတို့ကလေးကို #လက်ခံစာရင်းသွင်းပြီ
ဟု မှတ်ယူရမည်ဖြစ်ပါသည်။

#တစ်ပါတ်အတွင်း_ပြန်စာမရရှိပါက
အကြောင်းကြောင်းကြောင့် လစ်လပ်နေ
ခဲ့ပါက ....မိမိတို့မူရင်းပေးပို့လိုက်သည့်
Viber ဖုန်းကိုသာ #ထပ်မံစာပို့၍မေးမြန်း
စုံစမ်းကြစေလိုပါသည်။
#မှတ်ချက်_ဖုန်းလိုင်းမမိဖြစ်တတ်၍
ဖုန်းဆက်မေးပါက ခက်ခဲမှာစိုးလို့ပါ။

#လျှောက်လွှာပုံစံပါအချက်အလက်
#နံပတ်(၈)အရ လျှောက်လွှာတင်သည့်
အချိန်၌ မိမိတို့ကလေးသည်(G-9)စာမေး
ပွဲ မဖြေရသေးပါ။သို့ဖြစ်ပါ၍ .....တချို့
သောမိဘများက မဖြေရသေးဘဲ .ဘယ်
လိုဖြည့်သွင်းပေးရမှာလဲဟုမေးလေ့ရှိကြ
ပါသည်။
#ဖြည့်သွင်းရမည်မှာ_မိမိတို့လက်ရှိတက်
ရောက်နေသော ကျောင်းအမည်နှင့်.ခုနှစ်
ကိုသာဖြည့်သွင်းရပါမည်။အောင်မှာသေ
ချာပါသည်။

#နိုင်ကဒ်နေရာ၌ မှတ်ပုံတင်မရိုက်ရသေး
ပါက #လျှောက်ထားဆဲ ဖြည့်ရပါမည်။
နောက်ပိုင်း မှတ်ပုံတင်ရအောင်လုပ်ပေး
ရပါမည်။

#ဓာတ်ပုံက_လိုင်စင်ဓာတ်ပုံ 1.1x1.3 ဆိုဒ်
ရိုက်ရပါမည်။ကာလာပုံဖြူမည်းပုံ အဆင်
ပြေသလိုကပ်နိုင်သည်။ဓာတ်နောက်ကျော
မှာ ဘောပင်ဖြင့် မိမိအမည်ရေးထိုးပြီးမှ
ဖောင်စာရွက်တွင်ကပ်ပေးရပါမည်။
ဓာတ်ပုံကို ကျောင်းဝတ်စုံဖြင့်ရိုက်
ပေးပါ။

🖊ဝင်ခွင့်ဖောင်များကို နံနက်(၉)နာရီမှ
ညနေ(၅)နာရီအထိ(ရုံးချိန်အတွင်းသာ)
ပေးပို့ကြရပါမည် ကွန်ပျူတာဖြင့်.တစ်
နေ့စာအပြီး ..စာရင်းသွင်းရမည်ဖြစ်ပါ
သည်။

🏵မှတ်ချက်။။စာများကိုနောက်တစ်ကြိမ်
ထပ်မံဖတ်ရှု့ပေးစေလိုပါသည်။
#မိမိတို့လက်ဝယ်ရှိဖောင်စာရွက်ကို
သိမ်းထားပါ။ဝင်ခွင့်ဖြေဆိုတဲ့အခါ
ယူလာရမည်ဖြစ်ပါသည်။

(အောက်ဆုံးက ဖော်ပြထားသည့်
ဖုန်းနံပါတ်က ဖောင်တင်ရမည့်
#ဖုန်းနံပါတ်မဟုတ်ပါ)
&&&&&&&&&&&&&&&&&&&&&&&&

(၈၀)ဖြစ်ပါတယ်။

သူရိန်စိုး(ဓမ္မဒူတ)
မဟော်သဓာ-ကိုယ်ပိုင်အထက်တန်း-
ကျောင်း၊သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်
ငွေနံ့သာကျေးရွာအုပ်စု၊ဘားလားသစ်ခွ
ခြံလမ်း။
0️⃣9️⃣6️⃣9️⃣2️⃣2️⃣5️⃣6️⃣9️⃣6️⃣9️⃣
👍3❤2
❤3