Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
16.1K subscribers
3.73K photos
90 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ယနေ့ဖြစ်သည်။

အောင်ချက်မြင့်မားရေး အတွေ့အကြုံ
**********
မေးခွန်းနံပါတ် (၁)
(က) မှားလျှင် (မှား)၊ မှန်လျှင် (မှန်) ဖြေဆိုရာမှာ မှား/မှန် ရေးရာတွင် ( )ပါရမည်။
(ခ) ကွက်လပ်ဖြည့် ဖြေဆိုရာမှာ ပိုမဖြေ၊လိုမဖြေရပါ။
- ပေါ်နွေလလျှင်ကဗျာကို ...... ခေတ်တွင် ရေးပါသည်။ (တောင်ငူ) ခေတ် ပိုမရေးရ။
(ဂ)အဖြေမှန်ရွေး ဖြေဆိုရာမှာ ဂဏန်းနံပါတ်၊ အက္ခရာနံပါတ်၊ အဖြေစာသား မှန်ရမည်။

မေးခွန်းနံပါတ် (၂)
(က) ခက်ဆစ် ဖြေဆိုရာမှာ အဓိပ္ပာယ်ကို "တိကျစွာ" ဖြေရမည်။ ပုဒ်မ ရှေ့ရှိ ( ) ထဲကစာ ထည့်ရေးပါ။
(ခ) အလင်္ကာ ဖြေဆိုရာမှာ အလင်္ကာမှန် (1/2 မှတ်) အလင်္ကာမြောက်ကြောင်းမှန် (1/2 မှတ်) ရမည်။ "အလင်္ကာအမည်မှားလျှင် ၁ မှတ်မှ မရတော့ပါ။"
(ဂ) စကားစပ် ဖြေဆိုရာမှာ အချက် ၆ ချက် မှန်ရမည်။ "စားစပ်ကို စာဟန်ဖြင့်သာ ရေးရမည်။" စကားပြောဟန် မရေးရပါ။
(ဃ) အပြောသင်ခန်းစာ (မှတ်စု) ဖြေဆိုရာမှာ "ပြည်စုံလွန်းမက ပြည့်စုံအောင်ရေးနိုင်မှ" အမှတ်ပြည့် ရနိုင်သည်။ ထူးချွန်မှတ်ဖြတ်ထားသဖြင့် ပြည့်ပြည့်စုံစုံ ရေးသားနိုင်လျှင် ပိုကောင်းသည်။

မေးခွန်းနံပါတ် (၃) (၄) (၅)
ကဗျာ၊ စကားပြေ၊ ရေသည် မေခွန်းရှည်များ ဖြေဆိုရာမှာ အကြောင်းအရာ ဖြစ်စေ အရေးအသား ဖြစ်စေ အချက်အလက် ပြည့်စုံရမည်။ မူရင်းစာသား အကိုးအကား ထည့်ဖြေမှ ထူးချွန်မှတ် ရနိုင်သည်။

မေးခွန်းနံပါတ် (၆)
စာစီစာကုံး ဖြေဆိုရာမှာ ၅ ပိုဒ်လုံး ထိမိအောင် ရေးရန်။ တစ်ပိုဒ်ချင်း အကဲဖြတ် အမှတ်ပေးသည်။

မေးခွန်းနံပါတ် (၇)
အဆိုဆွေးနွေး ဖြေဆိုရာမှာ ၄ ပိုဒ်လုံး ထိမိအောင် ရေးရန်။ တစ်ပိုဒ်ချင်း အကဲဖြတ် အမှတ်ပေးသည်။

#စာစစ်အတွေ့အကြုံ
မျှဝေပေးသော
ဆရာ UTMS ကို
အထူးကျေးဇူးတင်ရှိပါသည်။
👍61
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ဖွံ့ဖြိုးစအရွယ်ကလေးငယ်များအတွက် ကျန်းမာရေးအထောက်အကူများဖြစ်စေရန်ရည်ရွယ်၍(KG)ကျောင်းသား၊ကျောင်းသူများရှိသည့်ကျောင်းများတွင်ကလေးငယ်များအားကျန်းမာရေးဝန်ကြီးဌာန၏ဘ-တ်ဂျ-က်
ခွင့်ပြု‌ေငွဖြင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ယူကျွေးမွေးဆောင်ရွက်ကြရမည့်ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဥ်ကိုတစ်လလျှင်(၂)ကြိမ်နှုန်းဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
👍2
#ပညာရေးစုံညီပွဲတော်ကိုဘာကြောင့်ကျင်းပပေးရတာလဲ

သက်ဆိုင်ရာကျောင်းအုပ်ကြီးက စုံညီပွဲနေ့တွင် ထည့်သွင်းပြောကြားပေးဖို့လိုပါတယ်ခင်ဗျာ။

ပညာရေးစုံညီပွဲတော်၏ရည်ရွယ်ချက် (၄)ရပ်ဖြစ်သော

(က) ပညာရေးမြှင့်တင်မှု အစီအစဉ်အရ ကျောင်း၏ တိုးတက်ဖြစ်ပေါ်မှုများ၊ အောင်မြင်မှုများကို မိဘ ပြည်သူ များအား အသိပေးရန်။

(ခ) မိဘ၊ဆရာ၊ကျောင်းသားပိုမိုရင်းနှီးပြီး ပညာရေးတိုးတက်ဖွံ့ဖြိုးမှုအတွက် ပူးပေါင်းပါဝင်မှု ပိုမိုမြင့်မားလာစေရန်။

(ဂ) မိဘပြည်သူများက ကျောင်းအပေါ်ပိုမိုစိတ်ဝင်စားမှု စေတနာထားလာမှုတို့ဖြင့် ကျောင်းသံယောဇဉ် ပိုမိုတိုးမြင့်လာစေရန်

(ဃ) မိဘ၊ဆရာ၊ကျောင်းသားပူးပေါင်းမှုဖြင့် ပညာရေးအကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမို အောင်မြင် လာစေရန်။

ဟူသော ရည်ရွယ်ချက်များဖြင့် အခြေခံပညာကျောင်းများ၏ ပညာသင်နှစ်ကာလအတွင်း အောင်မြင် စွာ ဆောင်ရွက်မှုများကို ငွေကုန်ကြေးကျမများဘဲ ဖော်ထုတ်ခွင့်ရစေရန် ရည်ရွယ်ပါသည်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
8👍3🥰1
ဝေဖန်ခြင်းနှင့် ပုတ်ခတ်ခြင်း
<><><><><><><><><><>

ဝေဖန်ခြင်းနှင့် ပုတ်ခတ်ခြင်း
မတူဘူး •••
ဝေဖန်ခြင်း ဆိုတာက -
သူ့ရဲ့ အမှားကို
သူ ပြန်စဉ်းစားနိုင်အောင်
ယဉ်ယဉ်ကျေးကျေး , အေးအေးဆေးဆေး
သုံးသပ်ပြတာ •••
မေတ္တာ , ပညာ , အကြင်နာ
အခြေခံတယ် •••
ပုတ်ခတ်ခြင်း ဆိုတာက
သူများ အမှားကို
ချက်ကောင်းယူပြီး စော်ကားတာ
အမုန်းတွေ....အာဃာတတွေ.... ဒေါသတွေ
အခြေခံတယ် •••
ဝေဖန်ခြင်းက
သူရော , ကိုယ်ရော ချမ်းသာစေပြီး •••
ပုတ်ခတ်ခြင်းက
သူရောကိုယ်ပါ ဆင်းရဲစေပါတယ် •••

မဟာဗောဓိမြိုင်_ဆရာတော်_ဘုရားကြီး

#
👍31
ဆန်တစ်ဆုပ်...
ကျဲချလိုက်
ငှက်တစ်အုပ်...ရောက်လာလိမ့်မယ်။
ဆန်စေ့ကုန်ရင်...ပျံသွားကြမယ်။

ငွေတစ်ထုပ် ။
ပကာသနတစ်ပုဒ်နဲ့ ပေါင်းကြည့်လိုက်
လူတစ်အုပ်ရောက်လာလိမ့်မယ်။
ကျွေးစရာ ပေးစရာမရှိတော့ရင်...
ပြန်သွားကြလိမ့်မယ်။

စွန့်ခွာသွားပုံခြင်း တူကြပေမယ့်
ငှက်တစ်အုပ်က ဒုက္ခမပေးဘူး။
👍173