Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
16.1K subscribers
3.73K photos
90 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
မြန်မာနိုင်ငံတွင် သမိုင်းမတင်မီ ကျောက်ခေတ်ကတည်းကပင် ပန်းချီရေးဆွဲမှု အတတ်ပညာရှိခဲ့ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ရှိ ပဒတ်လိုဏ် ဗဒလင်းဂူအတွင်း၌ နွားရုပ်၊ နေရုပ်၊ ငါးရုပ် အပါအဝင် နှစ်ပေါင်း တစ်သောင်းကျော် သက်တမ်းရှိ ရှေးဟောင်း နံရံဆေးရေးပန်းချီများကို လေ့လာခြင်းဖြင့် သိနိုင်သည်။ မြန်မာ့ပန်းချီကို ခေတ်ကြီး ၆ ခေတ်ခွဲ၍ လေ့လာနိုင်သည်။ သမိုင်းမတင်မီခေတ်နှင့် ပျူခေတ်၊ ပုဂံခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ၂ဝ ရာစုနှင့် နောက်ပိုင်းပန်းချီဟူ၍ ဖြစ်သည်။

မြန်မာ့ပန်းချီ သမိုင်း
သမိုင်းမတင်မီခေတ်
သမိုင်းမတင်မီ ကျောက်ခေတ်လက်ရာများတွင် ကျောက်ခေတ်လူသားတို့၏ လူနေမှုဘဝ၊ အမဲလိုက်ကြပုံနှင့် သဘာဝကို ကိုးကွယ်ခြင်း အလေ့အထများကို လေ့လာတွေ့ရှိနိုင်သည်။ တောင်ကမ်းပါးကြားမှ နေထွက်ပုံ၊ လက်ဝါးပုံ၊ သားကောင်ပုံများကို ရေးဆွဲလေ့ရှိကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၀၀ဝ ခန့်က ရေးဆွဲခဲ့သည်ဟု ခန့်မှန်းရသည်။ ၎င်းပုံများမှတဆင့် ကျောက်ခေတ်လူသားတို့၏ လူမှုဆက်ဆံရေးနှင့် နေထိုင်အသက်မွေးပုံ အတိတ်သမိုင်းတို့ကို သိရှိရသည်။ (မြန်မာနိုင်ငံရှိ ကျောက်ခေတ်လက်ရာများကို ရှမ်းပြည်နယ်၊ တောင်ကြီး - ဟန်မြင်းမိုရ် ကားလမ်းရှိ ရွာငံဒေသ၊ ပြဒါးလင်းဂူတွင် ယနေ့တိုင်ရှိကြောင်း လေ့လာသိရှိရသည်။)
👍1
ပျူခေတ်
ပျူခေတ်တွင်မူ ပန်းဆယ်မျိုးအပါအဝင် ပန်းပု၊ ပန်းတိမ်နှင့် ပန်းချီတို့ထွန်းကားခဲ့မည်ဟု ယူဆနိုင်သော်လည်း သေချာသောအထောက်အထား မရှိသေးပါ။

ပုဂံခေတ်

ဗုဒ္ဓပုံ နံရံဆေးရေး ပန်းချီ
ပုဂံခေတ်သည် ပန်းချီရေးဆွဲမှုအတတ်ပညာ အမြင့်မားဆုံးဖွံ့ဖြိုးတိုးတက်ခဲ့ပြီး သမိုင်းဝင်ပန်းချီခေတ်ဦးဖြစ်သည်။ ပုဂံခေတ်တွင် နံရံဆေးရေးပန်းချီရေးဆွဲခဲ့ကြပြီး မဇ္ဈိမဒေသမှ ပြန့်ပွားလာသော ဗုဒ္ဓအယူဝါဒများနှင့် အတူတွဲဖက်ပါဝင်လာသော ပါလ ပန်းချီရေးနည်းမှ ဆင်းသက်လာခြင်းဖြင့်သည်။ ကောက်ကြောင်းရေး ဆေးပိန်းခြယ်သော နည်းစနစ်ကို အသုံးပြုခဲ့ကြသည်။ နိပါတ်တော်၊ ဗုဒ္ဓဝင်၊ ခြေရာတော်၊ ဟိန္ဒူဆိုင်ရာဝါဒများ၊ ကနုတ်ပန်း အနွယ်အခက်များကို ‌ရေးဆွဲကြသည်။ သာသနာတော်ဖွံ့ဖြိုးခြင်းကြောင့် ဂူဘုရားများတွင် ပန်းချီရေးခြင်းလည်း အမြင့်မားဆုံးဖွံ့ဖြိုးခဲ့သည်။ ညောင်ရမ်းခေတ်တွင်မူ အိန္ဒိယဟန် နည်းပါးသွားပြီး မြန်မာဆန်ဆန်ရေးဆွဲလာကြသည်။ ပုဂံရှိ တိလောကဂုရုလှိုဏ်ဂူအတွင်း နံရံဆေးရေးလက်ရာများကို လေ့လာလျှင် ဗုဒ္ဓဝင်ခန်းများ၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်မှ ကောက်နှုတ်သရုပ်ဖော်ချက်များ၊ ကနုတ်ပန်းများသည် မြန်မာမှု မြန်မာ့ဟန်ကို အလေးကဲ၍ မြန်မာဆန်ဆန်ရေးဆွဲလာကြောင်း တွေ့ရသည်။
ကုန်းဘောင်ခေတ်
ကုန်းဘောင်ခေတ်တွင် ရေးခြယ်ခဲ့သော ဥပါလိသိမ်မှ နံရံပန်းချီလက်ရာများ ပုဂံမြို့ဟောင်းရှိ အာနန္ဒာအုတ်ကျောင်း ပန်းချီလက်ရာများ၊ ချောင်းဦးမြို့နယ် ခင်မွန်ရွာရှိ ရုပ်စုံဘုရားမှ ကုန်းဘောင်ခေတ်ဦး ပန်းချီလက်ရာများကို လေ့လာကြည့်လျှင် မြန်မာမှုမြန်မာဟန်များ ပိုမိုပါဝင်လာသည်ကို တွေ့နိုင်သည်။ ရတနာပုံ မန္တလေးခေတ်တွင်မူ ပုဂံခေတ်ကဲ့သို့ ဘာသာရေးပုံများသာ မဟုတ်တော့ဘဲ ပန်းချီရေးဆွဲသည့် အကြောင်းအရာ များလည်း ကျယ်ပြန့်လာခဲ့သည်။ မင်းနှင့်စပ်ဆိုင်သော အကြောင်းများ၊ မင်းခမ်းမင်းနား၊ မင်းမိန့်၊ နက္ခတ်ကျမ်းများကိုလည်း ပန်းချီပညာဖြင့် သရုပ်ဖော်လာကြသည်။ ရေးဆွဲရာတွင်လည်း အုတ်နံရံများတွင်သာမက ပုရပိုက်၊ ပေများပေါ်တွင်လည်း ရေးဆွဲလာကြသည်။ နိပါတ်ပန်းချီ၊ စပ်ပန်းချီများလည်း စတင်ထွန်းကားလာခဲ့သည်။

၂ဝ ရာစုနှင့် နောက်ပိုင်း
မြန်မာပြည် ပန်းချီအသင်းကြီး (Burma Art Club)ကို ၁၉၁၈-ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ စစ်ကြိုခေတ်စစ်ကြိုခေတ်တွင်မူ မြန်မာ့ပန်းချီလောကတွင် ဦးဘဉာဏ်၊ ဦးဘဇော်တို့ကဲ့သို့သော် နိုင်ငံခြားပညာတော်သင် ပန်းချီဆရာကြီးများ ပေါ်ထွက်လာခဲ့သည်။ ဥရောပသားများနှင့် အဆက်အဆံများပြားလာခြင်းကြောင့် ဥရောပရေးနည်းစနစ်များမြန်မာ့ပန်းချီလောကအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ မဂ္ဂဇင်းများတွင် သရုပ်ဖော်ပုံများထည့်သွင်းခြင်း၊ ဒဂုန်မဂ္ဂဇင်း ကဲ့သို့သော မဂ္ဂဇင်းများက အနုပညာကဏ္ဍတစ်ခုထည့်သွင်းပေးခြင်းတို့ကြောင့် ပန်းချီသည် ပြည်သူလူထု အကြားတွင် သက်ဝင်လာခဲ့သည်။ စစ်ပြီးခေတ်တွင် ပန်းချီကျောင်းများ တည်ထောင်နိုင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံ ပန်းချီပန်းပုကောင်စီကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အသင်းကြီး သည် ရည်ရွယ်ချက်ကောင်းများဖြင့် မြန်မာ့ပန်းချီလောကကို ထူထောင်မြှင့်တင်ပေးခဲ့သည်။ ၁၉၅ဝ ဝန်းကျင်နှစ်များတွင် မြန်မာနိုင်ငံ၌ ပန်းချီကျောင်းများကို ရန်ကုန်နှင့် မန္တလေးတွင် ဖွင့်လှစ်ကာ အနုပညာရှင်ကြီးများက ဝါသနာပါသူ မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်း ပညာအမွေပေးခဲ့ကြသည်။ ၁၉၉၃-ခုနှစ်တွင် ရန်ကုန်မြို့၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကို ဖွင့်လှစ်ထူထောင်ပေးကာ ပန်းချီပညာကို ပညာရပ်တစ်ခုအနေဖြင့် သင်ကြားပို့ချပေးခဲ့သည်။ ယခုအခါတွင် မန္တလေးမြို့၌လည်း အနုပညာ တက္ကသိုလ် တစ်ခု ထပ်မံဖွင့်လှစ်ကာ သင်ကြားပေးနေပါသည်။

ယနေ့ ၂၁ ရာစုတွင်မူ ထိုသို့တက္ကသိုလ်ကျောင်းများမှ မွေးထုတ်ပေးသော ပန်းချီအနုပညာရှင်လူငယ်များစွာသည် မိမိတို့၏ အတတ်ပညာများဖြင့် ပန်းချီလောကကြီး ရှင်သန်တိုးတက်စေရန် ကြိုးပမ်းလျက်ရှိသည်။ ပန်းချီပြခန်းများစွာ ပေါ်ပေါက်လာခဲ့ပြီး တစ်နှစ်ပတ်လုံး ပန်းချီပြပွဲများဖြင့် စည်ကားနေသည်။ ပန်းချီရေစီးကြောင်းကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာမှစတင်၌ ယနေ့ခေတ်တိုင်အောင် အရှိန်အဟုန်ဖြင့် စီးဆင်းနေပါသည်။
👍1
ပန်းချီကျောင်းများကို ရန်ကုန်နှင့် မန္တလေးတွင် ဖွင့်လှစ်ကာ အနုပညာရှင်ကြီးများက ဝါသနာပါသူ မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်း ပညာအမွေပေးခဲ့ကြသည်။ ၁၉၉၃-ခုနှစ်တွင် ရန်ကုန်မြို့၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကို ဖွင့်လှစ်ထူထောင်ပေးကာ ပန်းချီပညာကို ပညာရပ်တစ်ခုအနေဖြင့် သင်ကြားပို့ချပေးခဲ့သည်။ ယခုအခါတွင် မန္တလေးမြို့၌လည်း အနုပညာ တက္ကသိုလ် တစ်ခု ထပ်မံဖွင့်လှစ်ကာ သင်ကြားပေးနေပါသည်။

ယနေ့ ၂၁ ရာစုတွင်မူ ထိုသို့တက္ကသိုလ်ကျောင်းများမှ မွေးထုတ်ပေးသော ပန်းချီအနုပညာရှင်လူငယ်များစွာသည် မိမိတို့၏ အတတ်ပညာများဖြင့် ပန်းချီလောကကြီး ရှင်သန်တိုးတက်စေရန် ကြိုးပမ်းလျက်ရှိသည်။ ပန်းချီပြခန်းများစွာ ပေါ်ပေါက်လာခဲ့ပြီး တစ်နှစ်ပတ်လုံး ပန်းချီပြပွဲများဖြင့် စည်ကားနေသည်။ ပန်းချီရေစီးကြောင်းကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာမှစတင်၌ ယနေ့ခေတ်တိုင်အောင် အရှိန်အဟုန်ဖြင့် စီးဆင်းနေပါသည်။
👍1
အမျိုးသားအားကစားပွဲတော်သည် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများမှ အားကစားအသင်းများ၊ တိုင်းနှင့် ပြည်နယ်များမှ အားကစားအသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည့် အမျိုးသားအဆင့် အားကစားပွဲတော်ဖြစ်သည်။၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇နှင့် ၂၀၁၅ခုနှစ်များတွင် ကျင်းပနိုင်ခဲ့သည်။ အမျိုးသားအားကစားပွဲတော်နှင့်အတူ အမျိုးသားအဆင့် ကျောင်းသားအားကစားပွဲတော်များကိုလည်း ကျင်းပခဲ့သည်။

သမိုင်းကြောင်း
ပထမဆုံးသော အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ မူလက ၂နှစ်လျှင်တစ်ကြိမ် ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း အခက်အခဲများကြောင့် မကျင်းပနိုင်ခဲ့ပေ။၁၉၉၇ခုနှစ် နဝတအစိုးရလက်ထက်တွင် တတိယအကြိမ်ကျင်းပခဲ့ပြီး ၂၀၁၅ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင်မှ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ သို့သော် ထိုနောက်ပိုင်းတွင် ပြန်လည်ကျင်းပနိုင်ခြင်းမရှိသေးပေ။

ယခု နစက အစိုးရလက်ထက်တွင် 9/12/2024 မှ 20/12/2024ထိ ပဉ္စမအကြိမ်အဖြစ် ကျင်းပနိုင်ခဲ့သည်။


ရည်ရွယ်ချက်များ

မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်ဟူသော ရည်ရွယ်ချက်ကို အမျိုးသားရေးလှုပ်ရှားမှုဖြင့် ဆောင်ရွက်နိုင်ရန်၊

အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်ဟု ခံယူတတ်လာစေရန်၊

အားကစားဆောင်ရွက်ရာတွင် မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေးဇာတိမာန် ရှင်သန်လာစေရေးအတွက် ဦးတည်လာစေရန်၊

ထက်မြက်ထူးချွန်သော အားကစားသမားမျိုးဆက်သစ်များ ပေါ်ထွက်လာပြီး ကမ္ဘာ့အဆင့်အထိ တက်လှမ်းလာစေရန်၊

မြန်မာ့အားကစားအဆင့်အတန်း မြင့်မားစေရေးအတွက် တစ်နိုင်ငံလုံးမှ ပါဝင်လှုပ်ရှားပြီး တက်ကြွစွာ အားပေးချီးမြှောက်မှုများ ပြုလုပ်လာစေရန်၊

ခေတ်မီတိုးတက်သော အားကစားနည်းစနစ်သစ်များဖြင့် လေ့ကျင့်ပျိုးထောင်ထားသော အားကစားထူးချွန်သူများ ပေါ်ထွန်းရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်လာစေရန်၊

အနယ်နယ်အရပ်ရပ်တွင် ပျံ့နှံ့နေသည့် ထူးချွန်သောအားကစားသမားအချင်းချင်း ပိုမိုရင်းနှီးမှုရရှိကာ ပြည်ထောင်စုစိတ်ဓာတ် ပြင်းထန်လာစေရန်၊
အစိုးရရုံးပိတ်ရက်နှင့်အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန်သတ်မှတ်

နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူ စေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန် သတ်မှတ်ထားသည်။

(က) ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက်(ကရင်နှစ်သစ်ကူးနေ့)နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တို ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)

( ခ) ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်(တပေါင်းလပြည့်နေ့)၊ ၁၅ ရက်(စနေနေ့)နှင့် ၁၆ ရက်(တနင်္ဂနွေနေ့)တိုကြားရှိ မတ်လ ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့ ၏ရှေ့တစ်ရက်ဖြစ်သည့် မတ်လ ၁၂ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)

( ဂ) ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်(စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့)နှင့် ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) တိုကြားရှိ နိုဝင်ဘာလ ၃ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)

(ဃ) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်(ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက်(တနင်္ဂနွေနေ့)တိုကြားရှိ ဒီဇင်ဘာလ ၂၆ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)

ပိတ်ရက်ရှည်အဖြစ်သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံး စနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပထမ ရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စနေနေ့သည် အစားထိုးရုံးတက်ရက် ဖြစ်သော်လည်း ယင်းနေ့သည် လွတ်လပ်ရေးနေ့ဖြစ်၍ ဇန်နဝါရီလ ၁၁ ရက်(စနေနေ့)၊ ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ်လ ၂၂ ရက်(စနေနေ့)နှင့် မတ်လ ၂၉ ရက်(စနေနေ့)၊ တတိယရုံးပိတ် ရက်ရှည်အတွက် နိုဝင်ဘာလ ၈ ရက်(စနေနေ့)၊ စတုတ္ထ ရုံးပိတ်ရက်ရှည်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)တိုကို အစားထိုး ရုံးတက်ရက်များအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရသည်။
👍4
၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်
အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန်သတ်မှတ်
နေပြည်တော် ဒီဇင်ဘာ ၂၁
👍6❤2
Assessment ဝေါဟာရများ
❤1