Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
16.1K subscribers
3.73K photos
90 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
👉 အ
၁. “အိုးကမပူ စလောင်းကပူ”
၂. “အစကောင်းမှ အနှောင်းသေချာ”
၃. “အိုးချင်းထားတော့ အိုးချင်းထိ”
၄.“အချစ်ကြီးရင် အမျက်ကြီးတယ်”
၅. “အချိန်နှင့်ဒီရေသည် လူကိုမစောင့်”
၆. “အမှိုက်ကစ ပြသာဒ်မီးလောင်”
၇. “အချိန်ရှိခိုက် လုံ့လစိုက်”
၈. “အနာပေါ်တုတ်ကျ”
၉. “အပေါ်ယံရွှေမှုန်ကြဲ အထဲကနောက်ချေးခံ”
၁၀. “အကြံကုန် ဂဠုန်ဆားချက်”
၁၁. “အိုးမလုံ အုံပွင့်”
၁၂. “အမေပြောတော့ တစ်လ
မယားပြောတော့ တစ်ည”
၁၃. “အကျိုးဆော့ အကန်းမော့”
၁၄. အချစ်ကြီးရင် အမျက်ကြီးတယ်
၁၅. အတတ်ကျူး အရူးဖြစ်

#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧
#ပုံပြင်မှတ်စု
#ponpyinnote
👍5
၂၀၂၅ ရုံးပိတ်ရက်များ
================
Jan

1 ရက်နေ့ (Wed) - နိုင်ငံတကာနှစ်သစ်ကူးနေ့(၂၀၂၁မှစ၍မပိတ်တော့ပါ)
29 ရက်နေ့ (Wed) - တရုတ်နှစ်သစ်ကူး

Feb

12 ရက်နေ့ (Wed) - ပြည်ထောင်စုနေ့

Mar

13 ရက်နေ့ (Thu) - တပေါင်းလပြည့်နေ့
27 ရက်နေ့ (Thu) - တော်လှန်ရေးနေ့ (တပ်မတော်နေ့)

Apr

12 - 21 ရက်နေ့ (Sat - Mon) - မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက် - ၁၀ရက်

May

1 ရက်နေ့ (Thu) - အလုပ်သမားနေ့

Jun

No Holiday

July

9 ရက်နေ့ (Wed) - ဝါဆိုလပြည့်နေ့

Aug

No Holiday

Sep

No Holiday

Oct

5,6,7 ရက်နေ့ - (Sun, Mon, Tue) - သီတင်းကျွတ်ပိတ်ရက်

Nov

4 ရက်နေ့ (Tue) - တန်ဆောင်တိုင်ပိတ်ရက်
14 ရက်နေ့ (Fri) - အမျိုးသားနေ့

Dec

19 ရက်နေ့ (fri) - ကရင်နှစ်သစ်ကူးနေ့
25 ရက်နေ့ (Thu) - ခရစ္စမတ်နေ့

တနှစ်လုံးမှာ ၃ ရက်ပိတ် ၂ ခါပဲပါတယ်
သီတင်းကျွတ်က စနေ ရုံးမတက်ရသူတွေအတွက် ၄ ရက်ပိတ်ပြီး ရုံးတက်ရသူတွေက ၃ ရက်ပဲပိတ်ပါမယ်
သင်္ကြန်ကတော့ ၁၀ ရက်ပိတ်ပြီး
ကျန်တာတွေက ကြားရက်တွေပါ
ပိုဆိုးတာက ဒိုင်စားပိတ်ရက်တွေလည်း အတော်များပါတယ်

လွတ်လပ်ရေးနေ့ -စနေနေ့ (4.1.25)
တောင်သူလယ်သမားနေ့ - တနင်္ဂနွေနေ့ (2.3.25)
ကဆုန်လပြည့်နေ့ -တနင်္ဂနွေနေ့ ( 11.5.25)
အာဇာနည်နေ့ - စနေနေ့ (19.7.25)
သီတင်းကျွတ်ရုံးပိတ်ရက် - တနင်္ဂနွေနေ့ (5.10.25)
မြန်မာသတင်း သတင်းစုံ 2025calendar ရုံးပိတ်ရက်
👍2
၂၀၂၄/၂၅ ပညာသင်နှစ် အတန်းစုံ
#နှစ်ဆုံးစာမေးပွဲများကျင်းပမည့်ရက်များ
အခြေခံပညာမူလတန်းဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade 5) စာမေးပွဲကို (၃.၃.၂၀၂၅)ရက်နေ့မှ (၇.၃.၂၀၂၅)ရက်နေအတွင်း ကျင်းပရန်ဖြစ်ပါသည်။

အခြေခံပညာအလယ်တန်းဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade 9) စာမေးပွဲကို (၃.၃.၂၀၂၅)ရက်နေ့မှ (၈.၃.၂၀၂၅)ရက်နေအတွင်း ကျင်းပရန်ဖြစ်ပါသည်။

ကျန်ရှိသော ကျောင်းတွင်းစစ်စာမေးပွဲများကို (၂၀.၂.၂၀၂၅)ရက်နေ့မှ (၂၇.၂.၂၀၂၅)ရက်နေ့အတွင်း (တင်္ဂနွေနေ့မပါ) ကျင်းပရန်ဖြစ်ပါသည်။

အခြေခံပညာအထက်တန်းဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း Grade 12 စာမေးပွဲကို (၂၀.၂.၂၀၂၅)ရက်နေ့မှ (၂၇.၂.၂၀၂၅)ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ) ကျင်းပရန်ဖြစ်ပါသည်။

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၏ နှစ်ဆုံးစာမေးပွဲကို (၁၄.၂.၂၀၂၅)ရက်နေ့မှ (၂၅.၂.၂၀၂၅)ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ) ကျင်းပရန်ဖြစ်ပါသည်။

အခြေခံပညာမူလတန်းအဆင့် (Grade 5) နှင့် အခြေခံပညာအလယ်တန်းဆင့်(Grade 9) ပြီးမြောက်ခြင်း စာမေးပွဲများကို အောက်ပါနေ့ရက်နှင့် အချိန်များတွင်ဘာသာရပ်အလိုက်စစ်ဆေးသွားပါမည်။

KG, မူလတန်းအောက်ဆင့် (Grade 1)၊ (Grade 2)၊ (Grade 3)တို့တွင် သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်း (Formative Assessment)အနေဖြင့် စာသင်ခန်းတွင်း စစ်ဆေးမှု ပုံမှန်ပြုလုပ်ရန်နှင့် ရရှိသောအချက်အလက်များကို အသုံးပြု၍ မြန်မာစာအရေးအဖတ်နှင့် သင်္ချာတတ်မြောက်မှုကို သင်ယူပြီးစစ်ဆေးအကဲဖြတ်မှု (Summative Assessment) အဖြစ် နှစ်ဝက်ဆုံးတွင်(၁)ကြိမ်နှင့် နှစ်ဆုံးတွင်(၁)ကြိမ် စုစုပေါင်း(၂)ကြိမ်(စာမေးပွဲ သီးခြားစစ်ဆေးခြင်းမဟုတ်ဘဲ)စစ်ဆေးအကဲဖြတ်ရန်ဖြစ်ပါသည်။

မူလတန်းအဆင့် (Grade 4)၊ အလယ်တန်းအဆင့် (Grade 6)၊ (Grade 7)၊ Grade 8)တို့တွင် နှစ်ဆုံးစစ်ဆေးခြင်း (Year End Test)ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ (၂၆)ရက်နေ့အထိ (Grade 4 အတွက် တစ်နေ့ (၂)ဘာသာနှုန်းဖြင့် ဘာသာ(၁)ခုလျှင် စာသင်ချိန်(၁)ချိန် စစ်ဆေးရန်ဖြစ်ပြီးကျန်အတန်းများ(Grade 6,7,8) အတွက် တစ်နေ့လျှင် (၁)ဘာသာနှုန်းဖြင့် ဘာသာ(၁)ခုလျှင် (၁)နာရီ စစ်ဆေးသွားရန်ဖြစ်ပါသည်။

အထက်တန်းအဆင့် (Grade 10)နှင့် (Grade 11) အတွက် နှစ်ဆုံးစစ်ဆေးခြင်း (Year End Test)ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ (၂၇)ရက်နေ့အထိ(တနင်္ဂနွေနေ့မပါ) တစ်နေ့လျှင် (၁)ဘာသာနှုန်းဖြင့် ဘာသာရပ်(၁)ခုလျှင် ဖြေဆိုချိန် (၂)နာရီ စစ်ဆေးသွားရန်ဖြစ်ပါသည်။

အထက်တန်းအဆင့် (Grade 12)အတွက် အခြေခံပညာအထက်တန်းဆင့်ပြီးမြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းစာမေးပွဲ (Completion Examination)ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ (၂၇)ရက်နေ့အထိ(တနင်္ဂနွေနေ့မပါ);တစ်နေ့လျှင် (၁)ဘာသာနှုန်းဖြင့် ဘာသာရပ်(၁)ခုလျှင် ဖြေဆိုချိန် (၃)နာရီ စစ်ဆေးသွားရန်ဖြစ်ပါသည်။

စာမေးပွဲအောင်စာရင်းများကို (၁၅.၅.၂၀၂၅) ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာရန်ဖြစ်ပြီး အောင်စာရင်းကို အောက်ပါနမူနာပုံစံအတိုင်း ထုတ်ပြန်ရန်ဖြစ်ပါသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်း (Grade 10)(Grade 11) ကျောင်းတွင်းစစ်(ပြင်ပဖြေ) စာမေးပွဲများကို ၂၀၂၅ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၂)ရက်နေ့အတွင်း(တနင်္ဂနွေနေ့မပါ);တစ်နေ့လျှင် (၁)ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် ဖြေဆိုချိန် (၂)နာရီ စစ်ဆေး၍ အောင်စာရင်းများကို မေလ(၂၆)ရက်နေ့တွင် ထုတ်ပြန်ပေးရန်ဖြစ်ပါသည်။
❤2👍1
KG ပြီးဆုံးတဲ့ကျောင်းသားတစ်ယောက်မှာ ဒါတွေကျွမ်းကျင်ပြီးမြောက်ပြီးသားဖြစ်ရပါမယ်…

1. အရောင်တွေကို သိရပါမယ်
2. ဘယ်ဖက်လက်၊ ညာဖက်လက်ကို သိရပါမယ်
3. မိမိအိမ်လိပ်စာကို ပြောပြတတ်ရပါမယ်
4. ဖခင်အမည်၊ မိခင်အမည် ပြောပြတတ်ရပါမယ်
5. ရက်သတ္တပတ်နေ့ရက်တွေကို ပြောပြတတ်ရပါမယ်
6. နွေ၊ မိုး၊ ဆောင်း ရာသီဥတုတွေကို ပြောပြတတ်ရပါမယ်
7. ခု၊ ဆယ်၊ ရာ၊ ထောင် ငွေကြေးအသုံးကို ပြောပြတတ်ရပါမယ် (ခု နဲ့ ဆယ်ကတော့ မသုံးသလောက်ဖြစ်၍ အနည်းငယ်အခက်အခဲတွေ့နိုင်)
8. မိမိနာမည်ကို ဖတ်တတ်ရပါမယ်
9. မိမိနာမည်ထဲက ပထမအမည်စာလုံးကို ရေးတတ်ရပါမယ်
10. ကိန်းဂဏန်း ၂၀ အထိ ရေတွက်နိုင်ရပါမယ်
11. စာအုပ်ကို အတည့်အတိုင်း ကိုင်တွယ်နိုင်ရပါမယ်
12. ပုံပြင်ဖတ်ပြတာကို ကောင်းကောင်း နားထောင်တတ်ရပါမယ်
13. ကာရံစကားလုံး (rhymes) များကို သတိထားတတ်ရပါမယ်
14. KG သီချင်းများ သီဆိုတတ်ရပါမယ်
15. သီချင်းထဲက စာသားအတိုင်း လိုက်လုပ်တတ်ရပါမယ်
16. ရွှံ့၊ ရွှံ့တု စသည်တို့ဖြင့် ကစားတတ်ရပါမယ်
17. ပုံဆွဲ၊ ရောင်စုံခြယ်တတ်ရပါမယ်
18. ပန်းချီဆေးဖြင့် ပုံဆွဲတတ်ရပါမယ်
19. ကတ်ကြေးအသုံးပြု၍ စာရွက် ဖြတ်/ညှပ်တတ်ရပါမယ်
20. ဘလော့တုံးလေးများ တည်ဆောက်ဆော့ကစားတတ်ရပါမယ်
21. သဲကန်အတွင်း သဲများဖြင့် အဆင်ပြေစွာ ဆော့ကစားတတ်ရပါမယ်
22. သစ်စေ့လေးများဖြင့် အပင်လေးတွေစိုက်တတ်ရပါမယ်
23. အစားအစာတစ်မျိုးမျိုး ချက်ပြုတ်ပြင်ဆင်တဲ့အတွေ့အကြုံတစ်ခုခု ရှိထားရပါမယ်
24. အပ်နှင့် အပ်ချည် အသုံးပြုတတ်ရပါမယ်
25. တကိုယ်ရည်သန့်ရှင်းမှု ဂရုပြုတတ်ရပါမယ်
26. ခြေသည်းလက်သည်း သန့်ရှင်းနေစေရန် ဂရုပြုတတ်ရပါမယ်
27. ထမင်းစားစဉ် လက်ကိုင်ပုဝါအား ကောင်းစွာ အသုံးပြုတတ်ရပါမယ်
28. စည်းကမ်းရှိရှိ စားသောက်တတ်ရပါမယ်
29. မိမိကိုယ်တိုင် ဖိနပ်စီး/ခြေနင်းကြိုးချည် လုပ်ဆောင်တတ်ရပါမယ်
30. ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်ရပါမယ်
31. တဖက်သားအပေါ် ကြင်နာတတ်သလို ကူညီပေးတတ်ရပါမယ်
32. အများနဲ့ဆောင်ရွက်စဉ် လုမလုပ်ပဲ မိမိအလှည့်ရောက်ရန် စောင့်နေတတ်ရပါမယ်
33. ကစားစရာနှင့် အခြားအများပိုင်ပစ္စည်းများအား အသုံးပြုပြီး နေရာတကျ ပြန်ထားတတ်ရပါမယ်
34. မိမိနေရာမှာ ငြိမ်ငြိမ်ထိုင်ပြီး တစ်ခုခုပြောစရာရှိလျင် လက်မြှောက်ပြပြီး အခွင့်တောင်းတတ်ရပါမယ်
35. မိမိ၏ စာသင်စားပွဲခုံအား စာရေးကိရိယာများဖြင့် ရှုပ်ပွမနေအောင် ထားတတ်ရပါမယ်
36. ကျောင်းမှ အိမ်အပြန် မိမိ၏ပစ္စည်းပစ္စယများအား သေချာစစ်ဆေးတတ်ရပါမယ်

Credit : Orginal writer
👍3❤1
#ကျောင်းစုဝေးပွဲ
( School Assembly)
****

#ရည်ရွယ်ချက်
**
ကျောင်းစုဝေးပွဲကိုအောက်ပါရည်ရွယ်
ချက်များဖြင့်ကျင်းပခြင်းဖြစ်ပါသည်။
(က)နိုင်ငံတော်အလံကိုစနစ်တကျအလေးပြုတတ်ရန်
(ခ)နိုင်ငံတော်သီချင်းနှင့်မြန်မာ့ကျောင်းသီချင်းကိုစနစ်တကျသီဆိုတတ်ရန်
(ဂ)နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ်နှင့်ပြည်ထောင်စုစိတ်ဓာတ်များတိုးပွားလာရန်
(ဃ)အသိပညာဗဟုသုတတိုးပွားစေရန်
(င)စိတ်ဓာတ်၊စည်းကမ်း၊ပညာပြည့်၀သည့်နိုင်ငံသားကောင်းများပေါ်ထွန်းလာစေရန်

#ကျောင်းစုဝေးပွဲကျင်းပသည့်နေရာ
*******
(၁)ကျောင်းစုဝေးကွင်း(ကျောင်းရှေ့အလံတိုင်ရှိသည့်မြေကွက်လပ်ကိုကျောင်းစုဝေးကွင်းအဖြစ်အသုံးပြုနိုင်သည်။)
(၂)ကျောင်းစုဝေးခန်းမ(မြေနေရာအနေအထားအရကျောင်းစုဝေးကွင်းမရှိပါကစုဝေးခန်းမတွင်ဆောင်ရွက်နိုင်သည်။)
(၃)စာသင်ခန်းအတွင်း(စုဝေးကွင်းနှင့်ခန်းမမရှိသောကျောင်းများတွင်ကျင်းပနိုင်သည်။)

#စုဝေးပွဲကျင်းပရန်အကြိမ်
******
ကျောင်းစုဝေးပွဲကိုရက်သတ္တတစ်ပတ်အတွင်းကျောင်းဖွင့်ရက်တိုင်းနေစဉ်ကျင်းပနိုင်ပါကပိုမိုကောင်းမွန်ပါသည်။နေ့စဉ်မကျင်းပနိုင်ပါကရက်သတ္တတစ်ပတ်လျှင်အနည်းဆုံး(၂)ကြိမ်(တနင်္လာနှင့်သောကြာ)ကျင်းပသင့်ပါသည်။

#စုဝေးပွဲကျင်းပချိန်
****
နံက်ပိုင်းစာသင်ချိန်မစမီကျင်းပရမည်

#ကြာမြင့်ချိန်
****
ကျောင်းစုဝေးပွဲသည်စုဝေးကွင်းတွင်ကျင်းပပါက(၁၀)မိနစ်ခန့်လည်းကောင်း၊၂-သုတ်တက်ကျောင်းဖြစ်ပါက(၅)မိနစ်ခန့်စီဖြင့်လည်းကောင်းအချိန်ကြာမြင့်သင့်သည်။စုဝေးခန်းမတွင်ကျင်းပပါကမိနစ်(၃၀)ခန့်အထိယူနိုင်သည်။နှစ်သုတ်တက်က(၁၅)မိနစ်ခန့်စီဖြစ်သည်။
#အကျိူးကျေးဇူးများ
*****
(က)စုဝေးကွင်း၊စုဝေးခန်းမတို့သို့စနစ်တကျနေရာယူတတ်ခြင်း၊
(ခ)နိုင်ငံတော်အလံကို(လေးနက်စွာ)အလေးပြုတတ်ခြင်း၊
(ဂ)နိုင်ငံတော်သီချင်းကို(လေးနက်စွာနှင့်မှန်ကန်စွာ)သီဆိုတတ်ခြင်း၊
(ဃ)ဟောပြောချက်များကိုစနစ်တကျနားထောင်တတ်ခြင်း
(င)အသိဥာဏ်ဗဟုသုတတိုးပွားခြင်း၊
(စ)အတွေးအခေါ်ခံယူချက်ယုံကြည်ချက်မြင့်မားခြင်း၊
(ဆ)ဘ၀လမ်းညွှန်အတွေးအခေါ်များရရှိခြင်း၊
(ဇ)လိမ္မာယဉ်ကျေးမှုရှိလာခြင်း
(စျ)တိုင်းချစ်ပြည်ချစ်စိတ်၊ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားလာခြင်း၊
(ည)လူတော်၊လူကောင်းများပေါ်ထွန်းလာခြင်း၊
(ဋ)ကျောင်းသား၊ကျောင်းသူများ၏ယုံကြည်ချစ်ခင်လေးစားမှုပိုမိုရရှိခြင်း
(ဌ)ကျောင်းသား၊ကျောင်းသူများမှတဆင့်မိဘများ၏ယုံကြည်လေးစားမှုပိုမိုရရှိလာခြင်း၊

#သတိပြုရန်အချက်များ
******
(က)ဟောပြောမှုအားလုံးအတွက်ကြိုတင်ပြင်ဆင်မှုရှိရပါမည်။(ကြိုတင်ပြင်ဆင်မှုမရှိဘဲဟောပြောပါကအချက်အလက်နှင့်အဓိပ္ပါယ်မှာယွင်းမှုများပါရှိနိုင်ပါသည်။)
(ခ)ဟောပြောမှုအားလုံးအတွက်မှတ်တမ်းထားရှိရပါမည်။
(ဂ)မှတ်တမ်းရေးသားမည့်သူသီးသန့်တာ၀န်ပေးထားသင့်ပါသည်။
(ဃ)ဟောပြောမှုမှန်သမျှဦးတည်ချက်ထားရှိရပါမည်။
(င)အကြောင်းအရာခေါင်းစဉ်တစ်ခုအတွက်သာဦးတည်ပြောရမည်။{စည်းကမ်း၊ဘ၀ရည်မှန်းချက်၊စာကြိုးစားမှု၊ယဉ်ကျေးမှု၊ပြောဆိုနေထိုင်ဆက်ဆံမှု၊တာ၀န်ကျေပွန်မှု၊ပေါင်းသင်းဆက်ဆံမှုစသည်ဖြင့်ဦးတည်ဟောပြောရန်}
(စ)ကျောင်းသား/သူများအမှတ်မှား၊အသိမှားဖြစ်စေမည့်အချက်များရှောင်ရှားရမည်။
(ဆ)ဆရာ/မများအားတာ၀န်ပေးရာတွင်အတွေးအခေါ်အယူအဆတိမ်းပါးသူများရှိပါကသတိထားတာ၀န်ပေးရမည်။
(ဆ)မိမိဟောပြောသည့်အကြောင်းအရာသည်ကျောင်းသားကျောင်းသူများအတွက်ကောင်းကျိုးဖြစ်စေမည့်အချက်အလက်များဖြစ်စေမည်။{အစာထဲတွင်
အဆိပ်ခပ်ပါကစားသုံးမိသူအနည်းငယ်သာသေဆုံးနိုင်သည်၊နားထဲတွင်အဆိပ်ခပ်ပါကလူဦးရေများစွာသေစေနိုင်သည်။}

#Knowledge for sharing.

#crd

ဆုမြတ်(ပညာရေး)
👍5❤3
#ပညာရေးစုံညီပွဲတော်ကျင်းပခြင်း

နိုင်ငံတစ်နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးမှာ ပညာရေးသည် အဓိက အခန်းကဏ္ဍမှာ ပါဝင်နေသလို လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ရာ နေရာဌာန တစ်ခုလည်းဖြစ်ပါတယ်...

နိုင်ငံတော်က ပညာရေးစုံညီအတွက် သတ်မှတ်ခွဲဝေ ချထားငွေသည် ကျောင်းတစ်ကျောင်းအတွက် ဆုချီးမြှင့်စရိတ်တောင် မပြည့်မှီပါ.......

ရပ်ရွာ၏ပံ့ပိုးမှု အားကြောင့်သာ စုံညီပွဲများ ကျင်းပနေကြခြင်းဖြစ်ပါတယ်.....

ရပ်ရွာ၏ ပံ့ပိုးမှုအားပေါ်မူတည်ပြီး ပွဲ အကျဉ်းအကျယ် ပြုလုပ်နေကြရတာပါ.....

#ပညာရေးစုံညီ ကျင်းပခြင်းဖြင့်.................

#မိဘ ဆရာ ကျောင်းသားအားလုံး ပါဝင်၍ပျော်ရွှင်စွာ ဆောင်ရွက်ရသော ပွဲတော် ဖြစ်၍ စည်းလုံးညီညွတ်မှု ရစေခြင်း

#မိဘများ ပညာရေးလုပ်ငန်းများအပေါ် စိတ်ဝင်စားမှု အား ပါလာခြင်း

#ကျောင်းသားများ၏ အရည်အသွေးဂုဏ် တိုးမြင့်စေခြင်း

#မိဘများ၏ မိမိရပ်ရွာ မိမိကျောင်း မိမိကလေးများ၏ ဂုဏ်ကို တိုးတက်အောင် ဆောင်ရွက်ပေးခြင်းအပေါ် ဆရာ ဆရာမ များသည်လည်း မိမိရပ်ရွာ
မိမိကျောင်း မိမိ ကလေးများအတွက် စေတနာ ပိုမို ရင့်သန်လာစေခြင်း

#ဆရာ ဆရာမများသည် သူ့ကျောင်း ကိုယ့်ကျောင်း ဖိတ်ခေါ်မှု အတွက်
သွားရောက်ခြင်းဖြင့် ဆရာ ဆရာမ အချင်းချင်း ပိုမိုချစ်ခင် စည်းလုံးမှု ရှိလာစေခြင်း မိမိကျောင်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်တတ်လာခြင်း

#စာသင်နှစ် တစ်နှစ်တာလုံး စေတနာ ဝါသနာ အနစ်နာ ကရုဏာ အကြင်နာ
နာ(၅)နာ ဖြင့် ပင်ပမ်း သင်ကြားပြသခဲ့သော ဆရာ ဆရာမများနှင့် စာသင်နှစ် တစ်နှစ်တာ သင်ကြားမှုနှင့်သာ အချိန်ကုန် နေရသော ကလေးများအတွက်
စိတ်ဓါတ် အား မြှင့်တင်ပေးရာ...........

ပညာရေးစုံညီပွဲတော်ကို နိုင်ငံတော်၏ပံ့ပိုးမှု မိဘများ၏ဖြည့်ဆည်းမှုအား ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၏ စွမ်းဆောင်ရည်အားများဖြင့် ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်........

#ဆုမြတ်(ပညာရေး)
👍2
#School
------------------
“#ကျောင်းဆိုသည်မှာ “အတတ်ပညာသင်ယူရာဌာန” ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုသည်။

အင်္ဂလိပ်ဝေါဟာရ School သည် ဂရိဘာသာစကား (scholē) မှ ဆင်းသက်လာသည်။ မူလအဓိပ္ပာယ်မှာ အားလပ်ချိန်တွင် နားနားနေနေဖြင့် အေးအေးလူလူ နေနိုင်သည့်နေရာဟု ဆိုလိုသည်။ သို့သော် နောက်ပိုင်းတွင် လူများကိုစုဝေးစေပြီး ဟောပြောသင်ကြားပို့ချရာ နေရာကို ကျောင်းဟူ၍ သတ်မှတ်လာကြသည်။

ဘဝနှင့် ကျောင်းမတူပါ

#ကျောင်းဆိုသည်မှာ သင်ခန်းစာတွေ ပေးပြီးနောက် စစ်ဆေးခြင်းဖြင့် အဆုံး သတ်သည်။

ဘဝဆိုသည်မှာ စစ်ဆေးခြင်းတွေ ခံရပြီးမှ သင်ခန်းစာတွေရလာတတ်သည်။

#ကလေးဆိုသည်မှာ အရာရာကို စူးစမ်းလေ့လာတတ်သည်။ လက်တွေ့စမ်းသပ်ချင်ကြသည်။ ကျောင်း ဆိုသည်မှာ ကလေးများ၏ စူးစမ်းလေ့လာလိုစိတ်နှင့် စမ်းသပ်ချင်စိတ်များကို အထောက်အကူပြုပေးနိုင်သည့် နေရာများဖြစ်သင့်သည်။

ကျောင်းကထွက်လာပြီး ဘာမျှမတတ်ဟုဆိုလျှင် ဆရာလုပ်နေသူတွေမှာ တာဝန်ရှိသည်။ အတတ်ပညာ ကိုယ်စီပါမလာနိုင်သည့် ပညာရေးသည် သင်ကာပေးနေလည်း အစဉ်သာဝေး နေဦးမည်ဖြစ်သည်။

#ကျောင်းဆိုသည်မှာ ကလေးများ၏ခေါင်းထဲကို စာတွေထိုးသိပ်ထည့်ပေးရသည့် နေရာမဟုတ်။ စာတွေကို အလွတ်ကျက်ကာ ပြန်ရေးပြနိုင်လျှင် လူတော်ဟု သတ်မှတ်ပေးရန် နေရာမဟုတ်။ ကလေးတိုင်း ကိုယ်စီ အရည်အသွေးတွေရှိကြသည်။ ကိုယ်ပိုင်ဉာဏ်ရည်တွေရှိကြသည်။

#ကျောင်းဆိုသည်မှာ ကလေးများကို အကြောက်တရားကင်းစေပြီး၊ ပျော်ရွှင်စွာဖြင့် သူတို့ဝါသနာပါသော ပညာရပ်များကို လေ့လာသင်ယူနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးသည့် နေရာတစ်နေရာသာဖြစ်သင့်သည်.......

#Credit

ဆုမြတ်(ပညာရေး)
❤2👍2
...#ဆရာဆရာမများနဲ့ဆင်းရဲခြင်းပြသနာ
#ခံသုံးခံနဲ့ နာသုံးနာ
ဆင်းရဲမွဲတေမှုတွေများလာပြီဆိုလျှင်
ခိုးမှု၊လုယက်မှုတွေ
လူ့လောကထဲမှာပေါ်ထွန်းလာလိမ့်လို့
လွန်ခဲ့့သောနှစ်ပေါင်း၂၅၀၀ကျော်ကတည်းက
မြတ်စွာဘုရားကဟောတော်မူခဲ့ပါတယ်။

ဆင်းရဲမွဲတေမှုဟာ
ရာဇဝတ်မှုကိုဖြစ်စေပါတယ်။
ဆင်းရဲတာနဲ့လူ့အခွင့်အရေးတွေဆုံးရှုံးပါတယ်။

ဘာပဲပြောပြော
ဆင်းရဲချင်းကြောင့်လူတန်းစေ့မနေနိုင်တာ
ဆင်းရဲခြင်းကြောင့်
ကိုယ်ဥာဏ်စွမ်းရှိသလောက်
ပညာဆည်းပူးနိုင်ခွင့်တွေမရရှိနိုင်တာ

ကိုယ်ဝါသနာပါတဲ့အတိုင်းနေထိုင်ခွင့်မရတာ

ဆင်းရဲချင်းကြောင့်
ကိုယ်မျိုးဆက်သစ်တွေ
ဥာဏ်စွမ်းရှိသလောက်တိုးတက်ခွင့်မရနိုင်တာ
စတဲ့အကျိုးဆက်တွေများစွာရှိနိုင်ပါတယ်။

ဆင်းရဲမွဲတေမှုကြောင့်
အလိုမကျခြင်း
ဒေါသဖြစ်ခြင်း၊ရန်လိုခြင်းတို့
ဖြစ်လာတတ်ပါတယ်။

ဒီအခါမှာ
အာဏာဖီဆန်ခြင်းတွေ
လုပ်ငန်းခွင်ချိုးဖောက်မှုတွေ
တားမြစ်စည်းကမ်းချက်ဖောက်ဖျက်ခြင်းတွေ
ကျူးးလွန်လာကြတော့တာပါပဲ။

လူ့အဖွဲ့အစည်းအတွက်
ငြိမ်းချမ်းရေးတည်ဆောက်မှုတွေအတွက်
အခက်အခဲတွေဖြစ်လာတော့တာပါပဲ။

....ကျနော်တို့ကျောင်းဆရာ၊ဆရာမတွေ
လူပျိုအပျိုဆိုရင်တော်ပါသေးရဲ့
မိအိုဖအိုကလည်းရှိနေမယ်
သားသမီးတွေကလည်းရှိနေမယ်ဆိုရင်
ကျန်းမာရေး၊လူမှုရေး၊စားဝတ်နေရေးတွေမှာ
လူတန်းစေ့နေနိုင်ဖို့ခဲယဉ်းသွားပါပြီ။

ဒီအခါမှာ
ကျူရှင်ခိုးသင်တာတွေ
စာကျက်ဝိုင်းတွေလုပ်လာကြတော့တာပါပဲ။

တစ်နေကုန်ကျောင်းမှာပင်ပန်းခဲ့ပြီးမှ
ဘယ်သူမှဒီအလုပ်တွေမလုပ်ချင်တော့ပါဘူး။

ကိုယ့်မိသားစုလေးနဲ့နွေးနွေးထွေးထွေး
နေချင်ကြသူချည်းပါပဲ။
သတင်းစာလေးဖတ်ရင်း
လ္ဘက်ရည်လေးသောက်ရင်းအေးအေးလူလူ
ဘဝကိုဖြတ်သန်းချင်ကြသူချည်းပါပဲ။

ဒါပေမဲ့
သားသမီးလေးတွေကျောင်းစရိတ်
မိဘတွေအတွက်ဆေးဘိုးဝါးခ
ကြံရဖန်ရတဲ့အခါ
မလုပ်ချင်ပေမဲ့
ကျီးလန့်အစာစားအလုပ်ပေမဲ့
ငရဲကလူပြာပူမကြောက်..
လုပ်ကြရရှာတော့တာပါပဲ။

စာသင်တဲ့အလုပ်ကလွဲလို့
ကျန်တဲ့အလုပ်လည်းမလုပ်တတ်သူတွေဆိုတော့
အပြောခံ၊အဆိုခံ၊အတိုင်ခံ
ခံသုံးခံနဲ့
နာသုံးနာပေါင်းပြီး
လူတေကြီးတွေဖြစ်လာကြတော့တာပါပဲ။
👍2❤1
‼️ကလေးတွေမညံ့ဘူး။‼️

‼️ညံ့တယ်ထင်သူပဲ တကယ်ညံ့တာပါ။‼️

ကလေးတွေမှာဥာဏ်ရည်အမျိုးမျိုးရှိတယ်။
ကျောင်းစာတစ်ခုတည်းနဲ့
တော်တယ်၊ မတော်ဘူး
ပြောလို့မရပါဘူး။

Multiple Intelligence (ဗဟုဉာဏ်ရည်)
အကြောင်းနည်းနည်းပြောပြပါရစေ။

Multiple Intelligence (ဗဟုဉာဏ်ရည်) ဆိုတာ
Harvard တက္ကသိုလ်က ပါမောက္ခ
Howard Gardner က တီထွင်ခဲ့တဲ့
သီအိုရီတစ်ခုဖြစ်ပါတယ်။
လူတွေမှာ မတူညီတဲ့ ဉာဏ်ရည်အမျိုးအစားတွေ
ရှိနိုင်တယ်ဆိုတာကို ဖော်ပြထားပါတယ်။

Gardner ရဲ့ သီအိုရီအရ
အဓိက ဉာဏ်ရည်အမျိုးအစား ၈ မျိုး ရှိပါတယ်:

၁။ ဘာသာစကားဆိုင်ရာ ဉာဏ်ရည်
(Linguistic Intelligence)

စကားပြောဆိုခြင်း၊ စာရေးခြင်းမှာ ကျွမ်းကျင်တယ်
ဘာသာစကားတွေကို လွယ်ကူစွာ သင်ယူနိုင်တယ်

၂။ သင်္ချာနဲ့ယုတ္တိဆိုင်ရာ ဉာဏ်ရည်
(Logical-Mathematical Intelligence)

သင်္ချာပုစ္ဆာတွေ၊ ယုတ္တိရှိရှိ တွေးခေါ်မှုတွေမှာ တော်တယ်
စနစ်တကျ စဉ်းစားတတ်တယ်

၃။ အမြင်အာရုံဆိုင်ရာ ဉာဏ်ရည်
(Visual-Spatial Intelligence)

ပုံတွေ၊ ဒီဇိုင်းတွေနဲ့ပတ်သက်ပြီး အမြင်ကောင်းတယ်
မြေပုံတွေ၊ ဂရပ်တွေကို နားလည်လွယ်တယ်

၄။ ခန္ဓာကိုယ်လှုပ်ရှားမှုဆိုင်ရာ ဉာဏ်ရည်
(Bodily-Kinesthetic Intelligence)

ကိုယ်လက်လှုပ်ရှားမှုတွေမှာ ကျွမ်းကျင်တယ်
အားကစား၊ အကတွေမှာ တော်တယ်

၅။ ဂီတဆိုင်ရာ ဉာဏ်ရည် (Musical Intelligence)

တီးဝိုင်း၊ သီချင်းတွေနဲ့ပတ်သက်ပြီး ပါရမီရှိတယ်
အသံ၊ သံစဉ်တွေကို အလွယ်တကူ မှတ်မိတယ်

၆။ လူမှုဆက်ဆံရေးဆိုင်ရာ ဉာဏ်ရည်
(Interpersonal Intelligence)

တခြားသူတွေရဲ့ ခံစားချက်တွေကို နားလည်တယ်
လူတွေနဲ့ ဆက်ဆံရတာ ကျွမ်းကျင်တယ်

၇။ မိမိကိုယ်ကို နားလည်မှုဆိုင်ရာ ဉာဏ်ရည်
(Intrapersonal Intelligence)

ကိုယ့်ရဲ့ခံစားချက်တွေကို သိနားလည်တယ်
ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို သိတယ်

၈။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဉာဏ်ရည်
(Naturalistic Intelligence)

သဘာဝပတ်ဝန်းကျင်နဲ့ သက်ရှိတွေအကြောင်း နားလည်တယ်
အပင်၊ တိရစ္ဆာန်တွေကို စိတ်ဝင်စားတယ်

ဒီသီအိုရီက ပညာရေးနယ်ပယ်မှာ
အရေးပါတဲ့ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
ကျောင်းသားတွေရဲ့ မတူညီတဲ့
ဉာဏ်ရည်အမျိုးအစားတွေကို အသိအမှတ်ပြုပြီး
သင်ကြားရေးနည်းလမ်းတွေကို ဒီဇိုင်းဆွဲတဲ့အခါ
ထည့်သွင်းစဉ်းစားလာကြပါတယ်။

ဒါကြောင့် စာမရဘူးဆိုတိုင်း
ဥာဏ်မကောင်းတာ မဟုတ်ပါဘူး။
လူတိုင်းမှာ မတူညီတဲ့
စူပါပါဝါတွေရှိကြပါတယ်။
ဒါကို သိပြီးတူးဖော်အသုံးပြုနိုင်ဖို့လိုတယ်။
❤6🥰4👍2
" #ဆရာ ၊ ဆရာမ အရည်အသွေး "
-
(၁) #စိတ်ပါဝင်စားအောင် သင်တတ်ခြင်း

သင်ကြားသည့်လုပ်ငန်းဆိုသည်မှာ စာဖတ်ပြတတ်ရုံဖြင့် ဆရာ ၊ ဆရာမ မဟုတ်ဆိုသည်ကို အနည်းဆုံး သတိပြုနိုင်ရမည်။ ကိုယ်ကသင်သည် ကျောင်းသားက စိတ်မဝင်စားဆိုလျှင် သင်ကြားနေခြင်းမှာ အကျိုးမဲ့စွာဖြင့် လုပ်ဆောင်နေ သည့် လုပ်ရပ်ကြီးတစ်ခု ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ကျောင်းသားတစ်ယောက်ကို မိမိသင်ကြားနေသည့် အပေါ်တွင် အာရုံစူးစိုက်နေရန် အရေးကြီးသည်။ ထိုသို့ သိနိုင်ရန်အတွက် ကျောင်းသား ဘာလိုအပ်သနည်း ဆိုခြင်းကို ဆရာ ဆရာမ က ဦးဆုံးသိနားလည်ထားရမည်။ ဘယ်လိုသင်မည်နည်း၊ ဘာကြောင့် သင်ရသနည်း၊ ဘယ်သူတွေကို သင်နေသနည်း၊ ဘယ်လောက်သင်ရမည်နည်း၊ ဘယ်တော့သင်ရမည်နည်းဆိုသည့် “ဘ” ငါးလုံးကို နားမလည်သည့် ဆရာ ၊ ဆရာမ တစ်ဦးသည် ကျောင်းသားကို ကောင်းစွာ စိတ်ပါဝင်စားအောင် သင်နိုင်မည် မဟုတ်ပေ။

(၂) #ပိုင်းဖြတ်တတ်ခြင်း

ဆရာ၊ ဆရာမ ကောင်းတစ်ယောက်သည် သူ့တပည့်၏ သင်ယူနိုင်စွမ်းကို ကောင်းစွာ ပိုင်းဖြတ်နိုင်သူများဖြစ်သည်။ တပည့်တိုင်း ဉာဏ်ရည်မတူ။ မတူသည့်တပည့်များကို အားလုံး နားလည်စေရန် သင်ကြားနိုင်ခြင်းသည် ပညာဖြစ် သည်။ နိမ့်သူ မြင့်သူ တော်သူ ညံ့သူ အားလုံးတစ်တန်းတည်းထားပြီး ငါသိတာ တတ်တာတွေ လျှောက်ပြောနေ တတ်သူကို ဆရာဟု မခေါ်ပါ။ ဆရာ ၊ ဆရာမ ဆိုသည်မှာ ကိုယ့်တပည့်များ နောက်တစ်ဆင့် တက်သွားနိုင်စေရန် ပို့ဆောင် နိုင်သူများ ဖြစ်ရမည်။ မည့်သူ့ကို တွန်း၊ မည်သူ့ကို ပင့်၊ မည်သူ့ကို မြှောက်၊ မည်သူ့ကို တား နောက်ဆုံးတွင် အားလုံးရောက်သွားအောင် ပို့ဆောင်ပေးနိုင်စွမ်းရှိမှသာ ဆရာ၊ ဆရာမ ဖြစ်ပါသည်။

(၃) #တီထွင်ဖန်တီးဆန်းသစ်တတ်ခြင်း

ဆရာ၊ ဆရာမ ကောင်းတစ်ယောက်ဖြစ်လိုလျှင် ကိုယ်တိုင်က မျက်စိကိုဖွင့်၊ နားကို စွင့်ထားရုံသာမက ဦးနှောက်ကိုပါ လွှင့်ပေးထားနိုင်ရမည်။ အဟောင်းတွေကို ပိုကောင်းအောင် မည်သို့လုပ်မည်နည်းဆိုသည့် ဆန်းသစ်သည့် အမြင်မရှိဘဲ ဆရာ ဆရာမ ကောင်းတစ်ယောက် မဖြစ်နိုင်ပေ။ ကိုယ်တိုင်လည်းလေ့လာ၊ တပည့်တွေကိုလည်း ဆန်းသစ်စွာ တီထွင်ပြီးသင်၊ လောကကို ပြောင်းလဲပြီး မြင်စေရန် အားထုတ်နိုင်စွမ်းရှိရမည်။ ဖတ်စာပါ ကမ္ဘာကြီးသည် လုံးဝန်းသော ပုံသဏ္ဍာန်ရှိကြောင်း သင်ကြားနေခြင်းမှာ ရိုးနေပါပြီ။ ကျောင်းသားကို အဘယ်ကြောင့် လုံးဝန်း ကြောင်း အမြင်တွေကို အထောက်အထားဖြင့် သက်သေပြခိုင်းနိုင်ရမည်။ ကိုယ်တိုင်က ဖတ်စာထဲကအတိုင်း ဆရာ ဆရာမ ဖြစ်လာသည်ဆိုလျှင်လည်း ဆန်းသစ်သည့်အမြင်အတွေးတစ်ခုခုဖြင့် ကလေးများနှင့် ပူးပေါင်းအဖြေထုတ်ရန် လိုနေပြီ။

(၄) #စိတ်ကောင်းရှိခြင်း

ဆရာ ဆရာမ တစ်ယောက်အတွက် အရေးအကြီးဆုံးစိတ်ထားဖြစ်သည်။ စိတ်ကောင်းထားမှ စိတ်ထားကောင်းနိုင်ပါသည်။ ဆရာ ဆရာမ က အရာရာကို အဆိုးမြင်၊ အဆိုးပြော၊ အဆိုးဝေဖန်နေလျှင် ကိုယ့်တပည့်တွေကလည်း အဆိုးသဘောကို ကောင်းသောစိတ်ထားတစ်ခုဟု ယူဆသွားနိုင်ပါသည်။ ကိုယ်သိထား တတ်ထားသည်များကို ကိုယ့်တပည့်လေး များ သိသွားပါစေဆိုသည့် စိတ်စေတနာက အရေးကြီးသည်။ တာဝန်အရ လုပ်ခြင်းဆိုသည်ထက်၊ စေတနာဖြင့် လုပ်ကိုင်ခြင်းဆိုသည်က တပည့်များကို ပိုပြီးလေးစားချစ်ခင်စေနိုင်ပါသည်။

(၅)#ရှင်းရှင်းပြော၊ ပြတ်ပြတ်ပြော

ဆရာ ဆရာမ အသံက ကြည်လင်ပြတ်သားပြီး နားထောင်ရသူများအား စွဲဆောင်မှုရှိနိုင်စေရမည်။ ဆရာ ဆရာမ ကိုယ်တိုင်က ပြောလျှင်လည်း မရှင်းလျှင်၊ မြန်လွန်းနေလျှင် တပည့်များ အာရုံစိုက်ရန် ခက်ခဲစေနိုင်သည်။ အဖြတ်အတောက်၊ အဆွဲအငင်၊ လေယူလေသိမ်း ဆရာ ဆရာမ ကောင်းတစ်ယောက်အတွက် အရမ်းအရေးကြီးသည်။ ကျောင်းသား၏ စိတ်ပါ ဝင်စားမှုသည် ဆရာ ဆရာမ အသံ၊ ဟန်၊ မာန်အပေါ်တွင် များစွာတည်ကြောင်း သိစေချင်ပါသည်။ စကားကို တောရောက် တောင်ရောက် လျှောက်ပြောတတ်လျှင်လည်း ခရီးမရောက်ပါ။ ပြောချင်သည့်အကြောင်းကို ပြတ်သားစွာ မဖြတ် နိုင်ပါကလည်း ကလေးများကို အိပ်ငိုက်သွားစေနိုင်သည်။

(၆)#ဦးတည်ချက်ထားခြင်း

ဆရာ ဆရာမ က ဘာသင်မည်ကိုလည်း သိထားနိုင်ရမည်ဖြစ်သလို ဘယ်လောက်အတိုင်းအတာအထိ သင်မည်ဆိုခြင်းကို လည်း ဦးတည်လာပြီး သင်ကြားပြသနိုင်ရမည်။ ဆရာ ဆရာမ တစ်ယောက်သည် သူ့ကန့်သတ်ချက်အတိုင်းအတာ အချိန် အတွင်း လှုပ်ရှားနေရသည်။ ကိုယ့်အတန်းထဲက ကလေးများသည် ဆရာ ဆရာမ တစ်ယောက်ပြီး တစ်ယောက် ပြောင်း သွားသော်လည်း မပြောင်းလဲစွာဖြင့် ငုတ်တုတ်ကျန်နေသူများဖြစ်သောကြောင့် သူတို့ အာရုံစိုက် စိတ်ဝင်စား နိုင်မည့် အတိုင်းအတာလေးလောက်သာ သင်ရန်ဦးတည်လာခဲ့ရမည်။

(၇) #ကိုယ်ချင်းစာစိတ်ထားခြင်း

ကလေးတစ်ယောက်သည် ငါသင်သမျှ စိတ်ဝင်စားရမည်ဟု မသတ်မှတ်သင့်ပါ။ သူတို့၏ သင်ယူနိုင်မှုသည် သူတို့၏ အချိန်အပိုင်းအခြားအလိုက်ဖြစ်ပျက်နေသည့် ခံစားချက်တို့နှင့်လည်း သက်ဆိုင်တတ်ပါသည်။ ထမင်းဆာနေသည့် ကလေးတစ်ယောက်က ကိုယ်ကဘယ်လောက်ကောင်းအောင်သင်သည်ဖြစ်စေ စိတ်ဝင်စားမှု ရှိချင်မှရှိမည်။ သူတို့ ဟိုကြည့် သည်ကြည့် တောကြည့် တောင်ကြည့်လာလျှင် သတိပြုစေချင်သည်။ ကိုယ်သင်တာ များသွားပြီလား၊ နည်းနေသလား၊ သူတို့ ဘာဖြစ်လို့ အာရုံစိုက်နိုင်စွမ်းမရှိသလဲ ကိုယ်ချင်းစာစိတ်ဖြင့်သာ ပိုင်းဖြတ်ပေးနိုင်ပါသည်။

(၈) #ပြောင်းလဲပြုပြင်
❤2👍2
ကိုယ်က အကောင်းဆုံးပြင်ဆင်ခဲ့သော်လည်း သူတို့တွင် အခက်အခဲများရှိနိုင်ပါသည်။ ငါပြင်ခဲ့တဲ့အတိုင်း တာဝန်ကျေ သင်သွားမည်ဆိုလျှင် ဖြစ်နိုင်ပါသည်။ သို့သော် အခြေအနေနှင့် အချိန်အခါအလိုက် ကိုယ်သင်ကြားမှု အနေအထားပုံစံများကို ပြောင်းလဲပြုပြင် သင်ကြားနိုင်သူများဖြစ်ရန်လိုသည်။

(၉)#စက်ရုပ်လား ပညာရှင်လား

စာဖတ် စာရွတ်ပြခြင်းသည် ဆရာ ဆရာမ မှမဟုတ် စက်ရုပ်များလည်း လုပ်နိုင်ပါသည်။ စပိန်နိုင်ငံတွင် ကျူရှင်ဆရာ ဆရာမ များကို စက်ရုပ်များဖြင့် တီထွင်နေသည်။ ကျောင်းသားသိချင်သည့် စာများကို စက်ရုပ်ဆရာ ဆရာမ က ရွတ်ပြနေလိမ့် မည်။ ဆရာ ဆရာမ ဆိုသည်မှာ ပညာရှင်ဖြစ်သည်။ ကလေး၏စိတ်နှင့် ကလေး၏ အနေအထားအလိုက် တန်ဖိုးကို တွက်ဆကာ သင်ကြားနိုင်ရသည်။

(၁၀)#ထာဝရကျောင်းသား

ဆရာ ဆရာမ ဆိုသည်မှာ ထာဝရကျောင်းသားတစ်ဦးဖြစ်နေသင့်သည်။ ဘွဲ့ သို့မဟုတ် သင်တန်းတစ်ခုခုက ဆရာ ဆရာမ တစ်ဦးကို အဆင့်အနေအထား သတ်မှတ်ပေးလိုက်ခြင်းသာဖြစ်သည်။ ဆရာ ဆရာမ ကို ထာဝရပညာရှင်တစ်ယောက် အနေဖြင့် အသိအမှတ်ပြုလိုက်ခြင်းမဟုတ်ပါ။ ဆရာ ၊ ဆရာမ ဆိုသည်မှာ ထာဝရလေ့လာသင်ယူနေသည့် ကျောင်းသား ကြီးများဖြစ်ရန်လိုသည်။ ဘဝထဲမှာ သင်ယူနိုင်သည်၊ စာအုပ်စာပေများ မပြတ်လေ့လာ သင်ယူနိုင်သည်။ တိုးတက်လာသည့်ခေတ်တွင် ခေတ်နှင့် မျက်ခြေမပြတ် ကွန်ပျူတာ အင်တာနက်များထဲတွင်လည်း သင်ယူနိုင်ရမည်။ သင်ယူခြင်းသည် သင်ကြားခြင်းအတွက် အားဆေးများဖြစ်သည်။ ပညာကို ဆက်မရှာလျှင် ခေတ်နောက်ကျကျန်ခဲ့သော ဆရာ ၊ ဆရာမ များဖြစ်သွားပါလိမ့်မည်။

(#Qualities of Good Teacher)
❤5
ဝန်ထမ်း
လွယ်လွယ်ဖြစ်လာခဲ့တာမဟုတ်ဘူး။
အချိန် ၊ငွေ ၊
ဝမ်းနည်းခြင်း
ကွဲကွာခြင်း
လွတ်လပ်ခြင်း
ပေးဆပ်ခြင်းတွေ
မျိုသိပ်ခြင်းတွေ
အပျော်တွေ
စတေးခဲ့ရတာတွေရှိခဲ့တယ်။

လစာ
မအားအောင်နေပြီး
မသေရုံစား ဖို့လောက်သာဆိုတာ
လူ့မျက်စေ့နဲ့ကြည့်
သိသိသာသာကြီး။

လုပ်သက်
ရုတ်တရက်ချက်ချင်း
ရလာတာ မဟုတ်ပါဘူး
ဘဝရဲ့ အချိန်အတိုင်းအတာတခုထိ
ပေးဆပ်ပြီးမှ ရလာတာ။

ရာထူး
ရူးရတာပေါ့ လို့ပြောပြော
နေပူ မရှောင်
မိုးရွာမရှောင်
နှင်းမြူထူနဲ့ရွံ့ဗွက်တွေကြား
တိုးဝှေ့သွားရင်း
ဆံပင်တွေဖြူသွားတောင်
ကံကောင်းမှ တိုးတာမျိုး။

ပင်စင်
ကိုယ်ပိုင်ဝင်ငွေဆိုတာ
လူအိုတစ်ယောက်ရဲ့
ဂုဏ်သိက္ခာပဲမလား။

လူ့အဆင့်အတန်း
ဝန်ထမ်းဆိုတာ ရှေ့တန်းမှာ လူရာမဝင်လဲ
နောက်တန်းမရောက်သလို
အောက်တန်းလဲမကျပါဘူးလေ။

ခံယူချက်
ကိုယ့်ဘဝရဲ့ ကိုယ်ပိုင်အချိန်တွေကို
အများသူငါအတွက် ပေးဆပ်ပြီး
လူ့လောကအတွက်
အသုံးဝင်တဲ့သူ ဖြစ်ချင်ရုံသက်သက်ပါ။
❤4
ထိရှလွန်း
🇲🇲🇲🇲🇲🇲
ဝန်ထမ်း
လွယ်လွယ်ဖြစ်လာခဲ့တာမဟုတ်ဘူး။
အချိန် ၊ငွေ ၊
ဝမ်းနည်းခြင်း
ကွဲကွာခြင်း
လွတ်လပ်ခြင်း
ပေးဆပ်ခြင်းတွေ
မျိုသိပ်ခြင်းတွေ
အပျော်တွေ
စတေးခဲ့ရတာတွေရှိခဲ့တယ်။

လစာ
မအားအောင်နေပြီး
မသေရုံစား ဖို့လောက်သာဆိုတာ
လူ့မျက်စေ့နဲ့ကြည့်
သိသိသာသာကြီး။

လုပ်သက်
ရုတ်တရက်ချက်ချင်း
ရလာတာ မဟုတ်ပါဘူး
ဘဝရဲ့ အချိန်အတိုင်းအတာတစ်ခုထိ
ပေးဆပ်ပြီးမှ ရလာတာ။

ရာထူး
ရူးရတာပေါ့ လို့ပြောပြော
နေပူ မရှောင်
မိုးရွာမရှောင်
နှင်းမြူထူနဲ့ရွံ့ဗွက်တွေကြား
တိုးဝှေ့သွားရင်း
ဆံပင်တွေဖြူသွားတောင်
ကံကောင်းမှ တိုးတာမျိုး။

ပင်စင်
ကိုယ်ပိုင်ဝင်ငွေဆိုတာ
လူအိုတစ်ယောက်ရဲ့
ဂုဏ်သိက္ခာပဲမလား။

လူ့အဆင့်အတန်း
ဝန်ထမ်းဆိုတာ ရှေ့တန်းမှာ လူရာမဝင်လဲ
နောက်တန်းမရောက်သလို
အောက်တန်းလဲမကျပါဘူးလေ။

ခံယူချက်
ကိုယ့်ဘဝရဲ့ ကိုယ်ပိုင်အချိန်တွေကို
အများသူငါအတွက် ပေးဆပ်ပြီး
လူ့လောကအတွက်
အသုံးဝင်တဲ့သူ ဖြစ်ချင်ရုံသက်သက်ပါ။
👍6❤1
မနက်ဖြန် ၂၀.၁၂.၂၀၂၄ ရက်နေ့ကစပြီး
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ
ဖော်ပြမည့် အစီအစဉ်ပါ။
❤7👍1
နော်ဝေနိုင်ငံသည်

ညသန်းခေါင်ယံမှသာ နေဝင်ပြီး
မနက် ၄ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ
နေပြန်ထွက်တတ်တဲ့နိုင်ငံ ဖြစ်သည်။

တစ်ရက်မှာ နာရီ၂၀ကြာအောင် နေထွက်တဲ့ နိုင်ငံဖြစ်သည်။

နေလုံးဝမဝင်တဲ့ လတွေကတော့
ဧပြီလ ၁၀ ရက်မှ သြဂုတ်လ၂၀ ရက်နေ့အထိ နေလုံးဝ မဝင်ပါဘူး။

ဗဟုသုတ
❤23👍6👏1
၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာလမ်းညွှန်
၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ လမ်းညွှန်
👍2