Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
16.1K subscribers
3.73K photos
90 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ဒီဇင်ဘာလအခန်းဆုံး ၂၅ မှတ်
၁၃ရက်မှ ၂၀ ရက်နေ့အထိ
1👍1
အခြေခံပညာကျောင်းများ နှင့် ပုဂ္ဂလိကကျောင်းများ
ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ (၃) ရက်နေ့ တစ်ရက်တည်းတွင်သာ
ကျင်းပပြုလုပ်ရန် #ညွှန်ကြားချက်အရ
3
အထက်တန်းဆင့်သင် ကျောင်းများ၏ ကျောင်းဥပဓိရုပ် ကောင်းမကောင်းရွေးချယ်ရေးမူများ........

၁။ ကျောင်းအုပ်ကြီး၏စီမံခန့်ခွဲမှု၊တာဝန်ယူမှု၊တာဝန်ခံမှု ရှိ/မရှိ

၂။ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ကောင်း/မကောင်း

၃။ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများ၏ စည်းကမ်းလိုက်နာမှု
ရှိ/မရှိ

၄။ ကျောင်းဝတ်စုံ ဝတ်ဆင်မှု ရှိ/မရှိ

၅။ နိုင်ငံတော်အလံ၊ ကျောင်းကောင်စီအလံများလွှင့်တင်မှုနှင့် ကျောင်းစုဝေးပွဲ
အခြေအနေ

၆။ ပညာရေးပြက္ခဒိန်ပါလုပ်ငန်းများလအလိုက်ဆောင်ရွက်မှုမှတ်တမ်းများ
ရှိ/မရှိ

၇။ ကျောင်းတစ်ကျောင်းတွင်ချိတ်ဆွဲထားရှိရများစာရင်းဇယားများ ပြည့်စုံစွာ
ချိတ်ဆွဲထားရှိမှု ရှိ/မရှိ

၈။ ကျောင်းစာကြည့်တိုက် ထားရှိမှု အခြေအနေ

၉။ Multi Media ထားရှိမှ အခြေအနေ

၁၀။ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိ/မရှိ

၁၁။ ကွန်ပျူတာခန်းနှင့် ကွန်ပျူတာများ ထားရှိမှု အခြေအနေနှင့်ပြည့်စုံ
လုံလောက်မှုရှိ/မရှိ

၁၃။ သိပ္ပံလက်တွေ့ခန်းနှင့်ဆက်စပ်ပစ္စည်းများထားရှိမှု အခြေအနေနှင့်ပြည့်စုံ
လုံလောက်မှုရှိ/မရှိ

၁၄။ သောက်သုံးရေ လုံလောက်စွာရရှိမှုနှင့်သန့်ရှင်းမှု ရှိ/မရှိ

၁၅။ ရေမိလ္လာစနစ်၊ သန်းစင်ခန်းနှင့်ဆီးသွားခန်းများ ပြည့်စုံလုံလောက်မှု ရှိ/မရှိ

၁၆။ ကျောင်းမုန့်ဈေးတန်းသည် ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/မရှိ

၁၇။ အမှိုက်စွန်ပစ်မှုအခြေအနေနှင့် အမှိုက်၌ပုံးများထားရှိမှု

၁၈။ အရိပ်ရပင်များ၊ ပန်းအလှပင်များ၊ ရာသီပေါ်သီးနှံများ စိုက်ပျိုးထားရှိမှု
အခြေအနေ

၁၉။ စာရေးခုံထိုင်ခုံများ ပြည့်စုံမှုနှင့်စနစိတကျထားရှိမှု ရှိ/မရှိ

၂၀။ Whiteboard နှင့် Blackboard များ စနစ်တကျထားရှိမှု

၂၁။ စာသင်ခန်းများစနစ်ကျမှုနှင့် သန်းရှင်းမှုရှိ/မရှိ

၂၂။ ကျောင်းအားကစားကွင်းနှင့်အားကစားပစ္စည်းများ ရှိ/မရှိ

၂၃။ ကျောင်းဆိုင်းပုဒ် ၊ပညာရေးဆောင်ပုဒ်၊ ကျောင်းဆောင်ပုဒ် များ ပြည့်စုံမှု
ရှိ/မရှိ

၂၄။ ကျောင်းခြံစည်းရိုး လုံခြုံမှု ရှိ/မရှိ

၂၅။ ကျောင်းအဝင်လမ်း ကောင်း/မကောင်း

၂၆။ ကျောင်းသန့်ရှင်းရေး ပုံမှန်မှန်ဆောင်ရွက်မှု ရှိ/မရှိ

၂၇။ ကျောင်းအဆောက်အဦး ကောင်း / မကောင်း

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
6👍1
Vape ရှု၊ Vape သောက်ရင် သေတတ်ပါတယ်။

၂၀၂၃ စက်တင်ဘာ မင်္ဂလာမောင်မယ်စာစောင်မှာ Vape အကြောင်း ကျွန်တော် ရေးခဲ့တဲ့ ဆောင်းပါးပါ။

လူငယ်တွေ အတွက် ပြန်တင်ပေးလိုက်ပါတယ်။

“သိပ္ပံအရေး မေးလိုရာမေး”
ဒေါက်တာသန်းမင်းထွဋ်

မေး။ ။ ဆရာရှင့်-

ကျွန်မသည် ကျောင်းဆရာမ တစ်ဦး ဖြစ်ပါသည်။ ယခုအခါ ကျွန်မတို့ တပည့်လေးများကြားတွင် ဆေးလိပ်မဟုတ်ဘဲ e-cigarette (သို့) e-vape ခေါ် ပစ္စည်းများကို အသုံးပြုနေသည်ကို တွေ့ရှိရပါသည်။ ကျွန်မတို့က ခေါ်ယူဆုံးမသောအခါ ၎င်းတို့သည် စီးကရက် မဟုတ်ကြောင်း၊ စီးကရက် ဖြတ်လိုသူများပင် အသုံးပြုနိုင်သော ပစ္စည်းများ ဖြစ်ကြောင်း ပြောဆိုလာကြပါသည်။ Stop smoking, Start Vaping ဟု ရေးသားထားသော ကြော်ငြာများကိုပါ အင်တာနက်မှ ရှာဖွေငြင်းဆိုလာကြပါသည်။ ကျွန်မအနေဖြင့် သိလိုသည်မှာ အီး-စီးကရက်သည် အမှန်ပင် ဆေးလိပ်ဖြတ်ရန်အတွက် အသုံးပြုပါသလား၊ ကျန်းမာရေးအတွက် ထိခိုက်မှုမရှိဟု ပြောဆိုသည်မှာ အမှန်ဖြစ်ပါသလား။ ကျေးဇူးပြုပြီး ဖြေကြားပေးစေချင်ပါသည်။

ဒေါ်မာလာဝေ
အထက်တန်းပြ၊ တောင်ဥက္ကလာပ။

ဖြေ။ ယနေ့ခေတ် ကျောင်းသားလူငယ်များ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ကြားတွင် ရေပန်းစားနေသော ပစ္စည်းတစ်ခုမှာ ဆရာမ ပြောပြထားသော အီး-စီးကရက်များပင် ဖြစ်ပါသည်။ စီးကရက်ကုမ္ပဏီကြီးများကလည်း အဆိုပါ ပစ္စည်းများကို ဒီဇိုင်းမျိုးစုံ၊ အရောင် မျိုးစုံ၊ ပုံစံမျိုးစုံ ထုတ်လုပ်ပြီး လူငယ်လူရွယ်များကို အမျိုးမျိုး ဖြားယောင်း သွေးဆောင်နေ ကြပါသည်။ ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဆေးလိပ်နှင့် စီးကရက် အန္တရာယ်ကို လူအများက သိမြင်လာကြသဖြင့် ဆေးလိပ်ဖြတ်သူ များပြားလာခြင်း၊ အစိုးရများက အခွန် တိုးမြှင့် ကောက်ခံနေခြင်း၊ ဆေးလိပ် စီးကရက် သောက်သုံးပြီး အဆုပ်ကင်ဆာ ဖြစ်သူများက ဆေးလိပ်ကုမ္ပဏီကြီးများကို တရားစွဲခြင်း၊ ဆေးလိပ်ဆန့်ကျင်ရေး အသင်းအဖွဲ့များ ပေါ်ပေါက် လာခြင်းတို့ကြောင့် စီးကရက် ကုမ္ပဏီကြီးများ၏ ဈေးကွက်မှာ ကျဉ်းမြောင်းလာပါသည်။ ထိုအခါ စီးပွားရေးသမားများပီပီ ဆေးလိပ်အစား e-cigarette သို့မဟုတ် e-vape များကို ထုတ်လုပ်ပြီး လူငယ်များကို စွဲဆောင်စည်းရုံးလာကြပါသည်။

သူတို့၏ ထုတ်ကုန်ပစ္စည်းများ ဈေးရောင်းကောင်းစေရန်အတွက် နာမည်ကျော် ဆယ် လီများကို အသုံးပြုပြီး အီး-စီးကရက် ကြော်ငြာများ၊ vape ကြော်ငြာများကို ရိုက်ကူး ဖြန့်ဝေလာကြပါသည်။ သူတို့၏ ပစ္စည်းများသည် ကျန်းမာရေးကို မထိခိုက်နိုင်ကြောင်း၊ ဆေးလိပ်ဖြတ်လိုသူများအတွက် အလွန်အကျိုးများသော ဆေးလိပ်ဖြတ်စက်များ ဖြစ်ကြောင်း ပြောဆိုစည်းရုံးလာကြပါသည်။ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ဆေးလိပ်ဖြတ်စက်များ ရနိုင်သည်ဟူသော ကြော်ငြာများဖြင့် ဆိုင်ကြီးများ၊ စူပါမားကတ်များတွင် ရောင်းချ ဖြန့်ဖြူး လာကြသည်ကို တွေ့ရှိရပါသည်။ Stop Smoking, Start Vaping စသည့် ကြော်ငြာများကို အင်တာနက်တွင်ဖြန့်ဝေရင်း လူငယ်များကို e-cigarette သောက်သုံးခြင်း၊ vape သုံးစွဲခြင်းသည် ခေတ်မီသယောင်၊ ကျန်းမာရေးနှင့် ညီညွတ်သယောင် ဖျားယောင်းစည်းရုံးနေကြသည်ကို တွေ့ရှိရပါသည်။

အမှန်စင်စစ် e-cigarette ကို ကမ္ဘာပေါ်တွင် ပထမဆုံး မူပိုင်ခွင့် မှတ်ပုံတင်ခဲ့သူမှာ အမေရိကန်နိုင်ငံသား ဟားဘတ် အေလန် ဂေးလ်ဘတ် (Herbert Allan Gilbert) (1931-2023) ဖြစ်ပါသည်။ သို့သော် သူသည် မှတ်ပုံတင်ရုံသာ တင်ခဲ့ပြီး တစ်ကြိမ်မျှ ထုတ်လုပ်ရောင်းချခြင်း မပြုခဲ့ဘူးပါ။ ထို့ကြောင့် ဂေးလ်ဘတ် ထုတ်လုပ်သော e-cigarette ဟူ၍ တစ်လိပ်တစ်လေမျှပင် မရှိခဲ့ပါ။

စီးပွားဖြစ် ထုတ်လုပ်မည့် e-cigarette များကို စတင်ဖြန့်ဖြူးရောင်းချသူမှာ တရုတ်နိုင်ငံသား ဟွန်လင့် (Hon Lik)ဆိုသူ ဖြစ်ပါသည်။ ၎င်းသည် ဆေးဝါးပညာရှင် တစ်ဦး ဖြစ်ပြီး ၁၉၅၁-ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၂၁-ရာစုဆန်းစတွင် e-mail, e-ticket, e- government စသည်ဖြင့် ခေတ်စားလာသောအခါ ဟွန်လင့်ကလည်း e-cigarette ကို ထူထောင် လျှင် ကောင်းမည်ဟု စိတ်ကူးရလာပါသည်။ ထို့ပြင် သူသည် ဆေးလိပ်ကို အလွန်အမင်း နှစ်ခြိုက်စွဲလန်းသူ တစ်ဦးလည်း ဖြစ်ပါသည်။ သူ့ဖခင်မှာ ဆေးလိပ်ကြောင့်ပင် အဆုပ်ကင်ဆာ ဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါသည်။ သူသည်လည်း ဆေးလိပ်အလွန်အကျွံ သောက်သုံးသူ ဖြစ်ရာ သူ့ဖခင်ကဲ့သို့ မသေအောင် ဆေးလိပ်ဖြတ်ချင်စိတ် ကြီးမားနေပါသည်။ သို့သော် ဆေးလိပ်တွင် ပါသော နီကိုတင်းဓါတ်သည် ဘိန်းဖြူကဲ့သို့ပင် လူကို အလွန်အမင်း စွဲလန်းစေရကား သူ့မှာ ဆေးလိပ်ဖြတ်ချင်သော်လည်း မဖြတ်နိုင်ပါ။

ထို့ကြောင့် ဟွန်လင့်သည် ဆေးလိပ်အစားထိုးရန်အတွက် ပစ္စည်းတစ်မျိုးကို တီထွင် ခဲ့ပါသည်။ သူ၏ ပစ္စည်းမှာ ဘောလ်ပင်ကဲ့သို့ အချောင်းလေး ဖြစ်ပြီး ဓါတ်ခဲအသေးလေးလည်း ပါပါသည်။ အထဲတွင် နီကိုတင်းအမှုန်အစား နီကိုတင်းအရည်များကို ထည့်သွင်းထားပါသည်။ ဆေးလိပ်သောက်လို၍ ခလုတ်နှိပ်လိုက်သောအခါ ဓါတ်ခဲတွင်ပါသော စနစ်တစ်ခုက နီကိုတင်း အရည်ကို အပူပေးစေပြီး နီကိုတင်းအငွေ့များ ထွက်ပေါ်လာပါသည်။ ထိုအငွေ့များကို ရှုရှိုက်သုံးစွဲရင်း ဆေးလိပ်ကို ရှောင်ရှားနိုင်မည်ဟု သူက ယူဆခဲ့ပါသည်။ ထိုပစ္စည်းကို e-cigarette ဟု သူကခေါ်ဆိုပြီး ၂၀၀၃ ခုနှစ်တွင် Ruyan ဟူသော အမည်ဖြင့် တရုတ်နိုင်ငံတွင်
2👍2
စတင်ဖြန့်ဖြူးရောင်းချခဲ့ပါသည်။

ဟွန်လင့်သည် ဆေးလိပ်ဖြတ်ရန် ရည်ရွယ်ပြီး e-cigarette ကို ထုတ်လုပ်ခဲ့သော်လည်း သူကိုယ်တိုင် ဆေးလိပ်မပြတ်သည့်အပြင် ဆေးလိပ်ရော e-cigarette ပါ နှစ်ခုလုံး စွဲသွားသည့် အခြေအနေသို့ ရောက်ရှိသွားပါသည်။ သို့သော် သူထုတ်လု်ပလိုက်သော e-cigarette မှာမူ ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် ဥရောပနိုင်ငံများသို့ ရောက်ရှိသွားပြီး ၂၀၁၀ နောက်ပိုင်းမှ စကာ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားပါတော့သည်။

လက်ရှိအခြေအနေတွင် e-cigarette များတွင် နီကိုတင်းအရည်က တစ်ကန့်၊ စတော် ဘယ်ရီ၊ စပျစ်စသည်ဖြင့် အနံ့အရည်များက တစ်ကန့်၊ အအေးဓါတ်ရစေရန် ပရုတ်ရည် ကဲ့သို့သော အရည်များက တစ်ကန့် စသည်ဖြင့် တိုးတက်များပြားသော ဓါတုပစ္စည်းများ ပါဝင်လာပါသည်။ e-cigarette မှ ထွက်သော အငွေ့များကို ရှုရှိုက်ခြင်းကို vape လုပ်သည်ဟု ခေါ်ဆိုကြပါသည်။ အဆိုပါ အငွေ့များတွင် လူကိုအန္တရာယ်ပေးစေသော ဓါတုပစ္စည်းပေါင်း ၄၀၀၀ကျော် ပါဝင်ပြီး ကင်ဆာဖြစ်စေသော ပစ္စည်း ၄၀ကျော် ပါဝင်နေပါသည်။ စပ်ဟပ် ထားသော ဓါတုဆေးရည် များလျှင်များသလို အဆိပ်ဓါတ်လည်း ပိုမိုများပြားပါသည်။

အချို့သော စားသောက်ဆိုင်များတွင် နီကိုတင်းအရည်ကို ရေဖန်ပေါင်းချောင်ထဲ ထည့်ကာ မွှေးသောအနံ့များဖြင့် ရောစပ်ပြီး လူငယ်များ ရှုရျိုက်နိုင်အောင် စီစဉ် ရောင်းချ လာကြပါသည်။ အဆိုပါပစ္စည်းကို ရှီရှား (shishar)ဟု ခေါ်ဆိုပြီး လူငယ်များအကြားတွင် ခေတ်စားနေသော ပစ္စည်း တစ်မျိုး ဖြစ်ပါသည်။ ဆေးလိပ်တစ်လိပ်သည် (၇-၈)ကြိမ်လောက် ရှုလိုက်လျှင် ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း e- cigarette တစ်လိပ်မှာမူ အကြိမ် ၃၅၀အထိ ရှုရှိုက်နိုင်ပါသည်။ ပါဝင်သော အဆိပ်ပမာဏမှာလည်း စီးကရက်ထက် အဆပေါင်းများစွာ ပါဝင်နေပါသည်။

သို့ဖြစ်ပါ၍ အိန္ဒိယ၊ စင်္ကာပူ၊ ဟောင်ကောင် စသော နိုင်ငံများတွင် vape သုံးစွဲခြင်း၊ e-cigarette သောက်သုံးခြင်းကို ပြင်းထန်စွာ တားမြစ်လျက် ရှိပြီး ကျန်ကမ္ဘာ့နိုင်ငံများတွင်လည်း တားမြစ်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ လူငယ် လူရွယ်များကြားတွင် ဆေးလိပ်ဖြတ်စက် အသွင်ဆောင်ပြီး ဖျားယောင်းစွဲမက်စေသော လူသတ်ကောင် e-cigarette နှင့် e-vape များကို တစ်မျိုးသားလုံးက လက်မခံဘဲ ဝိုင်းဝန်းတိုက်ထုတ်ရန် လိုအပ်လျက် ရှိပါကြောင်း ဖြေကြားအပ်ပါသည်။

ဒေါက်တာသန်းမင်းထွဋ်
(ပင်းတယ မီးအိမ်ရှင်)
1
မန္တလေး မြို့ကွက်ကို ဘယ်လို တည်သလဲ
ဝင်းတွေနဲ့ တည်ခဲ့သည့် မင်းနေပြည်တော်...

၄၈ ရပ်သော ပြဿဒ်ရံဝန်းသည်း အတွင်း
မြို့ရိုး နန်းမြို့တော်

အပြင်မြို့ကွက်

မြောက်ပြင် ၅ ရပ်ကွက်

အရှေ့ပြင် ၇ ရက်ကွက်

တောင်ပြင် ၁၃ ရပ်ကွက်

အနောက်ပြင် ၂၉ ရပ်

မန္တလေးမြို့သည်
ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှု
မြို့တော်ဖြစ်မည့် အတိတ်နိမိတ်အတိုင်း
မြန်မာဆန်သော ထီးဟန်၊ နန်းဟန်အဓိပ္ပါယ်
ပြည့်ဝသော အမည်များဖြင့် ရပ်ကွက်
အမည်များ မှည့်ခေါ်ခဲ့၏။

အချို့ရပ်ကွက်များသည်
ရတနာသိင်္ဃပြည်ရွှေဘို၊ အင်းဝ၊
အမရပူရ မြို့တော်များမှ မြစ်ဖျား ခံခဲ့ပြီး
အချို့လည်း ရာဇဝင်သမိုင်းဆိုင်ရာ
အမည်များဖြစ်၏။

အချို့လည်း ဒေသအလိုက် နေရာ အခေါ်များ
ပေးခဲ့၏။

မင်းတုန်းမင်းသည်
အလျားအနံ ၁၂ ပြ စီရှိသော
စတုရန်းကွက်ကြီးကို အုတ်ရိုး၊ ကျုံးဖြင့် ကာရံလျက် "လေးကျွန်းအောင်မြေ" ဟု အမည်ပေးခဲ့သည်။
ရပ်ကွက် ၅၄ ဌာနကို အောက်ပါအတိုင်း
အမည်ပေးခဲ့ပါသည်။

အရှေ့ပြင် ၇ ရပ်ကွက်
၁။ ကျွန်လုံးမော် *
၂။ ဝိဇယမဟီ *
၃။ ဇေယျမင်္ဂလာ *
၄။ ဘူမိဇေယျာ *
၅။ မဟာဇေယျဘုံ
၆။ ပြည်ကြီးမျက်မှန်
၇။ ပြည်ကြီးမျက်ရှင်

တောင်ပြင် ၁၃ ရပ်ကွက်
၈။ ပတ်ကုန်းပျော်ဘွယ်
၉။ ဇမ္ဗူမျက်ရှင်*
၁၀။ ပတ်ကုန်းဝန်းကျင်
၁၁။ ရန်မျိုးလုံ
၁၂။ မဟာနွယ်စဉ်
၁၃။ သကျနွယ်စဉ်
၁၄။ မောရဂီဝါ
၁၅။ စိတ်တရမဟီ
၁၆။ ဟေမာဇလ
၁၇။ ကၪၥဏမဟီ
၁၈။ ဟေမမာလာ
၁၉။ ချမ်းမြသာစည်
၂၀။ အောင်ချမ်းသာ *

အနောက်ပြင် ၂၉ ရပ်ကွက်
၂၁။ အမရစံခေါင်
၂၂။ အမရဌာနီ
၂၃။ ပြည်လုံးချမ်းသာ
၂၄။ မဃဂေီရိ
၂၅။ ပုလဲငွေရောင်
၂၆။ ပြည်ကြီးကျက်သရေ
၂၇။ အောင်မြေရန်လုံ *
၂၈။ ဇမ္ဗူကြငှန်း *
၂၉။ ချမ်းအေးသာဇံ
၃၀။ တုလွတ်ရန်အောင် *
၃၁။ ဘေးမဲ့လွတ်ရှောင် *
၃၂။ အောင်နန်းရိပ်သာ
၃၃။ ရတနာဘူမိ
၃၄။ မဟာအောင်မြေ
၃၅။ ကျွန်းလုံးကြေညာ *
၃၆။ ရွှေဘုန်းရှိန်
၃၇။ ကျွန်းလုံးဥသျှောင်
၃၈။ တမ်ပဝတီ
၃၉။ သန်လျက်မော်
၄၀။ စိန်ပန်း
၄၁။ ဒေးဝန်း
၄၂။ ပြည်ကြီးပျော်ဘွယ်
၄၃။ သီရိဟေမာ
၄၄။ သီရိမာလာ
၄၅။ အောင်မြေသာစံ
၄၆။ ပြည်ကြီးရန်လုံ
၄၇။ မင်းတဲအီကင်
၄၈။ ဘုန်းတော်ရောင် *
၄၉။ ညောင်ကွဲ

မြောက်ပြင် ၅ ရပ်ကွက်
၅၀။ မြကျွန်းတန်ဆောင် *
၅၁။ မြနန်းအောင်မြေ *
၅၂။ မြနန်းစံရာ *
၅၃။ မြနန်းဘုံသာ *
၅၄။ မြကျွန်းမြေငူ *

ထိုသို့ ရပ်ကွက်ပေါင်း ၅၄ ရပ်ကွက်
သတ်မှတ်ခဲ့သော်လည်း..

အရှေ့ပြင်မှ
ကျွန်းလုံးမော်၊ ဝိဇယမဟီ၊
ဇေယျမင်္ဂလာ၊ ဘူမိဇေယျာ
ရပ်ကွက် ၄ ရပ်ကွက်

တောင်ပြင်မှ
ဇမ္ဗူမျက်ရှင်၊ အောင်ချမ်းသာ
ရပ်ကွက် ၂ ရပ်ကွက်

အနောက်ပြင်မှ
အောင်မြေရန်လုံ၊ ဇမ္ဗူကြငှန်း၊
တုလွတ်ရန်အောင်၊ ဘေးမဲ့လွတ်ရှောင်၊
ကျွန်းလုံးကြေညာ၊ ဘုန်းတော်ရောင်
ရပ်ကွက် ၆ ရပ်ကွက်

မြောက်ပြင်မှ
မြနန်းတန်ဆောင်၊ မြနန်းအောင်မြေ၊
မြနန်းစံရာ၊မြနန်းဘုံသာ၊ မြကျွန်းမြေငူ
ရပ်ကွက် ၅ ရပ်ကွက်

စုစုပေါင်း ၁၇ ရပ်ကွက်တို့သည်
ပျောက်ကွယ် သွားခဲ့သည်။

ယခုအချိန်အခါတွင် မန္တလေးမြို့၏
ရပ်ကွက်ပေါင်း ၃၇ ရပ်ကွက်သာ
ရှေးအမည်အတိုင်း ထင်ရှားလျက် တည်ရှိပါသည်။

ပေါင်း ၅၄ ရပ်ကွက် မူလ မန္တလေးမြို့မြေပုံ

မင်းတုန်းလက်ထက် မြို့ကွက် ဖြစ်ပါသည်။

ကူးယူပြီး ပြန်လည်မျှဝေပါသည်။
3👍1
မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ခံရ

နေပြည်တော် ဒီဇင်ဘာလ ၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) တွင် ပါဝင်နိုင်ရေးအတွက်ဆောင်ရွက်ခဲ့ရာ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန် ပွဲတော်နှင့်ပတ်သက်သည့် အဆိုပြုစာတွဲ (Nomination File)ကို UNESCO ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ (Committee of Intangible Cultural Heritage) သို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ပေးပို့တင်သွင်းခဲ့ပါသည်။

မြန်မာနိုင်ငံမှ တင်သွင်းထားသည့် “မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” အဆိုပြုစာတွဲအား ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးနှင့်ပတ်သက်၍ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် ယနေ့၌ တရားဝင်ဆုံးဖြတ်ခဲ့ပြီးဖြစ်ရာ ယခုဆိုလျင် မြန်မာနိုင်ငံမှတင်သွင်းထားသည့် “မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးတရားဝင်ပါဝင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ထိုကဲ့သို့ပါဝင်နိုင်ခြင်းသည် မြန်မာ့ယဉ်ကျေးမှုအမွေနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းအပါအဝင် မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပါသည်။

“မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” အား ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်ခြင်းအားဖြင့် “မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” ကို ကမ္ဘာကပိုမိုသိရှိလာနိုင်ခြင်း၊ မျိုးဆက်သစ်နောင်လာနောက်သားများကို လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ခြင်း၊ အတာသင်္ကြန်ကို ရိုးရာမပျက်ထိန်းသိမ်းကျင်းပနိုင်ရေးအတွက် ပြည်သူလူထု၏အသိအမြင် ပိုမိုပွင့်လန်းလာစေခြင်း၊ မြန်မာနိုင်ငံ၏ အခြားသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် အတွေ့အကြုံကောင်းများနှင့် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၂၄/၂၀၂၅ပညာသင်နှစ်အတွက်
Grade5 နှင့် Grade.9စာမေးပွဲအချိန်ဇယားပါ။
အောင်စာရင်းက ၁၅.၅.၂၀၂၅ရက်နေ့တွင်ထုတ်ပြန်ရန်။
👍5
ထုပ်စည်းတိုး(တားသူဘက်မှလိုက်နာရမည့်စည်းကမ်းချက်များ)
၁။ ဖမ်းသူခေါင်သူကြီးသည် ထိပ်စည်းမျဉ်းအလယ်တည့်တည့်၌ရပ်နေ၍တိုးသူဘက်မှခေါင်သူကြီးကလက်ဝါးခြင်းရိုက်ပီးတိုးစရမည်။ဒိုင်ချုပ်ကအချက်ပေးသော်လည်းခေါင်သူကြီးချင်းလက်ဝါးမရိုက်သေးပါကငယ်သားများမတိုးရ၊တိုးခဲ့သော်ပြန်ထွက်ရမည်။
၂။ လက်ဝါးခြင်းရိုက်ပြီးဝင်သူခေါင်သူကြီးအားပထမစည်းနှင့်ဒုတိယစည်းအကြားမဖမ်းရ။သို့သော်အောင်ထူရန်ဝင်လာသောအခါဖမ်းနိုင်သည်။အခြားစီးများတွင်ဝင်သူခေါင်သူကြီးအားဖမ်းနိုင်သည်။
၃။ ဖမ်းသူခေါင်သူကြီးသည်ကြက်လျှာနှင့်အလယ်စည်းတို့ကိုအလိုရှိသလိုဖမ်းနိုင်သော်လည်းခြေနှစ်ချောင်းလုံးစည်ပေါ်တွင်ရှိရမည်။ခုန်ကျော်ဖြတ်ဖမ်းခြင်းတို့ကိုခွင့်မပြု။
၄။ ပထမစည်း ကြက်လျှာ အူတိုင် များကိုခေါင်သူကြီးသာပိုင်ဆိုင်သည်။ညှပ်ပူ ညှပ်ဖမ်း၍ရသည်လှည့်နိုင်ရွှေ့ပြောင်းနိုင်သည်။
၅။ ဖမ်းသူခေါင်သူကြီးသည်တိုးသူခေါင်သူကြီးကိုလက်ဝါးခြင်းရိုက်ပီးနောက်ပထမစည်းနှင့်ကြက်လျှာတွင်တိုးသူငယ်သားများကိုဖမ်းနိုင်သည်။
၆။ ဖမ်းသူများသည် မိမိက စည်းအပြင်မရောက်စေရန်နှင့်ဘေးစည်းမလွတ်စရန်သတိပြုရမည်။
၇။ ကိုယ့်စည်းကြောင်းပေါ်တွင်ပြေးလွှားပြီး လက်ဘေးဆန့်ခြင်း လက်ရှေ့ဆန့်၍ကုန်းဖမ်းခြင်း ဒေါင်ဖြတ်ပြေးသူကိုလှမ်းပုတ်ခြင်းတို့ပြုလုပ်နိုင်သည်။
၈။ ကုန်းဖမ်းသိအခါအားလွန်၍ခြေတစ်ဖက်သော်၎င်း လက်တစ်ဖက်သော်၎င်းအပြင်သို့ကျသွားလျှင်မိသည်ဟုမသတ်မှတ်။
၉။ စည်းဝင်စီးထွက်၍မိမိစည်းလွန်လျှင်နောက်ပြန်မဖမ်းရတိုးသူက နောက်မှလာတိုးလျှင်မိသည်ဟုယူဆသည်။
၁၀။ တစ်ချိန်တည်းပြေးဝင်လာသော်ဖမ်းနိုင်သည်။
၁၁။ ဖမ်းမိသောအခါစည်းပေါ်တွင်ခြေနှစ်ထက်လုံးရှိရမည်။ ခန္ဓာကိုယ်ကို၎င်ားအရာဝတ္ထုတခုခုကို၎င်းဆိုင်ရာစည်းစောင့်ဒိုင်မြင်အောင်ဖမ်းနိုင်မှသာလျှင်မိသည်ဟုအချက်ပေးမည်။
၁၂။ ဖမ်းမိသော်လည်းဥပဒေနှင့်မညီညွတ်ပါက စည်းစောင့်ဒိုင်ကမိသည်ဟုမသတ်မှတ်၍ဆက်ကစားစေမည်။
၁၃။ ခေါင်ပြန်လာလျှင်နောက်သို့လှည့်ဖမ်းနိုင်သည်။နောက်ပြန်မဝင်ရလူတိုင်းကိုဆိုလိုသည်။
၁၄။ ဥပဒေအရစည်းပေါ်ကဖမ်းသော်လည်းတိုးသူကတိုက်ခြင်းတွန်းခြင်းကြောင့်စည်းပေါ်တွင်ရှိမနေသော်လည်းမိသည်ဟုယူဆသည်။(ပထမမိချိန်ကိုယူသည်)
ထုပ်စည်းတိုးနည်း
Crd မူရင်းတင်သူ
👏2👍1
သင်တန်းတက်ရောက်အောင်မြင်ပြီးပါက
အခြေခံပညာကျောင်းများတွင်လက်ထောက်
မူလတန်းပြလစာနှုန်း
(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)အဖြစ်
ခန့်ထားမည့်လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၁၂/၂၅)သင်တန်းသားလျှောက်လွှာခေါ်ယူ

--------------------------------------------------------------------------

ဆရာအတတ်ပညာဦးစီးဌာန ၂ဝ၂၅ ခုနှစ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၁၂/၂၅) သင်တန်းသားခေါ်ယူခြင်း

၁။ ၂၀၂၅ ခုနှစ်အတွက် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာ သင်တန်း (PPTT)၊ အမှတ်စဉ်(၁၂/၂၅)သင်တန်းကို ပညာရေးဒီဂရီကောလိပ်များ၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။

၂။ သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရပါမည်-

(က) လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ် ရမည်။

(ခ ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ စိတ်ပညာ၊ အဏ္ဏဝါသိပ္ပံ၊ ကုန်ထုတ်ဓာတုဗေဒ၊ Microbiology Biotechnology Biochemistry Environmental Studies Geology B.A(မြန်မာမှု)၊ B.A(ရသ)၊ B.A(ဂီတ)၊ B.A(သဘင်)၊ B.A(ပန်းချီ)၊ B.A(0) B.A(Bussiness Science) B.BSc B.Sc(Sports) B.Ecom (Stats) B.Com)ရရှိပြီးသူဖြစ်ရမည်။

( ဂ )ပြင်ပဘွဲ့ရများအတွက် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် အသက် (၃၇)နှစ် ထက် မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက မတ်လ ၃၁ ရက်နေ့တွင် အသက် (၄၂)နှစ် ထက်မကြီးသူ ဖြစ်ရန်နှင့် သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲ၏ခွင့်ပြုစာကို ပူးတွဲတင်ပြရမည်။

(ဃ) ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT)၊ အမှတ်စဉ် (၁၂/၂၅) သင်တန်း အတွက် လျှောက်ထားသူများသည် အင်္ဂလိပ်စာ၊ ပညာရေး ဗဟုသုတရေးဖြေစာမေးပွဲနှင့် လူတွေ့နှုတ်ဖြေကို သက်ဆိုင်ရာ ပညာရေးဒီဂရီ ကောလိပ်များတွင် ဖြေဆိုကြရမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုမည့်ရက်ကို သက်ဆိုင်ရာ ပညာရေးဒီဂရီကောလိပ် များတွင် ကြေညာမည်။

( င ) ကျန်းမာရေးကောင်းမွန်၍ ဆရာ့တာဝန်ထမ်းဆောင်နိုင်ပြီး မည်သည့် ပညာရေးဒီဂရီကောလိပ်တွင်မဆို တက်ရောက်နိုင်သူ ဖြစ်ရမည်။

( စ ) အကျင့်စာရိတ္တကောင်းမွန်ပြီး ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။

(ဆ) သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း အခြားသင်တန်း တစ်ခုခုတက်ရောက်နေသူ မဖြစ်ရပါ။

( ဇ ) သင်တန်းတက်ရောက်နေစဉ် ကိုယ်လက်ကြံ့ခိုင်လှုပ်ရှားမှုများ နေ့စဉ်ဆောင်ရွက်ရမည်ဖြစ်ပါ၍ ရွေးချယ်ခံရသည့် သင်တန်းသူ သည် ကိုယ်ဝန်ဆောင်ခြင်းမရှိရပါ။

၃။ သင်တန်းဝင်ခွင့် သတ်မှတ်ပုံစံအတိုင်း ကိုယ်တိုင်ရေးသားဖြည့်သွင်းကာ လက်မှတ်ရေးထိုးရမည်။

၄။ လျှောက်လွှာကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ထက် နောက်မကျ စေဘဲ လျှောက်လွှာတင်ရမည့် ပညာရေးဒီဂရီကောလိပ်တည်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်ရှိ မြို့နယ်တစ်ခုကို ကိုယ်စားပြု၍ လျှောက်ထားရမည်။ နေပြည်တော် ကောင်စီနယ်မြေအတွက် တောင်ငူပညာရေးဒီဂရီကောလိပ်တွင် လျှောက်ထား နိုင်သည်။ ပညာရေးဝန်ကြီးဌာန (သို့မဟုတ်) ဦးစီးဌာနသို့ တိုက်ရိုက် လျှောက်ထားခြင်းမပြုရ။

၅။ လျှောက်လွှာနှင့်အတူ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ထားသည့် တက္ကသိုလ်ဝင် အောင်မြင်သည့် အထောက်အထား(မိတ္တူ)၊ ဘွဲ့လက်မှတ်(မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)နှင့် (၆)လအတွင်း ရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ဓါတ်ပုံ (၂)ပုံတို့ကို ပူးတွဲတင်ပြရမည်။

၆။ သတ်မှတ်ထားသည့် အချက်အလက်များကို တိကျပြည့်စုံစွာရေးသား ဖော်ပြထားခြင်းမရှိသော လျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက်ရေးသား ဖော်ပြထားသော လျှောက်လွှာများနှင့် အချိန်မီ မရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၇။ပညာရေးဒီဂရီကောလိပ်အသီးသီးတွင် ရေးဖြေအောင်မြင်သူများစာရင်း နှင့် လူတွေ့ဖြေဆိုရမည့်ရက်ကို သက်ဆိုင်ရာပညာရေးဒီဂရီကောလိပ်များ၌ ၂၀၂၅ ခုနှစ်၊ မတ်လတွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး လူတွေ့ဖြေဆို အောင်မြင်သူများသာ တက်ရောက်ခွင့်ရမည်ဖြစ်ပါသည်။

၈။သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် ကြောင်းနှင့် ဘွဲ့ရရှိမှုအထောက်အထား (မူရင်း) တင်ပြနိုင်ရမည်။

၉။ သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် သင်တန်းပြီးစီးအောင် တက်ရောက် ရမည်။
မူလတန်းဆရာအတတ်ပညာလက်မှတ်ရရှိပြီးနောက် လက်ထောက် မူလတန်းပြအဖြစ် အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိ လက်မှတ်ရေးထိုးရမည်။

၁၀။ သင်တန်းပြီးစီးအောင် မတက်ရောက်ခဲ့လျှင်သော်လည်းကောင်း၊ ခန့်ထား ခြင်းခံရသော အခြေခံပညာကျောင်းများတွင် တာဝန်မထမ်းဆောင်ခဲ့လျှင်သော် လည်းကောင်း သတ်မှတ်လျော်ကြေး (၁၀)သိန်းကျပ်နှင့်အတူ ကျောင်း တက်ရောက်စဉ် ခံစားခဲ့သော လစဉ်ထောက်ပံ့ကြေး၊ စားသောက်စရိတ်များကို ပြန်လည်ပေးလျော်ရမည်။

ဆရာအတတ်ပညာဦးစီးဌာန
👍1
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် စုံညီပွဲတော်ကျင်းပနိုင်ရေးအတွက် အခြေခံပညာကျောင်းများအားလုံး(ကျောင်းသားဦးရေဖြင့်) က ရရှိမည့် (၀၃၂၅)ပြပွဲပြိုင်ပွဲ (ဉာဏ+ကာယ) အသုံးစရိတ်ကို သုံးစွဲရာတွင် ေဖာ်ပြထားသောပုံစံအတိုင်းသုံးစွဲရမည်ဖြစ်ပါတယ်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃