Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.9K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Grade-5 မြန်မာစာဘာသာရဲ့ အနှစ်ချုပ်

မြန်မာစာဘာသာရဲ့ နယ်ပယ်ကို သိထားရတော့မယ်။
မြန်မာစာ ရဲ့ နယ်ပယ်က ၄-မျိုး……..
#အခြေခံ
#နားထောင်ပြောဆိုခြင်း
#အရွတ်အဖတ်
#အရေးအသား

ကဲ နယ်ပယ်တွေသိပြီ။ သိရုံနဲ့ ချက်ချင်းမသင်နဲ့အုံး။
ဒီအဆင့် (၅)ဆင့်ကို လုပ်ကိုလုပ်ရအုံးမယ်။
၁။ ကျောင်းသုံးစာအုပ်နဲ့ ဆရာလမ်းညွှန်ကိုဖတ်။
၂။ သင်ယူမှုဦးတည်ချက်ကိုကြည့်ပြီး ကလေးဘာကိုရ‌စေ
ချင်လဲ ဆိုတာ သိအောင်လုပ်။
၃။ သင်ခန်းစာအတွက်လိုအပ်တဲ့ သင်ထောက်ကူ လုပ်။
၄။ သင်ယူနေစဉ် စစ်ဆေးအကဲဖြတ်နိုင်အောင် ပြင်ဆင်။
၅။ သင်ယူမှုအတွက် ခွဲဝေအချိန်တွေကို သေချာလေ့လာ။

ကဲ..ရပြီ။ ဘယ်လိုတွေ ဆက်စပ်ပြီး သင်ကြမလဲ။
မြန်မာစာရဲ့ သင်ခန်းစာတစ်ခုအတွက်
နယ်ပယ် ၄-ခုဖြစ်တဲ့အခြေခံရအောင်သင်မယ်။
နားထောင်ပြီးပြောဆိုတတ်ဖို့သင်မယ်။
ရွတ်ဖတ်တတ်ဖို့သင်မယ်။ ရေးသားတတ်ဖို့သင်မယ်။

ဒါကြောင့် မြန်မာစာဘာသာမှာ သင်ယူနေစဉ်
စစ်ဆေးခြင်းလုပ်ရင် နယ်ပယ်ကိုအခြေခံပြီး
အခြေခံ(ဝေါဟာရ၊ သဒ္ဒါ)တွေကို သိသွားရဲ့လား။
နားထောင်ပြောဆိုနိုင်ရဲ့လား။ ရွတ်ဖတ်တတ်ရဲ့လား။
ရေးသားပြီးပြန်လည် တင်ပြနိုင်လား ဆိုတာကို
စစ်ဆေးရမှာဖြစ်ပါတယ်။ (ပုံစံဇယားရှိပါတယ်)

ဟုတ်ပြီ။ သင်ခန်းစာတွေကို ဘယ်လိုဘယ်ပုံနည်းတွေနဲ့
သင်ကြမလဲ။ စနစ်သစ်ပညာရေးမှာ အတန်းတိုင်း၊ ဘာသာတိုင်း၊သင်ခန်းတိုင်း မျှော်မှန်းထားတဲ့ 21st century skill ဖြစ်တဲ့c-၅လုံးရအောင် သင်ပေးရမှာပါ။

ဒါကြောင့်….
အုပ်စုလုပ်ငန်းတွေလုပ်ခိုင်းမယ်၊ ideas မျှဝေခိုင်းမယ်။
အတူတကွဖြေရှင်းခြင်းတွေနဲ့သင်ပေးမယ်ဆိုရင်
ကလေးတွေကို #collaboration ကိုရစေမယ်။

ရေးစေခြင်း၊ ဖတ်စေခြင်း၊ ပြောစေခြင်း၊ နားထောင်စေခြင်းနဲ့ကလေးတွေကို #communication ရစေမယ်။

ပြဿနာတွေကို အဖြေရှာစေပြီး အမှားတွေအတွက်
အမှန်တွေကို ပြင်စေလုပ်ငန်းတွေနဲ့လည်း
#critical thinking and problem solving ကိုရမယ်။

စဉ်းစားစေပြီး new ideas တွေနဲ့ ဖြေရှင်းစေခြင်းဖြင့်
#creativity and innovation ကို ရစေမယ်။

ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ တက်ကြွစွာပါဝင်စေပြီး
#citizenship ကို ရသွားစေပါမယ်။
ကိုင်း .. သင်ခန်းစာချိတ်ဆက်မှုတွေက အဲ့ဂလိုဗျ။

စစ်ဆေးအကဲဖြတ်မှာက ကလေးတွေရဲ့
ဗလ(၅)တန် (ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တ၊ ဘောဂ)ကို
အခြေခံတယ်။ သင်ခန်းစာ ၁-ခုသင်ကြားလိုက်ချိန်မှာ
ကလေးတွေရရှိသွားနိုင်တဲ့ နယ်ပယ်(၄)ခု ရှိတယ်။
၁) အသိပညာတတ်မြောက်မှု
၂) စွမ်းရည်များ
၃) စိတ်နေသဘောထား
၄) အသိပညာကို တွေးတောဆင်ခြင်နိုင်မှု

ဒီနယ်ပယ် ၄-ခုကို ရစေချင်ရင်
သင်ခန်းစာကို သင်ကြား/ယူမှုလုပ်တိုင်း
#Remember မှတ်မိအောင် သင်ရမယ်။
#Understand နားလည်အောင် သင်ရမယ်။
#Apply အသုံးချနိုင်အောင် သင်ရမယ်။
ဒါကြောင့် သင်ယူပြီးချိန်မှာဆိုရင် မှတ်မိမှု၊ နားလည်မှု၊ အသုံးချနိုင်မှုတွေကို စစ်ဆေးရမှာပါ။

မူလတန်းထက်ဆင့် grade-4/5 က
summative assessment အနေနဲ့ တစ်နှစ်မှာ
၄-ကြိမ် စစ်ဆေးရပါမယ်။ formal test အနေနဲ့ပါ။
July+August မှာ ၁-ကြိမ် (အခန်းဆုံးစစ်ဆေးခြင်း)။
October မှာ ၁-ကြိမ်(နှစ်ဝက်ဆုံးစစ်ဆေးခြင်း)။
December မှာ ၁-ကြိမ်(အခန်းဆုံးစစ်ဆေးခြင်း)။
March မှာ ၁-ကြိမ်(နှစ်ဆုံးစစ်ဆေးခြင်း)။
၁-ဘာသာမှာ ဖြေဆိုချိန် မိနစ်-၄၀ နဲ့ပါ။

မေးခွန်းတည်ဆောက်ပုံ (၂)မျိုးရှိတယ်။
#Item type(မေးခွန်းပုံစံ) နဲ့ #Rubic type(စံပုံစံ)။

(item type)မေးခွန်းအမျိုးအစား ၁၁ မျိုးရှိတယ်။
၁။ ယှဉ်တွဲမေးခွန်း
၂။ အပိတ်မေးခွန်း
၃။ လွတ်လပ်စွာဖြေဆိုနိုင်သော မေးခွန်း
၄။ အမှန်ရွေးမေးခွန်း
၅။ မှား/မှန်ရွေးမေးခွန်း
၆။ ဖြည့်စွက်မေးခွန်း
၇။ အဖြေအမျိုးမျိုးမေးနိုင်သော မေးခွန်း
၈။ အစီအစဉ်တကျ ပြန်စီရသော မေးခွန်း
၉။ အမှားများကို အမှန်ပြင်ရသော မေးခွန်း
၁၀။ ဉာဏ်စမ်းမေးခွန်း
၁၁။ တင်ပြခြင်းနှင့် ကျိုးကြောင်းပြဖြေရသော မေးခွန်း

မှတ်မိမှုကို မေးတဲ့ မေးခွန်း။ #အခြေခံမေးခွန်း။
နားလည်မှုကို မေးတဲ့ မေးခွန်း။ #အခြေခံမေးခွန်း။
အသုံးချနိုင်မှုကို မေးတဲ့ မေးခွန်း။ #အဆင့်မြင့်မေးခွန်း။

rubic type(စံပုံစံ)
သင်ခန်းစာနဲ့ ပတ်သက်ပြီး #အသိပညာ၊ #ကျွမ်းကျင်မှု၊
#သဘောထား၊ #တွေးတောဆင်ခြင်နိုင်မှု တွေအပေါ်
မူတည်ပြီး စံသတ်မှတ်ပြီး စစ်ဆေးရပါတယ်။

Item type နဲ့ပဲ စစ်ဆေးစစ်ဆေး။
Rubic type နဲ့ပဲ စစ်ဆေးစစ်ဆေး။ ကလေးက..
သင်ရိုးညွှန်းတမ်းအတိုင်း ရရင် ကောင်း(S)။
သင်ရိုးညွှန်းတမ်းထက် ပိုပြီး ရရင် အလွန်ကောင်း(A)။
သင်ရိုးညွှန်းတမ်း အတိုင်း မရဘူးဆိုရင်
ထပ်မံကြိုးစားရန်(E)။
ကဲ ကလေးတွေရဲ့ Result ကို မှတ်တမ်းထဲမှာ
ထည့်သွင်းလိုက်လို့ရပါပြီ။

ဦးရဲ
ပညာရေး
(Exam နဲ့ Assessment)

“နောက်ဆိုရင် ကျောင်းမှာ စာမေးပွဲ မရှိတော့ဘူး”

မိဘတွေ ပျော်ကြတယ်။
ပညာရေးအတွက် အပြိုင်အဆိုင် မရှိတော့ဘူး အထင်နဲ့။
ဆရာ/မတွေလည်း ပျော်ကြတယ်။
စာမေးပွဲအလုပ် မရှုပ်တော့ဘူး အထင်နဲ့။
ကျောင်းသားတွေလည်း ပျော်ကြတယ်။
စာတွေကို ကျက်မှတ်စရာမလိုတော့ဘူး အထင်နဲ့။

ဒီထင်မြင်ချက်နဲ့ အယူအဆတွေက
ပညာရေးစနစ်သစ်ရဲ့လက်တွေ့နယ်ပယ်မှာ
လုံးဝကို မှားယွင်းခဲ့ပါတယ်။

ဟုတ်ပါတယ်။
ပညာရေးစနစ်သစ်မှာ ကျောင်းသားတွေအတွက်
စာမေးပွဲ(Exam) ဆိုတာ မရှိတော့ပါဘူး။
ဒါပေမယ့်အကဲဖြတ်ခြင်း(Assessment) ဆိုတာနဲ့
တိုင်းတာသွားရမှာပါ။

Exam ကလည်း ကျောင်းသားရဲ့ ရလဒ်ကို ရှာတာပဲ။
Assessment ကလည်း ကျောင်းသားရဲ့
ရလဒ်ကို ရှာတာပါပဲ။
ဒါပေမယ့် Exam နဲ့ Assessment က မတူပါဘူး။

#Exam(စာမေးပွဲ) ဆိုတာ ကလေးတစ်ဦးက
သူ့မှာ ရှိထားတဲ့ အခြေခံအသိနဲ့ သူဘယ်လောက်ထိ
သင်ယူနိုင်ခဲ့သလဲ ဆိုတာကို သတ်မှတ်ဖို့ စစ်ဆေးတာပါ။
လတ်တလော အချိန်တိုအတွင်း ကျင်းပလိုက်တဲ့
စာမေးပွဲရဲ့ ရလဒ်အပေါ်မူတည်ပြီး ကလေးတစ်ဦးရဲ့
အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေကို တိုင်းတာပါတယ်။

#Assessment(အကဲဖြတ်ခြင်း) က
ကလေးတစ်ဦးရဲ့ အသိပညာ၊ ကျွမ်းကျင်မှု၊
သဘောထားနဲ့ယုံကြည်ချက်တွေ စတဲ့
အချက်အလက်တွေကို အသေးစိတ်မှတ်တမ်းတင်ပြီး
ရလဒ်ကိုဆုံးဖြတ်ချက်ချတဲ့ အစီစဉ်တစ်မျိုးပါ။

တစ်ကယ်တော့ Assessment ဆိုတဲ့ စကားလုံးက
English စကားလုံးစစ်စစ် မဟုတ်ပါဘူး။
Latin ဘာသာစကား Assidere ကနေ ဆင်းသက်လာတဲ့
စကားလုံး ဖြစ်ပါတယ်။
(To Sit Beside) “အနားမှာထိုင်ခြင်း” လို့
အဓိပ္ပါယ်ရပါတယ်။ စစ်ဆေးအကဲဖြတ်ရန် ဆိုတာ
သင်ယူသူရဲ့ အနားမှာထိုင်ခြင်းဟူတဲ့
သဘောကို ဆိုလိုတာပါ။

ဘာအတွက် အနားမှာထိုင်မှာလဲ?
ဟုတ်ကဲ့။ ကလေးတစ်ဦးရဲ့ တိုးတက်မှုရလဒ်အတွက်
သူ့တို့ရဲ့ (မှတ်မိ, နားလည်, အသုံးချ, အကဲဖြတ်,
ခွဲခြမ်းစိတ်ဖြာ, ဖန်တီး စတဲ့)ကျွမ်းကျင်မှု‌တွေရဲ့
အချက်အလက်ကို မှတ်တမ်းတင်နိုင်ဖို့ပါ။

ဒါကြောင့် ဆရာ/မတွေက ကလေးတွေကို
သင်နေစဉ်မှာရော သင်ယူပြီးတဲ့အခါမှာရော
(အကဲဖြတ်ခြင်း)Assessment ကို လုပ်ပေးရပါတယ်။
ကလေးတစ်ဦးချင်း ဒါမှမဟုတ် တစ်အုပ်စုချင်းကိုလည်း
(အကဲဖြတ်ခြင်း)Assessment လုပ်ပေးရပါတယ်။

ကျောင်းသားတွေကလည်း Exam(စာမေးပွဲ)နီးမှ
ကြိုးစားရတာမျိုး မဟုတ်ဘဲ စာသင်ချိန်တစ်ချိန်ရဲ့
သင်ခန်းစာကို သင်နေစဉ်မှာရော သင်ယူပြီးချိန်မှာရော
Assessment (အကဲဖြတ်ခြင်း)ခံရပါမယ်။
နေ့စဉ်နေ့တိုင်း၊ စာသင်ချိန်တိုင်းအတွက် ကိုယ့်ရဲ့
သင်ယူမှုတိုင်းကို မှတ်တမ်းတင်ခံရမှာ ဖြစ်ပါတယ်။

ထူးခြားမှုကတော့ Assessment မှာ
“ကျရှုံးမှုနဲ့ အောင်မြင်မှု”ကို မသတ်မှတ်ပါဘူး။
“အလွန်ကောင်း၊ ကောင်း၊ ကြိုးစားရန်” သာရှိပါတယ်။

Exam(စာမေးပွဲ) နဲ့ Assessment(အကဲဖြတ်ခြင်း)
ကွာခြားမှုကို ဥပမာပေးပြီး ပြောရမယ်ဆိုရင်
#Exam(စာမေးပွဲ)က
အရည်အသွေးမီတဲ့ “ထုတ်ကုန်” တစ်ခုကို ရစေတယ်။
#Assessment(အကဲဖြတ်ခြင်း)က
ထုတ်ကုန်ရဲ့ လုပ်နည်းလုပ်ဟန်ကို ရှုမြင်သွားစေတယ်။

ဒါကြောင့် Exam မရှိလို့ “ပျော်လိုက်တာ” ဆိုတဲ့
ဆရာ/မိဘ/ကျောင်းသား အားလုံးကိုပြောချင်တာတော့
Assessment ဆိုတာ Exam အတွက်ထက် ပိုပြီး
လေ့လာသင်ယူရပါတယ်။ ဗလ(၅)တန်ဖြစ်တဲ့
ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တ၊ ဘောဂ အားလုံးကို
(Assessment)အကဲဖြတ်မှာမို့ (Exam)စာမေးပွဲလို
စာအော်ကျက်နေရုံနဲ့ မရတော့ပါဘူး။

ပညာရေးစနစ်သစ်က “ငါးစာ ပေးမှာ” မဟုတ်ဘဲ
“ငါးရှာနည်း ကိုသာ ရှုမြင်စေမှာ” ဖြစ်လို့ အားလုံးက
အားထုတ်ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဆရာ/မတွေလည်း မသက်သာပါဘူး။
ပိုပြီး အလုပ်ရှုပ်ကြရပါတယ်။
မိဘတွေကလည်း ပိုပြီး ပံ့ပိုးမှုကို ပေးကြရမှာပါ။
ကလေးတွေကလည်း ဗလ(၅)တန်ကို ကိုယ်တိုင်
ဘက်စုံဟန်ချက်ညီဖွံ့ဖြိုးတိုးတက်မှုရှိအောင်
စဉ်ဆက်မပြတ် အားထုတ်သင်ယူနေရမှာ။

လူပိန်းစကားနဲ့ ပြောရရင်
လွယ်လွယ်နဲ့ ရတဲ့အရာဟာ တန်ဖိုးမရှိသလို
ဘယ်အရာကိုမှလည်း လွယ်လွယ်နဲ့ မရနိုင်ပါဘူး။

အားလုံးကို လေးစားစွာဖြင့်

ဦးရဲ
ပညာရေး
ဆရာ ဆိုပေမယ့်.......

Teacher နဲ့ Educator ဆိုတဲ့
စကားလုံးနှစ်လုံးဟာဆင်တူသလိုလို ပါပဲ။
ဒါပေမယ့် တူသယောင်နဲ့ မတူပါဘူး။
Teacher က သင်ကြားသူ။
Educator က ပညာပေးသူ။

#Teacher (ဆရာ)ဆိုတာ
“အသိပညာ(သို့)အတတ်ပညာ တစ်ခုခုအတွက်
သင်ကြား ပြသသူကို ခေါ်ဖို့ ခေါင်းစဉ်တစ်ခု” လို့
ဆိုထားပါတယ်။
#Educator (ပညာပေးသူ)ဆိုတာက
“ဉာဏ်ရည်ဉာဏ်သွေး၊ ကိုယ်ကျင့်တရားနှင့်
လူမှုရေးလမ်းညွှန်ချက်များကို မှန်မှန်ကန်ကန်နဲ့
လျှောက်လှမ်းနိုင်အောင် လမ်းဖွင့်ပေးသူ” လို့
အဓိပ္ပါယ်ဖွင့်ထားပါတယ်။

“ဆရာ” က တပည့်တွေကို စာအုပ်ထဲကအတိုင်း
ကိုယ်သိသမျှ ပြောပြတယ်။
“ပညာပေးသူ” က စဉ်းစားတွေးခေါ်တတ်အောင်ပါ လေ့ကျင့်ပေးတယ်။

“ဆရာ” ဆိုတာက ဘွဲ့ရ၊ စာတတ်သူတစ်ဦး
ဖြစ်ကောင်းဖြစ်နိုင်တယ်။
“ပညာပေးသူ” က ပြုစု ပျိုးထောင်၊ ဖန်တီးပေးဖို့
နာ (၃)နာမှာ နစ်မြှုပ်ထားနိုင်သူတွေဖြစ်တယ်။

“ဆရာ” က သင်ရိုးညွှန်းတမ်းကို အာရုံစိုက်တယ်။
“ပညာပေးသူ” က တပည့်တစ်ဦးချင်းစီရဲ့
ဖွံ့ဖြိုးတိုးတက်မှုကို ဂရုစိုက်တယ်။

“ဆရာ” က သတ်မှတ်ချက် လက်မှတ်တစ်ခုနဲ့
အရည်အချင်းပြည့်မီမှုကို တိုင်းတာတယ်။
“ပညာပေးသူ” က အစဉ်လေ့လာသင်ယူနေခြင်း နဲ့
မပြည့်မီသေးတဲ့အရည်အချင်းကို တိုင်းတာတယ်။

“ဆရာ” က IQ အကောင်းဆုံး တပည့်ကို
စာသင်ခန်းထဲကမှ တစ်ဆင့် မွေးထုတ်ပေးတယ်။
“ပညာပေးသူ” က EQ အကောင်းဆုံးကျောင်းသားကို
ဘဝတစ်လျှောက်လုံးစာအတွက် မွေးထုတ်ပေးတယ်။

အားလုံးကို အနှစ်ချုပ်လိုက်မယ်ဆိုရင်
သေချာပါတယ်….
စာသင်ခန်းထဲက ကလေးတွေရဲ့ “မင်္ဂလာပါ” လို့
နှုတ်ဆက်ခံနေရတဲ့ အဖြူအစိမ်းဝတ်စုံနဲ့
ဆရာတွေဟာ တခြား မဟုတ်ကြပါဘူး။
Educator Teacher လို့ခေါ်တဲ့
“ပညာပေးသူ ဆရာ”တွေ ပါပဲ။

ဦးရဲ
ပညာရေး
ကမ္ဘာမှာ ပညာရေးအကောင်းဆုံးနိုင်ငံကို ပြပါဆိုရင်
Finland နိုင်ငံကို ပြရပါလိမ့်မယ်။ ဘာလို့လဲ?
၂၀၂၁ ခုနှစ်မှာ ရမှတ် ၁.၆၃၁-K နဲ့ ကမ္ဘာ့(၈)ကြိမ်မြောက်
ပညာတတ်အများဆုံးနိုင်ငံအဖြစ် ရပ်တည်ထားပါတယ်။

ကျွန်တော်တို့မြန်မာ့ပညာရေးမှာ သုံးနေတဲ့ သင်နည်း
(၂၁)နည်း ဆိုတာ Japan နိုင်ငံက JACA နည်းပဲ။
ကမ္ဘာမှာ ၉၉.၉၉% ထိ လုပ်နိုင်တဲ့ Japan နိုင်ငံရဲ့
ပညာရေးဟာ ကမ္ဘာမှာ အဆင့်(၁)စာရင်းမဝင်သေးဘူး။

လက်ရှိမြန်မာနိုင်ငံရဲ့ South Korea ပညာရေးစနစ်ဟာ
၂၀၂၀-၂၀၂၁ စစ်တမ်းအရ Japan နိုင်ငံရဲ့
ပညာရေးကို မမီသေးတာတော့ အသေအချာ။
ဒါပေမယ့်လည်း ဆင်လည်း ဆင်အထွာ။
ဖားလည်း ဖားအထွာ။ ညံ့တဲ့နိုင်ငံဆိုတာ မရှိပါဘူး။
သူ့အရပ်နဲ့ သူ့ဇာတ်ကို မီးစင်ကြည့် က ကြရတာကိုးဗျ။

ဘယ်လိုပဲဆိုဆို လူတွေဟာ သာမန်အားဖြင့်
“အကောင်းဆုံးနဲ့ အဆိုးဆုံး” ကိုသာ
သတိပြုတတ်ကြပါတယ်။ အဲ့နှစ်ခုထဲကမှ
“အကောင်းဆုံး”ကို လိုချင်ကြတာလည်း လူ့သဘာဝပါပဲ။
ဒါကြောင့် ကမ္ဘာမှာ Finland နိုင်ငံရဲ့ပညာရေးစနစ်က
ဘာကြောင့် အကောင်းဆုံး ဖြစ်တယ် ဆိုတဲ့
အချက်တွေကို လေ့လာကြည့်ဖို့လိုပါတယ်။

#ကျောင်းနေရွယ်
Finland နိုင်ငံမှာ ကလေးတစ်ယောက်ကို
အသက်(၇)နှစ်ပြည့်မှ ကျောင်းစတက်ခိုင်းပါတယ်။
ဘာကြောင့်လို့ ထင်ပါသလဲ?
ကစားတတ်တဲ့အရွယ် နဲ့ စူးစမ်းတတ်တဲ့အရွယ်
ကလေးတစ်ယောက်ကို စာသင်ခန်းထဲ
ပိတ်မထား သင့်လို့ ပါတဲ့။ ဒါကြောင့် ကလေးငယ်ကို
မိသားစုရဲ့နွေးထွေးမှုနဲ့ပဲ သင်ယူမှုကို စတင်စေပါတယ်။
ဒါ့အပြင်Finland နိုင်ငံရဲ့ ပညာရှင်တွေက
“သဘာဝအလျောက်ဖွံ့ဖြိုးတိုးတက်မှုအသင့်မဖြစ်မီ
ကျောင်းတက်ခြင်းဟာ သိပ္ပံနည်းကျ ရေရှည်အကျိုး
သက်ရောက်မှုမရှိဘူး” လို့ သတ်မှတ်ထားကြပါတယ်။

#ကျောင်းချိန်
မြီးကောင်ပေါက်စ ကလေးတွေဟာ မနက်ခင်းမှာ
အိပ်ရေးဝဖို့ လိုတဲ့အတွက် Filand နိုင်ငံရဲ့
ကျောင်းချိန်ဟာ နံနက် ၉-နာရီ မှာစပြီး ညနေ ၂-နာရီ မှာ
ပြီးဆုံးတယ်။ တစ်နေ့ ၅-နာရီ။
စာသင်ချိန် ၄၅ မိနစ်တိုင်းရဲ့ ၁၅ မိနစ်မှာ
ကလေးတွေပျော်ပျော်ရွှင်ရွှင် ကစားရတယ်။
အိမ်စာမရှိပါဘူး။ ရှိလည်း နာရီဝက်စာလောက်ပဲ။
(ပေးလိုက်တဲ့ တာဝန်ကို လုပ်စေဖို့ရည်ရွယ်ချက်နဲ့သာ)

#ဆရာ့အရည်အချင်း
ကမ္ဘာမှာ အရည်အချင်းအရှိဆုံး လို့ ဆိုနိုင်ပါတယ်။
Master ဘွဲ့တစ်ခုရထားရမယ်။
အစိုးရကလည်း အပြည့်အဝ ထောက်ခံထားရမယ်။
အဲ့လို လျှောက်ထားခွင့် ရသူတွေထဲကမှ
ထိပ်တန်း ၁၀% ကသာ ရွေးချယ်ခံရပါတယ်။
ဒါကြောင့်လည်း ဆရာ/မတွေဟာ ဆရာဝန်၊ ရှေ့နေတွေနဲ့
Level ညီနေတာပါပဲ။

#ဘာသာစကား
၇-နှစ်အရွယ် ကလေးတွေဟာ ကျောင်းစတက်တဲ့
ပထမနှစ်မှာ Finlandရဲ့ ပထမဘာသာစကားကို သင်ယူရတယ်။ ၉-နှစ်အရွယ်မှာ Finland ရဲ့
ဒုတိယSwedish ဘာသာစကားကို သင်ယူရတယ်။
၁၁-နှစ်အရွယ်မှာ အခြားဘာသာ စကားတွေကို
(အများအားဖြင့် Eng) သင်ယူရတယ်။

#ဆရာနဲ့စာသင်ခန်း
အမေရိကန်လိုနိုင်ငံရဲ့ အလယ်တန်းဆရာတစ်ဦးဟာ
ရက်ပေါင်း ၁၈၀ မှာ နာရီပေါင်း ၁၀၈၀ စာသင်ရတယ်။
Finland နိုင်ငံမှာ နာရီပေါင်း ၆၀၀ ဝန်းကျင်ပဲ
စာသင် ပေးရတယ်။ တွက်ကြည့်‌ရင်
တစ်ရက်မှာ ၄-နာရီတောင် မပြည့်ဘူး။
စာသင်ခန်းထဲမှာ ကလေးတွေကို ဖိဖိစီးစီးသင်နိုင်တဲ့
အဓိကအချက်က ဆရာနဲ့ကျောင်းသားအချိုးပဲ။
၁:၁၄ တဲ့။ အများအားဖြင့် စာသင်ခန်း ၁-ခန်းမှာ ၂၀ ဝန်းကျင်ပဲ အများဆုံးထားကြပါတယ်။

#ဆရာတစ်ယောက်ရဲ့တန်ဖိုး
မူပြဆရာတစ်ဦးရဲ့ ၁-လစာဟာ
၁၆၁၀-ယူရို ကနေ ၅၅၈၀-ယူရို ထိ ရတယ်။
(9-April-2022 update အရ) ၁-ယူရို = ၂၀၁၀ ကျပ်။
တစ်လမှာ မြန်မာငွေနဲ့ သိန်း၃၀ကျော် ကနေ
သိန်း ၁၀၀ကျော် အထိ ရတယ်။
မိခင်/ဖခင်ဆရာ/မတွေအတွက် မီးဖွားခွင့် က ၆-လ။
၄-လ က လစာအပြည့်ရတယ်။

#အခမဲ့ပညာရေး
ပညာသင် ၉-နှစ်(၇ မှ ၁၅)တာလုံး အခမဲ့ဖြစ်ပါတယ်။
ကလေးတိုင်းအတွက် စာရေးကိရိယာ၊ Tablet၊
Computer တွေ Free ပါ။
စက်ရုံ၊ ပြတိုက်တွေအတွက် လည်ပတ်စရိတ် အခမဲ့ပါ။
ကျောင်းနဲ့ အိမ် ၂-ကီလိုမီတာ(၁.၂၄မိုင်)ဝန်းကျင်ရှိပါက
School-Bus ခ ကလည်း အခမဲ့ပါ။

မိဘတွေကလည်း ကျောင်းဆိုတာ
“မိဘတွေအလုပ်ချိန်အတွက် ကလေးတွေကို စွန့်ပစ်ထားရာ နေရာမဟုတ်” လို့ ခံယူထားကြတယ်။
ဒါကြောင့်လည်း ဆရာ/မတွေကို
ယုံကြည်လေးစားကြတယ်။ အားကိုးကြတယ်။
ပညာရေးမှာ ပူပေါင်းပါဝင်ကြတယ်။ ပံ့ပိုးကြတယ်။

ဒါ့အပြင် ကျောင်းသင်ပညာရေးမှာ
အဓိကအကျဆုံးတစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့
(Curriculum) လို့ခေါ်တဲ့ “သင်ရိုးညွှန်းတမ်း” ပါပဲ။
Crriculum ဆိုတာ Lintin ဘာသာစကားက လာတယ်။
“A race (or) a course of study” တဲ့။
ဘယ်လိုပဲအဓိပ္ပါယ်သတ်မှတ်ပါစေ။
သင်ရိုးညွှန်းတမ်းမှာ Breadth နဲ့ Depth ဆိုတာ ရှိတယ်။ “ကျယ်ပြန့်မှုနဲ့ နက်ရှိုင်းမှု”။
ဘဝပြိုင်ပွဲအတွက် Curriculum သင်ခန်းစာတွေဟာ
အ‌တွေးနဲ့အမြင်ကို ကျယ်ပြန့်စေပြီး
နက်ရှိုင်းတဲ့ အတွေးအခေါ်တွေကို ရစေဖို့ လိုပါတယ်။

ကဲ ဒီလောက်ဆိုရင် ပညာရေးကောင်းတဲ့
နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ ဘယ်အချက်တွေက
အရေးကြီးသလဲ ဆိုတာ ခန့်မှန်းနိုင်ပါပြီ။
ကျွန်တော်တို့နိုင်ငံမှာရော ဘာတွေပြုပြင်ပြောင်းလဲဖို့
လိုသလဲ။ အားနည်းချက်နဲ့ အားသာချက်ဆိုတာ
နေရာတိုင်းမှာ ရှိပါတယ်။ ဒါပေမယ့်.....
အားနည်းချက်ဆိုတာက ထိုင်ငြီးညူနေလို့ မရပါဘူး။
ပြင်ကြရမှာပါပဲ။
❤1
“အဝဇာတ” လို လူတွေများနေရင်
မလွဲမသွေ တိုင်းပြည်ပျက်စီးတတ်ပါတယ်။
“အနုဇာတ” လိုလူတွေများနေရင် တိုင်းပြည်က
ရပ်တန့်နေရပါလိမ့်မယ်။
“အတိဇာတ” လို လူတွေရှိမှသာ
(Water follow fish follow နဲ့ on paper မဟုတ်ဘဲ
တိုင်းပြည်က အမှန်တကယ်ပဲ တိုးတက်လာပါလိမ့်မယ်။

ဒါကြောင့် အတိဇာတ လို လူငယ်လူရွယ်တွေကို
မွေးထုတ်နိုင်ဖို့ တိုင်းပြည်ရဲ့ ပညာရေးတာဝန်ရှိသူများမှ
စပြင်ပေးကြပါ လို့ တိုက်တွန်းရင်း………

ဦးရဲ
ပညာရေး
“လှောင်ရယ်မှု” ဆိုတာ
အောင်မြင်မှု ရပြီးနောက်မှာ
ငေးပြီး ကျန်ခဲ့ရတာပါပဲ။

ဒါ့ကြောင့် စိတ်စေတနာမှန်ရင်
အချိန်က စကားပြောပြီး
သူ့ဘာသူရှင်းသွားလိမ့်မယ်။
###အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ရန် အဆင့်ဆင့်*

မေး။ ။ဝယ်စဉ်က အရောင်းအဝယ်စာချုပ်ရော SP ရောစာချုပ် ချုပ်ထားပါတယ် အမည်ပေါက်ပြောင်းရင် အခွန်ဆောင်ရပါသလား ဘာတွေလိုအပ်လဲရှင်းပြပေးပါခင်ဗျာ။

ဖြေ။ ။ အိမ်၊ ခြံ၊ မြေ နှင့်ပတ်သက်ပြီး စရံပေးစဉ် အချိန်မှစ၍ ဝယ်သူတို့မှ တန်ဖိုး (၃၀၀) ကျပ်တန် တံဆိပ်ခေါင်းဖြင့် စာချုပ်ရေးသားကာ အရပ်သဘော အရောင်းအဝယ်ပြုလုပ်ကြပါသည်။

အိမ်၊ ခြံ၊ မြေ ဝယ်ယူရာတွင် တန်ဖိုး (၁၀၀) ကျပ်ထက်ပိုပါက မှတ်ပုံတင်မှသာ ဥပဒေအရ ခိုင်မာမည်ဖြစ်၍ ဝယ်ယူသူတို့မှ အရောင်းအဝယ် တိကျ ခိုင်မာမှုရှိရန်အတွက် အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ရန် လိုအပ်ပါသည်။

အရောင်းအဝယ်စာချုပ်မှတ်ပုံတင်ရန် အဆင့်ဆင့်

(၁) တန်ဖိုး (၃၀၀) ကျပ်တန် တံဆိပ်ခေါင်းဖြင့် ချုပ်ထားသော စာချုပ်တစ်စောင်၊ ဝယ်သူ၊ ရောင်းသူတို့ မှတ်ပုံတင်မူရင်းများ၊ ဝယ်သူ၏ သန်းခေါင်စာရင်း၊ အရောင်းအဝယ်ပြုထားသော မြေ၏ဂရံ (သို့) ပိုင်ဆိုင်မှု အထောက်အထားများ၊ နောက်ဆုံးအကြိမ်ဆောင်ထားသော မြေခွန် နှင့် အရောင်းမြေပုံ၊ မြေရာဇဝင် ဝယ်ယူထားသော အိမ်၊ ခြံ၊ မြေ အားရိုက်ထားသော ဓါတ်ပုံ(၄)ပုံ၊ ရောင်းသူ / ဝယ်သူ (၂) ဦးလုံးမှ တန်ဖိုးစီစစ်ရေးရုံးသို့ သွားရောက်၍ ဝယ်ယူထားသောမြေကို တန်ဖိုးဖြတ်သတ်မှတ်ပေးရန် လျှောက်ထားရမည်။

(၂) လျှောက်ထားပြီး (၂) ပတ်ခန့်အကြာတွင် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနတွင် ဝယ်ယူထားသော အိမ်၊ ခြံ၊ မြေ အခွန်မည်မျှ ကျသင့်ကြောင်း သွားရောက်စုံစမ်းရမည်။

(၃) ပြီးနောက်ကျသင့်သော အခွန်ကို သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် သွားရောက်ထမ်းဆောင်ပြီး သက်သေခံဘဏ်ချလံအား ပြန်လည်ထုတ်ယူရပါသည်။

(၄) ဘဏ်ချလံရရှိလာပါက မြို့နယ်အခွန်ရုံးသို့သွားရောက်၍ အခွန်ဆောင်ထားသော တန်ဖိုးနှင့်အညီ တံဆိပ်ခေါင်းများ ထုတ်ယူနိုင်ပါသည်။

(၅) ယင်းတံဆိပ်ခေါင်းများပေါ်တွင် စာချုပ်ရိုက်နှိမ်ပြီးနောက် စာချုပ်စာတမ်းများ မှတ်ပုံတွင်ရုံးတွင် အရောင်းအဝယ်စာချုပ်ကို ရောင်းသူ / ဝယ်သူ နှစ်ဦးလုံး လိုက်ပါ၍ မှတ်ပုံတွင်ရပါသည်။

(၆) ရက်ပေါင်း (၄၅) ရက်ကြာပါက မှတ်ပုံတင်ထားသော အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတွင်ရုံးတွင် ပြန်လည် ထုတ်ယူနိုင်ပါသည်။

ခြွင်းချက်။ ။ ရောင်းချသူမှ စာချုပ်မှတ်ပုံတင်အဆင့်ဆင့်ကို လိုက်ပါဆောင်ရွက်မပေးနိုင်ပါဟု ဝယ်ယူသူ (သို့) ဝယ်ယူသူညွှန်ပြသောသူအား S.P ပေးရပါမည်။

အရောင်းအဝယ်စာချုပ်အား မှတ်ပုံတင်ပြီးပါက ဝယ်ယူသူအမည်ပေါက်ရေးအတွက် စည်ပင်သာယာရေးကော်မတီ (သို့) မြို့ရွာ အိုးအိမ်နှင့် ဦးစီးဌာနတွင် အမည်ပြောင်းလျှောက်ထားနိုင်ပါသည်။

အမည်ပြောင်းလျှောက်ထားရာတွင် ဌာန သို့အမည်ပြောင်းခ နှင့် သတင်းစာတွင် ကြော်ငြာထည့်သွင်းခသာပေးဆောင်ရမည်ဖြစ်ပြီး အခြားသော အခွန်အခများ ထပ်မံပေးဆောင်စရာမလိုအပ်ပါ။

Credit:
* Unicode *
အောက်က Link မှာ …
စိတ်ကြိုက်သာ Down ယူကြပါတော့ …
လွတ်လပ်စွာ Share နိုင်ပါသည် …
မူရင်း Post မှ Link ကိုသာ Share ယူကြပါဗျာ … Link အပြောင်းအလဲ ရှိတက်လို့ပါ … တချို့တွေက Copy ပဲယူတင်ကြတော့ Link ပြောင်းသွားရင် Down လို့ရမှာ မဟုတ်တော့ပါဘူး …
အဆင်မပြေရင်ပြောပါ …
Down လို့ ရ - မရ Comment မှာ ပြောကြပါအုံး …
အသစ် စာအုပ်များကိုလည်း ယခု Account နှင့် Page မှာသာ Upload ပြုလုပ်ပေးသွားမည် ဖြစ်ပါသည် …

https://drive.google.com/drive/folders/1wnH9oNdI5fYNMOSOPThCUwTNpidQ6ujF?usp=sharing

001 ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ(မြန်မာ) (Union Civil Services Board Law-Myanmar).pdf
002 ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကိုပြင်ဆင်သည့်ဥပဒေ(မြန်မာ).pdf
003 ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ(အင်္ဂလိပ်) (Union Civil Services Board Law-English).pdf
004 ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ.pdf
005 နိုင်ငံဝန်ထမ်းဥပဒေ(မြန်မာ) (The Civil Service Personnel Law-Myanmar).pdf
006 နိုင်ငံဝန်ထမ်းဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ.pdf
007 နိုင်ငံဝန်ထမ်းဥပဒေ(အင်္ဂလိပ်) (The Civil Service Personnel Law-English).pdf
008 နိုင်ငံဝန်ထမ်းနည်းဥပဒေများ(မြန်မာ) (The Civil Service Personnel Rules-Myanmar).pdf
009 နိုင်ငံဝန်ထမ်းနည်းဥပဒေများ(အင်္ဂလိပ်) (The Civil Service Personnel Rules-English).pdf
010 နိုင်ငံဝန်ထမ်းနည်းဥပဒေကိုပြင်ဆင်သည့်ဥပဒေများ(မြန်မာ).pdf
011 နိုင်ငံဝန်ထမ်းလေ့ကျင့်ရေးမူဝါဒ(၂၀၁၈)(မြန်မာ).pdf
012 မြန်မာနိုင်ငံနိုင်ငံဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာ(မြန်မာ) (Civil Service Reform Strategic Action Plan For Myanmar-Myanmar).pdf
013 မြန်မာနိုင်ငံနိုင်ငံဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာ(အင်္ဂလိပ်) (Civil Service Reform Strategic Action Plan For Myanmar-English).pdf
014 ရုံးလုပ်ငန်းလက်စွဲ(၂၀၁၀)(မြန်မာ).pdf
015 ဝန်ထမ်းကျင့်ဝတ်(မြန်မာ).pdf
016 မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေးလက်စွဲ(မြန်မာ) (Manual- 4edition-2018).pdf
017 MoALI Policy Book (16 လယ်ယာကဏ္ဍမူဝါဒနှင့်လုပ်ငန်းစဉ်များ)(Myanmar/English).pdf
018 လူထုဗဟိုပြုစီမံကိန်းအကောင်အထည်ဖော်ရေးလက်စွဲ(မြန်မာ) (CDD Operation Manual-2018).pdf
019 လူထုဗဟိုပြုစီမံကိန်းသဘာဝပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာစီမံခန့်ခွဲမှုမူဘောင်(မြန်မာ) (Environmental and Social Management Framework).pdf
020 လူထုဗဟိုပြုစီမံကိန်းစည်းရုံးရေးမှူးသင်တန်းလမ်းညွှန်(မြန်မာ).pdf
021 ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းစီမံကိန်းလက်စွဲ (VDP Manual)(မြန်မာ).pdf
022 ကျေးရွာဖွံ့ဖြိုးရေး ရေးဆွဲရေးစီမံကိန်းနှင့် ဘဏ္ဍာရေးနှစ်အလိုက်ရန်ပုံငွေ(မြန်မာ)(VDP & AVIP Manual 26-11-2018).pdf
023 ဘတ်ဂျက်ခေါင်းစဉ်အမှတ်အသားများ(မြန်မာ).pdf
024 မြန်မာနိုင်ငံ၏ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း(မြန်မာ).pdf
025 ကျေးလက်စီးပွားရေးနှင့်ဘဏ္ဍာရေးဌာန၏ဘဏ္ဍာရေးဆိုင်ရာသင်တန်းမှတ်စု(မြန်မာ).pdf
026 ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(၂၀၁၆)(မြန်မာ).pdf
027 ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကိုပြင်ဆင်သည့်ဥပဒေ(၂၀၁၆)(မြန်မာ).pdf
028 ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(၂၀၁၇)(မြန်မာ).pdf
029 ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များ(မြန်မာ).pdf
030 ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ(မူကြမ်း)(မြန်မာ).pdf
031 အမျိုးသားစီမံကိန်းဥပဒေ(မူကြမ်း) (၂၀၁၈ ဧပြီမှ စက်တင်ဘာလအထိ ၆လ)(မြန်မာ).pdf
032 လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုလက်စွဲစာစောင်(မြန်မာ)(Human Resources).pdf
033 Human Resources လုပ်ငန်းစဉ်(မြန်မာ).pdf
034 ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာမူဘောင်(မြန်မာ) (Rural Development Strategic Framework 5th -Myanmar).pdf
035 ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာမူဘောင်(အင်္ဂလိပ်) (Rural Development Strategic Framework 5th - English).pdf
036 ကျေးလက်ဒေသကျောင်းများနှင့်ဆေးရုံဆေးပေးခန်းများရေရရှိရေးပတ်ဝန်းကျင်သန့်ရှင်းရေး(ရင်းနှီးမြုပ်နှံမှုအစီအစဉ်)(အင်္ဂလိပ်) (Investment Plan-English).pdf
037 ကျေးလက်ဒေသကျောင်းများနှင့်ဆေးရုံဆေးပေးခန်းများရေရရှိရေးပတ်ဝန်းကျင်သန့်ရှင်းရေး(ရင်းနှီးမြုပ်နှံမှုအစီအစဉ်)(မြန်မာ) (Investment Plan-Myanmar).pdf
038 ပြည်ထောင်စုအခွန်ကောက်ဥပဒေ(၂၀၁၈-၂၀၁၉).pdf
039 အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(မဟာဓာတ်အားလိုင်းပြင်ပ)လက်စွဲစာစောင် (National Electricification Project-NEP (Off-Grid).pdf
040 အသေးစားလျှပ်စစ်ဓာတ်အားပေးစီမံကိန်းလုပ်ငန်းများအကြောင်းသိကောင်းစရာ.pdf
041 ကျေးလက်ကုန်ထုတ်လမ်းတည်ဆောက်ရေးလက်စွဲ.pdf
❤1