Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
18K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
၂၀၂၄-၂၀၂၅ ပညာသင်နှစ်
Grade - 5 (အခြေခံပညာမူလတန်းဆင့်)
အလုပ်ရုံဆွေးနွေးပွဲမှ နမူနာမေးခွန်း (၂)စုံ
#အင်္ဂလိပ်စာ လိုအပ်သူများအတွက်....
၂၀၂၄ -၂၀၂၅ ပညာသင်နှစ်
Grade 5 သိပ္ပံ ( ဗဟိုအဆင့် )
နမူနာမေးခွန်းတစ်စုံ
👍1
၂၀၂၄-၂၀၂၅ ပညာသင်နှစ်
Grade - 5 (အခြေခံပညာမူလတန်းဆင့်)
အလုပ်ရုံဆွေးနွေးပွဲမှ နမူနာမေးခွန်း (၂)စုံ
#လူမှု‌ရေးဘာသာ လိုအပ်သူများအတွက်....
လူမျိုးပျောက်လုနီး ဖြစ်နေသော ရှမ်းနီ (ခေါ်) တိုင်းလိုင်လူမျိုးများ

ရှမ်းနီ (ခေါ်) တိုင်းလိုင်လူမျိုးများသည် ရှမ်းလူမျိုးတစ်မျိုးဖြစ်ပြီး၊ မြန်မာပြည် အထက်ပိုင်း ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ ကလေး၊ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ အင်းတော်ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်၊ ဟုမ္မလင်းနှင့် သောင်သွပ်ဒေသ၊ ဟောင်ပါး၊ လုံးခင်း၊ တာမခံ၊ ဖားကန့်၊ စသည့်ဒေသများနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ကြသည်။ ရှမ်းစကားကို ပြောကြဆဲဖြစ်ပြီး၊ ယခုအခါတွင် စကားပြော တိမ်ကောစပြုလာပြီဖြစ်သည်။ ယဉ်ကျေးမှုအားဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့်အတော်နီးစပ်သည်။ ယခင်ကကိုယ်ပိုင်စာပေရှိခဲ့ကြပြီး အင်းတော်ကြီးသမိုင်းစသည်တို့ကို ရှမ်းနီဘာသာဖြင့်ရေးသားခဲ့ကြသည်။ ယခုအခါတွင်လေ့လာသူမရှိသလောက်နည်းပါးလာသဖြင့် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။ လူမျိုးအားဖြင့်လည်း ရှမ်းနီဘာသာစကားကိုပြောဆိုခြင်းနည်းပါးလာသဖြင့် လူမျိုးပျောက်လုပြီဖြစ်သည်။
တောတောင်ရေမြေ အများစုမှာ ရှမ်းနာမည်များ ဖြစ်လေ့ရှိပြီး၊ ကာလရွေ့လျော၍ မြန်မာသံပေါက်နေ သောဒေသများ ဖြစ်သည်။ ထိုဒေသ ရှမ်းတို့၏ ရိုးရာ အစားအစာများမှာ ပေါင်းတင်း၊ ခေါပုပ်၊ ငါးချဉ်၊ ညောင်ချဉ်၊ မုန့်ညင်းပေါင်း၊ မုန်ညင်းလှော်၊ မုန့်ညင်းချဉ်၊ မြစ်ရေစိမ်၊ မြစ်ချဉ်၊ မှိုချဉ် စသည့် ဒေသထွက် အစား အစာများဖြစ်သည်။
2
1️⃣ကြီးသူကိုရိုသေ
2️⃣ရွယ်တူကိုလေးစား
3️⃣ငယ်သူကိုသနား

ဤကျင့်ထုံးပယ်သူသည် ငယ်သည်ထင်၍ မလေးမခန့်ပြုပါအံ့။ရွယ်တူဖြစ်လင့်ကစား မထီမဲ့မြင်ပြုပါအံ့။ ကိုယ့်ထက် ဂုဏ်ဝါကြီးသူကို မလေးမစားပြုပါအံ့။

အကြင်သူသည် မြွေကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
1
Nov 27

ပြည်သူများသို့ အသိပေးထုတ်ပြန်ကြေညာ
===============================================================

ပြည်သူများအနေဖြင့် မိမိတို ကိုယ်ပိုင်ကိုင်တွယ်အသုံးပြုလျက်ရှိသော နိုင်ငံသားစီစစ်ရေးကဒ် သိုတည်းမဟုတ် နိုင်ငံကူးလက်မှတ် နှင့် အခြားသော ကိုယ်ရေးအချက်အလက်များနှင့် မှတ်ပုံတင်ပြုလုပ်ထားသော mobile bankingများ MPU card များ Credit card များ Bank account များ စသည်တိုကို အခြားလူပုဂ္ဂိုလ်များအားဖြစ်စေ အခြား အဖွဲအစည်းများအား ဖြစ်စေ ငှားရမ်းအသုံးပြုစေခြင်း ရောင်းချအသုံးပြုစေခြင်း များပြုလုပ်ခဲ့ပါက တည်ဆဲဥပဒေအရ အရေးယူမည်။
1
Kg ကျောင်းသားများ နှင့် မူလတန်းကလေးများအား တစ်ဦးလျှင်
၁၅၀၀ကျပ်နှုန်းဖြင့် ဒီဇင်ဘာလမှစ၍ ၂ပတ်လျှင်၁ကြိမ်နှုန်းဖြင့်တိုက်ကျွေး
ရမည်ဖြစ်သည်။ #အာဟာရ၁၀ကြိမ်ပြည့်အောင်ကျွေးမွေးရမှာပါ။

#ပထမ၅ကြိမ်ကို ကျန်းမာရေးဌာနက ကုန်ကျငွေ ကိုပေးသွားမှာပါ။

#ဒုတိယ၅ကြိမ်အတွက် ကျောင်းအကျိုးဆောင်များကဦးဆောင်၍
ကျောင်းသားမိဘ၊အလှူရှင်များနှင့်ပူးပေါင်းကာကျွေးမွေးသွား
မည်ဖြစ်ပါတယ်။

ထိုအာဟာရကျွေးမွေး ခြင်းအစီစဉ်ကို အခြေခံပညာဦးစီးဌာနကနေ
ွမြို့ နယ်ရုံးများကိုအသိပေးစာထုတ်ပေးထားပီးဖြစ်ပါတယ်။ ထိုမြို့နယ်ရုံးများ ကနေပီးကျောင်းအသီးသီးကိုအသိပေးပါလိမ့်မည်။ထိုသို့ခေါ်လျှင်
ကျောင်းအုပ်ကြီးနှင့်ကျောင်းအကျိုးဆောင်၂ဦးတို့တက်ရောက်ရပါမည်။

သို့ပေမယ့် အခြေခံကျောင်းများတွင်အာဟာရအလှူရှင်များရှိ၍ ကျွေးနေသောကျောင်းများထက် အာဟာရကျွေးမွေးလှူဒါန်းမှုနဲပါးသော
သောကျောင်းများကို မြို့နယ်ရုံးများက ပိုမိုဦးစားပေးထည့်သွင်းရင်လည်း
ထည့်သွင်းပါလိမ့်မည်။

ကျွေးမွေး ရာတွင် KG ကျောင်းသား သို့မဟုတ် ကျောင်းသားတစ်ဦးလျှင် အာဟာရတန်ဖိုး ၁၅၀၀ကျပ်နှုန်းသတ်မှတ်၍ ပါဝင်ရမည့်အစားအစာဓာတ်များကိုအောက်မှာဖော်ပြပေးထားပါတယ်။

မှတ်ချက်။
ကျန်းမာရေးဌာနကပူးပေါင်းသည်ဖြစ်စေ မဖြစ်စေ ကျောင်းတိုင်းသော်လည်းကောင်း ၊ ထည့်သွင်းထားသောကျောင်းများသာ
လည်းကောင်း. ဘယ်လိုအစီစဉ်ပဲလာလာ အခြေခံကျောင်းများအားလုံး
သိရှိအောင် ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
1