Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.9K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Ministry of the State Counsellor's Office
(နိုင်ငံတော် အတိုင်ပင်ခံရုံး၀န်ကြီးဌာန)
*********
1. Research, Strategic and Advisory Department (သုတေသနနှင့် မဟာဗျူဟာ၊ အကြံပေးဌာန)
2. Administration, Human Resource Management, Finance and Account Department (အုပ်ချုပ်ရေး၊ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု၊
ဘဏ္ဍာရေးနှင့် စာရင်းဌာန)
3. Union Peacemaking Department
(ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန)
4. News and Information Department
(သတင်းနှင့် ပြန်ကြားရေးဌာန)
5. Public Presentation and Anti-Corruption Department (ပြည်သူ့တင်ပြချက်နှင့်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာန)

Ministry of Transport and Communication
(ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန)
*********
1. Department of Post and Telecommunications (ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန)
2. Information Technology and Cyber Security Department (သတင်းအချက်အလက်နည်းပညာနှင့်
ဆိုက်ဘာလုံခြုံရေးဦးစီးဌာန)
3. Myanma Posts and Telecommunications
(မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း)
4. Myanma Post (မြန်မာ့စာတိုက်လုပ်ငန်း)
5. Department of Civil Aviation
(လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန)
6. Department of Marine Administration
(ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန)
7. Directorate of Water Resources and Improvement of River Systems (ရေအရင်းအမြစ်နှင့်
မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)
8. Inland Water Transport
(ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးစီးဌာန)
9. Department of Meteorology and Hydrology (မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
10. Myanmar National Airlines
(မြန်မာအမျိုးသားလေကြောင်း)
11. Myanmar Port Authority
(မြန်မာဆိပ်ကမ်းအာဏာပိုင်)
12. Myanma Shipyards (မြန်မာသင်္ဘောကျင်းလုပ်ငန်း)
13. Road Transport Administration Department (ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန)
14. Myanma Railways (မြန်မာ့မီးရထား)
15. Road Transport (ကုန်းလမ်းပို့ဆောင်ရေး)
16. Central Institute of Transport & Communications (ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း)

Ministry of Office of the Union Government
(ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန)
*******
Ministry of International Cooperation
(အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန)
**********
Central Offices
1. President's Office (နိုင်ငံတော်သမ္မတရုံး)
2. State Counsellor's Office
(နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)
3. Union Government's Office
(ပြည်ထောင်စုအစိုးရအဖွဲ့ရုံး)
4. Hluttaw (လွှတ်တော်ရုံး)
• The Pyidaungsu Hluttaw(ပြည်ထောင်စုလွှတ်တော်)
• The Amyotha Hluttaw (အမျိုးသားလွှတ်တော်)
• The Pyithu Hluttaw (ပြည်သူ့လွှတ်တော်)
5. The Supreme Court of the Union
(ပြည်ထောင်စုတရားလွှတ်တော်ချုပ်)
• Office of the Union Judiciary Supervision (တရားစီရင်ရေးကြီးကြပ်မှုရုံး)
6. Constitutional Tribunal of the Union
(နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး)
7. Union Election Commission
(ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး)
8. Union Attorney General's Office
(ပြည်ထောင်စုရှေ့နေချုပ်ရုံး)
• Administrative Department (စီမံရေးရာဦးစီးဌာန)
• Prosecution and Legislative Vetting Department (တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန)
• Formation of Law Offices
(ဥပဒေစိစစ်ရေးဦးစီးဌာန)
• Legal Advice Department
(ဥပဒေအကြံဥာဏ်ပေးရေးဦးစီးဌာန)
9. Office of the Auditor General of the Union
(ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး)
• Administration, Training and
Research Department (စီမံရေးရာ၊လေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာန)
• Auditing Department (စစ်ဆေးရေးဦးစီးဌာန
10. Union Civil Service Board
(ပြည်ထောင်စုရာထူး၀န်အဖွဲ့)
• Civil Service Selection and Training Department (၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးဌာန)
• Civil Service Affairs Department
(၀န်ထမ်းရေးရာဦးစီးဌာန)
• Central Institute of Civil Service
(Upper Myanmar) (ဗဟို၀န်ထမ်းတက္ကသိုလ်
(အထက်မြန်မာပြည်))
• Central Institute of Civil Service
(Lower Myanmar) (ဗဟို၀န်ထမ်းတက္ကသိုလ်
(အောက်မြန်မာပြည်))
11. Central Bank of Myanmar
(မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
• Governor's Office (ဥက္ကဌရုံး)
• Accounts Department (စာရင်းဌာန)
👍1
• Currency Management Department
(ငွေကြေးစီမံခန့်ခွဲမှုဌာန)
• Monetary Policy Affairs and Financial Institutions Regulation Department (ငွေကြေးမူဝါဒရေးရာနှင့် ဘဏ်လုပ်ငန်းဥပဒေစည်းမျဉ်းဌာန)
• Financial Institution Supervision Department (ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာန)
• Foreign Exchange Management Department (နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန)
• Administration and Human Resources Depart
ment (စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန)
• Administration and IT Department
(စီမံခန့်ခွဲမှုနှင့် နည်းပညာဌာန)
• Banking Regulation and Anti-Money Laundering Department (ဘဏ်လုပ်ငန်းဥပဒေ
စည်းမျဉ်း၊ ငွေကြေးခဝါချမှုနှင့် တိုက်ဖျက်ရေးဌာန)
• Currency Administration Department
(ငွေကြေးလုပ်ငန်းအုပ်ချုပ်မှုဌာန)
• Information and Security Department
(သတင်းနှင့် လုံခြုံရေးဌာန)
• Internal Audit Department
(ဘဏ်တွင်းစာရင်းစစ်ဌာန)
• Monetary Policy, Research and Statistics Department (ငွေကြေးမှုဝါဒ၊ သုတေသနနှင့်
စာရင်းအင်းဌာန)
👍3
အခမ်းအနားမှုး နှင့် (မှ၊က၊ကို၊အား) မြန်မာသဒ္ဒါအသုံး အနှုန်းများ
***********
သူ "က" ပြောတယ်။
သူ့ "ကို" ပြောတယ်။

ဒီ ဝါကျ (၂) ခုသည် အဓိပ္ပါယ်ကွဲပါးပါသည်။
သဒ္ဒါအသုံးကွဲပြားခြင်းကြောင့် အဓိပ္ပါယ်ကွဲပြားပါသည်။

အခမ်းအနားမှူးတစ်ဦးအနေဖြင့် မိမိပြောဆိုသုံးနှုန်းသည့် စာများ၊ စကားများ၏ အနက်အဓိပ္ပါယ် တိကျရှင်းလင်း လိုရင်းရောက်နိုင်ရန်အတွက် သဒ္ဒါကို သူ့နေရာနှင့်သူ နေရာတကျသုံးတတ်ရပါမည်။

ရောထွေးတတ်သော "မှ" နှင့် "က" အကြောင်း
***********
"က" ကို ကတ္တားနောက်လိုက် ပုဒ်အဖြစ်သုံးပါတယ်။
"မှ" ကို ထွက်ခွာရာပြပုဒ်၊ နေရာပြပုဒ်တွေမှာ သုံးပါတယ်။

ခြွင်းချက်။ ။ ထွက်ခွာရာကိုရည်ညွှန်းလိုသော် "က" ကို နှုတ်ပြောစကားတွင်ရော အရေးတွင်ပါ သုံးပါသည်။

နှုတ်ပြောသာဓကများ

ဘယ် "က" လာသလဲ။
ကားဂိတ် "က" လာတယ်။
ရွာ "က" လာတယ်။
ပင်လယ် "က" လာတယ်။
တောင်ပေါ် "က" လာတယ်။
အတွေး "က" လာတယ်။

"မှ" ကိုမူ အရေးတွင်သာသုံးပါသည်။

မေမေသည် ပြင်ဦးလွင် "မှ" မော်လမြိုင်သို့ အလျင်စလိုရောက်လာပါသည်။

(ပြုသူ၊ ဖြစ်သူ ၊ ရှိသူ) ကို ရည်ညွှန်းလိုသော် နှုတ်ပြော နှင့် အရေး နှစ်ရပ်စလုံးတွင် "က" ကိုသာ သုံးရသည်။

သဘာပတိကြီး "က" မိန်းခွန်းပြောကြားပါမယ်။
မန်နေဂျာ "က" အစီအရင်ခံတင်ပြပါမယ်။
အတွင်းရေးမှူး "က" အကူအညီပေးပါလိမ့်မယ်။
ပညာရေးအဖွဲ့ "က" အသိအမှတ်ပြုပါတယ်။
ကျောင်းသားခေါင်းဆောင် "က" ဆုလက်ခံမှာဖြစ်ပါတယ်။

တွင်တွင်ကျယ်ကျယ်အမှားများ
**********
သဘာပတိကြီး "မှ" မိန်းခွန်းပြောကြားပါမယ်။
မန်နေဂျာ "မှ" အစီအရင်ခံတင်ပြပါမယ်။
အတွင်းရေးမှူး "မှ" အကူအညီပေးပါလိမ့်မယ်။
ပညာရေးအဖွဲ့ "မှ" အသိအမှတ်ပြုပါတယ်။
ထူးချွန်ကျောင်းသား "မှ" ဆုလက်ခံမှာဖြစ်ပါတယ်။
"မှ" အစား "က" ကို အသုံးပြုပြောဆိုရမှာဖြစ်ပါတယ်။

အစီအစဉ်အရ သဘာပတိကြီး "မှ" နိဂုံးချုပ်စကားပြောကြားခြင်း အစီအစဉ်ဖြစ်ပါတယ်။
အစီအစဉ်အရ သဘာပတိကြီး "က" နိဂုံးချုပ်စကားပြောကြားခြင်း အစီအစဉ်ဖြစ်ပါတယ်။

ဖျော်ဖြေရေးသမားများ "မှ" စင်မြင့်ရဲ့ ဘယ်ဘက်လှေကားကို အသုံးပြုရမှာဖြစ်ပြီး ပရိသတ်များ "မှ" စင်မြင့်ရဲ့ ညာဘက်လှေကားကို အသုံးပြုရမှာဖြစ်ပါတယ်။
ဖျော်ဖြေရေးသမားများ "က" စင်မြင့်ရဲ့ ဘယ်ဘက်လှေ ကားကို အသုံးပြုရမှာဖြစ်ပြီး ပရိသတ်များ "က" စင်မြင့်ရဲ့ ညာဘက်လှေကားကို အသုံးပြုရမှာဖြစ်ပါတယ်။

"ကို" နှင့် "အား" အသုံးပြုပုံများ
*********
အမှား
****
အခမ်းအနား "အား" စတင်မှာဖြစ်ပါတယ်။
အစီအစဉ်များ "အား" ဖတ်ကြားမှာဖြစ်ပါတယ်။
ဂုဏ်ပြုမှတ်တမ်းလွှာများ "အား" ချီးမြှင့်မှာဖြစ်ပါတယ်။

အမှန်
***
အခမ်းအနား "ကို" စတင်မှာဖြစ်ပါတယ်။
အစီအစဉ်များ "ကို" ဖတ်ကြားမှာဖြစ်ပါတယ်။
ဂုဏ်ပြုမှတ်တမ်းလွှာများ "ကို" ချီးမြှင့်မှာဖြစ်ပါတယ်။

အပြုခံရသူကို ဖော်ပြလိုလျှင် "ကို" ကို သုံးပါသည်။
လက်ခံသူကို ဖော်ပြလိုလျှင် "အား" ကိုသုံးပါသည်။

ဂုဏ်ပြုမှတ်တမ်းလွှာများ "ကို" ဆရာကြီး "အား" ချီးမြှင့်ပါမည်။
အစီအစဉ် "ကို" ပရိသတ်များ "အား" ဖတ်ကြားတင်ပြသည်။
စာရေးကိရိယာများ "ကို" ကျောင်းသားများ "အား" လှူဒါန်းပါမည်။

"ကို" သုံးရမည့်အစား "အား" ကို လွဲမှားသုံးမိခြင်း
************
အခမ်းအနားအစီအစဉ်များ "အား" ဖတ်ကြားပြီးနောက် ပရိတ်သတ်များ "ကို" ကြိုတင်နေရာယူစေခြင်း။
အခမ်းအနားအစီအစဉ်များ "ကို" ဖတ်ကြားပြီးနောက် ပရိတ်သတ်များ "အား" ကြိုတင်နေရာယူစေခြင်း။

ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ "ကို" ကျေးဇူးတင်ပါတယ်။
ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ "အား" ကျေးဇူးတင်ပါတယ်။

ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ "က" ကျေးဇူးတင်စကားပြောကြားခြင်းအစီအစဉ်ဖြစ်ပါတယ်။
ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ "ကို" ကျေးဇူးတင်စကားပြောကြားပေးပါရန် ပန်ကြားအပ်ပါတယ်။
ကျေးဇူးတင်စကားပြောကြားပေးပါသော ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ "အား" ကျေးဇူးတင်ပါတယ်။

ဥပမာ (၁) "မှ" နှင့် "က"
အခမ်းအနားမှူး "မှ" အခမ်းအနားဖွင့်လှစ်ခြင်း။
အခမ်းအနားမှူး "က" အခမ်းအနားဖွင့်လှစ်ခြင်း။

ဧည့်ပရိသတ်များ "မှ" ကြွရောက်နေရာယူခြင်း။
ဧည့်ပရိသတ်များ "က" ကြွရောက်နေရာယူခြင်း။

ဥပမာ (၂) "ကို" နှင့် "အား"
အခမ်းအနားတစ်ခု "အား" စတင်ခြင်း။
အခမ်းအနားတစ်ခု "ကို" စတင်ခြင်း။

ဘာသာရပ်တစ်ခု "အား" လေ့လာခြင်း။
ဘာသာရပ်တစ်ခု "ကို" လေ့လာခြင်း။

မြန်မာစာလုံးပေါင်း သတ်ပုံနှင့် သဒ်ဒါအသုံးပွုမှုမြားကို အခမ်းအနားမှူးများအနေဖြင့် အတန်အသင့် လေ့လာရန်လိုအပ်ပါသည်။

လေ့လာမိသလောက်ဝေမျှခြင်းသာဖြစ်ပြီး ဖြည့်စွက်ဝေမျှနိုင်သူများအား ကြိုဆိုလျက်ပါ။

ကျေးဇူးတင်ပါသည်။
👍8
“ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိမြို့နယ် ၁၀၅ မြို့နယ်မှ ရွေးချယ်အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း ၁၉၂ ကျောင်းမှ ရွေးချယ်ထားသည့် Grade-5 ကျောင်းသား ၆၀၄၄ ဦးကို စာဖတ်စွမ်းရည် (Reading)၊ သင်္ချာစွမ်းရည် (Mathematics)၊ ကမ္ဘာ့သားကောင်းဖြစ်မှု (Global Citizenship) တို့ပါဝင်သော Text Booklets များ၊ မိဘစစ်တမ်းလွှာ (Parents Questionnaires) နှင့် ကျောင်းသားစစ်တမ်းလွှာ (Student Questionnaires) တို့ဖြင့်
အရှေ့တောင်အာရှ မူလတန်းပညာသင်ယူ တတ်မြောက်မှုတိုင်းတာစစ်ဆေးရေးစံ “Southeast Asia Primary Learning Metrics (SEA-PLM)”-2024 စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၊SEA-PLM 2024 ပင်မစစ်ဆေးမှု (Main Survey)၏ အချက်အလက်ကောက်ခံခြင်းလုပ်ငန်းကိုတစ်နိုင်ငံလုံး တစ်ပြိုင်တည်းဆောင်ရွက်သွားမည်ဖြစ်သည်။

ဒေါက်တာညွန့်ဖေ
ပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန
👍1
မိမိကျောင်းတွင် စာစစ်ဌာနဖွင့်လှစ်ခွင့်တောင်းခံမည်ဆိုပါက
~~~~~
စ
ာစစ်ဌာနတွင် ပညာရေးဌာနသတ်မှတ်ချက် မှာ
စာစစ်ဌာနပြုလုပ်ရန်တောင်းဆိုပါက စာဖြေသူဦးရေ
(၁၀၀) ဦး ရှိရမည်။ အချို့ခက်ခဲသောနေရာဒေသများအတွက်
စာစစ်ဌာနတစ်ခုတွင် စာဖြေသူ ၃၀ဦး နှင့် ၅၀ဦး ရှိရမည်။
စာဖြေခန်းတစ်ခုတွင် ကျောင်းသား ၃၀ဦး ရှိရမည်။

စာစစ်ဌာန စည်းကမ်း
~
(က) မေးခွန်းထားရန်လုံခြုံမူ (မေးခွန်းသေတ္တာနှင့်မေးခွန်းတိုက်)
(ခ) လက်ထောက်ကြီးကြပ်ရေးမှူးအပြည့်အဝရှိရမည်။
(စာဖြေခန်းတစ်ခန်း ကြီးကြပ် ၁ဦး ၊ လ/ထကြီးကြပ် (၆) ဦး
(ဂ) သောက်ရေ-သုံးရေလုံလောက်မူရှိရမည်။
(ဃ) ဆီးသွားခန်း ၊ ကျောင်းအိမ်သာလုံလောက်မူ နှင့်သန့်ရှင်းသပ်ရပ်မူရှိရ
မည်။

ရှောင်တခင်ခွင့် နှင့် ပြစ်ဒဏ်
~
၁
၀ ရက် ထက်ကျော်ပါက ပျက်ကွက်နေသူဝန်ထမ်းအတွက်
သက်ဆိုင်ရာကျောင်းအုပ်က ဆက်သွယ်၍ အသိပေးပြောကြားရန်.....

ပြန်လည်ဝင်ရောက်ခြင်းမရှိပါက ထိုဝန်ထမ်းကို
စောင့်ကြည့်ကာလအဖြစ် စတင်၍

(က) ၂၁ရက်ပြည့်ပါက..ပထမအကြိမ် သတိပေးစာထုတ်
(ခ) ပထမစာထုတ်သော်လည်း မလာပါက
တစ်ပတ်ပြည့်လျှင်... ဒုတိယ သတိပေးစာ
(ဂ) ထပ်မံဝင်ရောက်မလာပါက တစ်ပတ်ခြားစီ သတိပေးစာ ၃ခါ
ထပ်ထုတ်ရန်
(ဃ) ၂၁+၂၁(၃ ပတ်) စုစုပေါင်း ၄၂ ရက်ပြည့်ပါက သက်ဆိုင်ရာကျောင်းသို့
DE ဝင်စစ်မည်။ ဝင်စစ်ဆေးပီးပါက ထိုပျက်ကွက်ကာလအတွင်းထုတ်ယူ
သုံးစွဲခဲ့သော လစာ ပြန်လျော်ရန်နှင့်ရာထူးထိခိုက်မည်။

(င) ကျောင်းအုပ်ထံတွင် ထိုသတိပေးစာထုတ်ထားသောလက်ခံစာများ နှင့်
ပျက်ကွက်သောဝန်ထမ်းအတွက် စည်းမျည်းစည်းကမ်းအရ မှတ်တမ်း
ဆိုင်ရာများမရှိပါက အရေးယူခံရခြင်းရှိလာနိုင်မည်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
၂၀၂၄ ...ဒီဇင်ဘာတွင် G5 သင်ကြားသင်ယူမူ အရည်သွေးမြင့်စေရေး နှင့်
၂၀၂၅...ဇန်နဝါရီလတွင် သင်တန်းကာလ (၄) ရက်ပါတဲ့

ဒါကြောင့်.....
တိုင်း/ခရိုင်/မြို့နယ် နည်းပြများ...... သင်တန်းလက်စွဲစာအုပ်များအဆင်သင့်ဖြစ်အောင်ပြန်လည်ရှာဖွေထားကြပါအုံးခင်ဗျာ

နည်းပြအဖြစ်ရွေးချယ်လျှင်..

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
အာဟာရ ကျွေးခြင်း၏ရည်ရွယ်ချက် (၁၀)ချက်

ရည်ရွယ်ချက်အကျိုးကျေးဇူးများ

(၁)အစာစားခါနီးလက်ဆေးတဲ့ အလေ့အကျင့်ရဖို့၊

(၂)အစားအသောက်ကို စားသုံးရာမှာ စနစ်တကျ သန့်ရှင်းစွာစားသောက်တတ်တဲ့ အလေ့အကျင့်ရရှိဖို့၊

(၃)အစားအသောက်များရဲ့ အာဟာရဓာတ်တန်ဖိုးများ သိနားလည်ဖို့၊

(၄)လုံလောက်မျှတတဲ့ အာဟာရဓာတ် ပါတဲ့ အစားအစာများ စားသုံးတတ်စေဖို့၊

(၅)ကိုယ်ကာယဖွံ့ဖြိုးကြီးထွားမှုအင်အား စသည်တို့ အထောက်အကူပြုစေဖို့၊

(၆)အာဟာရ ဓာတ်ချို့တဲ့မှုများကြောင့် ဖြစ်ပေါ်ခံစားနေရတဲ့ ရောဂါနှုန်းများ ကျဆင်းဖို့၊

(၇)သန့်ရှင်းလတ်ဆတ်မှုရှိတဲ့ အန္တရာယ်ကင်းတဲ့ အစားအစာများ စားသောက်တဲ့အကျင့်ရဖို့၊

(၈)ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းမှာ ကျောင်းသားလူငယ်များကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ဘက်စုံပညာရေးဖွံ့ဖြိုးတိုးတက်မှု၊ စာရိတ္တပညာမြှင့်တင်မှုနှင့် အချင်းချင်း ရိုင်းပင်းကူညီမှုကို ကျောင်းသား အရွယ်တိုင်း အခြေခံကစပြီး ရှင်သန်စေဖို့၊

(၉)ကျောင်းသားလူငယ်များမှတစ်ဆင့် သက်ဆိုင်ရာမိဘများနဲ့ ပြည်သူ လူထုအတွင်းသို့ အာဟာရပညာပြန့်ပွားစေဖို့၊

(၁၀)အနာဂတ် နိုင်ငံတော်ကြီးမှ ကျန်းမာတဲ့နိုင်ငံသားများရရှိဖို့ဖြစ်ပါတယ်။
👍1
မီးဖိုချောင်ရိက္ခာအတွက် မပူပင်ရသော
သီရိဂေဟာ အိမ်ကလေး ဖြစ်စေဖို့
ဆောင်ရွက်ရန် အချက်များ