Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.9K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Customer များအနေဖြင့် မိမိတို့၏ KBZPay Account အား မသမာသူများ ဝင်ရောက်အသုံးပြုနေသည်ဟု သံသယရှိပါက မိမိတို့၏ KBZPay Account အား Login ပြန်လည်ဝင်ရောက်ခြင်းသည်အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါသည်။ Customers များအနေဖြင့် မိမိတို့၏ OTP and PIN နံပါတ်များကို မည်သူ့ကိုမှ မျှဝေခြင်းမပြုလုပ်ပါ ရန် နှင့် KBZ ဝန်ထမ်းများသည်လည်း အဆိုပါ အချက်အလက်များကို တောင်းဆိုခြင်းမရှိကြောင်းအသိပေးလိုပါသည်။ သံသယရှိပါက KBZPay Customer Service Call Center 3211, KBZ Bank Customer Service Call Center 09951018555, Query Email ဖြစ်သည့် query@kbzpay.com, KBZ Bank email customer_service@kbzbank.com တို့အား ဆက်သွယ်နိုင်ပါသည်။
ပညာရေးနှင့်မပတ်သက်သော်လည်း ဗဟုသုတအဖြစ်မျှဝေပါသည်။
မသမာသူတွေ OTP ကုတ်ရဖို့ဘယ်လိုတောင်းခံနေကြလဲ။

Body: မကြာခဏကြုံတွေ့ရလေ့ရှိတဲ့ အွန်လိုင်းပေါ်မှ ငွေလိမ်မှုတွေထဲမှာ KBZPay (သို့) ကမ္ဘောဇဘဏ်ဝန်ထမ်းအယောင်ဆောင်ပြီး KBZPay အသုံးပြုသူတွေဆီကို လိုက်လံဆက်သွယ်ခြင်းပဲဖြစ်ပါတယ်။ အဲ့လိုဆက်သွယ်တဲ့အခါမှာ-
❗️မသမာသူဟာ ဖုန်းခေါ်ဆိုပြီး KBZPay (သို့) ကမ္ဘောဇဘဏ်ဝန်ထမ်းဖြစ်ကြောင်းလိမ်လည်ပြောဆိုမယ်။
❗️KBZPay အကောင့်နဲ့ပက်သက်တဲ့ပြဿနာများကို ကူညီဖြေရှင်းပေးဖို့ စာတိုမက်ဆေ့ချ်မှတဆင့် ဝန်ဆောင်မှုအမှတ်စဥ်နံပါတ်ကို ပို့လိုက်တယ်ဟု ထပ်မံပြောဆိုပါမယ်။
❗️ အမှန်တကယ်မှာ KBZPay OTP/ SMS Code အားတောင်းခံခြင်းဖြစ်ပါတယ်။
❗️ KBZPay OTP ကုတ်ပေးလိုက်ခြင်းအားဖြင့် မိမိရဲ့ KBZPay အကောင့်က မသမာသူလက်ထဲရောက်သွားပြီး ငွေကြေးဆုံးရှုံးမှုများဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
ဒါကြောင့် ဖုန်းခေါ်ဆိုပြီး ကိုယ်ရေးအချက်အလက်များတောင်းခံလာတဲ့အခါ မိမိရဲ့မှတ်ပုံတင်နံပါတ်၊ မွေးနေ့များအား မမျှဝေသင့်သလို အရေးကြီးတဲ့ OTP ကုတ်ကိုတော့လုံးဝ လုံးဝမျှဝေခြင်းမပြုလုပ်ဖို့ထပ်မံတိုက်တွန်းလိုက်ရပါတယ်။

သံသယဖြစ်ဖွယ်ကြုံတွေ့ရပါက KBZPay Customer Service Call Center 3211 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပိုမိုလုံခြုံစိတ်ချရပြီး ပိုကောင်းတဲ့အတွေ့အကြုံအတွက် သင့် KBZPay ကိုနောက်ဆုံးအဆင့်သို့မြှင့်တင်လိုက်ပါ။
iOS: https://apple.co/31igRU9
Android : https://bit.ly/3rTwa2J
မကြာခင်ကျင်းပပြုလုပ်မည့် SEA-PLAN အတွက်ကြိုတင်သိကောင်းစရာ

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူ တတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ (Southeast Asia Primary Learning Metrics: SEA-PLM 2024) သည်

မူလတန်းအဆင့် နောက်ဆုံးနှစ် (Grade 5) ကျောင်းသားများ၏

စာဖတ်စွမ်းရည် (Reading Skills)၊
အရေးစွမ်းရည် (Writing Skills)၊
သင်္ချာစွမ်းရည် (Mathematics Skills)၊
ကမ္ဘာ့သားကောင်းဖြစ်မှု (Global Citizenship) စွမ်းရည်များကို

စစ်ဆေးတိုင်းတာနိုင်ရန်အတွက် အာဆီယံဒေသတွင်း ကျယ်ပြန့်သော ပညာရည်စစ်ဆေးမှု တစ်ခုဖြစ်ကြောင်း၊ အရှေ့တောင် အာရှနိုင်ငံများ ပါဝင်ဆောင်ရွက်သော နိုင်ငံတကာအဆင့် ပညာရည်တိုင်းတာစစ်ဆေးမှုတစ်ခုဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၂၈) ရက်တွင်
Grade – 5 ကျောင်းသား (၁၇၄၄) ဦးကို
စာဖတ်စွမ်းရည်၊
သင်္ချာစွမ်းရည်၊
ကမ္ဘာ့သားကောင်းဖြစ်မှုတို့ ပါဝင်သော Text Booklets များ၊
မိဘစစ်တမ်းလွှာ (Parents Questionnaires) နှင့်
ကျောင်းသားစစ်တမ်းလွှာ (Student Questionnaires) တို့ဖြင့် စမ်းသပ်စစ်ဆေးမှု ဆောင်ရွက်ခဲ့ပါကြောင်း၊

ယခု ထပ်မံကျင်းပမည့် SEA-PLM 2024 ပင်မစစ်ဆေးမှု (Main Survey) ၏ အချက်အလက် ကောက်ခံခြင်း လုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလထဲတွင်
( ၂၁ရက်နေ့) တွင်အကောင်ထည်ဖော်ဆောင်ရွက်သွားပါမည်။

ဒါကြောင့်သွားရောက်ဖို့တာဝန်ပေးခြင်းခံရသောဆရာဆရာမများသည်
မူလတန်းနောက်ဆုံးအဆင့်အတွက် သေချာစွာလေ့လာမှတ်သားလို့ပညာရေး၏အခြေခံအဆင့်ကိုအောင်မြင်အောင်အကောင်ထည်ဖော်ဆောင်ရွက်နိုင်ကြပါစေလိုကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
၁၄-၁၁-၂၀၂၄ ရက်နေ့သည်အခြေခံပညာ
ကျောင်းများ၏ပုံမှန်ကျောင်းဖွင့်ရက်ဖြစ်ပြီး

အခြေခံပညာကျောင်းများ၏
တရားဝင်ခွင့်ပြု တန်ဆောင်တိုင်ကျောင်း
ပိတ်ရက်များမှာ (၁၅-၁၁-၂၀၂၄)ရက်နေ့မှ
(၁၇-၁၁-၂၀၂၄)ရက်နေ့ထိ (၃)ရက်ဖြစ်ပါသည်

လူမှုကွန်ယက်စာမျက်နှာအချို့တွင်
၁၄-၁၁-၂၀၂၄ရက်နေ့သည် အခြေခံပညာကျောင်းများ၏ပိတ်ရက်ဖြစ်ကြောင်းဖော်ပြမျှဝေနေခြင်းများသည် သ-တင်း -မှ-ားများသာဖြစ်ပြီး
ပညာရေးမိသားစုဝင်များအနေဖြင့်
ဌာနမှတရားဝင်ထု-တ်ပြန်ညွှန်ကြားချက်များအတိုင်းသာ လိုက်နာဆောင်ရွက်ကြရန်
ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
❤3👍3
''ဘယ်ခင်ပွန်းမှ မရိုးသားဘူး"

◾သင့်ခင်ပွန်းသည် သူဌေး၏ ကြိမ်ဖန်များစွာ
ကဲ့ရဲ့ခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။

◾ သင့်ခင်ပွန်းသည် အလုပ်မှာ မကြာခဏ
အနှိမ်ခံရနိုင်သည်ကို သင်သိပါသလား။

◾သင့်ခင်ပွန်းသည် သင်နှင့် သင့်ကလေးအတွက်
သူ့အသက်အန္တရာယ်ကိုပင် စွန့်စားခဲ့သည်ကို
သင်သိပါသလား။

◾သင့်ခင်ပွန်းသည် ငွေဖြင့် အိမ်ပြန်ရန်
မကြာခဏ ဆာလောင်နေနိုင်သည်ကို သင်သိပါသလား။

◾မင်း သူ့ကို မျက်မှောင်မကြုတ်ခင်
သူ့ခန္ဓာကိုယ်ထဲက ချွေးစက်ပေါင်းသန်းပေါင်းများစွာကို
အရင်ရေတွက်ကြည့်ပါ။

◾မင်း သူ့ကိုစိတ်မဆိုးခင် သူ့မျက်လုံးတွေကို ကြည့်လိုက်၊
မင်းပြုံးနေတာကို မြင်ရဖို့ မျက်ရည်တွေ အများကြီးရှိနေမှန်း
မင်းသတိမထားမိလည်း ဖြစ်နိုင်တယ်။

◾အဲဒါကို ဇနီးသည်အနေနဲ့ နားလည်ပေးရုံပါပဲ။
ဒီနေ့အထိ မင်းရဲ့ဆန္ဒအားလုံးကို မဖြည့်ဆည်းပေးနိုင်ရင်
အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်။
ဖခင်တိုင်းမှာ ရင်မဖွင့်နိုင်တဲ့ ခံစားချက်တွေ
မျိုသိပ်နေရတယ်။ သူတို့လည်း လူသားပါ၊ ပင်ပန်းတာပေါ့။

◾မိသားစုပျော်ရွှင်တာကို မမြင်ချင်ကြတဲ့
အိမ်ထောင်ဦးစီးတစ်ယောက်မှ မရှိပါဘူး။
ခင်ပွန်းဖြစ်သူကို စိတ်မဆိုးခင်
ခင်ပွန်းဖြစ်သူက မိသားစုအတွက် ဘာလုပ်ခဲ့လဲ
ဆိုတာကိုအရင် စဥ်းစားပါ။

◾သင့်ခင်ပွန်းသည် သူ့မိသားစုလိုအပ်ချက်ကို
ဖြည့်ဆည်းပေးရန်အတွက် အရိုးများကျိုးတဲ့အထိ
ဘယ်လို ကြိုးစားလုပ်ဆောင်ခဲ့သလဲဆိုတာ နားလည်ပေးပါ။

◾တစ်ချို့အဖေတွေက သူ့မိန်းမ နဲ့ သားသမီးတွေကို
သူခံစားနေရတဲ့ နာကျင်မူတွေကို ရင်မဖွင့်တတ်ကြဘူး၊
သူတို့ကိုယ်တိုင်ပဲ မျိုချလိုက်တယ်။
သူဘယ်လောက် ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေပါစေ
သူ့ဇနီးသည်နဲ့ သားသမီးတွေကို မသိစေချင်ဘူး။
သူတို့ကို မျက်နှာ မငယ်စေချင်ဘူး။

◾ဖခင်တိုင်း အလိုချင်ဆုံးအရာက
သူ့ရဲ့ ကြိုးစားမူအပေါ် ဇနီးသည်က ဂုဏ်ယူပေးဖို့ပါပဲ၊
အသိမှတ်ပြုပေးဖို့၊ အားပေးစကားပြောပေးဖို့၊
အဲဒီစကားတွေက သူ့ကို ရှေ့ဆက်ဖို့ ခွန်အားပေးနေတယ်
ဆိုတာ သတိရပါ။

မိသားစုအတွက် ဘဝတိုက်ပွဲဝင်နေသော
ဖခင်များအားလုံး ကျန်းမာပါစေ🙏❤


#mentalpower
❤10👏1
❤14👍1
သတိထားစရာ

copy

ကျွန်တော့ KPay ထဲကငွေများ အလိမ်ခံလိုက်ရပါတယ်
လိမ်ရိုးလိမ်ဆင်အတိုင်း ဖုန်းဆက် OTP တောင်းလိမ်ခြင်းမျိုးမဟုတ်ပါ
အဆင့်မြင့်နည်းပညာများအသုံးပြုအလိမ်ခံရခြင်းပါ

မိတ်ဆွေများ အလိမ်မခံရစေရန် ဖြစ်စဥ်ကို ပြန်လည်တင်ပြလိုက်ပါတယ်

ဖြစ်ပုံက ဒီလိုပါ

ဖေ့ဘွတ် မှာ Yadanarpon B2B ဆိုတဲ့ Page ကနေ အင်တာနက်ဒေတာ များ ရောင်း‌နေတာတွေ့မိပါတယ် Yadanarpon ဆိုတာက အများသိပြီးသားဆိုတော့ ယုံယုံကြည်ကြည်နဲ့ အင်တာနက်လျှောက်လိုက်ပါတယ် ဦးစွာ ဖုန်းနံပါတ်၊ မှတ်ပုံတင်၊ မြို့အမည် တွေတောင်းပါတယ်

နောက်တော့ ငွေလွှဲခိုင်းပါတယ် (Kpay-0998434408 Daw Thu Zar Phyo) တဲ့

ငွေလွှဲဝင်တာနဲ့ block ပြေးသွားတာလားဆို မဟုတ်ပါဘူး

Register တင်ပြီး ၂၄ နာရီအတွင်း sms ရောက်ပါမယ် SMS ရောက်ရင် plan သုံးလို့ ရပါပြီဆိုပြီး reply ပြန်လာပါတယ်

နောက်နေ့‌ရောက်တော့ ဖုန်းနံပါတ် အစိမ်း နဲ့ ဖုန်းဝင်လာတော့ အကို ကျွန်တော် Yadanarpon ကပါ messenger မှာ app လေးချပေးထားပါတယ် ဝင်ပြီး download ဆွဲပေးပါဦးဆိုတော့ ကိုယ်လည်း download ဆွဲလိုက်ပါတယ်

App အမည်က AirDroid Remote Support ပါ
(အဲ့တာ ဘာ app လည်းဆိုတာ ကိုယ်မသိပါ)

Download ပြီးရင် ပြောပေးပါဦးဆိုတာနဲ့ ပြီးပြီးကြောင်းပြောပြတော့ သူချပေးတဲ့ app ထဲက ပေါ်လာတဲ့ code No. ကို SS ပြပေးပါဆို‌တော့ ကိုယ်လည်း ပြပေးလိုက်ပါတယ်

အဲ့မှာ ကိုယ့်ဖုန်းကို ဝင်ခွင့်ပြုပြီးသားဖြစ်သွားပါပြီ

နောက် KPay ကနေ ၁၀၀၀ ကျပ်ပေးချေပါ Viber ကနေလည်း link ပို့ပေးထားပါတယ် App လေးဖြင့်လုပ်ဆောင်ပြီးရင် Plan စသုံးလို့ရပါပြီနော် အကိုဆိုပြီး B2B Plan ဝယ်ယူရန် form နဲ့ လွှဲပေးရမယ့် Kpay No. နဲ့ Link ချပေးပါတယ်

သူပေးတဲ့ Link ကနေဝင် ဖောင်ဖြည့်ပြီး ငွေတစ်ထောင် လွဲပေးလိုက်ပါတယ်

(နောက်မှ သိရတာ အဲ့တာ Kpay Link အတုပါ)

ကိုယ်က အစစ်ထင်ပြီး ငွေချေလိုက်တဲ့အချိန်မှာ ကျွန်တာ့ pass code သူတို့ ရသွားပါပြီ ပြီးတော့ လွှဲပေးထားတဲ့ ဖုန်းနံပါတ်ပြောပါ ပြန်စစ်ပေးပါမယ်တဲ့ ဒါက Pass codeကို ယူသွားတဲ့နည်းပါ

ဖုန်းနံပါတ်ရယ် Kpay Pass code ရယ် သူတို့ရသွားပါပြီ

နောက် OTP ယူသွားပုံလေးဆက်ပြောပြမယ်နော်

အဲနောက်မှာ သူ့ဆီက က screen share လုပ်ဖို့ request တောင်းတာကို accept လုပ်ပေးဖို့ပြောလာပါတယ် accept ကိုနှိပ် ပြီးတော့ start screen share ကိုနှိပ်ခိုင်းပါတယ် ပြီးရင် start broadcast ကိုနှိပ်ပါ stop broadcast ကိုမနှိပ်ဘဲ home key နဲ့ပြန်ထွက်ပေးပါ တဲ့

(ကိုယ်လည်း သေချာမဖတ်မိပါဘူး သူပြောတဲ့အတိုင်းလိုက်ဝင်ပြီးလုပ်မိလိုက်ပါတယ်)

ပြီးတာနဲ့ ဖုန်း Message ထဲဝင်စစ်ပေးပါ ဆိုတော့ ဖုန်း message ကိုဖွင့်ပြီး စောင့်နေလိုက်ပါတယ်

အဲ့အချိန်မှာ သူက Kpay ထဲဝင်နေပြပြီ ကိုယ်က ဖုန်း message ကိုဖွင့်စောင့်နေတော့ ဖုန်းမှာ OTP ပေါ်တဲ့ Noti တက်မလာတော့ပါဘူး

ကိုယ်လည်း ဝင်လာနိုးစောင့်နေတဲ့အချိန် သူက OTP ရသွားပါပြီ

ကိုယ်လည်း မသင်ကာလို့ Kpay message ကို ဝင်ကြည့်လိုက်တော့ ငွေလွှဲဖို့ OTP ချပေးထားတာမြင်တာနဲ့ လိမ်ပြီဆိုတာသိလိုက်တာနဲ့ ချက်ချင်း stop share နှိပ်ပြီး ထွက်လိုက်ချိန်မှာ နောက်ကျသွားပါပြီ

Kpay အကောင့်ထဲဝင်စစ်လိုက်တော့ ရှိသမျှပါသွားပါပြီ

KPay ထဲရှိရှိသမျှ အကုန်လွှဲယူသွားပါတယ် ကြောက်စရာကြီးပါ

ဒီအကြောင်း အသိမိတ်ဆွေတွေကိုပြောပြတော့ အသိထဲ အဲနည်းနဲ့ ပါသွားသူတွေ အများကြီးဖြစ်နေပါပြီ

နောက် အသိတစ်ယောက်လည်း Kpay Level 2 ကနေ 3 မဖြစ်မနေ ပြောင်းရမယ် ဆက်သွယ်လာလို့ လုပ်လိုက်တာ အကုန်ပါသွားပါတယ် တဲ့

ကျွန်တော်ဆီဆက်သွယ်လာတဲ့ ဖုန်းနံပါတ်က 09963724735 ပါ
သူတို့ လွှဲခိုင်းတဲ့ Kpay link အတုနံပါတ်က 09664820726 Htoo darling win
ကျွန်တော့ အကောင့်ကနေ လွှဲယူသွားတဲ့ နံပါတ်ကKpay accက (**7336)Daw Yu Yu Htwe

ကျွန်တော်တော့ Kpay ဆက်မသုံးတော့ပါ
Yadanarpon B2B အပြင် အခြားနည်းတွေ page တွေ ရှိနေနိုင်ပါတယ် သတိပြုနိုင်ကြပါစေ

လူလိမ်ဘေးမှ ဝေးကြပါစေ
👍2❤1
Grade-12 မြန်မာစာ

ဇာတိ၊ အမည်ရင်း၊ ငယ်နာမည်

*အလုံမြို့အထက်၊ မောင်းထောင်ရွာ / စိန္တကျော်သူဦးသြ ပါ။
*မုံရွာခရိုင်၊ ဘုတလင်နယ်က / မောင်းထောင်ရွာ ဦးကျော်လှ။
*ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ/ သခင်ကိုယ်တော်မှိုင်း၊ မောင်လွန်း ပါ။
*ဦးသိန်းဟန် ၊ ဆရာဇော်ဂျီ / ဖျာပုံ ဇာတိ မှတ်ကြမည်။
*ဗန်မော်ညိုနွဲ့ ၊ ဦးပုထွေး / အမည်ရင်း မှတ်လို့ပေး။
*တောင်သာ၊ မီးပေါက်၊ အောင်ဇမ္ဗူရွာ / တက္ကသိုလ်တောသား ဇာတိပါ / အမည်ရင်းက ဦးအောင်သောင်း / ဇာတိ အမည်ရင်း မှတ်ဖို့ကောင်း။

*တောင်တွင်းကြီးမြို့ ၊ မြို့လုလင်ရွာ / ရှင်သီလဝံသ မောင်ညို ပါ။
*မော်လမြိုင် ၊ မုပွန်နတ်ကျွန်းရပ် / တင်မောင်မြင့်ရဲ့ ဇာတိမှတ်။
*ဒဂုန်စန်းငွေ ဇာတိမှာ / ကျောက်ပန်းတောင်းမြို့ တည်ပင်ရွာ။
*သုံးဆယ်မြို့ ၊ ရွာမရပ် / ပီမိုးနင်းရဲ့ ဇာတိမှတ်။
*ဦးဝင်းမောင်၊ မင်းယုဝေ၊ ဧရာဝတီ / ကန်ကြီးထောင့် ဇာတိ မှတ်ကြမည်။
*မောင်ခင််မင် (ဓနုဖြူ) ကျုံတနီးရွာ / ဦးခင်အေးက အမည်ရင်းပါ။
*ဒေါက်တာကျော်စိန် ၊ ပဲခူးသား / ဇာတိ အမည်ရင်း မှတ်လို့ထား။

#တက္ကသိုလ်ဝင်စာမေးပွဲ
❤2👍2
သင်ကြားသင်ယူမူဖြစ်စဥ်၏အဆင့် ( ၄ ) ဆင့်
❤1
‼️2017 က post အဟောင်းပါ။ ‼️‼️

တချို့အသုံးဝင်တာလေးတွေပါလို့ ပြန်တင်ပါရစေ။
‼️‼️‼️‼️‼️‼️အဟောင်း‼️‼️‼️‼️‼️

လျော့ပေါ့ပင်စင်
အသက် ၅၅ နှစ်ပြည့်ပြီး
လုပ်သက် ၂၀ နှစ်ကျော်လျှင်
သော်လည်းကောင်း
အသက် ၅၀ နှစ်ပြည့်ပြီး
လုပ်သက် ၂၅ နှစ်ကျော်လျှင်သော်
လည်းကောင်း ခံစားခွင့်ရှိသည်။
---
ပင်စင် #

ပင်စင်ဟူသောစကားရပ်တွင်
ပင်စင်+လုပ်သက်ဆုငွေ ဖြစ်ပါသည်။
====================

၁. သက်ပြည့်ပင်စင်
ဝန်ထမ်းသည် အသက် ၆၀ ပြည်ု့သည့်နေ့တွင်
အငြိမ်းစားယူရမည်ဖြစ်သည်။ အများဆုံးလုပ်သက်မှာ အသက် ၁၈ နှစ်မှ ၆၀ ထိ ဖြစိပါသည်။
အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် ၄ လ ခံစားခွင့်ရှိပြီး ပျှမ်းမျှလစာ ခံစားရမည်။
( လစာနှုန်းတိုးမြှင့်သည့်အချိန်တွင် သီးသန့်ညွှန်ကြားချက်နှင့်အညီ ခံစားခွင့်ရှိသည်။)

၂. နှစ်ပြည့်ပင်စင်
အသက် ၅၅ နှစ်ပြည့်ပြီး လုပ်သက်နှစ် ၃၀ ပြည့်လျှင် ခံစားခွင့်ရှိသည်။

၃. လျော့ပေါ့ပင်စင်
အသက် ၅၅ နှစ်ပြည့်ပြီး လုပ်သက် ၂၀ နှစ်ကျော်
လျှင် သော်လည်းကောင်း
အသက် ၅၀ နှစ်ပြည့်ပြီး လုပ်သက် ၂၅ နှစ်ကျော်
လျှင်လည်းကောင်း ခံစားခွင့်ရှိသည်။

၄. နာမကျန်းပင်စင်
လုပ်သက် ၁၀ နှစ်နှင့်အထက် မကျန်းမာ၍ တာဝန် ဆက်လက်ထမ်းဆောင်နိုင်ခြင်းမရှိ
သည့်အခါ သတ်မှတ်ထားသည့် ဆေးအဖွဲ့၏
ထောက်ခံချက်ဖြင့် ခံစားခွင့်ရှိသည်။

၅. လျော်ကြေးပင်စင်
ရာထူးတစ်ခုကိုဖျက်သိမ်းလိုက်သည့်အခါ
အခြားရာထူးတစ်ခုသို့ ပြောင်းရွှေ့နေရာချထားခြင်း
မပြုနိုင်လျှင်သော်လည်းကောင်း
ယင်းဝန်ထမ်းမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန်
ဆန္ဒမပြုလျှင် သော်လည်းကောင်း ခံစားခွင့်ရှိသည်။

၆.အထူးပင်စင်
တာဝန်ထမ်းဆောင်မှုကိုအကြောင်းပြု၍ ရောဂါရရှိသည့်အခါတွင်ဖြစ်စေ
ထိခိုက်အနာတရ ဖြစ်သည့်အခါတွင်ဖြစ်စေ
မသန်စွမ်းဖြစ်သည့်အခါတွင်ဖြစ်စေ
သတ်မှတ်ထားသောဆေးအဖွဲ့၏ ထောက်ခံချက်
ဖြင့် ခံစားခွင့်ရှိသည်။

၇. မိသားစုပင်စင်
ဝန်ထမ်းသည် တာဝန်ထမ်းဆောင်ဆဲဖြစ်စေ၊
အငြိမ်းစားယူပြီးနောက်မှ ဖြစ်စေ
ကွယ်လွန်ခဲ့လျှင် ကျန်ရစ်သူမိသားစုအတွက်
သတ်မှတ်ချက်နှင့်အညီ ခံစားခွင့်ရှိသည်။

# ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက် ၁၀ နှစ် မပြည့်ပါက
လုပ်သက်ဆုငွေ တစ်မျိုးတည်းကို ခံစားခွင့်ရှိသည်။

လုပ်သက် ၅ နှစ် မပြည့်သည့်ကိစ္စ
- လုပ်သက်နှစ်×နောက်ဆုံးထုတ်လစာ×၁၀၀%

လုပ်သက် ၅ နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်သေးသည့်ကိစ္စ
-လုပ်သက်သစ်×နောက်ဆုံးထုတ်လစာ×၁၅၀%

# ပင်စင်အကျိုးခံစားခွင့်ရှိသည့်လုပ်သက် ၁၀ နှစ်နှင့်အထက် (သက်ပြည့်၊ နာမကျန်း၊ လျော်ကြေး)ပင်စင်နှင့် နှစ်ပြည့်၊ လျော့ပေါ့ ပင်စင် တို့၏
ပင်စင်လစာတွက်နည်း •••••••••
- လုပ်သက်နှစ်×နောက်ဆုံးထုတ်လစာ×၁.၅%

လုပ်သက်ဆုငွေတွက်နည်း ••••••••••
- လုပ်သက်နှစ်×နောက်ဆုံးထုတ်လစာ×၅၀%

# မိသားစုပင်စင်ကို ယေဘူယျအားဖြင့်
အငြိမ်းစားကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်မှ ခံစားခွင့်ရှိသည်။ တရားဝင် ဇနီး(သို့) ခင်ပွန်းကွယ်လွန်သည်အထိ ခံစားခွင့်ရှိ။
အငြိမ်းစားယူချိန်၌ ရရှိသည့့်ပင်စင်လစာ၏ ၃/၄

အခြားမိသားစုဝင် ဖြစ်ပါက
ဝန်ထမ်းကွယ်လွန်သည့်နေ့ရက်မှစ၍ ၁၅ နှစ်အထိ ခံစားခွင့်ရှိသည်။
အငြိမ်းစားယူချိန်၌ ရရှိသည့်ပင်စင်လစာ၏ ၁/၂

မိသားစုပင်စင်အတွက် လုပ်သက်ဆုငွေ
၁ နှစ်ပြည့်ပြီး ၅ နှစ်အောက် •••••••
လုပ်သက်တစ်နှစ်အတွက် နောက်ဆုံးထုတ်လစာ တစ်လစာနှင့်ညီမျှသော လုပ်သက်ဆုငွေ

၅ နှစ်ပြည့်ပြီး ၁၀ နှစ် အောက် ••••••••
နောက်ဆုံးထုတ်လစာ၏ ၁၂ဆနှင့်ညီမျှသော လုပ်သက်ဆုငွေ

# ရာထူးမှနုတ်ထွက်သည့်ဝန်ထမ်း
# ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း
# ရာထူးမှထုတ်ပယ်ခြင်းခံရသည့်ဝန်ထမ်း
တို့သည် ပင်စင်/လုပ်သက်ဆုငွေ ခံစားခွင့်မရှိပါ။

# ပင်စင်စားသည် ထောင်ကျခြင်းခံရပါက ပင်စင်ခံစားခွင့်ကို ရပ်ဆိုင်းထားရမည်။
လွတ်မြောက်လာပါက ပြန်လည်ခွင့်ပြု သော်လည်း
ပြစ်ဒဏ်ကျ ကာလအတွက် ပင်စင်လစာ ခွင့်မပြု။

# ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ခွင့်ပြုထားသည့် နှုန်းထားအတိုင်း
တစ်လုံးတစ်ခဲတည်း ပင်စင်အဖြစ် လဲလှယ်ခွင့်ရှိ။

# ပင်စင်နှင့် လုပ်သက်ဆုငွေတွက်နည်းကို
ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့၏
သဘောတူညီချက်ဖြင့် အမိန့်ထုတ်ပြန်ခြင်း၊
ပြင်ဆင်ခြင်းပြုနိုင်သည်။

စာရင်းစစ် မှတ်စုများ

https://www.facebook.com/203058570031947/posts/ပင်စင်-ပင်စင်ဟူသောစကားရပ်တွင်-ပင်စင်လုပ်သက်ဆုငွေ-ဖြစ်ပါသည်၁-သက်ပြည့်ပင်စင်ဝန်ထမ်/254443124893491/
ဖေအောင်
👍3❤1
K Pay အကောင့်ဖွင့်နည်းနှင့် K pay လိမ်လည်မှုအမျိုးမျိုးကို ဗဟုသုတရရှိကာ ရှောင်ရှားနိုင်ကြစေရန် ရည်ရွယ်ပါသည်။
၂၀၂၄ ခုနှစ်၊ (၁ဝ၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ် “ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့၊ တစ်မျိုးသားလုံးညီညွတ်စို့”