Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ပညာတတ် ဘွဲ့ရလည်း ဈေးပဲရောင်းစားရတယ်ဆိုပြီး ဟာသအနေနဲ့တောင် မပြောမိစေနဲ့။

ပညာက အရေးကြီးတယ်။
ပညာတတ် တယောက်က ဦးဆောင်တဲ့ အလုပ်က ကျရှုံးခဲ့တောင် ဘယ်လိုပြင်ဆင်ရမယ်ကို နည်းလမ်းရှာဖွေနိုင်စွမ်းရှိတယ် ။

ပညာဆိုတာ သင်ယူဖို့ ဘယ်တော့မှ နောက်မကျဘူး။

စီးပွားတူတောင် ပညာတတ်တဲ့သူက ၁၀ ဆ သာပြီးသားပါ။

ပညာက ခိုးယူလို့မရဘူး။
ပညာတတ် တယောက်က သူ့ဘဝမှာ အတိမ်းအစောင်း ဖြစ်ခဲ့တောင် ကောင်းကောင်း ပြန်တည့်မတ်နိုင်တယ်။

ပညာတတ် တယောက်က ယုတ်မာရင်လည်း စနစ်ကျပြီး တိကျနေတာမျိုးပါ။

ပညာတွေ ဘယ်လောက်တတ် ဘွဲ့တွေ ဘယ်လောက်ရလည်း ငါ့ဘဝက ဒီလိုနေနေရတာလား ဆိုပြီး ငွေတခုတည်း ပစ္စည်းဥစ္စာတခုတည်းနဲ့ ကိုယ့်ပညာကိုဘယ်တော့အခါမှ တန်ဖိုးမဖြတ်မိစေနဲ့။

သံသယမဝင်မိစေနဲ့ မတွေးမိစေနဲ့ ။

အမေတယောက်ဖြစ်ပြီးလည်း ပညာရပ်အသစ်တွေ သင်ယူခွင့်ရရင် သင်ယူဖို့ အမြဲ အဆင်သင့်ရှိပါစေ။

ကိုယ်အားကျမိတဲ့သူတွေဆိုတာ ပညာတတ်တွေပဲ။

ဘယ်အချိန်မေးမေး အဖြေကတော့ တခုတည်းပါ။
❤7
၁၉၂၀ ခုနှစ်ဝန်းကျင်

တစ်ခေတ်တစ်ခါတုန်းက

မြန်မာ့ပန်းပု၊ပန်းပွတ်လက်ရာမြောက်တိုင်လုံးများဖြင့်
အလှဆင်ထားသောရေတွင်း

မန္တလေးအနီးတဝိုက်ကျေးရွာတစ်ခုတွင်တွေ့ရစဉ်
👍6❤5
‼️‼️‼️Attention Please‼️‼️‼️
မသမာသူများ KBZPay Level မြှင့်ဖို့နဲ့ Version မြှင့်ဖို့ ဖုန်းခေါ်ဆိုနေပြီလား။
ဒါဆိုရင်တော့ သတိထား။

ငွေကြေးလိမ်လည်တဲ့မသမာသူများဟာ KBZ Call Center ဝန်ထမ်းအယောင်ဆောင်ပြီး KBZPay သုံးစွဲသူများအား အွန်လိုင်းမှတဆင့်ဖြစ်စေ၊ ဖုန်းခေါ် ပြီးဖြစ်စေ အမျိုးမျိုးအကြောင်းပြကာဆက်သွယ်လျက်ရှိပါတယ်။
ဆက်သွယ်တဲ့အကြောင်းပြချက်များကတော့ -
✦ ပထမအဆင့်အနေနဲ့ KBZPay version မှာ level နိမ့်နေသောကြောင့် အကောင့် Level မြှင့်တင်ရန်ပြောဆိုပြီး KBZPay အကောင့် OTP Code (သို့မဟုတ်) PIN နံပါတ်များကို တောင်းခံပါတယ်။
✦ မပေးပါက KBZPay အကောင့်ယာယီအကောင့်ပိတ်သိမ်းမည်ဟုပြောဆိုကာ ခြိမ်းခြောက်တောင်းခံခြင်းတို့ပဲဖြစ်ပါတယ်။
✦ ဒါ့အပြင် KBZPay အကောင့်မှာ မသမာတဲ့ ငွေကြေးလွှဲပြောင်းမှုများတွေ့ရှိသည်ဟုဆိုကာ အကြပ်ကိုင်ပြောဆိုတတ်ပါသေးတယ်။
သို့ဖြစ်ပါ၍ အထက်ပါဖုန်းခေါ်ဆိုမှုများနဲ့ကြုံတွေ့ခဲ့ပြီး မိမိရဲ့ KBZPay PIN နံပါတ်နဲ့ OTP Code တို့ကိုတောင်းလာခဲ့ပါက -
✔️ မိမိသာ သိရှိထားရမယ့် ကိုယ်ရေးအချက်အလက်များ (မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ်) အား လုံးဝ လုံးဝမျှဝေခြင်းမပြုမိရန်။
✔️ KBZ ဝန်ထမ်းများကလည်း ဖုန်း၊ အီးမေလ်းမှတဆင့် OTP code များနဲ့ PIN Number များကို (လုံးဝ)တောင်းဆိုခြင်း မပြုပါ။
✔️ လက်ရှိအနေနဲ့ KBZPay App ဟာ Level 2 အထိသာ ရှိပြီး Level 3 လုံးဝ လုံးဝ မရှိသေးကြောင်းနှင့် KBZPay Version မြှင့်တင့်ခြင်းဟာ အခြားသူများ၏ အကူအညီမလိုအပ်ဘဲ မိမိကိုယ်တိုင် သက်ဆိုင်ရာ App Store,Play Store များမှ ဝင်ရောက်အဆင့်မြှင့်နိုင်ကြောင်း သိထားရပါမယ်။
✔️ သံသယဖြစ်ဖွယ်ဖုန်းခေါ်ဆိုမှုရရှိပါက အလျင်အမြန် KBZPay Customer Service Call Center- 3211 ဆက်သွယ် အတည်ပြုစစ်ဆေးနိုင်ပါကြောင်း ထပ်မံအသိပေးလိုက်ရပါတယ်။
👍3
Customer များအနေဖြင့် မိမိတို့၏ KBZPay Account အား မသမာသူများ ဝင်ရောက်အသုံးပြုနေသည်ဟု သံသယရှိပါက မိမိတို့၏ KBZPay Account အား Login ပြန်လည်ဝင်ရောက်ခြင်းသည်အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါသည်။ Customers များအနေဖြင့် မိမိတို့၏ OTP and PIN နံပါတ်များကို မည်သူ့ကိုမှ မျှဝေခြင်းမပြုလုပ်ပါ ရန် နှင့် KBZ ဝန်ထမ်းများသည်လည်း အဆိုပါ အချက်အလက်များကို တောင်းဆိုခြင်းမရှိကြောင်းအသိပေးလိုပါသည်။ သံသယရှိပါက KBZPay Customer Service Call Center 3211, KBZ Bank Customer Service Call Center 09951018555, Query Email ဖြစ်သည့် query@kbzpay.com, KBZ Bank email customer_service@kbzbank.com တို့အား ဆက်သွယ်နိုင်ပါသည်။
ပညာရေးနှင့်မပတ်သက်သော်လည်း ဗဟုသုတအဖြစ်မျှဝေပါသည်။
မသမာသူတွေ OTP ကုတ်ရဖို့ဘယ်လိုတောင်းခံနေကြလဲ။

Body: မကြာခဏကြုံတွေ့ရလေ့ရှိတဲ့ အွန်လိုင်းပေါ်မှ ငွေလိမ်မှုတွေထဲမှာ KBZPay (သို့) ကမ္ဘောဇဘဏ်ဝန်ထမ်းအယောင်ဆောင်ပြီး KBZPay အသုံးပြုသူတွေဆီကို လိုက်လံဆက်သွယ်ခြင်းပဲဖြစ်ပါတယ်။ အဲ့လိုဆက်သွယ်တဲ့အခါမှာ-
❗️မသမာသူဟာ ဖုန်းခေါ်ဆိုပြီး KBZPay (သို့) ကမ္ဘောဇဘဏ်ဝန်ထမ်းဖြစ်ကြောင်းလိမ်လည်ပြောဆိုမယ်။
❗️KBZPay အကောင့်နဲ့ပက်သက်တဲ့ပြဿနာများကို ကူညီဖြေရှင်းပေးဖို့ စာတိုမက်ဆေ့ချ်မှတဆင့် ဝန်ဆောင်မှုအမှတ်စဥ်နံပါတ်ကို ပို့လိုက်တယ်ဟု ထပ်မံပြောဆိုပါမယ်။
❗️ အမှန်တကယ်မှာ KBZPay OTP/ SMS Code အားတောင်းခံခြင်းဖြစ်ပါတယ်။
❗️ KBZPay OTP ကုတ်ပေးလိုက်ခြင်းအားဖြင့် မိမိရဲ့ KBZPay အကောင့်က မသမာသူလက်ထဲရောက်သွားပြီး ငွေကြေးဆုံးရှုံးမှုများဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
ဒါကြောင့် ဖုန်းခေါ်ဆိုပြီး ကိုယ်ရေးအချက်အလက်များတောင်းခံလာတဲ့အခါ မိမိရဲ့မှတ်ပုံတင်နံပါတ်၊ မွေးနေ့များအား မမျှဝေသင့်သလို အရေးကြီးတဲ့ OTP ကုတ်ကိုတော့လုံးဝ လုံးဝမျှဝေခြင်းမပြုလုပ်ဖို့ထပ်မံတိုက်တွန်းလိုက်ရပါတယ်။

သံသယဖြစ်ဖွယ်ကြုံတွေ့ရပါက KBZPay Customer Service Call Center 3211 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပိုမိုလုံခြုံစိတ်ချရပြီး ပိုကောင်းတဲ့အတွေ့အကြုံအတွက် သင့် KBZPay ကိုနောက်ဆုံးအဆင့်သို့မြှင့်တင်လိုက်ပါ။
iOS: https://apple.co/31igRU9
Android : https://bit.ly/3rTwa2J
မကြာခင်ကျင်းပပြုလုပ်မည့် SEA-PLAN အတွက်ကြိုတင်သိကောင်းစရာ

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူ တတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ (Southeast Asia Primary Learning Metrics: SEA-PLM 2024) သည်

မူလတန်းအဆင့် နောက်ဆုံးနှစ် (Grade 5) ကျောင်းသားများ၏

စာဖတ်စွမ်းရည် (Reading Skills)၊
အရေးစွမ်းရည် (Writing Skills)၊
သင်္ချာစွမ်းရည် (Mathematics Skills)၊
ကမ္ဘာ့သားကောင်းဖြစ်မှု (Global Citizenship) စွမ်းရည်များကို

စစ်ဆေးတိုင်းတာနိုင်ရန်အတွက် အာဆီယံဒေသတွင်း ကျယ်ပြန့်သော ပညာရည်စစ်ဆေးမှု တစ်ခုဖြစ်ကြောင်း၊ အရှေ့တောင် အာရှနိုင်ငံများ ပါဝင်ဆောင်ရွက်သော နိုင်ငံတကာအဆင့် ပညာရည်တိုင်းတာစစ်ဆေးမှုတစ်ခုဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၂၈) ရက်တွင်
Grade – 5 ကျောင်းသား (၁၇၄၄) ဦးကို
စာဖတ်စွမ်းရည်၊
သင်္ချာစွမ်းရည်၊
ကမ္ဘာ့သားကောင်းဖြစ်မှုတို့ ပါဝင်သော Text Booklets များ၊
မိဘစစ်တမ်းလွှာ (Parents Questionnaires) နှင့်
ကျောင်းသားစစ်တမ်းလွှာ (Student Questionnaires) တို့ဖြင့် စမ်းသပ်စစ်ဆေးမှု ဆောင်ရွက်ခဲ့ပါကြောင်း၊

ယခု ထပ်မံကျင်းပမည့် SEA-PLM 2024 ပင်မစစ်ဆေးမှု (Main Survey) ၏ အချက်အလက် ကောက်ခံခြင်း လုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလထဲတွင်
( ၂၁ရက်နေ့) တွင်အကောင်ထည်ဖော်ဆောင်ရွက်သွားပါမည်။

ဒါကြောင့်သွားရောက်ဖို့တာဝန်ပေးခြင်းခံရသောဆရာဆရာမများသည်
မူလတန်းနောက်ဆုံးအဆင့်အတွက် သေချာစွာလေ့လာမှတ်သားလို့ပညာရေး၏အခြေခံအဆင့်ကိုအောင်မြင်အောင်အကောင်ထည်ဖော်ဆောင်ရွက်နိုင်ကြပါစေလိုကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
၁၄-၁၁-၂၀၂၄ ရက်နေ့သည်အခြေခံပညာ
ကျောင်းများ၏ပုံမှန်ကျောင်းဖွင့်ရက်ဖြစ်ပြီး

အခြေခံပညာကျောင်းများ၏
တရားဝင်ခွင့်ပြု တန်ဆောင်တိုင်ကျောင်း
ပိတ်ရက်များမှာ (၁၅-၁၁-၂၀၂၄)ရက်နေ့မှ
(၁၇-၁၁-၂၀၂၄)ရက်နေ့ထိ (၃)ရက်ဖြစ်ပါသည်

လူမှုကွန်ယက်စာမျက်နှာအချို့တွင်
၁၄-၁၁-၂၀၂၄ရက်နေ့သည် အခြေခံပညာကျောင်းများ၏ပိတ်ရက်ဖြစ်ကြောင်းဖော်ပြမျှဝေနေခြင်းများသည် သ-တင်း -မှ-ားများသာဖြစ်ပြီး
ပညာရေးမိသားစုဝင်များအနေဖြင့်
ဌာနမှတရားဝင်ထု-တ်ပြန်ညွှန်ကြားချက်များအတိုင်းသာ လိုက်နာဆောင်ရွက်ကြရန်
ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
❤3👍3