Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ဝ၃ဝ၁ ( လုပ်အားခ ) ခေါင်းစဉ်ေအာက်မှ သုံးစွဲရန်အကြောင်းအရာ

၁။ ခြံပြင်လုပ်အားခ

၂။ ခြံခတ်လုပ်အားခ

၃၊ မြေတူးလုပ်အားခ

၄။ ရေမြောင်းဖော်လုပ်အားခ

၅။ မြေဖို့လုပ်အားခ

၆။ ပေါင်းမြက်ရှင်းခ

၇။ လက်သမားခ

၈။ စာအုပ်ချုပ်ခ

၉။ သစ်ကိုင်းချိုင်ခ

၁၀။ နံရံဆေးသုတ်ခြင်းလုပ်အားခ

၁၁။ အိမ်သာကျင်းတူးခ

၁၂။ ဂဟေဆော်ခ

၁၃။ ရေလှောင်ကန်ပြုပြင်တည်ဆောက်လုပ်အားခ

၁၄။ သင်ထောက်ကူကားချပ်ပြုလုပ်ခြင်း

၁၅။ ကျင်းတူးခ
~~~~~

ဝ၃ဝ၃ ( ငှားရမ်းခ ) သုံးစွဲရန်အကြောင်းအရာ

၁။ ယာဥငှားရမ်းခြင်း ၊ ခုံငှားရမ်းခြင်း ၊ အသံချဲစက်ငှားရမ်းခြင်း

၂။ ဆိုက္ကား ၊ ဆိုင်ကယ်ငှားရမ်းခ
~~~~~

ဝ၃ဝ၄ ( သယ်ယူပို့ဆောင်ခ ) သုံးစွဲရန်အကြောင်းအရာ

၁။ လူများသယ်ယူပို့ဆောင်ခ

၂။ အားကစား ၊ ဆိုကရေးတီး အတွက် သယ်ယူပို့ဆောင်ခ

၃။ စာအုပ် ၊ ပစ္စည်းများသယ်ယူပို့ဆောင်ခ

၄။ ပစ္စည်းများသယ်ယူပို့ဆောင်ခ

၅။ ချောစာအိတ်များသယ်ယူပို့ဆောင်ခ
~~~~~

ဝ၃ဝ၅ ( ရုံးအသုံးအဆောင် ) သုံးစွဲရန်အကြောင်းအရာ

၁။ တိုင်ကပ်နာရီ

၂။ အလံကြိုး

၃။ နေ့စဥမှိတ်တမ်း

၄။ စာရွက်ထုတ်

၅။ ဗလာ

၆။ ဖိုင်

၇။ မှင်ဖျက်

၈။ တိတ်စိမ်း

၉။ ညှပ်ကလစ်

၁ဝ။ ဂဏန်းပေါင်းစက်

၁၁။အခန်းဆုံးစာအုပ်

၁၂။ နှစ်တရာပြက္ခဒိန်

၁၃။ ကာဗွန်

၁၄။ ရောင်စုံခဲတံ

၁၅။ ဘောဖျက်

၁၆။ ကတ်တူ

၁၇။ ကော်ဗူး

၁၈။ Maker Pen

၁၉။ ပေတံ

၂ဝ။ ဖယောင်း

၂၁။ ဆော့ပင်

၂၂။ ခဲတံ

၂၃။ ခဲတံ

၂၄။ ဘောပင်

၂၅။ အနှံ့ခဲ

၂၆။ နေ့စဉ္စမှိတ်တမ်း

၂၇။ ချိပ်

၂၈။ ကုလားထိုင်

၂၉။ ခုံခင်း

၃ဝ။ အသင်းအလံ

၃၁။ တယ်လီဖုန်းအခွန်

၃၂။ ပင်အပ်

၃၃။ ချုပ်စက်

၃၄။ ဆွမ်းတော်ခွက်

၃၅။ ရုံးတံဆိပ်တုံး

၃၆။ ပန်ကာ

၃၇။ စားပွဲခင်း

၃၈။ အချိန်ပိုင်းမှတ်တမ်း

၃၉။ လပိုင်းစာအုပ်

၄ဝ။ လက်မှတ်ထိုးစာအုပ်

၄၁။ ပါကင်စက္ကူ

၄၂။ သံမှို

၄၃။ ကားချပ်

၄၄။ မှင်ခံခွက်

၄၅။ ဓါတ်ဗူး

၄၆။ ဖောက်စက်

၄၇။ မှင်ရည်

၄၈။ ပုဂံခွက်ယောက်

၄၉။ ချုပ်အပ်

၅ဝ။ အင်ဗာတာ

၅၁။ ဖယောင်းပုဆိုး

၅၂။ တီဗွီ

၅၃။ စတီးခွေ

၅၄။ လက်ဖက်အုပ်

၅၅။ ဇွန်း

၅၆။ ခက်ရင်း

၅၇။ ပန်းကန်စင်

၅၈။ ကွန်ပျူတာ /ပရင်တာဆက်စပ်ပစ္စည်းများ
~~~~~~

ဝ၃ဝ၇ ( တံဆိပ်ခေါင်းကြေးနန်း ) သုံးစွဲရန်အကြောင်းအရာ

၁။ စာပို့တံဆိပ်ခေါင်းဝယ်ယူခြင်း ၊ တယ်လီဖုန်းကြေးပေးသွင်းခြင်း

၂။ ကျောင်းပိုင်ဖုန်းကဒ်များအတွက်ငွေဖြည့်ကဒ်များဝယ်ယူခြင်း

၃။ Fax, Set Top Box တပ်ဆင်ခြင်း ၊ TV စပ်ဆပ်ပစ္စည်း
~~~~~~~

ဝ၃ဝ၈ ( လျှပ်စစ်ဓါတ်အား ) သုံးစွဲရန်အကြောင်းအရာ

၁။ မီတာခများပေးသွင်းခြင်း ၊ ကျေးရွာများမှဖြန့်ဝေသောလျှပ်စစ်ခများ

၂။ မီတာကြိုး/မီးကြိုးအသစ်လဲခြင်း ၊ မီးချောင်း ၊ မီးလုံး
~~~~~~~~

ဝ၃ဝ၉ ( စာအုပ် /စာနယ်ဇင်း /သတင်းစာ ) သုံးစွဲရန်အကြောင်းအရာ

၁။ စာကြည့်တိုက်တွင်ထည့်သွင်း၍ဖတ်ရှု့ရမည့်စာအုပ်များ

၂။ ဂျာနယ်များ စာစောင်များ ၊ ခွဲဝေစာအုပ်စာတမ်းများ

၃။ သတင်းစာများ ၄။ ကျောင်းနှင့်ပတ်သက်သည့်စာစောင်များ
~~~~~~~~~

ဝ၃၁၃ ( လုပ်ငန်းသုံး ) သုံးစွဲရန်အကြောင်းအရာ

၁။ တံမြက်စည်း

၂။ ဖလား

၃။ ဆပ်ပြာခွက်

၄။ အိမ်သာဆေး /Brush

၅။ ဘောလုံးပစ်ကွင်း

၆။ ဆပ်ပြခဲ

၇။ ရေစစ်

၈။ သော့

၉။ ဂေါ်ပြား

၁ဝ။ ပေါက်တူရိုး

၁၁။ သောက်ရေခွက်

၁၂။ ပေါက်တူး

၁၄။ ကြွေချွတ်ဆေး

၁၅။ CPR

၁၇။ ဘောသုတ်ဆေး

၁၈။ အထူးထုတ်

၂၀။ လွှ

၂၁။ ပုံစွဲစာအုပ်

၂၂။ ရေအိုးအုပ်ဆောင်

၂၃။ စားပွဲခင်း

၂၄။ လက်သုတ်

၂၅။ ရေပုံး

၂၆။ ခေါင်းလောင်း

၂၇။ ဓား

၂၈။ မျောက်လက်

၂၉။ ဆေးမျိုးစုံ

၃ဝ။ အမှိုက်ပုံး

၃၁။ ပန်းအိုး

၃၂။ တစ်သျှူးဗူး

၃၃။ စုတ်တံ

၃၄။ သံ

၃၅။ အနံ့ထိန်းခဲ

၃၆။ (ခ)စာရင်း

၃၇။ (က)စာရင်း

၃၈။ ပတ်တာ

၃၉။ ခေါ်ကြိမ်

၄ဝ။ ကော်ပတ်

၄၁။ တာပင်တိုင်ဆေး

၄၂။ ကော်ခြင်း

၄၃။ ခန်းစည်း

၄၄။ ဓာတ်ခဲ

၄၅။ သံဇကာရေသလျှေက်

၄၆။ ထောင်ချောက်

၄၇။ ပီနံဖျင်

၄၈။ ထုံး

၄၉။ ဆိုလာ

၅ဝ။ စာအုပ်များ

၅၁။ ရဲတင်း

၅၂။ ကတ်ကြေး

၅၃။ ရေစည်

໑ soung box

၅၅။ ခြင်းလုံး

၅၆။ ပန်းတိုင်

၅၇။ လင်ဗန်း

၅၉။ ကက်ဆက်

၆ဝ။ ဒိုင်နမို

၆၁။ ထွန်ခြစ်

၆၂။ တူ

၆၃။ ငန်းပြား

၆၄။ အင်ဂျင်ဝိုင်

၆၅။ မီးချောင်း

၆၆။ လက်သည်းညှပ်

၆၇။ တူရွင်း၆၈။ ရေအိုး

၆၉။ CD ချပ်

၇ဝ။ ပိတ်စ

၇၁။ ခုန်ကြိုး

၇၂။ ဘတ်တံ

၇၃။ ကြက်တောင်

၇၄။ ဖိနပ်

၇၅။ သံ

၇၆။ သွပ်

၇၇။ ဘီတင်

၇၈။ သင်ထောက်ကူ

၇၉။ EVD

၈၀။ DVD/CD

၈၁။ Teacher Diary

၈၂။ဆိုင်းဘုတ်ဝယ်ယူခြင်း

၈၃။ ခြင်ဆေး

၈၄။ ခလုတ်

၈၅။ ပလပ်

၈၆။ မိုက် ၈၅။ ပျက်စီးလွယ်/နှစ်ချင်းသုံးကိရိယာတန်ဆာပလာများ
~~~~~~~~~

ဝ၃၁၄ ( အစားအစား /ရိက္ခာ ) သုံးစွဲရန်အကြောင်းအရာ

အဟာရကျွေးမွေးခြင်း ၊ ဝါဆိုသင်္ကန်းကပ်လှူခြင်း ၊
~~~~~~~~~

ဝ၃၂ဝ ပုံနှိပ်ခ ၊ စာအုပ်စာတမ်းထုတ်ဝေခ

ကွန်ပျူတာစာစီစာရိုက်ခ ၊ မိတ္တူကူးခြင်း ၊ စာအုပ်ချုပ်ခ၊ စာအုပ်များထုတ်ဝေ

ရေးနှင့်ပတ်သတ်၍ကုန်ကျစရိတ်များ ၊ MRC/CPR
~~~~~~
👍3❤1
၀၃၂၅ ( ပြပွဲ ပြိုင်ပွဲ ) သုံးစွဲရန်အကြောင်းအရာ

အခမ်းအနားအပြင်အဆင်ကုန်ကျစရိတ် ၊ ဆုပေးရာတွင် ငွေသားဆုပေးခြင်း ၊ ပစ္စည်းများ ၊ ဆုတံဆိပ်များ ၊ စာမေးပွဲကြေး ( အသုံးစရိတ် )
~~~~~~

ဝ၄ဝ၉ (အခြားပရိဘောဂ/သန့်စင်ခန်း)

၁။ ပရိဘောဂပြုပြင်ခြင်း၊အဆောက်အဦးပြင်ဆင်ခြင်း ၊ ခြံစည်းရိုး ၊ ပရိဘောဂပြင်ဆင်ထိန်သိမ်းစရိတ်များ ၊ မြေနီ / လမ်းခင်းခြင်း ၊

~~~~~ပြီးဆုံးခြင်း~~~~~~

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👏2
အချိုးကဗျာနိဒါန်း
🫧🤍🫧🤍🫧🤍

ဒွေးချိုး၊ တြိချိုး၊ လေးချိုး
ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မူများ (5Cs) ဆိုသည်မှာ.......နှင့် မည်သည့်အချက်များဖြင့် စံနှုန်းသတ်မှတ်ချက်များပြုလုပ်ရမလဲ...ဆိုခြင်း နှင့်
ဖြစ်စဥ်(ဖြစ်စဥ်၉)ရပ် ၊ ဖြစ်စဥ်(ဖြစ်စဥ်၆) ရပ်တို့ဖြင့်မှားယွင်းစွာပေးနေသောကျောင်းများအတွက်သိရှိစေရန်ဖော်ပြပေးလိုက်ရပါသည်။

..................👇👇👇♻♻♻

(၁) ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration)/ အုပ်စုဖြင့်လုပ်ငန်းဆောင်ရွက်ခြင်း (Group Work)

* ကျောင်းသား/ကျောင်းသူများအား အုပ်စုဖြင့်လုပ်ငန်း ဆောင်ရွက်တတ်စေရန်၊ အတွေး အခေါ်များ မျှဝေခြင်းနှင့် အဖြေများ အတူ ရှာဖွေတတ်ရန် အားပေးသည်။

(၂) ဆက်သွယ်ပြောဆိုခြင်း (Communication)

* နှုတ်အားဖြင့်၊ ကိုယ်ဟန်အမူအရာအားဖြင့် ဆက်သွယ်ခြင်း၊ စာဖတ်ခြင်း၊ စာရေးခြင်း၊ စကားပြောခြင်း၊ နားထောင်ခြင်းတို့ ဖြစ်သည်။

(၃) လေးနက်စွာဆန်းစစ်ဝေဖန်ခြင်းနှင့်ပြဿနာဖြေရှင်းခြင်း (Critical Thinking and Problem Solving)

* ကျောင်းသား/ကျောင်းသူများအား ပြဿနာများ၏ အဖြေများကို ရှာဖွေခြင်းနှင့် လေးလေး နက်နက် စဉ်းစားတွေးခေါ်ခြင်း၊ အမှားပြင်ဆင်ခြင်းတို့ ဆောင်ရွက်ခွင့်ပေးသည်။

(5) တီထွင်ဖန်တီးခြင်း (Creativity and Innovation)

* အတွေးအခေါ်အယူအဆအသစ်များ ရှာဖွေခြင်းနှင့် ပြဿနာများကို ဖြေရှင်းခြင်းတို့ ပြုလုပ်ရန် *ဘောင်ခတ်ထားသည့် အခြေအနေမှ” ပြင်ပသို့ထွက်၍ တွေးခေါ်စေခြင်း ဖြစ်သည်။

(၅) နိုင်ငံသားကောင်းစိတ်ဓာတ်ရှိခြင်း (Citizenship)

* ကျောင်းလူမှု အဖွဲ့အစည်းများတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ခြင်း၊ တရားမျှတခြင်းနှင့် ပဋိပက္ခဖြေရှင်းသည့် စိတ်ဓါတ်ရှိခြင်းတို့ ဖြစ်သည်။

.....................👆👆👆♻♻♻

ထို့ကြောင့် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မူများ (5Cs) ဆိုသည်မှာ...သင်ကြား၊သင်ယူနေစဥ်ကာလအတွင်းကကျောင်းသားကျောင်းသူများ၏
ကိုယ်ရည်ကိုယ်သွေးကိုယ်သာကြည့်၍ဆုံးဖြတ်ပေးရမည်ဖြစ်ကြောင်းကိုထပ်မံပြောကြားလိုပါတယ်ခင်ဗျာ။

ဆရာဆရာမများသည်လည်းမိမိတို့၏သင်ခန်းစာကိုစနစ်သစ်ဘောင်အတွင်း
ဖြင့်သာသင်ကြားခြင်း.....သင်ထောက်ကူများကိုအသုံးပြုခြင်း(သင်ကူလိုအပ်ပါကတီထွင်ဖန်တီးခြင်း၊ပြဌာန်းစာအုပ်ပါပုံ ကိုရှင်းလင်းခြင်း၊အုပ်စုဖွဲ့လုပ်ငန်းများပေးခြင်း၊ဆရာကိုင်စာအုပ်ကိုအသုံးပြု၍သင်ကြားခြင်းတို့ကို မဖြစ်မနေ ဆောင်ရွက်နေရမည်သာဖြစ်ပါသည်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👏2
အင်္ဂလိပ်စာစွမ်းရည် "ဗဟိုအဆင့်" (အမှတ်ပေးမည့်ပုံစံ)

G5 အင်္ဂလိပ်စာ

ရေးဖြေ

စာစီစာကုံး ၆ပုဒ်ပေး
ဖြေဆိုရန် ၁ပုဒ်
ဖြေဆိုချိန် ၁နာရီ
ပေးမှတ် ၅၀မှတ်
စာလုံးရေ ၂၀၀ ခန့်

ကျပန်း

မဲပေါက်ရာခေါင်းစဥ်
အချိန် ၃မိနစ်
ေပးမှတ် ၃၅မှတ်

နှုတ်ဖြေ

၃ပုဒ်မေး
အချိန် ၁မိနစ် × ၃ပုဒ် = ၃မိနစ်
ပေးမှတ် ၁ပုဒ် ၃မှတ်

G6 အင်္ဂလိပ်စာ

ရေးဖြေ

စာစီစာကုံး ၆ပုဒ်ပေး
ဖြေဆိုရန် ၁ပုဒ်
ဖြေဆိုချိန် ၁နာရီ
ပေးမှတ် ၅၀မှတ်
စာလုံးရေ ၃၀၀ ခန့်

ကျပန်း

မဲပေါက်ရာခေါင်းစဥ်
အချိန် ၄ မိနစ်
ေပးမှတ် ၃၅မှတ်

နှုတ်ဖြေ

G5 အတိုင်း

G7 အင်္ဂလိပ်စာ

ရေးဖြေ ၊ ကျပန်း ၊ နှုတ်ဖြေ (G6အတိုင်း)......

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
Wather Map အတွက် အလွယ်မှတ်နည်းလေးပါ

လေညွှန်တံလေးတွေရဲ့ အောက်မှာဖော်ပြထားတဲ့ ကိန်းဂဏန်းတွေမှာ

0...1....2 နှင့် စထားပါက ထိုကိန်းများ၏ရှေ့တွင် 10 ကိုထပ်ထည့်၍ နောက်ဆုံးကိန်း၏ရှေ့တွင် ဒသမထည့်ပါ။

ဥပမာ....မူလပေးထားသောကိန်းသည် 026 ဆိုပါက---> 1002•6
210 ဆိုပါက---> 1021•0

8...9 ဖြင့် စထားပါက ထိုကိန်းများ၏ရှေ့တွင် 9 ကိုထပ်ထည့်၍ နောက်ဆုံး
ကိန်း၏ရှေ့တွင် ဒသမထည့်ပါ။

ဥပမာ....မူလပေးထားသောကိန်းသည် 89 ဆိုပါက ----> 98•9
960ဆိုပါက----> 996•0

Isobar မျည်းတို့သည် တစ်ကြောင်းနှင့်တစ်ကြောင်း 2 mb ကွာရပါမည်။

(မေ့နေပါက.... ထပ်မံမမေ့ရအောင် အလွယ်မှတ်နည်းလေးကိုဖော်ပြပေးရခြင်းပါခင်ဗျာ)

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍2❤1
ကျောင်းအဆင့်တိုးလျှောက်ရာတွင်ဘယ်လိုသတ်မှတ်လဲလို့မေးနေကြသူများ
နှင့် ဆရာဆရာမအားလုံးသိရှိစေရန်ဖော်ပြအပ်ပါသည်ခင်ဗျာ။

မိမိတိုက်လက်ရှိကျောင်းအဆင့်မှသည် ကျောင်းအဆင့်တိုးဆိုင်ရာ ၁ မှ ၇ သို့ သတ်မှတ်ချက်

ကျောင်းအဆင့်

(၁)အခြေခံပညာအထက်တန်းကျောင်း ဖြစ်ရန်အတွက်

အထက(ခွဲ) များတွင် အထက်တန်းဆင့်သင်ကျောင်းသား(၂၀၀)နှင့်အထက်ရှိ ရပါမည်။

(၂)အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဖြစ်ရန်အတွက်

အလယ်တန်းဆင့်သင်ကျောင်းသား(၃၀၀)နှင့်အထက်ရှိ ရပါမည်။

(၃)အခြေခံပညာအလယ်တန်းကျောင်း ဖြစ်ရန်အတွက်

အလက ခွဲကျောင်းများတွင် အလယ်တန်းအဆင့် သင်ကျောင်းသားများသည် (၂၄၀)နှင့်အထက်ရှိရပါမည်။

(၄)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဖြစ်ရန်အတွက်

မူလွန် ကျောင်းများတွင် အလယ်တန်းဆင့် ကျောင်းသား(၂၀၀)နှင့်အထက်ရှိ
ရပါမည်။

(၅)အခြေခံပညာမူလတန်းလွန်ကျောင်း ဖြစ်ရန်အတွက်

မူလတန်းဆင့်သင်ကျောင်းသား (၂၅၀)နှင့်အထက်ရှိ ရပါမည်။

(၆)အခြေခံပညာမူလတန်းကျောင်း ဖြစ်ရန်အတွက်

မူလတန်းဆင့်သင် ကျောင်းသားဦးရေသည် ၁၀၀နှင့်အထက်ရှိရပါမည်။

(၇)အခြေခံပညာမူလတန်းကျောင်း(ခွဲ) ဖြစ်ရန်အတွက်

ကိုယ့်အားကိုယ်ကိုးကျောင်းများတွင် မူလတန်းဆင့်သင် ကျောင်းသားဦးရေသည် ၅၅ မှ ၁၀၀ အထိရှိရပါမည်။

နောက်ထပ် ဖြေလျှော့ထားသည့် – မူ ” များကတော့.....

ဦးရေမပြည့်မီသော်လည်း ကျောင်းအဆင့်များတိုးပေးထားတာများလည်းရှိပါတယ်....ဘာကြောင့်လဲဆိုရင်

(၁) အခြေခံပညာအထက်တန်းကျောင်းသို့ အဆင့်တိုးမြှင့်ပေးနိုင်ရန် ကျောင်းသားဦးရေ ပြည့်မီ မှသာကျောင်းအဆင့်တိုးရန် (သို့မဟုတ်) လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသများဖြစ်ပါ က ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် (၁၀)မိုင်အထက် ကွာဝေးခြင်း။

(၂) အထက(ခွဲ)၊ အလက၊ အလက(ခွဲ)၊ မူလွန်၊ အမက၊ အမက(ခွဲ)ကျောင်းများသို့ အဆင့်တိုးမြှင့် ပေးနိုင်ရန် သတ်မှတ်ကျောင်းသားဦးရေ မပြည့်မီသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲ သောဒေသများ၊ သဘာဝဘေးအန္တရာယ် အတားအဆီးရှိသော ဒေသများဖြစ်ပါက ပင်ကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့်(၂)မိုင်အထက် ကွာဝေးခြင်း၊ သွားလာရေးလွယ်ကူသော မြေပြန့်ဒေသ ဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် (၃)မိုင်အထက်ကွာဝေးခြင်း ကြောင့်ပဲဖြစ်ပါတယ်။

ကျောင်းအဆင့်တိုးများလျှောက်ထားချင်ပါက....သက်ဆိုင်ရာမြို့နယ်ပညာရေးမှူး၏ အကြံပေးချက်....လိုအပ်သည့်များအတွက်မှာကြားချက်များကိုလိုက်နာဆောင်ရွက်၍...လုပ်ကိုင်ကြပါခင်ဗျာ။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
❤1
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် နေ့သင်တန်းဝင်ခွင့်ရသူများ စာရင်းကို (၁၀-၁၁-၂၀၂၄) ရက်တွင် သက်ဆိုင်ရာ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်အသီးသီးနှင့်ပညာရေးဝန်ကြီးဌာန Website နှင့် အဆင့်မြင့်ပညာဦးစီးဌာန Website တို့တွင်
ထုတ်ပြန်ကြေညာသွားမည်ဖြစ်-

++++++++++++++++++++++++++++++++++

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် နေ့သင်တန်းဝင်ခွင့်ရသူများ စာရင်းကို (၁၀-၁၁-၂၀၂၄) ရက်တွင် သက်ဆိုင်ရာ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်အသီးသီးတွင် ကြေညာထားမည်ဖြစ်ပြီး

ပညာရေး ဝန်ကြီးဌာန website http://www.moe.gov.mm နှင့်
အဆင့်မြင့် ပညာဦးစီးဌာန website http://www.dhe.gov.mm

တို့တွင်လည်းကြေညာထားမည်ဖြစ်ကြောင်းအဆင့်မြင့်ပညာဦးစီးဌာနမှ
ကြေညာထားရှိပါသည်။

အဆင့်မြင့်ပညာဦးစီးဌာန
❤1👍1
၂၀၂၄-၂၀၂၅ ပညာသင်နှစ် (တိုင်းအဆင့်)
အင်္ဂလိပ်စာနှင့် သချာ် စွမ်းရည်ပြိုင်ပွဲအချိန်ဇယား
👍3
ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမည့်လုပ်ငန်းများ
အောက်တိုဘာလအတွက်
- ကမ္ဘာ့ဆရာများနေ့အခမ်းအနားကျင်းပခြင်း
- သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပခြင်း
- ပထမနှစ်ဝက်တတ်မြောက်မှုစစ်ဆေးခြင်း
- အာစရိယပူဇော်ပွဲများကျင်းပခြင်း
- ကျောင်းနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးနေ့ကျင်းပခြင်း
- လစဥ်ပညာရေးတိုးတက်မှုမှတ်တမ်းဖြည့်သွင်းခြင်း
- ဘာသာရပ်အဖွဲ့ (Board Of Study)များဆွေးနွေးခြင်း
- လေ့ကျင့်ခန်းများစစ်ဆေးပြီးနောက် အားနည်းသော သင်ခန်းစာများကို ဖြည့်ဆည်းသင်ကြားခြင်း
- ကျောင်းအုပ်ကြီး ဆရာ၊ ဆရာမများ နှင့် မိဘများ တွေ့ဆုံခြင်း

ပညာရေးပြက္ခဒိန်
#ပညာရေးပြက္ခဒိန်
ကျောင်းအုပ်ကြီးများ
ဆရာဆရာမများနှင့်
ပညာရေးဝန်ထမ်းများ အားလုံး
ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်
လ အလိုက်
ပြုလုပ်ဆောင်ရွက်ရမည့် လုပ်ငန်းများ
(ပညာရေးပြက္ခဒိန်)