Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
စနစ်ဟောင်း နဝမတန်း (Grade-10) အောင်မြင်ပြီး အကြောင်း အမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို ခြင်းမရှိခဲ့သူများ၊ စနစ်ဟောင်း ဒသမတန်း (Grade 11) တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးသူများနှင့် စနစ်သစ် ဒွါဒသမတန်း (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ်
၂၀၂၅-ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်ပြု မည်ဖြစ်ပြီး ဘာသာတွဲ (၃)ခုဖြစ်သော STEAMS-1, STEAMS-2, STAMS တို့အနက်မှ ဘာသာတွဲ (၁)ခုကို ရွေးချယ်ဖြေဆိုရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ၂၀၂၅-ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်ရန်ကြေညာချက်တွင်ထည့်သွင်းကြေညာ

-------------------------------------------------------------------------

၁။ ၂၀၂၅-ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်ရန်
အောက်ပါအတိုင်း ကြေညာအပ်ပါသည်။

၂။ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတစ်စောင်လျှင် (၂ဝဝိ/-) နှင့် စာမေးပွဲဝင်ကြေးအတွက် (၇ဝဝိ/-)တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာနငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလ ( ၁ ) ရက်နေ့မှ
စတင်၍ ရောင်းချပေးမည်ဖြစ်ပါသည်။

၃။ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်သွင်းရာ၌ STEAMS (1), (2)ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် းကောင်း၊ ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ STAMS ဖြေဆိုမည့်သူများအတွက်
ပန်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားပါသည်။

၄။ စနစ်ဟောင်း နဝမတန်း (Grade-10) အောင်မြင်ပြီး အကြောင်း အမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို ခြင်းမရှိခဲ့သူများ၊ စနစ်ဟောင်း ဒသမတန်း (Grade 11) တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးသူများနှင့် စနစ်သစ် ဒွါဒသမတန်း (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြု မည်ဖြစ်ပြီး ဘာသာတွဲ (၃)ခုဖြစ်သော STEAMS-1, STEAMS-2, STAMS တို့အနက်မှ ဘာသာတွဲ (၁)ခုကို ရွေးချယ်ဖြေဆိုရမည် ဖြစ်ပါ သည်။

၅။ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေး ငွေကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး အတက် အတွက် ၇၀ဝိ/-ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့် လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍၊ မိမိတို့ အမှန်တကယ် နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ မှ စက်တင်ဘာလ ( ၃၀ )ရက်နေ့အတွင်း တင်သွင်းကြရမည် ဖြစ်ပါသည်။

၆။ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက် ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသားကျောင်းသူများ၏ စာမေးပွဲ ဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ၇၀ဝိ/-ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး၊ လျှောက်လွှာ တစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ ၂၀၂၄-ခုနှစ်စက်တင်ဘာလ (၁)ရက်နေ့မှ စက်တင်ဘာလ ( ၃၀ ) ရက်နေ့အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည်ဖြစ်ပါသည်။

၇။ သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်း မရှိသူ များသည် စာမေးပွဲဖြေဆိုခွင့်ရရှိကြမည်မဟုတ်ကြောင်းနှင့် စာဖြေသူ တင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ နှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲ တို့သို့ ပြောင်းလဲ ဖြေဆိုခွင့်ပြုမည်မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ-မရှိ သေချာစွာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက် ပေးပို့ကြရန်ဖြစ်ကြောင်း သတိပြုစေလိုပါသည်။

၈။ လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်နှင့် မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၁၂-ရပ်ကွက်၊ လှိုင် မြို့နယ်၊ ရန်ကုန်မြို့တွင် လာရောက်ဝယ်ယူနိုင်ပါသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
👍2🥰1
စနစ်သစ် Grade-12 အဆင့် တက္ကသိုလ်ဝင်စာမေးပွဲ (၂၀၂၄) အောင်လက်မှတ်များ၏ စစ်မှန်မှုကို အတည်ပြုစစ်ဆေးနိုင်ရန် အောင်လက်မှတ်များတွင် QR Code များထည့်သွင်း၍ ထုတ်ပေးလျက်ရှိပါသည်။ ယခုအချိန်မှ စတင်၍ အဆိုပါ QR Code များကို Scan ဖတ်၍ အောင်လက်မှတ်၏ စစ်မှန်မှုနှင့် အောင်လက်မှတ်ပါ အောက်ဖော်ပြပါ အချက်အလက်များ၏ မှန်ကန်မှုကို တိုက်ဆိုင်စစ်ဆေးနိုင်ပြီဖြစ်ပါသည်-
✅ လက်မှတ်အမှတ်
✅ အောင်မြင်ခုနှစ်
✅ ခုံနံပါတ်
✅ အမည်
✅ မွေးသက္ကရာဇ်
✅ အဖအမည်
✅ အမိအမည်
✅ ဘာသာတွဲ
✅ ဂုဏ်ထူးရဘာသာများ

👉 အောင်လက်မှတ်တွင် ပါသော QR Code ကို ဖတ်လိုက်လျင် verify.dme.gov.mm နှင့်အစပြုသော Website လိပ်စာတစ်ခုထွက်လာပါမည်။ ထိုလိပ်စာကို ဝင်ကြည့်ပါက ကျပန်းထုတ်ပေးသည့် ဂဏန်း ၆ လုံးနှင့် ထိုဂဏန်း ၆ လုံးကို ရိုက်ထည့်ရမည့် နေရာတွေ့ပါလိမ့်မည်။ အဆိုပါ ဂဏန်း ၆ လုံးကို ပြည့်စုံမှန်ကန်အောင် ဖြည့်စွက်၍ Submit ကို နှိပ်လိုက်သည်နှင့် အောင်လက်မှတ် အချက်အလက်များကို စစ်ဆေးကြည့်ရှုနိုင်ပါမည်။

🛑 အထူးဂရုပြုရန်မှာ အောင်လက်မှတ်၏ စစ်မှန်မှုကို စစ်ဆေးပေးသည့် Website သည် verify.dme.gov.mm ဟူ၍ မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်းများသာ မှတ်ပုံတင်အသုံးပြုနိုင်သော .gov.mm Domain လိပ်စာဖြင့် ထုတ်ပေးပါသည်။ 🛑

❌ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးသည့်အောင်လက်မှတ် မဟုတ်လျင် သို့မဟုတ် အတုဖြစ်လျင် QR သည် verify.dme.gov.mm နှင့် ချိတ်ဆက်၍ အလုပ်လုပ်မည် မဟုတ်ပါ။ သို့မဟုတ် veify.dme.gov.mm မဟုတ်သော အခြား Website တစ်ခုခုသို့ ရောက်သွားပါလိမ့်မည်။
❌ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပေးသည့် အောင်လက်မှတ် တစ်စောင်မှ QR ကို ပွားယူ၍ အတုလုပ်လျင် အောင်လက်မှတ်ပါ အချက်အလက်များနှင့် QR ကို Scan ဖတ်သည့်အခါ ထွက်လာမည့် မူရင်း အချက်အလက်များ တူမည်မဟုတ်ပါ။

✔️ အောင်လက်မှတ်ပါ အချက်အလက်များနှင့် QR Result ပါ အချက်အလက်များသည် တစ်ထပ်တည်း ဖြစ်ပါသည်။
👉 အကယ်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးလိုက်သည့် အောင်လက်မှတ် အစစ်အမှန်ဖြစ်သော်လည်း အောင်လက်မှတ်ပေါ်တွင်ဖော်ပြထားသည့် အချက်အလက်များနှင့် verify.dme.gov.mm တွင် ဖော်ပြထားသည့် အချက်အလက်များ ကွဲလွဲမှုရှိခဲ့ပါက ဤ Page Messenger သို့ဖြစ်စေ၊ qr@myanmarexam.org သို့ဖြစ်စေ ထုတ်ယူထားသည့် အောင်လက်မှတ် ဓါတ်ပုံပေးပို့၍ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
🔜ပို၍ ကောင်းမွန်သော ပညာရေးဆိုင်ရာ အများပြည်သူဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
❤1
သွေးလွန်တုပ်ကွေး သာမန်အဆင့် ကုသမှု
August 30, 2024 by ဝင်းမင်း
မပြင်းထန်တဲ့သွေးလွန်တုပ်ကွေး သာမန်အဆင့်အတွက် ဘယ်လို ကုသနိုင်ပြီး ဘာတွေ ရှောင်ကျဉ်သင့်ပါလဲ။
မပြင်းထန်တဲ့ သာမန်အဆင့် သွေးလွန်တုပ်ကွေးရောဂါကို အိမ်မှာပဲကုသနိုင်တဲ့နည်းလမ်းတွေရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပါတယ်။ သွေးလွန်တုပ်ကွေး မပြင်းထန်တဲ့အဆင့်ကို အိမ်မှာကုသနိုင်တာမှာ အဖျားကျဆေးတမျိုးဖြစ်တဲ့ ပါရာစီတမောပေးပြီး ရေနဲ့ဆားဓာတ်ဖြည့်ပေးသင့်ပါတယ်။ ဒါပေမဲ့ ပါရာစီတမော (Paracetamol) ကလွဲပြီး ကျန်တဲ့ ဖျားနာအကိုက်အခဲပါပျောက်ဆေးတွေတော့ မပေးသင့်ပါဘူး။ ဒီတခြားဆေးတွေဖြစ်တဲ့ Asprin (ဘာစပရို)၊ Diclofenac ၊ Ibuprofen တွေက သွေးကိုကျဲစေပြီး သွေးကို ပိုပြီး ယိုစေနိုင်လို့ပါ။ ဒါ့အပြင် ဓာတ်ဆားထုတ်ဝယ်ပြီးဖျော်တိုက်စရာလည်း မလိုဘဲ ရေများများသောက်ပြီး အစားအသောက်မှာ ဆားပိုထည့်၊ သကြားရောပေးခြင်းအားဖြင့်ချွေးထွက်မှုကနေ အရည်ဓာတ်ဆုံးရှုံးတာအတွက် ပြန်ဖြည့်ပေးနိုင်ပါတယ်။
သွေးလွန်တုပ်ကွေးမှာ လက္ခဏာမပြင်းထန်တဲ့ အခုလို သာမန်အဆင့်ကို အိမ်မှာကုသစဉ်၊ ပြင်းထန်နိုင်တဲ့အဆင့်အတွက်လည်း ကြိုသိထားသင့်ပါတယ်။ ဒီအတွက် ဇွန်လကုန်နဲ့ ဇူလိုင်လဆန်းတုန်းကပြောပြခဲ့တဲ့ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေ (ဖျားနာ၊ ကိုက်ခဲ၊ အော့အန်၊ အရည်ပြားအပိန့်ထွက်၊ နှာခေါင်းသွေးလျှံတာ) ကိုသိပြီး အန္တရာယ်လက္ခဏာ (ဗိုက်နာ၊ ဆက်တိုက်အန်၊ အဖျားကျချိန်မလန်းဘဲ နုံးချည့်၊ မှိန်းပြီးကယောင်ကတန်းဖြစ်တာ) စတဲ့ လက္ခဏာတွေပေါ်လာရင်တော့ ဆေးရုံပို့တာအပြင် ဒီအန္တရာယ်လက္ခဏာမရှိပေမဲ့ ဆေးရုံတင်ထားသင့်သူ (တနှစ်အောက်ကလေး၊ အဝလွန်သူ၊တခြားသွေးရောဂါရှိသူနဲ့ အမြန်ဆေးရုံတင်ဖို့အလှမ်းဝေး ခက်ခဲသူ) တွေကိုလည်း သိထားသင့်ပါတယ်။
တချို့ဒေသတွေမှာ ဖျားနာတဲ့အခါ လုပ်လေ့ရှိတတ်တဲ့လက်ထိပ်ဖောက်တာ၊ စအိုဝနားကိုဖောက်တာနဲ့ ဖန်ခွက်ကို မီးအပူပေးပြီး အရေပြားပေါ် ခြစ်တာတွေ မလုပ်သင့်ပါဘူး။ á€’ဍတွ္ကဟ္ဏငအ် ကလေးက နာကျင်ငိုယိုပြီး ချွေးထွက်တာကနေ ခေတ္တ အဖျားကျတာဖြစ်နိုင်ပေမဲ့ ဒီနည်းလမ်းတွေက တုပ်ကွေးရောဂါပျောက်ကျင်းသွားဖို့ မထိရောက်ပါဘူး။  
သွေးလွန်တုပ်ကွေး မပြင်းထန်တဲ့ သာမန်အဆင့်အတွက် အိမ်မှာကုရာမှာ မက်ကလောင်ဖောက် (အပ်နဲ့ဖောက်/အကြွေစေ့လိုသတ္တုပြားနဲ့ခြစ်) တာမျိုးတော့ မလုပ်သင့်ပါဘူး။ တချို့ဒေသတွေမှာ ဖျားနာတဲ့အခါ လုပ်လေ့ရှိတတ်တဲ့လက်ထိပ်ဖောက်တာ၊ စအိုဝနားကိုဖောက်တာနဲ့ ဖန်ခွက်ကို မီးအပူပေးပြီး အရေပြားပေါ် ခြစ်တာတွေ မလုပ်သင့်ပါဘူး။ ဒါတွေကြောင့် ကလေးက နာကျင်ငိုယိုပြီး ချွေးထွက်တာကနေ ခေတ္တ အဖျားကျတာဖြစ်နိုင်ပေမဲ့ ဒီနည်းလမ်းတွေက တုပ်ကွေးရောဂါပျောက်ကျင်းသွားဖို့ မထိရောက်ပါဘူး။ ဒါ့အပြင် အခုလို ဖောက်ခြစ်တာကြောင့် ပိုသွေးယိုတာ၊ ပိုးဝင်သွေးဆိပ်တက်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အဆင့် ရောက်တာအထိဖြစ်နိုင်ပါတယ်။ အခုလို ကူးစက်ရောဂါတွေ ပိုကူးစက်နိုင်တာမို့ ပိုသတိထားကာကွယ်သင့်ပါတယ်။ ဒီဒေသတွေမှာ သွေးလွန်တုပ်ကွေးအပြင် သာမန်တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှော၊ အရေပြားရောဂါတွေလည်း အလွယ်တကူ ကူးစက်နိုင်တာမို့ ကြိုတင်ကာကွယ်ထားသင့်ပါတယ်။ ဒါပေမဲ့မိုးကြီး ရေကြီးချိန်တွေမှာတော့၊ သွေးလွန်တုပ်ကွေးခြင်ဖြစ်လာမဲ့ ပိုးလောက်လန်းတွေဟာ ရေစီးနဲ့အတူမျောပါသွားတတ်တာမို့ သွေးလွန်တုပ်ကွေးဖြစ်တာ လျော့ကျသွားနိုင်ပါတယ်။
ဒီအကြောင်း ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခဒေါက်တာစောဝင်းကို ကိုဝင်းမင်းက မေးထားပါတယ်။
👍4
This media is not supported in your browser
VIEW IN TELEGRAM
ဒါမျိုးဂဏန်းတွက်စက်နဲ့ဆို ဖုန်းလိုင်းဖြတ်စက်တွေတောင် စာမေးပွဲခန်းမှာထားရတော့မလိုပါပဲ။

🧠 A tech blogger integrated ChatGPT and the internet into an old calculator

The principle is simple: you input a text prompt, and the neural network provides a solution algorithm and the answer.

The guy has big plans: in addition to adding a Wi-Fi module, he wants to include a camera for AI scanning of problems and a program for email and chats.
👍12
" ဆရာကြီး ...သမီး သီတင်းကျွတ် လာကန်တော့တာပါရှင့်"

"ကျေးဇူးပါ..သာဓုပါကွယ်...အိမ်မှာ အဖေနဲ့အမေ ရှိသေးလား..
သူတို့ကိုရော ကန်တော့ပြီးပြီလား"

"ဟုတ်..ကန်တော့မှာပါ"

"သမီးလခ ဘယ်လောက်ရသလဲ"

"၃-၄ သိန်းရပါတယ်"

"မိဘ ကို တစ်လ ဘယ်လောက် ကန်တော့လဲ"

" လစဉ်တော့မကန်တော့ဖြစ်ဘူးဆရာ..အခုလို
သီတင်းကျွတ် ..
သင်္ကြန်ဆိုရင်တော့ ကန်တော့ဖြစ်ပါတယ်.."

" လျှာရှည်တယ် စပ်စုတယ်တော့ မထင်နဲ့..
တစ်ခါကန်တော့ရင် ဘယ်လောက်ကန်တော့လဲ"

" လေး-ငါး သောင်းလောက်တော့ ကန်တော့ဖြစ်ပါတယ်"

" တစ်နှစ်မှာ နှစ်ခါ သုံးခါ ထားပါတော့ တစ်နှစ်ကို
၁-၂ သိန်းပေါ့...
တစ်ရက်မှာ သမီး ၄- ၅၀၀ ကျပ်လောက် ကန်တော့တယ် ဆိုတဲ့ သဘောပေါ့။
အင်း ..လဘက်ရည်တစ်ခွက် ဘယ်လောက်လဲ"

" ၅၀၀ လောက်ဖြစ်နေပြီဆရာ"

"သမီး မိဘကို တစ်ရက်ကို လဘက်ရည်တစ်ခွက် ဘိုး
ကန်တော့သလိုဖြစ်နေတာပေါ့။
သမီးကို ဒီအရွယ်အထိ ထမင်းမကျွေးခဲ့တဲ့နေ့ရှိလား။
ကျောင်းလည်းထား..အဝတ်အစားလည်းဆင်.
.နေမကောင်းလဲဆေးကုပေး ..
ထမင်းလဲကျွေး မုန့်လဲကျွေး ဟုတ်တယ်နော် အနှစ်၂၀ ကျော်နေပြီ...
သမီး သူတို့ကို ဘယ်နှစ်နှစ်များ ပြန်လုပ်ကျွေး
ရသေးလို့လဲ...လဘက်ရည်တစ်ခွက်ဖိုးလောက်
ပြန်လုပ်ကျွေးရတာကို တော်တော် ပင်ပန်းနေပြီ
ဟုတ်လား...ခက်ခဲနေပြီ ဟုတ်လား"

" သမီးက ပေးတယ်..အမေတို့က မယူတာ..
မုန့်တွေစားချင်တာတွေတော့ ဝယ်ပေးပါသေးတယ်"

"စိတ်မဆိုးနဲ့နော်..သမီးမိဘက ဘောစိလား"

"မဟုတ်ပါဘူးဆရာရယ်..မရှိလို့ အခုလို တနယ်တကျေး
မိဝေးဖဝေး အလုပ်လုပ်နေရတာပေါ့..သမီးလဲ
တစ်လတစ်လ မလောက်ဘူး"

"တစ်လ ၃-၄ သိန်းဆိုတာ ဆရာတို့ အိမ်မက်တောင်
မ မက်ခဲ့ဘူးတဲ့လစာ။
ဒါကို မလောက်ရင် လောက်အောင် သုံးနိုင်အောင်
ကိုယ့်ကိုယ်ကို စီမံခန့်ခွဲ ရမယ်လေ..
မိဘက မလိုလို့မယူတာမဟုတ်ဘူး..မယူရက်လို့ မယူတာ..
လိုချင်တာ ဝယ်ပေးတာထက် သမီး ပေးတဲ့ ပိုက်ဆံလေး
ကိုင်ချင်တာပေါ့။
ပြောမထွက်ရက်လို့သာ။ သူလိုချင်တာ သူစားချင်တာ
သူသောက်ချင်တဲ့ဆေး သူ့ပိုက်ဆံနဲ့သူဝယ်ချင်တာ...
အိမ်ကိုကြွတဲ့ ဆွမ်းခံကိုယ်တော်ကို သူ့ကိုယ်ပိုင်ငွေနဲ့
ဝတ္ထု ကပ်
လှုချင်တာ..ဘုရားကိုသူ့ငွေနဲ့သူ လှုချင်တာ။
သူ့မြေးတွေကို သူကိုယ်ပိုင်ပိုက်ဆံနဲ့ မုန့်ဖိုးပေးချင်တာ။
အဲဒါကြောင့် သူ့လက်ထဲကို ငွေ ထည့်ပေးထားပါ။
သမီး ဘာတွေဖြည့်ဆည်းပေးပေး
ငွေလဲ ကန်တော့ပါ။ သမီး တစ်လ ဖုန်းဘီလ်
ဘယ်လောက်ကုန်လဲ"

"၃-၄ သောင်း။ တခါတလေ လဲ ငါးသောင်းကျော်တယ်"

" အဲဒီငွေထဲက တစ်လ ၁၀၀၀၀ လောက်
ပိုအောင်စုကြည့်ပါ။
မိဘကို လစဉ်ပုံမှန်ကန်တော့ကြည့်ပါ။ တခါတည်း
တစ်သိန်းကန်တော့တာထက်
တစ်လတစ်ခါ ၁၀၀၀၀-၂၀၀၀၀ ကန်တော့ရတာ ကန်တော့ရတဲ့ သမီးလဲ ပေါ့ပါးတယ်။ ဝန်ထုပ်ဝန်ပိုးမဖြစ်ဖူးပေါ့။ လစဉ်မှန်မှန် ကန်တော့တဲ့အတွက် မိဘလဲ သမီးကန်တော့မဲ့ငွေ
၆လ တစ်နှစ် စောင့်စရာ မလိုပဲ အဆင်ပြေပြေရတယ်။
သုံးချင်တာလေးတွေလဲ သုံးချင်တဲ့အချိန် သုံးရတော့
ကျေနပ်တာပေါ့"

"ဆရာ ရှင်းပြတော့မှ အမေတို့ကို သနားလိုက်တာ။ဟုတ်တယ်နော်။
သမီးကန်တော့တာ လဘက်ရည်တစ်ခွက်ဖိုးလောက်ပဲ
ရှိတာပါလား"
ကလေးမလေး မျက်ရည်တွေ ဝိုင်းလာသည်။

" သမီး နေ့တိုင်း အပြင်မှာ ထမင်းစားရတယ်ဟုတ်လား။
အနည်းဆုံးတစ်နပ် ကို တစ်ထောင် ထားပါ။ တစ်နေ့ ၂-၃၀၀၀ ပဲ ။
သမီးမှာ ချစ်သူရှိရင် ဆိုင်ကောင်းကောင်းစားရတာနဲ့
လည်ပတ်ရတာနဲ့
သူ့မွေးနေ့ကိုယ့်မွေးနေ့ လက်ဆောင်တွေပေးရတာနဲ့
valentine day ဆိုရင် လက်ဆောင်ပေးရတာနဲ့
နေ့တိုင်းညတိုင်း ဖုန်းတွေပြောရတာနဲ့ ...
အားပါးပါး ကုန်လိုက်တဲ့ပိုက်ဆံတွေ...အဲဒီအချိန်မှာ သမီး မိဘက
သမီးပေးတဲ့ လဘက်ရည်တစ်ခွက်ကို
နှစ်ယောက်ဆို တစ်ယောက်တစ်ဝက် သောက်နေရတာနော်..
.မုန့်မပါဘူး။
ထမင်း ဟင်းမပါသေးဘူး ..ဆိုတာလေး မျက်စိထဲ
မြင်ယောင်ကြည့်လိုက်ပါ။
သမီး တစ်လ ၃-၄ သိန်း ကုန်တယ်ဆို တစ်ရက် တစ်သောင်း နှုန်းလောက် သုံးနေတဲ့အထဲမှာ မိဘအတွက် ၄-၅၀၀ ပဲ ပါနေသေးတယ် လဘက်ရည်တစ်ခွက်ဖိုးပဲ ရှိသေးတယ်ဆိုတာ မြင်တွေးကြည့်လိုက်ပါ"

ကလေးမလေး မျက်ရည်တွေ ကျလာသည်။

" သမီးမိဘက အဆင်မပြေလို့ဆိုပြီး သမီးကို
တစ်ရက်ကလေး အငတ်ထားခဲ့ဘူးသလား"

ကလေးမလေး အသံမထွက်တော့။ခေါင်းခါပြသည်။

" သမီး ..အခု မိဘကို အငတ်ထားသလို ဖြစ်နေပြီနော်။
မိဘ ဆိုတာ မသေခင်လုပ်ကျွေးရတာ။ သေပြီးမှတော့
ငိုပြမနေတော့နဲ့။
ဖေ့ဘွတ်မှာ “ I love my mom “ “ I love my Dad “
လောက်ကို
ကျေးဇူးဆပ်တယ်ထင်မနေနဲ့။ သူတို့မစားနိုင်
အိပ်ယာပေါ်က မထနိုင်တော့တဲ့
အချိန်မှလည်း ကျွေးမနေတော့နဲ့။ဆရာ့ရဲ့ သီတင်းကျွတ်
လက်ဆောင်ကတော့
" မိဘကို အမြန်ဆုံး လုပ်ကျွေးပါ" လို့ပဲ ပြောချင်ပါတယ်
သမီးရေ"

ကလေးမလေး ငိုချတော့သည်။

" ကဲ...အခုလို ဆရာ့ကို ကန်တော့ရသော
အကျိုးအားကြောင့် ..
မိဘကို အလုပ်အကျွေးပြုနိုင်သော သမီးကောင်းရတနာ
တစ်ဦး ဖြစ်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်"

** မိဘက လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ
လုပ်ကျွေးဖြစ်အောင် လုပ်ကျွေးကြပါ။
** အမြန်ဆုံးလုပ်ကျွေးပါ။
တတ်နိုင်သမျှ များများ လုပ်ကျွေးပေးကြပါ။
** မလုပ်ကျွေးရသေးတဲ့လူတွေလဲ မြန်မြန် လုပ်ကျွေးကြပါ။
** လုပ်ကျွေးနေတဲ့ လူတွေလဲ ယခုထက်ပိုပြီး များများ
ပြုစုယုယ လုပ်ကျွေးကြပါ။
❤12👍8
"ကျွန်တော် / ကျွန်မ တို့ အများကြီး ကြိုးစားရပါဦးမည်"
(ဆရာကြီး ဦးတင်ညွန့်၏ စာစုလေးအား ပြန်လည်မျှဝေပါသည်)

Credit #sbm..😍😍
(သက်ရှိ ဘုရားများကို ပြုစုလုပ်ကျွေးနိုင်ကြပါစေ )🙏🙏
ဝ၃ဝ၁ ( လုပ်အားခ ) ခေါင်းစဉ်ေအာက်မှ သုံးစွဲရန်အကြောင်းအရာ

၁။ ခြံပြင်လုပ်အားခ

၂။ ခြံခတ်လုပ်အားခ

၃၊ မြေတူးလုပ်အားခ

၄။ ရေမြောင်းဖော်လုပ်အားခ

၅။ မြေဖို့လုပ်အားခ

၆။ ပေါင်းမြက်ရှင်းခ

၇။ လက်သမားခ

၈။ စာအုပ်ချုပ်ခ

၉။ သစ်ကိုင်းချိုင်ခ

၁၀။ နံရံဆေးသုတ်ခြင်းလုပ်အားခ

၁၁။ အိမ်သာကျင်းတူးခ

၁၂။ ဂဟေဆော်ခ

၁၃။ ရေလှောင်ကန်ပြုပြင်တည်ဆောက်လုပ်အားခ

၁၄။ သင်ထောက်ကူကားချပ်ပြုလုပ်ခြင်း

၁၅။ ကျင်းတူးခ
~~~~~

ဝ၃ဝ၃ ( ငှားရမ်းခ ) သုံးစွဲရန်အကြောင်းအရာ

၁။ ယာဥငှားရမ်းခြင်း ၊ ခုံငှားရမ်းခြင်း ၊ အသံချဲစက်ငှားရမ်းခြင်း

၂။ ဆိုက္ကား ၊ ဆိုင်ကယ်ငှားရမ်းခ
~~~~~

ဝ၃ဝ၄ ( သယ်ယူပို့ဆောင်ခ ) သုံးစွဲရန်အကြောင်းအရာ

၁။ လူများသယ်ယူပို့ဆောင်ခ

၂။ အားကစား ၊ ဆိုကရေးတီး အတွက် သယ်ယူပို့ဆောင်ခ

၃။ စာအုပ် ၊ ပစ္စည်းများသယ်ယူပို့ဆောင်ခ

၄။ ပစ္စည်းများသယ်ယူပို့ဆောင်ခ

၅။ ချောစာအိတ်များသယ်ယူပို့ဆောင်ခ
~~~~~

ဝ၃ဝ၅ ( ရုံးအသုံးအဆောင် ) သုံးစွဲရန်အကြောင်းအရာ

၁။ တိုင်ကပ်နာရီ

၂။ အလံကြိုး

၃။ နေ့စဥမှိတ်တမ်း

၄။ စာရွက်ထုတ်

၅။ ဗလာ

၆။ ဖိုင်

၇။ မှင်ဖျက်

၈။ တိတ်စိမ်း

၉။ ညှပ်ကလစ်

၁ဝ။ ဂဏန်းပေါင်းစက်

၁၁။အခန်းဆုံးစာအုပ်

၁၂။ နှစ်တရာပြက္ခဒိန်

၁၃။ ကာဗွန်

၁၄။ ရောင်စုံခဲတံ

၁၅။ ဘောဖျက်

၁၆။ ကတ်တူ

၁၇။ ကော်ဗူး

၁၈။ Maker Pen

၁၉။ ပေတံ

၂ဝ။ ဖယောင်း

၂၁။ ဆော့ပင်

၂၂။ ခဲတံ

၂၃။ ခဲတံ

၂၄။ ဘောပင်

၂၅။ အနှံ့ခဲ

၂၆။ နေ့စဉ္စမှိတ်တမ်း

၂၇။ ချိပ်

၂၈။ ကုလားထိုင်

၂၉။ ခုံခင်း

၃ဝ။ အသင်းအလံ

၃၁။ တယ်လီဖုန်းအခွန်

၃၂။ ပင်အပ်

၃၃။ ချုပ်စက်

၃၄။ ဆွမ်းတော်ခွက်

၃၅။ ရုံးတံဆိပ်တုံး

၃၆။ ပန်ကာ

၃၇။ စားပွဲခင်း

၃၈။ အချိန်ပိုင်းမှတ်တမ်း

၃၉။ လပိုင်းစာအုပ်

၄ဝ။ လက်မှတ်ထိုးစာအုပ်

၄၁။ ပါကင်စက္ကူ

၄၂။ သံမှို

၄၃။ ကားချပ်

၄၄။ မှင်ခံခွက်

၄၅။ ဓါတ်ဗူး

၄၆။ ဖောက်စက်

၄၇။ မှင်ရည်

၄၈။ ပုဂံခွက်ယောက်

၄၉။ ချုပ်အပ်

၅ဝ။ အင်ဗာတာ

၅၁။ ဖယောင်းပုဆိုး

၅၂။ တီဗွီ

၅၃။ စတီးခွေ

၅၄။ လက်ဖက်အုပ်

၅၅။ ဇွန်း

၅၆။ ခက်ရင်း

၅၇။ ပန်းကန်စင်

၅၈။ ကွန်ပျူတာ /ပရင်တာဆက်စပ်ပစ္စည်းများ
~~~~~~

ဝ၃ဝ၇ ( တံဆိပ်ခေါင်းကြေးနန်း ) သုံးစွဲရန်အကြောင်းအရာ

၁။ စာပို့တံဆိပ်ခေါင်းဝယ်ယူခြင်း ၊ တယ်လီဖုန်းကြေးပေးသွင်းခြင်း

၂။ ကျောင်းပိုင်ဖုန်းကဒ်များအတွက်ငွေဖြည့်ကဒ်များဝယ်ယူခြင်း

၃။ Fax, Set Top Box တပ်ဆင်ခြင်း ၊ TV စပ်ဆပ်ပစ္စည်း
~~~~~~~

ဝ၃ဝ၈ ( လျှပ်စစ်ဓါတ်အား ) သုံးစွဲရန်အကြောင်းအရာ

၁။ မီတာခများပေးသွင်းခြင်း ၊ ကျေးရွာများမှဖြန့်ဝေသောလျှပ်စစ်ခများ

၂။ မီတာကြိုး/မီးကြိုးအသစ်လဲခြင်း ၊ မီးချောင်း ၊ မီးလုံး
~~~~~~~~

ဝ၃ဝ၉ ( စာအုပ် /စာနယ်ဇင်း /သတင်းစာ ) သုံးစွဲရန်အကြောင်းအရာ

၁။ စာကြည့်တိုက်တွင်ထည့်သွင်း၍ဖတ်ရှု့ရမည့်စာအုပ်များ

၂။ ဂျာနယ်များ စာစောင်များ ၊ ခွဲဝေစာအုပ်စာတမ်းများ

၃။ သတင်းစာများ ၄။ ကျောင်းနှင့်ပတ်သက်သည့်စာစောင်များ
~~~~~~~~~

ဝ၃၁၃ ( လုပ်ငန်းသုံး ) သုံးစွဲရန်အကြောင်းအရာ

၁။ တံမြက်စည်း

၂။ ဖလား

၃။ ဆပ်ပြာခွက်

၄။ အိမ်သာဆေး /Brush

၅။ ဘောလုံးပစ်ကွင်း

၆။ ဆပ်ပြခဲ

၇။ ရေစစ်

၈။ သော့

၉။ ဂေါ်ပြား

၁ဝ။ ပေါက်တူရိုး

၁၁။ သောက်ရေခွက်

၁၂။ ပေါက်တူး

၁၄။ ကြွေချွတ်ဆေး

၁၅။ CPR

၁၇။ ဘောသုတ်ဆေး

၁၈။ အထူးထုတ်

၂၀။ လွှ

၂၁။ ပုံစွဲစာအုပ်

၂၂။ ရေအိုးအုပ်ဆောင်

၂၃။ စားပွဲခင်း

၂၄။ လက်သုတ်

၂၅။ ရေပုံး

၂၆။ ခေါင်းလောင်း

၂၇။ ဓား

၂၈။ မျောက်လက်

၂၉။ ဆေးမျိုးစုံ

၃ဝ။ အမှိုက်ပုံး

၃၁။ ပန်းအိုး

၃၂။ တစ်သျှူးဗူး

၃၃။ စုတ်တံ

၃၄။ သံ

၃၅။ အနံ့ထိန်းခဲ

၃၆။ (ခ)စာရင်း

၃၇။ (က)စာရင်း

၃၈။ ပတ်တာ

၃၉။ ခေါ်ကြိမ်

၄ဝ။ ကော်ပတ်

၄၁။ တာပင်တိုင်ဆေး

၄၂။ ကော်ခြင်း

၄၃။ ခန်းစည်း

၄၄။ ဓာတ်ခဲ

၄၅။ သံဇကာရေသလျှေက်

၄၆။ ထောင်ချောက်

၄၇။ ပီနံဖျင်

၄၈။ ထုံး

၄၉။ ဆိုလာ

၅ဝ။ စာအုပ်များ

၅၁။ ရဲတင်း

၅၂။ ကတ်ကြေး

၅၃။ ရေစည်

໑ soung box

၅၅။ ခြင်းလုံး

၅၆။ ပန်းတိုင်

၅၇။ လင်ဗန်း

၅၉။ ကက်ဆက်

၆ဝ။ ဒိုင်နမို

၆၁။ ထွန်ခြစ်

၆၂။ တူ

၆၃။ ငန်းပြား

၆၄။ အင်ဂျင်ဝိုင်

၆၅။ မီးချောင်း

၆၆။ လက်သည်းညှပ်

၆၇။ တူရွင်း၆၈။ ရေအိုး

၆၉။ CD ချပ်

၇ဝ။ ပိတ်စ

၇၁။ ခုန်ကြိုး

၇၂။ ဘတ်တံ

၇၃။ ကြက်တောင်

၇၄။ ဖိနပ်

၇၅။ သံ

၇၆။ သွပ်

၇၇။ ဘီတင်

၇၈။ သင်ထောက်ကူ

၇၉။ EVD

၈၀။ DVD/CD

၈၁။ Teacher Diary

၈၂။ဆိုင်းဘုတ်ဝယ်ယူခြင်း

၈၃။ ခြင်ဆေး

၈၄။ ခလုတ်

၈၅။ ပလပ်

၈၆။ မိုက် ၈၅။ ပျက်စီးလွယ်/နှစ်ချင်းသုံးကိရိယာတန်ဆာပလာများ
~~~~~~~~~

ဝ၃၁၄ ( အစားအစား /ရိက္ခာ ) သုံးစွဲရန်အကြောင်းအရာ

အဟာရကျွေးမွေးခြင်း ၊ ဝါဆိုသင်္ကန်းကပ်လှူခြင်း ၊
~~~~~~~~~

ဝ၃၂ဝ ပုံနှိပ်ခ ၊ စာအုပ်စာတမ်းထုတ်ဝေခ

ကွန်ပျူတာစာစီစာရိုက်ခ ၊ မိတ္တူကူးခြင်း ၊ စာအုပ်ချုပ်ခ၊ စာအုပ်များထုတ်ဝေ

ရေးနှင့်ပတ်သတ်၍ကုန်ကျစရိတ်များ ၊ MRC/CPR
~~~~~~
👍3❤1
၀၃၂၅ ( ပြပွဲ ပြိုင်ပွဲ ) သုံးစွဲရန်အကြောင်းအရာ

အခမ်းအနားအပြင်အဆင်ကုန်ကျစရိတ် ၊ ဆုပေးရာတွင် ငွေသားဆုပေးခြင်း ၊ ပစ္စည်းများ ၊ ဆုတံဆိပ်များ ၊ စာမေးပွဲကြေး ( အသုံးစရိတ် )
~~~~~~

ဝ၄ဝ၉ (အခြားပရိဘောဂ/သန့်စင်ခန်း)

၁။ ပရိဘောဂပြုပြင်ခြင်း၊အဆောက်အဦးပြင်ဆင်ခြင်း ၊ ခြံစည်းရိုး ၊ ပရိဘောဂပြင်ဆင်ထိန်သိမ်းစရိတ်များ ၊ မြေနီ / လမ်းခင်းခြင်း ၊

~~~~~ပြီးဆုံးခြင်း~~~~~~

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👏2
အချိုးကဗျာနိဒါန်း
🫧🤍🫧🤍🫧🤍

ဒွေးချိုး၊ တြိချိုး၊ လေးချိုး
ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မူများ (5Cs) ဆိုသည်မှာ.......နှင့် မည်သည့်အချက်များဖြင့် စံနှုန်းသတ်မှတ်ချက်များပြုလုပ်ရမလဲ...ဆိုခြင်း နှင့်
ဖြစ်စဥ်(ဖြစ်စဥ်၉)ရပ် ၊ ဖြစ်စဥ်(ဖြစ်စဥ်၆) ရပ်တို့ဖြင့်မှားယွင်းစွာပေးနေသောကျောင်းများအတွက်သိရှိစေရန်ဖော်ပြပေးလိုက်ရပါသည်။

..................👇👇👇♻♻♻

(၁) ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration)/ အုပ်စုဖြင့်လုပ်ငန်းဆောင်ရွက်ခြင်း (Group Work)

* ကျောင်းသား/ကျောင်းသူများအား အုပ်စုဖြင့်လုပ်ငန်း ဆောင်ရွက်တတ်စေရန်၊ အတွေး အခေါ်များ မျှဝေခြင်းနှင့် အဖြေများ အတူ ရှာဖွေတတ်ရန် အားပေးသည်။

(၂) ဆက်သွယ်ပြောဆိုခြင်း (Communication)

* နှုတ်အားဖြင့်၊ ကိုယ်ဟန်အမူအရာအားဖြင့် ဆက်သွယ်ခြင်း၊ စာဖတ်ခြင်း၊ စာရေးခြင်း၊ စကားပြောခြင်း၊ နားထောင်ခြင်းတို့ ဖြစ်သည်။

(၃) လေးနက်စွာဆန်းစစ်ဝေဖန်ခြင်းနှင့်ပြဿနာဖြေရှင်းခြင်း (Critical Thinking and Problem Solving)

* ကျောင်းသား/ကျောင်းသူများအား ပြဿနာများ၏ အဖြေများကို ရှာဖွေခြင်းနှင့် လေးလေး နက်နက် စဉ်းစားတွေးခေါ်ခြင်း၊ အမှားပြင်ဆင်ခြင်းတို့ ဆောင်ရွက်ခွင့်ပေးသည်။

(5) တီထွင်ဖန်တီးခြင်း (Creativity and Innovation)

* အတွေးအခေါ်အယူအဆအသစ်များ ရှာဖွေခြင်းနှင့် ပြဿနာများကို ဖြေရှင်းခြင်းတို့ ပြုလုပ်ရန် *ဘောင်ခတ်ထားသည့် အခြေအနေမှ” ပြင်ပသို့ထွက်၍ တွေးခေါ်စေခြင်း ဖြစ်သည်။

(၅) နိုင်ငံသားကောင်းစိတ်ဓာတ်ရှိခြင်း (Citizenship)

* ကျောင်းလူမှု အဖွဲ့အစည်းများတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ခြင်း၊ တရားမျှတခြင်းနှင့် ပဋိပက္ခဖြေရှင်းသည့် စိတ်ဓါတ်ရှိခြင်းတို့ ဖြစ်သည်။

.....................👆👆👆♻♻♻

ထို့ကြောင့် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မူများ (5Cs) ဆိုသည်မှာ...သင်ကြား၊သင်ယူနေစဥ်ကာလအတွင်းကကျောင်းသားကျောင်းသူများ၏
ကိုယ်ရည်ကိုယ်သွေးကိုယ်သာကြည့်၍ဆုံးဖြတ်ပေးရမည်ဖြစ်ကြောင်းကိုထပ်မံပြောကြားလိုပါတယ်ခင်ဗျာ။

ဆရာဆရာမများသည်လည်းမိမိတို့၏သင်ခန်းစာကိုစနစ်သစ်ဘောင်အတွင်း
ဖြင့်သာသင်ကြားခြင်း.....သင်ထောက်ကူများကိုအသုံးပြုခြင်း(သင်ကူလိုအပ်ပါကတီထွင်ဖန်တီးခြင်း၊ပြဌာန်းစာအုပ်ပါပုံ ကိုရှင်းလင်းခြင်း၊အုပ်စုဖွဲ့လုပ်ငန်းများပေးခြင်း၊ဆရာကိုင်စာအုပ်ကိုအသုံးပြု၍သင်ကြားခြင်းတို့ကို မဖြစ်မနေ ဆောင်ရွက်နေရမည်သာဖြစ်ပါသည်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👏2
အင်္ဂလိပ်စာစွမ်းရည် "ဗဟိုအဆင့်" (အမှတ်ပေးမည့်ပုံစံ)

G5 အင်္ဂလိပ်စာ

ရေးဖြေ

စာစီစာကုံး ၆ပုဒ်ပေး
ဖြေဆိုရန် ၁ပုဒ်
ဖြေဆိုချိန် ၁နာရီ
ပေးမှတ် ၅၀မှတ်
စာလုံးရေ ၂၀၀ ခန့်

ကျပန်း

မဲပေါက်ရာခေါင်းစဥ်
အချိန် ၃မိနစ်
ေပးမှတ် ၃၅မှတ်

နှုတ်ဖြေ

၃ပုဒ်မေး
အချိန် ၁မိနစ် × ၃ပုဒ် = ၃မိနစ်
ပေးမှတ် ၁ပုဒ် ၃မှတ်

G6 အင်္ဂလိပ်စာ

ရေးဖြေ

စာစီစာကုံး ၆ပုဒ်ပေး
ဖြေဆိုရန် ၁ပုဒ်
ဖြေဆိုချိန် ၁နာရီ
ပေးမှတ် ၅၀မှတ်
စာလုံးရေ ၃၀၀ ခန့်

ကျပန်း

မဲပေါက်ရာခေါင်းစဥ်
အချိန် ၄ မိနစ်
ေပးမှတ် ၃၅မှတ်

နှုတ်ဖြေ

G5 အတိုင်း

G7 အင်္ဂလိပ်စာ

ရေးဖြေ ၊ ကျပန်း ၊ နှုတ်ဖြေ (G6အတိုင်း)......

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
Wather Map အတွက် အလွယ်မှတ်နည်းလေးပါ

လေညွှန်တံလေးတွေရဲ့ အောက်မှာဖော်ပြထားတဲ့ ကိန်းဂဏန်းတွေမှာ

0...1....2 နှင့် စထားပါက ထိုကိန်းများ၏ရှေ့တွင် 10 ကိုထပ်ထည့်၍ နောက်ဆုံးကိန်း၏ရှေ့တွင် ဒသမထည့်ပါ။

ဥပမာ....မူလပေးထားသောကိန်းသည် 026 ဆိုပါက---> 1002•6
210 ဆိုပါက---> 1021•0

8...9 ဖြင့် စထားပါက ထိုကိန်းများ၏ရှေ့တွင် 9 ကိုထပ်ထည့်၍ နောက်ဆုံး
ကိန်း၏ရှေ့တွင် ဒသမထည့်ပါ။

ဥပမာ....မူလပေးထားသောကိန်းသည် 89 ဆိုပါက ----> 98•9
960ဆိုပါက----> 996•0

Isobar မျည်းတို့သည် တစ်ကြောင်းနှင့်တစ်ကြောင်း 2 mb ကွာရပါမည်။

(မေ့နေပါက.... ထပ်မံမမေ့ရအောင် အလွယ်မှတ်နည်းလေးကိုဖော်ပြပေးရခြင်းပါခင်ဗျာ)

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍2❤1
ကျောင်းအဆင့်တိုးလျှောက်ရာတွင်ဘယ်လိုသတ်မှတ်လဲလို့မေးနေကြသူများ
နှင့် ဆရာဆရာမအားလုံးသိရှိစေရန်ဖော်ပြအပ်ပါသည်ခင်ဗျာ။

မိမိတိုက်လက်ရှိကျောင်းအဆင့်မှသည် ကျောင်းအဆင့်တိုးဆိုင်ရာ ၁ မှ ၇ သို့ သတ်မှတ်ချက်

ကျောင်းအဆင့်

(၁)အခြေခံပညာအထက်တန်းကျောင်း ဖြစ်ရန်အတွက်

အထက(ခွဲ) များတွင် အထက်တန်းဆင့်သင်ကျောင်းသား(၂၀၀)နှင့်အထက်ရှိ ရပါမည်။

(၂)အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဖြစ်ရန်အတွက်

အလယ်တန်းဆင့်သင်ကျောင်းသား(၃၀၀)နှင့်အထက်ရှိ ရပါမည်။

(၃)အခြေခံပညာအလယ်တန်းကျောင်း ဖြစ်ရန်အတွက်

အလက ခွဲကျောင်းများတွင် အလယ်တန်းအဆင့် သင်ကျောင်းသားများသည် (၂၄၀)နှင့်အထက်ရှိရပါမည်။

(၄)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဖြစ်ရန်အတွက်

မူလွန် ကျောင်းများတွင် အလယ်တန်းဆင့် ကျောင်းသား(၂၀၀)နှင့်အထက်ရှိ
ရပါမည်။

(၅)အခြေခံပညာမူလတန်းလွန်ကျောင်း ဖြစ်ရန်အတွက်

မူလတန်းဆင့်သင်ကျောင်းသား (၂၅၀)နှင့်အထက်ရှိ ရပါမည်။

(၆)အခြေခံပညာမူလတန်းကျောင်း ဖြစ်ရန်အတွက်

မူလတန်းဆင့်သင် ကျောင်းသားဦးရေသည် ၁၀၀နှင့်အထက်ရှိရပါမည်။

(၇)အခြေခံပညာမူလတန်းကျောင်း(ခွဲ) ဖြစ်ရန်အတွက်

ကိုယ့်အားကိုယ်ကိုးကျောင်းများတွင် မူလတန်းဆင့်သင် ကျောင်းသားဦးရေသည် ၅၅ မှ ၁၀၀ အထိရှိရပါမည်။

နောက်ထပ် ဖြေလျှော့ထားသည့် – မူ ” များကတော့.....

ဦးရေမပြည့်မီသော်လည်း ကျောင်းအဆင့်များတိုးပေးထားတာများလည်းရှိပါတယ်....ဘာကြောင့်လဲဆိုရင်

(၁) အခြေခံပညာအထက်တန်းကျောင်းသို့ အဆင့်တိုးမြှင့်ပေးနိုင်ရန် ကျောင်းသားဦးရေ ပြည့်မီ မှသာကျောင်းအဆင့်တိုးရန် (သို့မဟုတ်) လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသများဖြစ်ပါ က ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် (၁၀)မိုင်အထက် ကွာဝေးခြင်း။

(၂) အထက(ခွဲ)၊ အလက၊ အလက(ခွဲ)၊ မူလွန်၊ အမက၊ အမက(ခွဲ)ကျောင်းများသို့ အဆင့်တိုးမြှင့် ပေးနိုင်ရန် သတ်မှတ်ကျောင်းသားဦးရေ မပြည့်မီသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲ သောဒေသများ၊ သဘာဝဘေးအန္တရာယ် အတားအဆီးရှိသော ဒေသများဖြစ်ပါက ပင်ကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့်(၂)မိုင်အထက် ကွာဝေးခြင်း၊ သွားလာရေးလွယ်ကူသော မြေပြန့်ဒေသ ဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် (၃)မိုင်အထက်ကွာဝေးခြင်း ကြောင့်ပဲဖြစ်ပါတယ်။

ကျောင်းအဆင့်တိုးများလျှောက်ထားချင်ပါက....သက်ဆိုင်ရာမြို့နယ်ပညာရေးမှူး၏ အကြံပေးချက်....လိုအပ်သည့်များအတွက်မှာကြားချက်များကိုလိုက်နာဆောင်ရွက်၍...လုပ်ကိုင်ကြပါခင်ဗျာ။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
❤1