Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို
26.8.2024 ရက်နေ့တွင် မိမိဖြေဆိုခဲ့သည့် စာစစ်ဌာန အထက်တန်းကျောင်းများတွင် စတင်ထုတ်ယူနိူင်ပြီ ဖြစ်ပါတယ်။ ( အချို့ဒေသများတွက် အခက်အခဲများကြောင့် နောက်ကျနိုင်ပါတယ်။)

ဝင်ခွင့်လျှောက်ထားသူများအနေဖြင့်

လမ်းညွှန်စာအုပ်ကို သေခြာဖတ်ရှု့ပြီးမှ လျှောက်လွှာဖြည့်ပါ။

နေ့သင်တန်း (Day) တက်ရောက်လိုသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် အပိုင်း (က)ကို အဓိကထား၍ ဖတ်ရှု့ပါ။
( မရှင်းလင်းသော ကစ္စရပ်များရှိပါက သက်ဆိုင်ရာတက္ကသိုလ်များ၏ ဖော်ပြပါ ဖုန်းနံပါတ်အတိုင်း အကူအညီတောင်းခံနိုင်ပါတယ်။)

အဝေးသင် တက်ရောက်လိုသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် အပိုင်း (ခ) ကို အဓိက ထား၍ ဖတ်ရှု့ပါ။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ ထုတ်ယူရာတွင် အခက်အခဲတစုံတရာ ရှိပါက
အဆင့်မြင့်ပညာဦးစီးဌာန
၀၁၇-၅၀၃၁၄၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိူင်ကြောင်း သိရှိရပါသည် ။
❤1
2024 ခုနှစ်အောင် ဆေးတက္ကသိုလ်ဝင်ခွင့်
သတ်မှတ်ချက် လမ်းညွှန်
ပညာရေးဒီဂရီကောလိပ် လျှောက်ထားသူများသည်
သင်တန်းရွေးချယ်မှု ကတ်ပြားရှိ နေ့သင်တန်း ဇယားကွက်တွင် ဖြည့်စွက်လျှောက်ထားရမည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အပြည့်အစုံဖော်ပြ၍ မိတ္ထူကို တစ်ပါးတည်း ထည့်ပေးရမည်။ (လျှောက်ထားဆဲဖြစ်ပါက အမှန်တကယ်လျှောက်ထားဆဲဖြစ်ကြောင်း (လ.ဝ.က) ထောက်ခံစာ ပူးတွဲတင်ပေးရမည်။

အမှတ်ကန့်သတ်ချက် ဖော်ပြထားခြင်း မရှိပါ။

လူတွေ့ နှုတ်ဖြေ စစ်ဆေးခြင်းကို အောင်မြင်သူများသာ တက်ရောက်ခွင့်ရှိသည်။

ပညာရေးဒီဂရီကောလိပ် (၂၅) ကျောင်းတွင် ကျောင်းအလိုက်ဝင်ဆံ့ ဦးရေအရ လက်ခံမည်။
စနစ်ဟောင်း နဝမတန်း (Grade-10) အောင်မြင်ပြီး အကြောင်း အမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို ခြင်းမရှိခဲ့သူများ၊ စနစ်ဟောင်း ဒသမတန်း (Grade 11) တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးသူများနှင့် စနစ်သစ် ဒွါဒသမတန်း (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ်
၂၀၂၅-ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်ပြု မည်ဖြစ်ပြီး ဘာသာတွဲ (၃)ခုဖြစ်သော STEAMS-1, STEAMS-2, STAMS တို့အနက်မှ ဘာသာတွဲ (၁)ခုကို ရွေးချယ်ဖြေဆိုရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ၂၀၂၅-ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်ရန်ကြေညာချက်တွင်ထည့်သွင်းကြေညာ

-------------------------------------------------------------------------

၁။ ၂၀၂၅-ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်ရန်
အောက်ပါအတိုင်း ကြေညာအပ်ပါသည်။

၂။ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတစ်စောင်လျှင် (၂ဝဝိ/-) နှင့် စာမေးပွဲဝင်ကြေးအတွက် (၇ဝဝိ/-)တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာနငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလ ( ၁ ) ရက်နေ့မှ
စတင်၍ ရောင်းချပေးမည်ဖြစ်ပါသည်။

၃။ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်သွင်းရာ၌ STEAMS (1), (2)ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် းကောင်း၊ ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ STAMS ဖြေဆိုမည့်သူများအတွက်
ပန်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားပါသည်။

၄။ စနစ်ဟောင်း နဝမတန်း (Grade-10) အောင်မြင်ပြီး အကြောင်း အမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို ခြင်းမရှိခဲ့သူများ၊ စနစ်ဟောင်း ဒသမတန်း (Grade 11) တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးသူများနှင့် စနစ်သစ် ဒွါဒသမတန်း (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြု မည်ဖြစ်ပြီး ဘာသာတွဲ (၃)ခုဖြစ်သော STEAMS-1, STEAMS-2, STAMS တို့အနက်မှ ဘာသာတွဲ (၁)ခုကို ရွေးချယ်ဖြေဆိုရမည် ဖြစ်ပါ သည်။

၅။ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေး ငွေကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး အတက် အတွက် ၇၀ဝိ/-ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့် လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍၊ မိမိတို့ အမှန်တကယ် နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ မှ စက်တင်ဘာလ ( ၃၀ )ရက်နေ့အတွင်း တင်သွင်းကြရမည် ဖြစ်ပါသည်။

၆။ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက် ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသားကျောင်းသူများ၏ စာမေးပွဲ ဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ၇၀ဝိ/-ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး၊ လျှောက်လွှာ တစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ ၂၀၂၄-ခုနှစ်စက်တင်ဘာလ (၁)ရက်နေ့မှ စက်တင်ဘာလ ( ၃၀ ) ရက်နေ့အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည်ဖြစ်ပါသည်။

၇။ သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်း မရှိသူ များသည် စာမေးပွဲဖြေဆိုခွင့်ရရှိကြမည်မဟုတ်ကြောင်းနှင့် စာဖြေသူ တင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ နှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲ တို့သို့ ပြောင်းလဲ ဖြေဆိုခွင့်ပြုမည်မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ-မရှိ သေချာစွာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက် ပေးပို့ကြရန်ဖြစ်ကြောင်း သတိပြုစေလိုပါသည်။

၈။ လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်နှင့် မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၁၂-ရပ်ကွက်၊ လှိုင် မြို့နယ်၊ ရန်ကုန်မြို့တွင် လာရောက်ဝယ်ယူနိုင်ပါသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
👍2🥰1
စနစ်သစ် Grade-12 အဆင့် တက္ကသိုလ်ဝင်စာမေးပွဲ (၂၀၂၄) အောင်လက်မှတ်များ၏ စစ်မှန်မှုကို အတည်ပြုစစ်ဆေးနိုင်ရန် အောင်လက်မှတ်များတွင် QR Code များထည့်သွင်း၍ ထုတ်ပေးလျက်ရှိပါသည်။ ယခုအချိန်မှ စတင်၍ အဆိုပါ QR Code များကို Scan ဖတ်၍ အောင်လက်မှတ်၏ စစ်မှန်မှုနှင့် အောင်လက်မှတ်ပါ အောက်ဖော်ပြပါ အချက်အလက်များ၏ မှန်ကန်မှုကို တိုက်ဆိုင်စစ်ဆေးနိုင်ပြီဖြစ်ပါသည်-
✅ လက်မှတ်အမှတ်
✅ အောင်မြင်ခုနှစ်
✅ ခုံနံပါတ်
✅ အမည်
✅ မွေးသက္ကရာဇ်
✅ အဖအမည်
✅ အမိအမည်
✅ ဘာသာတွဲ
✅ ဂုဏ်ထူးရဘာသာများ

👉 အောင်လက်မှတ်တွင် ပါသော QR Code ကို ဖတ်လိုက်လျင် verify.dme.gov.mm နှင့်အစပြုသော Website လိပ်စာတစ်ခုထွက်လာပါမည်။ ထိုလိပ်စာကို ဝင်ကြည့်ပါက ကျပန်းထုတ်ပေးသည့် ဂဏန်း ၆ လုံးနှင့် ထိုဂဏန်း ၆ လုံးကို ရိုက်ထည့်ရမည့် နေရာတွေ့ပါလိမ့်မည်။ အဆိုပါ ဂဏန်း ၆ လုံးကို ပြည့်စုံမှန်ကန်အောင် ဖြည့်စွက်၍ Submit ကို နှိပ်လိုက်သည်နှင့် အောင်လက်မှတ် အချက်အလက်များကို စစ်ဆေးကြည့်ရှုနိုင်ပါမည်။

🛑 အထူးဂရုပြုရန်မှာ အောင်လက်မှတ်၏ စစ်မှန်မှုကို စစ်ဆေးပေးသည့် Website သည် verify.dme.gov.mm ဟူ၍ မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်းများသာ မှတ်ပုံတင်အသုံးပြုနိုင်သော .gov.mm Domain လိပ်စာဖြင့် ထုတ်ပေးပါသည်။ 🛑

❌ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးသည့်အောင်လက်မှတ် မဟုတ်လျင် သို့မဟုတ် အတုဖြစ်လျင် QR သည် verify.dme.gov.mm နှင့် ချိတ်ဆက်၍ အလုပ်လုပ်မည် မဟုတ်ပါ။ သို့မဟုတ် veify.dme.gov.mm မဟုတ်သော အခြား Website တစ်ခုခုသို့ ရောက်သွားပါလိမ့်မည်။
❌ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပေးသည့် အောင်လက်မှတ် တစ်စောင်မှ QR ကို ပွားယူ၍ အတုလုပ်လျင် အောင်လက်မှတ်ပါ အချက်အလက်များနှင့် QR ကို Scan ဖတ်သည့်အခါ ထွက်လာမည့် မူရင်း အချက်အလက်များ တူမည်မဟုတ်ပါ။

✔️ အောင်လက်မှတ်ပါ အချက်အလက်များနှင့် QR Result ပါ အချက်အလက်များသည် တစ်ထပ်တည်း ဖြစ်ပါသည်။
👉 အကယ်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးလိုက်သည့် အောင်လက်မှတ် အစစ်အမှန်ဖြစ်သော်လည်း အောင်လက်မှတ်ပေါ်တွင်ဖော်ပြထားသည့် အချက်အလက်များနှင့် verify.dme.gov.mm တွင် ဖော်ပြထားသည့် အချက်အလက်များ ကွဲလွဲမှုရှိခဲ့ပါက ဤ Page Messenger သို့ဖြစ်စေ၊ qr@myanmarexam.org သို့ဖြစ်စေ ထုတ်ယူထားသည့် အောင်လက်မှတ် ဓါတ်ပုံပေးပို့၍ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
🔜ပို၍ ကောင်းမွန်သော ပညာရေးဆိုင်ရာ အများပြည်သူဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
❤1
သွေးလွန်တုပ်ကွေး သာမန်အဆင့် ကုသမှု
August 30, 2024 by ဝင်းမင်း
မပြင်းထန်တဲ့သွေးလွန်တုပ်ကွေး သာမန်အဆင့်အတွက် ဘယ်လို ကုသနိုင်ပြီး ဘာတွေ ရှောင်ကျဉ်သင့်ပါလဲ။
မပြင်းထန်တဲ့ သာမန်အဆင့် သွေးလွန်တုပ်ကွေးရောဂါကို အိမ်မှာပဲကုသနိုင်တဲ့နည်းလမ်းတွေရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပါတယ်။ သွေးလွန်တုပ်ကွေး မပြင်းထန်တဲ့အဆင့်ကို အိမ်မှာကုသနိုင်တာမှာ အဖျားကျဆေးတမျိုးဖြစ်တဲ့ ပါရာစီတမောပေးပြီး ရေနဲ့ဆားဓာတ်ဖြည့်ပေးသင့်ပါတယ်။ ဒါပေမဲ့ ပါရာစီတမော (Paracetamol) ကလွဲပြီး ကျန်တဲ့ ဖျားနာအကိုက်အခဲပါပျောက်ဆေးတွေတော့ မပေးသင့်ပါဘူး။ ဒီတခြားဆေးတွေဖြစ်တဲ့ Asprin (ဘာစပရို)၊ Diclofenac ၊ Ibuprofen တွေက သွေးကိုကျဲစေပြီး သွေးကို ပိုပြီး ယိုစေနိုင်လို့ပါ။ ဒါ့အပြင် ဓာတ်ဆားထုတ်ဝယ်ပြီးဖျော်တိုက်စရာလည်း မလိုဘဲ ရေများများသောက်ပြီး အစားအသောက်မှာ ဆားပိုထည့်၊ သကြားရောပေးခြင်းအားဖြင့်ချွေးထွက်မှုကနေ အရည်ဓာတ်ဆုံးရှုံးတာအတွက် ပြန်ဖြည့်ပေးနိုင်ပါတယ်။
သွေးလွန်တုပ်ကွေးမှာ လက္ခဏာမပြင်းထန်တဲ့ အခုလို သာမန်အဆင့်ကို အိမ်မှာကုသစဉ်၊ ပြင်းထန်နိုင်တဲ့အဆင့်အတွက်လည်း ကြိုသိထားသင့်ပါတယ်။ ဒီအတွက် ဇွန်လကုန်နဲ့ ဇူလိုင်လဆန်းတုန်းကပြောပြခဲ့တဲ့ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေ (ဖျားနာ၊ ကိုက်ခဲ၊ အော့အန်၊ အရည်ပြားအပိန့်ထွက်၊ နှာခေါင်းသွေးလျှံတာ) ကိုသိပြီး အန္တရာယ်လက္ခဏာ (ဗိုက်နာ၊ ဆက်တိုက်အန်၊ အဖျားကျချိန်မလန်းဘဲ နုံးချည့်၊ မှိန်းပြီးကယောင်ကတန်းဖြစ်တာ) စတဲ့ လက္ခဏာတွေပေါ်လာရင်တော့ ဆေးရုံပို့တာအပြင် ဒီအန္တရာယ်လက္ခဏာမရှိပေမဲ့ ဆေးရုံတင်ထားသင့်သူ (တနှစ်အောက်ကလေး၊ အဝလွန်သူ၊တခြားသွေးရောဂါရှိသူနဲ့ အမြန်ဆေးရုံတင်ဖို့အလှမ်းဝေး ခက်ခဲသူ) တွေကိုလည်း သိထားသင့်ပါတယ်။
တချို့ဒေသတွေမှာ ဖျားနာတဲ့အခါ လုပ်လေ့ရှိတတ်တဲ့လက်ထိပ်ဖောက်တာ၊ စအိုဝနားကိုဖောက်တာနဲ့ ဖန်ခွက်ကို မီးအပူပေးပြီး အရေပြားပေါ် ခြစ်တာတွေ မလုပ်သင့်ပါဘူး။ á€’ဍတွ္ကဟ္ဏငအ် ကလေးက နာကျင်ငိုယိုပြီး ချွေးထွက်တာကနေ ခေတ္တ အဖျားကျတာဖြစ်နိုင်ပေမဲ့ ဒီနည်းလမ်းတွေက တုပ်ကွေးရောဂါပျောက်ကျင်းသွားဖို့ မထိရောက်ပါဘူး။  
သွေးလွန်တုပ်ကွေး မပြင်းထန်တဲ့ သာမန်အဆင့်အတွက် အိမ်မှာကုရာမှာ မက်ကလောင်ဖောက် (အပ်နဲ့ဖောက်/အကြွေစေ့လိုသတ္တုပြားနဲ့ခြစ်) တာမျိုးတော့ မလုပ်သင့်ပါဘူး။ တချို့ဒေသတွေမှာ ဖျားနာတဲ့အခါ လုပ်လေ့ရှိတတ်တဲ့လက်ထိပ်ဖောက်တာ၊ စအိုဝနားကိုဖောက်တာနဲ့ ဖန်ခွက်ကို မီးအပူပေးပြီး အရေပြားပေါ် ခြစ်တာတွေ မလုပ်သင့်ပါဘူး။ ဒါတွေကြောင့် ကလေးက နာကျင်ငိုယိုပြီး ချွေးထွက်တာကနေ ခေတ္တ အဖျားကျတာဖြစ်နိုင်ပေမဲ့ ဒီနည်းလမ်းတွေက တုပ်ကွေးရောဂါပျောက်ကျင်းသွားဖို့ မထိရောက်ပါဘူး။ ဒါ့အပြင် အခုလို ဖောက်ခြစ်တာကြောင့် ပိုသွေးယိုတာ၊ ပိုးဝင်သွေးဆိပ်တက်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အဆင့် ရောက်တာအထိဖြစ်နိုင်ပါတယ်။ အခုလို ကူးစက်ရောဂါတွေ ပိုကူးစက်နိုင်တာမို့ ပိုသတိထားကာကွယ်သင့်ပါတယ်။ ဒီဒေသတွေမှာ သွေးလွန်တုပ်ကွေးအပြင် သာမန်တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှော၊ အရေပြားရောဂါတွေလည်း အလွယ်တကူ ကူးစက်နိုင်တာမို့ ကြိုတင်ကာကွယ်ထားသင့်ပါတယ်။ ဒါပေမဲ့မိုးကြီး ရေကြီးချိန်တွေမှာတော့၊ သွေးလွန်တုပ်ကွေးခြင်ဖြစ်လာမဲ့ ပိုးလောက်လန်းတွေဟာ ရေစီးနဲ့အတူမျောပါသွားတတ်တာမို့ သွေးလွန်တုပ်ကွေးဖြစ်တာ လျော့ကျသွားနိုင်ပါတယ်။
ဒီအကြောင်း ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခဒေါက်တာစောဝင်းကို ကိုဝင်းမင်းက မေးထားပါတယ်။
👍4
This media is not supported in your browser
VIEW IN TELEGRAM
ဒါမျိုးဂဏန်းတွက်စက်နဲ့ဆို ဖုန်းလိုင်းဖြတ်စက်တွေတောင် စာမေးပွဲခန်းမှာထားရတော့မလိုပါပဲ။

🧠 A tech blogger integrated ChatGPT and the internet into an old calculator

The principle is simple: you input a text prompt, and the neural network provides a solution algorithm and the answer.

The guy has big plans: in addition to adding a Wi-Fi module, he wants to include a camera for AI scanning of problems and a program for email and chats.
👍12