Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
.

☯️


ဗုဒ္ဓဘာသာဝင်တွေ ရဲ့ အဓိက
အားနည်းချက်က ...

သူ့အကုသိုလ်နဲ့ သူသွားလိမ့်မယ်...
ဝင်မပြောနဲ့

ဝင်မလုပ်နဲ့ ဝင်မပါနဲ့ ဆိုတာပဲ...

ကိုယ့်ကို အမှုပတ်မှာ စိုးလို့
ခေါင်းရှောင်ပြီး ပြောတဲ့ စကားပဲ ဖြစ်ပါလိမ့်မယ် ။

မြတ်စွာဘုရားသာ အဲဒီစိတ်မျိုးနဲ့
သူ့အကုသိုလ်နဲ့ သူသွားလိမ့်မယ် ....

ဝင်မပြောနဲ့ ...
ဝင်မလုပ်နဲ့ ၊ ဝင်မပါနဲ့ ဆိုတဲ့ စိတ်ရှိရင်

ဗောဓိပင် နှင့် ရွှေပုလ္လင် ကို
အောင်တော်မူပြီးထဲက
ပရိနိဗ္ဗာန် တန်းဝင်လို့ ရပါပြီ ။

သူများကိစ္စ စိတ်မဝင်စားရင်
ဘယ်သူ့ကိုမှ သံသရာက ကျွတ်အောင်
အပင်ပန်းခံ
လိုက်ပြီး မကယ်ချွတ်သလို ၊
သာသနာဆိုတာကိုလည်း
တည်ထောင်ခဲ့စရာ
အကြောင်းကို မရှိပါ ။

တကယ်တော့ ကိုယ့်ရှေ့မှာ
မတရားမှု လုပ်နေတာကို မြင်လျှက်နဲ့

သူ့အကုသိုလ်နဲ့ သူသွားလိမ့်မယ် ဆိုတာဟာ
မကောင်းမှု့ကို အားပေးခြင်းသာ ဖြစ်ပါတယ် ။

မတရားမှုမှာ ကိုယ်မပတ်သက်တိုင်း
ကိုယ်ဟာ တရားသောသူ မဟုတ်ပါ ။

မတရားမှုကို ရှုံ့ချနိုင်မှ ၊ တားမြစ်နိုင်မှ
ကိုယ်ဟာ တရားသောသူ

တရားမှုကို ချစ်မြတ်နိုးသူ
ဗုဒ္ဓအလိုကျ ကျင့်ကြံနိုင်သောသူ ဖြစ်မှာပါ။

crd

#ပါချုပ်ဆရာတော်ဘုရားကြီး

🙏🙏🙏
❤8👍1
တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင်
(၁) သင်တန်းရွေးချယ်မှုကတ်ပြား
(၂) တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ
(၃) တက္ကသိုလ်ကျောင်းသားအဖြစ် မှတ်ပုံတင်ခွင့်လျှောက်လွှာ (၂)စုံ
(၄) တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းမူရင်း
(၅) သက်ဆိုင်ရာကျောင်းအုပ်ကြီးများက ထုတ်ပေးသော အရည်အချင်း မှတ်တမ်းချုပ်ရမှတ်အဆင့်
(၆) နိုင်ငံသားစီစစ်ရေးကတ်ပြား ( မှတ်ပုံတင် )မိတ္ထူ

စသည်တို့ စုံ/မစုံ သေခြာစိစစ်ပြီး ထုတ်ဝေထားသော စာအိတ်တွင် ထည့်ပြီး သတ်မှတ်ထားသော တက္ကသိုလ်များသို့ စတင်ဘာလ (၁၂) ရက်နေ့ထိ ပိတ်ရက်မရှိ လူကိုယ်တိုင်ဖြစ်စေ ကိုယ်စားဖြစ်စေ သွားရောက် လျှောက်လွှာ တင်နိုင်ပါတယ်။

လျှောက်လွှာလက်ခံသည့် ဌာနမှ ပြန်လည်စိစစ်ပေးပါမယ်။ မရှင်းတာ ၊ နာမလည်တာ ၊ မဖြည့်တတ်တာ ရှိရင်လည်း ကူညီဆောင်ရွက်ပေးပါတယ်။
ဒါကြောင့်လျှောက်ထားသူများအနေဖြင့် မိမိဖြည့်သွင်းတာ မသေခြာရင် စာအိတ်ကို မပိတ်သွားဖို့ အကြံပြုပါရစေ။

(သတ်မှတ်ရက် ကျော်လွန်သည့်လျှောက်လွှာများအနေဖြင့် စာအိတ်ပါ လိပ်စာအတိုင်း စာတိုက်မှ ဖြစ်စေ ကိုယ်တိုင်ဖြစ်စေ လျှောက်ထားနိုင်ပါတယ်။)
👍2
၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း
အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ၊
ရုံးများ၏ ပိတ်ရက်များ ကြေညာခြင်း
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို
26.8.2024 ရက်နေ့တွင် မိမိဖြေဆိုခဲ့သည့် စာစစ်ဌာန အထက်တန်းကျောင်းများတွင် စတင်ထုတ်ယူနိူင်ပြီ ဖြစ်ပါတယ်။ ( အချို့ဒေသများတွက် အခက်အခဲများကြောင့် နောက်ကျနိုင်ပါတယ်။)

ဝင်ခွင့်လျှောက်ထားသူများအနေဖြင့်

လမ်းညွှန်စာအုပ်ကို သေခြာဖတ်ရှု့ပြီးမှ လျှောက်လွှာဖြည့်ပါ။

နေ့သင်တန်း (Day) တက်ရောက်လိုသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် အပိုင်း (က)ကို အဓိကထား၍ ဖတ်ရှု့ပါ။
( မရှင်းလင်းသော ကစ္စရပ်များရှိပါက သက်ဆိုင်ရာတက္ကသိုလ်များ၏ ဖော်ပြပါ ဖုန်းနံပါတ်အတိုင်း အကူအညီတောင်းခံနိုင်ပါတယ်။)

အဝေးသင် တက်ရောက်လိုသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် အပိုင်း (ခ) ကို အဓိက ထား၍ ဖတ်ရှု့ပါ။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ ထုတ်ယူရာတွင် အခက်အခဲတစုံတရာ ရှိပါက
အဆင့်မြင့်ပညာဦးစီးဌာန
၀၁၇-၅၀၃၁၄၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိူင်ကြောင်း သိရှိရပါသည် ။
❤1
2024 ခုနှစ်အောင် ဆေးတက္ကသိုလ်ဝင်ခွင့်
သတ်မှတ်ချက် လမ်းညွှန်
ပညာရေးဒီဂရီကောလိပ် လျှောက်ထားသူများသည်
သင်တန်းရွေးချယ်မှု ကတ်ပြားရှိ နေ့သင်တန်း ဇယားကွက်တွင် ဖြည့်စွက်လျှောက်ထားရမည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အပြည့်အစုံဖော်ပြ၍ မိတ္ထူကို တစ်ပါးတည်း ထည့်ပေးရမည်။ (လျှောက်ထားဆဲဖြစ်ပါက အမှန်တကယ်လျှောက်ထားဆဲဖြစ်ကြောင်း (လ.ဝ.က) ထောက်ခံစာ ပူးတွဲတင်ပေးရမည်။

အမှတ်ကန့်သတ်ချက် ဖော်ပြထားခြင်း မရှိပါ။

လူတွေ့ နှုတ်ဖြေ စစ်ဆေးခြင်းကို အောင်မြင်သူများသာ တက်ရောက်ခွင့်ရှိသည်။

ပညာရေးဒီဂရီကောလိပ် (၂၅) ကျောင်းတွင် ကျောင်းအလိုက်ဝင်ဆံ့ ဦးရေအရ လက်ခံမည်။
စနစ်ဟောင်း နဝမတန်း (Grade-10) အောင်မြင်ပြီး အကြောင်း အမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို ခြင်းမရှိခဲ့သူများ၊ စနစ်ဟောင်း ဒသမတန်း (Grade 11) တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးသူများနှင့် စနစ်သစ် ဒွါဒသမတန်း (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ်
၂၀၂၅-ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်ပြု မည်ဖြစ်ပြီး ဘာသာတွဲ (၃)ခုဖြစ်သော STEAMS-1, STEAMS-2, STAMS တို့အနက်မှ ဘာသာတွဲ (၁)ခုကို ရွေးချယ်ဖြေဆိုရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ၂၀၂၅-ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်ရန်ကြေညာချက်တွင်ထည့်သွင်းကြေညာ

-------------------------------------------------------------------------

၁။ ၂၀၂၅-ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်ရန်
အောက်ပါအတိုင်း ကြေညာအပ်ပါသည်။

၂။ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတစ်စောင်လျှင် (၂ဝဝိ/-) နှင့် စာမေးပွဲဝင်ကြေးအတွက် (၇ဝဝိ/-)တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာနငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလ ( ၁ ) ရက်နေ့မှ
စတင်၍ ရောင်းချပေးမည်ဖြစ်ပါသည်။

၃။ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်သွင်းရာ၌ STEAMS (1), (2)ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် းကောင်း၊ ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ STAMS ဖြေဆိုမည့်သူများအတွက်
ပန်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားပါသည်။

၄။ စနစ်ဟောင်း နဝမတန်း (Grade-10) အောင်မြင်ပြီး အကြောင်း အမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို ခြင်းမရှိခဲ့သူများ၊ စနစ်ဟောင်း ဒသမတန်း (Grade 11) တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးသူများနှင့် စနစ်သစ် ဒွါဒသမတန်း (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြု မည်ဖြစ်ပြီး ဘာသာတွဲ (၃)ခုဖြစ်သော STEAMS-1, STEAMS-2, STAMS တို့အနက်မှ ဘာသာတွဲ (၁)ခုကို ရွေးချယ်ဖြေဆိုရမည် ဖြစ်ပါ သည်။

၅။ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေး ငွေကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး အတက် အတွက် ၇၀ဝိ/-ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့် လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍၊ မိမိတို့ အမှန်တကယ် နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ မှ စက်တင်ဘာလ ( ၃၀ )ရက်နေ့အတွင်း တင်သွင်းကြရမည် ဖြစ်ပါသည်။

၆။ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက် ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသားကျောင်းသူများ၏ စာမေးပွဲ ဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ၇၀ဝိ/-ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး၊ လျှောက်လွှာ တစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ ၂၀၂၄-ခုနှစ်စက်တင်ဘာလ (၁)ရက်နေ့မှ စက်တင်ဘာလ ( ၃၀ ) ရက်နေ့အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည်ဖြစ်ပါသည်။

၇။ သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်း မရှိသူ များသည် စာမေးပွဲဖြေဆိုခွင့်ရရှိကြမည်မဟုတ်ကြောင်းနှင့် စာဖြေသူ တင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ နှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲ တို့သို့ ပြောင်းလဲ ဖြေဆိုခွင့်ပြုမည်မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ-မရှိ သေချာစွာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက် ပေးပို့ကြရန်ဖြစ်ကြောင်း သတိပြုစေလိုပါသည်။

၈။ လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်နှင့် မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၁၂-ရပ်ကွက်၊ လှိုင် မြို့နယ်၊ ရန်ကုန်မြို့တွင် လာရောက်ဝယ်ယူနိုင်ပါသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
👍2🥰1