Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် မိမိတို့ စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်ကို ဩဂုတ်လ(၂၆)ရက် (တနင်္လာနေ့) မှစ၍ ကိုယ်တိုင်ထုတ်ယူကြရမည်ဖြစ်သည်ဟု အဆင်မြင့်ပညာဦးစီးဌာနက ကြေညာသည်။

အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ အိတ်ကို ဩဂုတ်လ (၂၆) ရက်မှ စက်တင်ဘာလ (၁၂) ရက်ထိ။
သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁၇-၅၀၃၁၄၇
👍4
"ဖ"နဲ့ "ဘ"

အရပ်မျက်နှာ၊ တည်နေရာ၊
သူ၊ ငါ၊ ကျားမ၊ အာဒိစ
ရေးပါ "ဘကုန်း(ဘ)"နဲ့။

ကြိယာဖက်၊ အပေါ်ဖက်၊
ယှဉ်လျက်သင်္ချာ ရေတွက်ခါ
ရေးပါ ဦးထုပ်"ဖ"နဲ့။

ရဲဘော်ရဲဘက် မျှသာဘက် ခြွင်းချက်ထားကုန်လတ်။

ဆရာကြီးတစ်ဦးရဲ့ဒီစာလေးနဲ့ သင်ပါတယ်ခင်ဗျာ။

Crd
👍10
စနစ်သစ် သင်ရိုး အထက်တန်းဆင့် တွင် ပါဝင်သော ဘာသာတွဲ (၄) တွဲ

(၁) STEAMS-1( Science, Technology , Engineering , Art , Mathematics, Sports-1)
မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ဓာတု ၊ ရူပ ၊ ဇီဝ ၊ လူမှုရေးသိပ္ပံဘာသာ

(၂) STEAMS-2 ( Science,Technology , Engineering , Arts , Mathematics , Sports-2)
မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ဓာတု ၊ ရူပ ၊ ဘောဂ ၊ ပထဝီနှင့်သမိုင်းပေါင်းစပ်ဘာသာ

(၃) STAMS-1 (Social Science, Technology, Art , Mathematics, Sports-1)
မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ပထဝီ ၊ သမိုင်း ၊ ဘောဂ နှင့် ၊ သိပ္ပံဘာသာ

(၄) STAMS-2 ( Social Science, Technology, Art , Mathematics, Soprts-2)
မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ စိတ်ကြိုက်မြန်မာစာ ၊ ဘောဂ ၊ပထဝီနှင့်သမိုင်းပေါင်းစပ်ဘာသာ နှင့် သိပ္ပံဘာသာရပ်။
👍3
မျောက်ကျောက်ရောဂါအကြောင်း
အာဆီယံဒေသတွင်းအထိ ရောက်ရှိလာပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်လာသော မျောက်ကျောက်ရောဂါ

ရန်ကုန်| ဩဂုတ် ၂၃

မျောက်ကျောက်ရောဂါ -Mpox (monkeypox) ကူးစက်မှုဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံအတွင်း ရောက်ရှိလာပြီလို့ ထိုင်းသတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

မျောက်ကျောက်ရောဂါ -Mpox (monkeypox)ဟာ လက်တလော ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO)ရဲ့ ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ကြေညာခံထားရတဲ့ ကူးစက်ရောဂါပိုးဖြစ်ပြီး မြန်မာနိုင်ငံအတွင်းကိုလည်း ကူးစက်လာနိုင်တဲ့ အလားအလာတွေရှိနေလို့ သတိပြုဆင်ခြင်ရမယ့် အခြေအနေဖြစ်ပါတယ်။

ဒီရောဂါဟာ ၁၉၅၈ ခုနှစ်က သုတေသနပြုလုပ်ဖို့ သိမ်းဆည်းထားတဲ့ မျောက်အုပ်စုတွေမှာ ပထမဆုံးတွေ့ရှိခဲ့လို့ မျောက်ကျောက်ရောဂါ-Mpox (monkeypox) လို့ နာမည်တပ်ခဲ့က ၁၉၇၀ ပြည့်နှစ်တွေမှာ လူသားတွေထံ ကူးစက်လာတာကို စတင်တွေ့ရှိခဲ့ပါတယ်။

ဒီရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးဟာ တိရိစ္ဆာန်တွေကတဆင့် ကူးစက်တာအပြင် လူအချင်းချင်းလည်း ကူးစက်ပြန့်ပွားစေလို့ WHOက အခုအချိန်မှာ ကူးစက်မှု အရေးပေါ်အခြေအနေ‌ကြေညာထားတာ ဖြစ်ပါတယ်။

သတိပြုရမယ့် မျောက်ကျောက် ရောဂါလက္ခဏာတွေကတော့ ဖျားတာ၊ ခေါင်းအရမ်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ခါးနာတာ၊ အားအင်ကုန်ခမ်းတာ၊ ပြန်ရည်အိပ် (Lymph node) တွေရောင်ရမ်းတာနဲ့ အရေပြားပေါ်မှာ အနီကွက် (သို့) အဖုအပိန့်တွေ၊ အရည်ကြည်ဖုတွေထွက်တာတို့ဘဲဖြစ်ပါတယ်။

လက္ခဏာတွေထဲကတခုဖြစ်တဲ့ အနီကွက်တွေကို စတင်ဖျားပြီး တစ်ရက်ကနေ သုံးရက်အတွင်း အ‌ရေပြားပေါ်မှာ တွေ့ရပြီးနောက် အဖုအပိန့်တွေ၊ အရည်ကြည် (သို့) အဝါရောင်အရည်တွေပြည့်နေတဲ့ အရည်ကြည်ဖု၊ ပြည်ဖု အနေ အထားတွေနဲ့ တွေ့လာရတတ်ပါတယ်။ ဒီအရည်ကြည်ဖုတွေဟာ နောက်ပိုင်း ပေါက်ထွက်ပြီး ခြောက်သွေ့ကာ အနာဖေးအနေနဲ့ ကွာကျသွားပါတယ်။

လူနာတစ်ယောက်စီမှာ အဖုအပိန့်တွေကို အရေအတွက် အနည်းငယ်ကနေ ထောင်ပေါင်းများစွာအထိ တွေ့ရတတ်ပြီး အဖုအပိန့်အများစုကို မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါး၊ ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နဲ့ မျက်စိတွေမှာ တွေ့ရတတ်ပါတယ်။

မျောက်ကျောက်ရောဂါကြောင့် သေဆုံးနိုင်သလားဆိုရင်တော့ လူနာအများစုက ရက်သတ္တပါတ်အနည်းငယ်အတွင်း ရောဂါလက္ခဏာတွေ ပျောက်ကင်းသွားနိုင်သလို လူတစ်ချို့မှာတော့ နောက်ဆက်တွဲ ရောဂါဆိုးကျိုးတွေဖြစ်ပွားပြီး သေဆုံးတဲ့အထိလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ကတော့ အရေပြားမှာ အနာဖြစ်တာ၊ အဆုတ်ရောင်တာ၊ စိတ် ကယောင်ခြောက်ခြားဖြစ်တာနဲ့ မျက်လုံးကို ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။

မျောက်ကျောက် ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေရဲ့ သတင်းအချက်အလက်ပေးပို့မှုတွေအရ လူနာ ၃ရာခိုင်နှုန်းကနေ ၆ရာခိုင်နှုန်းအထိ သေဆုံးခဲ့ပြီး ရောဂါအခံရှိသူတွေနဲ့ ကလေးငယ်တွေ အများစုသေဆုံးတယ်လို့ WHOက ဆိုပါတယ်။

ဒီအချက်အလက်တွေက ရောဂါဖြစ်ပွားမှုများတဲ့ နိုင်ငံတွေရဲ့ ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့စနစ်လိုအပ်ချက် အကန့်အသတ်ကြောင့် ပိုမိုတွက်ချက်ခန့်မှန်းထားတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီရောဂါကူးစက်ပုံက ရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေကို ကိုင်တွယ်ထိတွေ့လို့ လူကို ကူးစက်စေသလို ရောဂါလက္ခဏာခံစားနေရတဲ့ လူအချင်းချင်း အနီးကပ် ကိုင်တွယ်ထိတွေ့ထိတာကနေလည်း ရောဂါကူးစက်ခံရနိုင်ပါတယ်။

မျောက်ကျောက်ရောဂါဖြစ်နေတဲ့ လူတဦးဟာ ရောဂါလက္ခဏာခံစားနေရချိန် ၂ပါတ်ကနေ ၄ ပတ်( ၁လ)အတွင်း တခြားသူကို ကူးစက်စေနိုင်ပါတယ်။

ဒါ့အပြင် ရောဂါလက္ခဏာခံစားနေရသူကို အနီးကပ် ကိုင်တွယ်ထိတွေ့ခြင်းကလည်း ရောဂါကူးစက်ခံရနိုင်ပါတယ်။ အထူးသဖြင့် လူနာရဲ့ အနီကွက်တွေ၊ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေ (အရည်ပြား အဖုအပိန့်က ထွက်တဲ့အရည်၊ ပြည် ၊ သွေး) နဲ့ အနာဖေးတွေက တဆင့် ကူးစက်စေသလို ရောဂါဖြစ်ပွားသူ ကိုင်တွယ်ထိတွေ့ပြီးတဲ့ ဗိုင်းရပ်စ်ကပ်ညိနေသော အဝတ်အစား၊ အိမ်ယာခင်း၊ မျက်နှာသုတ်ပါဝါ ၊ စားသောက်ရာမှာ သုံးတဲ့ပစ္စည်းတွေ၊ ပန်းကန်တွေကို ကိုင်တွယ်ထိတွေ့ခြင်းကနေလည်း တစ်ဆင့်ကူးစက်စေပါတယ်။

ထူးခြားတာက ကျောက်ကြီးရောဂါကာကွယ်ဆေး ထိုးထားသူတွေဟာ မျောက်ကျောက်ရောဂါဖြစ်ပွားတာကနေ တစိတ်တပိုင်းကာကွယ်မှုရရှိနိုင်တယ်လို့ WHOက ဆိုပါတယ်။

ကျောက်ကြီးရောဂါပပျောက်သွားတဲ့ ၁၉၈၀ ခုနှစ် နောက်ပိုင်း ကျောက်ကြီးရောဂါကာကွယ်ဆေးထိုး လုပ်ငန်းရပ်နားထားခဲ့လို့ ငယ်ရွယ်သူတွေက ကျောက်ကြီးရောဂါ ကာကွယ်ဆေး မထိုးနှံခဲ့ရတဲ့အတွက် လူငယ်တွေ ပိုသတိထားသင့်တယ်လို့လည်း WHOက သတိပေးထားပါတယ်။

ကျောက်ကြီးရောဂါ (smallpox) ကာကွယ်ဆေးတော်တော်များများက မျောက်ကျောက်ရောဂါ ကူးစက်မှုကနေ တစ်စိတ်တစ်ဒေသကာကွယ်မှု ပေးနိုင်ပါတယ်။

ကျောက်ကြီးရောဂါကာကွယ်ဆေး ဆေးအသစ်တစ်မျိုး ဖြစ်တဲ့ MVA-BN၊ Imvamune၊ Imvanex of Jyynneo က မျောက်ကျောက်ရောဂါ ကူးစက်တာကာကွယ်ဖို့ ၂၀၁၉ ခုနှစ်မှာ ခွင့်ပြုချက်ရရှိထားပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးဘူးလို့ သိရပါတယ်။
👍8❤1🥰1
.

☯️


ဗုဒ္ဓဘာသာဝင်တွေ ရဲ့ အဓိက
အားနည်းချက်က ...

သူ့အကုသိုလ်နဲ့ သူသွားလိမ့်မယ်...
ဝင်မပြောနဲ့

ဝင်မလုပ်နဲ့ ဝင်မပါနဲ့ ဆိုတာပဲ...

ကိုယ့်ကို အမှုပတ်မှာ စိုးလို့
ခေါင်းရှောင်ပြီး ပြောတဲ့ စကားပဲ ဖြစ်ပါလိမ့်မယ် ။

မြတ်စွာဘုရားသာ အဲဒီစိတ်မျိုးနဲ့
သူ့အကုသိုလ်နဲ့ သူသွားလိမ့်မယ် ....

ဝင်မပြောနဲ့ ...
ဝင်မလုပ်နဲ့ ၊ ဝင်မပါနဲ့ ဆိုတဲ့ စိတ်ရှိရင်

ဗောဓိပင် နှင့် ရွှေပုလ္လင် ကို
အောင်တော်မူပြီးထဲက
ပရိနိဗ္ဗာန် တန်းဝင်လို့ ရပါပြီ ။

သူများကိစ္စ စိတ်မဝင်စားရင်
ဘယ်သူ့ကိုမှ သံသရာက ကျွတ်အောင်
အပင်ပန်းခံ
လိုက်ပြီး မကယ်ချွတ်သလို ၊
သာသနာဆိုတာကိုလည်း
တည်ထောင်ခဲ့စရာ
အကြောင်းကို မရှိပါ ။

တကယ်တော့ ကိုယ့်ရှေ့မှာ
မတရားမှု လုပ်နေတာကို မြင်လျှက်နဲ့

သူ့အကုသိုလ်နဲ့ သူသွားလိမ့်မယ် ဆိုတာဟာ
မကောင်းမှု့ကို အားပေးခြင်းသာ ဖြစ်ပါတယ် ။

မတရားမှုမှာ ကိုယ်မပတ်သက်တိုင်း
ကိုယ်ဟာ တရားသောသူ မဟုတ်ပါ ။

မတရားမှုကို ရှုံ့ချနိုင်မှ ၊ တားမြစ်နိုင်မှ
ကိုယ်ဟာ တရားသောသူ

တရားမှုကို ချစ်မြတ်နိုးသူ
ဗုဒ္ဓအလိုကျ ကျင့်ကြံနိုင်သောသူ ဖြစ်မှာပါ။

crd

#ပါချုပ်ဆရာတော်ဘုရားကြီး

🙏🙏🙏
❤8👍1
တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင်
(၁) သင်တန်းရွေးချယ်မှုကတ်ပြား
(၂) တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ
(၃) တက္ကသိုလ်ကျောင်းသားအဖြစ် မှတ်ပုံတင်ခွင့်လျှောက်လွှာ (၂)စုံ
(၄) တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းမူရင်း
(၅) သက်ဆိုင်ရာကျောင်းအုပ်ကြီးများက ထုတ်ပေးသော အရည်အချင်း မှတ်တမ်းချုပ်ရမှတ်အဆင့်
(၆) နိုင်ငံသားစီစစ်ရေးကတ်ပြား ( မှတ်ပုံတင် )မိတ္ထူ

စသည်တို့ စုံ/မစုံ သေခြာစိစစ်ပြီး ထုတ်ဝေထားသော စာအိတ်တွင် ထည့်ပြီး သတ်မှတ်ထားသော တက္ကသိုလ်များသို့ စတင်ဘာလ (၁၂) ရက်နေ့ထိ ပိတ်ရက်မရှိ လူကိုယ်တိုင်ဖြစ်စေ ကိုယ်စားဖြစ်စေ သွားရောက် လျှောက်လွှာ တင်နိုင်ပါတယ်။

လျှောက်လွှာလက်ခံသည့် ဌာနမှ ပြန်လည်စိစစ်ပေးပါမယ်။ မရှင်းတာ ၊ နာမလည်တာ ၊ မဖြည့်တတ်တာ ရှိရင်လည်း ကူညီဆောင်ရွက်ပေးပါတယ်။
ဒါကြောင့်လျှောက်ထားသူများအနေဖြင့် မိမိဖြည့်သွင်းတာ မသေခြာရင် စာအိတ်ကို မပိတ်သွားဖို့ အကြံပြုပါရစေ။

(သတ်မှတ်ရက် ကျော်လွန်သည့်လျှောက်လွှာများအနေဖြင့် စာအိတ်ပါ လိပ်စာအတိုင်း စာတိုက်မှ ဖြစ်စေ ကိုယ်တိုင်ဖြစ်စေ လျှောက်ထားနိုင်ပါတယ်။)
👍2
၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း
အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ၊
ရုံးများ၏ ပိတ်ရက်များ ကြေညာခြင်း
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို
26.8.2024 ရက်နေ့တွင် မိမိဖြေဆိုခဲ့သည့် စာစစ်ဌာန အထက်တန်းကျောင်းများတွင် စတင်ထုတ်ယူနိူင်ပြီ ဖြစ်ပါတယ်။ ( အချို့ဒေသများတွက် အခက်အခဲများကြောင့် နောက်ကျနိုင်ပါတယ်။)

ဝင်ခွင့်လျှောက်ထားသူများအနေဖြင့်

လမ်းညွှန်စာအုပ်ကို သေခြာဖတ်ရှု့ပြီးမှ လျှောက်လွှာဖြည့်ပါ။

နေ့သင်တန်း (Day) တက်ရောက်လိုသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် အပိုင်း (က)ကို အဓိကထား၍ ဖတ်ရှု့ပါ။
( မရှင်းလင်းသော ကစ္စရပ်များရှိပါက သက်ဆိုင်ရာတက္ကသိုလ်များ၏ ဖော်ပြပါ ဖုန်းနံပါတ်အတိုင်း အကူအညီတောင်းခံနိုင်ပါတယ်။)

အဝေးသင် တက်ရောက်လိုသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် အပိုင်း (ခ) ကို အဓိက ထား၍ ဖတ်ရှု့ပါ။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ ထုတ်ယူရာတွင် အခက်အခဲတစုံတရာ ရှိပါက
အဆင့်မြင့်ပညာဦးစီးဌာန
၀၁၇-၅၀၃၁၄၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိူင်ကြောင်း သိရှိရပါသည် ။
❤1