Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
အခြေခံပညာကျောင်းများအတွင်း မရှိမဖြစ်စာရင်းများထဲမှ ပြုလုပ်ရမည့်စာရင်းအချို့

ဒီနေရာမှာပြောချင်တာက.....ဆရာဆရာမခွင့်မှတ်တမ်း နှင့် သင်ကြားရေးအစားထိုးမှတ်တမ်းပါ......ဆရာဆရာမများ၏အကြုံးဝင်သောခွင့်ကာလသည် တစ်နှစ်ပတ်လုံးမှ ၁၀ ရက်ပဲရှိတယ်ဆိုပေမယ့်......ကျန်းမာရေးကြောင့်ဆေးခွင့်ယူ၍ရက်အတော်ကြာပျက်ကွက်သည့်အခါ.....မိမိသင်သောဘာသာရပ် သို့မဟုတ် အတန်းပိုင်စနစ်သော်လည်းကောင်း....မိမိအစားသင်ကြားပြသမည့်သူကို....ကျောင်းအုပ်ကြီးမှဆုံးဖြတ်၍တာဝန်ပေးသင့်သူကိုရွေးခြယ်ခြင်း သို့မဟုတ် ခွင့်ယူသည့်သူကအခြားသူကိုကူညီတောင်း၍ကျောင်းအုပ်ကြီးကိုတင်ပြရာတွင် လည်းကောင်း.....သင်ကြားရေးအစားထိုးမှတ်တမ်းထဲတွင်ဖြည့်စွက်ပေးရမည့် ပုံစံပါ.....ဒါကြောင့်ဆရာဆရာမခွင့်မှတ်တမ်းနှင့်သင်ကြားရေးအစားထိုးမှတ်တမ်းတို့သည် ဆက်စပ်မူရှိပါကြောင်း.....ထပ်မံဖော်ပြပေးလိုက်ရပါတယ်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
ကျန်းမာရေးဟောပြောပွဲများကိုပြုလုပ်ရာတွင် ကျန်းမာရေးဌာနဖြင့်ချိတ်ဆက်၍ ကျန်းမာရေးဟောပြောပွဲများကိုပြုလုပ်၍ရသော်လည်း....ကျန်းမာရေးဌာနနဲ့ဝေးကွာသော အချို့ေသာအခြေခံ
ကျောင်းများတွင် ကျောင်းအုပ်ကြီးနှင့်အတူ လက်တွဲဖော်ဆရာဆရာမများကမိမိတို့၏ကလေးများကို ကျန်းမာရေးအသိပညာလက်ဆင့်ကမ်းဟောပြောနိုင်စေရန်ရည်ရွယ်၍ သိထားသမျှတွေကိုရေးသားဖြန့်ဝေပေးလိုက်ပါတယ်ခင်ဗျာ။

ကူးစက်ရောဂါများကို
အုပ်စုခွဲလျှင် အုပ်စု (၄) မျိုး ကွဲပြားလာတယ်လို့သိရပါတယ်။

(၁) ကူးစက်မြန်ရောဂါများ
(၂ )ကလေးများတွင် ဖြစ်တတ်သော ရောဂါများ
(၃) နာတာရှည်ရောဂါများ
(၄) အခြားကူးစက်ရောဂါများ

အုပ်စု ၁...... ကူးစက်မြန်ရောဂါများ

ပလိပ်ရောဂါ
ကာလဝမ်းရောဂါ
အီဘိုလာရောဂါ
ကြက်ငှက်တုပ်ကွေးရောဂါ
ဝူဟန် ကိုရိုနာဗိုင်းရပ်စ်

အုပ်စု ၂.....ကလေးများတွင် ဖြစ်တတ်သော ရောဂါများ

အဆုတ်ရောင် အအေးမိရောဂါ
ဝမ်းပျက် ဝမ်းလျှောရောဂါ
သွေးလွန်တုပ်ကွေးရောဂါ
မေးခိုင်ရောဂါ
ကြက်ညှာချောင်းဆိုးရောဂါ
ဝက်သက်ရောဂါ
ဇီကာအဖျားရောဂါ

အုပ်စု ၃.......နာတာရှည်ရောဂါများ

ငှက်ဖျားရောဂါ
ဆင်ခြေထောက်ရောဂါ
အဆုတ်တီဘီရောဂါ
အနာကြီးရောဂါ

အုပ်စု ၄........အခြားကူးစက်ရောဂါများ
ဝမ်းကိုက်ရောဂါ
အူရောင်ငန်းဖျားရောဂါ
ပါးချိတ်ရောင်ရောဂါ
တုပ်ကွေးရောဂါ
အအေးမိနှာစေးရောဂါ
ဝဲယားနာရောဂါ
အသည်းရောင် အသားဝါရောဂါ.....တို့ပဲဖြစ်ပါတယ်။

ကူးစက်ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း

ကူးစက်ရောဂါများကို ကာကွယ်နိုင်ရန် ကူးစက်ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို သိရှိထားရန်လိုအပ်သည်။

အောက်ပါ ကွင်းဆက် (၆) မျိုးကို သိရှိထားသင့်ပါသည်-

၁။ ရောဂါဖြစ်စေတတ်သောပိုး
၂။ ရောဂါပိုးသယ်ဆောင်သည့် သက်ရှိ (သို့) သက်မဲ့ပစ္စည်း
၃။ ရောဂါပိုးထွက်ရာ လမ်းကြောင်း
၄။ ရောဂါပိုး ပျံ့နှံ့ခြင်း
၅။ ရောဂါပိုးဝင်ရာ လမ်းကြောင်းရောဂါလက်ခံမည့်သူ
၆။ ရောဂါဖြစ်စေတတ်သောပိုး

ရောဂါဖြစ်စေတက်သောပိုး....

ဘက်တီးရီးယားပိုး- ဥပမာ- ဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ အဆုတ် တီဘီရောဂါ၊ ဆုံဆို့နာပိုး တို့သည် အလွန်သေးငယ်ပြီး မှောင် ၍အေးသော နေရာတွင် ကြာရှည်စွာ အသက်ရှင်နေနိုင်သည်။
ဗိုင်းရပ်စ်ပိုးများ- ဥပမာ- ရေကျောက်၊ ဝက်သက်၊ သူငယ်နာအကြောသေ၊ အသည်းရောင်အသားဝါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ တို့ ဖြစ်သည်။
ဘက်တီးရီးယားပိုးများမှာ သက်ရှိသက်မဲ့၊ လေထု၊ မြေပြင်တို့ တွင် တည်ရှိနေနိုင်သော်လည်း ဗိုင်းရပ်စ်ပိုးတို့မှာ သက်မဲ့အရာများပေါ်တွင် အလွန်တိုတောင်းသော အချိန်ပိုင်းသာနေနိုင်သည်။

ပရိုတိုဇွန်းပိုးများ- ဥပမာ- အမီးဘား ဝမ်းကိုက်ပိုး၊ ငှက်ဖျားပိုး
ဖန်းဂတ်စ်ပိုးများ- ဥပမာ- ပွေး၊ နှင်းခူ။
ရောဂါပိုးများ သိုလှောင်ထားနိုင်သည့် သက်ရှိသက်မဲ့ပစ္စည်းများ

ရောဂါပိုးများကို ကြာရှည်စွာသိုလှောင်ထားနိုင်သည့်နေရာ (၃) မျိုးရှိသည်-

၁။ လူ
၂။ တိရစ္ဆာန်များ
၃။ မြေကြီး

လူ......

လူနာ - လူနာထံမှ တံတွေး၊ သလိပ်၊ ချွဲ၊ မစင် များထဲတွင် ရောဂါပိုးများ ရှိသည်။ ထို့ကြောင့် လူနာ၏ တံတွေး၊ သလိပ်၊ ချွဲ၊ ချေး၊ မစင်များမှ ရောဂါပိုးများထွက်လာပြီး အခြားလူများသို့ ကူးစက်ခြင်းဖြင့် ပြန့်ပွားစေသည်။
နာလန်ထပိုးသယ်သူ - ရောဂါဖြစ်၍ ပျောက်ကင်းသွားသော်လည်း ၎င်း၏ခန္ဓာကိုယ်ထဲတွင် ရောဂါပိုးများ ကျန်ရှိနေတတ်သည်။ မစင်ထဲတွင် ရောဂါပိုးများ ဆက်လက်ပါရှိပြီး ရောဂါပြန့်ပွားစေသည်။ ဥပမာ- ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါ။
လူကောင်းပိုးသယ်သူ - အချို့သူများတွင် ရောဂါပိုးရှိသော်လည်း ၎င်းကိုရောဂါမဖြစ်စေဘဲ (သို့) ရောဂါလက္ခဏာမပြဘဲ ဖြစ်နေတတ်သည်။ သို့ရာတွင် ထိုသူမှ ရောဂါပိုးသည် အခြားသူသို့ ကူးစက်ပြီး ရောဂါဖြစ်စေနိုင်သည်။ ဥပမာ- အသည်းရောင်အသားဝါ ဘီပိုး၊ အူရောင်ငန်းဖျားရောဂါ။

တိရစ္ဆာန်များ......

ကြွက်- တွင်ရှိသော လှေးများမှ ပလိပ်ရောဂါပိုး ကူးစက်စေတတ်သည်။
ခွေး-သည် ခွေးရူးပြန်ရောဂါပိုး ကို သယ်ဆောင်ထားပြီး ရောဂါပျံ့နှံ့စေသည်။

မြေကြီး.........

မေးခိုင်ရောဂါပိုးတို့သည် စွတ်စိုသော မြေကြီး၊ အထူးသဖြင့် မြင်းချေး၊ နွားချေး တို့တွင် နှစ်ရှည်လများ ခိုအောင်းနေပြီး စူးဝင်သောဒဏ်ရာ၊ နက်သောဒဏ်ရာ၊ တို့မှတဆင့် ရောဂါပိုး ဝင်ရောက်ပြီး ကူးစက်စေသည်။

ရောဂါထွက်ရာလမ်းကြောင်း

၁။ ပါးစပ်၊ နှာခေါင်း၊ လည်ချောင်း တို့မှ ထွက်ခြင်း
၂။ မစင် အညစ်အကြေးမှ ထွက်ခြင်း
၃။ အရေပြားမှ ထွက်ခြင်း

ပါးစပ်၊ နှာခေါင်း၊ လည်ချောင်း တို့မှ ထွက်ခြင်း........

ရောဂါပိုးများသည် ရောဂါသည်များထံမှ ပါးစပ်၊ နှာခေါင်း၊ လည်ချောင်းမှ တဆင့် (တံတွေး၊ သလိပ်၊ နှာရည်များနှင့်အတူ) ချောင်းဆိုးရာမှသော်လည်းကောင်း၊ စကားပြောခြင်း၊ နှာချေခြင်း၊ တို့မှသော်လည်းကောင်း၊ အပြင်လေထု နှင့် အခြားအသုံးအဆောင်များ(ဥပမာ- လက်ကိုင်ပုဝါ) သို့ ရောက်ရှိပြီး အခြားသူများထံသို့ ရောဂါပျံ့နှံ့ ရောက်ရှိစေသည်။

မစင် အညစ်အကြေးမှ ထွက်ခြင်း.........

မစင် အညစ်အကြေးမှ အပြင်သို့ထွက်၍ ရောဂါပျံ့နှံ့ ရောက်ရှိကာ အခြားသူများထံ ကူးစက်စေသည်။

အရေပြားမှ ထွက်ခြင်း.........
အရေပြားမှရောဂါပိုးများ (ဥပမာ- အနာကြီး၊ ဝဲ၊ ယားနာ နှင့် ပွေး) သည် အပြင်သို့ထွက်၍ ရောဂါကူးစက်စေသည်။
👍1👏1
ရောဂါပိုး သယ်ယူပျံ့နှံ့ခြင်း
အဆုတ်ရောင်နာနှင့် တီဘီကဲ့သို့သော ရောဂါများ ကူးစက်ရာတွင် ရောဂါရှိသူ ချောင်းဆိုးလိုက်သောအခါ တံတွေးမှုန်ကလေးများနှင့်အတူ ရောဂါပိုးများသည် လူကောင်းများ အသက်ရှူရာတွင် ပါသွားသည်။ ဝမ်းကိုက်နှင့် ကာလဝမ်းကဲ့သို့သော ရောဂါများသည် ထိုရောဂါ စွဲကပ်သူများ စွန့်သည့် မစင်မှတဆင့် ပါလာသော ရောဂါပိုးများကြောင့် မသန့်သော အစာများကို စားမိရာမှ ပြန့်ပွားသည်။ ဆစ်ဖလစ်ကဲ့သို့သော ရောဂါများမျာ ထိုရောဂါစွဲသူ၏ အရေပြားနှင့် ထိတွေ့ရာမှ ကူးစက်သည်။ ငှက်ဖျားရောဂါနှင့် ဘင်ထွက်ပလိပ်ရောဂါကဲ့သို့ ရောဂါများသည် သွေးကိုစုပ်သည့် အင်းဆက်ပိုးများ မှတဆင့် ကူးစက်ကြသည်။ ထိုပိုးကောင်များသည် ရောဂါဖြစ်နေသူများထံမှ ရောဂါဖြစ်စေနိုင်သည့် ပစ္စည်းများအား ယူသွားကာ လူကောင်းများကို ကိုက်ခြင်းဖြင့် ရောဂါကူးစက်စေသည်။ ရောဂါပိုးသည် ရောဂါသည်များထံမှ ထွက်လာပြီးနောက် အခြားလူများထံရောက်အောင် ပို့ဆောင်ပေးသော အရာများမှာ လေ၊ ရေနှင့် အစားအစာ၊ မွှား၊ ခြင်၊ သန်း၊ လှေး စသည်တို့ ဖြစ်သည်။

လေမှကူးစက်ခြင်း
လူတစ်ဦး ချေဆတ်ရာတွင် မြောက်မြားစွာသော တံတွေး သို့မဟုတ် နှာရည်မှုန်များသည် လွင့်ထွက်သွားကြသည်။ အမှုန်ကြီးကြီး တချို့သည် မြေကြီးပေါ်သို့ ရောက်သွားရာမှ ခြောက်သွားသောအခါ ထိုအထဲတွင် ပါဝင်သည့် ပိုးများသည် လေထဲသို့ ဖုန်အဖြစ် လွင့်ပါသွားကြသည်။ သေးငယ်သည့် အမှုန်များသည် လေထဲ၍ ဆေးလိပ်မီးခိုးများ လွင့်သကဲ့သို့ လွင့်နေနိုင်သည်။ မြေကြီးပေါ်သို့ ကျသွားသော အမှုန်များမှ ရောဂါပိုးများသည် အနီးအနားရှိ လူများသို့ ကူးစက်သွားနိုင်ပေသည်။ လေထဲ လွင့်လျက်ရှိသော အမှုန်များသည် အခြားလူများ အသက်ရှူရာတွင် ပါသွားနိုင်သည်။ လူအများ ဝင်ထွက်သွားလာသည့် မီးရထားဘူတာရုံ၊ ရုပ်ရှင်ရုံ၊ ဘတ်စ်ကားစသည်တို့တွင် ထိုရောဂါပိုးမှုန်မျိုး အများအပြားရှိတတ်သည်။ ရောဂါရှိသူတစ်ဦး ချေဆတ်ရာမှ ပါသွားသော ရောဂါပိုးကလေးများသည် လေထဲ၌ ဖုံမှုန့်များနှင့်အတူ အတော်ဝေးဝေးပင် ပါသွားနိုင်သည်။

ရောဂါပိုးများသည် ရောဂါကူးစက်နိုင်လောက်အောင် များပြားသည်အထိ လူကောင်းတစ်ဦး၏ ကိုယ်ခန္ဓာအတွင်းသို့ ရောက်ရှိသွားလျှင် သက်ဆိုင်ရာရောဂါသည် ကူးစက်သွားနိုင်ပေသည်။
အိပ်ရာခင်းကို ခါရာ၌လည်းကောင်း ကြမ်းပြင်ကို တံမြက်စည်းလှဲရာ၌လည်းကောင်း၊ အိတ်အတွင်းမှ လက်ကိုင်ပုဝါကို ထုတ်ရာ၌လည်းကောင်း၊ ဗက်တီးရီးယား အမြောက်အမြား လွင့်ထွက်သွားနိုင်သည်။ထိုပိုးများ ပါဝင်သော ဖုံမှုန့်များသည် လေနှင့်အတူ ခရီးဝေးသို့ ပါသွားနိုင်သည်။ ထိုနောက်မှ လူတို့၏ ကိုယ်ခန္ဓာအတွင်းသို့ ရောက်ကာ ရောဂါကို ကူးစက်နိုင်သည်။ အချို့ရောဂါပိုးများသည် ဖုံမှုန့်များအတွင်း၌ တာရှည် အသက်ရှင်နိုင်ကြသည်။ အချို့မှာမူ ကိုယ်ခန္ဓာမှ ထွက်သည်နှင့် တပြိုင်နက်လောက်တွင် ပျက်စီးတတ်ကြသည်။ အလင်းရောင်၊ အထူးသဖြင့် နေရောင်ခြည်သည် အသက်ပြင်းသည့် ရောဂါပိုးများကိုပင် သတ်ပစ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် အိမ်အပရှိ ဖုံများကို ရှူမိခြင်းသည် အိမ်အတွင်းရှိ ဖုံများကို ရှူမိခြင်းထက် ဘေးကင်းသည်။

ရေနှင့် အစားအစာ

ရေနှင့် အစားအစာများမှ ကူးခြင်းသည် အများဆုံးနှင့် ကူးစက်အလွယ်ဆုံး ဖြစ်သောကြောင့် ဤရောဂါများကို ဂရုစိုက်ကာကွယ်သင့်ပါသည်။ ဥပမာ- ကာလဝမ်းရောဂါ၊ ဝမ်းကိုက်၊ သန်ကောင်၊ အူရောင်ငန်းဖျား၊ အသည်းရောင်အသားဝါ စသောရောဂါများသည် ရောဂါသည်များမှ စွန့်ပစ်သော အညစ်အကြေး၊ ဝမ်း၊သလိပ်၊ ချွဲ၊ အန်ဖတ်များမှ တဆင့် ယင်များမှသယ်ဆောင်၍သော်လည်းကောင်း၊ မသန့်ရှင်းသော လက်မှတဆင့်သော်လည်းကောင်း၊ လူတို့စားသုံးမည့် အစားအစာများထံသို့ နည်းမျိုးစုံဖြင့် ကပ်ညိကာ ထိုအစားအစာများကို စားသုံးမိပါက ရောဂါဖြစ်ပွားတတ်သည်။ လူနာများ၏ အဝတ်အစား၊ အသုံးအဆောင်များကို အများပြည်သူသုံး ရေတွင်း၊ ရေကန်တွင် လျှော်ဖွတ်ပါက ရောဂါပိုးများသည် ရေထဲသို့ကျရောက်ပြီး ၎င်းရေကို သုံးမိပါက ရောဂါရပါမည်။

အူအတွင်း၌ တိုးပွားနေသော အနုဇီဝရုပ်များသည် မစင်နှင့်ရော၍ ထွက်လာနိုင်သည်။ ထိုမှတဆင့် အခြားလူများသို့ သွယ်ဝိုက်သောနည်များဖြင့် ကူးစက်သွားနိုင်သည်။ အဖြစ်နိုင်ဆုံးနည်းမှာ ညစ်ညမ်းသည့် လက်ချောင်းများမှတဆင့် ကူးသွားနိုင်ခြင်းဖြစ်သည်။ မစင်စွန့်အပြီးတွင် အသုံးပြုသော စက္ကူအတွင်းသို့ ဗက်တီးရီးယားများဝင်နိုင်သည်ကို သတိမမူတတ်ကြပေ။ ထို့ကြောင့် မစင်စွန့်အပြီးတွင် စက္ကူသုံးသူများ၏ လက်ချောင်းများတွင် ဗက်တီးရီးယားများနှင့် ညစ်ညမ်းနေနိုင်သည်။ လက်များကို ချက်ခင်းစင်ကြယ်စွာ မဆေးကြောလျှင် လက်နှင့်ထိသမျှ ပစ္စည်းများသည် ရောဂါပိုးများနှင့် ညစ်ညမ်းနေနိုင်သည်။ ထိုနည်းဖြင့် အူအတွင်းမှ ပါလာသော ဗက်တီးရီးယားများသည် လူ၏အဝတ်များ၊ အိတ်အတွင်းရှိ ပစ္စည်းများနှင့် အခြား စားဖွယ်သောက်ဖွယ်များထည့်သည့် ပစ္စည်းများပေါ်သို့ ရောက်ရှိသွားနိုင်သည်။ ထိုဗက်တီးရီးယားများသည် ထိုပစ္စည်းများအား ကိုင်တွယ်သည့်လူများသို့ ကူးစက်နိုင်သည်။ ရောဂါပြန့်ပွားနိုင်လောက်အောင် ရောဂါပိုးများ ရောက်သွားလျှင် ထိုလူတွင် ရောဂါစွဲကပ်တော့သည်။
အူမနှင့် စပ်လျဉ်းသော ကူးစက်တတ်သည့် ရောဂါများသည် ယင်ကောင်များမှတဆင့် ပျံ့နှံ့တတ်သည်။ အထူးသဖြင့် မစင်ကို ရေနှင့်သယ်သည့်စနစ် မရှိသော နေရာများနှင့် ပူနွေးသော တိုင်းပြည်များတွင် အဖြစ်များသည်။ ရောဂါဖြစ်သူ၏ ဝမ်းမှဆင်းသော မစင်သည် မြေကြီးပေါ်တွင်ဖြစ်စေ၊ အဖုံးမရှိသော နေရာများတွင်ဖြစ်စေ၊ ရှိနေသောအခါ ယင်ကောင်များသည် ထိုမစင်ပေါ်တွင် လာနားကြသည်။ ကူးစက်တတ်သော ရောဂါပိုးများသည် ယင်ကောင်၏ ခြေထောက်ရှိ အမွေးအမှင်များတွင်ကပ်ပါသွားကာ ထိုယင်ကောင်က အနီးအနားရှိ အစာပေါ်တွင် နားချိန်၌ ကျကျန်ခဲ့နိုင်သည်။

အရေပြားချင်း ထိရာမှ ကူးစက်ခြင်း

ကာလသားရောဂါကဲ့သို့ ကူးစက်တတ်သော ရောဂါသည် အရေပြားချင်းထိရာမှ ကူးစက်နိုင်သည်။ ထို့အပြင် ရောဂါပိုးများဖြင့် ညစ်ညမ်းနေသော မျက်နှာသုတ်ပုဝါ၊ ဖိနပ်၊ ကတ်ကျေး၊ ဓား၊ အဝတ်စသော ပစ္စည်းများမှတဆင့် အရေပြားနှင့်ထိပြီး ရောဂါကူးနိုင်သည်။ အနာရောဂါကင်းသော အရေပြားဖြစ်လျှင် ရောဂါပိုးများဝင်ခြင်းကို ကာကွယ်နိုင်သော်လည်း ခြစ်ရာ၊ ရှရာ သို့မဟုတ် အရေပြားတွင် အနာတစ်ခုခုရှိလျှင် ရောဂါပိုးများသည် ထိုနေရာမျိုးသို့ ရောက်သွားကာ ရောဂါကို ပြန့်ပွားစေသည်။ ခြေထောက်၌ ဖြစ်သောပွေးသည် ရောဂါပိုးများနှင့် ညစ်ညမ်းလျက်ရှိသော ကြမ်းပြင်မှ ကူးစက်နိုင်သည်။

ပိုးကောင်များမှ ကူးစက်ခြင်း

ခြင်၊ သန်း၊ ကြမ်းပိုးနှင့် အလှေးကဲ့သို့သော ပိုးကောင်များသည် ရောဂါပိုးများကို လူ၏ တစ်ရှူး (အသားမျှင်) များအတွင်းသို့ ကိုက်၍ ထိုးသွင်းနိုင်သည်။ ထိုနည်းဖြင့် လူကောင်းများထံသို့ ရောဂါပိုးများ ရောက်စေကာ ရောဂါများကို ပြန့်ပွားစေသည်။ ပိုးကောင်များတွင် ပါလာသော ရောဂါများသည် ထိုပိုးကောင်များ မကိုက်မိအောင် ဂရုစိုက်သူများသို့ မပြန့်ပွားနိုင်ပေ။ ကျန်းမာသန်စွမ်းနေသူသည် ရောဂါရှိသူနှင့် ထိမိသော်လည်း ရောဂါကူးစက်ခြင်း မရှိချေ။ ထိုသို့ မကူးစက်နိုင်ခြင်းသည် အတွင်းဘက်ရှိ တစ်ရှူးများတွင်သာ ရောဂါများ ရှိနိုင်ခြင်းကြောင့် ဖြစ်သည်။

ဝက်သက်နှင့် ကြက်ညှာကဲ့သို့သော ကူးစက်တတ်သည့် ရောဂါများသည် ယခုအထိ သိရသမျှ လူတွင်သာ ဖြစ်တတ်သည်။ ရောဂါပိုးများ ကူးစက်ရာတွင် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်သည်။ အချို့ရောဂါများမှာမူ လူနှင့် တိရစ္ဆာန်များတွင် ဖြစ်တတ်သဖြင့် ပြန့်ပွားခြင်းသည် တစ်ပြန်စီဖြစ်နိုင်သည်။ ရောဂါ အနည်းငယ်မျှတွင်သာ လူသည် အရေးကြီးသည့် အိမ်ရှင်အဖြစ် တည်ရှိပေသည်။ အများအားဖြင့် တဆင့်ခံမျှသာ ဖြစ်သည်။

တျူဗာကယ်ဗက်ဆီလပ်ရောဂါပိုးကြောင့် ဖြစ်သည့် တီဘီရောဂါသည် လူ၌သာဖြစ်တတ်သော ရောဂါဖြစ်သည်။ ဝက်၊ ကြက်တူရွေးများနှင့် မျောက်များသို့ လူမှ မတော်တဆ ကူးစက်သွားနိုင်ပေသည်။ သူတို့တွင် ထိုရောဂါသည် မတည်မြဲပေ။ ခွေးရူးရောဂါ၊ ဒေါင့်သန်းနာတို့သည် တိရစ္ဆာန်များတွင် ဖြစ်တတ်သော ရောဂါများဖြစ်သည်။ ထိုရောဂါများသည် တိရစ္ဆာန်တို့နှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သည့် နည်းများဖြင့် ထိခိုက်ခြင်းဖြင့် လူများသို့ ကူးစက်နိုင်သည်။ တိရစ္ဆာန်မှရသော နို့များ၊ အမွေးများ၊ သားရေများမှ တဆင့် ကူးစက်မှု အဖြစ်များသည်။ တိုက်ဖွိုက်ဖျားကဲ့သို့ ကူးစက်တတ်သော ရောဂါသည် လူတွင် ကျရောက်ပြီးလျှင် လူတစ်ဦးမှ တစ်ဦးသို့ သန်းများဖြင့် ပြန့်ပွားသည်။ ဘင်ထွက်ပလိပ်ရောဂါသည် ပထမတွင် ကြွက်ကဲ့သို့ ကိုက်ဖြတ်သတ္တဝါများ၌ ကျရောက်ပြီး အလှေးများမှတဆင့် လူများသို့ ပြန့်ပွားသွားသည်။
ခြင်ကိုက်၍ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါများ ကူးစက်ပါသည်။ ပလိပ်ရောဂါသည်များကို လှေးများက ကိုက်၍ လူကောင်းများ ကိုထပ်မံကိုက်ခြင်းဖြင့် ရောဂါများ ကူးစက်ပြန့်ပွားစေသည်။

ရောဂါပိုးဝင်ရာလမ်းကြောင်း

အသက်ရှူလမ်းကြောင်း
အစားအစာနှင့်အတူ အစာလမ်းကြောင်းမှ ဝင်ခြင်း
အရေပြားမှတဆင့် ရောဂါပိုးဝင်ခြင်း
ရောဂါလက်ခံမည့်သူ
ပြင်ဆင်ရန်
ရောဂါပိုးလက်ခံမည့်သူ ရှိနေခြင်းကြောင့်သာ ရောဂါများသည် ဆက်လက်ဖြစ်နေခြင်းဖြင့် ပြန့်ပွားလျက်ရှိသည်။

ကြိုတင်ကာကွယ်နိုင်သည့်လုပ်ဆောင်ချက်များ

ရောဂါကြိုတင်ကာကွယ်ခြင်း

ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရာတွင် အထိရောက်ဆုံး နည်းလမ်းမှာ ရောဂါပြန့်ပွားစေသော အကြောင်းရင်းတို့ကို နှိမ်နင်းပေးခြင်း ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ရောဂါတစ်မျိုးနှင့် တစ်မျိုး တူမည်မဟုတ်ပေး။ ကူးစက်တတ်သည့် ရောဂါစွဲကပ်သူများကို အများအားဖြင့် ခွဲခြား၍ ထားတတ်ကြသော်လည်း ထိုနည်းကို လူကြိုက်မများလှပေ။

လေမှတဆင့် ကူးစက်ခြင်းကို လူများအား ချေဆတ်ရာနှင့် ချောင်းဆိုးရာတွင် လက်ကိုင်ပုဝါကို အသုံးပြု၍ ကာကွယ်နိုင်သည်။ လူများသည့် နေရာများ၌ ဝင်ထွက်သွားလာရာတွင် မျက်နှာဖုံးတပ်ဆင်ခြင်းဖြင့် ရောဂါပြန့်ပွားခြင်းကို အတော်အတန် ကာကွယ်နိုင်သည်။ လေကောင်းလေသန့် ဝင်ထွက်စေခြင်းသည် ရောဂါပိုးနည်းပါးသွားအောင် ပြုလုပ်ရာ၌ အတော်ပင် ထိရောက်သည်။ လေမှတဆင့် ရောဂါကူးစက်ခြင်းကို တားဆီးရန်မှာ ယခုခေတ် ကျန်းမာရေးတွင် အခက်ခဲဆုံး ပြဿနာတစ်ရပ် ဖြစ်သည်။
အစာမှတဆင့် ရောဂါကူးစက်ခြင်းကို အခြားနည်းတို့ဖြင့် ကူးစက်ခြင်းထက် ပို၍ ထိရောက်စွာ တားဆီးနိုင်သည်။ သန့်စင်သည့်ရေကို ပေးနိုင်ခြင်းနှင့် မိလ္လာပြွန်သွယ်ခြင်းစနစ်များသည် ကာလဝမ်းရောဂါကို ကာကွယ်နိုင်သည်။ မြင်း၊ နွားဆွဲသော ယာဉ်များကို မော်တော်ယာဉ်များဖြင့် အစားထိုးနိုင်ခြင်းသည်လည်း ယင်ကောင်များကို လျော့ပါးစေသဖြင့် အူမနှင့် စပ်လျဉ်းသည့် ရောဂါများကို ကာကွယ်ရာရောက်သည်။ နို့ကို ကျိုချက်ပြီးမှ သောက်ခြင်းသည်လည်း ကူးစက်တတ်သော ရောဂါ မဖြစ်ပွားအောင် တားဆီးနိုင်သည်။ လူတို့နေထိုင်မှု သန့်ပြန့်စေရန်မှာလည်း အရေးကြီးသည်။ စားသောက်ကုန် ရောင်းသူများသည် စင်ကြယ် သန့်ပြန့်မှုကို အထူးဂရုစိုက်ရန် လိုအပ်သည်။

တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ အရေပြားချင်းထိ၍ ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရာတွင် အရေပြားများကို ဖုံးကွယ်ပေးခြင်း၊ အထိအခိုက်နည်းပါးအောင် စီမံပေးခြင်းဖြင့် ကာကွယ်နိုင်သည်။

ပိုးကောင်များဖြင့် ရောဂါကူးစက်ခြင်းကို ကာကွယ်ရာတွင် ပိုးကောင်များကို ဖျက်ဆီးပစ်ခြင်း သို့မဟုတ် မတိုးပွားနိုင်အောင် တားဆီးခြင်း၊ ရောဂါစွဲကပ်နေသူများကို ပိုးကောင်များ မကိုက်နိုင်အောင် စီမံထားခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။

၁။ ဆေးကုသမှု ခံယူရန်

ကူးစက်ရာဂါဖြစ်သောသူကို စနစ်တကျ ကုသရပါမည်။ ဆရာဝန် (သို့) ဆေးရုံ၊ ဆေးခန်းမှ ညွှန်ကြားချက် အတိုင်း စနစ်တကျ ကုသမှုခံယူခြင်းဖြင့် ရောဂါသည် မှန်မှန်ကန်ကန် လျင်လျင်မြန်မြန် ပျောက်ကင်းမည် ဖြစ်သည်။ (ဆေးမြီးတိုနှင့် စမ်းတဝါးဝါး ကုသခြင်းမှာ ရောဂါမပျောက်ကင်းသည့်အပြင် ပိုမို ဆိုးရွားလာနိုင်သဖြင့် ရှောင်ရှားသင့်ပါသည်) စနစ်တကျ ကုသခြင်းဖြင့် တစ်ဦးမှတစ်ဦးသို့ ရောဂါမကူးစက်နိုင်အောင် ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်သည်။

၂။ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး

ရောဂါပိုးများ သယ်ဆောင်လာနိုင်သည့် ကြွက်၊ ခြင်၊ ယင် တို့ကို ရှင်းလင်းပစ်ရမည်။ လူနာမှ ထွက်သည့် အညစ်အကြေး၊ နှပ်၊ သလိပ်၊ မစင် တို့ကို ပိုးသတ်ဆေးရည် ဖြင့်လည်းကောင်း၊ မီးရှို့၍ သော်လည်းကောင်း၊ ရောဂါသည်၏ အဝတ်အစားများကို ရေနွေးဖြင့် ပြုတ်လျှော်၍သော်လည်းကောင်း ပြုလုပ်၍ ရောဂါပိုးပြန့်ပွားခြင်းကို ကာကွယ်ပေးနိုင်သည်။ ရေကို ကြိုချက်သောက်ခြင်း၊ လက်ကို အိမ်သာမှအဆင်းနှင့် အစာမစားမီ ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်းဖြင့် မိမိ ပတ်ဝန်းကျင်မှ ရောဂါပိုးများ မကူးစက်နိုင်အောင် ထိရောက်စွာ ကာကွယ်နိုင်ပါကြောင်း လေ့လာမှတ်သားရင်းတင်ပြလိုက်ပါတယ်ခင်ဗျာ။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
osquito အကိုက်ခံရခြင်းမှ တဆင့် သွေးလွန်တုပ်ကွေး ရောဂါ ခံစားရခြင်းပဲ ဖြစ်ပါတယ်။

Aedes Mosquito ဆိုတာ ဘယ်လိုခြင်မျိုးလည်း?
အထွေအထူး မစဥ်းစားနေပါနဲ့။ ဘယ်ခြင်ကိုက်ခံရတာမှ ကောင်းကျိုး မရှိတာကြောင့် ခြင်ကိုက်မခံရအောင် နေထိုင်ပါ။ ဒီနှစ်တွေမှာ လူနေရပ်ကွက် တွေထဲမှာ ခြင်တွေ မခိုအောင်းနိုင်အောင် ရေဝပ်ရာ ရေအိုင် ရေမြောင်းတွေ ရှင်းလင်းတာ မျိုးတွေ ၊ ရပ်ရွာနေ လူထုက စုပေါင်းပြီး ခြင်ခိုအောင်းနိုင်ရာ နေရာတွေကို ခုတ်ထွင် ရှင်းလင်းတာမျိုးတွေနဲ့ ခြင်ဆေး စုပေါင်းဖျန်းပက်တာမျိုးတွေလည်း ရှားပါးလာတာနဲ့အမျှ ခြင်ပေါက်ဖွားမှုလည်း များလာခဲ့မှာ ဖြစ်သလို ခြင်မှတဆင့် ကူးစက်တဲ့ ရောဂါများ ဖြစ်ပွားနိုင်ချေကလည်း မြင့်လာခဲ့ပါပြီ။ Aedes Mosquito ကတော့ နေ့လည် နေ့ခင်းတွေမှာ ကိုက်တာများပြီး ခန္ဓာကိုယ် မှာ အစင်းကြားနဲ့ဖြစ်လို့ ခြင်ကြား လို့လည်း ခေါ်ကြပါတယ်။ အဓိကပေါက်ဖွားရာ နေရာကတော့ ရေကြည်ရာ မှာ ပေါက်ဖွားတတ်ပါတယ်။ ခြင်းကြား ကိုက်ခံရတိုင်း ရောဂါ ဖြစ်တတ်တာ မဟုတ်၊ ကိုယ်ခံအားလည်း နည်းနေချိန်မှာ ဖြစ်တာကြောင့် ကိုယ်ခံစွမ်းအားသာ ကောင်းမွန်နေအောင် အဓိက နေထိုင်သင့်ပါတယ်။
👍1
ဘယ်အသက်အရွယ်တွေမှာ ဖြစ်လေ့ရှိလည်း?
အများအားဖြင့် အသက်အရွယ် ၃နှစ်မှ ၁၂ နှစ်ခန့်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အများဆုံး တွေ့ရပြီး ၃နှစ်အောက် ကလေးငယ်တွေမှာ ဖြစ်တာရှားပါတယ်။ ကိုယ်ခံအား နည်းတဲ့အရွယ်ဖြစ်လို့ ရောဂါဖြစ်ခဲ့ရင်လည်း အထူးဂရုစိုက် ကုသရပါတယ်။ တခါတလေမှာတော့ အသက် ၁၈ ၊ ၁၉ အရွယ်များအထိ သွေးလွန်တုပ်ကွေး ဖြစ်တာကို တွေ့ရပါတယ်။ ကလေးငယ်တွေမှာ တွေ့ရှိခံစားရတဲ့ ရောဂါ လက္ခဏာနဲ့ အနည်းငယ် ကွာခြား သွားတာပဲ ရှိပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ
ပထမ အဆင့်မှာ ဖျားမယ်၊အော့အန်မယ်၊ကိုယ်လက်တွေ နာမယ် ၊ မျက်လုံးအောင့်ပြီး ကြည့်ရခက်တာမျိုး တွေ ခံစားရပါမယ်။ ဒီအဆင့်မှာ ဓာတ်ဆားရည် သောက်ပြီး၊ အစာပျော့ပျော့လေးတွေစားပြီး ပုံမှန် ပါရာစီတမော လောက်ပဲ သောက်ရုံဆိုရင် ကိုယ်ခံအား တင့်သင့် ကောင်းမွန်ထားရင် အမြန် ပြန်သက်သာနိုင်ပါတယ်။ သွေးလွန်တုပ်ကွေး ဟာ ဗိုင်းရပ်စ် ရောဂါ တမျိုးပဲ ဖြစ်လို့ ပိုးသတ်ဆေး သောက်လို့ သက်သာလာမှာ မဟုတ်ပါဘူး။ အကိုက်အခဲ ပျောက်ဆေး အပြင်းတွေ သောက်သုံးဖို့လည်း မလိုအပ်ပါဘူး။ ဒါ့အပြင် ဗိုင်းရပ်စ် မှန်သမျှ ကူးစက်တတ်တာမှို့ ဖျားနာတဲ့ ကလေးငယ်နဲ့အတူ အခြားကလေးငယ်ရှိရင် မနီးစပ်အောင် ထား ထားသင့်ပါတယ်။ မဖျားနာတဲ့ ကလေးကိုလည်း ကြိုတင် ဂရုစိုက်မှု ပြုလုပ်ထားသင့်ပါတယ်။

ဒုတိယ အဆင့်မှာတော့
သွေးလွန်တုပ်ကွေး ဖြစ်ပြီး ရက်ပိုင်းအကြာ ၇ရက်ခန့် လောက်ဆိုရင် အနီစက်လေးတွေ ပေါက်လာလေ့ ရှိတတ်ပါတယ်။ Hess Test စစ်ကြည့်ရင်လည်း လက်ဖျံမှာ အနီစက်လေးတွေ များစွာ ထွက်လာတာ တွေ့ရပါမယ်။ ဗိုက်အနည်းငယ် အောင့်တတ်ပါတယ်။ ဒီအနေအထားအထိလည်းပဲ စိုးရိမ်စရာ မရှိဘဲ ပုံမှန်အတိုင်း အစားဝင်တယ် ဓာတ်ဆားရေသောက်ပြီး အရည်များများ သောက်သုံးရင် သက်သာလာနိုင်ပါတယ်။ ကိုကာကိုလာ အိုဗာတင်း ကော်ဖီ စတဲ့ အနီရောင် အညိုရောင် အရည်နဲ့ အစားအစာတွေ မကျွေးသင့်ပါဘူး။ နှာခေါင်းသွေးလျှံတာ သွားဖုံးသွေးယိုတာ နဲ့ ဝမ်းအမည်းရောင် သွားတာမျိုးတွေ ဖြစ်လာခဲ့ရင်တော့ အမြန် ဆေးခန်း ဆေးရုံ ပြသလို့ လိုအပ်ပါတယ်။

တတိယအဆင့်
အစိုးရိမ်ရဆုံး အနေအထားဖြစ်ပြီး ခန္ဓာကိုယ်တွင်း သွေးယိုစိမ့် သွေးလန့်ရာမှ တဆင့် အသက်အန္တရာယ် အထိ ထိခိုက်နိုင်ပါတယ်။ အဆင့် ၁ နဲ့ ၂ တွေ ဖြစ်ပြီးချိန် ခန္ဓာကိုယ် အပူကျပြီး လန်းလန်းဆန်းဆန်း ပေါ့ပေါ့ပါးပါးနဲ့ ပုံမှန်စားသောက် လှုပ်ရှားနိုင်ရင်တော့ သက်သာလာတာလို့ ပြောလို့ရပေမယ့် အပူကျပြီး ကလေးက ဆက်မှိန်းနေတယ် သိပ်မလှုပ်ရှားဘူး အစားအသောက် သိပ်မဝင်ဘူးဆိုရင် သွေးလန့်တာ ဖြစ်နိုင်ပါတယ်။
သွေးလန့်တဲ့ အခြေအနေအထိ ဖြစ်ခဲ့ပြီဆိုရင်တော့ သွေးရည်ကြည်သွင်း ကုသခြင်း၊ သွေးသွင်းခြင်းနဲ့ အထူးကြပ်မတ် ကုသဆောင်မှာ စောင့်ကြည့်ကုသ ဂရုစိုက်မယ်ဆိုရင်တောင် ခက်ခက်ခဲခဲ ကုသရဦးမယ့် အခြေအနေ ဖြစ်ပါတယ်။
ဒါကြောင့် သွေးလွန်တုပ်ကွေး ဖြစ်ရင် ဆောလျှင်စွာ သိရှိ ဂရုစိုက် ကုသပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း ခံယူကုသ သင့်ပါတယ်။

အများအားဖြင့်တော့ သွေးလွန်တုပ်ကွေး ဖြစ်ပွားပြီး ၆ရက် ၇ရက် ကျော်အထိ ကောင်းမွန်စွာ ဖြတ်သန်းနိုင် ခဲ့ပြီဆိုရင်တော့ ကလေးက သက်သာပါပြီ။စတင်ဖျားပြီး ၅ရက် ၆ရက်ခန့်တွေမှာ သွေးလန့်တာ ဖြစ်တတ်လို့ ဒီရက်တွေမှာ ဂရုစိုက် စောင့်ကြည့်သင့်ပါတယ်။

ရာသီတုပ်ကွေး လက္ခဏာနဲ့ ဆင်နေတာမှို့ ခွဲ ခြား သိရှိနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဗိုက်အောင့်တာ နာတာ အေ့အန်တာတွေ ဖြစ်ပြီး ခနတိုင်း အဖျားတက်နေတယ်ဆိုရင် အကြမ်းအားဖြင့် သွေးလွန်တုပ်ကွေးလို့ မှတ်ယူလို့တော့ရပါတယ်။ စစ်ဆေးကြည့်လို့လည်း ရပါတယ်။ သွေးလွန်တုပ်ကွေး လက္ခဏာ ပြင်းထန်လာရင်လည်း သွေးလန့်နိုင်ချေ ရှိ၊မရှိကို စစ်ဆေး စောင့်ကြည့်ထားလို့ ရပါတယ်။ ဗိုက်အောင့် ဗိုက်နာလို့ အစာမစားနိုင် ၊ အစာစားပြန်တော့လည်း အော့အန် ၊ အဖျားရှိန်နဲ့ မျက်လုံးနာလို့ တမှိန်းမှိန်းနေ ၊ ဒီလိုဆိုရင် ရောဂါတိုက်ထုတ်နိုင်အားကို ကျစေတာကြောင့် လိုအပ်ရင် အကြောမှတဆင့် ရေဓာတ်ဖြည့် သွင်းတာမျိုးအထိပါ ပြုလုပ်ရတတ်ပါတယ်။

မည်သည့်ရောဂါမဆို ဆောလျှင်စွာ သိရှိပြီး
လိုအပ်တဲ့ ပြုစု ဂရုစိုက်မှု
မှန်ကန်တဲ့ စားသောက်နေထိုင်မှုနဲ့
ဆရာဝန် ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာမယ်ဆိုရင် အမြန်သက်သာ ပျောက်ကင်းမှာပဲ ဖြစ်ပါတယ်။

ကလေးငယ်များနှင့်အတူ မိဘဘိုးဘွား အပေါင်း
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ကြပါစေခင်ဗျာ့....

စေတနာ အိမ်တိုင်ရာရောက် ဆေးကုသဝန်ဆောင့မှု
#credit
#သွေးလွန်တုပ်ကွေး
#denguefever

ကလေးများနှင့်သွေးလွန်တုပ်ကွေးအန္တရာယ်

❗️သွေးလွန်တုပ်ကွေး အနှစ် ချုပ်

သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )

ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်
၁. အော့ အန် ခြင်း
၂. အရေပြား ပေါ် တွင် အဖိန့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကိရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေးဖြူဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကေါ်ဖီနှစ် အရောင်အန်ခြင်း
👍1
⚠️အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက် လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်

❗️အန္တရာယ် လ က္ခဏာ များ

၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ် ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုံး pcv တက်လာ ခြင်း

❗️ဆေးရုံတက်သင့် သော လူနာများ

၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ

#သွေးလွန်တုပ်ကွေး #သွေးလန့်ခြင်းလက္ခဏာများ
(𝐃𝐞𝐧𝐠𝐮𝐞 𝐒𝐡𝐨𝐜𝐤 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞)

👉ခန္ဓာကိုယ်အတွင်း သွေးယိုစီးသည့်အတွက်ကြောင့် ကော်ဖီမှုန့်ရောင်၊ အညိုရောင် အဖတ်အမျှင်လေးများပါသော အရည်များအန်ခြင်း၊ ဝမ်းမည်းမည်း သွားခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း

👉ခန္ဓာကိုယ်ရှိ အရေပြားပေါ်တွင် ထိခိုက်သကဲ့သို့၊ သွေးခြေဥသကဲ့သို့ အနီကွက်များပေါ်လာခြင်း

👉ကိုယ်အပူချိန် ရုတ်တရက်ကျဆင်းသွားခြင်း ( များသောအားဖြင့် စဖျားသည့်နေ့မှ (၃)ရက်မြောက်တွင် ဖြစ်တတ်ပါသည်။)

👉ရုတ်တရက် ဗိုက်အောင့်လာခြင်း

👉ဂနာမငြိမ်ဖြစ်ခြင်း (သို့) အရမ်းမှိန်းလာခြင်း

👉ဆီး မသွားခြင်း

👉ခြေဖျား လက်ဖျားများ အလွန်အမင်း အေးစက်ခြင်း
သွေးလန့်လျှင် မှိန်းနေပြီး တကိုယ်လုံး အေးစက်လာခြင်း

👉သွေးပေါင်အလွန်ကျဆင်းခြင်း၊ နောက်ဆုံးတွင် တိုင်းတာ၍ မရသည့် အခြေအနေဖြစ်ခြင်း၊ အပေါ်သွေး၊ အောက်သွေးခြားနားချက်သည် 20mmHg (သို့) ထို့ထက်နည်းခြင်း

👉အစာ/ ရေ မဝင်နိုင်လောက်အောင် အဆက်မပြတ်အန်ခြင်း စသည်တို့ဖြစ်ပါသည်။

‼️‼️မိဘများ အထူးသတိပြုရန်‼️‼️

⚠️ကလေး အစား နှင့် အရည် မဝင်လျှင်၊ဗိုက်အောင့်လျှင်၊အဖျားကျ ပြီး တကိုယ်လုံးအေးစက်နေသော်လည်း မလန်းလျှင် မှိန်းနေလျှင်၊ဆီးမသွားနိုင်လျှင်၊တောက်လျှောက်အန်နေလျှင်၊
သွေးလွန်တုပ်ကွေး Dengue Fever

လက်ရှိကာလ ကလေးငယ်များ ဖျားနာ လို့ ဆေးခန်းလာပြကြတဲ့အခါမှာ အများစုက သွေးလွန်တုပ်ကွေး ရောဂါ ခံစားနေကြရတာကို တွေ့ရပါတယ်။
တကယ်တော့ သွေးလွန်တုပ်ကွေးဟာ ကလေးငယ်တွေမှာပဲ ဖြစ်တာလား ၊ အရွယ်ရောက်ပြီးသူတွေရော မဖြစ်ဘူးလား ဆိုရင် ဖြစ်ပါတယ်။ အရွယ်ရောက် ပြီးသူတွေမှာလည်း သွေးလွန်တုပ်ကွေး ဖြစ်တတ်ပါတယ်။အသက် ၃၀ခန့်တွေမှာလည်း သွေးလွန်တုပ်ကွေး ဖြစ်တာမျိုး ရှိပါတယ်။

သွေးလွန်တုပ်ကွေး ဘာကြောင့်ဖြစ်သလဲ?
2002 ခုနှစ်နောက်ပိုင်းမှာ အထက်တန်းတက်ဖူးခဲ့သူ တွေ ဆိုရင် မှတ်မိကြဦးမယ် ထင်ပါတယ်။ Mosquitoes Getting To Know The Animals ဆိုတဲ့ သင်ခန်းစာ ထဲမှာ သင်ကြားခဲ့ရသလိုပဲ Aedes M
👍2
မကြာခင်ရလဒ်ထွက်တော့မည့် Dip. Ed အတွက်...100%

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးဒီပလိုမာ {စာပေးစာယူ} [ Dip.Ed] No-1 ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ ရာထူးအလိုက်၊ ဘာသာရပ်အလိုက် သင်ကြားရေးလုပ်သက် အများအနည်းအလိုက် ဝင်ခွင့်ဖြေဆိုသူများအတွက် ဒီလိုလေး
စဥ်းစားပေးခဲ့တယ်ဆိုရင်

💢🌸 သင်ကြားရေးလုပ်သက်စုစုပေါင်း ......သင်ကြားရေးလုပ်သက်များသူ ဦးစားပေးပါမယ်

💢🌸 သင်ကြားရေးလုပ်သက်စုစုပေါင်းတူညီပါက လက်ရှိရာထူးလုပ်သက် .....လက်ရှိရာထူးလုပ်သက်များသူ ဦးစားပေးပါလိမ့်မယ်

💢🌸 လက်ရှိရာထူးလုပ်သက်တူညီပါက မွေးသက္ကရာဇ် (အသက်ကြီးသူ ဦးစားပေးတန်းစီရန်)

💢🌸 မွေးသက္ကရာဇ်တူညီပါက တာဝန်ထမ်းဆောင်သည့် ကျောင်းရုံးတည်ရှိရာ မြို့ပေါ်၊ ကျေးလက် ....ကျေးလက်ကို ဦးစားပေးဖို့ရှိပါတယ်

💢🌸 မြို့ပေါ်၊ ကျေးလက် တူညီပါက ကျောင်းအဆင့်...ဖြေဆိုထားသူများ၏ကေျာင်းအဆင့်

(..../၂၄ ၏ အားလုံးသဘောထားပါ💢🌸)

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
.

☯️

"တပည့် ( ၄ ) မျိုး"
-------------------

၁။ ဆရာဖြစ်သူရဲ့အတင်းအဖျင်းကို အရသာခံပြောတတ်တဲ့ အရှက်မဲ့ကျေးဇူးမသိတတ်သော
#တပည့်။

၂။ အတတ်ပညာလေး မတောက်တစ်ခေါက်စုံလာတော့ဆရာကိုယှဉ်ပြိုင်အံတု နေရာယူဖို့ကြိုးစားတတ်သော #တပည့်။

၃။ အရာရာမှာ အလိုက်သိတာဝန်ကျေပြီး စာပေ၊ ပညာကိုသာ အလေးထားဆည်းပူးသင်ယူသဖြင့် ဆရာဖြစ်သူ၏ ချီးမြှောက်ပသမှုခံယူရသော #တပည့်။

၄။ အနေအထိုင်ပိရိ၊ ပညာလည်းကြိုးစား၊ ဆရာသမား၏ကွယ်ရာမှာကော ရှေ့မှာပါ စိတ်ချရသဖြင့် အမြဲတသတမ်းတနေရမည့် #တပည့်။

ဤတပည့် လေး မျိုးထဲမှာ (၁) နဲ့ (၂) တပည့်တွေက မက္ခပလာပ ကျေးဇူးတရားဖျက်စီးစော်ကားသူတွေ ဖြစ်တာကြောင့်

- "သက်ရှည်လို့ဘုန်းမကြီး
- "ဘုန်းကြီးလို့သက်မရှည်"

ဖြစ်တတ်တယ် ရှောင်ကြဉ်ကြ။

နံပါတ် (၃) (၄) တပည့်မျိုးတွေဖြစ်အောင် အကောင်းဆုံးပြုပြင်နေထိုင်ကြ။

ကိုယ်ကတပည့်ကောင်းဖြစ်ခဲ့ဖူးမှ နောင်တစ်ချိန်မှာ ဆရာကောင်းပြန်ဖြစ်နိုင်တယ်။

ဥုးမဟောသဓာပဏ္ဍိတာလင်္ကာရ
(အမေရိကန်၊သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပိဋကတ်တိုက်မှူးဟောင်း) စာချရင်းပြောခဲ့ဖူး တဆင့်ကြားဖူးသည်ကား
စစ်ကိုင်းသက်တော်ရှည်ရွှေဟင်္သာ
ဆရာတော်ကြီးသြဝါဒပါ ...

မူရင်းရေးသားသူ
: အရှင်ဣန္ဒာသိရီ(မန္တလေး)အား

Credit :
👍84
CCPRနှင့် QCPR ဖြည့်နည်းပုံစံအနှစ်ချုပ်

မူလတန်းဆင့်(Primary Level)

၂၀၂၄ -၂၀၂၅ပညာသင်နှစ်
တွင် အတန်းအလိုက် စတင်ဖြည့်သွင်းရမည့်အုပ်စု(က)ဘာသာရပ်များ
မြန်မာ ၊အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး

*မူလတန်းအောက်ဆင့်(G1,G2,G3)*

စာသင်ခန်းတွင်းသင်ယူနေစဉ်စစ်ဆေးအကဲဖြတ်ခြင်း(Formative Assessment )

*A (Advanced  Level )  ၃ မှတ်  အလွန်ကောင်း

*S (Satisfactory  Level ) ၂မှတ် ကောင်း

*E (Emerging  Level) ၁မှတ် ထပ်မံကြိုးစားရန်လို

*မူလတန်းထက်ဆင့်( G4,G5)*

သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်း
(Summative Assessment )

*Grade A (ရမှတ် ၈၀ နှင့် အထက်) အလွန်ကောင်း

*Grade B (ရမှတ် ၆၀ မှ ၇၉ ထိ) ကောင်း

*Grade C (ရမှတ် ၄၀ မှ ၅၉ ထိ) သာမန်

*Grade D (ရမှတ် ၄၀ အောက် ) ထပ်မံကြိုးစားရန်လို

အုပ်စု(ခ)ဘာသာရပ်များ
မှာစာရိတ္တနှင့်ပြည်သူ့နီတိ ၊ဘဝတွက်တာကျွမ်းကျင်စရာ ၊အနုပညာ(ပန်းချီ ) ၊အနုပညာ( ဂီတ) ၊ကာယပညာတို့ဖြစ်ပါသည်။

*မူလတန်းအောက်ဆင့်နှင့် မူလတန်းထက်ဆင့်တို့ကို A,S,E ဖြင့်သာ ပေးရမည်။

*A = ၃ မှတ်
*S = ၂ မှတ်
*E = ၁ မှတ်

*တတ်မြောက်မှုစစ်ဆေး အကဲဖြတ်ခြင်း*

ဇူလိုင်လ  (Chapter End Test)
ဇွန်လမှဇူလိုင်လ ထိသင်ခန်းစာများ

အောက်တိုဘာလ  (Midterm Test )
ဇွန်လမှ စက်တင်ဘာလဘာလထိ သင်ခန်းစာများ

ဒီဇင်ဘာလ ( Chapter End Test )
အောက်တိုဘာလမှ ဒီဇင်ဘာလထိ သင်ခန်းစာများ

ဖေဖော်ဝါရီလ  (Year End Test )
အောက်တိုဘာလ မှ ဖေဖော်ဝါရီလထိ သင်ခန်းစာများ

အုပ်စု (ခ)ဘာသာရပ်များပျမ်းမျှအဆင့်တွက်နည်းမှာ

ပျမ်းမျှအဆင့် = စုစုပေါင်းအမှတ် ÷
                            အကြိမ်အရေအတွက်
                        
*စားလဒ်သည် ..
၂.၅ နှင့်အထက် = A
၁.၅ နှင့်အထက် = S
၁.၅ အောက် = E

*QCPR ဖြည့်သွင်းခြင်း*

ပညာသင်နှစ်တစ်နှစ်၏နောက်ဆုံးလတွင် CCPR မှရရှိသောပျမ်းမျှ အဆင့်များကို ကြည့်၍ဖြည့်သွင်းရပါမည်  ။

ကျောင်းခေါ်ကြိမ်ကို % ဖြင့်သာဖြည့်ရပါမည်။

ကျောင်းဝင်အမှတ်ကိုသာ မင်နီဖြင့်ရေးပြီး အခြားအချက်အလက်များကိုမင်ပြာဖြင့်ရေးရမည်။မင်စိုဖြင့်ဖြည့်စွက်ခြင်းမပြုရပါ။
Crd###
👍5
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် မိမိတို့ စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်ကို ဩဂုတ်လ(၂၆)ရက် (တနင်္လာနေ့) မှစ၍ ကိုယ်တိုင်ထုတ်ယူကြရမည်ဖြစ်သည်ဟု အဆင်မြင့်ပညာဦးစီးဌာနက ကြေညာသည်။

အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ အိတ်ကို ဩဂုတ်လ (၂၆) ရက်မှ စက်တင်ဘာလ (၁၂) ရက်ထိ။
သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁၇-၅၀၃၁၄၇
👍4
"ဖ"နဲ့ "ဘ"

အရပ်မျက်နှာ၊ တည်နေရာ၊
သူ၊ ငါ၊ ကျားမ၊ အာဒိစ
ရေးပါ "ဘကုန်း(ဘ)"နဲ့။

ကြိယာဖက်၊ အပေါ်ဖက်၊
ယှဉ်လျက်သင်္ချာ ရေတွက်ခါ
ရေးပါ ဦးထုပ်"ဖ"နဲ့။

ရဲဘော်ရဲဘက် မျှသာဘက် ခြွင်းချက်ထားကုန်လတ်။

ဆရာကြီးတစ်ဦးရဲ့ဒီစာလေးနဲ့ သင်ပါတယ်ခင်ဗျာ။

Crd
👍10
စနစ်သစ် သင်ရိုး အထက်တန်းဆင့် တွင် ပါဝင်သော ဘာသာတွဲ (၄) တွဲ

(၁) STEAMS-1( Science, Technology , Engineering , Art , Mathematics, Sports-1)
မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ဓာတု ၊ ရူပ ၊ ဇီဝ ၊ လူမှုရေးသိပ္ပံဘာသာ

(၂) STEAMS-2 ( Science,Technology , Engineering , Arts , Mathematics , Sports-2)
မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ဓာတု ၊ ရူပ ၊ ဘောဂ ၊ ပထဝီနှင့်သမိုင်းပေါင်းစပ်ဘာသာ

(၃) STAMS-1 (Social Science, Technology, Art , Mathematics, Sports-1)
မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ ပထဝီ ၊ သမိုင်း ၊ ဘောဂ နှင့် ၊ သိပ္ပံဘာသာ

(၄) STAMS-2 ( Social Science, Technology, Art , Mathematics, Soprts-2)
မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ၊ စိတ်ကြိုက်မြန်မာစာ ၊ ဘောဂ ၊ပထဝီနှင့်သမိုင်းပေါင်းစပ်ဘာသာ နှင့် သိပ္ပံဘာသာရပ်။
👍3