Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
စာစီစာကုံးပြိုင်ပွဲ အမှတ်ပေးစည်းမျဥ်းကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
မေးထားသူများအတွက်ပါ
ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များကို
၆ဘာသာ ရမှတ်စုစုပေါင်း (၄၅၀) နှင့် အထက် ရရှိထားပြီး ၊ ( အင်္ဂလိပ်၊ ဓာတု၊ဇီဝ) ၃ဘာသာပေါင်း ရမှတ် ( အများ/ အနည်း) ပေါ်မူတည်ပြီး ပဏာမ အဆင့် ရွေးချယ်မည်။

ပဏာမအဆင့်ရွေးချယ်ထားသူများအား လူတွေ့/ နှုတ်မေး စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ပြုမည်။

လူတွေ့/နှုတ်မေးစာမေးပွဲ ရမှတ်အပေါ်မူတည်ပြီး အမှတ် အများ/အနည်း အလိုက်စီပြီး အမှတ်အများဆုံးရရှိသည့် သတ်မှတ် ဦးရေ ကို အပြီးသတ် ရွေးချယ်သွားမည်။

ယခင် (အင်္ဂလိပ်၊ဓာတု၊ဇီဝ) ၃ဘာသာရမှတ်ပေါင်း

ဆေး ၁ ရန်ကုန် 276 မှ 256 (128) ဦး
ဆေး ၂ ရန်ကုန် 279 မှ 256 (95) ဦး
ဆေး မန္တလေး 276 မှ 256 (146) ဦး
ဆေး မကွေး 266 မှ 256 (84) ဦး
ဆေး တောင်ကြီး 275 မှ 248 (29) ဦး
Naypyitaw State Academy 275 မှ 257 (31) ဦး
သွားဆေး ရန်ကုန် 263 မှ 248 (44) ဦး
သွားဆေး မန္တလေး 273 မှ 248 (59) ဦး

စိစစ်ရွေးချယ်သွားပါသည်။
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူများအတွက်
အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် ( မန္တလေး )
ပထမနှစ်ဝင်ခွင့်လျှောက်လွှာခေါ်ယူ
👍1
မင်္ဂလာပါ ဆရာကြီးဆရာမကြီးတို့ရေ.....

အခြေခံကေျာင်းအသီးသီးတွင် ပုံနှိပ်စာအုပ်များအတွက် လက်ဆင့်ကမ်းထိန်းသိမ်းခြင်းစနစ်ကို ထားရှိပေးဖို့ ညွှန်ကြားထားပီးဖြစ်တဲ့အတွက်
ထိန်းသိမ်းထားရှိပုံမှတ်တမ်းလေးကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

မှတ်တမ်းတင်မဟုတ်ဘူးခင်ဗျ ထိန်းသိမ်းထားတဲ့ပြဌာန်းစာအုပ်များလည်းရှိပေးရပါမယ်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍1
မင်္ဂလာပါဆရာကြီး ဆရာမကြီးတို့ရေ

ပန်းချီပြိုင်ပွဲအတွက်အမှတ်ပေးစည်းမျဥ်းကို မျှဝေပေးလိုက်ပါတယ်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍1
မင်္ဂလာပါ ဆရာကြီး ဆရာမကြီးတို့ရေ

ဇူလိုင်လ ပညာရေးပြက္ခဒိန်ပါလုပ်ငန်းများကိုဖော်ပြပေးလိုက်ပါတယ်။

ဇူလိုင်လထဲမှာ ကျန်ရှိနေတဲ့ကျောင်းလုပ်ငန်းများက

၁။ ဇူလိုင်လဒုတိယပတ် တနင်္ဂနွနေ့ (သနု့ပေမယ့်မတိုင်မီ သောကြာနေ့)
မှာ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့ (ကျောင်းခြံသန့်ရှင်းသပ်ရပ်စေရေးနဲ့သစ်ပင်စိုက်ပျိုးခြင်း)

၂။ ဇူလိုင် ၁၉အာဇာနည်နေ့ အကြိုဟောပြောပွဲများ ပွပှဲ ပြိုင်ပွဲများ(စာစီစာကုံး ၊ ပန်းချီ ၊ ကဗျာ)

၃။ ဇူလိုင်အခန်းဆုံးစစ်ဆေးခြင်း ( ဇှနျ + ဇူလိုင်သင်ခန်းစာများ မူထက်ဆင့် မှ)

၄။ ဇှန်လအကုန် ဇူလိုင်လအစ ကြောငျးအုပျကွီး၏လုပျငနျးမြား (ကျောင်းတွင်းအစည်းဝေး ဆရာ/မ ၊ ကျောင်းခေါ်ကြိမ် ၊ နေ့စဉ်မှတ်တမ်း၊ ကျောင်းသား ကြောငျးသူ တက်ပကျြ လကျမှတျထိုးခွငျး ၊ ဆရာဆရာမလက်မှတျထိုး စာရင်းများ ၊ ကျောင်းသားကျောင်းသူလေ့ကျင့်ခန်းစာအုပ်များ...... စစ်ဆေးခွငျး .....တို့ကိုပွုလုပျရပါမယျ။

ဇူလိုင်လစိမ်းလန်းစိုပြည်ရေးနေ့တွင် အများဆုံးစိုက်ပျိုးနိုင်သည့်အပင်များကိုပါဖော်ပြပေးလိုက်ပါတယ်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍2
နေရောင်ခြည်ကျရောက်မှု
ဖြေဆိုရလဒ်များ ၏ ရလဒ်အဆင့်အုပ်စုများ ခွဲခြားခြင်း

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
အခြေခံပညာကျောင်းများအတွင်း မရှိမဖြစ်စာရင်းများထဲမှ ပြုလုပ်ရမည့်စာရင်းအချို့

ဒီနေရာမှာပြောချင်တာက.....ဆရာဆရာမခွင့်မှတ်တမ်း နှင့် သင်ကြားရေးအစားထိုးမှတ်တမ်းပါ......ဆရာဆရာမများ၏အကြုံးဝင်သောခွင့်ကာလသည် တစ်နှစ်ပတ်လုံးမှ ၁၀ ရက်ပဲရှိတယ်ဆိုပေမယ့်......ကျန်းမာရေးကြောင့်ဆေးခွင့်ယူ၍ရက်အတော်ကြာပျက်ကွက်သည့်အခါ.....မိမိသင်သောဘာသာရပ် သို့မဟုတ် အတန်းပိုင်စနစ်သော်လည်းကောင်း....မိမိအစားသင်ကြားပြသမည့်သူကို....ကျောင်းအုပ်ကြီးမှဆုံးဖြတ်၍တာဝန်ပေးသင့်သူကိုရွေးခြယ်ခြင်း သို့မဟုတ် ခွင့်ယူသည့်သူကအခြားသူကိုကူညီတောင်း၍ကျောင်းအုပ်ကြီးကိုတင်ပြရာတွင် လည်းကောင်း.....သင်ကြားရေးအစားထိုးမှတ်တမ်းထဲတွင်ဖြည့်စွက်ပေးရမည့် ပုံစံပါ.....ဒါကြောင့်ဆရာဆရာမခွင့်မှတ်တမ်းနှင့်သင်ကြားရေးအစားထိုးမှတ်တမ်းတို့သည် ဆက်စပ်မူရှိပါကြောင်း.....ထပ်မံဖော်ပြပေးလိုက်ရပါတယ်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
ကျန်းမာရေးဟောပြောပွဲများကိုပြုလုပ်ရာတွင် ကျန်းမာရေးဌာနဖြင့်ချိတ်ဆက်၍ ကျန်းမာရေးဟောပြောပွဲများကိုပြုလုပ်၍ရသော်လည်း....ကျန်းမာရေးဌာနနဲ့ဝေးကွာသော အချို့ေသာအခြေခံ
ကျောင်းများတွင် ကျောင်းအုပ်ကြီးနှင့်အတူ လက်တွဲဖော်ဆရာဆရာမများကမိမိတို့၏ကလေးများကို ကျန်းမာရေးအသိပညာလက်ဆင့်ကမ်းဟောပြောနိုင်စေရန်ရည်ရွယ်၍ သိထားသမျှတွေကိုရေးသားဖြန့်ဝေပေးလိုက်ပါတယ်ခင်ဗျာ။

ကူးစက်ရောဂါများကို
အုပ်စုခွဲလျှင် အုပ်စု (၄) မျိုး ကွဲပြားလာတယ်လို့သိရပါတယ်။

(၁) ကူးစက်မြန်ရောဂါများ
(၂ )ကလေးများတွင် ဖြစ်တတ်သော ရောဂါများ
(၃) နာတာရှည်ရောဂါများ
(၄) အခြားကူးစက်ရောဂါများ

အုပ်စု ၁...... ကူးစက်မြန်ရောဂါများ

ပလိပ်ရောဂါ
ကာလဝမ်းရောဂါ
အီဘိုလာရောဂါ
ကြက်ငှက်တုပ်ကွေးရောဂါ
ဝူဟန် ကိုရိုနာဗိုင်းရပ်စ်

အုပ်စု ၂.....ကလေးများတွင် ဖြစ်တတ်သော ရောဂါများ

အဆုတ်ရောင် အအေးမိရောဂါ
ဝမ်းပျက် ဝမ်းလျှောရောဂါ
သွေးလွန်တုပ်ကွေးရောဂါ
မေးခိုင်ရောဂါ
ကြက်ညှာချောင်းဆိုးရောဂါ
ဝက်သက်ရောဂါ
ဇီကာအဖျားရောဂါ

အုပ်စု ၃.......နာတာရှည်ရောဂါများ

ငှက်ဖျားရောဂါ
ဆင်ခြေထောက်ရောဂါ
အဆုတ်တီဘီရောဂါ
အနာကြီးရောဂါ

အုပ်စု ၄........အခြားကူးစက်ရောဂါများ
ဝမ်းကိုက်ရောဂါ
အူရောင်ငန်းဖျားရောဂါ
ပါးချိတ်ရောင်ရောဂါ
တုပ်ကွေးရောဂါ
အအေးမိနှာစေးရောဂါ
ဝဲယားနာရောဂါ
အသည်းရောင် အသားဝါရောဂါ.....တို့ပဲဖြစ်ပါတယ်။

ကူးစက်ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း

ကူးစက်ရောဂါများကို ကာကွယ်နိုင်ရန် ကူးစက်ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို သိရှိထားရန်လိုအပ်သည်။

အောက်ပါ ကွင်းဆက် (၆) မျိုးကို သိရှိထားသင့်ပါသည်-

၁။ ရောဂါဖြစ်စေတတ်သောပိုး
၂။ ရောဂါပိုးသယ်ဆောင်သည့် သက်ရှိ (သို့) သက်မဲ့ပစ္စည်း
၃။ ရောဂါပိုးထွက်ရာ လမ်းကြောင်း
၄။ ရောဂါပိုး ပျံ့နှံ့ခြင်း
၅။ ရောဂါပိုးဝင်ရာ လမ်းကြောင်းရောဂါလက်ခံမည့်သူ
၆။ ရောဂါဖြစ်စေတတ်သောပိုး

ရောဂါဖြစ်စေတက်သောပိုး....

ဘက်တီးရီးယားပိုး- ဥပမာ- ဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ အဆုတ် တီဘီရောဂါ၊ ဆုံဆို့နာပိုး တို့သည် အလွန်သေးငယ်ပြီး မှောင် ၍အေးသော နေရာတွင် ကြာရှည်စွာ အသက်ရှင်နေနိုင်သည်။
ဗိုင်းရပ်စ်ပိုးများ- ဥပမာ- ရေကျောက်၊ ဝက်သက်၊ သူငယ်နာအကြောသေ၊ အသည်းရောင်အသားဝါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ တို့ ဖြစ်သည်။
ဘက်တီးရီးယားပိုးများမှာ သက်ရှိသက်မဲ့၊ လေထု၊ မြေပြင်တို့ တွင် တည်ရှိနေနိုင်သော်လည်း ဗိုင်းရပ်စ်ပိုးတို့မှာ သက်မဲ့အရာများပေါ်တွင် အလွန်တိုတောင်းသော အချိန်ပိုင်းသာနေနိုင်သည်။

ပရိုတိုဇွန်းပိုးများ- ဥပမာ- အမီးဘား ဝမ်းကိုက်ပိုး၊ ငှက်ဖျားပိုး
ဖန်းဂတ်စ်ပိုးများ- ဥပမာ- ပွေး၊ နှင်းခူ။
ရောဂါပိုးများ သိုလှောင်ထားနိုင်သည့် သက်ရှိသက်မဲ့ပစ္စည်းများ

ရောဂါပိုးများကို ကြာရှည်စွာသိုလှောင်ထားနိုင်သည့်နေရာ (၃) မျိုးရှိသည်-

၁။ လူ
၂။ တိရစ္ဆာန်များ
၃။ မြေကြီး

လူ......

လူနာ - လူနာထံမှ တံတွေး၊ သလိပ်၊ ချွဲ၊ မစင် များထဲတွင် ရောဂါပိုးများ ရှိသည်။ ထို့ကြောင့် လူနာ၏ တံတွေး၊ သလိပ်၊ ချွဲ၊ ချေး၊ မစင်များမှ ရောဂါပိုးများထွက်လာပြီး အခြားလူများသို့ ကူးစက်ခြင်းဖြင့် ပြန့်ပွားစေသည်။
နာလန်ထပိုးသယ်သူ - ရောဂါဖြစ်၍ ပျောက်ကင်းသွားသော်လည်း ၎င်း၏ခန္ဓာကိုယ်ထဲတွင် ရောဂါပိုးများ ကျန်ရှိနေတတ်သည်။ မစင်ထဲတွင် ရောဂါပိုးများ ဆက်လက်ပါရှိပြီး ရောဂါပြန့်ပွားစေသည်။ ဥပမာ- ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါ။
လူကောင်းပိုးသယ်သူ - အချို့သူများတွင် ရောဂါပိုးရှိသော်လည်း ၎င်းကိုရောဂါမဖြစ်စေဘဲ (သို့) ရောဂါလက္ခဏာမပြဘဲ ဖြစ်နေတတ်သည်။ သို့ရာတွင် ထိုသူမှ ရောဂါပိုးသည် အခြားသူသို့ ကူးစက်ပြီး ရောဂါဖြစ်စေနိုင်သည်။ ဥပမာ- အသည်းရောင်အသားဝါ ဘီပိုး၊ အူရောင်ငန်းဖျားရောဂါ။

တိရစ္ဆာန်များ......

ကြွက်- တွင်ရှိသော လှေးများမှ ပလိပ်ရောဂါပိုး ကူးစက်စေတတ်သည်။
ခွေး-သည် ခွေးရူးပြန်ရောဂါပိုး ကို သယ်ဆောင်ထားပြီး ရောဂါပျံ့နှံ့စေသည်။

မြေကြီး.........

မေးခိုင်ရောဂါပိုးတို့သည် စွတ်စိုသော မြေကြီး၊ အထူးသဖြင့် မြင်းချေး၊ နွားချေး တို့တွင် နှစ်ရှည်လများ ခိုအောင်းနေပြီး စူးဝင်သောဒဏ်ရာ၊ နက်သောဒဏ်ရာ၊ တို့မှတဆင့် ရောဂါပိုး ဝင်ရောက်ပြီး ကူးစက်စေသည်။

ရောဂါထွက်ရာလမ်းကြောင်း

၁။ ပါးစပ်၊ နှာခေါင်း၊ လည်ချောင်း တို့မှ ထွက်ခြင်း
၂။ မစင် အညစ်အကြေးမှ ထွက်ခြင်း
၃။ အရေပြားမှ ထွက်ခြင်း

ပါးစပ်၊ နှာခေါင်း၊ လည်ချောင်း တို့မှ ထွက်ခြင်း........

ရောဂါပိုးများသည် ရောဂါသည်များထံမှ ပါးစပ်၊ နှာခေါင်း၊ လည်ချောင်းမှ တဆင့် (တံတွေး၊ သလိပ်၊ နှာရည်များနှင့်အတူ) ချောင်းဆိုးရာမှသော်လည်းကောင်း၊ စကားပြောခြင်း၊ နှာချေခြင်း၊ တို့မှသော်လည်းကောင်း၊ အပြင်လေထု နှင့် အခြားအသုံးအဆောင်များ(ဥပမာ- လက်ကိုင်ပုဝါ) သို့ ရောက်ရှိပြီး အခြားသူများထံသို့ ရောဂါပျံ့နှံ့ ရောက်ရှိစေသည်။

မစင် အညစ်အကြေးမှ ထွက်ခြင်း.........

မစင် အညစ်အကြေးမှ အပြင်သို့ထွက်၍ ရောဂါပျံ့နှံ့ ရောက်ရှိကာ အခြားသူများထံ ကူးစက်စေသည်။

အရေပြားမှ ထွက်ခြင်း.........
အရေပြားမှရောဂါပိုးများ (ဥပမာ- အနာကြီး၊ ဝဲ၊ ယားနာ နှင့် ပွေး) သည် အပြင်သို့ထွက်၍ ရောဂါကူးစက်စေသည်။
👍1👏1
ရောဂါပိုး သယ်ယူပျံ့နှံ့ခြင်း
အဆုတ်ရောင်နာနှင့် တီဘီကဲ့သို့သော ရောဂါများ ကူးစက်ရာတွင် ရောဂါရှိသူ ချောင်းဆိုးလိုက်သောအခါ တံတွေးမှုန်ကလေးများနှင့်အတူ ရောဂါပိုးများသည် လူကောင်းများ အသက်ရှူရာတွင် ပါသွားသည်။ ဝမ်းကိုက်နှင့် ကာလဝမ်းကဲ့သို့သော ရောဂါများသည် ထိုရောဂါ စွဲကပ်သူများ စွန့်သည့် မစင်မှတဆင့် ပါလာသော ရောဂါပိုးများကြောင့် မသန့်သော အစာများကို စားမိရာမှ ပြန့်ပွားသည်။ ဆစ်ဖလစ်ကဲ့သို့သော ရောဂါများမျာ ထိုရောဂါစွဲသူ၏ အရေပြားနှင့် ထိတွေ့ရာမှ ကူးစက်သည်။ ငှက်ဖျားရောဂါနှင့် ဘင်ထွက်ပလိပ်ရောဂါကဲ့သို့ ရောဂါများသည် သွေးကိုစုပ်သည့် အင်းဆက်ပိုးများ မှတဆင့် ကူးစက်ကြသည်။ ထိုပိုးကောင်များသည် ရောဂါဖြစ်နေသူများထံမှ ရောဂါဖြစ်စေနိုင်သည့် ပစ္စည်းများအား ယူသွားကာ လူကောင်းများကို ကိုက်ခြင်းဖြင့် ရောဂါကူးစက်စေသည်။ ရောဂါပိုးသည် ရောဂါသည်များထံမှ ထွက်လာပြီးနောက် အခြားလူများထံရောက်အောင် ပို့ဆောင်ပေးသော အရာများမှာ လေ၊ ရေနှင့် အစားအစာ၊ မွှား၊ ခြင်၊ သန်း၊ လှေး စသည်တို့ ဖြစ်သည်။

လေမှကူးစက်ခြင်း
လူတစ်ဦး ချေဆတ်ရာတွင် မြောက်မြားစွာသော တံတွေး သို့မဟုတ် နှာရည်မှုန်များသည် လွင့်ထွက်သွားကြသည်။ အမှုန်ကြီးကြီး တချို့သည် မြေကြီးပေါ်သို့ ရောက်သွားရာမှ ခြောက်သွားသောအခါ ထိုအထဲတွင် ပါဝင်သည့် ပိုးများသည် လေထဲသို့ ဖုန်အဖြစ် လွင့်ပါသွားကြသည်။ သေးငယ်သည့် အမှုန်များသည် လေထဲ၍ ဆေးလိပ်မီးခိုးများ လွင့်သကဲ့သို့ လွင့်နေနိုင်သည်။ မြေကြီးပေါ်သို့ ကျသွားသော အမှုန်များမှ ရောဂါပိုးများသည် အနီးအနားရှိ လူများသို့ ကူးစက်သွားနိုင်ပေသည်။ လေထဲ လွင့်လျက်ရှိသော အမှုန်များသည် အခြားလူများ အသက်ရှူရာတွင် ပါသွားနိုင်သည်။ လူအများ ဝင်ထွက်သွားလာသည့် မီးရထားဘူတာရုံ၊ ရုပ်ရှင်ရုံ၊ ဘတ်စ်ကားစသည်တို့တွင် ထိုရောဂါပိုးမှုန်မျိုး အများအပြားရှိတတ်သည်။ ရောဂါရှိသူတစ်ဦး ချေဆတ်ရာမှ ပါသွားသော ရောဂါပိုးကလေးများသည် လေထဲ၌ ဖုံမှုန့်များနှင့်အတူ အတော်ဝေးဝေးပင် ပါသွားနိုင်သည်။

ရောဂါပိုးများသည် ရောဂါကူးစက်နိုင်လောက်အောင် များပြားသည်အထိ လူကောင်းတစ်ဦး၏ ကိုယ်ခန္ဓာအတွင်းသို့ ရောက်ရှိသွားလျှင် သက်ဆိုင်ရာရောဂါသည် ကူးစက်သွားနိုင်ပေသည်။
အိပ်ရာခင်းကို ခါရာ၌လည်းကောင်း ကြမ်းပြင်ကို တံမြက်စည်းလှဲရာ၌လည်းကောင်း၊ အိတ်အတွင်းမှ လက်ကိုင်ပုဝါကို ထုတ်ရာ၌လည်းကောင်း၊ ဗက်တီးရီးယား အမြောက်အမြား လွင့်ထွက်သွားနိုင်သည်။ထိုပိုးများ ပါဝင်သော ဖုံမှုန့်များသည် လေနှင့်အတူ ခရီးဝေးသို့ ပါသွားနိုင်သည်။ ထိုနောက်မှ လူတို့၏ ကိုယ်ခန္ဓာအတွင်းသို့ ရောက်ကာ ရောဂါကို ကူးစက်နိုင်သည်။ အချို့ရောဂါပိုးများသည် ဖုံမှုန့်များအတွင်း၌ တာရှည် အသက်ရှင်နိုင်ကြသည်။ အချို့မှာမူ ကိုယ်ခန္ဓာမှ ထွက်သည်နှင့် တပြိုင်နက်လောက်တွင် ပျက်စီးတတ်ကြသည်။ အလင်းရောင်၊ အထူးသဖြင့် နေရောင်ခြည်သည် အသက်ပြင်းသည့် ရောဂါပိုးများကိုပင် သတ်ပစ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် အိမ်အပရှိ ဖုံများကို ရှူမိခြင်းသည် အိမ်အတွင်းရှိ ဖုံများကို ရှူမိခြင်းထက် ဘေးကင်းသည်။

ရေနှင့် အစားအစာ

ရေနှင့် အစားအစာများမှ ကူးခြင်းသည် အများဆုံးနှင့် ကူးစက်အလွယ်ဆုံး ဖြစ်သောကြောင့် ဤရောဂါများကို ဂရုစိုက်ကာကွယ်သင့်ပါသည်။ ဥပမာ- ကာလဝမ်းရောဂါ၊ ဝမ်းကိုက်၊ သန်ကောင်၊ အူရောင်ငန်းဖျား၊ အသည်းရောင်အသားဝါ စသောရောဂါများသည် ရောဂါသည်များမှ စွန့်ပစ်သော အညစ်အကြေး၊ ဝမ်း၊သလိပ်၊ ချွဲ၊ အန်ဖတ်များမှ တဆင့် ယင်များမှသယ်ဆောင်၍သော်လည်းကောင်း၊ မသန့်ရှင်းသော လက်မှတဆင့်သော်လည်းကောင်း၊ လူတို့စားသုံးမည့် အစားအစာများထံသို့ နည်းမျိုးစုံဖြင့် ကပ်ညိကာ ထိုအစားအစာများကို စားသုံးမိပါက ရောဂါဖြစ်ပွားတတ်သည်။ လူနာများ၏ အဝတ်အစား၊ အသုံးအဆောင်များကို အများပြည်သူသုံး ရေတွင်း၊ ရေကန်တွင် လျှော်ဖွတ်ပါက ရောဂါပိုးများသည် ရေထဲသို့ကျရောက်ပြီး ၎င်းရေကို သုံးမိပါက ရောဂါရပါမည်။

အူအတွင်း၌ တိုးပွားနေသော အနုဇီဝရုပ်များသည် မစင်နှင့်ရော၍ ထွက်လာနိုင်သည်။ ထိုမှတဆင့် အခြားလူများသို့ သွယ်ဝိုက်သောနည်များဖြင့် ကူးစက်သွားနိုင်သည်။ အဖြစ်နိုင်ဆုံးနည်းမှာ ညစ်ညမ်းသည့် လက်ချောင်းများမှတဆင့် ကူးသွားနိုင်ခြင်းဖြစ်သည်။ မစင်စွန့်အပြီးတွင် အသုံးပြုသော စက္ကူအတွင်းသို့ ဗက်တီးရီးယားများဝင်နိုင်သည်ကို သတိမမူတတ်ကြပေ။ ထို့ကြောင့် မစင်စွန့်အပြီးတွင် စက္ကူသုံးသူများ၏ လက်ချောင်းများတွင် ဗက်တီးရီးယားများနှင့် ညစ်ညမ်းနေနိုင်သည်။ လက်များကို ချက်ခင်းစင်ကြယ်စွာ မဆေးကြောလျှင် လက်နှင့်ထိသမျှ ပစ္စည်းများသည် ရောဂါပိုးများနှင့် ညစ်ညမ်းနေနိုင်သည်။ ထိုနည်းဖြင့် အူအတွင်းမှ ပါလာသော ဗက်တီးရီးယားများသည် လူ၏အဝတ်များ၊ အိတ်အတွင်းရှိ ပစ္စည်းများနှင့် အခြား စားဖွယ်သောက်ဖွယ်များထည့်သည့် ပစ္စည်းများပေါ်သို့ ရောက်ရှိသွားနိုင်သည်။ ထိုဗက်တီးရီးယားများသည် ထိုပစ္စည်းများအား ကိုင်တွယ်သည့်လူများသို့ ကူးစက်နိုင်သည်။ ရောဂါပြန့်ပွားနိုင်လောက်အောင် ရောဂါပိုးများ ရောက်သွားလျှင် ထိုလူတွင် ရောဂါစွဲကပ်တော့သည်။