Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
အမေးများသောမေးခွန်း
ဘာသာတွဲ ရွေးချယ်ခွင့် သတ်မှတ်ချက်ကို
အခြေခံပညာကျောင်းများ၊နှင့် ကိုယ်ပိုင်ကျောင်းများ သိရှိလိုက်နာရန်
Grade-10 တက်ရောက်မည့်
ကျောင်းသား/သူများအတွက် ဘာသာတွဲများနှင့်
တက်ရောက်နိုင်မည့် တက္ကသိုလ်များ
နှင့်
၂၀၂၄ခုနှစ်ရုံးပိတ်ရက်များ
2024 ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို
အခက်အခဲအမျိုးမျိူးကြောင့် မဖြေဖြစ်သူများအတွက်
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ဖြေဆိုခွင့်ပေးခဲ့သည့်
" မေးခွန်းလွှာများ "
https://t.me/iQuizMaster_bot/iQuizMaster?startapp=1612194446

သင်ဗဟုသုတ ဘယ်လောက်ကြွယ်သလဲစစ်ဆေးရင်း ဆုတွေယူကြပါစို့။
ဖြေကြည့်ကြမယ်နော်။
US ဒေါ်လာရရန် ဉာဏ်စမ်းပဟေဠိများကို ဖြေဆိုပါ၊ ၁ မိနစ်အတွင်း အမေရိကန် ဒေါ်လာ ၁ ဒေါ်လာကို အလွယ်တကူ ရယူနိုင်ပြီး ကျွန်ုပ်တို့၏ Mini App ကို နှိပ်ပါက မည်သူမဆို US ဒေါ်လာ 10 ရရှိမည်ဖြစ်သည်။
👍1
ဝါတွင်းကာလ ဉပုဒ်နေ့ရက်များ
မင်္ဂလာပါဆရာကြီး ဆရာမကြီးတို့ရေ
QCPR နှင့် CCPR တို့ကို မြို့နယ်ရုံးကနေ နံပါတ်အစဥ်လိုက်ဖြင့်ထုတ်ယူပြီးသွားတဲ့အခါ.....မိမိကျောင်းကိုရောက်ရှိတာနဲ့....အတန်းပိုင် သို့မဟုတ် ဘာသာရပ်မှူးများကိုပြန်လည်၍ပေးအပ်သောအခါ....

CCPR ကိုမပေးအပ်ခင် ကျောင်းအုပ်ကြီးများကိုယ်တိုင်သေချာစီစစ်၍ထုတ်ပေးသည့်ပုံစံ...

QCPR ကိုအတန်းလိုက်ပေးသည့်အခါ အတန်းအလိုက်အမည်စာရင်းရေးသွင်းထားသည့်ပုံစံ

ထိုပုံစံ နှစ်ခုကို လယ်ဂျာစာအုပ်တစ်အုပ်စီထား၍မှတ်တမ်းတင်ထားကြပါရန်
အသိပေးဖော်ပြအပ်ပါတယ်။

အခြေခံမှညွှန်းကြားချက်
မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍3
#ClassroomObservation ပြုလုပ်ရန်

မင်္ဂလာပါ ဆရာကြီးဆရာမကြီးတို့ရေ .............စာသင်နှစ်တစ်နှစ်တာရဲ့ ဇူလိုင်လထဲသို့ရောက်ရှိတော့မည်ဖြစ်သည်အတွက် မူလတန်းအထက်ဆင့်များအတွက်ပုံမှန်စစ်ဆေးခြင်းများ ၊ မူလတန်းအောက်ဆင့်အတွက်အတန်းတွင်းစစ်ဆေးခြင်းများလည်းရှိလာပါတော့မည်။....ဒါကြောင့်သင်ကြားရေးဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများ....

ဆရာဆရာမများ မည်သို့သင်ကြားနေသည်
ကျောင်းသားကျောင်းသူများမည်သို့သင်ယူနေသည်
ကျောင်းသားကျောင်းသူများမည်သို့ပြုလုပ်သင်ယူနေသည်

ဆိုတဲ့အချက်၃ချက်ကို...ကျောင်းအုပ်ကြီးများက အတန်းတွင်းကြည့်ရှု့စစ်ဆေးခြင်းများစတင်ရပါတော့မည်။....ဒါ့အပြင်....တစ်ပတ်ကိုတစ် ကြိမ်လောက်တော့....သင်ကြားသင်ယူနေပုံများကိုလက်တွေ့လေ့လာကြည့်ခြင်းဖြင့်လည်းဆောင်ရွက်နိုင်ပါတယ်။
အထူးသတိထားရမည့်အချက်က.....ရောက်ရှိသင်ခန်းစာ....စစ်ဆေးသည့်အခါသင်ကြားနေသည့်သင်ခန်းစာကိုပဲစစ်ဖို့အကြံပြုချင်ပါတယ်။...ဒီအချက််သည်
ဆရာဆရာမအင်အားနည်းတဲ့ကျောင်းတွေအပါအဝင်....အဆင်ပြေသည့်ပုံစံပဲဖြစ်ပါတယ်။

ယခုလိုလုပ်ခြင်းက...သင်ကြားသင်ယူမူအရည်အသွေးကိုပို၍ကောင်းမွန်အောင်...ပြုလုပ်ပေးနိုင်သည့်နည်းလမ်းတစ်ခုအတွက်ပဲဖြစ်တဲ့အတွက်
CPD ရဲ့လက်တွေ့လုပ်ဆောင်ခြင်းထဲကနည်းလမ်းတစ်ခုလို့ပြောရင်လည်းမမှားပါဘူးခင်ဗျာ။

စီမံချက်တစ်ခု မကြာခင်မှာမိမိတို့ကျောင်းတော်များသို့
ရောက်ရှိလာပါတော့မယ်.........

....အခြေခံပညာကျောင်းများအားလုံးတွင်....သင်ရိုးသစ်စနစ်ကိုသွေဖီလျှက်....လက်တွေ့ပိုင်းများ....အတွေးအခေါ်များကို....ပြုလုပ်စေခြင်းမရှိပါဘဲ.....သင်ရိုးသစ်အခြေခံပိုင်းအားနည်းနေသည်ကိုပညာရေးဝန်ကြီးဌာနက
စီစစ်တွေ့ရှိရသည့်အတွက်....အခြေခံကျောင်းများကို..အခြေခံမှသော်လည်းကောင်း.တိုင်းစစ်အဖွဲ့....ခရိုင်စစ်အဖွဲ့...မြို့နယ်စစ်အဖွဲ့များက
နယ်မြေအတွင်းရှိအခြေခံပညာကျောင်းများသို့....ကွင်းဆင်းလျှက်စစ်ဆေးဆောင်ရွက်ရန်ညွှန်ကြားထားပါပီ.......

အဓိက....Classroom. observation ပြုလုပ်ရန်အတွက်ဖြစ်ပါတယ်....

ဒီလိုစစ်ဆေးမူမျိုးကိုကြိုဆိုပါတယ်....ဘာကြောင့်လဲဆိုရင်...ဆရာဆရာမလိုအပ်ချက်တွေ.....ကိုသိရှိသွားစေနိုင်ပါတယ်....

အထက်ကမူဝါဒကတော့သင်ရိုးသစ်ကိုမသွေဖီရဆိုတဲ့ပုံသေစနစ်ကို ဆရာဆရာမအင်အားနည်းတာများတာကိုထည့်မတွက်ဘဲ....အချိန်လုပီးအတန်းစုံအောင်သင်ကြားနေရသည့်တိုင်...သင်နိုင်တဲ့အချိန်တွင်းကိုသင်ရိုးသစ်စနစ်နဲ့
သွားရမယ်လို့ချမှတ်သည့်သဘောမှာရှိတဲ့အတွက်.....ဝန်ထမ်းအင်အားမမျှသည့်ကျောင်းများအတွက်တော့ရင်လေးစရာကြီးဖြစ်နေမှာပါဘဲ....

ဒါကြောင့်ြကိုတင်သိရှိနိုင်အောင်ယခုလိုဖော်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျာ...
ထို့ပြင်....Classroom Observationကိုကျောင်းအုပ်ကြီးကိုယ်တိုင်ပြုလုပ်ဆောင်ရွက်ရမည်ဖြစ်တဲ့အတွက်.မိမိကျောင်းရှိ....အဆရာဆရာမများကိုအစည်းဝေးခေါ်ယူ၍ C.O အကြောင်းကိုရှင်းပြပေးဖို့နဲ့ဒီအထဲမှာပါတဲ့အချက်များကိုလည်း....ဆရာဆရာမများနားလည်သဘောပေါက်အောင်....ကြိုတင်ဆွေးနွေ၍..လုပ်ဆောင်ထားကြပါခင်ဗျာ...

1️⃣ မည်သူကဦးဆောင်၍ ပြုလုပ်မည်နည်း.....
ကျောင်းအုပ်ကြီးကိုယ်တိုင်ပါ

2️⃣ မည်သည်ကိုစစ်ဆေးမည်နည်း....
စာသင်ခန်းအတွင်းသင်ကြားသင်ယူနေပုံများ

3️⃣ မည်သညိ့အချက်များကိုစစ်ဆေးမည်နည်း....
ဆရာဆရာမများ၏သင်ကြားနေသည့်နည်းလမ်း
ကလေးများသင်ယူနေပုံ
ကလေးများပါဝင်ဆောင်ရွက်နေပုံ
ဆရာဆရာမများသင်ခန်းစာအတွင်းဘယ်လိုစစ်ဆေးနေလဲ

ဒါတွေကိုတစ်ပါတ်မှာတစ်ကြိမ်....အတန်းကုန်အောင်လေ့လာကြည့်ရှု့ပီး...လိုအပ်ပါက ကူညီဖြည့်ဆည်းဖို့လည်းတာဝန်ကိုလည်းကျောင်းအုပ်ကြီးတာဝန်ပါ......

ဒါကြောင့်....မိမိဝင်မည့်အတန်းထဲသို့မိမိတို့ကိုယ်တိုင်သင်ကြားမည့်ဘာသာရပ်ကိုကြိုတင်ပြင်ဆင်ပြီး....စာသင်ခန်းထဲသို့ဝင်တာအစ....လက်တွေလုပ်ဆောင်ခြင်းအလယ်....မှတ်ချက်ရေးခြင်း စစ်ဆေးခြင်းအဆုံး....ကိုဘယ်လိုတွေဆောင်ရွက်ရမလဲဆိုတာကို....အောက်တွင်ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍4