Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Sand dam

သဲချောင်းကို ရေမစိမ့်နိုင်တဲ့အောက်ခံမြေသားထိတူးပြီး တမံငယ်လေးဖြတ်ပိတ်လိုက်တယ်

မိုးကာလရေစီးချိန် တမံအထက်မှာ သဲတွေပို့သွားတယ်

ရေမစိမ့်နိုင်တဲ့မြေထိတမံပိတ်ထားလို့ ရေတွေကထွက်စရာမရှိဘူး

သဲတွေထဲမှာ ရေ 20-40% ခိုအောင်းနေတယ်

နွေရေရှားရင်ထုတ်သူံးရုံပဲ

သဲထဲကရေမို့ အငွေ့မပျံဘူး

အညစ်ကြေးနည်းတယ်

ခိုအောင်းနေတဲ့ရေတွေကြောင့် ချောင်းချောက်ဘေးဝဲယာ စိမ်းလန်းလာတယ်

တမံစာရိတ်က ရတဲ့အကျိုးကျေးဇူးနဲ့ယှဉ်ရင် မပြောပလောက်ဖူး

တပိုင်တစ်နိုင်လုပ်နိုင်တယ်

အခြားတိုင်းပြည်တွေမှာရှိတယ်

သဲချောင်းတွေပေါပြိးရေရှားတဲ့အညာဒေသအတွက် အဖြေဖြစ်နိုင်တယ်

ယခု ရာသီဥတုနဲ့က နည်းပညာအသစ် စရိတ်နည်းတွေ လုပ်ပြီးသုံးတာ ပိုအကျိုးရှိနိင်ပါတယ်

Credit- ဆရာကျော်ဦး
လေ့လာထားနိုင်ရန်
တက္ကသိုလ်အလိုက် အပ်နှင်းသောဘွဲ့များနှင့် သတ်မှတ်ထားသည့် သင်တန်းကာလများ
👍1
ယနေ့ခွန်အားစကား-၁

တိတ်ဆိတ်စွာ ကြိုးစားလိုက်ပါ
အောင်မြင်တဲ့အခါ ဆူညံသွားလိမ့်မယ်။
ဆေးတက္ကသိုလ်များ စိစစ်ရွေးချယ်ရာတွင်

လျှောက်ထားသည့် ကတ်ပြားမှာ ဖြည့်သွင်းထားတဲ့ တက္ကသိုလ် ဦးစားပေးအစီစဥ်ကို စိစစ်ခြင်း၊ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက် ကိုက်ညီမှုရှိမရှိ စိစစ်ခြင်းများကို ဆောင်ရွက်သွားပါမယ်။

ဆက်လက်ပြီး ၆ဘာသာရမှတ် စုစုပေါင်းအမှတ် ( ၄၅၀ ) နှင့် အထက် ရရှိသူတွေအနက် ( အင်္ဂလိပ်၊ ဓာတု၊ ဇီဝ ) ၃ဘာသာရမှတ်ပေါင်း အများ / အနည်းပေါ် မူတည်၍ အမှတ်အများဆုံး ရရှိပြီး ဆေးတက္ကသိုလ် ပထမ ဦးစားပေး လျှောက်ထားသူများကို ပဏာမအဆင့် ရွေးချယ်သွားမည်။

ထိုနောက် ပဏာမအဆင့် ရွေးချယ်ထားသူများအား အရည်အချင်းစစ် လူတွေ့/နှုတ်မေး စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ပြုမည် ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းကိုလည်း ဝင်ရောက်ဖြေဆိုရမည်။

လူတွေ့နှုတ်မေးစာမေးပွဲ စစ်ဆေးခြင်းရမှတ်အပေါ်မူတည်၍ အမှတ် အများ/အနည်းလိုက်စီပြီး အမှတ်အများဆုံးရရှိသည့် သတ်မှတ်ဦးရေကို အပြီးသတ် ရွေးချယ်မည်။

အပြီးသတ်ရွေးချယ်ခြင်းခံရသူများသည် စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ခြင်းတွင် ( Satisfactory) ရရှိရန် လိုအပ်ပါတယ်။

ဆေးတက္ကသိုလ် ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် မဆုံးရှုံးစေရန် လျှောက်လွှာကတ်ပြားတွင် ဖော်ပြထားသော ဦးစားပေး အစီစဥ်အတိုင်း ပြည့်စုံစွာ ဖော်ပြလျှောက်ထားရန် လိုအပ်ပါတယ်။
👍1
အမေးများသောမေးခွန်း
ဘာသာတွဲ ရွေးချယ်ခွင့် သတ်မှတ်ချက်ကို
အခြေခံပညာကျောင်းများ၊နှင့် ကိုယ်ပိုင်ကျောင်းများ သိရှိလိုက်နာရန်
Grade-10 တက်ရောက်မည့်
ကျောင်းသား/သူများအတွက် ဘာသာတွဲများနှင့်
တက်ရောက်နိုင်မည့် တက္ကသိုလ်များ
နှင့်
၂၀၂၄ခုနှစ်ရုံးပိတ်ရက်များ
2024 ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို
အခက်အခဲအမျိုးမျိူးကြောင့် မဖြေဖြစ်သူများအတွက်
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ဖြေဆိုခွင့်ပေးခဲ့သည့်
" မေးခွန်းလွှာများ "