Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ထို့ကြောင့် အရွယ်မရောက်သေးခင် အရွယ်ရောက်ပြီးချိန်လူငယ်မောင်များစုဝေးရာ အခြေခံပညာကျောင်းများ၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေးအကြောင်းအရာဟောပြောပွဲများကို ပြုလုပ်ပေးရန်လိုအပ်ပါကြောင်းတင်ပြလိုက်ရပါတယ်။
#အခြေခံပညာကျောင်းများအတွက်မရှိမဖြစ်ကျောင်းကျန်းမာရေးအဖွဲ့ထားရှိခြင်း၏ရည်ရွယ်ချက်......

ကျောင်းကျန်းမာရေးပညာ၏ အဓိကရည်ရွယ်ချက်
ကျောင်းများတွင် ကလေးသူငယ်များအား သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်ဆိုင်ရာ ကျောင်းကျန်းမာရေးပညာ၏ အဓိက ရည်ရွယ်ချက်-
(၁) ကျောင်းသားများအား တိကျမှန်ကန်သော ကျန်းမာရေးအသိပညာ
ရရှိရေး၊
(၂) မှန်ကန်သော ကျန်းမာရေးသဘောထားများ ကျောင်းသားဘဝ
မှအစပြု၍ တစ်သက်တာ ထားရှိတတ်စေရန်၊
(၃) လူနေမှုအဆင့်အတန်း မြင့်မားလာအောင် ကြိုးစားတတ်ရန်၊
(၄) ကျန်းမာရေးအတွက် ကောင်းသောအလေ့အကျင့်များ ငယ်စဉ်အခါ
မှ အစပြု၍ ရရှိရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်သွား
တတ်ရန်၊
(၅) မှားယွင်းသော စွဲလမ်းယုံကြည်ချက်များ ပပျောက်စေရန်၊
(၆) ကိုယ်စိတ် တိုးတက်ဖွံ့ဖြိုးမှု ရရှိစေရန်၊
(၇) အကြောင်းအကျိုး ဆက်စပ် တွေးတောလာတတ်စေရန်၊
(၈) ကောင်းစွာ စားသောက်နေထိုင်တတ်ကာ ကိုယ်ရည်ကိုယ်သွေး
ဖွံ့ဖြိုးမှု ရရှိစေရန်၊
(၉) မိသားစုစိတ်ဓာတ်ဖြင့် ရပ်ရွာမှအစ တိုင်းပြည်အတွက် ကျန်းမာရေး
ဆိုင်ရာ လုပ်ငန်းတာဝန်များတွင် ပါဝင်ကူညီလိုစိတ် ပေါ်ပေါက်လာ
စေရန် စသည်တို့ဖြစ်ပါသည်။

(၂) ကျောင်းကျန်းမာရေး လုပ်ငန်း အစီအစဉ် (School Health Programme)
ကျောင်းကျန်းမာရေးလုပ်ငန်း အစီအစဉ် အနေဖြင့် အချက်ကြီး ငါးချက်ကို မူတည်ပြီး လုပ်ကိုင်လျက် ရှိပေသည်။
ဤမူငါးချက်ကို တင်ပြရမည်ဆိုပါက-
(၁) ဆေးစစ်ဆေးခြင်း (Medical Examination) ၊
(၂) ဆေးကုသခြင်း (Treatment) ၊
(၃) ကာကွယ်ဆေးထိုးခြင်း (Immunization) ၊
(၄) ကျန်းမာရေးပညာပေးခြင်း (Health Education) ကျောင်းကျန်းမာရေး
ပညာပေး အစီအစဉ်ဖြင့် ကျန်းမာရေး သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊
ဘာသာရပ်ဆိုင်ရာ သင်ကြားမှုများတွင် ဖြည့်စွက်သင်ကြားပေးခြင်း၊
(၅) ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ခြင်း (Environment Sanitation) ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းပတ်ဝန်းကျင် ဖြစ်မြောက်လာရေးအတွက် စစ်ဆေးပြီး ကောင်းမွန်သော အစားအစာများကို ကျန်းမာသော ဈေးသည်များကသာ ရောင်းချစေခြင်း၊ စာသင်ခန်းမများ လေဝင်လေထွက် မှန်ကန်ပြီး ပြည့်စုံလုံလောက်သော အလင်းရောင်နှင့် နေရာထိုင်ခင်း အကျယ်အဝန်း မှန်ကန်ရေးတို့ကို ကျောင်းကျန်းမာရေး လုပ်ငန်းအစီအစဉ်ဖြင့် လုပ်ကိုင်ရပါသည်။

(က) အလုပ်လုပ်လျက် ပညာပေးနည်း**
ယင်းစနစ်မှာ ကျောင်းကျန်းမာရေးဝန်ထမ်းတိုင်းက မိမိတို့တာဝန်ကျရာ လုပ်ငန်းများကို ဆောင်ရွက်လျက် ကျန်းမာရေးပညာပေးခြင်းမျိုးကို ဆိုလိုပါသည်။ ဥပမာ-ကျောင်းတာဝန်ကျ ဆရာဝန်က ကျောင်းသားအား စစ်ဆေးကုသနေစဉ် တွေ့ရှိသည့် ရောဂါသဘာဝနှင့် မည်သို့ကာကွယ်နိုင်ပုံ စသည်တို့ကို ပတ်ဝန်းကျင်အခြေအနေနှင့် လက်ရှိအကြောင်းအရာများပေါ် မူတည်၍ ဆေးကုသခြင်း အလုပ်လုပ်လျက် ကျန်းမာရေးပညာ ပေးရပါမည်။

(ခ)အလျဉ်းသင့်သလို ပညာပေးနည်း
ကျောင်းကျန်းမာရေး မူလလုပ်ငန်းမှာ ဆေးစစ်ရန်၊ သန့်ရှင်းရေး ကြည့်ရှုရန်နှင့် ကူးစက်ရောဂါ ကာကွယ်ရန်ဖြစ်သော်လည်း တခါတရံ ၎င်းမူလလုပ်ငန်းနှင့် မသက်ဆိုင်သည့် ကိစ္စများ၊ ဥပမာ-ကျောင်းသားတစ်ယောက် ရုတ်တရက် ဒဏ်ရာရနေသည်ကို တွေ့ရှိပါက အနာကို ပြုစု ဆေးထည့်ပေးရုံသာမကဘဲ အနာပိုး မဝင်စေရန်အတွက် သန့်ရှင်းစွာထားရေး၊ ထိခိုက်မှုအန္တရာယ် ကြိုတင်ကာကွယ်ရေး စသည်တို့ကို အလျဉ်းသင့်သလို ပညာပေးကြရပါသည်။

(ဂ) ညွှန်ပြပညာပေးနည်း
ကျောင်းသားများအား အထူးကုဆရာဝန်ကြီးများထံ နောက်ဆက်တွဲကုသရန်၊ ညွှန်းပို့ရာ၌ ကလေးအရာရှိများက ကျောင်းသားများကိုသာမက မိဘနှင့် ဆရာများထံ ချဉ်းကပ်ပြီး ၎င်းတို့၏ သားသမီးနှင့် တပည့်ကလေးများအား မပျက်မကွက် ဆက်လက်စစ်ဆေး ကုသနိုင်ရေးအတွက် ကူညီလုပ်ဆောင် ညွှန်ပြ ပညာပေးရပါသည်။

(ဃ) တိုက်ရိုက်ပညာပေးနည်း
၎င်းစနစ်မှာ ကျောင်းများတွင် ကျောင်းကျန်းမာရေး သင်တန်းများ ဖွင့်လှစ်သင်ကြားခြင်းမျိုး ဖြစ်ပါသည်။ ၎င်းသင်တန်းများအပြင် တစ်ကိုယ်ရေ သန့်ရှင်းရေးအကြောင်း၊ မ သဘာဝ၊ ကျား သဘာဝအကြောင်း ဟောပြောပွဲများ ပြုလုပ်ခြင်းသည်လည်း ၎င်းစနစ်တွင် အပါအဝင်ဖြစ်ပါသည်။

အထက်ပါ စနစ်လေးမျိုးအရ ပညာပေးရာတွင် အောက်ပါပညာပေးနည်း ငါးသွယ်ကို နေရာဒေသ၊ အချိန်အခါနှင့် အခြေအနေပေါ်မူတည်၍ သင့်လျော်သလို ပြောင်းလဲအသုံးပြုရပါသည်။ ၎င်းတို့မှာ
(၁) ဟောပြောမှုဖြင့် ပညာပေးနည်း၊
(၂) ရေးသားမှုဖြင့် ပညာပေးနည်း၊
(၃) ပြသမှုဖြင့် ပညာပေးနည်း၊
(၄) ပြိုင်ဆိုင်မှုဖြင့် ပညာပေးနည်း၊
(၅) စည်းရုံးမှုဖြင့် ပညာပေးနည်းများ ဖြစ်ပါသည်။
ပညာပေးရာတွင် စိတ်ပါဝင်စားမှု ပိုမို ထိရောက်စေရန်အတွက်လည်း ပြခန်းဖွင့်လှစ် တသွယ်၊ ရုပ်ရှင်ပြသ၍ တဖုံ၊ ပိုစတာကားချပ်၊ စာရွက်စာတမ်းစသော သင်ကြားမှုအထောက် အကူပစ္စည်းများကို အသုံးပြု၍ တနည်း လဲလှယ် ပညာပေး ဆောင်ရွက်သွားကြမည် ဆိုပါက အောင်မြင်သော ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်တစ်ခက ဖြစ်မြောက်သွားမည်မှာ အမှန်တကယ်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
#စစ်ဆေးရေးများအမြဲစစ်သောစာရင်းများ

မင်္ဂလာပါ ဆရာကြီးဆရာမကြီးတို့ရေ.....

မှတ်တမ်း ၂၈မျိုးဆိုတဲ့စာရင်းဇယားတွေကို Admin၏ pageတွင် ဖော်ပြထားပီးသားပါခင်ဗျ...... အမှန်တိုင်းပြောရရင် ထိုစာရင်း၂၈မျိုးကို အကုန်ပြုလုပ်တာဆိုလို့ မူလွန်...လခွဲ...လယ်...ထခွဲ...ထက်...တို့မှာပဲစုံလင်စွာတွေ့နေရပါတယ်...ဒါတောင် အထက်တန်းကျောင်းကလွဲ၍...ဖော်ပြပါကျောင်းအဆင့်တွေအားလုံးမှာလည်းစုံလင်အောင်ပြုလုပ်ထားခြင်းသိပ်မရှိပါ....စာရင်းဇယားမှတ်တမ်းတွေဆိုတာ ကျောင်းတစ်ကျောင်းကိုပြုပြင်ပြောင်းလဲခြင်း...အတွက်
တိုးတက်နေခြင်းအတွက်ကိုဖော်ပြပေးပါသောအရာပဲဖြစ်ပါတယ်....
ဒါကြောင့် မှတ်တမ်း၂၈မျိုးထဲမှာမှ... စာရင်းဇယားများအကုန်မလုပ်နိုင်သောကျောင်းများအတွက် မလုပ်မဖြစ်လုပ်ထားရမည့် မရှိမဖြစ်ရှိထားရမည့်
အရာများကို ရေးသားဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ...ဒီစာရင်းဇယားများကို
စစ်ဆေးရေးများအမြဲစစ်လေ့ရှိတဲ့စာရင်းဇယားများဖြစ်သည့်အတွက် အလွန်အရေးကြီးသောအစစ်ခံရသောအရာများပင်ဖြစ်ပါတယ်...

#စာမေးပွဲဆိုင်ရာစစ်တမ်း၅မျိုး

၁။ တစ်ဘာသာခြင်း ရမှတ်ပုံစံ
၂။ ဘာသာစုံရမှတ်ပုံစံ
၃။ အမြဲတမ်းအမှတ်စာရင်းပေါင်းချုပ်
၄။ ဘာသာရပ်အလိုက် ရမှတ် နှိုင်းယှဥ်ချက်ဇယား
၅။ အတန်းလိုက်ရှိ... ရှိ --- ဖြေ --- အောင် ရာနှုန်းပြဇယားတို့ပဲ ဖြစ်ပါတယ်...

#ကျောင်းခေါ်ကြိမ်မှတ်တမ်း၅မျိုး

၁။ နေ့စဥ်ကျောင်းခေါ်ကြိမ်
၂။ အချိန်ပိုင်းကျောင်းခေါ်ကြိမ်
၃။ လစဥ်ကျောင်းခေါ်ကြိမ်
၄။ ခွင့်မှတ်တမ်း
၅။ စည်းကမ်းထိန်းသိမ်းရေးမှတ်တမ်း.....တို့ပဲ ဖြစ်ပါတယ်....

#အုပ်ထိန်းသူဆိုင်ရာစနစ်၃ခု

၁။ ကိုယ်ရေးမှတ်တမ်း
၂။ ခေါ်ယူတွေ့ဆုံမူမှတ်တမ်း
၃။ ပညာရည်မှတ်တမ်း......တို့ပဲ ဖြစ်ပါတယ်....

#ကျောင်းအုပ်ကြီးရုံးခန်းတွင်ကပ်ထားရမည်စာရင်း၆မျိုး

၁။ကျောင်းသမိုင်းကျဥ်း
၂။ ကျောင်းစနစ်ပုံ
၃။ ပညာရေးအညွှန်းကိန်း
၄။ လွန်ခဲ့သော ၅နှစ် / ၃နှစ်တာအောင်ချက်ပြဇယား
၅။ ဝန်ထမ်းအင်အားပြဇယား နှင့် တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီး
များ၏ ထမ်းဆောင်ခုနှစ်... အမည်....များ
၆။ ယခုစာသင်နှစ်၏ ကျောင်းသားအင်အားပြဇယား......တို့ပဲ ဖြစ်ပါတယ်....

#ချိတ်ဆွဲထားရမည့်အဖွဲ့စည်းစာရင်းများ

၁။ ကျောင်းသားမိဘ အလုပ်အမူဆောင်အဖွဲ့
၂။ ေကျာင်းအကျိုးဆောင်အဖွဲ့
၄။ ကျောင်းကောင်စီအသင်းအဖွဲ့
၅။ ကျောင်းဖွံ့ဖြိုးမူကော်မတီအဖွဲ့
၆။ ကျောင်းကျန်းမာရေးအဖွဲ့...... တို့ပဲ ဖြစ်ပါတယ်....
#ကျောင်းဖွံ့ဖြိုးမူရန်ပုံငွေအစည်းဝေမှတ်တမ်းပုံစံ

ဆရာကြီး ဆရာမကြီးတို့ရေ မင်္ဂလာပါဗျ

မကြာခင်အချိန်တွင်းမှာ ကျောင်းဖွံ့ဖြိုးမူရန်ပုံငွေကို ကျောင်းသားဦးရေအလိုက် ရန်ပုံငွေခွဲတမ်းတွေရတော့မှာပါ.....ဒါကြောင့် ရပီဆိုတာနဲ့
အစည်းဝေးတွေလုပ်ပီး ရန်ပုံငွေအကြောင်းရှင်းပြရတော့မှာဖြစ်သလို
ဖွံ့ဖြိုးမူကော်မတီကိုလည်း ထင်သာမြင်သာမူရှိအောင် ဖွဲ့စည်းရမှာဖြစ်သလို
စနစ်တကျသုံးစွဲရမှာလည်းဖြစ်ပါတယ်...

.ဒါ့အပြင် ဒီငွေနဲ့ပြသနာတွေတက်တာတွေရှိသလို ရာထူးအထိ ...ထိခိုက်နစ်နာမူတွေနဲ့အလုပ်ထွက်ရသလိုပြောင်းရွေ့ခံရတဲ့အထိလည်းဖြစ်သွားရတာတွေ တကယ့်လက်တွေ့မှာမြင်ရကြားနေရပါတယ်.....ဒါကြောင့် အစည်းဝေးခေါ်ယူပီး မှတ်တမ်းထားရမည့်ပုံစံလေးကိုရေးပြီးတင်ပြလိုက်ရပါတယ်.....

ကျောင်းအဆင့်အလိုက် ငွေထိန်းသိမ်းပုံနည်းတော့ကွာဟပါလိမ့်မယ်ခင်ဗျ....ဒီထက်ပိုကောင်းတဲ့တကယ်လည်းလက်တွေ့လုပ်ဆောင်မည့်ဆရာကြီးဆရာမကြီးအတို့အတွက်အထောက်အကူလေးရအောင်တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ
10 mm = 1 cm
10 cm = 1 dm
10 dm = 1 m
10 m = 1dam
10 dam = 1 hm
10 hm = 1 km
1 km = 1000 m
1 m = 100 cm



၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧကရှိသော စတုရန်းပုံအနားတစ်ဖက် = ၂၀၈.၇၁ပေ(၂၀၉)
၁ ဧကရှိသော စတုရန်းပုံ ပတ်လည်အနား = ၈၃၄.၈၄ ပေ(၈၃၆)
👍4
ပညာရေးတက္ကသိုလ်များ

ရန်ကုန်ပညာရေးတက္ကသိုလ်နှင့်
စစ်ကိုင်းပညာရေးတက္ကသိုလ်

သိပ္ပံဘာသာရပ်
စုစုပေါင်းရမှတ် - ၃၈၀ နှင့် အထက် ရရှိသူများလျှောက်ထားနိူင်။

ဝိပ္ပံဘာသာရပ်
စုစုပေါင်းရမှတ် - ၃၆၀ နှင့် အထက် ရရှိသူများလျှောက်ထားနိုင်။

ဝိဇ္ဇာဘာသာရပ်
စုစုပေါင်းရမှတ် - ၃၅၀ နှင့် အထက် ရရှိသူများလျှောက်ထားနိုင် ။

စိစစ်ရွေးချယ်ရာတွင် လျှောက်ထားသူများ၏ ရမှတ်များကို အများ- အနည်း စဉ်ပြီး အမှတ်အများဆုံးမှ ကန့်သတ်ဦးရေအတိုင်း စိစစ်ရွေးချယ်ပါသည်။

ယခင်ဝင်ခွင့်ရရှိသူများမှာ-
သိပ္ပံဘာသာရပ်
စုစုပေါင်းရမှတ် ၅၂၉ မှ ၃၈၁ အထိ

ဝိပ္ပံဘာသာရပ်
စုစုပေါင်းရမှတ် ၄၉၈ မှ ၃၉၈ အထိ

ဝိဇ္ဇာဘာသာရပ်
စုစုပေါင်းရမှတ် ၅၁၃ မှ ၄၂၄ အထိ

စုစုပေါင်း ရမှတ် အများ-အနည်း စဉ်ပြီး ကန့်သတ်ဦးရေအတိုင်း စိစစ်ရွေးချယ်သွားပါတယ်။
👍3
မေးထားသူများအတွက်ပါ
တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ၊ လမ်းညွှန်စာအုပ်၊ စာအိတ်၊ အရည်အချင်းမှတ်တမ်းချုပ် စသည်တို့ကို ( သြဂုတ်လ ) တွင် ထုတ်ပေးသွားမှာ ဖြစ်ပြီး၊ လျှောက်လွှာများကို ( စတင်ဘာလ ) လတွင် လျှောက်လွှာ တင်ရပါမည်။

သီးခြားလျှောက်ထားရမည့် တက္ကသိုလ်များကို သတင်းစာတွင် သီးခြားခေါ်ပါတယ်။ အဆိုပါတက္ကသိုလ်များတွင် တိုက်ရိုက်လျှောက်ထားရပါမယ်။

တက္ကသိုလ်ဝင်ခွင့်ရရှိသူများစာရင်းများကိုတော့ ( နိုဝင်ဘာလ ) တွင် ထုတ်ပြန်ကြေညာပေးလေ့ရှိပါတယ်။
👍4
Sand dam

သဲချောင်းကို ရေမစိမ့်နိုင်တဲ့အောက်ခံမြေသားထိတူးပြီး တမံငယ်လေးဖြတ်ပိတ်လိုက်တယ်

မိုးကာလရေစီးချိန် တမံအထက်မှာ သဲတွေပို့သွားတယ်

ရေမစိမ့်နိုင်တဲ့မြေထိတမံပိတ်ထားလို့ ရေတွေကထွက်စရာမရှိဘူး

သဲတွေထဲမှာ ရေ 20-40% ခိုအောင်းနေတယ်

နွေရေရှားရင်ထုတ်သူံးရုံပဲ

သဲထဲကရေမို့ အငွေ့မပျံဘူး

အညစ်ကြေးနည်းတယ်

ခိုအောင်းနေတဲ့ရေတွေကြောင့် ချောင်းချောက်ဘေးဝဲယာ စိမ်းလန်းလာတယ်

တမံစာရိတ်က ရတဲ့အကျိုးကျေးဇူးနဲ့ယှဉ်ရင် မပြောပလောက်ဖူး

တပိုင်တစ်နိုင်လုပ်နိုင်တယ်

အခြားတိုင်းပြည်တွေမှာရှိတယ်

သဲချောင်းတွေပေါပြိးရေရှားတဲ့အညာဒေသအတွက် အဖြေဖြစ်နိုင်တယ်

ယခု ရာသီဥတုနဲ့က နည်းပညာအသစ် စရိတ်နည်းတွေ လုပ်ပြီးသုံးတာ ပိုအကျိုးရှိနိင်ပါတယ်

Credit- ဆရာကျော်ဦး