Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Positive Energy များတဲ့သူ ဖြစ်အောင်နေထိုင်ပါ ။

ကိုယ်နဲ့ ပတ်သက်လာသမျှ လူတွေဟာ ကိုယ့်ကြောင့် တိုးတက်ရတာမျိုး ၊ ပျော်ရွှင်ရတာမျိုး ၊ စိတ်လုံခြုံနွေးထွေးရတာမျိုး ခံစားရအောင် နေထိုင်ပါ ။

လူတစ်ယောက်နား ကပ်လိုက်လို့ အပူတွေကူးစက်တာ
မျိုး ကြုံရဖူးတယ်မဟုတ်လား ။ တွေ့တာနဲ့ အဆင်မပြေကြောင်းတွေ ညဉ်းညူမယ် ၊ သူများအတင်းတွေ ပြောမယ်ဆိုတဲ့သူတွေဟာ Negative Vibes တွေ ကြီးစိုးနေတာပဲ ။ အဲ့သလို လူမျိုးမဖြစ်စေနဲ့ ။

အတင်းမပြောနဲ့ … မညဉ်းညူနဲ့ ။ ဆဲဆို ရိုင်းစိုင်းတာတွေ မပြောနဲ့ ။ ကောင်းတာပြောပြော ဆိုးတာပြောပြော စကားဟာ စကားပဲမဟုတ်လား ။ တိုးတက်ရာ တိုးတက်ကြောင်းတွေ ပြောတတ်သူဖြစ်အောင့်လေ့လာပါ။ စာအုပ်တွေဖတ်တာဟာ positive energy များတဲ့သူဖြစ်စေပါတယ် ။ အဓိပ္ပာယ်ရှိတဲ့စကားတွေပြောတတ်လာတယ် ၊ တွေးတောဆင်ခြင်းနိုင်စွမ်းတွေ ပိုကောင်းလာတယ် ၊ စိတ်သဘောထား ပြည့်ဝတဲ့သူဖြစ်စေတယ် ။ ဒါမှသာ ကိုယ့်ဘေးနားက လူတွေကိုလဲ အထောက်ကူဖြစ်နိုင်မှာ ။

ပျော်စရာတွေ မျှဝေပါ ။ ဟာသတွေပြောပါ ။ ချစ်သူခင်သူတွေနဲ့ နွေးထွေးစွာနေထိုင်ပါ ။ မေတ္တာတရားထားပြီး ဆက်ဆံပြောဆိုပါ ။ အဓိကက စိတ်ပါပဲ … စိတ်ကောင်းကောင်းထားမယ် ၊ စိတ်ကို ကြည်အောင်နေမယ်ဆို အကြည်ဓာတ်တွေဟာ ကိန်းအောင်လာမှာပါပဲ ။ ဒါဆို ကိုယ့်ဘေးနားကပ်သူတိုင်းဟာ အေးချမ်းရတာပါပဲ ။

Positive energy ရှိတာဟာ ရုပ်ရည် ၊ အချိုးစား ပြေပြစ်နေမှ မဟုတ်ဘူး … သူ့ရဲ့ အကောင်းမြင်စိတ်ထားကိုက ဆွဲဆောင်မှုအားရှိနေတာ ။ အဲ့ဒါက သူ့ကို ပိုကြည့်ကောင်းစေတာ ။ Positive Vibes တို့ဆိုတာဟာ သူ့အလိုလို ဖြစ်တည်နေတာမဟုတ်ပဲ ကိုယ်တိုင် ဖန်တီးတည်ဆောက်ရတာမျိုးပါ ။

Good listener တွေဟာ positive energy များသူတွေပါပဲ ။ လူတော်တော်များများဟာ သူတို့ပြောချင်တာပဲ ဇွတ်ပြောတတ်ကြတယ် … တစ်ဖက်လူစကားဆို သိပ်နားထောင်မပေးတတ်ကြဘူး ။ good listener တွေဟာ တစ်ဖက်လူ ခံစားချက်ကို သေချာနားထောင်ပေးတယ် ၊ စာနာပေးတယ် ၊ စိတ်ရှည်တယ် ။ သူတို့ဆီ ရင်ဖွင့်ရရင် ကိုယ့်ရဲ့ အပူတစ်ဝက်လောက်က လျော့ကျသွားစေတာပဲ ။ စိတ်လုံခြုံနွေးထွေးရတယ် ။
ထပ်တူခံစားပြီး ၊ စိတ်ရှည်စွာနားထောင်ပေးခြင်းဟာ
ကူညီခြင်း တစ်မျိုးပါပဲ ။ လူတွေဟာ စကားပြောဖော်ဆိုတာ လိုအပ်တယ် ။ အထူးသဖြင့် သူတို့ရဲ့ ခံစားချက်ကို စိတ်ရှည်စွာ နာထောင်ပေးတတ်သူမျိုးကို ပိုလိုအပ်ကြတယ် ။ ရင်ထဲက အပူတွေကို ရင်ဖွင့်လိုက်တာနဲ့ တစ်ဝက်လောက်က ငြိမ်းချမ်းသွားရတာပဲ မဟုတ်လား ။

လူတွေဟာ ပြောဆိုရင် ပြောနိုင်တယ် …
နားထောင်ပေးဖို့တော့ ခက်ကြတယ် ။ ဒါ့ကြောင့် ကိုယ်တိုင်က နားထောင်ပေးတတ်အောင် လေ့ကျင့်ပါ ။ ဒါဟာ လူချစ်လူခင်ပေါစေသလို … ကိုယ့်ဘေးကလူတွေအတွက် အကျိုးပြုပါတယ် ။

ဒါ့ကြောင့် ကိုယ့်ဘေးက ဘယ်သူ့ကိုမဆို သူတို့ပြောချင်တာရှိရင် နားထောင်ပေးလိုက်ပါ ။
သူတို့အတွက် များစွာ အကူညီရသလို ကိုယ်လည်း ကုသိုလ်ရပါတယ် ။

Positive energy များသူတွေဟာ လူချစ်လူခင်ပေါများတယ် ၊ မျက်နှာပွင့်တယ် ၊ လူအများလေးစားကြတယ် ။ ဒါ့ကြောင့် ကိုယ်တိုင်က Positive Energy များအောင်ကြိုးစားပြီး နေထိုင်ပါ ၊ ဘေးကလူတွေကိုမျှဝေပါ ။

ဒါဆို ကိုယ့်ကမ္ဘာလေးဟာ ပိုစိမ်းလန်းပြီး ၊ ပိုအေးချမ်းပါလိမ့်မယ် ။ ကိုယ့်ဘေးမှာပွင့်တဲ့ ပန်းကလေးတွေဟာလည်း ပို၍ မွှေးပျံ့ပါလိမ့်မယ် ။

Crd
⁃ Thar Htwe
👍5
ပြီးခဲ့တဲ့နှစ်တုန်းက သားကိုလွယ်အိတ်ကြီးကလေးလိုက်တာအချိန်ဇယားလေးနဲ့မနက်ညနေခွဲသယ်လေဆိုတော့ အစားထိုးဆရာမတွေဝင်တဲ့အခါစာအုပ်မပါရင်ဆူတယ်တဲ့ အစာထိုးဝင်တာပဲ ပါတဲ့စာအုပ်ကျောဘက်မှာကူးပြီးအိမ်မှာမှသက်ဆိုင်ရာစာအုပ်မှာပြန်ကူးလဲရတာပဲကိုး။အဖေတို့တုန်းကလဲအဲ့လိုပဲဆိုတော့မရဘူးဆိုတာနဲ့တစ်နှစ်ပြီးခဲ့ပေါ့ . . .
👍6❤1
ဘွဲ့ရပြီး
ကျား(၃၅နှင့်အောက်) မ(၃၀နှင့်အောက်)
လ/ထမူ၊ ဒုမူ၊ ဒုလယ်ပြများ
ကာယပညာ အရာရှိ၏ ထောက်ခံချက်ဖြင့်
ကာယပညာသင်တန်း အမှတ်စဉ်(၂၂) သို့ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း။

လုပ်သက်သတ်မှတ်ချက်မှာ လ/ထမူများအတွက်(၂)နှစ်
ဒုမူ/ဒုလယ်များအတွက် (၁)နှစ်။
#ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းအပတ်စဉ်(၂၂) သင်တန်းဖွင့်လှစ်ရေးလုပ်ငန်းလမ်းညွှန်

သင်တန်းသားအရည်အချင်းသတ်မှတ်ချက်

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဘွဲ့တစ်ခုခု

ရရှိပြီးသူ လက်ထောက်မူပြ ၊ ဒုမူပြ ၊ လက်ထောက်လယ်ပြ ၊ ဒုလယ်ပြဆရာမဖြစ်ပြီး (ကျား)အသက် (၃၅)နှစ်နှင့်အောက်၊ (မ)အသက်(၃၀)နှစ်နှင့်အောက် ရှိသူဖြစ်ရမည်။

လက်ထောက်လယ်ပြ ၊ ဒုလယ်ပြများအတွက် လုပ်သက်(၂) နှစ်ပြည့်သူ
လက်ထောက်မူပြ ၊ ဒုမူပြ များ အတွက် လုပ်သက် (၁)နှစ်ပြည့်သူဖြစ်ရမည်။

ကာယပညာနှင့်အားကစားလုပ်ငန်းများကို စိတ်ပါဝင်စားသူဖြစ်ကြောင်းနှင့် ကာယပညာဆရာ တစ်ဦးတွင်ရှိသင့်သည့် အားကစားအရည်အချင်းရှိကြောင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လက်ထောက်ညွှန်ကြားရေးမှူးများ၏ ထောက်ခံချက်ပါရှိရမည်။

ကာယပညာနှင့်အားကစားအခြေခံနည်းပြ သင်တန်းတက်ရောက်နိုင်သည့် ကျန်းမာမှုရှိကြောင်း သက်ဆိုင်ရာ ကျန်းမာရေးဌာန၏ ထောက်ခံချက်ပါရှိရမည်။

သင်တန်းဆင်းလက်မှတ်ရရှိသူ သင်တန်းသားသင်တန်းသူများအား ဒု-အလယ်တန်းပြ ကာယ အဖြစ် ခန့်ထားခြင်း သင်တန်းတွင် သတ်မှတ်စည်းမျဉ်းများနှင့်အညီ အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်း လက်မှတ်ရရှိသူများကို အခြေခံပညာအလယ်တန်းကျောင်းများတွင်
ဒု အလယ်တန်းပြ ကာယ များအဖြစ် ခန့်ထားသွားမည်ဖြစ်ပါသည်။

(#လျှောက်လွှာအတွက်မိမိတို့မြို့နယ်ပညာရေးမှူးရုံးသို့ဆက်သွယ်မေးမြန်းပေးကြပါခင်ဗျာ။)

သင်တန်းဖွင့်လှစ်ရက်.......၂၅ • ၇ • ၂၂၄. မှ ၉ • ၉ • ၂၀၂၄

သင်တန်းဖွင့်မည့်နေရာ..... နေပြည်တော်

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍4❤1
( ခ ) စာရင်း စာအုပ်တွင်

မိမိကျောင်း ကနေထွက်သွားသူများ အတန်းကုန်ဆုံး၍...ကူးပြောင်းသွားသူများကို TC ထုတ်ပေးပြီးသည်နှင့် TC နံပါတ်များနှင့်အတူ...ထုတ်ပေးလိုက်သည့်ရက်စွဲ...ကျောင်းအုပ်ရာထူးတံဆိပ်အပြင်....ထိုကျောင်းသား/သူ၏...သက်ဆိုင်ရာအတန်း၏ခုံနံပါတ်ရေးသားခြင်း နှင့် ဓာတ်ပုံကိုပါ
ကပ်ထားကြဖို့ မမေ့ကြပါနဲ့ခင်ဗျာ။
မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်း တစေ့တစောင်း
-------
မူးယစ်ဆေးဝါးဆိုတာ ဦးနှောက်နဲ့အာရုံကြောကို ထိုခိုက်ပြောင်းလဲစေပြီး ခန္ဓာကိုယ်ကို တစ်နည်း နည်းဖြင့် ဘေးဒုက္ခဖြစ်စေပြီး စိတ်ရောကိုယ်ပါစွဲလန်းမှုဖြစ်စေသည့်ဆေးဝါးများကို မူးယစ်ဆေး ဝါးဟုခေါ်သည်။

မူးယစ်ဆေးဝါး ကို သုံးစွဲမိသောသူအတွက် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုများကိုဖြစ်စေတတ်ပြီး အရှည်သဖြင့် စွဲလမ်းခြင်း၊ စိတ်အာရုံထွေပြားခြင်း၊ စိတ်ကျန်းမာရေးထိခိုက်ပျက်ပြားစေခြင်း စသော ဂုဏ်သတ္တိရှိသည့် အရည်သော်လည်းကောင်း၊ အမှုန့်သော်လည်းကောင်း၊ အစိုင်အခဲ (ဆေးပြား) သော်လည်းကောင်း ဆိုလိုသည်။

မူးယစ်ဆေးသုံးစွဲထားသူများသည် ဆေးအာနိသင်ပြချိန်(ဆေးတက်ချိန်)တွင် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အခြေ‌အနေများသည် သာမန်မသုံးစွဲထားသောသူများထက် သာလွန်နေသည်ဟု မြင်သောကြောင့်ဖြစ်သည်။ သို့သော် ဆေးအရှိန်ပြယ်ချိန်တွင် စိတ်ပိုင်းဆိုင်ရာအားဖြင့် စိုးရိမ်ခြင်း၊ထိတ်လန့်နေခြင်း၊စိတ်ဓာတ်ကျခြင်းတို့ကိုဖြစ်ပေါ်စေပြီး ရုပ်ပိုင်းဆိုင်ရာအားဖြင့် အားအင်ကုန်ခမ်းခြင်း၊အစာမစားနိုင်ခြင်းတို့အား အချိန်ကြာမြင့်စွာ ခံစားရမည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံတိုင်းတွင် မူးယစ်ဆေးဝါးများကို ဆေးပညာရပ်နှင့် ကျန်းမာရေးအခြေအနေများအရ အသုံးပြုရန်မှ အပ ကျန်အခြေအနေများတွင် အသုံးပြုခြင်းအား ဥပဒေပြဋ္ဌာန်းကာ တားမြစ်ထားသည်။

မူးယစ်ဆေးဝါးအဓိကအုပ်စုကြီး (၃)ခု

၁။ သဘာ၀အလျှောက်ဖြစ်ပေါ်သည့် မူးယစ်ဆေးဝါး (ဥပမာ-ဘိန်း၊ ဆေးခြောက်၊...
၂။ တစ်စိတ်တစ်ပိုင်းဓါတ်ပြုခြင်းမှ ထွက်ပေါ်လာသည့် မူးယစ်ဆေးဝါး (ဘိန်းဖြူ၊.... )
၃။ ဓါတ်ပြုပစ္စည်းများဖြင့် ဓါတ်ပြုခြင်းမှ ထွက်ပေါ်လာသော မူးယစ်ဆေးဝါး (စိတ်ကြွရူး သွပ်ဆေး၊ စိတ်ပြောင်းဆေး၊ …

WHO - ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ခွဲခြားသတ်မှတ်ထားသည့် အုပ်စု(၈)ခု

၁။ အရက်အမျိုးမျိုး၊ ဒိုင်ယာ (အိပ်ဆေး၊ စိတ်ငြိမ်ဆေးအုပ်စု)
၂။ ဆေးခြောက်အုပ်စု(အရွက်၊အဆီ)
၃။ ဘိန်းအုပ်စု(ဘိန်းမဲ၊ကော်မီးသာဇင်၊ ဖင်စီဒိုင်း၊ဘိန်းဖြူ၊မော်ဖင်း၊ပက်သဒင်း)
၄။ စိတ်ကြွစေသောဆေးဝါးအုပ်စု(အက်ဖက်တမင်း၊မက်သဒရင်း)
၅။ ကိုကင်း(ကိုကာအရွက်၊အမှုန့်၊ အခဲ)
၆။ စိတ်ခြောက်ခြားစေသောဆေးများ(L-S-D၊ မက်စကလင်း)
၇။ ခပ် လို့ခေါ်သည့်ဆေး(တောင်အမေရိက/အရှေ့အလယ်ပိုင်းအသုံးများ)
၈။ အငွေ့ပျံလွယ်တဲ့အရည်(အီသာ၊ကလိုရိုဖောင်း၊အရက်ပျံ၊ရေနံဆီ၊ဓါတ်ဆီ၊တင်ဒါ၊ ကော်အမျိုးမျိုး)

အမျိုးအစား(၂)မျိုး
၁။ အပြင်းစား မူးယစ်ဆေးဝါး
(ဘိန်းမည်း၊ဘိန်းဖြူ၊ဘိန်းဆီ၊မော်ဖင်း၊ပက်သဒင်း၊ကိုကင်း၊ချောင်းဆိုးပျောက်ဆေး)၊ ကိုမီသာဇင်၊ဖင်ဆီဒိုင်း၊ဒိုင်ယာဇီပင်၊စိတ်ကြွဆေး၊ရာမ၊ရာဘ၊ICE၊အက်စတာဆီ၊ အိပ်ဆေး၊ မက်သာကွာဒုံး၊အက်ဖက်တမင်း)
၂။ အပျော့စား မူးယစ်ဆေးဝါး
(အရက်၊ဘီယာ၊ဆေးခြောက်၊ကော်အမျိုးမျိုး၊ ဓါတ်ဆီ၊ရေနံဆီ၊ အရက်ပျံ၊ တင်နာ၊ ကော်၊ ဆေးလိပ်၊ကွမ်းယာ၊ ကွမ်းပေါင်း၊ရှီးခါး)

မူးယစ်ဆေးဝါးတို့၏သဘာဝမှာ စိတ်ကိုစွဲလမ်းစေတတ်ခြင်းပင်ဖြစ်ပြီး ရံဖန်ရံခါသုံးစွဲမှုမှသည် မကြာခဏ၊ ထိုမှတစ်ဆင့်တက်၍ နေ့စဉ်ဆက်တိုက်သုံးစွဲလာတတ်သည်။ ဆေးသုံးစွဲမှုမှ ခဏတာရရှိသော စိတ်ပိုင်းဆိုင်ရာခံစားမှုအပေါ် စွဲလမ်းရာမှ မသုံးစွဲရလျှင်မနေနိုင်သည့် အခြေအနေဖြစ်ပေါ်လာသည်။ စိတ်ကျန်းမာရေးအပေါ်တွင်ရော ကိုယ်ခန္ဓာကျန်းမာရေးအပေါ်တွင်ပါ မူးယစ်ဆေးဝါးကြောင့် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာသည်။ လူငယ်လူရွယ်များအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများမှာ လူမှုဆက်ဆံမှုများမှ အများဆုံးဖြစ်သည်။ မူးယစ်ဆေးဝါးသုံးစွဲမှုကို ခေတ်မီသူတိုင်းပြုလုပ်ကြခြင်းဖြစ်သည်ဟူ၍ လွဲမှားစွာယူဆခြင်း၊ ရွယ်တူအပေါင်းအသင်းများအကြား ဝင်ဆံ့စေရန် အားကျမခံ ဝင်ရောက်သုံးစွဲခြင်း၊ အသစ်အဆန်းတစ်ခုအနေဖြင့် လက်တည့်စမ်းသုံးစွဲခြင်း၊ အပေါင်းအသင်းသူငယ်ချင်းများက ဆွဲဆောင်ခြင်း၊ ပတ်ဝန်းကျင်၌ မူးယစ်ဆေးဝါးသုံးစွဲသူများ ရှိနေသည်ကို အတုမြင်အတတ်သင်ကာ သုံးစွဲခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းခြင်းတို့သည် မူးယစ်ဆေးဝါးစွဲရခြင်း၏ အကြောင်းရင်းခံများဖြစ်သည်။

မူးယစ်ဆေးဝါး၏ တိုက်ရိုက်ဆိုးကျိုးမှာ သုံးစွဲသူ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းကျန်းမာရေးကို ထိခိုက်စေခြင်းဖြစ်ပြီး အခြားအကျိုး ဆက်များအနေဖြင့် လူမှုရေး၊ စီးပွားရေးဆိုင်ရာ မကောင်းသော အကျိုးဆက်များလည်း ဖြစ်ပေါ်လာနိုင်သည်။ မူးယစ်ဆေးစွဲသူ၏ မိသားစုနှင့်ပတ်ဝန်းကျင်တို့တွင် လူမှုအနိဋ္ဌာရုံများပါ ဖြစ်ပေါ်လာနိုင်သည်။ နိုင်ငံအနေဖြင့်မူ အလုပ်လုပ်နိုင်သော လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးရခြင်းဖြစ်သည့်အပြင် ကုသမှုပေးရသဖြင့် ဝန်ထုပ်ဝန်ပိုးများပါ ဖြစ်ပေါ်လာရသည်။ မူးယစ်ဆေးဝါးသုံးစွဲ မှုနှင့်စပ်လျဉ်း၍ လူငယ်များ၏ လူမှုရေးပြဿနာ၊ ကျန်းမာရေးပြဿနာ၊ ကိုယ်ရည်ကိုယ်သွေးပြဿနာစသည်ဖြင့် အမျိုးမျိုးရှုမြင်ကြသော်လည်း အဓိကအားဖြင့် မူးယစ်ဆေးဝါးများကို လူငယ်များ၏ ပတ်ဝန်းကျင်များမှ ရှင်းလင်းဖယ်ရှားရန်နှင့် လူငယ်များအား အသိပညာပေးမှုများ မြှင့်တင်ရန် အရေးကြီးသည်။
❤1
ထို့ကြောင့် အရွယ်မရောက်သေးခင် အရွယ်ရောက်ပြီးချိန်လူငယ်မောင်များစုဝေးရာ အခြေခံပညာကျောင်းများ၌ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေးအကြောင်းအရာဟောပြောပွဲများကို ပြုလုပ်ပေးရန်လိုအပ်ပါကြောင်းတင်ပြလိုက်ရပါတယ်။
#အခြေခံပညာကျောင်းများအတွက်မရှိမဖြစ်ကျောင်းကျန်းမာရေးအဖွဲ့ထားရှိခြင်း၏ရည်ရွယ်ချက်......

ကျောင်းကျန်းမာရေးပညာ၏ အဓိကရည်ရွယ်ချက်
ကျောင်းများတွင် ကလေးသူငယ်များအား သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်ဆိုင်ရာ ကျောင်းကျန်းမာရေးပညာ၏ အဓိက ရည်ရွယ်ချက်-
(၁) ကျောင်းသားများအား တိကျမှန်ကန်သော ကျန်းမာရေးအသိပညာ
ရရှိရေး၊
(၂) မှန်ကန်သော ကျန်းမာရေးသဘောထားများ ကျောင်းသားဘဝ
မှအစပြု၍ တစ်သက်တာ ထားရှိတတ်စေရန်၊
(၃) လူနေမှုအဆင့်အတန်း မြင့်မားလာအောင် ကြိုးစားတတ်ရန်၊
(၄) ကျန်းမာရေးအတွက် ကောင်းသောအလေ့အကျင့်များ ငယ်စဉ်အခါ
မှ အစပြု၍ ရရှိရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်သွား
တတ်ရန်၊
(၅) မှားယွင်းသော စွဲလမ်းယုံကြည်ချက်များ ပပျောက်စေရန်၊
(၆) ကိုယ်စိတ် တိုးတက်ဖွံ့ဖြိုးမှု ရရှိစေရန်၊
(၇) အကြောင်းအကျိုး ဆက်စပ် တွေးတောလာတတ်စေရန်၊
(၈) ကောင်းစွာ စားသောက်နေထိုင်တတ်ကာ ကိုယ်ရည်ကိုယ်သွေး
ဖွံ့ဖြိုးမှု ရရှိစေရန်၊
(၉) မိသားစုစိတ်ဓာတ်ဖြင့် ရပ်ရွာမှအစ တိုင်းပြည်အတွက် ကျန်းမာရေး
ဆိုင်ရာ လုပ်ငန်းတာဝန်များတွင် ပါဝင်ကူညီလိုစိတ် ပေါ်ပေါက်လာ
စေရန် စသည်တို့ဖြစ်ပါသည်။

(၂) ကျောင်းကျန်းမာရေး လုပ်ငန်း အစီအစဉ် (School Health Programme)
ကျောင်းကျန်းမာရေးလုပ်ငန်း အစီအစဉ် အနေဖြင့် အချက်ကြီး ငါးချက်ကို မူတည်ပြီး လုပ်ကိုင်လျက် ရှိပေသည်။
ဤမူငါးချက်ကို တင်ပြရမည်ဆိုပါက-
(၁) ဆေးစစ်ဆေးခြင်း (Medical Examination) ၊
(၂) ဆေးကုသခြင်း (Treatment) ၊
(၃) ကာကွယ်ဆေးထိုးခြင်း (Immunization) ၊
(၄) ကျန်းမာရေးပညာပေးခြင်း (Health Education) ကျောင်းကျန်းမာရေး
ပညာပေး အစီအစဉ်ဖြင့် ကျန်းမာရေး သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊
ဘာသာရပ်ဆိုင်ရာ သင်ကြားမှုများတွင် ဖြည့်စွက်သင်ကြားပေးခြင်း၊
(၅) ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ခြင်း (Environment Sanitation) ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းပတ်ဝန်းကျင် ဖြစ်မြောက်လာရေးအတွက် စစ်ဆေးပြီး ကောင်းမွန်သော အစားအစာများကို ကျန်းမာသော ဈေးသည်များကသာ ရောင်းချစေခြင်း၊ စာသင်ခန်းမများ လေဝင်လေထွက် မှန်ကန်ပြီး ပြည့်စုံလုံလောက်သော အလင်းရောင်နှင့် နေရာထိုင်ခင်း အကျယ်အဝန်း မှန်ကန်ရေးတို့ကို ကျောင်းကျန်းမာရေး လုပ်ငန်းအစီအစဉ်ဖြင့် လုပ်ကိုင်ရပါသည်။

(က) အလုပ်လုပ်လျက် ပညာပေးနည်း**
ယင်းစနစ်မှာ ကျောင်းကျန်းမာရေးဝန်ထမ်းတိုင်းက မိမိတို့တာဝန်ကျရာ လုပ်ငန်းများကို ဆောင်ရွက်လျက် ကျန်းမာရေးပညာပေးခြင်းမျိုးကို ဆိုလိုပါသည်။ ဥပမာ-ကျောင်းတာဝန်ကျ ဆရာဝန်က ကျောင်းသားအား စစ်ဆေးကုသနေစဉ် တွေ့ရှိသည့် ရောဂါသဘာဝနှင့် မည်သို့ကာကွယ်နိုင်ပုံ စသည်တို့ကို ပတ်ဝန်းကျင်အခြေအနေနှင့် လက်ရှိအကြောင်းအရာများပေါ် မူတည်၍ ဆေးကုသခြင်း အလုပ်လုပ်လျက် ကျန်းမာရေးပညာ ပေးရပါမည်။

(ခ)အလျဉ်းသင့်သလို ပညာပေးနည်း
ကျောင်းကျန်းမာရေး မူလလုပ်ငန်းမှာ ဆေးစစ်ရန်၊ သန့်ရှင်းရေး ကြည့်ရှုရန်နှင့် ကူးစက်ရောဂါ ကာကွယ်ရန်ဖြစ်သော်လည်း တခါတရံ ၎င်းမူလလုပ်ငန်းနှင့် မသက်ဆိုင်သည့် ကိစ္စများ၊ ဥပမာ-ကျောင်းသားတစ်ယောက် ရုတ်တရက် ဒဏ်ရာရနေသည်ကို တွေ့ရှိပါက အနာကို ပြုစု ဆေးထည့်ပေးရုံသာမကဘဲ အနာပိုး မဝင်စေရန်အတွက် သန့်ရှင်းစွာထားရေး၊ ထိခိုက်မှုအန္တရာယ် ကြိုတင်ကာကွယ်ရေး စသည်တို့ကို အလျဉ်းသင့်သလို ပညာပေးကြရပါသည်။

(ဂ) ညွှန်ပြပညာပေးနည်း
ကျောင်းသားများအား အထူးကုဆရာဝန်ကြီးများထံ နောက်ဆက်တွဲကုသရန်၊ ညွှန်းပို့ရာ၌ ကလေးအရာရှိများက ကျောင်းသားများကိုသာမက မိဘနှင့် ဆရာများထံ ချဉ်းကပ်ပြီး ၎င်းတို့၏ သားသမီးနှင့် တပည့်ကလေးများအား မပျက်မကွက် ဆက်လက်စစ်ဆေး ကုသနိုင်ရေးအတွက် ကူညီလုပ်ဆောင် ညွှန်ပြ ပညာပေးရပါသည်။

(ဃ) တိုက်ရိုက်ပညာပေးနည်း
၎င်းစနစ်မှာ ကျောင်းများတွင် ကျောင်းကျန်းမာရေး သင်တန်းများ ဖွင့်လှစ်သင်ကြားခြင်းမျိုး ဖြစ်ပါသည်။ ၎င်းသင်တန်းများအပြင် တစ်ကိုယ်ရေ သန့်ရှင်းရေးအကြောင်း၊ မ သဘာဝ၊ ကျား သဘာဝအကြောင်း ဟောပြောပွဲများ ပြုလုပ်ခြင်းသည်လည်း ၎င်းစနစ်တွင် အပါအဝင်ဖြစ်ပါသည်။

အထက်ပါ စနစ်လေးမျိုးအရ ပညာပေးရာတွင် အောက်ပါပညာပေးနည်း ငါးသွယ်ကို နေရာဒေသ၊ အချိန်အခါနှင့် အခြေအနေပေါ်မူတည်၍ သင့်လျော်သလို ပြောင်းလဲအသုံးပြုရပါသည်။ ၎င်းတို့မှာ
(၁) ဟောပြောမှုဖြင့် ပညာပေးနည်း၊
(၂) ရေးသားမှုဖြင့် ပညာပေးနည်း၊
(၃) ပြသမှုဖြင့် ပညာပေးနည်း၊
(၄) ပြိုင်ဆိုင်မှုဖြင့် ပညာပေးနည်း၊
(၅) စည်းရုံးမှုဖြင့် ပညာပေးနည်းများ ဖြစ်ပါသည်။
ပညာပေးရာတွင် စိတ်ပါဝင်စားမှု ပိုမို ထိရောက်စေရန်အတွက်လည်း ပြခန်းဖွင့်လှစ် တသွယ်၊ ရုပ်ရှင်ပြသ၍ တဖုံ၊ ပိုစတာကားချပ်၊ စာရွက်စာတမ်းစသော သင်ကြားမှုအထောက် အကူပစ္စည်းများကို အသုံးပြု၍ တနည်း လဲလှယ် ပညာပေး ဆောင်ရွက်သွားကြမည် ဆိုပါက အောင်မြင်သော ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်တစ်ခက ဖြစ်မြောက်သွားမည်မှာ အမှန်တကယ်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
#စစ်ဆေးရေးများအမြဲစစ်သောစာရင်းများ

မင်္ဂလာပါ ဆရာကြီးဆရာမကြီးတို့ရေ.....

မှတ်တမ်း ၂၈မျိုးဆိုတဲ့စာရင်းဇယားတွေကို Admin၏ pageတွင် ဖော်ပြထားပီးသားပါခင်ဗျ...... အမှန်တိုင်းပြောရရင် ထိုစာရင်း၂၈မျိုးကို အကုန်ပြုလုပ်တာဆိုလို့ မူလွန်...လခွဲ...လယ်...ထခွဲ...ထက်...တို့မှာပဲစုံလင်စွာတွေ့နေရပါတယ်...ဒါတောင် အထက်တန်းကျောင်းကလွဲ၍...ဖော်ပြပါကျောင်းအဆင့်တွေအားလုံးမှာလည်းစုံလင်အောင်ပြုလုပ်ထားခြင်းသိပ်မရှိပါ....စာရင်းဇယားမှတ်တမ်းတွေဆိုတာ ကျောင်းတစ်ကျောင်းကိုပြုပြင်ပြောင်းလဲခြင်း...အတွက်
တိုးတက်နေခြင်းအတွက်ကိုဖော်ပြပေးပါသောအရာပဲဖြစ်ပါတယ်....
ဒါကြောင့် မှတ်တမ်း၂၈မျိုးထဲမှာမှ... စာရင်းဇယားများအကုန်မလုပ်နိုင်သောကျောင်းများအတွက် မလုပ်မဖြစ်လုပ်ထားရမည့် မရှိမဖြစ်ရှိထားရမည့်
အရာများကို ရေးသားဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ...ဒီစာရင်းဇယားများကို
စစ်ဆေးရေးများအမြဲစစ်လေ့ရှိတဲ့စာရင်းဇယားများဖြစ်သည့်အတွက် အလွန်အရေးကြီးသောအစစ်ခံရသောအရာများပင်ဖြစ်ပါတယ်...

#စာမေးပွဲဆိုင်ရာစစ်တမ်း၅မျိုး

၁။ တစ်ဘာသာခြင်း ရမှတ်ပုံစံ
၂။ ဘာသာစုံရမှတ်ပုံစံ
၃။ အမြဲတမ်းအမှတ်စာရင်းပေါင်းချုပ်
၄။ ဘာသာရပ်အလိုက် ရမှတ် နှိုင်းယှဥ်ချက်ဇယား
၅။ အတန်းလိုက်ရှိ... ရှိ --- ဖြေ --- အောင် ရာနှုန်းပြဇယားတို့ပဲ ဖြစ်ပါတယ်...

#ကျောင်းခေါ်ကြိမ်မှတ်တမ်း၅မျိုး

၁။ နေ့စဥ်ကျောင်းခေါ်ကြိမ်
၂။ အချိန်ပိုင်းကျောင်းခေါ်ကြိမ်
၃။ လစဥ်ကျောင်းခေါ်ကြိမ်
၄။ ခွင့်မှတ်တမ်း
၅။ စည်းကမ်းထိန်းသိမ်းရေးမှတ်တမ်း.....တို့ပဲ ဖြစ်ပါတယ်....

#အုပ်ထိန်းသူဆိုင်ရာစနစ်၃ခု

၁။ ကိုယ်ရေးမှတ်တမ်း
၂။ ခေါ်ယူတွေ့ဆုံမူမှတ်တမ်း
၃။ ပညာရည်မှတ်တမ်း......တို့ပဲ ဖြစ်ပါတယ်....

#ကျောင်းအုပ်ကြီးရုံးခန်းတွင်ကပ်ထားရမည်စာရင်း၆မျိုး

၁။ကျောင်းသမိုင်းကျဥ်း
၂။ ကျောင်းစနစ်ပုံ
၃။ ပညာရေးအညွှန်းကိန်း
၄။ လွန်ခဲ့သော ၅နှစ် / ၃နှစ်တာအောင်ချက်ပြဇယား
၅။ ဝန်ထမ်းအင်အားပြဇယား နှင့် တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီး
များ၏ ထမ်းဆောင်ခုနှစ်... အမည်....များ
၆။ ယခုစာသင်နှစ်၏ ကျောင်းသားအင်အားပြဇယား......တို့ပဲ ဖြစ်ပါတယ်....

#ချိတ်ဆွဲထားရမည့်အဖွဲ့စည်းစာရင်းများ

၁။ ကျောင်းသားမိဘ အလုပ်အမူဆောင်အဖွဲ့
၂။ ေကျာင်းအကျိုးဆောင်အဖွဲ့
၄။ ကျောင်းကောင်စီအသင်းအဖွဲ့
၅။ ကျောင်းဖွံ့ဖြိုးမူကော်မတီအဖွဲ့
၆။ ကျောင်းကျန်းမာရေးအဖွဲ့...... တို့ပဲ ဖြစ်ပါတယ်....
#ကျောင်းဖွံ့ဖြိုးမူရန်ပုံငွေအစည်းဝေမှတ်တမ်းပုံစံ

ဆရာကြီး ဆရာမကြီးတို့ရေ မင်္ဂလာပါဗျ

မကြာခင်အချိန်တွင်းမှာ ကျောင်းဖွံ့ဖြိုးမူရန်ပုံငွေကို ကျောင်းသားဦးရေအလိုက် ရန်ပုံငွေခွဲတမ်းတွေရတော့မှာပါ.....ဒါကြောင့် ရပီဆိုတာနဲ့
အစည်းဝေးတွေလုပ်ပီး ရန်ပုံငွေအကြောင်းရှင်းပြရတော့မှာဖြစ်သလို
ဖွံ့ဖြိုးမူကော်မတီကိုလည်း ထင်သာမြင်သာမူရှိအောင် ဖွဲ့စည်းရမှာဖြစ်သလို
စနစ်တကျသုံးစွဲရမှာလည်းဖြစ်ပါတယ်...

.ဒါ့အပြင် ဒီငွေနဲ့ပြသနာတွေတက်တာတွေရှိသလို ရာထူးအထိ ...ထိခိုက်နစ်နာမူတွေနဲ့အလုပ်ထွက်ရသလိုပြောင်းရွေ့ခံရတဲ့အထိလည်းဖြစ်သွားရတာတွေ တကယ့်လက်တွေ့မှာမြင်ရကြားနေရပါတယ်.....ဒါကြောင့် အစည်းဝေးခေါ်ယူပီး မှတ်တမ်းထားရမည့်ပုံစံလေးကိုရေးပြီးတင်ပြလိုက်ရပါတယ်.....

ကျောင်းအဆင့်အလိုက် ငွေထိန်းသိမ်းပုံနည်းတော့ကွာဟပါလိမ့်မယ်ခင်ဗျ....ဒီထက်ပိုကောင်းတဲ့တကယ်လည်းလက်တွေ့လုပ်ဆောင်မည့်ဆရာကြီးဆရာမကြီးအတို့အတွက်အထောက်အကူလေးရအောင်တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ