Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
2024 ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ
(ဝိဇ္ဇာတွဲ )STAMS-1
(ဝိပ္ပံတွဲ)STEAM-2
(သိပ္ပံတွဲ)STEAM-1
ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက်
အမှတ်အများဆုံးရရှိသူများ စာရင်း။
Education 5.0
အဲဒီစကားလုံး ကျွန်တော် လန့်သွားတယ်။ Education 4.0 အကြောင်းလေ့လာပြီးရေးခဲ့တာတောင် သိပ်မကြာသေးဘူး။ အခု Education 5.0 တဲ့။ တကယ့်ကို စကားလုံးအသစ်။ အသစ်ဆိုပေမယ့် ထွက်ပေါ်ခဲ့တာ ၁ နှစ်ကျော်ပြီ။ ကျွန်တော်တို့ဆီမှာ Education 4.0 တောင် ဘာလဲ သဘောပေါက်အောင် ကြိုးစားနေရနေချိန်မှာ သူများတွေက Education 5.0 တဲ့။ ဒါနဲ့ပဲ အင်တာနက်တစ်ခွင် ပြဲပြဲစင်အောင် မွှေနောက်လိုက်ရှာ ဖတ်ကြည့်ရတော့တာပဲ။ AI တွေလည်း ဘယ်နေရမလဲ။ မေးတာပေါ့။ အနှစ်ချုပ်ပြောရရင်တော့ Eucation 5.0 ဆိုတာ ရုပ်ပိုင်းအပြင် စိတ်ပိုင်းဆိုင်ရာတွေဆီ တစ်ကျော့ပြန်လှည့်လာတဲ့ သဘောပါပဲ။ လူ့ဘောင်အသိုက်အဝန်းဆီ ပြန်ဦးတည်လာတယ်ပေါ့။ This approach encourages interdisciplinary collaboration, enhances research and development, and aims to produce graduates with entrepreneurial skills who can contribute to economic growth and societal well-being တဲ့။ အသေးစိတ်ကတော့ ကျွန်တော်လည်း ဖတ်ရှုလေ့လာမှတ်သားပြီးမှ ရေးပါဦးမယ်။

Photo: Generated by AI
👍4
တိုတိုထွာထွာ ပညာရေးသတင်းလွှာ

1️⃣ပညာရေးညီလာခံ(၂၀၂၄) ကို
ဇွန်လ ၂၅ ရက်မှ ၂၇ ရက် အထိ ၃ရက်တိုင်တိုင်
နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-ll) တွင် ကျင်းပမှာဖြစ်ပါသည်။

ဦးတည်ချက် ဆောင်ပုဒ်မှာ
' လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး
ပညာရေးကို ပိုမိုမြှင့်တင်ပေး ' ဟု သိရှိရ။

2️⃣" ဘာသာတွဲ ပြောင်းလဲ ဖြေဆိုခြင်း ကိစ္စ "

(၁) တက္ကသိုလ်ဝင်စာမေးပွဲကို( ပြင်ပဖြေ)အဖြစ် ဝင်ရောက်ဖြေဆိုမည့်သူများ စနစ်သစ် ဘာသာတွဲများအနက် (၁)ခုကို ရွေးချယ် လျှောက်ထားနိုင်ပါတယ်။

(၂)တက္ကသိုလ်ဝင်စာမေးပွဲကို( ကျောင်းဖြေ)အဖြစ် ဝင်ရောက်ဖြေဆိုမည့်သူများ သက်ဆိုင်ရာ ကျောင်းက ထောက်ခံတင်ပြသည့် G11 ဘာသာတွဲအတိုင်း လျှောက်ထားနိုင်ပါတယ်။

3️⃣တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာထုတ်ပေးခြင်းကိစ္စ
2024 ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ အတွက် " တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ" များကို သြဂုတ်လ အတွင်း ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

4️⃣ 2024တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်း
ကိစ္စ
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို-
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် ၅၂၊ နေပြည်တော်နှင့်
ရန်ကုန်(ရုံးခွဲ)၊ အမှတ်(၄/၅)၊ ပါရမီလမ်း၊ လှိုင်မြို့နယ်တို့တွင် ရုံးဖွင့်ရက်များ၌
နံနက် (၁၀:၀၀)နာရီမှ နေ့လည် (၂:၀၀) နာရီအတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

-စနေ၊ တနင်္ဂနွေ မဖွင့်ပါ။
-အခြားနယ်မြို့များ၊ အခြားနေရာများတွင်မထုတ်ပေးပါ။ ---Online ကြည့်မရပါ။ မေးမရပါ။

၂၀၂၄ခုနှစ် အောင်မြင်သူများအတွက်အောင်လက်မှတ်မထုတ်ပေးသေးပါ။
👍4
Grade-5 အတွက် ဆရာလမ်းညွှန်များပြန်တင်ပေးပါမည်။ G-10/11/12အတွက်လည်ူ ကြိုးစားကာ pdf file ပြုလုပ်‌ပေးပါမည်
7
Grade-5 အတွက် ဆရာလမ်းညွှန်များပြန်တင်ပေးပါမည်။ G-10/11/12အတွက်လည်း ကြိုးစားကာ pdf file ပြုလုပ်‌ပေးပါမည်
👍6👏3
Positive Energy များတဲ့သူ ဖြစ်အောင်နေထိုင်ပါ ။

ကိုယ်နဲ့ ပတ်သက်လာသမျှ လူတွေဟာ ကိုယ့်ကြောင့် တိုးတက်ရတာမျိုး ၊ ပျော်ရွှင်ရတာမျိုး ၊ စိတ်လုံခြုံနွေးထွေးရတာမျိုး ခံစားရအောင် နေထိုင်ပါ ။

လူတစ်ယောက်နား ကပ်လိုက်လို့ အပူတွေကူးစက်တာ
မျိုး ကြုံရဖူးတယ်မဟုတ်လား ။ တွေ့တာနဲ့ အဆင်မပြေကြောင်းတွေ ညဉ်းညူမယ် ၊ သူများအတင်းတွေ ပြောမယ်ဆိုတဲ့သူတွေဟာ Negative Vibes တွေ ကြီးစိုးနေတာပဲ ။ အဲ့သလို လူမျိုးမဖြစ်စေနဲ့ ။

အတင်းမပြောနဲ့ … မညဉ်းညူနဲ့ ။ ဆဲဆို ရိုင်းစိုင်းတာတွေ မပြောနဲ့ ။ ကောင်းတာပြောပြော ဆိုးတာပြောပြော စကားဟာ စကားပဲမဟုတ်လား ။ တိုးတက်ရာ တိုးတက်ကြောင်းတွေ ပြောတတ်သူဖြစ်အောင့်လေ့လာပါ။ စာအုပ်တွေဖတ်တာဟာ positive energy များတဲ့သူဖြစ်စေပါတယ် ။ အဓိပ္ပာယ်ရှိတဲ့စကားတွေပြောတတ်လာတယ် ၊ တွေးတောဆင်ခြင်းနိုင်စွမ်းတွေ ပိုကောင်းလာတယ် ၊ စိတ်သဘောထား ပြည့်ဝတဲ့သူဖြစ်စေတယ် ။ ဒါမှသာ ကိုယ့်ဘေးနားက လူတွေကိုလဲ အထောက်ကူဖြစ်နိုင်မှာ ။

ပျော်စရာတွေ မျှဝေပါ ။ ဟာသတွေပြောပါ ။ ချစ်သူခင်သူတွေနဲ့ နွေးထွေးစွာနေထိုင်ပါ ။ မေတ္တာတရားထားပြီး ဆက်ဆံပြောဆိုပါ ။ အဓိကက စိတ်ပါပဲ … စိတ်ကောင်းကောင်းထားမယ် ၊ စိတ်ကို ကြည်အောင်နေမယ်ဆို အကြည်ဓာတ်တွေဟာ ကိန်းအောင်လာမှာပါပဲ ။ ဒါဆို ကိုယ့်ဘေးနားကပ်သူတိုင်းဟာ အေးချမ်းရတာပါပဲ ။

Positive energy ရှိတာဟာ ရုပ်ရည် ၊ အချိုးစား ပြေပြစ်နေမှ မဟုတ်ဘူး … သူ့ရဲ့ အကောင်းမြင်စိတ်ထားကိုက ဆွဲဆောင်မှုအားရှိနေတာ ။ အဲ့ဒါက သူ့ကို ပိုကြည့်ကောင်းစေတာ ။ Positive Vibes တို့ဆိုတာဟာ သူ့အလိုလို ဖြစ်တည်နေတာမဟုတ်ပဲ ကိုယ်တိုင် ဖန်တီးတည်ဆောက်ရတာမျိုးပါ ။

Good listener တွေဟာ positive energy များသူတွေပါပဲ ။ လူတော်တော်များများဟာ သူတို့ပြောချင်တာပဲ ဇွတ်ပြောတတ်ကြတယ် … တစ်ဖက်လူစကားဆို သိပ်နားထောင်မပေးတတ်ကြဘူး ။ good listener တွေဟာ တစ်ဖက်လူ ခံစားချက်ကို သေချာနားထောင်ပေးတယ် ၊ စာနာပေးတယ် ၊ စိတ်ရှည်တယ် ။ သူတို့ဆီ ရင်ဖွင့်ရရင် ကိုယ့်ရဲ့ အပူတစ်ဝက်လောက်က လျော့ကျသွားစေတာပဲ ။ စိတ်လုံခြုံနွေးထွေးရတယ် ။
ထပ်တူခံစားပြီး ၊ စိတ်ရှည်စွာနားထောင်ပေးခြင်းဟာ
ကူညီခြင်း တစ်မျိုးပါပဲ ။ လူတွေဟာ စကားပြောဖော်ဆိုတာ လိုအပ်တယ် ။ အထူးသဖြင့် သူတို့ရဲ့ ခံစားချက်ကို စိတ်ရှည်စွာ နာထောင်ပေးတတ်သူမျိုးကို ပိုလိုအပ်ကြတယ် ။ ရင်ထဲက အပူတွေကို ရင်ဖွင့်လိုက်တာနဲ့ တစ်ဝက်လောက်က ငြိမ်းချမ်းသွားရတာပဲ မဟုတ်လား ။

လူတွေဟာ ပြောဆိုရင် ပြောနိုင်တယ် …
နားထောင်ပေးဖို့တော့ ခက်ကြတယ် ။ ဒါ့ကြောင့် ကိုယ်တိုင်က နားထောင်ပေးတတ်အောင် လေ့ကျင့်ပါ ။ ဒါဟာ လူချစ်လူခင်ပေါစေသလို … ကိုယ့်ဘေးကလူတွေအတွက် အကျိုးပြုပါတယ် ။

ဒါ့ကြောင့် ကိုယ့်ဘေးက ဘယ်သူ့ကိုမဆို သူတို့ပြောချင်တာရှိရင် နားထောင်ပေးလိုက်ပါ ။
သူတို့အတွက် များစွာ အကူညီရသလို ကိုယ်လည်း ကုသိုလ်ရပါတယ် ။

Positive energy များသူတွေဟာ လူချစ်လူခင်ပေါများတယ် ၊ မျက်နှာပွင့်တယ် ၊ လူအများလေးစားကြတယ် ။ ဒါ့ကြောင့် ကိုယ်တိုင်က Positive Energy များအောင်ကြိုးစားပြီး နေထိုင်ပါ ၊ ဘေးကလူတွေကိုမျှဝေပါ ။

ဒါဆို ကိုယ့်ကမ္ဘာလေးဟာ ပိုစိမ်းလန်းပြီး ၊ ပိုအေးချမ်းပါလိမ့်မယ် ။ ကိုယ့်ဘေးမှာပွင့်တဲ့ ပန်းကလေးတွေဟာလည်း ပို၍ မွှေးပျံ့ပါလိမ့်မယ် ။

Crd
⁃ Thar Htwe
👍5