Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Debit side - မြီစားဖက်
Double Entry Book-keeping - နှစ်ဖက်သွင်း စာရင်းရေး
Debit Note - မြီစားလွှာ
Deferred Expenses - ရွှေ့ဆိုင်းစရိတ်များ
Development Expenses - တိုးတက်ဖွံ့ဖြိုးမှု စရိတ်များ
Direct Material Cost - တိုက်ရိုက်ကုန်ကြမ်း စရိတ်
Direct Labor Cost - တိုက်ရိုက်လုပ်သားခ
Diminishing Balance Method - လက်ကျန်တဖြည်းဖြည်းကုန်ခြင်းနည်း
Debentures - ငွေချေး အစုများ
Debits - မြီစား စာရင်း
Debtors Ledger - မြီစားများ စာရင်းစာအုပ်
Deferred, Founders or Management Shares - နောက်ဆုံးအစုများ
Deferred Ordinary Shares - ဒုတိယ သာမန် အစုများ
Demand Drafts - ချက်ချင်းပေးသော ဘီလ်များ
Depreciation - တန်ဘိုးလျှော့
Directors Fees - ဒါရိုက်တာ ကြေးများ
Dividends - အစုပေါ် အမြတ်
Documentary Bills - ကုန်ရောင်း စာချုပ်ဘီလ်များ
Drawee - ဘီလ်လက်ခံသောသူ
Drawer - ဘီလ်ရေးဆွဲသောသူ

E

Errors of Omission - အလျင်းမေ့ကျန်အမှား
Errors of Commission - အရေးမှားများ
Errors of Principle - မူအရ အမှားများ
Expenditure - အသုံးစရိတ်
Expansion or Extension - တိုးချဲ့

F

Folio - အညွှန်း
Fixed Assets - ပုံသေရပိုင်ခွင့်များ
Fixed Liabilities - ပုံသေပေးရန် တာ၀န်များ
Factory Cost - စက်ရုံထွက်တန်ဖိုး
Factory Overhead - စက်ရုံ၀န်ဆောင် စရိတ်
Factory Supplies - စက်ရုံသုံးပစ္စည်းများ
Fixed Installment System - ပုံသေအရစ်ကျစနစ်
Factory Expenses - အလုပ်ရုံ စရိတ်များ
Factory Power - စက်ရုံအား
Finished Goods - ကုန်ချောများ
Forfeited Shares - ရုပ်သိမ်းသော အစုများ
Fuel & Power - မီးအား စက်အား

G

Gross Profit - အကြမ်းအမြတ်
Gross Loss - အကြမ်းအရှုံး
General Ledger - အထွေထွေလယ်ဂျာ
General Fund - အထွေထွေရံပုံငွေ
Goods on Consignment - ကုန်ပို့စာရင်း
Goodwill - ဆိုင်နာမည်

H

Hire Purchase - ငှါး၀ယ်ခြင်း

I

Impersonal Account - ပုဂိုလ်မဟုတ်သောစာရင်း
Invoice - အရောင်းကုန်ပို့လွှာ
Imprest System - ပုံသေငွေပေးထားစနစ်
Improvements - မွမ်းမံ
Intangible - ဒြပ်မဲ့
Indirect Material - သွယ်ဝိုက်ကုန်ကြမ်းတန်ဖိုး
Indirect Labor - သွယ်ဝိုက်လုပ်သားခ
Income and Expenditure Account - ၀င်ငွေသုံးငွေစာရင်း
Imprest Cash - အသေးသုံးအတွက် ခေတ္တထုတ်ထားငွေ
Installments - အရစ်ကျ ပေး၀ယ်ခြင်း
Interim Dividends - ကြားဖြတ် အစုပေါ် အမြတ်
Investments - အစု၀ယ်များ
Issued & Subscribed Capital - ထုတ်ဝြေပီး အစု အရင်းငွေ

J

Joint Stock Companies - မှတ်ပုံတင် လူထုအစပ်အဆိုင်များ
Joint Venture - တွဲဘက်ရောင်း၀ယ်စာရင်း၊ ဖက်စပ်စာရင်း
Journalize - စာရင်းမှတ်တမ်းတင်ခြင်း
Journalizing - ဂျာနယ်သွင်းခြင်း
Journal - ဂျာနယ်

L

Liabilities - ပေးရန်တာ၀န်များ
Ledger - လယ်ဂျာ
Ledger Account - လယ်ဂျာစာရင်း
Loan on Mortgage - အပေါင်ခံချေးငွေ
Late Lodgments - မရှင်းသေးသောအချက်များ
Liquidation Account - ဆိုင်ပိတ်စာရင်း
Loose Tools - တူဆောက် လက်နက်များ

M

Manufacturing Account - ကုန်ကြမ်းအလုပ်ရုံစာရင်း၊ ကုန်ထုတ်လုပ်စာရင်း
Maintenance - ပြုပြင်
Medium of Exchange - အသိအမှတ်ပြု လဲလှယ်ခွင့်
Manufacturing - ကုန်ထုတ်လုပ်
Machine Hour System - စက်လည်ချိန်မှီးစနစ်

N

Net Profit - အသားတင်အမြတ်
Nominal Capital - အစွမ်းကုန် အစုအရင်းငွေ
Noting Stock - စာရင်းဖွင့် ကုန်လက်ကျန်
Net Loss - အသားတင်အရှုံး
Nominal Account - အမည်ခံစာရင်း
Net Worth - အသားတင်ပိုင်ဆိုင်ခွင့်

O

Opening Stock - စာရင်းဖွင့် ကုန်လက်ကျန်
Ordinary Shares - သာမန် အစုများ
Output - ကုန်ထွက်ပေါင်း
Operating & Administrative Expenses - လုပ်ဆောင်မှုနှင့် အုပ်ချုပ်မှု စရိတ်များ
Other Indirect Expenses - အခြားသွယ်ဝိုက်စရိတ်
Outstanding Expenses - ပေးရန်ရှိကုန်ကျစရိတ်
Outstanding Incomes - ရရန်ရှိ၀င်ငွေ

P

Packing Expenses - ကုန်ထုတ်စရိတ်များ
Paid Up Capital - ငွေရပြီး အစုအရင်းငွေ
Patents & Copyrights - မူပိုင်များ
Payee - ငွေရမည့်သူ
Petty Cash Book - အသေးသုံး ငွေစာရင်း စာအုပ်
Posting - စာရင်းပို့ဆောင်ခြင်း
Preference Shares - အထူးအစုများ
Preferred Ordinary Shares - ပထမ သာမန် အစုများ
Preliminary Expenses - မူလဆိုင်ဖွင့်စရိတ်များ၊ ပဏာမစရိတ်များ
Premium on Shares - အစုပေါ် အပိုကြေး
Profit & Loss Account - အရှုံးအမြတ်စာရင်း
Profit & Loss Adjustment Account - အရှုံးအမြတ် ခုနှိမ်စာရင်း
Profit & Loss Appropriation Account - အမြတ်ခွဲဝေစာရင်း
Promissory Notes - ပရိုနုတ်ခေါ် ငွေလွှဲလက်မှတ် / ကတိစာချုပ်
Purchases Day Book - ကုန်၀ယ်စာရင်မှတ်တမ်း
Purchases Returns Book - ကုန်၀ယ်ပြန်ပို့ မှတ်တမ်းစာအုပ်
Profit & Loss Statement - အရှုံးအမြတ်ရှင်းတမ်း
Profit & Loss Account - အရှုံးအမြတ်စာရင်း
Personal Account - ပုဂိုလ်စာရင်း
Posting - စာရင်းပို့ဆောင်ခြင်း
Purchase or Construction of Fixed Assets - ပုံသေပစ္စည်း၀ယ်ယူခြင်း (သို့) ဆောက်လုပ်ခြင်း
Provision for Depreciation Account - တန်ဖိုးလျှော့ ရာထားစာရင်း
Provision for Bad Debts - ကြွေးဆုံးရာထား
Patents - ပိုင်ခွင့်ကန့်သတ်သည့် လက်မှတ်များ
Purchase Ledger - အ၀ယ်လယ်ဂျာ

R

Real Account - ပစ္စည်းစာရင်း
Revenue Expenditure - သာမန်အသုံးစရိတ်
Replacement - အစားထိုးခြင်း
Renewal - အသစ်လဲ
Repairs - ပြင်ဆင်
Reducing Installment Method - လျော့ဆင်းသော အရစ်ကျစနစ်
Revaluation - ပြန်လည်တန်ဖိုးဖြတ်
Receipts and Payments Accounts - စုငွေပေးငွေစာရင်း
Rate & Taxes - မြူနီစီပါယ်ကြေး
Raw Materials - ကုန်ကြမ်းများ
Realization Account - ဆိုင်ဖျက်သိမ်းစာရင်း
Rebates - ပြန်အမ်းငွေ
Redeemable Preference Shares - ပြန်သိမ်းနိုင်သော အထူးအစုများ
Registered Capital - မှတ်ပုံတင်အစုအရင်းငွေ
Reserves - သီးသန့်ရံပုံငွေ
Reserve for Bad & Doubtful Debts - ကြွေးလျော်ရံပုံငွေ
Reserves Capital - သီးသန့်ထားသော အစုအရင်းငွေ

S

Salaries - လစာများ
Sales Day Book - ကုန်ရောင်း စာရင်းမှတ်တမ်း
Sales Returns Book - ကုန်ရောင်း ပြန်သွင်း မှတ်တမ်းစာအုပ်
Shares Capital - အစုအရင်းငွေ
Sight Drafts - လဆိုင်းပေးဘီလ်များ
Single Entry Book-keeping - တဘက်သွင်းစာရင်းရေးနည်း
Subsidiary Ledgers - လက်ထောက်စာရင်း စာအုပ်များ
Summary - စာရင်းတူများ ပေါင်းပေးခြင်း
Service - ဆောင်ရွက်မှု
Special Journal - အထူးဂျာနယ်
Straight Line Method - မျဉ်းဖြောင့်နည်း
Sales Ledger - အရောင်းလယ်ဂျာ
Statement of Affairs - လုပ်ငန်းအခြေအနေပြရှင်းတမ်း

T

Trade Discounts - ကုန်သည်နှုန်းလျှော့
Trading Account - ကုန်ရောင်း ကုန်၀ယ်စာရင်း၊ အရောင်းအ၀ယ်စာရင်း
Transfer Fees - အစုလွှဲပြောင်းကြေး
Transfer Journal - စာရင်းအပြောင်းအလွှဲမှတ်တမ်း
Travelers Salaries - နယ်လှည့် အရောင်းသမားများလစာ
Trial Balance - အစမ်းရှင်းတမ်း
Turnover - ကုန်ရောင်းရငွေ
Tangible - ဒြပ်ရှိ
Taking out a Trial Balance - အစမ်းရှင်းတမ်းရေးဆွဲခြင်း
Trade Mark - ကုန်မှတ်တမ်းတံဆိပ်
Total Account - စုစုပေါင်းစာရင်း
Total Debtors Account - စုစုပေါင်းမြီးစားများစာရင်း
Total Creditors Account - စုစုပေါင်းမြီရှင်များစာရင်း

U

Uncalled Capital - မခေါ်ရသေးသော အစုအရင်းငွေ
Unclaimed Dividends - လာမယူသေးသော အမြတ်ငွေ
Unpaid Calls - မရသေးသောအခေါ်များ
Unpresented Cheques - ငွေလာ၍မထုတ်သေးသော ချက်များ
Unit of Performance Method - ထုတ်လုပ်ကုန်အရေအတွက်ဖြင့် တွက်နည်း

W

Wages - အလုပ်သမားအခများ
Warehouse Expenses - ကုန်ရုံစရိတ်များ
Work in Progress - မပြီးသေးသော အလုပ်များ/ လုပ်ဆဲကုန်

မူရင်းပြန်ဆိုသူကိုကျေးဇူးတင်ပါသည်။

Admin Team
ပင်စင် #

ပင်စင်ဟူသောစကားရပ်တွင် ပင်စင်+လုပ်သက်ဆုငွေ ဖြစ်ပါသည်။

၁. သက်ပြည့်ပင်စင်
ဝန်ထမ်းသည် အသက် ၆၀ ပြည့်သည့်နေ့တွင်
အငြိမ်းစားယူရမည်ဖြစ်သည်။ အများဆုံးလုပ်သက်မှာ အသက် ၁၈ နှစ်မှ ၆၀ ထိ ဖြစိပါသည်။
အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် ၄ လ ခံစားခွင့်ရှိပြီး ပျှမ်းမျှလစာ ခံစားရမည်။
( လစာနှုန်းတိုးမြှင့်သည့်အချိန်တွင် သီးသန့်ညွှန်ကြားချက်နှင့်အညီ ခံစားခွင့်ရှိသည်။)

၂. နှစ်ပြည့်ပင်စင်
အသက် ၅၅ နှစ်ပြည့်ပြီး လုပ်သက်နှစ် ၃၀ ပြည့်လျှင် ခံစားခွင့်ရှိသည်။
#နောက်ဆုံးပြင်ဆင်ချက်အရ လုပ်သက် နှစ် ၃၀ ပြည့်ရင် (ယခင်ကကဲ့သို့)အသက် ၅၅ နှစ်ပြည့်ရန်မလိုတော့ပါ။ (ယခုလောလောဆယ် နှစ်ပြည့်ပင်စင်များ ဆိုင်းငံ့ခံ‌နေရသည် ဟုသိရပါသည်)

၃. လျော့ပေါ့ပင်စင်
အသက် ၅၅ နှစ်ပြည့်ပြီး လုပ်သက် ၂၀ နှစ်ကျော်
လျှင် သော်လည်းကောင်း
အသက် ၅၀ နှစ်ပြည့်ပြီး လုပ်သက် ၂၅ နှစ်ကျော်
လျှင်လည်းကောင်း ခံစားခွင့်ရှိသည်။

၄. နာမကျန်းပင်စင်
လုပ်သက် ၁၀ နှစ်နှင့်အထက် မကျန်းမာ၍ တာဝန် ဆက်လက်ထမ်းဆောင်နိုင်ခြင်းမရှိ
သည့်အခါ သတ်မှတ်ထားသည့် ဆေးအဖွဲ့၏
ထောက်ခံချက်ဖြင့် ခံစားခွင့်ရှိသည်။

၅. လျော်ကြေးပင်စင်
ရာထူးတစ်ခုကိုဖျက်သိမ်းလိုက်သည့်အခါ
အခြားရာထူးတစ်ခုသို့ ပြောင်းရွှေ့နေရာချထားခြင်း
မပြုနိုင်လျှင်သော်လည်းကောင်း
ယင်းဝန်ထမ်းမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန်
ဆန္ဒမပြုလျှင် သော်လည်းကောင်း ခံစားခွင့်ရှိသည်။

၆.အထူးပင်စင်
တာဝန်ထမ်းဆောင်မှုကိုအကြောင်းပြု၍ ရောဂါရရှိသည့်အခါတွင်ဖြစ်စေ
ထိခိုက်အနာတရ ဖြစ်သည့်အခါတွင်ဖြစ်စေ
မသန်စွမ်းဖြစ်သည့်အခါတွင်ဖြစ်စေ
သတ်မှတ်ထားသောဆေးအဖွဲ့၏ ထောက်ခံချက်
ဖြင့် ခံစားခွင့်ရှိသည်။

၇. မိသားစုပင်စင်
ဝန်ထမ်းသည် တာဝန်ထမ်းဆောင်ဆဲဖြစ်စေ၊
အငြိမ်းစားယူပြီးနောက်မှ ဖြစ်စေ
ကွယ်လွန်ခဲ့လျှင် ကျန်ရစ်သူမိသားစုအတွက်
သတ်မှတ်ချက်နှင့်အညီ ခံစားခွင့်ရှိသည်။

# ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက် ၁၀ နှစ် မပြည့်ပါက
လုပ်သက်ဆုငွေ တစ်မျိုးတည်းကို ခံစားခွင့်ရှိသည်။

လုပ်သက် ၅ နှစ် မပြည့်သည့်ကိစ္စ
- လုပ်သက်နှစ်×နောက်ဆုံးထုတ်လစာ×၁၀၀%

လုပ်သက် ၅ နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်သေးသည့်ကိစ္စ
-လုပ်သက်သစ်×နောက်ဆုံးထုတ်လစာ×၁၅၀

# ပင်စင်အကျိုးခံစားခွင့်ရှိသည့်လုပ်သက် ၁၀ နှစ်နှင့်အထက် (သက်ပြည့်၊ နာမကျန်း၊ လျော်ကြေး)ပင်စင်နှင့် နှစ်ပြည့်၊ လျော့ပေါ့ ပင်စင် တို့၏

#ပင်စင်လစာတွက်နည်း •••••••••
- လုပ်သက်နှစ်×နောက်ဆုံးထုတ်လစာ×၁.၅% ၊ ( မြို့ပြ)
(ယခင်- နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် ÷ ၇၀ (x ၁.၄၃%)
#တပ်ပင်စင်- နောက်ဆုံးထုတ်လစာ x လုပ်သပ်နှစ် ÷ ၅၀ (x ၂%)

လုပ်သက်ဆုငွေတွက်နည်း ••••••••••
- လုပ်သက်နှစ်×နောက်ဆုံးထုတ်လစာ×၅၀% (မြို့ပြ) လုပ်သက် ၂ နှစ်လျှင် တစ်လစာနှုန်း၊
#တပ်- လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁၀၀% ၊(လုပ်သက်တစ်နှစ်လျှင်တစ်လစာနှုန်း၊

# မိသားစုပင်စင်ကို ယေဘူယျအားဖြင့်
အငြိမ်းစားကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်မှ ခံစားခွင့်ရှိသည်။ တရားဝင် ဇနီး(သို့) ခင်ပွန်းကွယ်လွန်သည်အထိ ခံစားခွင့်ရှိ။
အငြိမ်းစားယူချိန်၌ ရရှိသည့့်ပင်စင်လစာ၏ ၃/၄

အခြားမိသားစုဝင် ဖြစ်ပါက
ဝန်ထမ်းကွယ်လွန်သည့်နေ့ရက်မှစ၍ ၁၅ နှစ်အထိ ခံစားခွင့်ရှိသည်။
အငြိမ်းစားယူချိန်၌ ရရှိသည့်ပင်စင်လစာ၏ ၁/၂

မိသားစုပင်စင်အတွက် လုပ်သက်ဆုငွေ
၁ နှစ်ပြည့်ပြီး ၅ နှစ်အောက် •••••••
လုပ်သက်တစ်နှစ်အတွက် နောက်ဆုံးထုတ်လစာ တစ်လစာနှင့်ညီမျှသော လုပ်သက်ဆုငွေ

၅ နှစ်ပြည့်ပြီး ၁၀ နှစ် အောက် ••••••••
နောက်ဆုံးထုတ်လစာ၏ ၁၂ဆနှင့်ညီမျှသော လုပ်သက်ဆုငွေ

# ရာထူးမှနုတ်ထွက်သည့်ဝန်ထမ်း
# ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း
# ရာထူးမှထုတ်ပယ်ခြင်းခံရသည့်ဝန်ထမ်း
တို့သည် ပင်စင်/လုပ်သက်ဆုငွေ ခံစားခွင့်မရှိပါ။

# ပင်စင်စားသည် ထောင်ကျခြင်းခံရပါက ပင်စင်ခံစားခွင့်ကို ရပ်ဆိုင်းထားရမည်။
လွတ်မြောက်လာပါက ပြန်လည်ခွင့်ပြု သော်လည်း
ပြစ်ဒဏ်ကျ ကာလအတွက် ပင်စင်လစာ ခွင့်မပြု။

# ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ခွင့်ပြုထားသည့် နှုန်းထားအတိုင်း
တစ်လုံးတစ်ခဲတည်း ပင်စင်အဖြစ် လဲလှယ်ခွင့်ရှိ။

# ပင်စင်နှင့် လုပ်သက်ဆုငွေတွက်နည်းကို
ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့၏
သဘောတူညီချက်ဖြင့် အမိန့်ထုတ်ပြန်ခြင်း၊
ပြင်ဆင်ခြင်းပြုနိုင်သည်။

Ref Crd. စာရင်းစစ်မှတ်စု
Credit

ပုံ ပင်စင်ယူသည့်အခါ တင်သွင်းရမည့် လျှောက်လွှာပုံစံများ
❤1
#LPC (Last Pay Certificate)
နောက်ဆုံးထုတ်လစာလက်မှတ်

ဝန်ထမ်းတစ်ဦးအား ငွေထုတ်သူအရာရှိက လစာနှင့်စရိတ်ငွေများကို နောက်ဆုံးအကြိမ်ထုတ်ပေးခဲ့ခြင်းနှင့်စပ်လျဉ်း၍ ငွေတိုက်ပုံစံ(24) TF NO 24 ဖြင့်ထုတ်ပေးသည့်သက်သေခံလက်မှတ်ဖြစ်ပါတယ်။
ဘာကြောင့်ပေးရတာလဲဆိုတော့ လစာနှစ်ကြိမ်ထုတ်ပေးမိမှာစိုးလို့ဖြစ်ပါတယ်။

ဘယ်အချိန်တွေမှာထုတ်ပေးရသလဲဆိုရင် နိုင်ငံ့ဝန်ထမ်းတစ်ဦးဟာ ပြောင်းရွှေ့လို့ဖြစ်စေ ပင်စင်ယူလို့ဖြစ်စေ သေဆုံးလို့ မိသားစုပင်စင်အတွက်ဖြစ်စေ ရာထူးတိုးပြောင်းလို့ဖြစ်စေ ထုတ်ပေးရပါတယ်။

နိုင်ငံတနံတလျားမှာ တာဝန်ထမ်းဆောင်နေကြရတဲ့ဝန်ထမ်းများဟာ ပြောင်းရွှေ့ကြတဲ့အခါ LPCနဲ့ Service Book ကို ဆိုက်ရောက်မဲ့နေရာမှာလစာရရှိဘို့ လုပ်သက်တွေဆက်စပ်ဘို့ ထွက်ခွါမဲ့နေရာက အရာရှိများက ရေးသားဖြည့်သွင်းပေးလိုက်ကြရပါတယ်။

ပုံမှန်အားဖြင့်တော့ ဝန်ထမ်းကိုတစ်ပါတည်းမပေးလိုက်ရပါဘူး သို့သော် ယခုအချိန်မှာ ပြောင်းရွှေ့သူ၀န်ထမ်းကိုယ်တိုင်ယူသွားဘို့ ပေးလိုက်ကြရပါတယ်။ ဒီလိုပေးလိုက်တဲ့အခါ လက်ခံစာတွဲမှာ LPC နဲ့SV ရရှိကြောင်း အမည် ရာထူး ကျောင်းအပြည့်အစုံရေးပြီး လက်မှတ်ထိုးစေရပါမယ်။ ကြားထဲခရီးမှာ ပျောက်ဆုံးသွားခဲ့ရင် ပေးလိုက်တဲ့ဌာနကို အမှုမပတ်စေဘဲ သက်သေဖြစ်အောင်ပါ။

အခုလိုရေးရခြင်းက LPC မှာ မပါမဖြစ်ထည့်သွင်းရမဲ့အချက်အလက်များကို တင်ပြချင်လို့ဖြစ်ပါတယ်။
last pay certifocate of တွင် အမည် နှင့်ရာထူး
of the မှာ ကျောင်း ရုံးတည်နေရာ proceeding on မှာ ထုတ်ပေးရသည့်အကြောင်း ပြောင်းလား ရာထူးတိုးပြောင်းလား ပင်စင်လား စသဖြင့်ရေးပြီး to ဘယ်ကိုလဲ ဘယ်ကျောင်းကိုလဲ ဘယ်ဌာနလဲ ဖော်ပြရမှဖြစ်ပါတယ်။

အောက်တစ်ကြောင်းမှာ He has been paid up to မှာ ကတော့ နောက်ဆုံးလစာထုတ်ယူသည့်ရက်စွဲကို ဖော်ပြပေးရပါမယ် ဒါမှ ဖော်ပြပါ လရဲ့ နောက်တစ်လကို လစာဘီလ်ရေးဆွဲရမှာကို လက်ခံတဲ့ကျောင်းရုံးကသိရှိမှာဖြစ်ပါတယ်။ အကယ်၍ရေးသားဖော်ပြခြင်းမရှိလျှင် လစာဘီလ်မှာ ထည့်သွင်းဘို့ ငြင်းခဲ့ရင် လောလောဆယ်လစာရမှာမဟုတ်ပါဘူး။

Rate ရဲ့အောက်မှာ ဝန်ထမ်းရဲ့ချိန်နှုန်းလစာ လစာနှုန်းကိုရေးသားဖော်ပြပါ။ overseaas pay မှာ ယခုရရှိလစာကိုရေးသွင်းပါ။ officiating pay ကတော့မရှိပါဘူး။ special pay ကတော့ ဒေသစရိတ်ရရှိမြို့နယ်များဆိုရင် လက်ရှိလစာနဲ့ဒေသစရိတ်ကို တစ်ကြောင်းစီရေးပြီး စုစုပေါင်း လက်ရှိလစာထုတ်ငွေကိုဖော်ပြကြပါတယ်။

Deducation မှာကတော့ ပရီမီယံအမှတ်(အသက်အာမခံ ) ဖြတ်တောက်ငွေတို့ကိုဖော်ပြရပါမယ် ဟိုတုန်းကတော့ ဘဏ်ချေးငွေရှိပါတယ် ဒါက နောက်မျက်နှာမှာ နိုင်ငံ့ဝန်ထမ်းများဘဏ်မှ ချေးငွေ အရင်း ဆပ်ငွေ အတိုး ဆပ်ရန်ကျန်ငွေ စသဖြင့်ဖော်ပြရပါတယ် ၁၉၉၇ နောက်ပိုင်းမှဝင်လာတဲ့ဝန်ထမ်းများအတွက်မလိုပါဘူး။

နောက်အောက်ကြောင်းမှာ ဘယ်ရာထူးနဲ့ဘယ်နေရာက ဘယ်အချိန် ဘယ်နေ့ရက်မှာ အလုပ်စွန့်လွှတ်ကြောင်း ရေးရပါမယ် over charge of the -ကျောင်းရာထူး , အချိန်ကိုတော့ ညနေပိုင်းပေါ့ ပီးလျှင်ရက်စွဲ နောက် draw the following-မှာ ယခုထုတ်လစာရေးပါ။ He has taken-------days casual leave မှာ ခွင့်ကိစ္စဖော်ပြရမှာဖြစ်ပါတယ်။ အရာရှိက အောက်singnature မှာ လက်မှတ်ထိုးပါ။

Name of months မှာ ရေးသွင်းဘို့ အလွယ်ဆုံးနည်းက နောက်ဆုံးလစာထုတ်တဲ့ လမှာ ခုနှစ်ပြောင်းပြီးထုတ်ယူတဲ့လစာကိုရေးသားပါ။ အခုရေးသားဖော်ပြထားတဲ့ လ ရဲ့အပေါ်အောက်ကို တွက်ပြီး ခုနှစ်ပြောင်းပါ။ ဥပမာ မေလ၂၀၁၉တွင်နောက်ဆုံးထုတ်သည်ဆိုပါစို့ May 2019 တွင် ၁၈၀၀၀၀ ဖော်ပြလျှင် May လအပေါ်ဘက် January လအထိ ခုနှစ်ကို၂၀၁၉ ရေးပြီး လတိုင်းပေးခဲ့တဲ့လစာကိုဖော်ပြပါ။ May လရဲ့အောက် Jun လ မှ အပေါ်ဘက် Decemberထိ2018ခုနှစ်ပြောင်းပေးပြီး သက်ဆိုင်ရာလများရဲ့လစာကို service bookမှာကြည့်ပြီးရေးသွင်းပါ။ အကယ်၍ နှစ်တိုးစေ့ရောက်ခါနီးလျှင် ဘေးစာတိုင်ကွက်လပ်နေရာမှာ ရက် လ ခုနှစ်တွင် နှစ်တိုးစေ့မည်ဟုရေးသားလျက် အရာရှိမှလက်မှတ်ရေးထိုးပါ။

အရင်SVရေးသွင်းသည့်အကြောင်းရေးသားတဲ့နေရာမှာ အရာရှိကိုယ်တိုင်ရေးသွင်းခြင်းမဟုတ်လျှင် ရေးသွင်းသူ၏ လက်မှတ်တို ကို အရာရှိတံဆိပ် ဘယ်ဘက်အောက်ဒေါင့်မှာဦးစွာရေးထိုးစေရပါမည်။ အဓိပ္ပါယ်မှာ ရေးသွင်းချက်များကို တာ၀န်ယူစေဘို့ဖြစ်ပါတယ်။ ဒါမှအရာရှိက ယုံကြည်စွာ လက်မှတ်ထိုးနိုင်စေသလို ရေးသွင်းသူကလည်း မိမိကိုယ်မိမိ သေချာစွာရေးသွင်းဘို့ဂရုစိုက်ပါလိမ့်မည်။ အပြန်အလှန်ယုံကြည်မှုပေးမှသာ လုပ်ငန်းအောင်မြင်နိုင်မည်ဖြစ်ပါသည်။

လိုအပ်ချက်များ မှားယွင်းမှုများကိုထောက်ပြလျက် မရှင်းလင်းသည်များ မေးမြန်းနိုင်ပါသည်။ တတ်လွန်း၍ ဆရာလုပ်ခြင်းမဟုတ်ဘဲ မိမိသိသလောက်ကို မျှ‌ေဝခြင်းဖြစ်ပါတယ်။ ယခုမှတာ၀န်ယူကြသောသင်ကြားရေးမှရာထူးတိုးစလယ်အုပ်များနှင့် စာရေး၀န်ထမ်းများအတွက်ရည်ရွယ်ပါသည်။ အခါအခွင့်သင့်တိုင်း ရုံးလုပ်ငန်များ မျှဝေသွားပါမည်။
👍2