Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း ထုတ်ပြန်ခြင်း လုပ်ငန်းအသိပေးကြေညာချက်ထုတ်ပြန်
ဆရာ၊မ တိုင်း သတိပြုဖွယ်
✍

ကျောင်းတွေရဲ့ အဓိကလိုအပ်ချက်က
ဆရာ၊မတွေ ကိုယ်လေ့လာသင်ယူခဲ့ရတဲ့ ဘွဲ့နဲ့
ကိုယ်တကယ်သင်ရတဲ့ ဘာသာရပ် ထပ်တူကျဖို့ ပါပဲ။

ကျွန်တော်ဆိုရင် ဝိဇ္ဇာဘာသာရပ်ဘက်ကို အားသန်တယ်။
အဓိကတော့ မြန်မာစာပဲ။
ကိုယ်က မြန်မာစာကိုစိတ်ဝင်စားသူဆိုတော့
နည်းနည်းလေးအားစိုက်ပြီးလေ့လာလိုက်ရင်
ကျောင်းသား၊သူတွေကို
အကောင်းဆုံးသင်ပေးနိူင်တယ်။
တခုရှိတာက
မြန်မာစာသင်တော့မယ်ဆိုရင် အခြေခံကနေစပြီးလေ့လာဖို့လိုပါတယ်။

ကျွန်တော်ဆို G7/8 သင်ပေးတယ်။
ဒါပေမဲ့ G6 မြန်မာစာကို ပြန်လေ့လာရတယ်။
ဒါ့အပြင် မူလတန်းဆင့် သင်ရိုးသစ်မြန်မာစာတွေကိုပါအချိန်ပေးပြီး ပြန်လေ့လာတယ်။
သုံးသပ်တယ်။
ဒါမှသာ ဘယ်အတန်းမှာ ဘယ်သင်ခန်းစာ၊ ဘယ်လိုအသိပညာတွေရခဲ့ပြီလဲ၊ သင်ယူခဲ့ကြပြီလဲဆိုတာကို
သ််ိသွားမှာပါ။ အဲ့လိုသိလာတာနဲ့ ကိုယ့်ရဲ့သင်ကြား၊သင်ယူမှုဟာ အောင်မြင်လာပါလိမ့်မယ်။

ဆိုးတာက
အခုခေတ် ဆရာ၊မတွေက သင်ယူလိုစိတ်မရှိဘူး။
စာသင်ခန်းထဲကိုပုံနှိပ်စာအုပ်ကိုင်ပြီးဝင်တယ်။
သင်ခန်းစာကြိုတင်ပြင်ဆင်မှုမရှိဘူး။
မြန်မာစာတောင် အထူးထုတ်ကိုင်သင်တယ်ဆိုမှတော့
အဲ့ဆရာ၊မတယောက်ရဲ့အရည်အချင်းက ဘယ်လောက်ဆိုတာကို ခန့်မှန်းလို့ရတယ်။

ကျွန်တော်တို့တွေငယ်ငယ်တုန်းကဆိုရင်
အထူးထုတ်ထဲက မုတ်စုတွေကို စာသင်ပုန်းပေါ်မှာ
ချရေး၊ ကလေးတွေကိုလိုက်ကူးခိုင်း၊ ဒါတွေကိုပဲ ဤသည်မရွေး ကျက်ပြီးစာမေးပွဲတွေဖြေခိုင်းခဲ့ကြတယ်။
ဆရာ၊မတွေရဲ့ သင်ယူလိုစိတ်မရှိတဲ့အတွက်ကြောင့် ပညာရေးဟာ တိုးတက်မလာဘဲ ဆုတ်ယုတ်လာတယ်။
ကျွန်တော်တို့ လိုချင်တဲ့ ပညာရေးလမ်းကြောင်းကို
မရောက်နိူင်တော့ဘူး။

အခုတလော လိုင်းပေါ်မှာအမြဲတွေ့ရတယ်။
စာရိတ္တ တို့၊ဘဝတွက်တာ တို့စတဲ့တွဲဖက်ဘာသာရပ်တွေကိုတောင် ဆရာ၊မတွေ က အထူးထုတ်တွေ အတင်းလိုက်ဝယ်နေကြတယ်။
တွေးကြည့်ရင် ရှက်စရာကြီးပါ။
ဆရာ၊မတွေကလည်း စာမဖတ်ကြတော့ ဘယ်သင်ခန်းစာ၊ဘယ်အကြောင်းအရာကို ဘယ်လိုသင်ရမယ်ဆိုတာမသိကြတော့ လည်း ခက်သားလား။
အခြားသော သိပ္ပံဘာသာရပ်တွေကို လေ့လာဖို့ ကိုးကားဖို့အတွက် အထောက်အကူပြုစာအုပ်စာတမ်းတွေ ဖတ်မှတ်လေ့လာတာကတော့ နားလည်ပေးလို့ရတယ်။
အထူးထုတ်တွေလိုင်းပေါ်တင်ပြီး ရေသာခိုအချောင်လိုက် လမ်းစဥ်လျှောက်နေတာ ရှက်စရာပါ။
အထူးထုတ်ထဲကစာတွေကို ကူးရေးခိုင်းဖို့ဆိုရင်
ကျောင်းသူ၊သားတွေကို ဘယ့်နဲ့ကြောင့် ကျောင်းထားစရာလိုမလဲ။

ဒါ့ကြောင့်ပြောတာ။
စာသင်ကျောင်းတွေမှာ အင်္ဂလိပ်စာကျွမ်းကျင်သူက အင်္ဂလိပ်စာဘာသာရပ်ကိုသင်ကြပါ။
သင်္ချာကျွမ်းကျင်သူက သင်္ချာကို သင်ကြပါ။
ဓာတု၊ရူပ၊ဇီဝ လိုမျိုး သိပ္ပံဘာသာရပ်တွေကိုလည်း ကျွမ်းကျင်ပိုင်နိူင်တဲ့ ဆရာ၊မများကသင်ကြပါ။
အထူးသဖြင့် မြန်မာစာဘာသာရပ်ကို
လူတိုင်းကိုမသင်ခိုင်းကြပါနဲ့။
မြန်မာစာဘာသာရပ်ကို စိတ်လည်းဝင်စားရမယ်။
စာဖတ်အားလည်းကောင်းရမယ်။
စကားပြောလည်းကောင်းရမယ်။
ပေါင်းသင်းဆက်ဆံရေးလည်းကောင်းရမယ်။
အဲ့လိုဆရာ၊မတွေကိုသာ အဓ်ိကသင်ခိုင်းကြပါ။
ဘာသာရပ်ဆိုင်ရာ သင်ခန်းစာတွေကို
ဆွေးနွေးစရာကြုံရင်လည်း
ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြပါ။ ။
❤3
Comments မှာ ပြည့်စုံစွာရေးခဲ့ပေးပါ။ အောင်စာရင်းကူကြည့်ပေးမယ်နော်
၂၀၂၀ - တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကြည့်ရှုနိုင်ရန် ဖော်ပြပေးထားပါသည် -

 ရန်ကုန်တိုင်းဒေသကြီး
https://bit.ly/yangonasy

 မန္တလေးတိုင်းဒေသကြီး
https://bit.ly/mandalayasy

 နေပြည်တော်ကောင်စီနယ်မြေ
https://bit.ly/naypyidawasy

 ဧရာဝတီတိုင်းဒေသကြီး
https://bit.ly/ayawaddyasy

 စစ်ကိုင်းတိုင်းဒေသကြီး
https://bit.ly/sagainasy

 မကွေးတိုင်းဒေသကြီး
https://bit.ly/mgyasymm

 ပဲခူးတိုင်းဒေသကြီး
https://bit.ly/bagoasymm

 တနင်္သာရီတိုင်းဒေသကြီး
https://bit.ly/tniasymm

 ကချင်ပြည်နယ်
https://bit.ly/kcnasymm

 ကယားပြည်နယ်
https://bit.ly/kykasymm

 ကရင်ပြည်နယ်
https://bit.ly/kynasymm

 ချင်းပြည်နယ်
https://bit.ly/chnasymm

 မွန်ပြည်နယ်
https://bit.ly/monasymm

 ရခိုင်ပြည်နယ်
https://bit.ly/rkeasymm

 ရှမ်းပြည်နယ်
https://bit.ly/shnasymm

 နိုင်ငံခြား
https://bit.ly/3ilUnIZ

#၁၀တန်းအောင်စာရင်း၂၀၂၀ #aungsaryin
ဖြေဆိုသူ ၂သိန်း ၈ သောင်းကျော်၊ အောင်မြင်သူ ၁ သိန်း ၃ သောင်းကျော် ။ Congratulations 👏 ပါ သားငယ်၊ သမီးငယ်တို့။
IMG-e3a677d3fce4f178ce5f06b9d6dcc352-V.jpg
135.8 KB
ဖြေဆိုသူ ၂သိန်း ၈ သောင်းကျော်၊ အောင်မြင်သူ ၁ သိန်း ၃ သောင်းကျော် ။ Congratulations 👏 ပါ သားငယ်၊ သမီးငယ်တို့။
၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မွန်ပြည်နယ်က အောင်ချက်အကောင်းဆုံးဖြစ်

မော်လမြိုင်၊ ဇွန် ၁၇

ပညာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ အောင်စာရင်းကို ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပြီး မြန်မာတနိုင်ငံလုံးမှာ မွန်ပြည်နယ်က အောင်ချက်အကောင်းဆုံးပြည်နယ်တခုဖြစ်ခဲ့ပါတယ်။

မွန်ပြည်နယ်ကဝင်ရောက်ဖြေဆိုသူ ၁၁၂၁၂ ဦးရှိတဲ့အထဲ ၆၄၁၄ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၅၇.၂၁ ရှိတယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

ဒုတိယအောင်ချက်အကောင်းဆုံးကတော့ ဧရာဝတီတိုင်းဖြစ်ခဲ့ပြီး မန္တလေးတိုင်းကတော့ တတိယအောင်ချက်အကောင်းဆုံးရခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ ကျောင်းသား/သူ ၂၈၁၇၅၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၃၂၀၇၇ ဦးအောင်မြင်ခဲ့ကာ တနိုင်ငံလုံးအောင်ချက် ၄၆.၈၈ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
❤1
၂၀၂၀ - တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကြည့်ရှုနိုင်ရန် ဖော်ပြပေးထားပါသည် -

 ရန်ကုန်တိုင်းဒေသကြီး
https://bit.ly/yangonasy

 မန္တလေးတိုင်းဒေသကြီး
https://bit.ly/mandalayasy

 နေပြည်တော်ကောင်စီနယ်မြေ
https://bit.ly/naypyidawasy

 ဧရာဝတီတိုင်းဒေသကြီး
https://bit.ly/ayawaddyasy

 စစ်ကိုင်းတိုင်းဒေသကြီး
https://bit.ly/sagainasy

 မကွေးတိုင်းဒေသကြီး
https://bit.ly/mgyasymm

 ပဲခူးတိုင်းဒေသကြီး
https://bit.ly/bagoasymm

 တနင်္သာရီတိုင်းဒေသကြီး
https://bit.ly/tniasymm

 ကချင်ပြည်နယ်
https://bit.ly/kcnasymm

 ကယားပြည်နယ်
https://bit.ly/kykasymm

 ကရင်ပြည်နယ်
https://bit.ly/kynasymm

 ချင်းပြည်နယ်
https://bit.ly/chnasymm

 မွန်ပြည်နယ်
https://bit.ly/monasymm

 ရခိုင်ပြည်နယ်
https://bit.ly/rkeasymm

 ရှမ်းပြည်နယ်
https://bit.ly/shnasymm

 နိုင်ငံခြား
https://bit.ly/3ilUnIZ

#၁၀တန်းအောင်စာရင်း၂၀၂၀ #aungsaryin
👍1
Breaking New

တက္ကသိုလ်ဝင်တန်း ကျရှုးသူများအတွက် ၂၀၂၃ ခုနှစ်တွင် စာမေးပွဲ‌ နောက်ဆုံး တကြိမ် ထပ်မံကျင်းပပေးမည်...
.
တက္ကသိုလ်ဝင်စာမေးပွဲ ကျသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်မဖြေဖြစ်ခဲ့သည့်
ကျောင်းသား/သူများအတွက် ၂၀၂၃ ခုနှစ်တွင် စာမေးပွဲထပ်မံကျင်းပပေးမည်ဟု ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်။

https://t.me/mwdmmnews/7786
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
မြန်မာ့ရိုးရာ အတိုင်းအတာများ
ပင်စင် #

ပင်စင်ဟူသောစကားရပ်တွင် ပင်စင်+လုပ်သက်ဆုငွေ ဖြစ်ပါသည်။

၁. သက်ပြည့်ပင်စင်
ဝန်ထမ်းသည် အသက် ၆၀ ပြည့်သည့်နေ့တွင်
အငြိမ်းစားယူရမည်ဖြစ်သည်။ အများဆုံးလုပ်သက်မှာ အသက် ၁၈ နှစ်မှ ၆၀ ထိ ဖြစိပါသည်။
အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် ၄ လ ခံစားခွင့်ရှိပြီး ပျှမ်းမျှလစာ ခံစားရမည်။
( လစာနှုန်းတိုးမြှင့်သည့်အချိန်တွင် သီးသန့်ညွှန်ကြားချက်နှင့်အညီ ခံစားခွင့်ရှိသည်။)

၂. နှစ်ပြည့်ပင်စင်
အသက် ၅၅ နှစ်ပြည့်ပြီး လုပ်သက်နှစ် ၃၀ ပြည့်လျှင် ခံစားခွင့်ရှိသည်။
#နောက်ဆုံးပြင်ဆင်ချက်အရ လုပ်သက် နှစ် ၃၀ ပြည့်ရင် (ယခင်ကကဲ့သို့)အသက် ၅၅ နှစ်ပြည့်ရန်မလိုတော့ပါ။ (ယခုလောလောဆယ် နှစ်ပြည့်ပင်စင်များ ဆိုင်းငံ့ခံ‌နေရသည် ဟုသိရပါသည်)

၃. လျော့ပေါ့ပင်စင်
အသက် ၅၅ နှစ်ပြည့်ပြီး လုပ်သက် ၂၀ နှစ်ကျော်
လျှင် သော်လည်းကောင်း
အသက် ၅၀ နှစ်ပြည့်ပြီး လုပ်သက် ၂၅ နှစ်ကျော်
လျှင်လည်းကောင်း ခံစားခွင့်ရှိသည်။

၄. နာမကျန်းပင်စင်
လုပ်သက် ၁၀ နှစ်နှင့်အထက် မကျန်းမာ၍ တာဝန် ဆက်လက်ထမ်းဆောင်နိုင်ခြင်းမရှိ
သည့်အခါ သတ်မှတ်ထားသည့် ဆေးအဖွဲ့၏
ထောက်ခံချက်ဖြင့် ခံစားခွင့်ရှိသည်။

၅. လျော်ကြေးပင်စင်
ရာထူးတစ်ခုကိုဖျက်သိမ်းလိုက်သည့်အခါ
အခြားရာထူးတစ်ခုသို့ ပြောင်းရွှေ့နေရာချထားခြင်း
မပြုနိုင်လျှင်သော်လည်းကောင်း
ယင်းဝန်ထမ်းမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန်
ဆန္ဒမပြုလျှင် သော်လည်းကောင်း ခံစားခွင့်ရှိသည်။

၆.အထူးပင်စင်
တာဝန်ထမ်းဆောင်မှုကိုအကြောင်းပြု၍ ရောဂါရရှိသည့်အခါတွင်ဖြစ်စေ
ထိခိုက်အနာတရ ဖြစ်သည့်အခါတွင်ဖြစ်စေ
မသန်စွမ်းဖြစ်သည့်အခါတွင်ဖြစ်စေ
သတ်မှတ်ထားသောဆေးအဖွဲ့၏ ထောက်ခံချက်
ဖြင့် ခံစားခွင့်ရှိသည်။

၇. မိသားစုပင်စင်
ဝန်ထမ်းသည် တာဝန်ထမ်းဆောင်ဆဲဖြစ်စေ၊
အငြိမ်းစားယူပြီးနောက်မှ ဖြစ်စေ
ကွယ်လွန်ခဲ့လျှင် ကျန်ရစ်သူမိသားစုအတွက်
သတ်မှတ်ချက်နှင့်အညီ ခံစားခွင့်ရှိသည်။

# ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက် ၁၀ နှစ် မပြည့်ပါက
လုပ်သက်ဆုငွေ တစ်မျိုးတည်းကို ခံစားခွင့်ရှိသည်။

လုပ်သက် ၅ နှစ် မပြည့်သည့်ကိစ္စ
- လုပ်သက်နှစ်×နောက်ဆုံးထုတ်လစာ×၁၀၀%

လုပ်သက် ၅ နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်သေးသည့်ကိစ္စ
-လုပ်သက်သစ်×နောက်ဆုံးထုတ်လစာ×၁၅၀

# ပင်စင်အကျိုးခံစားခွင့်ရှိသည့်လုပ်သက် ၁၀ နှစ်နှင့်အထက် (သက်ပြည့်၊ နာမကျန်း၊ လျော်ကြေး)ပင်စင်နှင့် နှစ်ပြည့်၊ လျော့ပေါ့ ပင်စင် တို့၏

#ပင်စင်လစာတွက်နည်း •••••••••
- လုပ်သက်နှစ်×နောက်ဆုံးထုတ်လစာ×၁.၅% ၊ ( မြို့ပြ)
(ယခင်- နောက်ဆုံးထုတ်လစာ x လုပ်သက်နှစ် ÷ ၇၀ (x ၁.၄၃%)
#တပ်ပင်စင်- နောက်ဆုံးထုတ်လစာ x လုပ်သပ်နှစ် ÷ ၅၀ (x ၂%)

လုပ်သက်ဆုငွေတွက်နည်း ••••••••••
- လုပ်သက်နှစ်×နောက်ဆုံးထုတ်လစာ×၅၀% (မြို့ပြ) လုပ်သက် ၂ နှစ်လျှင် တစ်လစာနှုန်း၊
#တပ်- လုပ်သက်နှစ် x နောက်ဆုံးထုတ်လစာ x ၁၀၀% ၊(လုပ်သက်တစ်နှစ်လျှင်တစ်လစာနှုန်း၊

# မိသားစုပင်စင်ကို ယေဘူယျအားဖြင့်
အငြိမ်းစားကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်မှ ခံစားခွင့်ရှိသည်။ တရားဝင် ဇနီး(သို့) ခင်ပွန်းကွယ်လွန်သည်အထိ ခံစားခွင့်ရှိ။
အငြိမ်းစားယူချိန်၌ ရရှိသည့့်ပင်စင်လစာ၏ ၃/၄

အခြားမိသားစုဝင် ဖြစ်ပါက
ဝန်ထမ်းကွယ်လွန်သည့်နေ့ရက်မှစ၍ ၁၅ နှစ်အထိ ခံစားခွင့်ရှိသည်။
အငြိမ်းစားယူချိန်၌ ရရှိသည့်ပင်စင်လစာ၏ ၁/၂

မိသားစုပင်စင်အတွက် လုပ်သက်ဆုငွေ
၁ နှစ်ပြည့်ပြီး ၅ နှစ်အောက် •••••••
လုပ်သက်တစ်နှစ်အတွက် နောက်ဆုံးထုတ်လစာ တစ်လစာနှင့်ညီမျှသော လုပ်သက်ဆုငွေ

၅ နှစ်ပြည့်ပြီး ၁၀ နှစ် အောက် ••••••••
နောက်ဆုံးထုတ်လစာ၏ ၁၂ဆနှင့်ညီမျှသော လုပ်သက်ဆုငွေ

# ရာထူးမှနုတ်ထွက်သည့်ဝန်ထမ်း
# ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း
# ရာထူးမှထုတ်ပယ်ခြင်းခံရသည့်ဝန်ထမ်း
တို့သည် ပင်စင်/လုပ်သက်ဆုငွေ ခံစားခွင့်မရှိပါ။

# ပင်စင်စားသည် ထောင်ကျခြင်းခံရပါက ပင်စင်ခံစားခွင့်ကို ရပ်ဆိုင်းထားရမည်။
လွတ်မြောက်လာပါက ပြန်လည်ခွင့်ပြု သော်လည်း
ပြစ်ဒဏ်ကျ ကာလအတွက် ပင်စင်လစာ ခွင့်မပြု။

# ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ခွင့်ပြုထားသည့် နှုန်းထားအတိုင်း
တစ်လုံးတစ်ခဲတည်း ပင်စင်အဖြစ် လဲလှယ်ခွင့်ရှိ။

# ပင်စင်နှင့် လုပ်သက်ဆုငွေတွက်နည်းကို
ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့၏
သဘောတူညီချက်ဖြင့် အမိန့်ထုတ်ပြန်ခြင်း၊
ပြင်ဆင်ခြင်းပြုနိုင်သည်။

Ref Crd. စာရင်းစစ်မှတ်စု
Credit

ပုံ ပင်စင်ယူသည့်အခါ တင်သွင်းရမည့် လျှောက်လွှာပုံစံများ
ပင်စင်ယူမည့် သူများအတွက် ပြန်လည် မျှဝေပေးပါသည်

ပင်စင်ယူရင် လိုအပ်တာက

၁။၁၀ တန်းအောင်လက်မှတ်မိတ္တူ
(မွေးသက္ကရာဇ်အတည်ပြုဖို့)
၂။service book
၃။၁၉ ချက်ကိုယ်ရေးမှတ်တမ်း
၄။ပတ်စပို့ဓာတ်ပုံ ၁၅ ပုံ
၅။အခြားအစိုးရဌာနမှာ အလုပ်မလုပ်
ကြောင်းရပ်ကွက်ထောက်ခံစာ
(အသက်၅၀ ကျော်ကို ဘယ်သူမှ
ခန့်မှာလည်းမဟုတ်ဘဲနဲ့.....
အဲဒါက ဘဏ်မှာ ပေးရတာ)
၆။မှတ်ပုံတင်မိတ္တူ
၇။ကော်+ချုပ်စက်(မငှားရအောင်ပေါ့)


နားခွင့်ရပြီး လျှောက်လွှာဖြည့်ရချက်ကတော့ မနက် ၁၀ နာရီလောက်ကနေ
ညနေ ၃ နာရီခွဲထိ ထမင်းမစားတမ်းပေါ့
၂ ရက်လောက် ခေါင်းမူးသွားတယ်
တစ်မျိုးကို ၅/၇ စုံတဲ့ မှတ်မှတ်ရရ
၆၇ ရွက်ဖြည့်ရတာ LPC လဲ ဖြည့်ရ
ဒါတောင် ၄ ယောက်အတူတူ ဖြည့်တာ
ပင်စင်ယူချင်စိတ်တောင် ကုန်သွားတယ်

လုပ်သက်ဆုငွေ = (လုပ်သက်နှစ် ×
နောက်ဆုံးထုတ်လစာ ×50 ) ÷ 100
ပင်စင်လစာ = ( လုပ်သက်နှစ် ×
နောက်ဆုံးထုတ်လစာ ×1.5 ) ÷ 100
*မေးနေသူများအတွက်*

Credit Post Owner
ငွေစာရင်းဆိုင်ရာဝေါဟာရများ
...................................................

ဘက်ဂျက် - budget
ဘဏ္ဍာရေးနှစ်- Fin‌ancial Year
ရန်ပုံငွေ - Fund
ဖြည့်စွက်ခွင့်ပြုငွေ - Result Expenditure
ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း - Revised Estimate
ခန့်မှန်းခြေငွေစာရင်း - Budget Estimate
ရန်ပုံငွေလွှဲအပ်စာရင်း-Letter of Credit
ဘဏ်ခွင့်ပြုငွေ - Drawing Limit
ဦးစီးဌာန - Administrative Department
သာမန်ရငွေ - Revenue Receive
ငွေလုံးငွေရင်းရငွေ - Capital Receive
ရိုးရိုးချက် or သာမန်ချက်- Ordinary Cheque
မျဉ်းသားချက် - Cross Cheque
အထူးမျဉ်းသားချက်- Special cross cheque
ခရီးစရိတ် - Travelling Allowance
SAC အသုံးစရိတ်တောင်းခံလွှာ - Supply Account Certificate
NAC မရှိ/မပြုထောက်ခံချက် - Non Available Certificate
သာမန်အသုံးစရိတ်- Revenue Expenditure
ငွေလုံးငွေရင်းအသုံးစရိတ်- Capital Expenditure
ငွေတိုက်ပုံစံ TF - Treasury Form
နောက်ဆုံးထုတ်လစာ LPC - Last - Pay - -Certificate
လစာ - Salary
စရိတ်ချီးမြှင့်ငွေ-Cost award( Allowance and Award)
အသက်အာမခံ- Life Insurance Premium
-LIP)
အသုံးစရိတ်လချ ုပ် - Supply Account Report
စာရင်းမှပယ်ဖျက်ခြင်း- Abrogate Account ( Write out)
၃ လပတ် - Quarterly
၃ လပတ်တိုးတက်မှုစာရင်း - Quarterly Progress
အမှာစာ- Indent
လချ ုပ်စာရင်း- Monthly Report
ပစ္စည်းစာရင်းစာအုပ် - Stoke Book
ငွေစာရင်းစာအုပ် - Cash Book
တာရှည်ခံပစ္စည်း - Durable Stock
ပုံသေပိုင်ပစ္စည်း - Dead Stock

A to Z အစဉ်အတိုင်း
....................................

A
Accounting Period - စာရင်းကာလ
Assets - ရပိုင်ခွင့်များ
Account - စာရင်း
Adjusting Entries - စာရင်းညှိနှိုင်းခြင်း
Accumulated Fund - စုဆောင်းထား ရံပုံငွေ
Acceptor - ဘီလ်လက်ခံသောသူ
Accountancy - စာရင်းကိုင်ပညာ
Account Sales - ကုန်ရောင်း ရှင်းတမ်း
Accommodation Bills - ထောက်ပံ့ခြင်း ဘီလ်များ
Allocation - စာရင်းခွဲဝြေခင်း
Assets - ရရန်ပိုင်ခွင့်
Auditing - စာရင်းစစ်ပညာ
Authorized Capital - မှတ်ပုံတင်အစုအရင်းငွေ

B

Balance Sheet - လက်ကျန်ရှင်းတမ်း
Balance of the account - စာရင်းလက်ကျန်
Books of Prime Entry - ပထမသွင်း စာရင်းစာအုပ်
Books of Original Entry - အခြေခံသွင်းစာအုပ်
Bills Receivable Day Book - ရရန်ဘီမှတ်တမ်းစာအုပ်
Bills Payable Day Book - ပေးရန်ဘီမှတ်တမ်းစာအုပ်
Bank Statement - ဘဏ်ရှင်းတမ်း
Bank Reconciliation Statement - ဘဏ်စာရင်းနှင့် ကိုက်ညှိရှင်းတမ်း
Bills Receivable - ရရန်ဘီလ်များ
Bills of Exchange - ငွေလွှဲစာချုပ်
Bills Payable - ပေးရန်ဘီလ်များ
Bad Debts - ကြွေးလျော်များ
Bank Overdraft - ဘဏ်မှ ပိုထုတ်ငွေ
Bonus Shares - ဆုငွေ အစုများ
Book Keeping - စာရင်းရေးပညာ
Branch Accounts - ဆိုင်ခွဲ စာရင်းများ
Branch Profit & Loss Account - ဆိုင်ခွဲ အရှုံးအမြတ်စာရင်း

C

Capital - ရင်းနှီးငွေ
Creditor - မြီရှင်
Credit side - မြီရှင်ဘက်
Closing Entries - စာရင်းပိတ်ခြင်း
Cash Book - စာရင်းပိတ်ခြင်း
Credit Note - မြီရှင်လွှာ
Cash Receipts Journal - ရငွေဂျာနယ်
Cash Payments Journal - ပေးငွေဂျာနယ်
Compensating Errors - အချင်းချင်းနှိမ်သော အမှားများ
Capital Expenditure - မတည်ငွေအသုံးစရိတ်
Cost of Goods Sold - ရောင်းပြီး ကုန်တန်ဖိုး
Copyright - မူပိုင်
Current Assets - လက်ငင်းရပိုင်ခွင့်များ
Current Liabilities - လက်ငင်းပေးရန်တာ၀န်များ
Cost of Goods Manufactured - ထုတ်လုပ်ပြီး ကုန်ပစ္စည်းတန်ဖိုး
Cost - ကုန်ကျတန်ဖိုး
Control Account - ထိန်းချုပ်စာရင်း
Called Up Capital - ခေါ်ပြီး အစုအရင်းငွေ
Calls in Advance - ကြိုတင်ရ အခေါ်များ
Carriage Inwards - ကုန်သယ်ခ
Carriage Outwards - ကုန်ပို့ခ
Cash Discount - ငွေနှုန်းလျှော့
Cash Purchases - ကုန်လက်ငင်း၀ယ်
Cash Sales - ကုန်လက်ငင်းရောင်း
Cheques - ဘဏ်ချက်ခေါ် ငွေထုတ်လက်မှတ်များ
Closing Stock - စာရင်းပိတ်ကုန်လက်ကျန်ရှင်းတမ်း
Columnar Balance Sheet - ဇယားကွက် လက်ကျန်ရှင်းတမ်း
Columnar Cash Book - ဇယားကွက် ငွေ၀င်ငွေထွက် စာအုပ်
Consignment Inwards - ကုန်သွင်း ကုန်ရောင်း စာရင်း
Consignment Outwards - ကုန်ပို့ ကုန်ရောင်း စာရင်း
Control Accounts - အချုပ်စာရင်း၊ စာရင်းချုပ်များ
Credits - မြီရှင် စာရင်း
Credits Ledger - မြီရှင်များ စာရင်းစာအုပ်
Cumulative Preference Shares - အတိုးအပြည့်ပေးရသော အထူးအစုများ

D

Debit side - မြီစားဖက်
❤1
Double Entry Book-keeping - နှစ်ဖက်သွင်း စာရင်းရေး
Debit Note - မြီစားလွှာ
Deferred Expenses - ရွှေ့ဆိုင်းစရိတ်များ
Development Expenses - တိုးတက်ဖွံ့ဖြိုးမှု စရိတ်များ
Direct Material Cost - တိုက်ရိုက်ကုန်ကြမ်း စရိတ်
Direct Labor Cost - တိုက်ရိုက်လုပ်သားခ
Diminishing Balance Method - လက်ကျန်တဖြည်းဖြည်းကုန်ခြင်းနည်း
Debentures - ငွေချေး အစုများ
Debits - မြီစား စာရင်း
Debtors Ledger - မြီစားများ စာရင်းစာအုပ်
Deferred, Founders or Management Shares - နောက်ဆုံးအစုများ
Deferred Ordinary Shares - ဒုတိယ သာမန် အစုများ
Demand Drafts - ချက်ချင်းပေးသော ဘီလ်များ
Depreciation - တန်ဘိုးလျှော့
Directors Fees - ဒါရိုက်တာ ကြေးများ
Dividends - အစုပေါ် အမြတ်
Documentary Bills - ကုန်ရောင်း စာချုပ်ဘီလ်များ
Drawee - ဘီလ်လက်ခံသောသူ
Drawer - ဘီလ်ရေးဆွဲသောသူ

E

Errors of Omission - အလျင်းမေ့ကျန်အမှား
Errors of Commission - အရေးမှားများ
Errors of Principle - မူအရ အမှားများ
Expenditure - အသုံးစရိတ်
Expansion or Extension - တိုးချဲ့

Thanks and Credit to ▶ the original poster