Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်ကာလတွင်

#(၁)၃နှစ်အထိကင်းကွာနေသောကျောင်းသားကျောင်းသူများသည် လာရောက်ကျောင်းအပ်နှံပါက
ထိုကျောင်းသားများပညာသင်ယူခွင့်ဆက်လက်ရရှိစေရေး အတွက် ၎င်းတို့အောင်မြင်ခဲ့သောအတန်းအရ ကျောင်းအပ်လက်ခံဆောင်ရွက်ရန်

1️⃣2021-2022 ပညာသင်နှစ် တွင်အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့်
ကျောင်းဆက်မတတ်နိုင်သူများကို
ရည်ရွယ်ပါသည်။
*2020-2021 မဖွင့်နိုင်ပါ။Covid
1️⃣2021-2022
2️⃣2022-2023
3️⃣2023-2024



(၂)ကင်းကွာ #၃နှစ်အထက်ကျော်ပါကကျောင်းပြင်ပ ပညာရေးအစီစဥ်ဖြင့်ချိတ်ဆက်ပြီး..ပညာသင်ယူခွင့်ကိုဆောင်ရွက်ရန်.......

2019-2020အောင်များ ကိုရည်ရွယ်ပါသည်။အပြင်ဖြေ‌ ကျောင်းသားအဖြစ်နေရပါမည်။ ကျောင်းပြင်ပပညာရေးပါ။


ထိုအချက်နှစ်ချက်ကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများ(အခြေခံပညာကျောင်းများ ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ၊ ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကပညာရေးကျောင်းများ) သိရှိလိုက်နာဆောင်ရွက်ရန်.....

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
⛔️ Scammer Alert !!! ⛔️

၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေဆဲ ကာလဖြစ်ပါသည်။ အောင်စာရင်း ထုတ်ပြန်ရန် အသင့်ဖြစ်ပါက ထုတ်ပြန်မည့် နေ့ရက်နှင့် အစီအစဉ်ကို နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website အပါအဝင် ယခု Facebook Page တို့မှတစ်ဆင့် အများပြည်သူသို့ အချိန်မီ ကြိုတင် အသိပေးကြေညာသွားပါမည်။ အောင်စာရင်းနှင့်ပတ်သက်၍ အခြားအသိပေးကြေညာရန် ကိစ္စရပ်များ ရှိပါကလည်း အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

ယခုအခါတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအပေါ် မိဘပြည်သူများစိတ်ဝင်စားမှုကို အခွင့်ကောင်းယူ၍ မသမာသူများက အောင်စာရင်းနှင့် ပတ်သက်သည့် ကောလဟာလများ၊ သတင်းတုများ ဖန်တီးဖြန့်ချီနေသည့်အပြင် ယခင်နှစ်ဟောင်း အောင်စာရင်းများကို ဓါတ်ပုံပြုပြင်သည့် Application/Software များဖြင့် ပြုပြင်ပြောင်းလဲပြီး အောင်စာရင်း ကြိုတင်သိရမည်ဟုဆိုကာ အခကြေးငွေ လိမ်လည်တောင်းခံမှုများပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် အောင်စာရင်းဆိုင်ရာ လုပ်ငန်းများကို လုံခြုံရေး အထူးကန့်သတ်ထားသည့် လျှို့ဝှက်စခန်းအတွင်း ဆောင်ရွက်လျက်ရှိပြီး ဤဌာနတွင် ဆောင်ရွက်နေသော အောင်စာရင်းများသည် ပေါက်ကြားရန် အခြေအနေ လုံးဝ(လုံးဝ)မရှိပါ။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် အောင်စာရင်းများကို အများပြည်သူသို့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တန်းတူညီမျှစွာ တရားဝင် အသိပေးကြေညာသွားမည်သာဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းအတွက် အဂတိတရားဖြင့် ကြိုတင်ပေါက်ကြားစေမည်မဟုတ်ပါ။

❌ယခုဖော်ပြပါ Facebook Account နှင့် Page များသည် တက္ကသိုလ်ဝင် စာမေးပွဲကို စိတ်ဝင်စားမှု များပြားသည့်အပေါ် အခွင့်ကောင်းယူ၍ လိမ်လည် လှည့်ဖျားနေသော မသမာသူများ (မသမာသူ လူလိမ်များ) ဖြစ်ပါသည်။❌ သို့ဖြစ်ရာ ယခု မသမာသူများ လိမ်လည်တင်ပြထားသကဲ့သို့ အောင်စာရင်းများ ပေါက်ကြားနိုင်သည့် အခြေအနေ လုံးဝ မရှိ (မရှိ)ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

မိဘပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ လိမ်ညာနေသူ မသမာသူများ၏ သတင်းအချက် အလက်များရှိပါက ဤ Page Message Box သို့သတင်းပေးပို့ပါရန် ပန်ကြားအပ်ပါသည်။
မိဘပြည်သူအပေါင်း မသမာသူများ၏ လိမ်လည်ခြင်းမှ ကင်းဝေးစေရန် ယခု တင်ပြချက်များအား ထပ်ဆင့် မျှဝေပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/exams.mm?mibextid=ZbWKwL

https://m.facebook.com/story.php?story_fbid=pfbid02pgEu3qLzG3U6ccaHQUqxd5bGAoCyBGxqD7B9sMJaS8q6sMiH5gBMKdMNqcFzHiSXl&id=100064626162112&mibextid=Nif5oz
လိမ်လည်မှုများ ဆက်လက် ကျူးလွန်နေသည်ကို တွေ့ရှိရပါသဖြင့် အလိမ်ခံရခြင်းမှ ကင်းဝေးစေရန် ထပ်မံ သတိပေး နှိုးဆော်အပ်ပါသည်။

၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ နှင့် ပတ်သက်၍

✔️အောင်စာရင်းရက်
၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်မည့်ရက် မကြေညာသေးပါ။ အသင့်ဖြစ်လျင် အောင်စာရင်းထုတ်ပြန်မည့်ရက်ကို နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ဤ Page တို့မှ မကြာမီတရားဝင် အသိပေးကြေညာပါမည်။ တရားဝင် အသိပေးကြေညာခြင်းမပြုမီ ထွက်ပေါ်သော မည်သည့် ပြောကြားချက်၊ ကောလဟာလကိုမှ အတည်မပြုပါ။

✔️အောင်စာရင်းပုံစံ
အောင်စာရင်းပုံစံနှင့် ပတ်သက်၍ မည်သည့်တရားဝင်ကြေညာချက်မှ ထုတ်ပြန်ထားခြင်းမရှိပါ။ တရားဝင်မကြေညာထားသော မည်သည့်ပြောကြားချက်၊ ကောလဟာလကိုမှ အတည်မပြုပါ။ အောင်စာရင်းပုံစံမှာ သီးခြားကြေညာချက် တရားဝင်မထုတ်ပြန်သရွေ့ ယခင်နှစ်များကပုံစံအတိုင်းဟုသာ မှတ်ယူထားပါ။

✔️See First Us!
အောင်စာရင်းနှင့်ပတ်သက်၍ တရားဝင်ကြေညာသည်နှင့် ချက်ခြင်းသိလိုပါက ဤ Pageကို Like, Follow & See First လုပ်ထားနိုင်ပါသည်။
https://www.facebook.com/exams.mm?mibextid=ZbWKwL

www.myanmarexam.org

https://m.facebook.com/story.php?story_fbid=pfbid02pgEu3qLzG3U6ccaHQUqxd5bGAoCyBGxqD7B9sMJaS8q6sMiH5gBMKdMNqcFzHiSXl&id=100064626162112&mibextid=Nif5oz
https://www.facebook.com/exams.mm?mibextid=ZbWKwL

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ တရားဝင် Blue mark Facebook Page.
မင်္ဂလာပါဆရာကြီး ဆရာမကြီးတို့ရေ......

နယ်ပယ်အဆင့်များ နှင့် နယ်ပယ်တစ်ခုစီတွင် ရှိသောဖြစ်စဥ်များကိုဖော်ပြပေးထားပါတယ်။

မူလတန်းအဆင့်တွင် နယ်ပယ် ၁...၂....၃ တို့သာပါဝင်ပြီး

အလယ်တန်းအဆင့်မှာတော့ နယ်ပယ် ၆ခုလုံးပါဝင်လာပါတယ်။

ယခုနယ်ပယ်များနှင့်နယ်ပယ်တစ်ခုစီမှာပါဝင်တဲ့သိမူဖြစ်စဥ်တွေက
အတန်းတွင်းအကဲဖြတ်စစ်ဆေးခြင်း တွေမှာအသုံးဝင်ပါတယ်။

ယခုဖော်ပြပါနယ်ပယ်များနှင့်သိမူဖြစ်စဥ်တွေကိုကြည့်၍....မိမိတို့ကလေးများ၏ သင်ယူရလဒ်များကိုစစ်ဆေးလို့ရပါတယ်ဆိုတာကို

G2 လူမူရေးဖတ်စာထဲက မဟာဗန္ဓုလသင်ခန်းစာနှင့်ချိတ်ဆက်ဖော်ပြပေးလိုက်ရပါတယ်။ (ယခင်စာသင်နှစ်တွင်အသုံးပြုထားသော အတန်းတွင်းစစ်ဆေးခြင်း နမူနာ ပုံစံပါ)

(နယ်ပယ်တစ်ခုစီအလိုက် ရလဒ်များကို ရာခိုင်နှုန်းဖြင့်ဖော်ပြပေး၍...နယ်ပယ်၃ခု၏ ရာခိုင်နှုန်းများကိုပေါင်းပါ....ရရှိလာတဲ့ရာခိုင်နှုန်းများကို
ကြည့်၍ A....S....E ဖြင့်ဆုံးဖြတ်ပေးရန်)

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍1
စနစ်သစ် ကျောင်းသား၊ ကျောင်းသူများ မဖြစ်မနေ သိထားရမည့် အချက် (၃)ချက် (နား ၊ မေး ၊ ရှင်း)

(၁) ဆရာ သင်ကြားပေးနေစဥ် " ဂရုစိုက်နားထောင်" ပြီး မှတ်သားသင့်သည်များကို စိတ်ထဲစွဲနေအောင် မှတ်သားရမည်။

(၂) နားမလည်သည်များကို " မေး" ၍ အလွတ်ကျက်မှတ်သင့်သည်များကို စိတ်ထဲစွဲနေအောင် ကျက်မှတ်ရမည်။

(၃) မိမိနားလည် မှတ်သားထားသည့် စာများကို မိမိစိတ်ထဲတွင် " ရှင်းနေအောင်" သဘောပေါက် နားလည်မှု ရှိရမည်။

နှစ်စတည်းက စနစ်တကျ ပုံမှန် လေ့လာ ၊ လေ့ကျင့်သွားမည်ဆိုလျင် စာမေးပွဲကို အခက်အခဲမရှိ ဖြေဆို အောင်မြင်မည် ဖြစ်ပါသည်။
👏1
Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်ကာလတွင် #(၁)၃နှစ်အထိကင်းကွာနေသောကျောင်းသားကျောင်းသူများသည် လာရောက်ကျောင်းအပ်နှံပါက ထိုကျောင်းသားများပညာသင်ယူခွင့်ဆက်လက်ရရှိစေရေး အတွက် ၎င်းတို့အောင်မြင်ခဲ့သောအတန်းအရ ကျောင်းအပ်လက်ခံဆောင်ရွက်ရန် 1️⃣2021-2022 ပညာသင်နှစ် တ…
ကျောင်းပြင်ပ ပညာရေးအစီစဥ်ကိုဘယ်လိုဆောင်ရွက်လဲ။

♻ အကောင်အထည်ဖော်ဆောင်ရွက်မှု
ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်သည် အခြေခံပညာမူလတန်းအဆင့်ကို (၂)နှစ် အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးသော အစီအစဉ်ဖြစ်သည်။ ပထမအဆင့် Level (I) နှင့် ဒုတိယအဆင့် Level (II) ဟူ၍ သတ်မှတ်ထားသည်။ ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်ကို ၂၀၀၈ ခုနှစ်မှစ၍ ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်)တို့ ပူးပေါင်း ဆောင် ရွက်ခဲ့ရာမှ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းပညာရေးစေတနာရှင် အလှူရှင်များ ပါဝင်ပူပေါင်း ကူညီထောက်ပံ့လာကြပါတယ်။

ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်ကို အရည်အသွေးအာမခံချက် ရရှိစေရန်အတွက် မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာနသည် ယူနီဆက်၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ကျောင်းပြင်ပမူလတန်းပညာရေး စံထားစစ်ဆေးလွှာ (Standardized test) ကို ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးစိတ်ပညာဌာနမှ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် တည်ဆောက်၍ ၂၀၁၄ – ၂၀၁၅ ပညာသင်နှစ်တွင် စတင်စစ်ဆေးခဲ့သည်။ ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်၏ ခိုင်လုံသော ရလဒ် ကောင်းအနေဖြင့် ဖော်ပြရလျှင် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းပြင်ပမူလတန်းပညာရေး ပြီးမြောက်သော ကလေးဦးရေ၏ ၄၈ ရာခိုင်နှုန်းသည် အခြေခံပညာအလယ်တန်းအဆင့်သို့ တက်ရောက် နိုင်ကြကြောင်း တွေ့ရှိရပါတယ်။

၂၀၁၁ ခုနှစ်မှစ၍ ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်ကို မြန်မာနိုင်ငံအတွင်း မြို့နယ် များစွာ တိုးချဲ့ဆောင်ရွက်ခဲ့ရာ အများဆုံးအနေဖြင့် မြန်မာ၊ ထိုင်း နယ်စပ် မဲဆောက်မြို့အပါအဝင် ၁၀၄ မြို့နယ်အထိ ဆောင်ရွက်ခဲ့ပါတယ်။

ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်ကို ဆောင်ရွက်ရာတွင် UNICEF, UNESCO, World Education, Shanti Volunteer Association နှင့် ပြည်တွင်း ပညာရေးစေတနာရှင် အလှူရှင်များ၏ ကူညီ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန အနေဖြင့် ယူနက်စကိုအဖွဲ့နှင့် ပြည်တွင်းအလှူရှင်ကြီးများ အကူအညီဖြင့် မြို့နယ် ၉ မြို့နယ်တွင် ကလေး ၉၀ဝ ကျော်အတွက် ဆောင်ရွက်ခဲ့ရာ ဆရာဆရာမ ၆၈ ဦး ၊ မြို့နယ်ကြီးကြပ်ရေးမှူး ၁၂ ဦးနှင့် တိုင်းဒေသကြီး ကြီးကြပ်ရေးမှူး ၂ ဦးတို့က သင်ကြားကြီးကြပ်ပြသပေးတယ်လို့လေ့လာသိရှိရပါတယ်။

၂၀ဝ၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကျောင်းပပြင်ပမူလတန်းပညာရေး ပြီးမြောက် အောင်မြင် သူများအနက် ၉၉၃၃ ဦးသည် အခြေခံပညာအလယ်တန်းသို့ ကူးပြောင်းသင်ယူကြပြီး ငါးနှစ်တာကာလ အတွင်း ကျောင်းသားကျောင်းသူ ၉၈ ဦး တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ကြသည်။ (၂၀၁၆ ခုနှစ် တွင် ၁ ဦး ၊ ၂၀၁၇ ခုနှစ်တွင် ၄ ဦး ၊ ၂၀၁၈ ခုနှစ်တွင် ၂၀ ဦး ၊ ၂၀၁၉ ခုနှစ်တွင် ၃၈ ဦး ၊ ၂၀၂၀ ပြည့်နှစ်တွင် ၃၅ ဦး ဖြစ်ပါသည်)။ မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာနအနေဖြင့် အဆိုပါကလေးများ တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရန်အတွက် ကူညီပံ့ပိုးပေးလျက်ရှိပါတယ်ခင်ဗျာ။

♻ ရည်ရွယ်ချက်

အကြောင်း အမျိုးမျိုးကြောင့် ကျောင်းလုံးဝ မနေခဲ့ဖူးသေးသူ၊ ကျောင်းနေ ခဲ့သော်လည်း မူလတန်းပညာ မပြီးဆုံးမီ ကျောင်းစောထွက်ခဲ့သူ၊ အသက်(၁၀)နှစ်မှ (၁၄)နှစ် သက်ငယ် အုပ်စုကလေးများကို ဒုတိယအကြိမ် ပညာရေးအခွင့်အလမ်း ထပ်မံဖြည့်ဆည်းပေးရန်
အဆိုပါကလေးများအား အခြေခံပညာ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့်သို့ ဆက်လက် သင်ယူခွင့်ရရှိစေရန် ရည်ရွယ်ပါတယ်။

♻ သင်ယူသူများ

မိသားစုနှင့် မိမိကိုယ်တိုင်ဘဝကို ခက်ခဲပင်ပန်းစွာ
ရင်ဆိုင်ဖြေရှင်း ရုန်းကန်နေရသူများ

ကျောင်းပညာရေး သင်ယူခွင့် လုံးဝမရသေးသူများ

မူလတန်းပညာရေး ပြီးဆုံးအောင် မသင်ယူလိုက်နိုင်သူများ

ကျောင်းနေချင်သော်လည်း ကျောင်းတက်ချိန်မှာ
အကြောင်းကြောင်းကြောင့် ကျောင်းမတက် နိုင်သူများ

♻ ကြီးကြပ်သူများကဘယ်အလိုအချိန်တွေကိုရွေးခြယ်ကြလဲ

ကလေးများလာဖို့ အဆင်အပြေဆုံးအချိန်
ကလေးများလာဖို့ အဆင်အပြေဆုံးနေရာ

ယခုကာလအချိန်မှာတော့...ထိုကျောင်းပြင်ပ ပညာရေးစနစ်ကိုအကောင်ထည်ဖော်နေတာကတော့ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းကအကောင်ထည်ဖော်နေပါတယ်။ကျန်နေရာများကိုမသိရသေးပါ။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍1
#ကျောင်းကောင်စီဖွဲ့စည်းခြင်းနှင့်ကတိသစ္စာခံယူပွဲ

မင်္ဂလာပါဆရာကြီး ဆရာမကြီးတို့ရေ

ကျောင်းကောင်စီဖွဲ့စည်းခြင်း နဲ့ ကတိသစ္စခံယူပွဲကျင်းပပုံ
အဆင့်ဆင့်ကို မှတ်တမ်းပုံစံထားရှိခြင်းကို ဖော်ပြပေးလိုက်ပါတယ်.....
သည်၏ မရွေးဖော်ပြခြင်းမဟုတ်ပါ
မိမိကျောင်း အတွက်ထပ်မံဖော်ပြချင်ပါက ယခုပုံစံလေးအတိုင်း
ချဲ့ထွင့်လို့ရပါတယ်.....

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်သည့်အချိန် Online မှ ကြည့်ရှုလိုသူများ ယခု Application အား Play Store မှ Downloads ရယူပြီး သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်...

Application Download ဆွဲရန်
Link👇

https://play.google.com/store/apps/details?id=com.ottsolution.examresult
👍1
အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများ၊ဝန်ထမ်းများအနေဖြင့်အခြေခံပညာကျောင်းပရဝုဏ်များအတွင်း၊စာသင်ခန်းများအတွင်းကျောင်းသား၊ကျောင်းသူများအား Ignominy ဖြစ်စေသည့် TikTok video များရိုက်ကူးခြင်းမျှဝေခြင်း၊ဌာနအပေါ်အများပြည်သူအထင်အမြင်လွဲမှားအကြည်ညိုပျက်စေသည့်
TikTok video များရိုက်ကူးခြင်းမျှဝေခြင်း၊လူမှုကွန်ယက်စာမျက်နာ Facebook, Telegram စသည်တို့တွင်မျှဝေခြင်းများကို လုံးဝမပြုလုပ်ကြပါရန်နှင့်

အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများ
ပညာရေးဝန်ထမ်းများအနေဖြင့်
အခြေခံပညာကျောင်းပရဝုဏ်များအတွင်း၊စာသင်ခန်းများအတွင်းကျောင်းသား၊ကျောင်းသူများအား Ignominy ဖြစ်စေသည့် TikTok video များရိုက်ကူးခြင်းမျှဝေခြင်း၊ဌာနအပေါ်အများပြည်သူအထင်အမြင်လွဲမှားအကြည်ညိုပျက်စေသည့်
TikTok video များရိုက်ကူးခြင်းမျှဝေခြင်း၊လူမှုကွန်ယက်စာမျက်နာ Facebook, Telegram စသည်တို့တွင်မျှဝေခြင်းများပြုလုပ်ကြောင်း စီစစ်တွေ့ရှိပါက
ပြုလုပ်သူများနှင့်သက်ဆိုင်ရာဌာနအကြီးအကဲအဆင့်ဆင့်အား နိုင်ငံ့ဝန်ထမ်းဥပဒေ၊နည်းဥပဒေများနှင့်အညီစုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားချက်များထုတ်ပြန်ထားရှိသည်ကိုအသိပေးဖော်ပြအပ်ပါသည်။
မူလတန်း လွန် ကျောင်းများတွင်..
Kg+G8 အထိရှိရပါမည်။
ယခင်စာသင်နှစ်တွင် မူလတန်းအဆင့်ပြီးမြောက်သူများ၏
TCကို မိမိတို့မူလွန်ကျောင်းများနှင့်တွဲထားသော ထ(ခွဲ)၊အထကကျောင်းများသို့
ပေးပို့ရပါတယ်.....

ယခုစာသင်နှစ်မှစ၍ မူလွန်ကျောင်းများသည် အလယ်တန်းဆင့်ပြီးမြောက်မှသာ အလယ်တန်းဆင့်ပြီးမြောက်သောကျောင်းသားကျောင်းသူများကို
၎င်းတို့တက်ရောက်မည့်အထက်တန်းကျောင်းများကိုTCထုတ်ပေးရပါတော့မည်။

(copyယူ၍တင်သောဆရာကြီးဆရာမကြီးများ ၊ အခြားပညာရေးPageများသည် crdပေး၍သာတင်ပေးကြပါရန်လေးစားစွာအသိပေးအပ်ပါသည်ခင်ဗျာ။ ပညာရေးအကြောင်းကိုမည်သူမဆိုလွတ်လပ်စွာတင်လို့ရပါသော်လည်း crdလေးတော့ပေးစေချင်ပါတယ်။)
မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍1
🌹 #Ethic 🌹
( စည်း - ကျင့်ဝတ် )
📚📚📚📚📚📚📚

အရမ်း ခင်နေရာကနေ
မခင်ကြတော့ဘူး
မုန်းသွားမယ်ဆိုတောင်
ခင်မင်ကြတုန်းက ပြောခဲ့တဲ့
လှို့ဝှက်ချက်တွေ
အတွင်းစကားတွေကို
အတင်းမပြောတဲ့ စည်း။

တစ်ယောက်နဲ့တစ်ယောက်
ရန်ဖြစ်ရင် မဆိုင်တဲ့
Personalတွေ
သူတပါးရဲ့အားနည်းချက်တွေကို
မပြောသင့်တဲ့ စည်း။

ကိုယ့်ကိုယုံကြည်လို့
ပြောခဲ့တဲ့စကားတွေကို
မျက်နှာလို မျက်နှာရ လိုချင်ဇောနဲ့
သွား သတင်းမပေးသင့်တဲ့ စည်း။

စည်းမရှိတော့ ဘာဖြစ်လဲ?
ဟုတ်ကဲ့။
ဘာမှတော့ မဖြစ်ပါ။
ကိုယ့်တန်ဖိုး ကို
မိမိကိုယ်တိုင်ရွေးချယ်ခြင်းပေါ့။

Ethic ကို
လူ့ကျင့်၀တ်၊ ကိုယ်ကျင့်သိက္ခာ၊
ကျင့်၀တ်တရား၊ ကိုယ်ကျင့်တရားလို့
အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။

လူ့အသိုင်းအဝိုင်းကြီးထဲမှာ
Ethic ဆိုတဲ့ လူ့ကျင့်၀တ်က
အရမ်းကို အရေးကြီးပါတယ်။
အချင်းချင်းလေးစားမှုတွေ၊
စည်းကမ်းတွေ၊
လူသားချင်း စာနာမှု နဲ့
နားလည်မှုတွေ
အများကြီးပါ၀င်ပါတယ်။

Public Area တွေမှာ
စကားကို အကျယ်ကြီး
မပြောတာမျိုး၊
သီချင်းသံ အကျယ်ကြီး
မဖွင့်တာမျိုး။

၀င်ပေါက်နေရာမှာ
ပိတ်ရပ်တတ်တာမျိုး ။

တခြားသူတွေ
စကားပြောနေတဲ့အချိန်မှာ
ကြားဖြတ်ပြီး ဝင်ပြောတတ်တာမျိုး။

ငွေကြေးအခက်အခဲရှိနေတဲ့
သူငယ်ချင်းတစ်ယောက်ရှေ့မှာ
ကိုယ်သုံးနေတဲ့
တန်ဖိုးကြီး Brandတွေ အကြောင်း
မပြောတာမျိုး။

မိသားစု ဖြစ်နေစေကာမူ
သူများအခန်းထဲ
၀င်တော့မယ်ဆို ကြိုအသိပေး
တံခါးခေါက်တာမျိုး။

အမှိုက်ကို အမှိုက်ပုံးထဲ
သေချာစွန့်ပစ်လိုက်တာမျိုး။

Privacy ကို
ထိခိုက်စေနိုင်တဲ့မေးခွန်းတွေ
#ဥပမာ_ကလေးမယူကြသေးဘူးလားလစာက_ဘယ်လောက်ရလဲ၊
#နင်တို့သမီးရည်းနှစ်ယောက်_လက်မထပ်ကြသေးဘူးလား
စတဲ့မေးခွန်းတွေ မမေးတာမျိုး။

သူတစ်ပါးရဲ့ ဖြစ်တည်မှုကို
မရှုံ့ချတာမျိုး။
#ဥပမာ_ဟယ်နင်၀လာလိုက်တာ_နင်အသားတွေမဲသွားတယ်နော်၊
#အမလေး_နင့်မျက်နှာကြီးကလဲအဖုတွေနဲ့နော်_SkinCareမလုပ်ဘူးလားစ
စတဲ့ အသေးမွှားမွှား
ကိစ္စလေးတွေကအစ
ကြီးကြီးမားမားကိစ္စတွေအဆုံး
သိတတ်နားလည်ခြင်းကို
Ethic ရှိတယ်လို့ခေါ်ပါတယ်။

Ethic ရှိတယ်ဆိုတာ
IQ ဘယ်လောက်ကောင်းတယ်၊
စာဘယ်လောက်တော်တယ်၊
ငွေ ဘယ်လောက် ရှာနိုင်တယ်
ဆိုတာနဲ့ မဆိုင်ပါဘူး။

ဘယ်လောက်တော်တော်
ဘယ်လောက်ကောင်းကောင်း
Ethic မရှိတဲ့သူက မရှိတာပါပဲ။

သင့်မှာ ရှိတဲ့ Ethic နဲ့ စည်းဟာ
သင့် အဆင့်အတန်း
သင့်ရဲ့တန်ဖိုးပါပဲ ။
👍2
This media is not supported in your browser
VIEW IN TELEGRAM
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်။
👍1