Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ဒီ ပုံပြ အဘိဓာန်ကတော့
A-Z အစဉ်အတိုင်းထားပေးထားတာမို့
မသိတာကို အဘိဓာန်ကြည့်သလို ကြည့်နိုင်တာမို့ ကိုယ်တိုင်ရှာချင်တဲ့ကလေးတွေအတွက် အဆင်ပြေပါတယ်။
👍1
အဘိဓာန်တွေက အင်္ဂလိပ်စာ တွေအတွက်ချည်း ဖြစ်နေတော့ ဒီတခါ သင်္ချာအဘိဓာန်လေး ရှာတွေ့ထားလို့ ဝေမျှပါရစေ။
G-10/11/12 ရောက်ရင် သင်္ချာက အင်္ဂလိပ်လိုတွေဖြစ်တော့ အင်္ဂလိပ်စာလုံးနားမလည်တာရယ် သင်္ချာ concept နားမလည်တာရယ်နဲ့ စိတ်ညစ်တတ်ကြပါတယ်။

ဒါကြောင့် ရိုးရိုး အဘိဓာန်ထက်
သင်္ချာမှာသုံးတဲ့ စကားလုံးတွေချည်း သီးသန့် အဘိဓာန်လေးကို ကြည့်တာက ပိုထိရောက်ပါတယ်ရှင်။

ကလေးတွေကို သင်္ချာသင်တဲ့ မိဘတွေ ဆရာတွေအတွက်လည်း အကျိုးရှိမယ့် စာအုပ်လေးပါ။
1
Raymond Murphy ရဲ့စာအုပ်တွေက self-study လုပ်ဖို့အဆင်ပြေတာမို့ တက္ကသိုလ်ကျောင်းသားတွေ အသုံးများပါတယ်။

elementary,
intermediate,
advanced ဆိုပြီးရှိပါတယ်။

ကလေးတွေအတွက်ရည်ရွယ်တာမို့ elementary အဆင့်လေး ရှာထားပေးပါတယ်။
Longman ကထုတ်တဲ့ ပုံပြ အဘိဓာန်လေးပါ။
Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
Hello! Oxford Phonics World စာအုပ် ငါးစုံလုံး ရလာခဲ့လို့ ချက်ချင်းလာပို့တာပါ။ 📦🚚🚐🤍🤍 ဖြည်းဖြည်းချင်း အချိန်ယူပြီး ဒေါင်းပါ။ လိုအပ်သူတွေကိုလည်း ဝေမျှပေးရင်း ပညာပါရမီဖြည့်ကြရအောင်ပါ။ 🙏Phonics တွေသင်မယ်ဆိုရင် အသံထွက်က အရေးကြီးတာမို့ YouTube ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။…
KG+Preအတွက်
Phonics စာအုပ်လေးတွေ ရှာပေးဖို့ အကြံပြုလာတဲ့အတွက် ရှိထားတဲ့ စာအုပ်လေး တစ်အုပ်ကို ဝေမျှပါရစေ။

အသက် လေးနှစ် မူကြို မှ ကိုးနှစ်အတွင်း သင်ကြားပေးနိုင်ပါတယ်။ KG - Grade2 အထိလို့ သတ်မှတ်ထားပြီး စာအုပ်ထဲမှာတင် Levelတွေ ခွဲပေးထားပါတယ်။
Phonics_vowels_Video_1_&_2_For_KG
အားကစားကွင်းဆိုင်ရာသိမှတ်ဖွယ်ရာများ။
______
#ဘောလုံးကွင်း
__
(၁)ဂိုးတိုင်အမြင့် =၈ပေ
(၂)ဂိုးတိုင်အကျယ် =၂၄ပေ
(၃)ကွင်းအလျား =ကိုက်၁၁၀(၃၃၀ပေ) မှ၁၂၀(၃၆၀ပေ)
(၄)ကွင်းအနံ =ကိုက်၇၅(၂၂၅ပေ) မှ၈၀(၂၄၀ပေ)
(၅)ဂိုးဧရိယာ =၆ကိုက်(၁၈ပေ)
(၆)ပင်နယ်တီဧရိယာ =၁၈ကိုက်(၅၄ပေ)
(၇)ပင်နယ်တီအမှတ် = ဂိုးတိုင်မှ ၁၂ကိုက်(၃၆ပေ)
(၈)ဘီးဂုတ်စက်ဝိုင်းအချင်း=၁၀ကိုက်(၃၀ပေ)
(၉)ကွင်းလယ်စက်ဝိုင်းအချင်း=၂၀ကိုက်(၆၀ပေ)
(၁၀)ကွင်းဘေးအလံတိုင်အမြင့်=၅ပေ
(၁၁)ဘောလုံးအလေးချိန် =၁၄မှ၁၆အောင်စ့

#ဘော်လီဘောကွင်း
_____
(၁)အလျား =၁၈မီတာ(၅၉ပေ)
(၂)အနံ =၉မီတာ(၂၉.၅ပေ)
(၃)ပိုက်အမြင့်=၂.၄၁မီတာ(၇.၉ပေ)

#ပိုက်ကျော်ခြင်းကွင်း
___
(၁)အလျား =၁၃.၄မီတာ(၄၃.၉၆ပေ)
(၂)အနံ =၆မီတာ(၁၉.၇ပေ)
(၃)ပိုက်အမြင့် =၁.၅၅မီတာ(၅.၀၈ပေ)
(၄)ပိုက်အလျား =၆.၁၁မီတာ(၂၀ပေ)
(၅)ပိုက်အနံ =၀.၇မီတာ(၂.၂၉ပေ)
(၆)ကွင်းလယ်ပိုက်အမြင့်=၁.၅၂မီတာ(၄.၉၈ပေ)

#ဘတ်စကက်ဘောကွင်း
_____
(၁)အလျား =၂၈မီတာ(၉၁.၈၆ပေ)
(၂)အနံ =၁၅မီတာ(၄၉.၂ပေ)
(၃)ဂိုးတိုင်အမြင့်=၆.၂၅မီတာ(၂၀.၅ပေ)
(၄)ဂိုးအကျယ် =၆မီတာ(၁၉.၇ပေ)

#တင်းနစ်ကစားကွင်း
______
(၁)အလျား =၇၈ပေ
(၂)အနံ =၂၇ပေ
(၃)ပိုက်အမြင့်=၃.၅ပေ

#ကြက်တောင်ကွင်း
_____
(၁)အလျား =၃၉ပေ
(၂)အနံ =၂၀ပေ
(၃)ပိုက်ကပ်စည်းများ=၆.၅ပေ
(၄)တိုင်အမြင့် =၅ပေ၂လက္မ
👍3
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်ကာလတွင်

#(၁)၃နှစ်အထိကင်းကွာနေသောကျောင်းသားကျောင်းသူများသည် လာရောက်ကျောင်းအပ်နှံပါက
ထိုကျောင်းသားများပညာသင်ယူခွင့်ဆက်လက်ရရှိစေရေး အတွက် ၎င်းတို့အောင်မြင်ခဲ့သောအတန်းအရ ကျောင်းအပ်လက်ခံဆောင်ရွက်ရန်

1️⃣2021-2022 ပညာသင်နှစ် တွင်အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့်
ကျောင်းဆက်မတတ်နိုင်သူများကို
ရည်ရွယ်ပါသည်။
*2020-2021 မဖွင့်နိုင်ပါ။Covid
1️⃣2021-2022
2️⃣2022-2023
3️⃣2023-2024



(၂)ကင်းကွာ #၃နှစ်အထက်ကျော်ပါကကျောင်းပြင်ပ ပညာရေးအစီစဥ်ဖြင့်ချိတ်ဆက်ပြီး..ပညာသင်ယူခွင့်ကိုဆောင်ရွက်ရန်.......

2019-2020အောင်များ ကိုရည်ရွယ်ပါသည်။အပြင်ဖြေ‌ ကျောင်းသားအဖြစ်နေရပါမည်။ ကျောင်းပြင်ပပညာရေးပါ။


ထိုအချက်နှစ်ချက်ကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများ(အခြေခံပညာကျောင်းများ ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ၊ ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကပညာရေးကျောင်းများ) သိရှိလိုက်နာဆောင်ရွက်ရန်.....

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
⛔️ Scammer Alert !!! ⛔️

၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေဆဲ ကာလဖြစ်ပါသည်။ အောင်စာရင်း ထုတ်ပြန်ရန် အသင့်ဖြစ်ပါက ထုတ်ပြန်မည့် နေ့ရက်နှင့် အစီအစဉ်ကို နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website အပါအဝင် ယခု Facebook Page တို့မှတစ်ဆင့် အများပြည်သူသို့ အချိန်မီ ကြိုတင် အသိပေးကြေညာသွားပါမည်။ အောင်စာရင်းနှင့်ပတ်သက်၍ အခြားအသိပေးကြေညာရန် ကိစ္စရပ်များ ရှိပါကလည်း အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

ယခုအခါတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအပေါ် မိဘပြည်သူများစိတ်ဝင်စားမှုကို အခွင့်ကောင်းယူ၍ မသမာသူများက အောင်စာရင်းနှင့် ပတ်သက်သည့် ကောလဟာလများ၊ သတင်းတုများ ဖန်တီးဖြန့်ချီနေသည့်အပြင် ယခင်နှစ်ဟောင်း အောင်စာရင်းများကို ဓါတ်ပုံပြုပြင်သည့် Application/Software များဖြင့် ပြုပြင်ပြောင်းလဲပြီး အောင်စာရင်း ကြိုတင်သိရမည်ဟုဆိုကာ အခကြေးငွေ လိမ်လည်တောင်းခံမှုများပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် အောင်စာရင်းဆိုင်ရာ လုပ်ငန်းများကို လုံခြုံရေး အထူးကန့်သတ်ထားသည့် လျှို့ဝှက်စခန်းအတွင်း ဆောင်ရွက်လျက်ရှိပြီး ဤဌာနတွင် ဆောင်ရွက်နေသော အောင်စာရင်းများသည် ပေါက်ကြားရန် အခြေအနေ လုံးဝ(လုံးဝ)မရှိပါ။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် အောင်စာရင်းများကို အများပြည်သူသို့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တန်းတူညီမျှစွာ တရားဝင် အသိပေးကြေညာသွားမည်သာဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းအတွက် အဂတိတရားဖြင့် ကြိုတင်ပေါက်ကြားစေမည်မဟုတ်ပါ။

ယခုဖော်ပြပါ Facebook Account နှင့် Page များသည် တက္ကသိုလ်ဝင် စာမေးပွဲကို စိတ်ဝင်စားမှု များပြားသည့်အပေါ် အခွင့်ကောင်းယူ၍ လိမ်လည် လှည့်ဖျားနေသော မသမာသူများ (မသမာသူ လူလိမ်များ) ဖြစ်ပါသည်။ သို့ဖြစ်ရာ ယခု မသမာသူများ လိမ်လည်တင်ပြထားသကဲ့သို့ အောင်စာရင်းများ ပေါက်ကြားနိုင်သည့် အခြေအနေ လုံးဝ မရှိ (မရှိ)ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

မိဘပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ လိမ်ညာနေသူ မသမာသူများ၏ သတင်းအချက် အလက်များရှိပါက ဤ Page Message Box သို့သတင်းပေးပို့ပါရန် ပန်ကြားအပ်ပါသည်။
မိဘပြည်သူအပေါင်း မသမာသူများ၏ လိမ်လည်ခြင်းမှ ကင်းဝေးစေရန် ယခု တင်ပြချက်များအား ထပ်ဆင့် မျှဝေပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/exams.mm?mibextid=ZbWKwL

https://m.facebook.com/story.php?story_fbid=pfbid02pgEu3qLzG3U6ccaHQUqxd5bGAoCyBGxqD7B9sMJaS8q6sMiH5gBMKdMNqcFzHiSXl&id=100064626162112&mibextid=Nif5oz