Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ခိုးယူသွားသည့် ပျူကချေသည် ရုပ် ငါးခုအနက် လေးခုကိုသာရရှိသွားခဲ့ပြီး အငယ်ဆုံးအရုပ် ဖြစ်သည့် သုံးလက်မနီးပါးသာမြင့်သော လူပုရုပ်လေးသည် ပြတင်းပေါင်နှင့် တိုက်မိဟန်တူကာ ကြမ်းပြင်တွင်ကျ ကျန်နေခဲ့သည်ကို တွေ့ရှိခဲ့ကြရပေသည်။ ထိုစဉ်က ပညာရှင် များသာမက ပြည်သူများကပါ ပျူကချေသည်ရုပ်လေး များ ပျောက်ဆုံးသွားရခြင်းအတွက် များစွာနှမြောတသ ဖြစ်ခဲ့ကြရသည်။ သို့သော်လည်း မန္တလေးမြို့မှ ကြေးသွန်း ပညာရှင်တစ်ဦးက ပျောက််ဆုံးသွားခဲ့သော ပျူကချေသည် ရုပ်လေးများ၏ ဓာတ်ပုံကို မြင်လိုက်ရသဖြင့် ပုံစံတူပျူကချေ သည်ရုပ်များကို ကြေးဖြင့်သွန်းလောင်းပြီး ရောင်းချခဲ့ရာ အနုပညာ မြတ်နိုးကြသူများက အမှတ်တရ ဝယ်ယူစုဆောင်း နိုင်ခဲ့ကြသည်။ ပြည်ပမှ လာရောက် ကြသူများသည်လည်း ထိုပုံစံတူ ရုပ်တုလေးများကိုပင် ဝယ်ယူ သယ်ဆောင်သွားခဲ့ ကြပေသည်။ မူလပျူကချေသည် ကြေးရုပ် လေးများသည် ကား နှစ်အတန်ကြာခဲ့သည် အထိ မည်သည့်နေရာ၊ မည်သူ့ ထံတွင်ရောက်ရှိနေခဲ့သည်ကို မသိရှိခဲ့ကြပါချေ။

ပျူနိုင်ငံတော်ကြီးသည် နန်ချောင်တို့တိုက်ခိုက်မှုကြောင့် အေဒီ ၈၃၂ ခုတွင် ပျက်သုဉ်းခဲ့သည်ဟု ယူဆချက်များရှိခဲ့ သဖြင့် အဆိုပါကြေးရုပ်တုများသည် အေဒီ ရ ရာစုနှင့် ၉ ရာစုအတွင်း သွန်းလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဆရာကြီး ဒေါက်တာနိုင်ပန်းလှက သုံးသပ်ခဲ့သည်။ ပျူလူမျိုးများသည် အိန္ဒိယယဉ်ကျေးမှုများကို ရှေးခေတ်အစောပိုင်းကပင် လက်ခံ ခဲ့ကြသဖြင့် ကြေးရုပ်ငယ်များသည် အိန္ဒိယဟန်များလည်း ပါဝင်လျက်ရှိနေပေသည်။ ထိုသို့ ပျူကချေသည်ရုပ်များ သည် အိန္ဒိယဟန်များနှင့် ဆင်နေသည့်အတွက် အိန္ဒိယမှ ရောက်ရှိလာသော အရုပ်များ ဖြစ်နိုင်ကြောင်း ယူဆချက်များ လည်းရှိပေသည်။

ပျူကချေသည်များသည် မြန်မာနိုင်ငံမှ ပျောက်ဆုံးသွား ခဲ့ပြီး ၁၆ နှစ်ခန့်အကြာ ၁၉၈၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သမိုင်းပညာရှင် ဒေါက်တာ နိုင်ပန်းလှသည် ပျောက်ဆုံးနေသော ပျူကချေသည် ရုပ်များအကြောင်းကို ထိုစဉ်က မြန်မာနိုင်ငံတွင် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေခဲ့သော (The Working People’s Daily )သတင်းစာတွင် ဆောင်းပါးများ စဉ်ဆက်မပြတ် ရေးသားကာ ပျူအရုပ်ငယ်များ ပြန်လည်ရရှိရေးကို ကြိုးပမ်းခဲ့ သည်။ ယင်းဆောင်းပါးများကို ဖတ်ရှုမိသော အမျိုးသား ပထဝီဆိုင်ရာ မဂ္ဂဇင်း(National Geographic Magazine) မှ အကြီးတန်း အယ်ဒီတာတစ်ဦးဖြစ်သူ မစ္စတာဘရိုင်ရန် ဟောဒ်ဆန်သည် ၁၉၈၂ ခုနှစ်၊ ဧပြီလတွင် မြန်မာနိုင်ငံသို့ လာရောက်ကာ ပညာရှင်များဖြစ်ကြသော ဒေါက်တာနိုင်ပန်းလှ နှင့် ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)တို့အား သွားရောက် တွေ့ဆုံခဲ့သည်။ မစ္စတာ ဟောဒ်ဆန်ကပျောက်ဆုံးနေသော ပျူကြေးရုပ်များကို မိခင်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ နိုင်ရန် အစွမ်းကုန်ကြိုးပမ်းပေးမည့်အကြောင်း ပြောဆိုခဲ့ သည်။

မစ္စတာဟောဒ်ဆန် ပြန်သွားပြီး တစ်နှစ်ကျော်ခန့်အကြာ ၁၉၈၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့နေ မစ္စတာရောဘတ်အိပ်ချ် အယ်စ်ဝေါ့သ် သည် ပျောက်ဆုံးနေသော မူရင်းပျူကြေးရုပ်လေး လေးရုပ် နှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ မစ္စတာ ရောဘတ်အိပ်ချ်အယ်စ်ဝေါ့သ်သည် ထိုအရုပ်ငယ်လေးရုပ် ကို နိုင်ငံတစ်ခု၏ ရှေးဟောင်းပစ္စည်း အရောင်းဆိုင်တစ်ခုမှ ဒေါ်လာ ၅ သိန်းဖြင့် ဝယ်ယူ သိမ်းဆည်းထားခဲ့ခြင်းဖြစ်ပြီး ယင်းအရုပ်များကို ခိုးရာပါပစ္စည်းများမှန်းမသိခဲ့သဖြင့် ဝယ်ယူ ထားခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုပေသည်။

မစ္စတာ ရောဘတ်အိပ်ချ်အယ်စ်ဝေါ့သ်သည် ဆရာကြီး နိုင်ပန်းလှ၏ဆောင်းပါးများကို ဖတ်ရှုအပြီးတွင် ဆောင်းပါး တွင် ရေးသားဖော်ပြထားသည့် ပျောက်ဆုံးနေသည့် အရုပ် များသည် မိမိလက်ဝယ်တွင်ရှိသော အရုပ်များနှင့်တူညီနေ သဖြင့် ဘော့စတွန်ပြတိုက်မှ အာရှအနုပညာကျွမ်းကျင် ပညာရှင်ဒေါက်တာဂျန်ဖွန်တိန်ကို ပြသခဲ့သည်။ ဒေါက်တာ ဖွန်တိန်က ကြေးရုပ်များကို အသေအချာစစ်ဆေးပြီး မစ္စတာ ရောဘတ်အိပ်ချ်အယ်စ်ဝေါ့သ်ထံတွင်ရှိနေသည့် အရုပ်များ သည် မြန်မာနိုင်ငံမှ ပျောက်ဆုံးနေသည့် ပစ္စည်းများ အစစ် အမှန်ဖြစ်ကြောင်း ဆုံးဖြတ်ပေးခဲ့သည်။ ထိုစဉ်က အမေ ရိကန်နိုင်ငံသမ္မတကတော် နန်စီရီဂင်ကလည်း မစ္စတာ ရောဘတ်အိပ်ချ်အယ်စ်ဝေါ့သ်ကို ခေါ်ယူတွေ့ဆုံကာ မြန်မာနိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သည့် ပျူကချေသည် ရုပ်များအား မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ခြင်းဖြင့် မြန်မာနိုင်ငံပြည်သူများနှင့်တကွ ကမ္ဘာတစ်ဝန်းမှ စေတနာ ရှင်များ၏ ချီးမွမ်းထောမနာပြုမှုကို ရရှိမည်ဖြစ်ကြောင်း အကြံပြုတိုက်တွန်းခဲ့သည်။ သမ္မတကတော် နန်စီရီဂင်က မြန်မာနိုင်ငံနှင့် အမေရိကန်နှစ်နိုင်ငံအကြား တည်ရှိနေ သော ခင်မင်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေမည်ဖြစ်ကြောင်း ကိုလည်း ပြောဆိုခဲ့သည်။

မြန်မာတို့၏ ရှေးဟောင်းတန်ဖိုး၊ ယဉ်ကျေးမှု တန်ဖိုး၊ အနုပညာတန်ဖိုးမဖြတ်နိုင်သည့် ပျူခေတ်လက်ရာ ကချေ သည် အရုပ်များသည် အခိုးယူခံအရုပ်များဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် အမေရိကန်လူမျိုး သန်းြ<ွကယ်သူဌေး မစ္စတာရောဘတ်အိပ်ချ်အယ်စ်ဝေါ့သ်သည် မိမိဝယ်ယူ ကုန်ကျထားခဲ့သော များပြားလှသည့်ငွေကြေးကို မငဲ့ကွက် ဘဲ မူလပိုင်ရှင် မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပေသည်။ မစ္စတာရောဘတ်အိပ်ချ်အယ်စ်ဝေါ့သ် ၏
နှိုင်းဖွယ်မရှိသော စေတနာကြောင့် ပျူကချေသည် ရုပ်များကို မြန်မာနိုင်ငံက ပြန်လည်ရရှိခဲ့ခြင်းဖြစ်ရာ မစ္စတာ ရောဘတ် အိပ်ချ်အယ်စ်ဝေါ့သ်၏ ကျေးဇူးအား မြန်မာ ပြည်သူများက မေ့နိုင်မည် မဟုတ်ပါချေ။

မစ္စတာရောဘတ်အိပ်ချ်အယ်စ်ဝေါ့သ်သည် ယင်းပျူ ကချေသည်ရုပ်လေးရုပ်အား ထိုစဉ်က ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဥဂ္ဂါထံသို့ ၁၉၈၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် တရားဝင် လွှဲပြောင်းပေးခဲ့သည်။ ယင်းအခမ်းအနားတွင် မစ္စတာရောဘတ်အိပ်ချ်အယ်စ်ဝေါ့သ်က ကွဲကွာနေသော ပျူကချေသည် လေးဦးနှင့် လူပုရုပ်လေးတို့ ပြန်လည် ပေါင်းစည်းခွင့်ရသည်ကို မြင်တွေ့ရသဖြင့် များစွာပျော်ရွှင် မိပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ပျူမြို့ဟောင်း တူးဖော်မှုများတွင် မည်သည့်နေရာတွင်မှ ဤကဲ့သို့ကချေသည်ရုပ်များကို တူးဖော်ရရှိခဲ့ခြင်း မရှိသေးပါချေ။ ထို့အတူ အခြားနိုင်ငံ တစ်ခုခုတွင်လည်း အလားတူ ပျူကချေသည်ရုပ်များ တူးဖော်ရရှိခဲ့ခြင်းများ မရှိသေးပါချေ။ အလွန်ရှေးကျပြီး ပျူလူမျိုးတို့၏ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်ပုံ၊ အသုံးပြုခဲ့ သည့် တူရိယာပစ္စည်းများကို တိကျစွာ ဖော်ညွှန်းပြသနေ သည့် လက်ရာမြောက်လှသည့် ကချေသည်ရုပ်လေးများ သည် လေးရုပ်နှင့်တစ်ရုပ် ကာလရှည်ကြာစွာ ကွဲကွာ နေခဲ့ကြရာမှ ဆရာကြီး ဒေါက်တာနိုင်ပန်းလှ၏ ဦးဆောင် ကြိုးပမ်းမှုနှင့် မြန်မာ၊ အမေရိကန်နှစ်နိုင်ငံ ပြည်သူများ ၏ ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် ပြန်လည် ပေါင်းဆုံနိုင်ခဲ့ကြသည်ကို မြန်မာပြည်သူတို့ ယနေ့တိုင် အမှတ်ရနေဆဲ ဖြစ်ပါတော့သည်။

မောင်သာ(ရှေးဟောင်းသုတေသန)

🔸🔹🔸🔹🔸🔹🔸

Grade 9 English (သင်ရိုးသစ်) Unit 11, Lesson 1 မှာ ပျူကြေးရုပ်လေးတွေအကြောင်း ပါတဲ့အတွက် ဖြည့်စွက်သိရအောင် မျှဝေပေးလိုက်ပါတယ်။
Hello! Oxford Phonics World စာအုပ် ငါးစုံလုံး ရလာခဲ့လို့ ချက်ချင်းလာပို့တာပါ။ 📦🚚🚐🤍🤍

ဖြည်းဖြည်းချင်း အချိန်ယူပြီး ဒေါင်းပါ။
✨ လိုအပ်သူတွေကိုလည်း ဝေမျှပေးရင်း ပညာပါရမီဖြည့်ကြရအောင်ပါ။

🙏Phonics တွေသင်မယ်ဆိုရင် အသံထွက်က အရေးကြီးတာမို့ YouTube ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။ Phonics Songs လေးတွေနဲ့ အရင် ရင်းနှီးစေပြီးမှ သင်ပေးဖို့ အကြံပြုပါရစေ။🙏

Grade-1 မှ Grade-5 အတန်းအထိ တစ်တန်းကို Level တစ်ခုစီသာဖြည့်စွက်သင်ကြားခဲ့ရင်ဖြင့်
ကလေးတွေရဲ့ Phonetic ပိုမို တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။

📚Level အလိုက် Phonics Songs တွေကိုအောက်က YT link မှာကြည့်ရင်း တွဲသင်နိုင်ပါပြီ။

📹🎤Level-1️⃣
https://youtube.com/playlist?list=PLX5vsbz2GyryOv8kLGfAdYgC5O3Ie_KlF&si=ghbCZpJ3_V_FXXie

,📹🎤Level-2️⃣
https://youtube.com/playlist?list=PLX5vsbz2Gyrxg6kARC5Emv1q6La7rGVEH&si=zp-NT5CnbesdmRrh

📹🎤Level-3️⃣
https://youtube.com/playlist?list=PLX5vsbz2Gyrxcg_VCTlgUOUnBR0YbxnaS&si=xipjGpMSLwYZmy0b

📹🎤Level-4️⃣
https://youtube.com/playlist?list=PLX5vsbz2Gyrx-G74x2xit0R3CNCMOdb54&si=m4UigtbhUgZdbvsA

📹🎤Level-5️⃣
https://youtube.com/playlist?list=PLX5vsbz2GyrwMLOw4OJXCCoDs0erAuI4l&si=ytlHHXcsiMloRked

https://t.me/EducationalChannelMM

https://youtube.com/@educationchannel2019

အလျဉ်းသင့်ချိန်မှာ Sight Words lvl 1+2, Oxford Maths,Science books များ တင်ပေးပါမည်။
❤4👍2
ဒီ ပုံပြ အဘိဓာန်ကတော့
A-Z အစဉ်အတိုင်းထားပေးထားတာမို့
မသိတာကို အဘိဓာန်ကြည့်သလို ကြည့်နိုင်တာမို့ ကိုယ်တိုင်ရှာချင်တဲ့ကလေးတွေအတွက် အဆင်ပြေပါတယ်။
👍1
အဘိဓာန်တွေက အင်္ဂလိပ်စာ တွေအတွက်ချည်း ဖြစ်နေတော့ ဒီတခါ သင်္ချာအဘိဓာန်လေး ရှာတွေ့ထားလို့ ဝေမျှပါရစေ။
G-10/11/12 ရောက်ရင် သင်္ချာက အင်္ဂလိပ်လိုတွေဖြစ်တော့ အင်္ဂလိပ်စာလုံးနားမလည်တာရယ် သင်္ချာ concept နားမလည်တာရယ်နဲ့ စိတ်ညစ်တတ်ကြပါတယ်။

ဒါကြောင့် ရိုးရိုး အဘိဓာန်ထက်
သင်္ချာမှာသုံးတဲ့ စကားလုံးတွေချည်း သီးသန့် အဘိဓာန်လေးကို ကြည့်တာက ပိုထိရောက်ပါတယ်ရှင်။

ကလေးတွေကို သင်္ချာသင်တဲ့ မိဘတွေ ဆရာတွေအတွက်လည်း အကျိုးရှိမယ့် စာအုပ်လေးပါ။
❤1