Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
2024 တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်မေးခဲ့သော Essay ခေါင်းစဥ်များ

(1) Self-discipline is one of the keys for success
(2) Benefits and drawbacks of making new friends online
(3) Necessity is the mother of invention

(4) Pros and cons of globalisation in 21st centhury
(5) The cause and effect of social media addicition among youth
(6) Some seasonal festivals in myanmar

(7) The benefits of reading books
(8) Pros and cons of online education
(9) Bad habit students should avoid

(10) My views on the benefits of learning a foreign language
(11) Effects of stree on physical and mental health
(12) The importance of protecting the environment

(13) Advantage and disadvantage of using mobile phones at school
(14) Practive makes perfect
(15) To save our planet Earth is everyone's ocencern

(16) The importance of having a positive attitude to life
(17) The pros and cons of learning a foreign language
(18) Nutrients that are essential for our body

(19) Why everyone should love reading
(20) How to keep our enviroment safe and clean
(21) Making good use of time.
❤1
စနစ်သစ်ပညာရေး အထက်တန်းဆင့်
( Grade-10 ၊ Grade- 11 နှင့် Grade- 12)
စာသင်ချိန် ခွဲဝေမှု အချိန်ဇယား
Grade-12 ဇွန်လအတွက် လပိုင်းမာတိကာ
၂၀၂၄-၂၀၂၅ပညာသင်နှစ်မှာ မဖြစ်စေလို
‌ေသာအရာ ၃မျိုး။

1️⃣အလယ်ကလူ စကားဝဲ၏ မဖြစ်စေလိုပါ။

2️⃣မန်ယူ(ငေါက်ငမ်းကြိမ်းမောင်းပြီး၊ခြောက်ပြီးမှ ငွေကို အဆမတန်တောင်းယူသူ)
မဖြစ်စေလိုပါ။

3️⃣လေဒီဂါဂါလဲ(အထက်လူကြီးများကို အပေါက်ပိတ်အောင် အမြဲဂါတတ်သူ)
မဖြစ်စေလိုပါ။
Admin https://t.me/EducationalChannelMM


#အလယ်ကလူ

အောက်ခြေဝန်ထမ်းတွေ
လစာ‌ လောက်/မလောက်ကို
စိတ်မဝင်စားတဲ့ ဌာနက လူတစ်ချို့ ရှိတယ်

အဲ့လူတွေက ကြားပေါက်ရနေတဲ့
အထက်နဲ့အောက် ကြားက ကြားဝန်ထမ်းတွေပဲ...

သူတို့က စားနိုင်တယ်။ သောက်နိုင်တယ်။ ဒါကြောင့် ရာထူး အခွင့် ဘယ်လောက်ရှိရှိ။ ကိုယ့်ဝန်ထမ်းတွေအတွက် လစာတိုးဖို့ကို ဘယ်တော့မှ ရပ်တည်တင်ပြကြမှာ မဟုတ်ဘူး။

ဦးရဲ
ပညာရေး

#ဦးရဲ_ပညာရေး
#အလယ်ကလူ
👍2❤1
မန်ယူတွေ
လေဒီဂါဂါတွေ
သင့်ဝန်းကျင်မှာ အဆမတန်များနေရင်
အမြဲတမ်းစိတ်ချမ်းသာအောင်
နေထိုင်ရမည့်ပုံစံ
👇👇👇👇👇👇
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်တိုက်ဖျက်လက်ချင်းဆက်

လူတို့ဖန်တီးကြသည့် လူမှုစီးပွား မလုံခြုံမှုပြဿနာ များစွာ ဘေးအန္တရာယ်များစွာ ရှိသည့်အနက် မူးယစ်ဆေးဝါးပြဿနာသည် အကြီးမားဆုံးစိန်ခေါ်မှု တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အစီအစဉ်များကို အနု၊ အကြမ်းအသွင်သဏ္ဌာန်မျိုးစုံ၊ ကာကွယ်ရေးနည်းလမ်းမျိုးစုံ အသုံးပြု တိုက်ထုတ်နေကြသည့်တိုင် မူးယစ်ဆေးဝါး ပြဿနာများက ယနေ့တိုင် ခေါင်းထောင်မင်းမူနေဆဲဖြစ်သည်။ ထိုကဲ့သို့ ဆိုးရွားရက်စက်လှသည့် မူးယစ်ဆေးဝါးနွံအတွင်း အနာဂတ် ပန်းကလေးများ မရောက်ရှိစေရေး၊ လူငယ်လေးများ မူးယစ်သားကောင်ဘဝ မရောက်စေရေးမှာ ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သည်။ လူငယ်သည် လူသားအရင်းအမြစ်၏ အဓိကမဏ္ဍိုင်တစ်ခုဖြစ်ပြီး နိုင်ငံ့အနာဂတ်နှင့် လူငယ်တို့၏ အခန်းကဏ္ဍသည် တွဲစပ်လျက်ရှိသည်။

လူငယ်များသည် ရိုးသားပွင့်လင်းပြီး တက်ကြွနိုးကြားသူများ ဖြစ်ကြသည်။ ရိုးသားမှုအစွန်းရောက်ပါက သူတစ်ပါး၏ အမြတ်ထုတ်ခြင်းခံရနိုင်သည်။

ထို့အတူ ပွင့်လင်းရဲတင်းမှု အဆင့်ကျော်လာပါက ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံများ ကွယ်ပျောက်သွားနိုင်သည်။ ယနေ့ခေတ်တွင် လူငယ်များ လမ်းမှားမရောက်ရှိရေးက အရေးကြီးလှသည်။ အလားတူပင် လူငယ်များ၏ ပညာရည်မြင့်မားရေး၊ ကျန်းမာကြံ့ခိုင်ရေး၊အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် အတွေးအခေါ်ကောင်းများ ပိုင်ဆိုင်ရေးကို မိဘအုပ်ထိန်းသူ၊ ပတ်ဝန်းကျင်မှ ပံ့ပိုးဖော်ဆောင်ပေးကြရမည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် သာမန်အသိစိတ်၊ ကိုယ်နှင့်မဆိုင် ဘေးထိုင်နေရုံမျှမရနိုင်ဘဲ ပြည်သူလူထုတစ်ရပ်လုံးက ဘက်ပေါင်းစုံရှုထောင့် ပေါင်းစုံမှအတူတကွ ပါဝင်တိုက်ဖျက်ပေးမှသာ အမြစ်ဖြုတ် ချေမှုန်းနိုင်မည်ဖြစ်သည်။

ပညာရှိပင် သတိလွတ်ပြီး မှားတတ်သည့်ခေတ်တွင် လူငယ်လူရွယ်များ မူးယစ်ဆေးဝါးကို လက်တည့်စမ်း မသုံးစွဲမိစေရန် လိုအပ်သည်။ မိမိတို့ရရှိထားသော ဘဝကိုတန်ဖိုးထားပြီး မိဘနှင့်အတူ အေးအတူ ပူအမျှ နေထိုင်သွားကြရမည်။ မိဘစကား အလေးထားရန် လိုအပ်သည်။ မိဘဟူသည် သားသမီးများ၏ လက်ဦးဆရာများဖြစ်ကြပြီး အမှားအမှန်ကို နည်းမှန်လမ်းပြ တည့်မတ်ပေးရသူများဖြစ်သည်။

အပြစ်ပေးဆူပူ ကြိမ်းမောင်းခြင်းထက် ကောင်းမွန်သော နည်းလမ်းကို ရွေးချယ် စဉ်းစားသင့်ပြီး သားသမီးများ၏ လိုအပ်ချက်ကို လမ်းညွှန်ပြသခြင်း၊ အပေါင်းအသင်း အခြေအနေ၊ ငွေကြေးသုံးစွဲမှု၊ အသွားအလာ၊ အနေအထိုင်တို့ကို နှံ့စပ်သေချာစူးစမ်း လေ့လာထားခြင်းက မူးယစ်အန္တရာယ် ကာကွယ်ပေးရေးအတွက် တစ်ထောင့်တစ်နေရာမှ အကူအညီပေးနိုင်မည် ဖြစ်သည်။ မိဘနှင့်သားသမီးများ အကြား နည်းလမ်းမှန်ကန်သော ဆုံးမပဲ့ပြင်မှုမှာ အမြဲတစေလိုအပ်နေပြီး မိဘ၏ဖေးမကူညီစောင့်ရှောက်မှုများ ရရှိနေပါက လူငယ်များအားလုံး မူးယစ်ဆေးဝါး အန္တရာယ်နှင့် အဝေးဆုံးခရီးသို့ ချီတက်ရောက်ရှိ နေမည်ဖြစ်သည်။

“ဦးစွာနားထောင်ပါ”ဆိုသည့် စကားရပ်သည် သာမန်ထက် လေးနက်မှုများစွာ ပါဝင်ပြီး ကမ္ဘာ တစ်ဝန်းလုံးတွင် မူးယစ်ဆေးကြောင့် ဖြစ်ပွားနေကြရသည့် အခြေအနေဆိုးများကို သိရှိရန် မီးမောင်း ထိုးပြနေခြင်းလည်း ဖြစ်သည်။ လူငယ်များသည် တစ်ဦးနှင့် တစ်ဦး ကွန်ရက်သဖွယ် ချိတ်ဆက် ပေါင်းသင်းနေကြလေ့ရှိသည်။ ဆွေမျိုးထက် အပေါင်းအသင်း သူငယ်ချင်းကို ပိုမိုခင်တွယ်ကြပြီး အပေါင်းအသင်း၏ စကားကိုမိဘစကားထက် ပိုမိုနားယောင်တတ်ကြသည်။ ယနေ့ခေတ် အမှားဘက်တွင် ကျော်ကြားနှံ့စပ်လွန်းသည့် အပေါင်းအသင်း လူငယ်များစွာရှိနေကြသည်။ ထိုသူများနှင့် ပေါင်းသင်းမိပါက လူကောင်းပင် လူဆိုးဖြစ်တတ်သဖြင့် အပေါင်းအသင်း ရွေးချယ်ပေါင်းသင်းရန် လိုအပ်သည်။

မိတ်ဆွေ၊ သူငယ်ချင်းကို အားနာခြင်း၊ လူပျော့လူညံ့အဖြစ် အထင်မခံလိုခြင်း၊ မြှောက်ပင့်စကား ကိုယုံလွယ်ခြင်း အစရှိသော စိတ်ခံစားချက်များစွာက မူးယစ်ဆေးဝါးကို စတင်စမ်းသပ် သုံးစွဲမိကြစေသည်။

တဒင်္ဂဖြစ်ပေါ်လာသော စိတ်ခံစားချက်မှ အစပြု၍ လူ့ဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ လူငယ်အများစုတွင် စူးစမ်းလိုစိတ်၊ လက်တွေ့စမ်းသပ်လိုစိတ် ရှိနေကြပြီး မိဘ၊ အုပ်ထိန်းသူများ တားမြစ်ထားသည့်ကြားက ဆေးလိပ်၊ ကွမ်းယာ၊ အရက်တို့ကို စမ်းသပ် သုံးစွဲနေမှုကိုကြည့်လျှင် သိနိုင်သည်။ ထိုမှတစ်ဆင့် မူးယစ်ဆေး၏ သားကောင်ဖြစ်သွားနိုင်သည်။ မူးယစ်ဆေးသုံးစွဲသူ အများစုကိုကြည့်လျှင် လူငယ်များ ဖြစ်နေသည်ကို တွေ့ရှိရသည်။ လူငယ်များအနေဖြင့် မူးယစ်ဆေးကို စတင်ရင်းနှီးရန် မကြိုးစားသင့်ပေ။ တစ်ဖက်က တန်ဖိုးရှိသောအချိန်၊ ငွေကြေးဥစ္စာများ ပျက်စီးနိုင်သကဲ့သို့ တစ်ဖက်တွင်လည်း ဥပဒေကြောင်းအရ အရေးယူခံရနိုင်ပေသည်။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆(ဂ)အရ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိလျှင် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ချမှတ်ခံရသည်ဟု ဖော်ပြထားရှိသည်။
👏1
မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြိုတင်ကာကွယ် အသိပညာပေးခြင်းသည် ကုသခြင်းထက် အကောင်းဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်ချက် တစ်ရပ်ဖြစ်သည်။ နိုင်ငံ၏ ရင်သွေးရတနာများ စုဝေးရာ စာသင်ကျောင်းများတွင် မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သော ပြခန်းများ၊ အလွယ်တကူ ရယူနိုင်သော ရုပ်ပုံပါ လက်ကမ်းစာစောင်များဖြင့် အသိပညာပေး ဆောင်ရွက်ခြင်း၊ ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါးဆိုင်ရာ ဆိုးကျိုးများကို ဟောပြောခြင်း၊ မြို့တွင်း၊ ကျောင်းတွင်း မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ စာစီစာကုံးပြိုင်ပွဲများ၊ အလွတ်တန်း စာပေပြိုင်ပွဲများ ကျင်းပပေးခြင်းမှာ အညှောင့်ထွက်လာမည့် မူးယစ်ပျိုးပင်ကို ဖျက်ဆီးနုတ်ပစ်ရာ ရောက်သည့်အပြင် မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး ထိရောက်ကောင်းမွန်သော အသိပညာပေး လုပ်ငန်းများလည်း ဖြစ်သည်။ လူငယ်များ၏ အသိပညာဗဟုသုတ၊ အတွေ့အကြုံနှင့် ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းအားများ အချိန်နှင့်အမျှ တိုးတက်စေရေး စာကောင်းပေမွန်များ ရွေးချယ်ဖတ်မှတ်ကြရန် လိုအပ်သည်။

“စာဖတ်ပါ”ဟူသော စကားရပ်မှာ မူးယစ်ဆေးဝါး အကြောင်း ကနဦး စူးစမ်းလေ့လာခြင်းဖြစ်သည်။

စာပေလေ့လာဖတ်ရှုခြင်းဖြင့် မူးယစ်ဆေး၏ ဆိုးကျိုး အ၀၀ကို သိရှိနိုင်သည်။ စာဖတ်ခြင်းမှရရှိသည့် တွေးခေါ်မြော်မြင်နိုင်စွမ်းဖြင့် အသိပညာနှင့် အတတ်ပညာများ ပိုမိုတိုးပွားရရှိနိုင်သည်။ မူးယစ်ဆေးဝါးကဲ့သို့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို အပျော်သဘောမျိုးပင် မသုံးစွဲဘဲ ဝေးဝေးရှောင်ကြဉ်ခြင်း အသိအမြင်ဖြစ်ထွန်းလာပါက အာဟာရပြည့်၀ ကျန်းမာကြံ့ခိုင်သော လူမှုဘဝ ရရှိလာမည်သာဖြစ်သည်။ စာဖတ်ခြင်းသည် စိတ်လေ့ကျင့်ခန်း တစ်ခုဖြစ်ပြီး စိတ်ကျန်းမာရေးအတွက် စာဖတ်ရန်သင့်ပြီး ကျန်းမာကြံ့ခိုင်ရေး အတွက် ကိုယ်လက်လှုပ်ရှား အားကစား တစ်ခုခုပြုလုပ်သွားရန် လိုအပ်သည်။ စာဖတ်ခြင်းနှင့် ကိုယ်ကာယ လေ့ကျင့်ခြင်းသည် မူးယစ်ဟူသော အဖျက်အမှောင့် အန္တရာယ်ကို ကာကွယ်နိုင်စွမ်းရှိပြီး တွဲဖက်လုပ်ဆောင်နိုင်သော အမူအကျင့်ကောင်းများဖြစ်သည်။

မူးယစ်ဆေးသုံးစွဲသူ၏ အသိ၊ အမြင်၊ အကြား၊ အရသာ၊ အနံ့အာရုံအသီးသီးကို ပြောင်းလဲပစ်နိုင်စွမ်း ရှိပေသည်။ ဆေးခြောက်တွင် စိတ်ကိုကြွစေသည့် သဘာဝဓာတုပစ္စည်း ပါဝင်သဖြင့် သောက်သုံးမိပါက ရယ်မောပျော်ရွှင်ခြင်း၊ စိတ်အတွင်းတင်းကျပ် ပိတ်ဆို့မှုများနှင့် စိုးရိမ်စိတ်များကို ဖယ်ဖျောက်နိုင်စွမ်းရှိသည်ဟု အထင်မှားစေသည်။ မူးယစ်ဆေးဝါးကို ရှူရှိုက်ခြင်း၊ သွေးကြောထဲ ထိုးသွင်းခြင်း၊ စားသောက်ခြင်း စသဖြင့် ပုံစံအမျိုးမျိုးသုံးစွဲကြသည့်အနက် မူးယစ်ဆေးဝါးများ ခန္ဓာကိုယ်တွင်း သွတ်သွင်းရှူရှိုက်ခြင်းဖြစ်စဉ်တွင် မီးခိုးအငွေ့လေးများသည် အဆုတ်နှင့်သွေးကြောတို့ကို ဖြတ်သန်းစီးဝင်လျက် နှလုံးနှင့် ဦးနှောက်သို့ ပို့ဆောင်လေ့ရှိသဖြင့် အာနိသင်မှာ မိနစ်အနည်းငယ်အတွင်း ဖြစ်ပေါ်နိုင်သကဲ့သို့ ဆေးသုံး စွဲမှု အချိုးအဆ မှားယွင်းသွားသည်နှင့် အသက်ပင် သေဆုံးနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။

မူးယစ်ဆေးဝါးတစ်ခုခု စွဲစွဲမြဲမြဲ သုံးစွဲမိပါက HIV ပိုး၊ အသည်းရောင် အသားဝါ ဘီပိုးနှင့်စီပိုး ကူးစက်နိုင်ခြင်း၊ ဦးနှောက်နှင့် အာရုံကြောများကို ဆိုးရွားစွာ ထိခိုက်ပုံ၊ ဆေးလွန် သတိမေ့ခြင်း၊ ထုံနာကျင်နာ အကြောသေရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါအမျိုးမျိုး၊ အသည်းရောင်ရောဂါ၊ သွေးကြောပိတ် ရောဂါနှင့် ကိုယ်အနှံ့အနာစိမ်းများ ပေါက်ပြီး သွေးဆိပ်တက်ရောဂါများ ဖြစ်ပွားတတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအနေဖြင့် စိတ်ရောဂါအမျိုးမျိုးနှင့် စိတ်ကျ ရောဂါရရှိခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုဖြင့် ဥပဒေကြောင်းအရ အရေးယူခံရခြင်း၊ မူးယစ်ဆေးရလိုမှုဖြင့် ရာဇဝတ်မှုများစွာကို လက်ရဲဇက်ရဲပြုလုပ်နိုင်စွမ်းရှိသဖြင့် ကြောက်စရာကောင်းလှသည့် မူးယစ်ဆေးဝါး အမျိုးမျိုးကို လူငယ်အားလုံး ပညာမျက်စိ ရှေ့သို့ကြည့်လျက် မူးယစ်ဆေးဝါးအစွမ်း လက်တည့် မစမ်းကြရန် လိုအပ်လှသည်။

ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးနှင့် မူးယစ်ဆေးဝါး ပပျောက်ရေး အသွင်သဏ္ဌာန်နှစ်ခုသည် ပြည်သူအားလုံး လိုလားတောင့်တနေသော ကြိုးပမ်းဆောင်ရွက်ချက်များ ဖြစ်သည်။ မူးယစ်ဆေးသည် တရားဥပဒေ စိုးမိုးသော နေရာဒေသ၊ နယ်မြေမအေးချမ်းသည့် ဒေသ မခွဲခြားဘဲ တစ်သားတည်း ဝင်ရောက်ပျံ့နှံ့လွယ်သော အဖျက်အမှောင့်အန္တရာယ်ဖြစ်သည်။ မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာများ ချုပ်ငြိမ်းသွားမည်ဆိုပါက နိုင်ငံ၏ နေရာအကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်မှု အလုံးစုံ အသွေးအရောင်စုံလင်သော ပြည်ထောင်စု ပန်းဥယျာဉ်ကြီးတစ်ခုသဖွယ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်မည်ဖြစ်သဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ မူးယစ်ရန် မီးငြှိမ်းသတ်စို့ဆိုသည့် ဆောင်ပုဒ်စကား လက်ကိုင်ထားပြီး ငြိမ်းချမ်းသာယာသော အနာဂတ် ဘဝများစွာ ဖန်တီးတည်ဆောက် သွားကြရမည်ဖြစ်သည်။
👍1
ယနေ့နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေး ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒအသစ် ချမှတ်ရာတွင် လူငယ်ရေးရာ မူဝါဒနှင့်အညီ လူငယ်များ၏ အခန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ကာကွယ်တိုက်ဖျက်ရေး အစီအမံများ ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ လူငယ်များ ပညာရည်မြင့်မားရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ အသိအမြင် ကြွယ်ဝရေးမှာ ထာဝစဉ်လိုအပ်နေပြီး လူငယ်များ အရည်အချင်းပြည့်၀ စွမ်းရည်မြင့်မားစေမှုကို နှောင့်ယှက်ဟန့်တားနေသော နံပါတ်တစ်အန္တရာယ် မူးယစ်ဆေးဝါးရန်စွယ်ကို ကာကွယ်တိုက်ဖျက်ရေး က အမျိုးသားရေးတာဝန် တစ်ရပ်ပမာရှိလာပြီဖြစ်သည်။ မူးယစ်ဆေးဝါး ပြဿနာသည် နယ်ချဲ့တို့ချန်ရစ် ခဲ့သည့် ဆိုးမွေတစ်ခုဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်၊ သွင်ပြင်လက္ခဏာတို့နှင့် ဆန့်ကျင်ဘက်ဖြစ်ရုံမျှမက အမျိုး၊ ဘာသာ၊ သာသနာကို ဖျက်ဆီးရန် အခြေပြုနေသော အချိန်မရွေး ပေါက်ကွဲမည့် ဗုံးတစ်လုံးပမာ တူလှခြင်းကြောင့် အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့ဟူသော ကြွေးကြော်သံတစ်ရပ်နှင့်အတူ ပြည်သူတစ်ရပ်လုံးမှ နိုင်ငံတော်အစိုးရနှင့် အတူ လက်တွဲညီညီ ပူးပေါင်း ကာကွယ်သွားကြရမည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

ထက်ဝေအောင်(စစ်ကိုင်း)
👍2