Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ကျောင်းဖွင့်တာနဲ့.....ကျောင်းဖွင့်တဲ့နေ့မှာ
ကျောင်းအုပ်ကြီးကဘာတွေလုပ်ဆောင်ရမလဲ....ဘာတွေပြောကြားရမလဲ?

၁။ အချိန်ဇယားများခွဲဝေပေးခြင်း

၂။ ဘာသာရပ်နှင့်အတန်းခွဲဝေပေးခြင်း

၃။ ကျောင်းတက်ကျောင်းဆင်းချိန်အတည်ပြုခြင်း

၄။ ဆရာဆရာမစည်းကမ်းများပြောကြားခြင်း

၅။ လပိုင်းမာတိကာများရေးဆွဲစေခြင်း

၆။ နေ့စည်မှတ်တမ်းများရေးသားရန်ပြောကြားခြင်း

၇။ နေ့စဥ်ဆရာဆရာမဂျူတီခွဲဝေပေးခြင်း

၈။ ကျောင်းခေါ်ကြိမ်များပြုလုပ်ရေးသွင်းစေခြင်း

၉။ ကေျာင်းသားတက်ပျက်စာရင်းနှင့်ဆရာဆရာမများနေ့စဥ်လက်မှတ်ထိုး
စာရင်းပြုပြုလုပ်ရန်ပြောကြားခြင်း

၁၀။ စာမေးပွဲဆိုင်ရာမှတ်တမ်းများပြုလုပ်စေခြင်း

၁၁။ ကျောင်းသားကျောင်းသူများနှင့်ဆိုင်သောမှတ်တမ်းများထားရှိရန်ပြော
ကြားခြင်း

၁၂။ ကျောင်းအုပ်ရုံးခန်းတွင်းထားရှိရမည့်...စာရင်းဇယားမှတ်တမ်းများအပါ
အဝင်ပြုလုပ်ခြင်း(ကျောင်းအုပ်ကြီး)

၁၃။ ဇွန်လပညာရေးပြက္ခဒိန်ပါလုပ်ငန်းများကိုအသိပေးပြောကြားပေးခြင်း

၁၄။ အတန်းလိုက်ကျောင်းသားကျောင်းသူစည်းကမ်းများကို...ကလေးများသိစေရန်သင်ကြားရေးဆရာဆရာမများကပြောကြားစေရန်အသိပေးခြင်း

ဒါကတော့မနက်ဖန်တစ်နေ့တာအတွက်....မပြောမဖြစ်ပြောရမည့်အကြောင်းအရာနှင့်ထိုသို့ပြောကြားရန်ဆရာဆရာမများကျောင်းတွင်းအစည်းဝေးပြုလုပ်ရမည့်အချက်တွေပါ။

(လိုအပ်တာများကိုဖြည့်စွက်နိုင်ပါတယ်ခင်ဗျာ)

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
ရမှတ်အစား......ရာခိုင်နှုန်း(%)

မူလတန်းအောက်ဆင့်
အတန်းတွင်းစစ်ဆေးခြင်းများကို
ရမှတ်အစား ရာခိုင်နှုန်း(%) ဟုပြောင်းလဲသုံးနှုန်းပေးပါရန်

အခုမှမဟုတ်ပါ....စနစ်သစ်စတင်ကတည်းကဖြစ်ပါတယ်။

ယခုမူလတန်းအောက်ဆင့်များကိုအတန်းတွင်းရလဒ်စစ်ဆေးခြင်းဟုထုတ်နေပါသောမေးခွန်းပုံစံများတွင်...... ပေးမှတ်များကိုတွေ့နေရပါသောကြောင့်ဖြစ်ပါသည်။

A.....S......E ပုံစံသည်...... ရာခိုင်နှုန်း(%)ဖြင့်သာသုံးနှုန်းရပါသည်။

ဥပမာ....

ရလဒ်သည်....၅၀% အပေါ်ထားရှိပါက

မှတ်မိခြင်းအဆင့်......၁၀% (၁၀ မှတ်ဟုမသုံးရ)

နားလည်ခြင်းအဆင့်......၁၅% (၁၅ မှတ်ဟုမသုံးရ)

အသုံးချခြင်းအဆင့်.......၂၅% (၂၅ မှတ်ဟုမသုံးရ)

အလွယ်တကူပြုပြင်ပေးရမယ့်....ပြောင်းလဲမူလေးပါခင်ဗျာ။

အကယ်၍...ရမှတ်ပုံစံအတိုင်းပြုလုပ်ပါက........မူထက်ဆင့်အတိုင်းဟုခေါ်၍
စာမေးပွဲပုံစံဖြစ်သွားပေလိမ့်မည်။

ဒါကြောင့်မူအောက်ဆင့်တွင်စာမေးပွဲဟုမရှိပဲ....အတန်းတွင်းစစ်ဆေးအကဲဖြတ်ခြင်းပုံစံသာရှိပါသောကြောင့်.....အတန်းတွင်းစစ်ဆေးခြင်းများပြုလုပ်ပါက....ရမှတ်အစား...ရာခိုင်နှုန်း(%)ဟုပြောင်းလဲသုံးနှုန်းလုပ်ဆောင်ပေးကြပါရန်အသိပေးဖော်ပြအပ်ပါတယ်ခင်ဗျာ။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်မှစ၍

မူလတန်းအဆင့်ဖြစ်သော G1 နှင့် အလယ်တန်းဖြစ်သော G6 အထက်တန်းဖြစ်သော G10 တို့ရှိကျောင်းသားကျောင်းသူများအတွက် ယခင်နှစ် CPR နှင့် ယခုစာသင်နှစ်တွင်ပေးမည့် CCPR တို့ကို တွဲ၍ ထားပေးကြပါရန်

ယခုစာသင်နှစ်စတွင် ပေးမည့် CCPR တွင်ရေးသွင်းရသောအချက်အလက်များကို မှင်စိုဘောလ်ပင်ဖြင့်မရေးသွင်းရန်

ယခုစာသင်နှစ်တွင်...ပေးမည့်CCPRရှိအချက်အလက်များ ကို
ဆရာဆရာမများကဖြည့်သွင်းပီးပါက သက်ဆိုင်ရာကျောင်းအုပ်ထံတွင်
ပြန်လည်အပ်နှံပေးရန်

ညွှန်ကြားထားပါတယ်ခင်ဗျာ။
ဇွန်၊ဇူလိုင်လများမှစ၍
အခြေခံပညာကဏ္ဍတွင်

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ
အောင်မြင်မှုရာခိုင်နှုန်းအရ
လိုအပ်ချက်များရှိသည့်အထက်တန်းဆင့်သင်ဆရာ၊ဆရာမများအတွက်လိုအပ်သည့်မွမ်းမံသင်တန်း/အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပေးရန်အတွက် ကနဦးလျာထားချက်များဆောင်ရွက်ရန်

ကျောင်းသားအားကစားပွဲတော်အတွက်
အားကစားသမားများ
ကြိုတင်လေ့ကျင့်ရွေးချယ်ရန်

ပညာရေးညီလာခံအတွက်
အကြိုပညာရေးအညွှန်းကိန်းဆိုင်ရာ
အချက်အလက်များကြိုတင်ပြုစုထားရှိရန်

ကျောင်းစာကြည့်တိုက်များ
ရှင်သန်ထွန်းကားရေး ဦးစားပေးဆောင်ရွက်ရန်

ဦးစားပေး ညွှန်ကြားထားပါကြောင်း
2024 တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်မေးခဲ့သော Essay ခေါင်းစဥ်များ

(1) Self-discipline is one of the keys for success
(2) Benefits and drawbacks of making new friends online
(3) Necessity is the mother of invention

(4) Pros and cons of globalisation in 21st centhury
(5) The cause and effect of social media addicition among youth
(6) Some seasonal festivals in myanmar

(7) The benefits of reading books
(8) Pros and cons of online education
(9) Bad habit students should avoid

(10) My views on the benefits of learning a foreign language
(11) Effects of stree on physical and mental health
(12) The importance of protecting the environment

(13) Advantage and disadvantage of using mobile phones at school
(14) Practive makes perfect
(15) To save our planet Earth is everyone's ocencern

(16) The importance of having a positive attitude to life
(17) The pros and cons of learning a foreign language
(18) Nutrients that are essential for our body

(19) Why everyone should love reading
(20) How to keep our enviroment safe and clean
(21) Making good use of time.
1
စနစ်သစ်ပညာရေး အထက်တန်းဆင့်
( Grade-10 ၊ Grade- 11 နှင့် Grade- 12)
စာသင်ချိန် ခွဲဝေမှု အချိန်ဇယား
Grade-12 ဇွန်လအတွက် လပိုင်းမာတိကာ
၂၀၂၄-၂၀၂၅ပညာသင်နှစ်မှာ မဖြစ်စေလို
‌ေသာအရာ ၃မျိုး။

1️⃣အလယ်ကလူ စကားဝဲ၏ မဖြစ်စေလိုပါ။

2️⃣မန်ယူ(ငေါက်ငမ်းကြိမ်းမောင်းပြီး၊ခြောက်ပြီးမှ ငွေကို အဆမတန်တောင်းယူသူ)
မဖြစ်စေလိုပါ။

3️⃣လေဒီဂါဂါလဲ(အထက်လူကြီးများကို အပေါက်ပိတ်အောင် အမြဲဂါတတ်သူ)
မဖြစ်စေလိုပါ။
Admin https://t.me/EducationalChannelMM


#အလယ်ကလူ

အောက်ခြေဝန်ထမ်းတွေ
လစာ‌ လောက်/မလောက်ကို
စိတ်မဝင်စားတဲ့ ဌာနက လူတစ်ချို့ ရှိတယ်

အဲ့လူတွေက ကြားပေါက်ရနေတဲ့
အထက်နဲ့အောက် ကြားက ကြားဝန်ထမ်းတွေပဲ...

သူတို့က စားနိုင်တယ်။ သောက်နိုင်တယ်။ ဒါကြောင့် ရာထူး အခွင့် ဘယ်လောက်ရှိရှိ။ ကိုယ့်ဝန်ထမ်းတွေအတွက် လစာတိုးဖို့ကို ဘယ်တော့မှ ရပ်တည်တင်ပြကြမှာ မဟုတ်ဘူး။

ဦးရဲ
ပညာရေး

#ဦးရဲ_ပညာရေး
#အလယ်ကလူ
👍21