Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
စိတ်ညစ်ရသော ၊ ရှုပ်ထွေးလှသော
ကျောင်းထောက်ပံ့ကြေးငွေအကြောင်း(SIF)

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ၏ပထမအကြိမ်အတွက် ကျောင်းအတွက်ထောက်ပံ့ကြေးရန်ပုံငွေများလျာထားချက်များကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးကတောင်းနေပါပီ။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ပထမအကြိမ်ဆိုပေမယ့် ယခုပထမအကြိမ်ထုတ်ပေးမည့်ငွေသည် ယခင်နှစ်က
ကျောင်းသားစာရင်းအတိုင်းသာဖြစ်သည်ကိုလည်းအခြေကျောင်းများကကျောင်းအုပ်များအပြင် သင်ကြားရေးကအစ ရုံးဝန်ထမ်းအဆုံးသိရှိထားဖို့လိုအပ်သလို....ကျောင်းထောက်ပံ့ကြေးငွေအကြောင်းအရာက အစ သုံးစွဲနည်းများကိုလည်းသိရှိထားဖို့လိုအပ်ပါသည်။

ထောက်ပံ့ကြေးငွေသုံးစွဲရာတွင် ေခါင်းစဥ်တစ်ခုစီတွင် ပါဝင်သည့်အမျိုးအစားများကိုသိရှိထားဖို့လိုအပ်သလို

အချို့ခေါင်းစဥ်များသည်တစ်ခုနှင့်တစ်ခုဆက်စပ်နေသည်ကိုလည်းသိရှိထားရပါမည်။

ဆက်စပ်နေသည့်ခေါင်းစဥ်များ

၁(က) ၀၃၀၁ နှင့် ၀၃၀၄

၀၃၀၁ သည် ချွေးဒီးဒီးကျ၍အားစိုက်လုပ်ရသောလုပ်ငန်းမျိုးတွင်သုံးစွဲရခြင်း

ကျောင်းသားဦးရေးများပြားသောကျောင်းများတွင် ပုံနှိပ်စာအုပ်များ + ဗလာစာအုပ်များကို မိမိကျောင်းအတွက်ထုတ်ယူမည်ဆိုပါက
ထိုစာရေးကိရိယာများကို ကားပေါ်တင်သည့်အခါ စာအုပ်ထုပ်များထမ်းပီးတင်ပေးနိုင်ဖို့ အလုပ်သမားများကိုငှားရမ်းရာတွင် ၀၃၀၁ ငွေကိုသုံးစွဲ၍
ထိုစာအုပ်ထုပ်များတင်ပေးသည့်ကားကိုငှားရမ်းရာတွင် ၀၃၀၄ ငွေကိုသုံးစွဲရပါမည်။

၁(ခ) ၀၃၀၁ နှင့် ၀၄၀၉

၀၄၀၉ သည်အခြားဟုအများမှတ်ယူထားသောခေါင်းစဥ်တစ်ခုဖြစ်သည်။

ဥပမာ ကျောင်းခြံမြေဖို့ခြင်း ၊ ကျောက်ခင်းခြင်း ပြုလုပ်ရာတွင်....၃ကျင်းကားတစ်စီးကျောက် သို့မဟုတ် မြေဝယ်ယူမည်ဆိုပါက ၀၄၀၉ မှငွေကိုသုံးစွဲ၍
ထိုကျောက်သို့မဟုတ်မြေကိုမိမိကျောင်းတွင်ဖြန့်ဖြူးရန်အတွက်အလုပ်သမားငှားမည်ဆိုပါက ၀၃၀၁ ငွေကိုသုံးစွဲရမည်ဖြစ်သည်။

မတူညီသောခေါင်းစဥ်အမျိုးအစား ၂ခု

၀၃၀၃ နှင့် ၀၃၀၄ တို့တွင်

၀၃၀၃ သည် ပြပဲွဲပြိုင်ပွဲများတွင်အသုံးပြုမည့်အသံချဲ့စက်များဘောက်များ
ငှားရမ်းရာတွင်သုံးသည်ဟုသာမှတ်ယူထားကြသော်လည်း ထိုခေါင်းစဥ်တွင်
ယဥ်ငှားရမ်းခပါပြန်ပါတယ်။ ဘယ်လိုနေရာတွင်ယဥ်ငှားရမ်းခအဖြစ်သုံးစွဲလို့ရတာလဲဆိုရင် ကျောင်းသားကျောင်းသူများစာမေးပွဲဖြေရန်တစ်နေရာမှတစ်နေရာသို့သွားရောက်ရမည်ဆိုပါက မိမိကျောင်းမှအားကစားသမားများကိုအခြားတစ်နေရာသို့ပို့ဆောင်ပေးရမည်ဆိုသည့်အခါတွင် ယဥ်ငှားရမ်း၍သွားရသည့်အခါပေးရမည့်ငွေပါ။

၀၃၀၄ သည် လူနှင့်ပစ္စည်းကိုသယ်ယူပို့ဆောင်ရာတွင်ယဥ်ငှားရမ်းခအဖြစ်ပါ။
ဘယ်လိုလူလည်းဆိုရင် ကျောင်းသားကျောင်းသူ ဆရာဆရာမများမဟုတ်
သည့် ပြင်ပလူများကိုတင်ဆောင်ရန်အတွက်ယဥ်ငှားရမ်းသည့်အခါပေးဆောင်ရမည့်ငွေခေါင်းစဥ်ပါ။ ပစ္စည်းဟုဆိုရာတွင် ကျောင်းသုံးပုံနှိပ်၊ဗလာ၊ဝတ်စုံ၊သင်ကူပစ္စည်းများ ၊ လုပ်ငန်းသုံးပစ္စည်းများ ကိုသာ ဆိုလိုပါသည်။

ဆရာကြီးဆရာမကြီးများလေးစားလျှက်
👍2
ပင်မကျောင်း(အထက)များနှင့် အခြေစိုက်ကျောင်း(မူလွန်၊အလက-ခွဲ၊အထက-ခွဲ) များ ဆက်စပ်ဆောင်ရွက်ရသောလုပ်ငန်းများနှင့် ပတ်သက်၍......

#ဖြေလျှော့ပေးထားသည့်အစီအစဥ်များ
မိမိတို့ကျောင်းက ကလေးများသိရှိသွားစေရန်

#အခါတော်နေ့များနှင့်၁၂လရာသီ
=======================

နေမင်းသည် ၁-ရက်လျှင် ၂၄-နာရီရှိ ရက်ပေါင်း ၃၆၅-ရက်ပြည့်မှ တစ်ပတ်လည်ပြီး မူလနေရာ ပြန်ရောက်သည်၊ ထိုအခါကို ၁-နှစ်ပြည့်သည်ဟုဆိုသည်၊ ထို ၁-နှစ်ပြည့်ချိန်၌ သင်္ကြန်ကျသည်၊ မြန်မာလ ရက်သတ်မှတ်ပုံမှာ ကောင်းကင် လအခြေအနေကို မူတည်ပြီး လပြည့်ချိန်၊ လကွယ်ချိန်ကို မူတည်သတ်မှတ်ခြင်းဖြစ်၍ လဟူသော ဝေါဟာရနှင့် အလွန်မတန် ကိုက်ညီသည်၊ ရက်စုံ, ရက်မစုံ သတ်မှတ် ရာ၌ သူစုံရင် စုံသည်၊ သူမစုံရင် မစုံဟု ရှေးလူကြီးများဆိုသည့်အတိုင်း ၁၂-လကို လက်ချိုးရေတွက်ရာ၌ (၁, ၃, ၅ စသော မ-ဂဏန်းကျသည့် လများ) ရက်မစုံ ၂၉-ရက် ၆-လ၊ (၂, ၄, ၆ စသော စုံ-ဂဏန်းကျသည့် လများ) ရက်စုံ ၃၀-ရက် ၆-လ၊ စုစုပေါင်း ၃၅၄-ရက်သာ ဖြစ်နေသဖြင့် နေသွားလမ်း မူလနေရာ ရောက်သည့်အချိန် ၃၆၅-ရက်ပြည့်ရန် ၁၁-ရက် လိုနေသည်၊ ထို့ကြောင့် ၃-နှစ် ၁-ကြိမ်ခန့် ဝါထပ်ပေးရသည်၊ ဒါတင်မက လိုအပ်နေသေးလျှင် ရက်မစုံ နယုန်လကို ၁-ရက်တိုးပြီး ကဆုန်, နယုန်, ဝါဆို, ဝါဆို ၄-လ ရက်စုံသတ်သည်ကို ဝါကြီးထပ်ဟုဆိုသည်၊ အင်္ဂလိပ် ၁၂-လကတော့ ၃၀-ရက် ၄-လ၊ ၃၁-ရက် ၇-လ၊ ၂၈-ရက် ၁-လ၊ စုစုပေါင်း ၃၆၅-ရက်တော့ရှိသည်၊ သို့သော် နာရီအားဖြင့် ၆-နာရီ လိုနေသည်၊ ထို့ကြောင့် ရောက်ဆဲ ခုနှစ်ကို ၄-နဲ့စား၍ ပြတ်သောခုနှစ်ဖြစ်သည့် ၄-နှစ် ၁-ကြိမ် ဖေဖော်ဝါရီလ၌ ၁-ရက် ထပ်တိုးပေးရသည်။
ဧ, ဂျွန်, စက်, နို၊ သုံးဆယ်ဆို၊
ဖေ-ကို နှစ်ရှစ်၊ ကျန် သုံးတစ်။
ခု-ကို လေးစား၊ ပြတ်တုံငြား၊
ဖေ-ကား ရက်တိုး နှစ်ဆယ့်ကိုး။

မြန်မာနိုင်ငံတွင် ဆယ့်နှစ်လ ဆယ့်နှစ်ရာသီအတွက် အမျိုးသား ပွဲတော်ဆယ့်နှစ်မျိုး ဆယ့်နှစ်စားရှိလေသည်။ ဤကိုရည်၍၊ ဘိုးတော် ဘုရားလက်ထက်အခါက အမတ်သရေသင်္ခယာသည် သာဓိနပျို့ အပိုဒ် ၃ဝ တွင် ဤသို့အကျဉ်းချုပ် ဖွဲ့ဆိုလေသည်။ သင်္ကြန်တာကူး (၁)၊ နှစ်ဦးညောင်ရေ (၂)၊ စာပလွေခင်း (၃)၊ ပဉ္စင်းတော်ခံ (၄)၊ စာရေးတံ(၅)နှင့်၊ မြစ်ယံပွဲကြီး (၆)၊ ဆီမီးထွန်းချိန် (၇)၊ ကထိန် (၈)၊ နတ်ကျင်း (၉) မြင်းခင်း (၁ဝ)၊ ထွက်ဝင်၊ သဘင်မီးဖုံး (၁၁)၊ ဂူလုံးသဲပုံ (၁၂)၊စေ့စုံစီလျဉ် ဤသို့ယှဉ်သား၊ လစဉ်စမြဲ ဆဲ့နှစ်ပွဲ။

၁။ တန်ခူးမိဿတ် သင်္ကြန်မှတ် ရင်ခတ်ကန့်ကော်ပန်း။ ၂။ ကဆုန်ပြိဿာ စကားဝါ နွေခါညောင်ရေသွန်း။ ၃။ နယုန်မေထုန် မြတ်လေးငုံ အာဂုမ်စာပြန်ခန်း။ ၄။ ဝါဆိုပုန်းညက် ကရကဋ် ဝါကပ်ရှင်ရဟန်း။ ၅။ ဝါခေါင်သိဟ်မှာ ပန်းခတ္တာ သံဃာစာရေးတန်း။ ၆။ ကန်တော်သလင်း ယင်းမာသင်း မြစ်တွင်းလှေစီတန်း။ ၇။ သီတင်းကျွတ်တူ မီးထွန်းလှူ ကြာဖြူကြာနီပန်း။ ၈။ တန်ဆောင်ဗြိစ္ဆာ ကထိန်လျာ ရွှေဝါခဝဲပန်း။ ၉။ ဓနုနတ္တော် နတ်ပွဲပျော် ပန်းတော်သဇင်လန်း။ ၁၀။ မကာရ်းပြာသို ပန်းခွာညို လူဗိုလ်မြင်းခင်းတန်း။ ၁၁။ တပို့တွဲကုံ ပေါက်လဲငုံ မီးပုံယာဂုဆွမ်း။ ၁၂။ တပေါင်းမိန်မည် သရဖီ စေတီသဲပုံမှန်း။

သင်္ကြန်ပွဲတော်
===============
တန်ခူးလ မိဿရာသီတွင် သင်္ကြန်ပွဲတော်ကို ကျင်းပ သည်။ နှစ်သစ်ကူးပွဲဖြစ်သော ဤပွဲတော်အတွင်း၌ မြန်မာလူမျိုး တို့သည် နံ့သာရည်ဖြင့် တစ်ဦးနှင့်တစ်ဦး သွန်းလောင်းပျော်မြူး လေ့ရှိပုံကို အင်းဝမြို့ဘွဲ့ ဆဲ့နှစ်ရာသီလူးတားတွင် ဤသို့ဖွဲ့ဆို ထားချက် ရှိလေသည်။ တောင်လေသုတ်ဖြူး၊ လတန်ခူးမူမြူးတူးပျော်ရွှင်၊ တာသဘင်ဝယ်ဆင်ယင်တုပ၊ လွရရွတည့်။ ငြိမ့်မျှစောင်းငြင်း၊ အဲသီချင်းနှင့်ထုံသင်းနံ့သာ၊ ရေသီတာဝယ်စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်မှလည်လှည့်ဆူလှယ်၊ တင့်စံပယ်လျက်ပြုံးရယ်ရွှင်အား၊ စံပျော်ပါးသည်ကစားထုံရည် ဖျန်းထည့်လေ။

ညောင်ရေသွန်းပွဲတော်
======================
ကဆုန်လ ပြိဿရာသီတွင် ညောင်ရေသွန်းပွဲတော်ကို ကျင်းပသည်။ ဤပွဲတော်သည်ကား ရေပြတ်၍ ခြောက်သွေ့နေ သော ဘုရားပွင့်ရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းပူဇော် သော ပွဲတော်ဖြစ်လေသည်။ ညောင်ရေသွန်းပွဲတော်အကြောင်းကို ရှေးစာဆိုတို့သည် နှစ်နှစ်သက်သက် ဖွဲ့ဆိုခဲ့ကြသည်။ အနောက် ဘက် လွန်မင်းလက်ထက်က မင်းဇေယရန္တမိတ် ဖွဲ့ဆိုပုံမှာကား။ ကဆုန်တွင်လည်းပြာစင်ညက်ဖြူ၊ ရွှေပြည်သူတို့သင်းမြူကြိုင်စွာ၊ ရေနံ့သာဝယ်ရင်းမာကွမ်းဘူး၊ စကားဦးနှင့်ထွန်းမြူးလျှံမောင်း၊ မွေတော်ပေါင်းကိုပျံ့လှောင်းကြိုင်ရွှင်း၊ အဲသီချင်းနှင့်ပြန်တင်းရည်စောင်း၊ အဆောင်ဆောင်သည်ခါညောင်မသွန်း လှည့်လေလော။ သူ၍ဖြစ်လေသည်။

စာပြန်ပွဲတော်
==============
နယုန်လ မေထုန်ရာသီတွင် စာပေကျမ်းဂန်သင်ကြား နေကြသော ပုဂ္ဂိုလ်တို့ စာပြန်ရသော စာပြန်ပွဲတော်ကို ကျင်းပ သည်။ မင်းတုန်းမင်းလက်ထက်တွင်ကျင်းပသော စာပြန်ပွဲတော် တစ်ခုအကြောင်းကို ကုန်းဘောင်ဆင်မဟာရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။ နယုန်လဆန်း ရှစ်ရက်နေ့ကစ၍ ဝါဆိုလဆန်းရှစ်ရက်နေ့ တိုင် မန္တလေးတောင်၏အနီး၊ သုဓမ္မာစရပ်တော်နှင့် စန္ဒာ မုနိဘုရားပြင်ယံရှိ စရပ်တော်များတွင် ဝဲယာခွဲ၍၊ တံဆိပ် တော်ရ မရ ဆရာတော်သံဃာတော်တို့ ကြပ်မလျက် ပထမကျော်တစ်၊ ပထမကြီးတစ်ကျိပ်ကိုး၊ ပထမလတ် ပထမငယ် စသော အတန်းအဆင့်ရှိသည့် ပထမစာတော် ပြန်ပဉ္စင်းလောင်းတော် ရှင်လောင်းတော် ဦးရေတစ်ထောင် တို့ တစ်လတိုင်တိုင် ပထမစာတော်ပြန်ဆိုမြဲပြန်ဆိုကြရ သည်။ ပထမစာတော်ပြန်ဆိုသူတို့မှာ ပထမကျော်နှင့်
1👍1
ပထမကြီးများမှာ ပတ္တမြားနားတောင်း၊ ပတ္တမြားလက် ကောက်၊ ပုတီး၊ လက်စွပ်၊ စလွယ်ဆင်ယင်၍၊ ရွှေထီးလေးချက် ဆောင်းမိုး၍၊ လူဆွဲရွှေရထားတော်ထက် စီးရ သည်။ အဆောင်အရွက်စုံကိုင် နောက်လိုက်နောက်ပါလူ နှစ်ကျိပ်တို့က ဝတ်ကောင်းဝတ်သန့်နှင့် လိုက်ကြရသည်။ ပထမစာတော်ပြန်မည့်သူတို့ကို ရှေ့တော်သို့သွင်း ဝတ်ဆင် ရန် ရွှေကျင်ခတ်ခေါင်းပေါင်း၊ လွန်းများ ပုဆိုး၊ ဖဲပုဆိုး၊ ပိုးပုဆိုး၊ အင်္ကျီ၊ ပုဝါများကို တစ်ယောက်လျှင်ငါးလဲကျစီ နှင့် မုံ့ဘိုးငွေတစ်ရာကျစီ အောက်ခံထား၍၊ အထက်ကိုစာဝါနိမ့်မြင့်အလျှောက် တိုးတက်ချီးမြှင့်သနားတော်မြတ်ခံ ရသည်။ ဤစဉ်အခါ ရွှေမြို့တော်လေးပြင်ရှိ ကျောင်းတိုက် တော်ဟူသမျှက ပထမစာတော်ပြန် အသီးအသီးထွက်ကြ သောကြောင့် ရွှေထီးရောင် ရွှေရထားရောင်တို့သည် ထိန် ပြောင်ဝင်းလက်၍ တစ်တိုက်နှင့်တစ်တိုက် တရောတရှက် တည်း ရှုမငြီးအောင် ရှိသောဟူ၏။ ပထမပြန်စာမေးပွဲ။

ပဉ္စင်းခံပွဲ
==========
ဝါဆိုလ ကရကဋ်ရာသီတွင် 'နရိန္ဒာလဲ၊ ညာတောင် နတ်နှင့်၊ ဖိုလ်မြတ်ကယ်နိဗ္ဗူ၊ အောင်ဆုယူလို့၊ ရှစ်ဖြူရိပ်စံ၊ ပဉ္စင်းတော်ခံသောအခါ၊ ရေလျှံတဲ့ဝါဆိုမှာ၊ ပုန်းညက်ညိုမာလာ မင်းက၊ သင်းလှတယ်လေး' ဟူသော ရှေးလွှမ်းချင်းနှင့်အညီ ပဉ္စင်းခံပွဲများကို ကျင်းပလေ့ရှိခဲ့လေသည်။ ဘကြီးတော်မင်း တရား ပဉ္စင်းခံပွဲ ကျင်းပခဲ့သည်ကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။ ဝါဆိုလဆန်းတစ်ဆယ့်ငါးရက်နေ့ ပထမပဉ္စင်းလောင်း တစ်ဆယ်၊ သာမဏေလောင်းတစ်ဆယ့်နှစ်တို့ကို အတွင်း တော်သို့သွင်းပြီးလျှင်၊ အရှင်မိဘုရားခေါင်ကြီးနှင့် ရေစက် သွန်းတော်မူ၍၊ ပဉ္စင်းသာမဏေပြုတော်မူသည်။ ပရိက္ခရာ ရှစ်ပါးနှင့်တကွ ရဟန်းတို့အသုံးအဆောင်နှင့် စပ်သည်ကို လည်း အစေ့အစုံလှူတော်မူသည်။ ထို့ပြင်လည်း သက် တော်စေ့ပဉ္စင်း သာမဏေ သုံးဆဲ့ခုနစ်ပါးပြုတော်မူသည်။

စာရေးတံပွဲ
============
ဝါခေါင်လ သိဟ်ရာသီတွင် ရဟန်းသံဃာတို့အား ဆွမ်းခဲဘွယ်တို့ကို၎င်း၊ ရဟန်းအသုံးအဆောင်တို့ကို၎င်း စာရေး တံမဲချ၍ လှူဒါန်းရသော စာရေးတံပွဲကို ကျင်းပကြလေသည်။ ဘကြီးတော်မင်းတရား လက်ထက် စာရေးတံပွဲကျင်းပပုံကို ထို ရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။ ဝါခေါင်လပြည့်ကျော်ရှစ်ရက်နေ့ ဂါမဝါသီပုဂ္ဂိုလ်၊ အရည ဝါသီပုဂ္ဂိုလ်၊ အရိယာသံဃာတော် အပေါင်းတို့အား ပရိက္ခရာရှစ်ပါးနှင့်တကွ ရဟန်းတို့အသုံးအဆောင်နှင့်စပ် သည်ကို အစေ့အစုံဆွဲ၍ ပဒေသာပင်ရေနှစ်ရာ့ခြောက်ဆယ် (၂၆ဝ)ကို အတွင်းတော်သို့သွင်းပြီးလျှင်၊ အရှင်မိဘုရား ခေါင်ကြီးနှင့်တကွ ရေစက်သွန်းချတော်မူ၍၊သဘာကဘတ် စာရေးတံဆွမ်းလှူတော်မူသည်။

လှေပြိုင်ပွဲ
===========
တော်သလင်းလ ကန်ရာသီတွင် မိုးလေကင်းရှင်း၍ လှိုင်းလေ ငြိမ်သက်သောကြောင့် ဧရာဝတီမြစ်အတွင်း၌ လှေ ပြိုင်ပွဲများကို ကျင်းပကြရိုးဖြစ်လေသည်။ သီပေါမင်းတရား လက်ထက် လှေပွဲသဘင်ကျင်းပပုံကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။ ယင်းသည့် လဆန်းတစ်ဆယ့်တစ်ရက်နေ့ နှစ်စဉ်ကျင်းပမြဲ ရေသဘင်ပွဲတော်ပြုလုပ်ရန် မှူးတော်မတ်တော် အရာရှိတို့ ရွှေမြို့တော်အနောက်မျက်နှာ ဧရာဝတီမြစ်ဆိပ်သို့ထွက်လာကြပြီးလျှင် လှေချလွှတ်ရန် သမ္ဗန်ကိုဝန်ထောက်ဝက်မစွတ် မြို့စား မင်းကြီးမင်းထင်မဟာစည်သူ သွားရောက်ဘက်စပ် ချထားရသည်။ ပထမလှေ ရှေ့ဖျားတွဲဘက်မရှိ၍ စုန်သွား စေရသည်။ ပြီးလျှင် လက်ရွှေးကြီး၊ လက်သစ်၊ လှော် ကားတော်ကြီးနှစ်စင်း၊ ၎င်းနောက် ပြည်လုံးအံ့နှင့်ရွေးကြီး တွဲဘက်ပြိုင်ဆိုင်စေရသည်။ ပြီးလျှင် လှော်ကားတော်စင်း ရေတစ်ဆယ့်နှစ်၊ ပြီးလျှင် ပုလိပ်ရွှေခဲ၊ အစေခံတောင်လုံး၊ ပွဲတိုင်းကျော်၊ ထွက်တိုင်းရစေသော လှော်လှေတော်စင်းရေ နှစ်ဆဲ့နှစ်၊ ပြီးလျှင် ရွှေတုံး၊ မင်းစံ၊ တောင်လုံးမှိုင်း၊ ရွှေ လောင်းကြီး၊ ယင်ပုံ၊ မင်္ဂလာရန်နင်း၊ ခိုတောင်ရွှေခဲစသော ခတ်လှေတော်နှစ်ဆဲ့ ရှစ်စင်း၊ ပြီးလျှင် သုံးလူ့တောက်ပ၊ သုံးလူ့ပူဇော်စသော လောင်းတော်စင်းရေနှစ်ဆဲ့ကိုး၊ ပြီးလျှင် သေနတ်အစုအမှုထမ်းတို့ရဲလှေ စင်းရေလေးဆဲ့ ငါး၊ ပြီးလျှင် မှူးတော်မတ်တော်တို့ လှော်ကားချင်း ပြိုင် ဆိုင်ရသည်။ ၎င်းလဆန်း တစ်ဆယ့်သုံးရက်နေ့ ပင်လယ် သွား စကြာယာဉ်ပျံသင်္ဘောတော်၊ ဧရာဝတီမြစ်သွားရတနာယာဉ်သာ၊ ရတနာယာဉ်ပျံ၊ စကြာရန်လွှင့်စသော သင်္ဘောတော်စင်းရေ နှစ်ဆဲ့နှစ်ကို တွဲဘက်ပြိုင်ဆိုင်ရ သည်။ ပြီးလျှင် အထက်နေ့က() ခိုတောင်ရွှေခဲ ခတ်လှေ တော်နှင့် မင်္ဂလာရန်နင်း ခတ်လှေတော် ပြိုင်ဆိုင်ရာ၊ မင်္ဂလာရန်နင်း ရှုံးနိမ့်သည်ကို စိတ်မကြေ ထပ်မံပြိုင် ဆိုင်ရန် အမိန့်တော်မြတ်ခံပြီးဖြစ်သည့်အတိုင်း၊ ၎င်းလှေ တော်နှစ်စင်း ပြိုင်ဆိုင်ကြရာ၊ မင်္ဂလာရန်နင်းနိုင်၍၊ ပန်းရ သည်။ ပြီးလျှင် ရေသဘင်ပွဲတော်သိမ်းသည်။

မီးထွန်းပွဲ
==========
သီတင်းကျွတ်လ တူရာသီတွင် မြတ်စွာဘုရားသခင် နတ်ပြည်မှ ဆင်းသက်ခဲ့ဘူးသည်ကို အကြေင်းပြု၍ မီးစောင်း တန်း မီးမြင့်မိုများထွန်းညှိကာ မီးပွဲသဘင်ကို ဆင်ယင်ကျင်းပ ကြရိုးဖြစ်လေသည်။ သီပေါမင်းတရားလက်ထက် မီးထွန်းပွဲ သဘင် ကျင်းပပုံအကြောင်းတစ်ရပ်ကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရပေသည်။ ရှို့လွှတ်မြဲ မီးမျိုးစုံများကို မဟာလောကမာရဇိန်ဘုရား၊ မာန်အောင်ရတနာဘုရား.နှစ်ဆူမှာ ခွဲဝေရှို့ လွှတ်ပူဇော် ရသည်။.နှစ်စဉ်ထွန်းလင်းပူဇော်မြဲ တစ်ဆယ့်ခြောက်ဌာန ပြင် အရှင်နှစ်ပါး
နံတော်သင့်.ဘုရားများပါ စုစုတစ် ဆယ့် ရှစ်ဌာနဘုရားများမှာ.မီးစောင်းတန်း ထွန်းလင်းပူ ဇော်ရာ မှူးကြီးမတ်ကြီးတို့နှင့် မှူးတော်မတ်တော်အရာရှိ တို့ ခွဲဝေသွားရောက်ကြီးကြပ် ပွဲသဘင်ခင်းကျင်း ထွန်း လင်းပူဇော်ရသည်။ တစ်ဆယ့်ရှစ်ဌာနများသို့ မီးထွန်းလင်း လမ်းလျှောက် တီးမှုတ်ထမ်းရွက်စေရန် သေနတ်၊ အမြောက်၊ ဝင်း၊ ဒိုင်း၊ လှေ၊ ဘောင်၊ ရပ်ကွက်များက အသီးသီးထွက်သည့် အိုးစည်၊ ဒိုးပတ်၊ ပုံထောင်၊ မောင်း၊ တီးမှုတ်သူတို့ကို တစ်ကိုယ်လျှင် ငွေဒင်္ဂါးငါးပြားကျ သနားတော်မူသည်။ ယင်းသည့်နေ့ ရွှေနန်းတော် မြေနန်း တော်တောင်ဘက်တွင် တစ်ဆယ့်ခြောက်ဌာနဝင်္ကပါ၊ စိကြ နန္ဒာဝင်္ကပါများကို လုပ်ဆောင်ရသည်။ .လပြည့်ကျော် ခုနှစ်ရက်န့ မြေနန်းတော်တောင်ဘက် သောဠ သဝင်္ကပါ ကို ပြီးပြေအောင်လုပ်ဆာင်၍ မီးထွန်းလင်းစေပြီးလျှင် အရှင်နှစ်ပါးထွက်စံတော်သည်။

တန်ဆောင်တိုင်ပွဲ
============
တန်ဆောင်မုန်းလ ဗြိစ္ဆရာသီတွင် ကထိန်သင်္ကန်းကပ် လှူပွဲ၊ ဆီမီးတန်ဆောင်ထွန်းညှိပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပွဲတို့ ကို ကျင်းပရိုး ဖြစ်လေသည်။ ဘကြီးတော်မင်းတရားလက်ထက် ကျင်းပသော ကထိန်နှင့် ဆီမီးတန်ဆောင်ပွဲတို့အကြောင်းကို ထို ရာဇဝင်တော်ကြီးတွင် ဤသို့တွေရလေသည်။ တန်ဆောင်မုန်းလဆန်း တစ်ဆယ့်ငါးရက်နေ့ အနောက် အတွင်းတော်မှာ ကထိန်သင်္ကန်းရက်လုပ်စေ၍ ဘုရား စေတီပုထိုးများမှာ လှူတော်မူသည်။ အရညဝါသီပုဂ္ဂိုလ်၊ ဂါမဝါသီပုဂ္ဂိုလ်၊ အရိယာ သံဃာတော်မြတ်တို့အားလည်း ကထိန်သင်္ကန်း ခုနှစ်ရာ့ ခုနှစ်ဆဲ့ ခုနှစ် (၇၇၇) တို့ကို အရှင်မိဘုရားခေါင်ကြီးနှင့် ရေစက်သွန်းတော်မူ၍ ကပ်လှူ တော်မူသည်။ တန်ဆောင်မုန်းလ ရက်သုံးဆယ် လုံးလည်း ရွှေမြို့တော်နှင့်တကွ ပြည်တွင်းပြည်ပ၊ လက်တွင်းလက်ပ၊ လမ်းသေးလမ်းမများကို တန်ဆာဆင်စေပြီးလျှင် ရွှေနန်း တော်မှစ၍ ပြည်အလုံးကြတ္တိကာသဘင် ကောင်းကင်ဆီမီး တို့ဖြင့် ညှိထွန်းပူဇော်ကြရသည်။ တန်ဆောင်မုန်းလပြည့် ကျော်ရှစ်ရက်နေ့ ဘုရားစေတီပုထိုးများမှာ ဆီမီးတန် ဆောင်တိုင် အတောင်နှစ်ဆယ်၊ နှစ်ဆဲ့ငါးတောင်၊ သုံးဆယ်၊ တိုင်ပေါင်းရှစ်ဆယ် ညှိထွန်း ပူဇော်တော်မူ သည်။ သီပေါမင်းတရားလက်ထက် မသိုးသင်္ကန်းပွဲတော် ကျင်းပ ပြုလုပ်ပုံကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့ တွေ့ရလေသည်။ ယင်းသည့်လဆန်းတစ်ဆယ့်လေးရက်နေ့.အနောက်စမုတ်တော်ဦးပွဲကြည့်စံနန်းတော်သို့ အရှင်နှစ်ပါး ထွက်စံတော် မူ၍ ဝါကောက်ရန် ညဉ့်နှစ်ချက်တီးအချိန်မတိုင်မီအတွင်းပွဲသဘင်စုံများကို ကျင်းပစေပြီးလျှင် ညဉ့်နှစ်ချက်တီး ပဟိုရ်တော်သံ ကြားသည်နှင့်တစ်ပြိုင်နက် မျိုးစေ့ကြဲ မြေ|ာက်၊ ပင်ရောက်ပွင့်သီး၊ လုံးကြီးဝါပေါက်၊ ကောက် ယူမဆိတ်၊ အကြိတ်အဘန်၊ ပြန်လှန်တုံ့ပယ်၊ ရှယ်ခြင်း ရက်ခြင်း၊ ဆိုးခြင်းစုံလင်၊ အစီရင်တို့ကို အင်္သာကူး ပြောင်း၊ ဟောင်းခြင်းသိုးခြင်းမရှိစေရ။ ကတော်မယားတို့ တစ်ဦးထက် တစ်ဦးသာအောင် ကြိုးပမ်းအားထုတ် ပြိုင်ဆိုင်ရက်လုပ်ကြရသည်။ မသိုးသင်္ကန်းတော် ကြီးကြပ် ရက်လုပ်သည့် ကတော်မယားတို့ကိုလည်း ပုဝါအုပ်၊ ပိတ် အုပ်၊ သက္ကလတ်ခြုံထည်များ သနားတော်မူ၍ ဦးစွာပြီးသူ ကို ရွှေဘလားသနားတော်မူသည်။ မြင်းစုကြီးဝန်မယားမှာ ချည်ခင်ကို နေအိမ်ကဆောင်ယူလာ၍ ထည့်သွင်းရက်လုပ် ရန် ဝှက်ထားသည်ကို တွေ့မိသောကြောင့် ရွှေနန်းတော်ကို လှည့်၍ ဒိုးပတ်နှင့်ကရသည်။ ထိုပွဲများအပြင် ရှင်မာလဲပွဲကိုလည်း ကျင်းပတတ်သေး ကြောင်းဖြင့် ပုဂံဝန်ထောက်မင်းဦးတင်က မြန်မာမင်း အုပ်ချုပ် ပုံစာတမ်း၊ ပထမအုပ်၊ မျက်နှာ ၂၃၈ တွင် 'ကာကသတ္တဝါ၊ တာရာထိန်ဆဲ၊ ကထိန်ပွဲလျှင်၊ ရှင်မာလဲပွဲ၊ တန်ဆောင်ပွဲက၊ ပွဲ ကြီးသုံးဖြာ၊ ကြုံကြိုက်ပါလိမ့်'ဟု ဖွဲ့ဆိုခဲ့သည်။ ရှင်မာလဲပွဲ သည် သီဟိုဠ်ကျွန်း ကုရာဒဇနပုဒ်တွင် သီတင်းသုံးသော ရှင်မာလဲမထေရ်ကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသည်ဟု ပေါရာ ဏဒီပနီကျမ်း၊ ဒုတိယတွဲတွင် ပါရှိလေသည်။ တစ်ခါသော် ရှင်မာလဲ မထေရ်သည် တာဝတိံသာနတ်ပြည် စူဠာမဏိစေတီ တော်ကို အဖူးအမြော်သွားရာတွင် အရိမေတ္တေယျ အလောင်း တော်နတ်သားနှင့်ဆုံမိသည်။ ထိုအခါ အလောင်းတော်နတ်သား က တန်ဆောင်မုန်းလပြည့်တိုင် ရောက်သည့်အခါတိုင်း ဝေဿန္တရာ ဇာတ်တော်ကို လူအပေါင်းတို့အား ဟောကြားပါရန် လျှောက်ထားတောင်းပန်လိုက်သဖြင့် ရှင်မာလဲမထေရ်သည် တန်ဆောင် မုန်းလပြည့်နေ့တို့တွင် ဝေဿန္တရာဇာတ်တော်ကို ဟောကြားလေသည်။ ထို့ကြောင့် ရှင်မာလဲပွဲအခါ၌ ဂါထာ တစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာ ဇာတ်တော် ကြီးကို ဟောပြောရသည်။ လှော်ကားတော်ပုံပြု၍ လှော်ကား ထက်တွင် အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းဆုပ် တစ်ထောင်၊ ဆီမီးတစ်ထောင်စသည်တို့ကို လှူဒါန်းပူဇော်ရ လေသည်။

နတ်ပွဲ
=======
နတ်တော်လ ဓနုရာသီတွင် မဟာပိန္နဲနတ် ပူဇော်ပွဲကို ကျင်းပရိုးထုံးစံရှိသည်။ ထို့ကြောင့် အင်းဝမြို့ဘွဲ့ ဆဲ့နှစ်ရာသီ လူးတားတွင် 'ဂမုန်းအင်နှင့်၊ သဇင်ပွင့်ပေါ်၊ လနတ္တော်ကား၊ ပူဇော်ကြီးစွာ၊ မင်းဆရာတို့၊ မဟာ ပိန္နဲ'ဟု စပ်ဆိုထားခြင်း ဖြစ်လေသည်။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် လည်း ဘကြီးတော် မင်းတရားလက်ထက်က မဟာပိန္နဲပွဲ ဆင်ယင်ကြောင်းကို ဤသို့ မှတ်တမ်းတင်ထားလျက်ရှိလေ သည်။ နတ္တော်လဆန်းတစ်ဆယ့်ငါးရက်နေ့ မဟာပိန္နဲနတ်ကို ရထားတင်၍ ဗလိနတ်စာပေးတော်မူ၏။
မြင်းခင်းပွဲ
===========
ပြာသိုလ မကာရရာသီတွင် သေနင်္ဂဗျူဟာ အခမ်း အနားတစ်ရပ်ဖြစ်သော မြင်းခင်းပွဲ ဆင်ခင်းပွဲတို့ကို ဆင်ယင် ကျင်းပရိုးရှိလေသည်။ သီပေါမင်းတရားလက်ထက် ဆင်ခင်း မြင်းခင်း စက်သွင်းသဘင်တော် ကျင်းပပုံကို ထိုရာဇဝင်တော် ကြီးတွင် ဤသို့တွေ့ရလေသည်။ မြေနန်းတော် လက်ဝဲဘက်တွင် အမြင့် တစ်ဆယ့်ငါး တောင်ကစ၍ နှစ်ဆယ်၊ နှစ်ဆဲ့ငါးတောင်၊ သုံးဆယ်၊ ငါးဆယ်၊ အနောက်ကအရှေ့သို့ အတည့်အတန်း စက်တိုင် ငါးစိုက်ထူပြီးလျှင်.မင်းညီ မင်းသား၊ ဝန်ကြီး၊ အတွင်း ဝန်၊ ဝင်းတော်မှူး၊ မှူးတော်မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့ သနားတော်မြတ်ခံရသည့် မျဉ်း၊ မောက် တို၊ စစ်ဝတ်တန်ဆာ ဆင်ယင်ပြီးလျှင် မြင်းကြိုးကစုံများ ကိုစီးနင်း၍ တစ်ကိုယ်လျှင် ဆယ်ခေါက်ကျ လှံလျင် ဆယ်စင်းစီကုန်အောင် ထိုးကြရသည်။. စက်စွဲသည့် မင်းညီ မင်းသား၊ မှူးတော် မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့မှာ တစ်လက်စွဲလျှင် ငွေပွင့်ထိုး ပန်းပုဝါ တစ်၊ သဇင်ပန်းခိုင် တစ်စီ သနားတော်မူသည်။ .စက် ထိုးသဘင်ပြီးလျှင် ကသည်းအက္ကပတ် မြင်းတပ်ဗိုလ်အရာ ရှိတို့နှင့် မြင်းအမှုထမ်းတို့ ရှောက်သီးထားခုတ် လှံထိုး၊ ငှက်ပျောပင်စိုက် ရေအိုးတင် ထားခုတ်၊ မြင်းအစိုင်းအနှင့် အရေးအရာများကို ထိုးခုတ်ပြပြီးနောက် ရွှေနန်းတော်သို့ ဝင်တော်မူသည်။.လပြည့်ကျော် လေးရက်နေ့ ဘဝရှင် မင်းတရားကြီးဘုရား .ထွက်စံတော်မူပြီးလျှင် ဆင်တော် စီးရေသုံးဆဲ့နှစ်ကို တွဲဘက်တိုက်ဝှေ့စေပြီးနောက် စစ်မြေ အရပ်တွင် ဆင်တော်များကို ရဲဝံ့တံ့စား အကြောက်အရွံ့ မရှိရအောင် သေနတ်၊ မီးပေါက်၊ ယမ်းမီး၊ ဗြောက်၊ ဒိုင်း၊ ကာတို့ဖြင့် ပစ်တောက် ရိုက်ခတ် ခြောက်လှန့်စမ်းသပ် သည်များကို ကြည့်ရှုတော်မူ၍ ရွှေနန်းတော်သို့ ဝင်တော် မူသည်။

မီးဖုံးယာဂု လှူသောပွဲတော်
==========================
တပို့တွဲလ ကုံရာသီတွင် မီးဖုံးယာဂု လှူသောပွဲတော် ကို ကျင်းပရိုးရှိလေသည်။ ဤပွဲတို့အကြောင်း ထိုရာဇဝင်တော် ကြီး၌ ဤသို့တွေ့ရလေသည်။ တပို့တွဲလ၊ ပဏ္ဏရသီ၊ တိထီထွန်းစည့်၊ လပြည့်နေ့အခါ ဝယ်၊.ဆက္ကဒန္တ၊ ပြောင်မှန်ဝပင်၊ အေးမြသော အစွယ်ရှိ သည်ဖြစ်၍ သုံးလူ့ထွတ်ထား၊ မြတ်စွာဘုရားပင်လျှင်၊ လေးပါးသော မဟာဘူတ မျှတစေရန်၊ မီးရှိန်ခံတော်မူ သည်ကို ရည်ပြီးလျှင်၊ ရုပ်ရှင်တော်ပွား၊ ကိုယ်စားတော် စားဖြစ်သော.ဘုရားတစ်ဆယ့်ငါးဆူ၊ ရွှေဂူစေတီ၊ သရီရ မြတ်၊ မွေတော်ဓာတ်တို့အား နှစ်စဉ်ပူဇော်လှူဒါန်းမြဲ နံ့သာမျိုးဆယ်ပါးတို့တွင် သာရဂန္ဓအစစ်၊ အနှစ်နံ့သာတို့ ဖြင့်ပြည့်သော၊ မီးခံနှင့်တကွသော မီးဖုံး ပြာသာဒ်တော် ဆူရေတစ်ဆယ့်ငါး၊ ကောက်သုံးပါးတို့တွင်၊ ဩဇာလေး နက်၊ အကျိုးတက်သော၊ ကောက်ကြီးဆန်မြတ်၊ ပေါက် လတ်လက်ဦး၊ ဆွတ်ယူခူးသော ကောက်ဦးဆွမ်း အဖြစ် ဖြင့်ကောင်းစွာ ကျိုချက်အပ်သော မွန်မြတ်သော ယာဂု ဆွမ်းအလှူတော်များကို စာရင်းပါတစ်ဆယ့်ငါးဆူသော ဘုရားရှင်တို့အား သဇင်ပန်း၊ ဆီမီးတန်ဆောင်စသော အလှူတော်များနှင့်တကွ.ကောင်းမွန်စွာ အရုဏ်ဆွမ်းကပ် ၍၊ မီးဖုံးတော်များကို လှူဒါန်းပူဇော်တော်မူသည်။

သဲပုံစေတီပွဲ
============
တပေါင်းလ မိန်ရာသီတွင် သဲပုံစေတီပွဲကို ကျင်း ပရိုးရှိလေသည်။ ဤလတွင် ဧရာဝတီမြစ်တွင် သဲသောင်များ ဖြူဖြူဖွေးဖွေး ထွန်းပေါ်၍ ရေကျေးရေငှက်များ မြူးထူးပျော်ပါး ကြသဖြင့် အလွန်ကြည်နူး ဘွယ်ဖြစ်လေသည်။ ထိုအခါတွင် မင်းမိဘုရားနှစ်ပါးသည် မင်းညီမင်းသား မှူးတော်မတ်တော်တို့ နှင့်အတူ သောင်ပြင်သို့ ထွက်စံတော်မူကာ သဲပုံစေတီများကို တည်၍ ပူဇော်ကန်တော့ကြလျက် ပွဲလမ်းသဘင်ဆင်ယင်ကျင်းပ ကြလေသည်။ ဤကိုရည်၍ အင်းဝမြို့ဘွဲ့ဆဲ့နှစ်ရာသီလူးတားတွင်၊တစ်ပေါင်းလသာ၊ လတကာထက်နှိုင်းရာဖက်ရှောင်၊ လများနောင်ကားတောင်လည်းသာမော၊ တောလည်းသာထွေရေလည်းသာလှ၊ ဖြူလွသောင်ပြင်ငှက်ပေါင်းရွှင်လျက်၊ သဘင်အပြီသဲစေတီဟု၊ မြှောက်ချီရွှင်ပပူဇော်ကြမှ၊ ပြည်ပပြည်တွင်းဖြောင့်စင်းရည်စောင်၊ ဆီမီးထောင်နှင့်ထွန်းပြောင်ညီရုံး၊ ပန်းလျှင်ကုံးသို့နှလုံးသဒ္ဓါ၊ ရတနာသုံးဘော်ဖူးမြော်ကုန်ကြ၊ လွန်ရွှင်ပြရှင့်။ ဟူ၍ ဖွဲ့ဆိုထားသည်ကိုတွေ့ရလေသည်။ဤသို့အားဖြင့် ဆဲ့နှစ်ရာသီပွဲတော်တို့ကို မင်းမိဘုရား နှစ်ပါးအမှူးပြု၍ အစဉ်တစိုက် ကျင်းပလာခဲ့ကြရာ အချို့ ပွဲတော်များသည် ယခုအခါတိုင်အောင် ဆက်လက်ခေတ်စားဆဲ ပင်ဖြစ်ပေသည်။ အချို့မှာမူကား တိမ်ကောပပျောက်ကြလေပြီ တည်း။

ဝီကီပီးဒီးယား.......မှ တဆင့်
#ဆရာ၊ဆရာမများ မဖြစ်မနေသိရှိထားရမည့်
CCPR နှင့် QCPR ဖြည့်နည်းပုံစံ

CCPR နှင့် QCPR ကို ၂၀၂၄ -၂၀၂၅ပညာသင်နှစ်
တွင် အတန်းအလိုက် စတင်ဖြည့်သွင်းရမည်ဖြစ်သည်။

အုပ်စု(က)ဘာသာရပ်များ
မြန်မာ ၊အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး

🌲အုပ်စု( က )ဘာသာရပ်များ🌲
=========================

မူလတန်းအောက်ဆင့်(G1,G2,G3)
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

🌸စာသင်ခန်းတွင်းသင်ယူနေစဉ်စစ်ဆေးအကဲဖြတ်ခြင်း(Formative Assessment )

🏵️A (Advanced Level ) ၃ မှတ် အလွန်ကောင်း

🏵️S (Satisfactory Level ) ၂မှတ် ကောင်း

🏵️E (Emerging Level) ၁မှတ် ထပ်မံကြိုးစားရန်လို

မူလတန်းထက်ဆင့်( G4,G5)
🍀🍀🍀🍀🍀🍀🍀🍀🍀🍀

🌸သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်း
(Summative Assessment )

🏵️Grade A (ရမှတ် ၈၀ နှင့် အထက်) အလွန်ကောင်း

🏵️Grade B (ရမှတ် ၆၀ မှ ၇၉ ထိ) ကောင်း

🏵️Grade C (ရမှတ် ၄၀ မှ ၅၉ ထိ) သာမန်

🏵️Grade D (ရမှတ် ၄၀ အောက် ) ထပ်မံကြိုးစားရန်လို

____________

🌲အုပ်စု(ခ)ဘာသာရပ်များ🌲
======================

အုပ်စု (ခ)ဘာသာရပ်များ
စာရိတ္တနှင့်ပြည်သူ့နီတိ ၊ဘဝတွက်တာကျွမ်းကျင်စရာ ၊အနုပညာ(ပန်းချီ ) ၊အနုပညာ( ဂီတ) ၊ကာယပညာ

🤍💚မူလတန်းအောက်ဆင့်နှင့် မူလတန်းထက်ဆင့်
နှစ်ဆင့်စလုံးကို A,S,E ဖြင့်သာ ပေးရမည်။

A = ၃ မှတ်
S = ၂ မှတ်
E = ၁ မှတ်

____________

🌲တတ်မြောက်မှုစစ်ဆေး အကဲဖြတ်ခြင်း🌲
================================

ဇူလိုင်လ (Chapter End Test)
ဇွန်လမှဇူလိုင်လ ထိသင်ခန်းစာများ

အောက်တိုဘာလ (Midterm Test )
ဇွန်လမှ စက်တင်ဘာလဘာလထိ သင်ခန်းစာများ

ဒီဇင်ဘာလ ( Chapter End Test )
အောက်တိုဘာလမှ ဒီဇင်ဘာလထိ သင်ခန်းစာများ

ဖေဖော်ဝါရီလ (Year End Test )
အောက်တိုဘာလ မှ ဖေဖော်ဝါရီလထိ သင်ခန်းစာများ

အုပ်စု (ခ)ဘာသာရပ်များပျမ်းမျှအဆင့်တွက်နည်း
==================================

အုပ်စု (ခ) ဘာသာရပ်များ ကိုပျမ်းမျှအဆင့်တွက်ရာတွင်

ပျမ်းမျှအဆင့် = စုစုပေါင်းအမှတ် ÷
အကြိမ်အရေအတွက်

စားလဒ်သည်
၂.၅ နှင့်အထက် = A
၁.၅ နှင့်အထက် = S
၁.၅ အောက် = E
____________

🤍💚QCPR ဖြည့်သွင်းခြင်းကို ပညာသင်နှစ်တစ်နှစ်၏နောက်ဆုံးလတွင် CCPR မှရရှိသောပျမ်းမျှ အဆင့်များကို ကြည့်၍ဖြည့်သွင်းရပါမည် ။

🤍💚ကျောင်းခေါ်ကြိမ်ကို % ဖြင့်သာဖြည့်ရမည်။

🤍💚ကျောင်းဝင်အမှတ်ကိုသာ မင်နီဖြင့်ရေးပြီး အခြားအချက်အလက်များကိုမင်ပြာဖြင့်ရေးရမည်။မင်စိုဖြင့်ဖြည့်စွက်ခြင်းမပြုရပါ။

🤍💚ဖျက်ရာ၊ပြင်ရာမပါအောင် အထူးသတိထား
ရေးသွင်းရမည်။

မူလတင်ပေးသူကိုကျေးဇူးတင်ရှိပါတယ်
👍2
ယခင်ကတည်းက ရှိခဲ့သော်လည်း မလုပ်ကြတဲ့ အတန်းတွင်းအကဲဖြတ်စစ်ဆေးမှတ်တမ်း

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်စတင်တော့မည်ဆိုသည်နှင့် စာသင်ခန်းအတွင်း
စစ်ဆေးသည့်အခါအသုံးပြုရမည့်ပုံစံများကိုဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

ပုံစံ ၁

စာသင်ခန်းအတွင်းသင်ခန်းစာတစ်ခုချင်းစီစစ်ဆေးသည့်အခါ ရရှိလာမည့်
ရလဒ်များကိုကြည့်၍ ထည့်သွင်းရသည့်ပုံစံပါ။
ထိုပုံစံသည်ကျောင်းသားတစ်ဦးသင်ကြားသင်ယူခြင်းကိုမည်မျှတက်မြောက်သွားသည်ကိုဖော်ညွှန်းပါတယ်။

ပုံစံ ၂ နှင့် ၃

ထိုပုံစံတို့သည် လစဥ်အလိုက်စစ်ဆေးရာတွင်အသုံးပြုရမည့် ဘာသာ ရပ်၁၀ခု
၏ပုံစံပါ။
လစဥ်အလိုက်စစ်ဆေးရာတွင် သို့မဟုတ် သတ်မှတ်လ များကိုစု၍စစ်ဆေးရာတွင်လည်းကောင်း စစ်ဆေးလို့ရပေမယ့် လစဥ်အလိုက်ပဲစစ်ဆေးသွားတာပိုကောင်းပါတယ်ခင်ဗျာ။
ပိုအရေးကြီးတဲ့စစ်ဆေးခြင်းပုံစံပဲဖြစ်ပါတယ်။ ထိုသို့ တစ်လချင်းစီတွင် စစ်ဆေးခြင်းမှရရှိလာသော ကျောင်းသားများ၏ ရလဒ်ကိုကြည့်၍

ပုံစံ ၄ တွင်ဖြည့်သွင်းရမှာပါ။
မြန်မာစာရေးသားရာမှာ ‘အာ’ သရ အတွက် သင်္ကေတအဖြစ် ‘ဝိုက်ချ (-ာ)’ နဲ့ ‘မောက်ချ (-ါ)’ ကို သုံးရပါတယ်။

အဲဒီသင်္ကေတတွေကို သုံးတဲ့အခါ ဘယ်ဗျည်းနဲ့တွဲရင် ဘယ်သင်္ကေတကို သုံးရမယ်ဆိုတာ ရောထွေး ဝေဝါးတတ်ပါတယ်။

ဥပမာ - ‘ဓာတ်ပုံ’ လို့ ရေးရမှာလား ‘ဓါတ်ပုံ’ လို့ ရေးရမှာလား မကွဲပြားတတ်ပါဘူး။ ‘ဓား’ လို့ ရေးရမှာလား ‘ဓါး’ လို့ ရေးရမှာလား ရောထွေးနေတတ်ပါတယ်။

အစဉ်အလာအရ မြန်မာဘာသာစကားမှာ ဗျည်း (၃၃) လုံးရှိတယ်လို့ဆိုကြပါတယ်။ အဲဒီဗျည်း (၃၃) လုံး ထဲက ‘ခ’ ‘ဂ’ ‘င’ ‘ပ’ ‘ဒ’ ‘ဝ’ ဆိုတဲ့ ဗျည်း (၆) လုံးကလွဲရင် ကျန်တဲ့ဗျည်းတွေအားလုံးမှာ ‘အာ’ သရ သင်္ကေတ နဲ့တွဲတဲ့အခါ ‘ဝိုက်ချ (-ာ)’ ကို သုံးပါတယ်။

အထက်ကဖော်ပြခဲ့တဲ့ ဗျည်း (၆) လုံးကို ‘အာ’ သရသင်္ကေတ ‘ဝိုက်ချ (-ာ)’ နဲ့ တွဲတဲ့အခါအောက်ပါ အတိုင်း ဖြစ်လာပါတယ်။

‘ခ’ ကို ဝိုက်ချနဲ့ တွဲတဲ့အခါ ‘ခာ’ ဖြစ်လာပြီး ‘ဆ’ နဲ့ တူနေပါတယ်။
‘ဂ’ ကို ဝိုက်ချနဲ့ တွဲတဲ့အခါ ‘ဂာ’ ဖြစ်လာပြီး ‘က’ နဲ့ တူနေပါတယ်။
‘င’ ကို ဝိုက်ချနဲ့တွဲတဲ့အခါ ‘ငာ’ ဖြစ်လာပြီး ‘က’ နဲ့ တူနေပါတယ်။
‘ပ’ ကို ဝိုက်ချနဲ့တွဲတဲ့အခါ ‘ပာ’ ဖြစ်လာပြီး ‘ဟ’ နဲ့ တူနေပါတယ်။
‘ဒ’ ကို ဝိုက်ချနဲ့တွဲတဲ့အခါ ‘ဒာ’ ဖြစ်လာပြီး ‘အ’ နဲ့ တူနေပါတယ်။
‘ဝ’ ကို ဝိုက်ချနဲ့တွဲတဲ့အခါ ‘ဝာ’ ဖြစ်လာပြီး ‘တ’ နဲ့ တူနေပါတယ်

အဲဒီလိုတူနေတဲ့အခါ စာရေးရာမှာ အနက်တွေ ထွေပြားပြီး မှားယွင်းသွားနိုင်ပါတယ်။

ဒါကြောင့် ‘ခ’ ‘ဂ’ ‘င’ ‘ပ’ ‘ဒ’ ‘ဝ’ ဆိုတဲ့ဗျည်း (၆) လုံးကို ‘အာ’ သရ သင်္ကေတနဲ့တွဲလိုတဲ့အခါ ‘မောက်ချ’ ကို သုံးရမှာဖြစ်ပြီး ကျန်တဲ့ဗျည်းတွေကိုတော့ ‘ဝိုက်ချ’ နဲ့ တွဲသုံးရမှာဖြစ်ပါတယ်။

‘ဝိုက်ချ’ မသုံးဘဲ ‘မောက်ချ’ သုံးရတဲ့ဗျည်း (၆) လုံးကို မမေ့အောင် ‘ခင်’ ‘ဂူ’ ‘ငေါ’ ‘ဒေါ’ ‘ပုံ’ ‘ဝ’ လို့မှတ်ပါ လို့ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ) က လမ်းညွှန်ထားပါတယ်ခင်ဗျာ။

ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန်သုံးနိုင်ပါစေခင်ဗျာ။

မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမူသင်တန်းအမှတ်စဥ် ၁/၂၀၂၃
5👍2
#ကျောင်းအဆင့်အလိုက်ထားရှိသည့်အတန်းဦးရေဖော်ပြချက်
📚📚📚📚📚📚📚📚
ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်( သို့မဟုတ် ) ပုဂ္ဂလိကကျောင်းများ နှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းအဆင့်အလိုက်တက်ရောက်ရမည့်အတန်းများကိုအောက်ပါ အတိုင်း ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

(က) အခြေခံပညာမူလတန်းကျောင်း

- KG,Grade 1,2,3,4,5

(ခ) အခြေခံပညာမူလတန်းလွန်ကျောင်း

-KG,Grade 1,2,3,4,5,6,7,8

(ဂ) အခြေခံပညာအလယ်တန်းကျောင်း

-KG,Grade 1,2,3,4,5,6,7,8,9

ဃ) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) နှင့်
အခြေခံပညာအလယ်တန်းကျောင်း(တွဲ)

-KG,Grade 1,2,3,4,5,6,7,8,9

(c) အခြေခံပညာအထက်တန်းကျောင်း

-KG,Grade 1,2,3,4,5,6,7,8,9,10,11,12

(စ) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နှင့်
အခြေခံပညာအထက်တန်းကျောင်း(တွဲ)

-KG,Grade 1,2,3,4,5,6,7,8,9,10,11,12

မှတ်ချက်
.............
အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် သတ်မှတ်ကျောင်းအဆင့်အလိုက် ကျောင်းအပ်လက်ခံပြီး အမှန်တကယ်ကျောင်းတက်ရောက်သော ကျောင်းသားများကိုသာ ကျောင်းသားစာရင်းထည့်သွင်းရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အမှန်တကယ် ကျောင်းတက်ရောက်ခြင်းမရှိသူများအား ကျောင်းသားစာရင်းထည့်သွင်းထားပါက သက်ဆိုင်ရာကျောင်းအုပ်ကြီး၊ မြို့နယ်ပညာရေးမှူးတို့ အား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း အကြေင်းကြားပါသည်။

(ဒီအချက်ကတော့ SIF နှင့်သက်ဆိုင်သည့်အတွက်ရောဖြစ်ပါတယ်)

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍41
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသား ကျောင်းသူ ၆၃ သိန်းကျော်အပ်နှံပြီး
…………………………………………

နေပြည်တော်၊ ဇွန် ၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂ ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား/ ကျောင်းသူ ၆၃၉၄၅၂၈ ဦးအပ်နှံပြီးစီးခဲ့ပြီး ကျန်ရှိသည့် ကျောင်းသားကျောင်းသူများလည်း ဆက်လက်၍ သက်ဆိုင်ရာကျောင်းများထံသို့ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများအသီးသီးတွင် မိဘအုပ်ထိန်းသူများနှင့် ကျောင်းသားကျောင်းသူများ ကျောင်းလာ ရောက်အပ်နှံလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ အလိုက်ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံ များနှင့် ဆရာ၊ဆရာမများက လာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသားကျောင်းသူများအဆင် ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးဆောင်ရွက်ပေးကြပြီး ပညာရေး ဝန်ကြီးဌာနမှ ကျောင်းအပ်နှံသည့် ကလေးများအားလုံးအတွက် ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ဖြန့် ဝေပေးပြီး မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများကို ကျောင်းဝတ်စုံများပါ အခမဲ့ဖြန့်ဝေပေးလျက်ရှိ ကြောင်း သိရသည်။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသားကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။
👍1