Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
#ကျောင်းအကျိုးဆောင်အစည်းဝေးမှတ်တမ်းပုံစံ

မင်္ဂလာပါ ဆရာကြီး ဆရာမကြီးတို့ရေ
ကျောင်းအကျိုးဆောင်ဖွဲ့ခြင်း အစည်းဝေးခေါ်ရာတွင် အစည်းဝေးမှတ်တမ်း
ရေးသားခြင်းကို ဖော်ပြပေးလိုက်ရပါတယ် ခင်ဗျ။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
မူလတန်းအဆင့် အလယ်တန်းဆင့်များ၏ CCPR QCPR နမူနာပုံစံပါ

မူလတန်းအဆင့် CCPR သည် G1 မှစတင်ထားပါသည်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
1👏1
#CPRမှCCPRသို့အမည်တစ်ခုသာပြောင်းလဲခြင်းမဟုတ်

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ရလဒ်အဆင့်သတ်မှတ်ချက်များ

G1....G2....G3 ရလဒ်အဆင့် သတ်မှတ်ချက်
၈၀မှတ် နှင့် အထက်................ Aအဆင့်
၄၀မှတ် မှ ၇၉မှတ်................... S အဆင့်
၀ မှတ် မှ ၃၉........................... E အဆင့်

G4....G5.....G6.....G7.....G8......G9 ရလဒ်အဆင့်သတ်မှတ်ချက်
ရမှတ် ၈၀ နှင့် အထက်.............. A အဆင့်
ရမှတ် ၆၀ မှ ၇၉ မှတ်................ B အဆင့်
ရမှတ် ၄၀ မှ ၅၉ မှတ်................ C အဆင့်
ရမှတ် ၀ မှ ၄၀ မှတ်................... D အဆင့်

မူလတန်းအဆင့်ဖြစ်သော ဖွံ့ဖြိုးမူဘာသာရပ်များအားလုံးကို A.... S.....E ဖြင့်သာ ဖြည့်သွင်းရမည်။

အလယ်တန်းဆင့်တွင်သင်ကြားရမည့် ဖွံ့ဖြိုးမူဘာသာရပ်များအားလုံးကို
A....B.....C....D ဖြင့်သာဖြည့်သွင်းရမည်။

မူလတန်း G1 မှ G5 အထိ ရလဒ်အဆင့်သတ်မှတ်ချက်ကို နှိုင်းယှဥ်ရာတွင်
မူအောက်ဆင့် G1မှG3 အထိ ရမှတ် ၈၀နှင့်အထက် A သည် G4မှG5 အထိ
တူညီသော်လည်း
မူအောက်ဆင့် တွင် ရလဒ်အဆင့် သတ်မှတ်ချက် ၃ဆင့် (A.....S.....E)
မူထက်ဆင့် တွင် ရလဒ်အဆင့် သတ်မှတ်ချက် သည် ၄ ဆင့်(A..B..C..D)
သိထားရမှာက.....S အဆင့် ၄၀ မှတ်မှ၇၉ အထိဖြစ်သောကြောင့်
မူထက်ဆင့်ဖြစ်သော C အဆင့်ပေးမှတ် မှ Bအဆင့် ပေးမှတ်အထိသည် မူအောက်ဆင့် S ရလဒ်အဆင့် နှင့်ကိုက်ညီသည်ကိုသိထားရမှာပါ။

သို့မှသာ မူအောက် မူထက်ရလဒ်များကိုထည့်သွင်းရသော ဘတ်စုံအရည်အချင်း မှတ်တမ်းချုပ်ဖြစ်သော CCPR တွင် G1 မှ G5 အထိ
ဘာသာရပ် ၅ခု ဖွံ့ဖြိုးမူဘာသာရပ် ၅ခု ပေါင်း ၁၀ခုလုံး၏ အဆင့်သတ်မှတ်
ချက်ပုံစံတွင် အားလုံး A...S...E များသာဖြစ်ကြပါလိမ့်မည်။
တူညီဖို့သာရှင်းပြခြင်းမဟုတ်ပါ။ အပေါ်တွင်ရေးသားပီးဖြစ်သော G1 မှ G5အထိ ဖွံဖြိုးမူဘာသာရပ်များသည် A....S....Eသာဖြစ်ရမည် နှင့်
G4 နှင့် G5 ဘာသာရပ်များသည် A....B....C....D ဖြင့်သာဖြစ်ရမည်လို့ဖော်ပြ
ထားသောကြောင့် G4 နှင့် G5 ဘာသာရပ် နှင့် ထိုအတန်းများရှိဖွံဖြိုးမူ
ဘာသာရပ်များ ၏ ရလဒ်အဆင့်သတ်မှတ်ချက်ကိုပျမ်းမျှရှာပါက ရလဒ်
ပေးပုံခြင်းမတူညီသောကြောင့် မည်သို့မှ ဖြစ်နိုင်ခြေမရှိသောပုံစံဖြစ်ပါ
သည်။

G1 မှ G5 အထိ ဘာသာရပ်၅ခု ဖွံ့ဖြိုးမူဘာသာရပ် ၅ခု၏ ရလဒ်များတူညီစွာ
ရရှိနိုင်ဖို့သည် နောက်ဆုံး A.....S......E ဖြင့်သာချုပ်ရမည်ဖြစ်သောကြောင့်
G4... G5 ဘာသာရပ်များစစ်ဆေးရာတွင် A..B...C...D ဖြင့်သာစစ်ဆေး
နေပေမယ့် CCPR တွင် A...S...E ဖြင့်သာသွားမှသာ အဖြစ်နိုင်ဆုံးသော ရလဒ်
ဖြစ်လာပေမည်။

ထို့ပြင် အခြေခံကျောင်းများတွင် ဖွံ့ဖြိုးမူဘာသာရပ် ၅ခုကို အတော်များများ
ကမသင်ကြသည်ကိုတွေ့ရှိရပြီး CCPR တွင် ၎င်းဘာသာရပ်များကို မှန်း၍
ထည့်သွင်းထားသော ရလဒ်များဖြစ်နေသည်ကိုလည်းအခြေခံကအစသိနေပါ
သောကြောင့် ကျောင်းသားကျောင်းသူများ၏ ဗလငါးတန်းပြည့်ဝနိုင်စေရေး
အတွက် #ဖွံ့ဖြိုးမူဘာသာရပ် ၅ဘာသာကို ယခုစာသင်နှစ် ၂၀၂၄-၂၀၂၅ မှစ၍
မဖြစ်မနေစတင်သင်ကြားပေးရမည်ဟုလည်း သတ်မှတ်လိုက်ပါပီ ဖြစ်ကြောင်း
ကြိုတင်အသိပေးဖော်ပြအပ်ပါသည်ခင်ဗျာ။
စိတ်ညစ်ရသော ၊ ရှုပ်ထွေးလှသော
ကျောင်းထောက်ပံ့ကြေးငွေအကြောင်း(SIF)

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ၏ပထမအကြိမ်အတွက် ကျောင်းအတွက်ထောက်ပံ့ကြေးရန်ပုံငွေများလျာထားချက်များကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးကတောင်းနေပါပီ။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ပထမအကြိမ်ဆိုပေမယ့် ယခုပထမအကြိမ်ထုတ်ပေးမည့်ငွေသည် ယခင်နှစ်က
ကျောင်းသားစာရင်းအတိုင်းသာဖြစ်သည်ကိုလည်းအခြေကျောင်းများကကျောင်းအုပ်များအပြင် သင်ကြားရေးကအစ ရုံးဝန်ထမ်းအဆုံးသိရှိထားဖို့လိုအပ်သလို....ကျောင်းထောက်ပံ့ကြေးငွေအကြောင်းအရာက အစ သုံးစွဲနည်းများကိုလည်းသိရှိထားဖို့လိုအပ်ပါသည်။

ထောက်ပံ့ကြေးငွေသုံးစွဲရာတွင် ေခါင်းစဥ်တစ်ခုစီတွင် ပါဝင်သည့်အမျိုးအစားများကိုသိရှိထားဖို့လိုအပ်သလို

အချို့ခေါင်းစဥ်များသည်တစ်ခုနှင့်တစ်ခုဆက်စပ်နေသည်ကိုလည်းသိရှိထားရပါမည်။

ဆက်စပ်နေသည့်ခေါင်းစဥ်များ

၁(က) ၀၃၀၁ နှင့် ၀၃၀၄

၀၃၀၁ သည် ချွေးဒီးဒီးကျ၍အားစိုက်လုပ်ရသောလုပ်ငန်းမျိုးတွင်သုံးစွဲရခြင်း

ကျောင်းသားဦးရေးများပြားသောကျောင်းများတွင် ပုံနှိပ်စာအုပ်များ + ဗလာစာအုပ်များကို မိမိကျောင်းအတွက်ထုတ်ယူမည်ဆိုပါက
ထိုစာရေးကိရိယာများကို ကားပေါ်တင်သည့်အခါ စာအုပ်ထုပ်များထမ်းပီးတင်ပေးနိုင်ဖို့ အလုပ်သမားများကိုငှားရမ်းရာတွင် ၀၃၀၁ ငွေကိုသုံးစွဲ၍
ထိုစာအုပ်ထုပ်များတင်ပေးသည့်ကားကိုငှားရမ်းရာတွင် ၀၃၀၄ ငွေကိုသုံးစွဲရပါမည်။

၁(ခ) ၀၃၀၁ နှင့် ၀၄၀၉

၀၄၀၉ သည်အခြားဟုအများမှတ်ယူထားသောခေါင်းစဥ်တစ်ခုဖြစ်သည်။

ဥပမာ ကျောင်းခြံမြေဖို့ခြင်း ၊ ကျောက်ခင်းခြင်း ပြုလုပ်ရာတွင်....၃ကျင်းကားတစ်စီးကျောက် သို့မဟုတ် မြေဝယ်ယူမည်ဆိုပါက ၀၄၀၉ မှငွေကိုသုံးစွဲ၍
ထိုကျောက်သို့မဟုတ်မြေကိုမိမိကျောင်းတွင်ဖြန့်ဖြူးရန်အတွက်အလုပ်သမားငှားမည်ဆိုပါက ၀၃၀၁ ငွေကိုသုံးစွဲရမည်ဖြစ်သည်။

မတူညီသောခေါင်းစဥ်အမျိုးအစား ၂ခု

၀၃၀၃ နှင့် ၀၃၀၄ တို့တွင်

၀၃၀၃ သည် ပြပဲွဲပြိုင်ပွဲများတွင်အသုံးပြုမည့်အသံချဲ့စက်များဘောက်များ
ငှားရမ်းရာတွင်သုံးသည်ဟုသာမှတ်ယူထားကြသော်လည်း ထိုခေါင်းစဥ်တွင်
ယဥ်ငှားရမ်းခပါပြန်ပါတယ်။ ဘယ်လိုနေရာတွင်ယဥ်ငှားရမ်းခအဖြစ်သုံးစွဲလို့ရတာလဲဆိုရင် ကျောင်းသားကျောင်းသူများစာမေးပွဲဖြေရန်တစ်နေရာမှတစ်နေရာသို့သွားရောက်ရမည်ဆိုပါက မိမိကျောင်းမှအားကစားသမားများကိုအခြားတစ်နေရာသို့ပို့ဆောင်ပေးရမည်ဆိုသည့်အခါတွင် ယဥ်ငှားရမ်း၍သွားရသည့်အခါပေးရမည့်ငွေပါ။

၀၃၀၄ သည် လူနှင့်ပစ္စည်းကိုသယ်ယူပို့ဆောင်ရာတွင်ယဥ်ငှားရမ်းခအဖြစ်ပါ။
ဘယ်လိုလူလည်းဆိုရင် ကျောင်းသားကျောင်းသူ ဆရာဆရာမများမဟုတ်
သည့် ပြင်ပလူများကိုတင်ဆောင်ရန်အတွက်ယဥ်ငှားရမ်းသည့်အခါပေးဆောင်ရမည့်ငွေခေါင်းစဥ်ပါ။ ပစ္စည်းဟုဆိုရာတွင် ကျောင်းသုံးပုံနှိပ်၊ဗလာ၊ဝတ်စုံ၊သင်ကူပစ္စည်းများ ၊ လုပ်ငန်းသုံးပစ္စည်းများ ကိုသာ ဆိုလိုပါသည်။

ဆရာကြီးဆရာမကြီးများလေးစားလျှက်
👍2
ပင်မကျောင်း(အထက)များနှင့် အခြေစိုက်ကျောင်း(မူလွန်၊အလက-ခွဲ၊အထက-ခွဲ) များ ဆက်စပ်ဆောင်ရွက်ရသောလုပ်ငန်းများနှင့် ပတ်သက်၍......

#ဖြေလျှော့ပေးထားသည့်အစီအစဥ်များ