Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
The Adobe Lightroom Manual 2023 (PDF).rar
81.4 MB
AL Manual Book. ဖိုတိုရှော့သမားများအတွက်။
❤1
#အတန်းပိုင်စီမံချက်ပုံစံ / အတန်းမှူးစီမံချက်ပုံစံ

ဆရာကြီး ဆရာမကြီးတို့မင်္ဂလာပါခင်ဗျာ...........

ပညာရေးဌာနက ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင်
သင်ကြားရေးဆရာဆရာမများ၏ အတန်းပိုင် /အတန်းမှူးတို့ရဲ့စီမံချက်တွေကိုရေးသားထားခြင်းရှိမရှိစစ်ဆေးပါလိမ့်မည်။

အတန်းပိုင်စီမံချက်ဆိုတာဘာလဲ။

♻ အတန်းပိုင်စီမံချက်ဆိုတာ ပညာရေးပြက္ခဒိန်ပါလုပ်ငန်းများပဲဖြစ်ပါတယ်။

ထိုလုပ်ငန်းများကို မိမိအတန်းအတွက်စီမံချက်ပုံစံအဖြစ်ရေးသားခြင်းဖြစ်ပါတယ်။

ရေးသားသည့်ပုံစံ

1️⃣ နိဒါန်း

2️⃣ ရည်ရွယ်ချက်

3️⃣ လုပ်ငန်းပါအကြောင်းအရာ ......

4️⃣ နိဂုံး

ဆိုပီးအဆင့် 4️⃣ ဆင့်နဲ့ရေးသားသွားရမှာပါ။

♻ နိဒါန်း

၂၀.... - ၂၀.... ပညာသင်နှစ်တွင် အခြေခံပညာ.................................ကျောင်းတွင်းရှိ ကျောင်းသား-သူများအတွက် ဗလငါးတန်ပြည့်စံစေရေး၊ တိုးတက်ရေးနှင့် ထူးချွန်ထက်မြက်စေရေး ၊ နိုင်ငံချစ်စိတ် ၊ မျိုးချစ်စိတ်ရှိစေရေး ၊ အမျိုးဘာသာသာသနာကိုစောင့်ရှောက်စေရေးအပြင် အေးချမ်းစွာပညာသင်ကြားနိုင်စေရေးတို့အတွက် ယခုစီမံချက် ကိုရေးဆွဲထားပါသည်။

♻ ရည်ရွယ်ချက်

ထိုစီမံချက်ကိုအောက်ပါရည်ရွယ်ချက် ၉ချက်ဖြင့်ဖွဲ့စည်းထားပါသည်။

(က) ကျောင်းသား/သူများအေးချမ်းစွာ ပညာသင်ကြားနိုင်စေရေး

(ခ) ဘက်စုံထူးချွန်သော ကျောင်းသား/သူများ ပေါ်ထွန်းလာစေရေး

( ဂ) တက္ကသိုလ်ဝင် တန်းအောင်ချက်မြင့်မားရေး

(ဃ) အခမဲ့ အလယ်တန်း၊ အထက်တန်း ပညာရေးကိုအကောင်အထည်ဖော် ဆောင်ရွက်ရေး

(င) အင်္ဂလိပ်စာ၊ သင်္ချာနှင့် ဘက်စုံထူးချွန်သော ကျောင်းသား/သူများ မွေးထုတ်နိုင်စေရေး

(စ) အားကစားထူးချွန်သူ ၊စာရိတ္တ ထူးချွန်သူအစရှိသည့် လူရည်ချွန်၊ လူရည်မွန်များဖြစ်အောင် ကူညီလမ်း ညွန်ပေးရေး

(ဆ) စာကိုလည်းသင် ၊ လူကိုလဲပြင် ဆိုသောအမူအရ ကျောင်းသား/သူများ၏ စာသင်ကြားရေး သာမက သင်ရိုးဝင်ဘာသာရပ်များကိုလည်း စနစ်တကျ လမ်းညွှန်သင်ကြားပေးရေး။

(ဇ) ကျောင်းသားဒီမိုကရေစီ အခြေခံရရေးအတွက် ကျောင်းကောင်စီနှင့် အသင်းအဖွဲ့ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်စေရေး။

(စျ) ဝါသနာပါရာအသင်းအဖွဲ့များမှတဆင့် လူမူဘဝနယ်ပယ်များတွင်ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ရေး......စသည့်ရည်ရွယ်ချက်များဖြင့် တစ်လချင်းစီ၏လုပ်ငန်းများကိုဆောင်ရွက်သွားပါမည်။

♻ လုပ်ငန်းစဥ်အဆင့်ဆင့်

.... တစ်လချင်းစီ၏လုပ်ငန်းများကိုရေးသားခြင်း(ဖော်ပြထားပါသည်)

♻ နိဂုံး

အထက်ပါတစ်လချင်းစီအလိုက် ရေးသားထားသောပုံစံအတိုင်း
၂၀၂၄- ၂၅ ပညာသင်နှစ်တစ်နှစ်တာပတ်လုံးတွင် အခြေခံပညာ.........................
.....................ကျောင်းအတွင်းရှိ ( ........) အတန်းတွင်ပညာသင်ကြားနေသော ကျောင်းသား-ကျောင်းသူး (............)ဦးတို့၏ ဘက်စုံပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထူးချွန်ထက်မြတ်သော လူရည်ချွန်များပေါ်ထွက်လာ စေရေးအတွက် ယခုစီမံချက်ဖြင့်ပြုလုပ်ဆောင်ရွက်သွားပါမည်။


လက်မှတ်
အမည်
ရာထူး
ကျောင်း

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍4❤1
(၂၀၂၄-၂၀၂၅)ပညာသင်နှစ်
အတန်းပိုင်စီမံချက်၊ အတန်းမှူး စီမံချက် ရေးရမည်ဖြစ်ပါကြောင်းးးးးးး။
ငယ်ငယ်ကတည်းက ကြားဖူးခဲ့တာ ဘယ်သူပြောခဲ့လည်းတော့ မသိ

👉 ပထမ အရွယ် ပညာရှာ
👉 ဒုတိယ အရွယ် ဉစ္စာရှာ
👉 တတိယ အရွယ် သီလရှာ

ဒါလေးကို တွေးကြည့်မိတော့ ဒီ Framework က တစ်ခုခု လွဲနေတယ်

တချို့ ပညာရှာ အရွယ်မှာ သို့မဟုတ် ဉစ္စာရှာ အရွယ်မှာ တိမ်းပါးသွားကြတော့ တတိယ အရွယါ သီလ မရှာလိုက်ရ။ အဲတော့ ဗုဒ္ဓဘာသာ အယူအဆ အရကြတော့ သိပ်မကောင်းချေဘူး။

တကယ်တော့ ကျွန်တော်တို့က ဘာလို့ ဒီလို ကန့်သတ်မလဲ။
တစ်နေ့တာ အချိန်ကို ကျွန်တော်တို့ မနက်၊ နေ့လည်၊ ည လို့ ပိုင်းလိုက်ပြီး

မနက် အိပ်ယာထ
ဘုရားသောက်တော်ရေလှဲ၊ ဘုရားပန်းအိုး ရေလှဲ၊ မေတ္တာပို့၊ ဘုရားရှိခိုး
အဲမှာ သီလရှာလို့ ရတယ်

မနက်အိပ်ယာထ
ကော်ဖီ လက်ဘက်ရည် သောက်ရင်းနဲ့
ကိုယ်ကြိုက်ရာ စာအုပ်တစ်အုပ်ကို ဖတ်၊
အင်တာနက်မှာ ကမ္ဘာ အရပ်ရပ်က ဖြစ်နေတဲ့ သတင်းတွေဖတ်
အဲမှာ ပညာရှာလို့ ရတယ်

အချိန်ရှိသေးရင် မနက် အင်တာနက် သုံးရင်းနဲ့ ကိုယ့်စီးပွါးရေးအတွက် ကြေငြာတင်
အဲမှာ ဉစ္စာရှာလို့ ရတယ်

မနက်ပြီးရင် အများစုကတော့ နေ့လည်မှာ ဉစ္စာရှာကြတယ်။ အလုပ်လုပ်ကြတယ်ပေါ့

ညနေ အလုပ်ပြီးရင်
ကျန်းမာရေးအတွက် ဦးစားပေး လုပ်လို့ရတယ်။
ကျန်းမာနေမှ အားလုံးကို လုပ်နိုင်မှာ မလား

ည ထမင်းစားပြီး မအိပ်ခင် -
နောက်တစ်နေ့အတွက် စီစဉ်ပြီးရင်
ကိုယ်က စာဖတ် ဝါသနာပါရင် အဲမှာ စာဖတ်လို့ရတယ်။
အဲမှာ ပညာရှာတာပဲ။

ကိုယ့်အလုပ်က မပြီးသေးတာရှိရင် ဆက်လုပ်။ ဒါမေျမဟုတ် အလုပ်အတွက် တွေးတောပြီး ကြိုတင်စီစဉ်စရာ ရှိတာ စီစဉ်။
အဲမှာ ဉစ္စာရှာတာပဲ။

ဒါတွေ အားလုံးပြီးလို့ အိပ်ယာထက်မှာ နားပြီဆိုရင် -
ဆရာတော်ဘုရားတို့ရဲ့ ဆုံးမတရားတွေ ခုဆို YouTube မှာ အများကြီးပဲ။ တနေ့တစ်ပုဒ်နားထောင်တာတောင် မကုန်သေး။
ခုဆို မျက်စိနဲ့တောင် ဖတ်စရာမလိုတော့ဘူး။ နားနဲ့ နားထောင်နေရုံပဲ။ တစ်နေကုန် ပင်ပန်းတယ်လို့ အကြောင်းပြလို့မရ။ အိပ်ယာပေါ်မှာ မျက်စိလေးမှိတ်ပြီး တရား နားထောင်နေရုံပဲ
အဲမှာ သီလရှာလို့ရ

အချုပ်အားဖြင့် ကျွန်တော့် Framework က
🤔 မနက် - သီလ၊ ပညာ၊ ဉစ္စာ
🤔 နေ့လည် - ဉစ္စာ
🤔 ညနေ - ကျန်းမာရေး
🤔 ည - ပညာ၊ ဉစ္စာ၊ သီလ

အဲလို လုပ်လိုက်ရင် ကိုယ်က ဘယ်အချိန် တိမ်းပါးမယ် မသိလည်း ရပြီ။ ကိုယ်က အသက်ရင်နေတုန်း အကုန်စုံအောင် လုပ်ခဲ့ပြီလေ။

စဉ်းစားမိတာလေး ချပြီးရေးတာပါ။

❣ ချစ်ခြင်းမေတ္တာဖြင့် ❣


(ခု ဒီစာကို မနက်ရုံးအသွား ကားပေါ်မှာ အတွေးဝင်လာလို့ ဖုန်းထဲ မှတ်စုချရေးလိုက်တာပါ)
❤3
📌သုတေသနအကြောင်း စလေ့လာမယ့် လူငယ်တွေအတွက် ညွှန်းပေးချင်တဲ့ သုတေသန စာအုပ်များ

သုတေသနအကြောင်းလေ့လာရတာ အတော်လေးကို ခက်ခဲလွန်းခဲ့ပါတယ်။ အထူးသဖြင့် သုတေသနလုပ်တဲ့အခါမှာ ဝေဖန်ပိုင်းခြား စဉ်းစားသုံးသပ်ခြင်းက မဖြစ်မနေလုပ်ဆောင်ရတာကြောင့် စဉ်းစားသုံးသပ်လေ့မရှိတာကြောင့်ပါ။

ဒီနေရာမှာ Spoon feeding နဲ့သာ အသားကျခဲ့တဲ့ အတွက် မဟာတန်းအစမှာ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ ပေးထားတဲ့ စာအုပ်တွေကလဲ Advanced English နဲ့ရေးထားတာတွေမို့ ကိုယ့်အတွက် မငိုမိရုံတမယ် ခက်ခဲခဲ့ပါတယ်။ သို့ပေမယ့် ကိုယ့်ရဲ့ Stubborn ဖြစ်လွန်းတဲ့ ညည်လေးနဲ့ မရတာမှ ပိုလိုချင်တတ်တဲ့ အကျင့်လေးက အတော်လေးအကျိုးပြုခဲ့တယ်ထင်ပါတယ်။

နောက် နေရာတကာ စပ်စုချင်၊ မေးခွန်းတွေ မေးချင်လွန်းသလို အသစ်အသစ်တွေကိုသာ စိတ်ဝင်စားတတ်တဲ့ အကျင့်ကြောင့်ပဲ သုတေသနဲ့ ပက်သက်တဲ့ စာအုပ်တွေ ကောင်းရာနိုးနိုးရှာဖတ်ဖြစ်စေသလို free online courses တွေပါ တက်ဖို့ အကြောင်းဖန်ခဲ့တယ်ထင်ပါတယ်။

တက္ကသိုလ်တွေ၊ သင်တန်းတွေမှာ သုတေသနနည်းနာနိဿယကို သင်ကြားပေးကြပေမယ့် ဆရာ/မတွေအနေနဲ့ ပေးထားတဲ့ အချိန်အကန့်အသတ်အတွင်းမှာသာ သင်ကြားရတာမို့ နှံ့နှံ့စပ်စပ် အသေးစိတ်သင်ကြားပေးဖို့ခက်ခဲလှပါတယ်။ ဒါ့ကြောင့်မို့ ကျွမ်းကျင်တဲ့ အဆင့်ထိ တတ်မြောက်ချင်ရင်တော့ ကိုယ်တိုင် learning လုပ်ဖို့လိုအပ်သလို လက်တွေ့ သုတေသနတွေ ပါဝင်လုပ်ဆောင်ဖို့လဲ လိုပါတယ်။

ဝါရင့် သုတေသီကြီး တစ်ယောက်မဟုတ်သေးသော်လည်း ကိုယ့်လို အခက်အခဲအများကြီး မကြုံရဘဲ နားလည်လွယ်တဲ့ စာအုပ်တွေကို စတင်ဖတ်ရှုပြီးသုတေသနကို ချစ်တတ်သွားစေဖို့ သုတေသနအကြောင်း စလေ့လာမယ့်သူတွေဖတ်သင့်တဲ့ စာအုပ်လေးတွေ ညွှန်းပေး ချင်ပါတယ်။

“Reading without application is like you never read, especially for research”

မို့ အပျင်းပြေဖတ်တာမျိုးမဟုတ်ဘဲ Active reading လုပ်ပြီး လေ့ကျင့်ခန်းတွေ ကိုယ်တိုင် လုပ်ကြည့်ကြပါ။

📍ကိုယ်ရဲ့ English reading skill က intermediate or upper intermediate မဟုတ်သေးတဲ့ သူတွေ‌ အတွက်ဆိုရင်တော့ မြန်မာလို ဗားရှင်းစာအုပ်လေးတွေရွေးဖတ်လို့ရပါတယ်။ အင်္ဂလိပ်ဗားရှင်းမှာက လည်း အရေးအသားက Simple English နဲ့ပဲမို့ စဖတ်မယ့်လေ့လာမယ့်သူတွေအတွက် အတော်လေးအဆင်ပြေပါတယ်။

📍Link to download

https://drive.google.com/drive/folders/1UJtLzZz4VunqqjOp1uZZLzSpPnMJlSJo?usp=sharing
❤1👍1