Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ကျစွာမင်းလေ့လာကြည့်ရာ

သူ့ဖခမည်းတော်အမည်တင် မူးနေတော့တာ။

သမိုင်းအဆက်အစပ်လိုက်ရ အမျိုးစပ်ရနဲ့။

ဇေယျသိင်္ခက ထီးလိုမင်းလိုအပြင်-နားတောင်းများမင်းလို့လည်း ခေါ်ပြန်သတဲ့။

အဲဒီတော့

ပုဂံခေတ်ကျစွာမင်းကြီး(ဓမ္မရာဇာဘွဲ့ခံ)က

ဇေယျသိင်္ခ(ခေါ်)ထီးလိုမင်းလိုမင်း(ခေါ်)နားတောင်းများမင်းရဲ့သားတော်ပေါ့

ပင်းယကျစွာ(ကျော်စွာ)နဲ့လည်းမရောနဲ့
👍3
စံပြကျောင်းဖြစ်ဖို့ လက်စွဲစာအုပ်လေးပါ။၂၀၁၄(မြန်မာဘာသာ)
၁၉၉၉(Eng Version)
ပညာရေးဝန်ထမ်းတိုင်း
ဖတ်ရှုလေ့လာ အကောင်အထည်ဖော်
သင့်သော ခေတ်မီနေဆဲ
အကောင်ထည်ဖော်ဖို့ လှမ်းတက်ကြဆဲလက်စွဲစာအုပ်လေးပါ။
❤1
ကောက်ကြောင်းပန်းချီ။ (ကလေးများအတွက်)
The Adobe Lightroom Manual 2023 (PDF).rar
81.4 MB
AL Manual Book. ဖိုတိုရှော့သမားများအတွက်။
❤1
#အတန်းပိုင်စီမံချက်ပုံစံ / အတန်းမှူးစီမံချက်ပုံစံ

ဆရာကြီး ဆရာမကြီးတို့မင်္ဂလာပါခင်ဗျာ...........

ပညာရေးဌာနက ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင်
သင်ကြားရေးဆရာဆရာမများ၏ အတန်းပိုင် /အတန်းမှူးတို့ရဲ့စီမံချက်တွေကိုရေးသားထားခြင်းရှိမရှိစစ်ဆေးပါလိမ့်မည်။

အတန်းပိုင်စီမံချက်ဆိုတာဘာလဲ။

♻ အတန်းပိုင်စီမံချက်ဆိုတာ ပညာရေးပြက္ခဒိန်ပါလုပ်ငန်းများပဲဖြစ်ပါတယ်။

ထိုလုပ်ငန်းများကို မိမိအတန်းအတွက်စီမံချက်ပုံစံအဖြစ်ရေးသားခြင်းဖြစ်ပါတယ်။

ရေးသားသည့်ပုံစံ

1️⃣ နိဒါန်း

2️⃣ ရည်ရွယ်ချက်

3️⃣ လုပ်ငန်းပါအကြောင်းအရာ ......

4️⃣ နိဂုံး

ဆိုပီးအဆင့် 4️⃣ ဆင့်နဲ့ရေးသားသွားရမှာပါ။

♻ နိဒါန်း

၂၀.... - ၂၀.... ပညာသင်နှစ်တွင် အခြေခံပညာ.................................ကျောင်းတွင်းရှိ ကျောင်းသား-သူများအတွက် ဗလငါးတန်ပြည့်စံစေရေး၊ တိုးတက်ရေးနှင့် ထူးချွန်ထက်မြက်စေရေး ၊ နိုင်ငံချစ်စိတ် ၊ မျိုးချစ်စိတ်ရှိစေရေး ၊ အမျိုးဘာသာသာသနာကိုစောင့်ရှောက်စေရေးအပြင် အေးချမ်းစွာပညာသင်ကြားနိုင်စေရေးတို့အတွက် ယခုစီမံချက် ကိုရေးဆွဲထားပါသည်။

♻ ရည်ရွယ်ချက်

ထိုစီမံချက်ကိုအောက်ပါရည်ရွယ်ချက် ၉ချက်ဖြင့်ဖွဲ့စည်းထားပါသည်။

(က) ကျောင်းသား/သူများအေးချမ်းစွာ ပညာသင်ကြားနိုင်စေရေး

(ခ) ဘက်စုံထူးချွန်သော ကျောင်းသား/သူများ ပေါ်ထွန်းလာစေရေး

( ဂ) တက္ကသိုလ်ဝင် တန်းအောင်ချက်မြင့်မားရေး

(ဃ) အခမဲ့ အလယ်တန်း၊ အထက်တန်း ပညာရေးကိုအကောင်အထည်ဖော် ဆောင်ရွက်ရေး

(င) အင်္ဂလိပ်စာ၊ သင်္ချာနှင့် ဘက်စုံထူးချွန်သော ကျောင်းသား/သူများ မွေးထုတ်နိုင်စေရေး

(စ) အားကစားထူးချွန်သူ ၊စာရိတ္တ ထူးချွန်သူအစရှိသည့် လူရည်ချွန်၊ လူရည်မွန်များဖြစ်အောင် ကူညီလမ်း ညွန်ပေးရေး

(ဆ) စာကိုလည်းသင် ၊ လူကိုလဲပြင် ဆိုသောအမူအရ ကျောင်းသား/သူများ၏ စာသင်ကြားရေး သာမက သင်ရိုးဝင်ဘာသာရပ်များကိုလည်း စနစ်တကျ လမ်းညွှန်သင်ကြားပေးရေး။

(ဇ) ကျောင်းသားဒီမိုကရေစီ အခြေခံရရေးအတွက် ကျောင်းကောင်စီနှင့် အသင်းအဖွဲ့ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်စေရေး။

(စျ) ဝါသနာပါရာအသင်းအဖွဲ့များမှတဆင့် လူမူဘဝနယ်ပယ်များတွင်ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ရေး......စသည့်ရည်ရွယ်ချက်များဖြင့် တစ်လချင်းစီ၏လုပ်ငန်းများကိုဆောင်ရွက်သွားပါမည်။

♻ လုပ်ငန်းစဥ်အဆင့်ဆင့်

.... တစ်လချင်းစီ၏လုပ်ငန်းများကိုရေးသားခြင်း(ဖော်ပြထားပါသည်)

♻ နိဂုံး

အထက်ပါတစ်လချင်းစီအလိုက် ရေးသားထားသောပုံစံအတိုင်း
၂၀၂၄- ၂၅ ပညာသင်နှစ်တစ်နှစ်တာပတ်လုံးတွင် အခြေခံပညာ.........................
.....................ကျောင်းအတွင်းရှိ ( ........) အတန်းတွင်ပညာသင်ကြားနေသော ကျောင်းသား-ကျောင်းသူး (............)ဦးတို့၏ ဘက်စုံပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထူးချွန်ထက်မြတ်သော လူရည်ချွန်များပေါ်ထွက်လာ စေရေးအတွက် ယခုစီမံချက်ဖြင့်ပြုလုပ်ဆောင်ရွက်သွားပါမည်။


လက်မှတ်
အမည်
ရာထူး
ကျောင်း

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍4❤1