Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
#စာကြည့်တိုက်အသုံးပြုချိန်ကိုထည့်သွင်းရေးဆွဲရန်အကြောင်းကြားခြင်း

၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစတင်၍ အခြေခံပညာ (မူ၊လယ်၊ထက်)အတန်းများ၏အချိန်ဇယား(Time table)တွင် တစ်ပတ်လျှင်အနည်းဆုံး စာကြည့်တိုက် အသုံးပြုချိန်(၁)ချိန်ကို ထည့်သွင်းရေးဆွဲရန်

အခြေခံပညာ(မူ၊လယ်၊ထက်)ကျောင်းများ၏ အတန်းများတွင် အချိန်ဇယား(Time table)တွင် တစ်ပတ်လျှင် အနည်းဆုံး စာကြည့်တိုက် အသုံး ပြုချိန်(၁)ချိန်ကို ထည့်သွင်းရေးဆွဲရန်၍ အမှန်တစ်ကယ်အသုံးပြုဆောင်ရွက်စေရန်၊ ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းများ သင်ကြားချိန်တွင်လည်း သင့်လျော် သလို အချိန်ဇယား ရေးဆွဲဆောင်ရွက်ကြရန်၊ ကျောင်းသားများကို စာဖတ်ရှိန်မြင့်တင်ပေးရန်၊ ကျောင်းစာကြည့်တိုက်အသုံးပြု၍ ဆောင်ရွက်ရမည့် သင်ခန်းစာလေ့ကျင့်ခန်းများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ပေးရန်၊ ကျောင်းစာကြည့်တိုက်များ၏ အချက်အလက်မှတ်တမ်းများ၊ ကျောင်းသားများ စာအုပ်ဖတ်ရှုလေ့လာငှားရမ်းသည့်ဖတ်ရှုမှု ဆန်းစစ် ချက်မှတ်တမ်းတို့ကို စနစ်တကျထားရှိဆောင်ရွက်သွားစေရေး လိုအပ်သည်များကို အဆင့်ဆင့် ကြီးကြပ် ဆောင်ရွက်သွားကြရန်..........လို့ညွှန်ကြားစာများထုတ်ပြန်မူကို သိရှိသည်ဖြစ်စေမသိရှိသေးသည်ဖြစ်စေ.....

ကြိုတင်သိရှိနိုင်အောင်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ.......

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
#ကျောင်းအုပ်အတိုးအပြောင်းပြုလုပ်ရာတွင်......သိထားရမည်အချက်များ

ကျောင်းအုပ်ကြီးများတာဝန်လွှဲပြောင်းမည်ဆိုပါက

နောက်ထပ်ကျောင်းအုပ်ရောက်လာသည်ပဲဖြစ်ဖြစ်
ရောက်မလာသေးလို့တာဝန်ခံကျောင်းအုပ်ကို....တာဝန်လွှဲရာမှပဲဖြစ်ဖြစ်

အကောင်းဆုံးနည်းလမ်းကတော့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးမှာ
လွှဲတာကအကောင်းဆုံးပါ။

သို့ပေမယ့်အခြေအနေအရ...ခက်ခဲမူများရှိလာနိုင်သောနေရာဆိုပါက

၁။ SIF ငွေကြေးရှင်းတမ်းကို....ရှင်းလင်းခဲ့ခြင်း

၂။ ကျောင်းသမိုင်းကျဥ်း(မိမိလက်ထက်ဖွံ့ဖြိုးမူအပါအဝင် အလျားအတို်င်းများအပါအဝင်အတိအကျ ရေးသားထားခဲ့ခြင်း)

၃။ ပုံစံ ၁၀၅ ကိုလက်ဝယ်ပေးထားခဲ့ခြင်း(အကယ်၍မရှိပါကမရှိပါကြောင်းနဲ့လျှောက်ထားစဲဖြစ်ပါကလျှောက်ထားခဲ့ပါကြောင်း)

၄။ ကေျာင်းရံပုံငွေရှိပါက အသေးစိတ်ရှင်းလင်းရေးသား၍ထားခဲ့ခြင်း

၅။ အဆောက်အဦးများလျှောက်ထားစဲဖြစ်ပါက လျှောက်ထားသည့်ပုံစံများလွဲပြောင်းထားခဲ့ခြင်း

၆။ ကျောင်းဆိုင်ရာပရိဘောဂအတည်ပြုစာရင်းလွှဲပြောင်းပေးခဲ့ခြင်း

၇။ ကျောင်းဆိုင်ရာမှတ်တမ်းများအားလုံးလွှဲပြောင်းပေးခဲ့ခြင်း

၈။ ဆရာကိုင်စာအုပ်များအပါအဝင်သင်ကူးများစာရင်းသေချာပြန်လည်ပြုစု၍
ရေးသားထားပြီးလွှဲပြောင်းပေးခဲ့ခြင်း

၉။ TC စာအုပ် နှင့် ကျောင်းဝင်ခွင့်ပုံစံစာအုပ် ၊ ခ စာရင်းစာအုပ်(အသစ်+အဟောင်း) လွှဲပြောင်းပေးခဲ့ခြင်း

၁၀။ စာကြည့်တိုက်စာအုပ်အမျိုးအမည်များအရေအတွက်များစာရင်းပြုစု၍
ထားရှိခဲ့ခြင်း

၁၁။ ကျောင်းတံဆိပ်တုံးလွှဲပြောင်းပေးခြင်း(မိမိအမည်နှင့် ရာထူးတံဆိပ်တုံးမပါ)

ဒီ ၁၁ ချက်ကိုမဖြစ်မနေကို....နောက်ကျောင်းအုပ် သို့မဟုတ် တာဝန်ကျောင်းအုပ်လက်ထဲသို့အသိသက်သေများရှေ့တွင်လွှဲပြောင်းပေး၍
မိမိလွှဲပြောင်းသည့်ပစ္စည်းစာရင်းအမည်များကိုရေးသားထားသော
စာရွက်....လွှဲပြောင်းပေးသူအမည် နှင့် လက်မှတ်(ရက်စွဲပါ) ၊ လွှဲပြောင်းယူသောသူ၏အမည်၊ရာထူး၊လက်မှတ်(ရက်စွဲပါ) ၊ အသိသက်သေ၏အမည်ရာထူး၊အမည်၊လက်မှတ်(ရက်စွဲပါ) တို့ကိုပြုလုပ်၍....မူရင်းတစ်စုံကို လွှဲပြောင်းရယူသူထဲတွင်ပေးခဲ့၍ မိတ္တူကိုလွှဲပြောင်းသူကယူထားရပါမယ်။

ဒီလိုပြုလုပ်ရခြင်းသည် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့်အကြောင်းအရာများအတွက်(ရှိလာပါက) မိမိတို့ဘက်မှချပြနိုင်အောင်ပြုလုပ်သွားရမှာဖြစ်သလို၊
နှစ်ဦးနှစ်ဘက်အတွက်လည်းတာဝန်ရှိရှိပြုလုပ်ရာကျရောက်ပါကြောင်း
အသိပေးရေးသားဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍1
Grade 6 English Recording.zip
7.5 MB
Grade 6 English audio files (Zip file ဖြစ်ပါတယ်။ Download ယူပြီးရင် Zip ဖြည်ရပါမယ်။ ကိုယ်တိုင် မလုပ်တတ်ပါက တတ်ကျွမ်းသူတစ်ဦးဦးကို ပြခိုင်းပေးပါ)
Grade 9 English (သင်ရိုးသစ်) မှာ မြန်မာ့တူရိယာတွေဖြစ်တဲ့ စောင်းကောက်နဲ့ ဆိုင်းဝိုင်းအကြောင်း ပါပါတယ်။ အခု စောင်းကောက်နဲ့ ပတ်သက်ပြီး ဖြည့်စွက်ဖတ်ရှုဖို့ မျှဝေပေးလိုက်ပါတယ်။

🔸🔸🔸🔸🔸🔸🔸

ယနေ့ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီးတို့ အသုံးပြုနေကြတဲ့စောင်းများမှာ လေးကိုင်းပုံသဏ္ဌာန်စောင်းနဲ့ တြိဂံပုံသဏ္ဌာန်စောင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ လေးကိုင်းပုံသဏ္ဌာန်စောင်းဟာ တြိဂံပုံသဏ္ဌာန်စောင်းထက် ပိုမိုရှေးကျကြောင်း လေ့လာတွေ့ရှိရပါတယ်။

သမိုင်းအထောက်အထားများအရ မြန်မာ့စောင်းဟာ ခရစ် ၈၀၂ခုနှစ် ပျူခေတ်ကတည်းက ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ ရှေးဦးတူရိယာများဖြစ်ကြတဲ့ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်စတဲ့ တူရိယာငါးပါးမှာ စောင်းဟာ တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာ့စောင်းကို ကြိုးတပ်တူရိယာများအနက် တူရိယာဘုရင်လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ထီးနန်းအဆက်ဆက်သုံးစွဲခဲ့တဲ့ စောင်းကို ဂန္ဓဗ္ဗစောင်း သို့မဟုတ် ဇာတိစောင်းလို့ ခေါ်ပါတယ်။ ဒီစောင်းမှာ ကြိုးခုနှစ်ချောင်းပါဝင်ပါတယ်။

ဆိုင်းဝိုင်းမှာ ဗုံများကို ပတ်စာထည့်တဲ့အခါ ကြေးနောင်ကို စံထားရပါတယ်။ ကြေးနောင်ကို အသံညှိတဲ့အခါ နှဲသံကို စံထားရပါတယ်။ နှဲသံအတွက် လက်ပေါက်ဖောက်တဲ့အခါ စောင်းသံကိုနာခံပြီးဖောက်ကြရတဲ့အတွက် စောင်းဟာ ဂီတအားလုံးရဲ့အဓိကအသံလို့ဆိုကြပါတယ်။ မြန်မာတို့မှာ စောင်းကောက်နဲ့ဗျပ်စောင်းဟာ ထင်ရှားပါတယ်။ ဗျပ်စောင်းဟာ ဗျပ်လို အဝိုင်းပြား၊ အိုးမှာ လက်ရုံးတပ်ထားတဲ့ ကြိုးတပ်တူရိယာဖြစ်ပြီး ရှေးခေတ်ရှမ်းလူမျိုးတွေတီးတဲ့ ဗျပ်စောင်း သို့မဟုတ် ပျူခေတ် ဗူးဗျပ်စောင်းပုံစံမျိုးဖြစ်မယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။ ခရစ်နှစ် ၈၀၂ခုနှစ်မှာ ပျူမင်းသားသုနန္ဒ၊ အမတ်ကြီး နာကျကုဥ္စနဲ့ မဟာသေနတို့ဦးဆောင်တဲ့ တရုတ်နိုင်ငံရောက် ပျူသံအဖွဲ့မှာ ပျူဂီတအကအဖွဲ့ပါပါတယ်။ တန်မင်းဆက်သမိုင်းမှာဖော်ပြထားတာက သူတို့မှာ တူရိယာ ၂၂မျိုးပါလာပြိး အဲ့ဒီအထဲမှာ စောင်းအမျိုးအစားအမျိုးမျိုးပါ ပါဝင်ကြောင်းဖော်ပြထားပါတယ်။ စောင်းကို ရှေးဘုရင်များလက်ထက် အတော်နှစ်ခြိုက်ခဲ့ကြပြီး ထီးသုံးနန်းသုံးအဖြစ် အသုံးပြုခဲ့ကြရုံသာမက တောင်သူလယ်သမား ဆင်းရဲသားများကလည်း နှစ်သက်စွာ တီးခတ်ကြပါတယ်။

မြန်မာ့စောင်းကောက်ဟာ လှေပုံသဏ္ဌာန်ရှိပြီး ရွက်တိုင်ကွေးမှာ လေးအားဖြစ်ဖို့ လေးကြိုးကိုဆွဲတဲ့ အခါမှာ လေးကိုင်းဟာ ကွေးညွတ်သွားတဲ့ လေးကိုင်းသဏ္ဌာန်ရှိပါတယ်။ မြန်မာ့စောင်းဟာ တစ်ခြားနိုင်ငံများမှ စောင်းတွေနဲ့မတူပဲ တစ်မူအသွင်ထူးခြားတဲ့ ပုံစံရှိပါတယ်။ မြန်မာ့စောင်းမှာ အပိုင်းနှစ်ပိုင်းရှိပြီး လက်ရုံးပိုင်းနဲ့ ကိုယ်ထည်ပိုင်းဖြစ်ပါတယ်။ လက်ရုံးပိုင်းမှာ ကွေးကောက်ပုံသဏ္ဌာန်သုံးမျိုးရှိပါတယ်။ သဇင်ခွေလက်ရုံး (သဇင်ပန်းရဲ့နွဲ့နှောင်းကွေးညွှတ်နေဟန်ကို အတုယူထား)၊ မျောက်ထိုင်လက်ရုံး(မျောက်တစ်ကောင်ထိုင်နေစဉ် ဘေးတိုက်မြင်ရပုံကို ပုံစံတူပြုထား) နဲ့ ငါးမျှားချိန်လက်ရုံး(ငါးမျှားချတ်၏ကွေးကောက်ပုံကို အတုယူထား) တို့ပဲဖြစ်ပါတယ်။ မျောက်ထိုင်လက်ရုံးနဲ့စောင်းဟာ အသုံးအများဆုံးဖြစ်ပြီး လက်ရုံးမှာချည်တဲ့ ဘွဲ့ကြိုးမြဲခြင်းကြောင့် စောင်းကြိုးအလျှော့အတင်း နည်းတဲ့အတွက်ဖြစ်ပါတယ်။

စောင်းကိုယ်ထည်ပိုင်းဟာ လောင်းလှေသဏ္ဌာန်ရှိပြီး စောင်းအိုးကို ရှေးအဆိုအရ တောင်ကုန်းမြေမြင့်ဒေသမှာပေါက်တဲ့ ပိတောက်သားနဲ့ပြုလုပ်တာပိုကောင်းတယ်လို့ဆိုပြီး ပိတောက်သားနဲ့ပြုလုပ်ကြပါတယ်။ ဒီနောက်ပိုင်းတော့ ပိတောက်သားအပြင် ယမနေသား၊ ကျွန်းသားအဖြူ၊ ယင်းမာသားတို့နဲ့လည်း ပြုလုပ်လာကြပါတယ်။ စောင်းအိုးထွင်းရာမှာ “ရှေ့စကားနောက်ဖလား”ဆိုပြီး ဆိုရိုးရှိတဲ့အတိုင်း စောင်းအိုးရဲ့ဦးပိုင်းကို စကားရွက်ပုံသဏ္ဌာန်နဲ့ ပဲ့ပိုင်းကို ဖလား၏အောက်ဝန်းသဏ္ဌာန်ရှိစေပါတယ်။ မြန်မာစောင်းကောက်အပြင် ၁၉၂၂မှာ မြန်မာ့စောင်းပြားလည်း ပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာ့စောင်းကောက်ဟာ လှပနုနယ်ပြီး တန်ဖိုးကြီးခြင်းကြောင့် စောင်းပညာသင်လိုသော်လည်း ငွေကြေးမတတ်နိုင်တာကတစ်ကြောင်း၊ ခရီးသွားရင်သယ်ယူရလွယ်တာကြောင့်တစ်ကြောင်း၊ ကြိုးညှိရလွယ်တာကတစ်ကြောင်း၊ ယနေ့စောင်းပညာလိုက်စားသူများနဲ့ အချို့စောင်းပညာရှင်များဟာ စောင်းပြားကိုပိုမိုသုံးစွဲလာကြပါတယ်။

အစက စောင်းကြိုး ခုနှစ်ကြိုးရှိပြီး နောက်ပိုင်း ဆယ့်သုံးကြိုးမှသည် ဆယ့်ခြောက်ကြိုးအထိ တီထွင်လာကြပါတယ်။ စောင်းကြိုးလေးတွေကို ပိုးကောင်ဥမှရရှိတဲ့ ပိုးချည်မျှင်အစိမ်းများမှ ကြိုးအဖြစ်ပြုပြင်ယူရပါတယ်။ ဒီပိုးကြိုးဟာ အဝါရောင်ရှိတဲ့အတွက် ခင်ဝါကြိုးလို့ စာဖွဲ့ခဲ့ကြပါတယ်။ စောင်းသံဖျားခေါ် အောက်ဆုံးကြိုးမှ အထက်ဆုံးဒုံးကြိုးအထိ ကြီးစဉ်ငယ်လိုက် အလိုရှိသောအသံပေါ်မူတည်ပြီး ပိုးကြိုးကို အပင်လိမ်အဖြစ် သေးအကြီးကျစ်ကြရပါတယ်။ စောင်းကြိုးချည်ရာတွင် ချည်သောဘွဲ့ (ပန်ပွား)ကြိုးနဲ့ ယင်းစောင်းကြိုးကို ဆက်သွယ်ပြီး လက်ရုံးဘွဲ့ (ပန်းဖွား)ကြိုးလျော့မကျစေရန် အထစ်များပြုလုပ်ပြီး နှောင်ကြိုးတည်းရကြောင်း မှတ်သားရပါတယ်။

ကိုးကား။ မြန်မာ့စောင်းသိကောင်းစရာနှင့်တတ်ကောင်းစရာ(သုတေသီရာမညကိုကိုနိုင်)
👍1🥰1
Grade 7 English Recording.zip
46.2 MB
Grade 7 English audio files (Zip file ဖြစ်ပါတယ်။ Download ယူပြီးရင် Zip ဖြည်ရပါမယ်။ ကိုယ်တိုင် မလုပ်တတ်ပါက တတ်ကျွမ်းသူတစ်ဦးဦးကို ပြခိုင်းပေးပါ)
👍3👏1
Grade 8 English Recording.zip
42.5 MB
Grade 8. English audio files (Zip file ဖြစ်ပါတယ်။ Download ယူပြီးရင် Zip ဖြည်ရပါမယ်။ ကိုယ်တိုင် မလုပ်တတ်ပါက တတ်ကျွမ်းသူတစ်ဦးဦးကို ပြခိုင်းပေးပါ)
🥰1
Grade 9 English Recording.zip
34.5 MB
Grade 9 English audio files (Zip file ဖြစ်ပါတယ်။ Download ယူပြီးရင် Zip ဖြည်ရပါမယ်။ ကိုယ်တိုင် မလုပ်တတ်ပါက တတ်ကျွမ်းသူတစ်ဦးဦးကို ပြခိုင်းပေးပါ)
❤5
Grade 10 English Recording.zip
45.4 MB
Grade 10 English audio files (Zip file ဖြစ်ပါတယ်။ Download ယူပြီးရင် Zip ဖြည်ရပါမယ်။ ကိုယ်တိုင် မလုပ်တတ်ပါက တတ်ကျွမ်းသူတစ်ဦးဦးကို ပြခိုင်းပေးပါ)
❤3👍1
Grade 11 English Recording.zip
39.9 MB
Grade 11 English audio files (Zip file ဖြစ်ပါတယ်။ Download ယူပြီးရင် Zip ဖြည်ရပါမယ်။ ကိုယ်တိုင် မလုပ်တတ်ပါက တတ်ကျွမ်းသူတစ်ဦးဦးကို ပြခိုင်းပေးပါ)
❤3
Grade 12 English Recording.zip
34.5 MB
Grade 12 English audio files (Zip file ဖြစ်ပါတယ်။ Download ယူပြီးရင် Zip ဖြည်ရပါမယ်။ ကိုယ်တိုင် မလုပ်တတ်ပါက တတ်ကျွမ်းသူတစ်ဦးဦးကို ပြခိုင်းပေးပါ)
❤3
TinMoe_PoemMethod.pdf
2 MB
တင်မိုး

"မြန်မာကဗျာဖွဲ့နည်း"