Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
အချိန်ဇယားတွင် ပါဝင်ရမည့်ပုံစံကို တင်ပြပေးခဲ့ပီးဖြစ်ပါတယ်...
ယခုအချိန်ဇယားရေးဆွဲရာတွင်လိုက်နာရမည့်အချက်များကိုဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

အချိန်ဇယားပေါင်းချုပ်ကို ကျောင်းအုပ်ကြီး ရုံးခန်းအတွင်းတွင် ချိတ်ဆွဲထားရှိရမည်။ အချိန်ဇယားရေးဆွဲရာတွင် အရေးကြီးဆုံးအချက်မှာ ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသော အတန်းလိုက်ဘာသာရပ်အသီးသီး၏ သင်ချိန်ခွဲတမ်းကိုကောင်းစွာ သိရှိရမည်ဖြစ်သည်။

#အချိန်ဇယားရေးဆွဲရာတွင်
အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည် -

(က) သတ်မှတ်ပေးထားသည့် ရက်သတ္တပတ်အတွင်း အတန်းအလိုက်ဘာသာရပ် တစ်ခုချင်း၏ သင်ချိန်ခွဲဝေမှုအတိုင်း ရေးဆွဲရမည်။

( ခ) အတန်းတစ်တန်းအတွက် နေ့စဉ် ဘာသာစုံပါဝင်ရန် တတ်နိုင်သမျှ စီစဉ်ရေးဆွဲရမည်။

( ဂ) ဆရာတစ်ဦးတည်း(၃)ကြိမ် ဆက်တိုက်သင်ရန် ထည့်သွင်းရေးဆွဲခြင်းမျိုးမဖြစ်စေရပါ။

(ဃ) ကျောင်းသား၊ ကျောင်းသူများ၏ ပင်ပန်းနွမ်းနယ်မှု အခြေအနေကိုထည့်သွင်း စဉ်းစားရေးဆွဲ ရမည်။ (သာမန်အားဖြင့် နံနက်ပိုင်းအချိန်တို့သည် စိတ်ဓာတ်အရွှင်လန်းဆုံးဖြစ်သည်။ ကျောင်းဆင်းခါနီး နောက်ဆုံးအချိန်သည် ကလေးများ၏ စိတ်ရောကိုယ်ပါနွမ်းနယ်မတည် ငြိမ်သောအချိန်ဖြစ်၍ တက်ကြွလန်းဆန်းချိန်များတွင် အာရုံစူးစိုက်ရန်လိုအပ်သော ဘာသာရပ် များကို ထည့်သွင်းရေးဆွဲရမည်။)

( င) တစ်ဘာသာတည်းကို သင်ချိန်(၃/၄)ချိန် ဆက်တိုက် မရေးဆွဲရပါ။(ဆရာရောတပည့်ပါ ငြီးငွေ့ လာမည်။ ဘာသာရပ်သဘာဝအရရေးသောအချိန်၊ တွက်သောအချိန်၊ သီဆိုရသော အချိန်၊ လှုပ်ရှားလုပ်ဆောင်ရသော အချိန်တို့ကို မျှတစွာ အလှည့်ပေးရေးဆွဲရမည်။)

( စ) ကာယကဲ့သို့သော ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု ဘာသာရပ်များကို နောက်ဆုံးအချိန်တွင်ထားရ မည်။

(ဆ) အတန်းပိုင်စနစ်ဖြင့် ဘာသာစုံသင်သော မူလတန်းအဆင့်တွင် အတန်းလိုက်အချိန်ဇယား ရေးဆွဲရမည်။ အတန်းအချိန်ဇယားသည် ကိုယ်ပိုင်အချိန်ဇယားနှင့် ထပ်တူဖြစ်ရမည်။ (ရေးဆွဲ ရာတွင်တစ်တန်းနှင့် တစ်တန်းသင်ကြားသောဘာသာရပ်၊ သဘာဝချင်း အနှောင့်အယှက် မဖြစ်ရအောင် အတတ်နိုင်ဆုံးစီစဉ်ရမည်။ ဥပမာ-ဒုတိယတန်းတွင် သင်္ချာသင်ချိန်ဖြစ်လျှင် အတန်းချင်းကပ်နေသော တတိယတန်းတွင် ဂီတအချိန်၊ စုပေါင်းသီချင်းဆိုခြင်းမျိုး မဖြစ်သင့် ပေ။)

( ဇ) ဘာသာရပ်စနစ်ဖြင့် ဆရာများက ဘာသာရပ်ခွဲဝေ၍ အတန်းတစ်တန်းကိုဖြစ်စေ၊ အတန်း များကိုဖြစ်စေ၊ သင်ပြသော အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်များတွင် ကိုယ်ပိုင် အချိန်ဇယားကိုမူတည်၍ အတန်းအချိန်ဇယားဖြစ်အောင် ရေးဆွဲရမည်။

(စျ) ဆရာတစ်ဦးအား အချိန်တစ်ချိန်တွင် တာဝန်ချထားပေးပြီးပါက ၎င်းဆရာအား အဆိုပါ အချိန် တွင်ပင် အခြားအတန်းများ၌ တာဝန်ချထားခြင်းမပြုရ။ (အချိန်မထပ်စေရပါ။)

(ည) ကျောင်းတက်စပထမအချိန်နှင့် အခြေအနေပေးပါက နေ့လယ်ပိုင်းကျောင်းပြန်တက်သော အချိန်တို့တွင် အတန်းပိုင်ဆရာအား ၎င်းတာဝန်ယူရသောအတန်းတွင် တာဝန်ချထားပေး ရမည်။

( ဋ) အချိန်ရေးဆွဲသည့်အခါ ဘာသာရပ်သဘာဝရှုထောင့်၊ စိတ်ပညာရှုထောင့်၊ ကျန်းမာရေး ရှုထောင့်စသည့် ရှုထောင့်ဘက်ပေါင်းစုံနှင့် ဆီလျော်အောင် ရေးဆွဲရမည်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍2
#အချိန်ဇယား + စာသင်ချိန်ခွဲဝေမူ + လပိုင်းမာတိကာ + နေ့စဥ်မှတ်တမ်း.....

မင်္ဂလာပါဆရာကြီးဆရာမကြီးတို့ရေ...........

ကျောင်းမဖွင့်မီကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းမှာ.......စာသင်ချိန်ဇယားရေးဆွဲ
ခြင်းလုပ်ငန်းလည်းပါဝင်ပါတယ်ဆိုတာအားလုံးသိရှိထားပီးဖြစ်ပါတယ်........

စာသင်ချိန်စာရင်းရေးဆွဲတဲ့အခါ..........ဆရာဆရာမများသိရှိထားရမည့်အချက်က....

၁။...အချိန်ဇယား၏အောက်ခြေတွင် ဘာသာရပ်တစ်ခုစီ၏တစ်နေ့တာစာသင်ချိန်..... ဘာသာရပ်တစ်ခုစီ၏တစ်ပါတ်တာစာသင်ချိန်......ဘာသာရပ်တစ်ခုစီ၏...တစ်နှစ်တာစာသင်ချိန်အလိုက်ဖော်ပြမူကိုလည်းထည့်သွင်းရေးသားထားရန်...

၂။... လမာတိကာများချိတ်ဆွဲထားရန်

တို့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်......

စစ်ဆေးရေးများလာစစ်တဲ့အခါ....

အချိန်ဇယား + စာသင်ချိန်ခွဲဝေမူ + လပိုင်းမာတိကာ + နေ့စဥ်မှတ်တမ်း.....

ထိုကဲ့သို့ပုံစံမျိုးဖြင့်စစ်ဆေးလာပီမို့....တင်ပြရခြင်းပါ။

နမူနာပြောရမည်ဆိုပါက...အတန်းတွင်းအချိန်ဇယားတွင်....သင်္ချာဘယ်နှချိန်ပါလဲ....တစ်နေ့တာအတွက် ၂ချိန်ပါလျှင်....နေ့စဥ်မှတ်တမ်းတွင် ရေးသားထားမူ
၂ချိန်ရှိရမည်....ထို၂ချိန်စာရေးသားထားမူသည်လည်း....လပိုင်မာတိကာနှင့်ကိုက်ညီမူရှိရပါမည်။.....

ထို့ကြောင့်မိမိတို့ဘက်မှာလည်းလွယ်ကူခက်ခဲခြင်းမရှိသော...အလုပ်မျိုးကို
ပြည့်စုံမူရှိရန်လိုအပ်ပါကြောင်းရေးသားတင်ပြလိုက်ရပါသည်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍1
ကျောင်းလုပ်ငန်းစီမံချက်တွေကဘာတွေလဲလို့.......မေးထားသောဆရာဆရာမများကို ယခုပို့စ်တွင်တစ်ခါတည်းသိရှိသွားရအောင်ရေးသားဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

ကျောင်းလုပ်ငန်းစီမံချက်များရေးဆွဲခြင်း ..................

ကျောင်းလုပ်ငန်းများ တိုးတက်အောင်မြင်လိုပါက စီမံချက်ချ၍ ဆောင်ရွက်ရပေမည်။ စီမံချက် တွင်နိဒါန်း၊ ရည်ရွယ်ချက်၊ ဆောင်ရွက်ရမည့်နည်းလမ်း၊ လုပ်ငန်းတာဝန်များ ကာလသတ်မှတ်ခြင်း၊ ရန်ပုံငွေ နှင့် နိဂုံးစသည့်ကဏ္ဍများ ပါဝင်ရပေမည်။ အချုပ်မှာ လူ၊ ငွေ၊ ပစ္စည်းအင်အားဖြစ်ပါသည်။

ကျောင်း၏အခြေအနေအရရေးဆွဲရသည့် စီမံချက်များမှာ -........

( ၁) ကျောင်းလုပ်ငန်း ကြီးကြပ်ရေး လုပ်ငန်းစီမံချက်

( ၂) ကျောင်းသားလက်ခံရေး လုပ်ငန်းစီမံချက်

( ၃) အေးချမ်းစွာ ပညာသင်ကြားရေးနှင့် လုံခြုံရေးလုပ်ငန်းစီမံချက်

( ၄) မီးဘေးလုံခြုံရေးလုပ်ငန်းစီမံချက်

( ၅) ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့လုပ်ငန်းစီမံချက်

( ၆) ကျောင်းစာကြည့်တိုက်လုပ်ငန်းစီမံချက်

( ၇) အားကစားလုပ်ငန်းစီမံချက်

( ၈) သိပ္ပံခန်းလက်တွေ့လုပ်ငန်းစီမံချက်

( ၉) ကျောင်းမဖွင့်မီ ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းစီမံချက်

(၁ဝ) ကျောင်းကျန်းမာရေးလုပ်ငန်းစီမံချက်

(၁၁) ကျောင်းတွင်း စစ်ဆေးအကဲဖြတ်လုပ်ငန်းစီမံချက်

(၁၂) သဘာဝဘေး အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစီမံချက်

(၁၃) ထူးခြားဖြစ်စဉ်လျော့ပါးရေးလုပ်ငန်းစီမံချက်

(၁၄) နှုတ်မှုစွမ်းရည်များပြိုင်ပွဲလုပ်ငန်း စီမံချက်

(၁၅) ကင်းထောက်အဖွဲ့၏ ဖွဲ့စည်းဆောင်ရွက်ရေးလုပ်ငန်းစီမံချက်

(၁၆) နွေရာသီယဉ်ကျေးမှုသင်တန်းလုပ်ငန်းစီမံချက်

(၁၇) ပဉ္စမတန်း/ နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး
လုပ်ငန်း စီမံချက်

(၁၈) ရေသန့်စက်များတပ်ဆင်ရေးလုပ်ငန်းစီမံချက်

(၁၉) သန့်စင်ခန်းများ သန့်ရှင်းရေးလုပ်ငန်းစီမံချက်

(Jo) Multi media classroom လုပ်ငန်းစီမံချက်

(၂၁) ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ လုပ်ငန်းစီမံချက်

(၂၂) အိမ်တွင်းမှုလုပ်ငန်းစီမံချက်

(၂၃) ဘင်ခရာ၊ ပန်းဖွားလုပ်ငန်းစီမံချက်

(၂၄) ဝါသနာပါအသင်းလုပ်ငန်းစီမံချက်

(၂၅) လေ့လာရေးလုပ်ငန်းစီမံချက်

(၂၆) ကြက်ခြေနီလုပ်ငန်းစီမံချက်

(၂၇) ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြေရေးလုပ်ငန်းစီမံချက်

(၂၈) ပန်းချီ/ဂီတ/အနုပညာ လုပ်ငန်းစီမံချက်

(၂၉) ကျောင်းလုံခြုံရေးလုပ်ငန်းစီမံချက်

(၃၀) နွေရာသီသင်တန်းလုပ်ငန်းစီမံချက် .........တို့ဖြစ်ပါတယ်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
ကျောင်းမဖွင့်မီ ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများ

ကျောင်းများဖွင့်လျှင်ဖွင့်ခြင်း ပညာရေးလုပ်ငန်းများ အဆင်ပြေချောမောစွာ စတင်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ကျောင်းအုပ်ကြီးများအနေဖြင့် အဓိက တာဝန်တစ်ရပ် သတ်မှတ်ကာ မလွှဲမသွေ ဆောင်ရွက်ကြရပေမည်။

ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါလုပ်ငန်းများကိုဆောင်ရွက်ကြရန်ဖြစ်ပေသည်။

(က) ကျောင်းဝင်းခြံ၊ ကျောင်းအဆောက်အဦများ၊ စာသင်ခန်းများ၊ အိမ်သာများ အသင့် ဖြစ်စေရန်အတွက် ပြန်လည်ပြုပြင်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊

( ခ) ကျောင်းအလံတိုင်၊ နိုင်ငံတော်အလံ၊ ကျောင်းဆိုင်းဘုတ်၊ အတန်းဆိုင်းဘုတ်၊ မိဘဆရာ အသင်းဆိုင်းဘုတ်များကို ပြုပြင်ခြင်း၊ ဝယ်ယူထားရှိခြင်း၊ ဆေးသုတ်ခြင်း၊

( ဂ) ကျောင်းသုံးပရိဘောဂများလုံလောက်ရေးနှင့်အသင့်ဖြစ်စေရေးအတွက်ပြန်လည် ပြုပြင်ခြင်း၊ ဝယ်ယူခြင်း၊ အခန်းလိုက်နေရာချထားခြင်း၊ ပရိဘောဂများ ဖြည့်တင်းရေး ကို စာသင်နှစ်မစတင်မီ ကြိုတင်ဆောင်ရွက်ရန် လိုပါသည်။

(ဃ) သောက်ရေအိုး၊ သောက်ရေခွက်၊ ရေအိုးဖုံး၊ ရေစစ်၊ တံမြက်စီး၊ အမှိုက်တောင်း၊ အမှိုက် ကော်ပြား၊မြေဖြူ၊သင်ပုန်းဖျက်၊ဆရာနေ့စဉ်မှတ်တမ်းစာအုပ်များ၊ ကျောင်းဝင်မှတ်ပုံတင် “ ခ ” စာရင်းစာအုပ်များ၊ ကျောင်းခေါ်ကြိမ်စာရင်းစာအုပ်များ၊ ကျောင်းထွက်လက်မှတ် စာအုပ်များစသည်တို့နှင့် အထောက်အကူပြုစာရွက်စာတမ်း၊ ရုပ်ဝတ္ထုပစ္စည်းများ စုဆောင်းထားရှိခြင်း၊

( င ) ကျောင်းသုံးစာအုပ် အပြည့်အစုံ အချိန်မီရရှိရေးအတွက် ကျောင်းသားစာရင်းပြုစုခြင်း၊ ကျောင်းသုံးစာအုပ် ဖြန့်ဖြူးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊သက်ဆိုင်ရာတာဝန်ရှိသူ မြို့နယ်ပညာ ရေးမှူးများနှင့် တိုင်းပညာရေးမှူးများထံ တင်ပြခြင်း၊ စာရင်းပေးပို့ခြင်း၊ အမှာစာများ ပြုစုပေးပို့ခြင်း၊ စာအုပ်များခေတ္တသိုလှောင်ရန် နေရာသတ်မှတ်ခြင်း၊ စာအုပ်ဖြန့်ဝေ မည့် စနစ် ကြိုတင်ရေးဆွဲထားခြင်း၊

( စ) မိမိကျောင်းမှထွက်မည့်ကျောင်းသားများအတွက် ကျောင်းထွက်လက်မှတ်များကို အချိန် မီ စနစ်တကျ အမှားအယွင်းမသမာမှုများလုံးဝမရှိစေဘဲ ထုတ်ပေးရေးကို ကြိုတင် စီစဉ်ထားခြင်း၊ ကျောင်းထွက်လက်မှတ် ထုတ်ပေးသည့် မှတ်ပုံတင်စာရင်းထိပါ ကြိုတင် ပြင်ဆင်ထားခြင်း၊

(ဆ) ကျောင်းသားများ (ကျောင်းသားသစ်အပါအဝင်) စနစ်တကျလက်ခံရေးအတွက် စီမံချက် ရေးဆွဲဆောင်ရွက်ခြင်း၊

( ဇ) ကျောင်းဖွင့်လှစ်သည့်နေ့တွင် သင်ကြားရေးကို စတင်ဆောင်ရွက်နိုင်ရေးအတွက် ဆရာ၊ ဆရာမများအား အတန်းမှူး၊ အတန်းပိုင်၊ ဘာသာရပ်မှူးသတ်မှတ်ခြင်း၊ ဘာသာရပ် ခွဲဝေခြင်း၊ အချိန်ဇယားရေးဆွဲခြင်းများကို ကြိုတင်ဆောင်ရွက်ထားခြင်း၊

(ဈ) သောက်သုံးရေပြည့်စုံရေးအတွက် ကြိုတင်ပြင်ဆင်ထားခြင်း၊

(ည) လက်ခံမည့်ကျောင်းသားများအားကျောင်းစည်းကမ်းနှင့်ပတ်သက်၍ ကြိုတင် အသိပေး ထားရေး၊ ကျောင်းစည်းကမ်းနှင့်ပတ်သက်၍ ကျောင်းသားများ၏ ဝန်ခံကတိပြုရေး အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊

(ဋ) တစ်နှစ်တာ ပညာရေးလုပ်ငန်း စီမံချက်ကို စည်းကမ်းထိန်းသိမ်းရေး၊ သင်ကြားရေး၊ လုံခြုံရေး၊ဖွံ့ဖြိုးရေး၊ စသည့်ကဏ္ဍများခွဲခြားကာ ကဏ္ဍအလိုက်လိုအပ်သော အဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ တာဝန်ခွဲဝေ သတ်မှတ်ခြင်း၊ ကျောင်းသည်ကျောင်းနှင့်တူစေရေး၊ သန့်ရှင်းသပ်ရပ်လှပရေး၊ စိမ်းလန်းစိုပြည်ရေး၊ ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံ၊ ပရိဘောဂနှင့်အခြားရုပ်ဝတ္ထုပစ္စည်းများ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းကို ထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကျောင်းမဖွင့်မီ အနည်းဆုံးတစ်လကပင် စတင်၍ မိဘဆရာ အသင်းအစည်း အဝေးခေါ်ယူ ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်း၊ လိုအပ်သောပံ့ပိုးမှုများရယူခြင်းများ ပြုသင့်ပါသည်။ မိဘဆရာအသင်း ကျောင်းအကျိုးဆောင်အဖွဲ့နှင့်လည်း ညှိနှိုင်းဆောင်ရွက်ခြင်း ပြုသင့်ပါသည်။ သင်ကြားရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးအတွက် တစ်နှစ်တာပညာရေးလုပ်ငန်းစီမံချက်ကို ဆရာ၊ ဆရာမများအား အစည်းအဝေးခေါ်ယူ၍ ရှင်းလင်းဆွေးနွေးခြင်း၊ တာဝန်ခွဲဝေသတ်မှတ်ပေးခြင်းပြု သင့်ပါသည်။

(မှတ်ချက်။ ယခင်စာသင်နှစ်တွင်ဖွဲ့စည်းထားသော မိဘ-ဆရာအသင်း နှင့် ကျောင်းအကျိုးဆောင်အသင်းတို့ကို...ယခုစာသင်နှစ်မစတင်မီခေါ်ယူ၍ညှိနှိုင်းဆောင်ရွက်စေခြင်းကိုဆိုလိုပါသည်။)

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍1
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရာတွင် မြို့နယ်ပညာရေးမှူးရုံးသို့ ပေးပို့ရမည့် စာရင်းပုံစံ နှင့် ကွာဟနေသည့်ဦးရေအတွက်
သိရှိရမည့်အကြောင်းအရာ.....

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
တီထွင်မှု၊ဆန်းသစ်မှုရှိမှ တိုးတက်ပါတယ်။
(မြေပြန့်သာ အဆင်ပြေမည်ထင်ပါသည်။ ကျန် ခလုတ်ကန်သင်းများ၊အဆင်းများအတွက်မူ upgrade လုပ်ဖို့လိုပါမည်။)

နွားတွေ သက်သာပြီး ခရီးရှည် သွားဖို့အတွက် အတော်အဆင်ပြေတဲ့ နည်းလမ်းကောင်း...

ရှေ့က ဘီး ဒေါက်က အရှင်ဖြစ်ပြီး မြေနိမ့် အမြင့် အပေါ်မူတည်ပြီး အလွယ်တကူ ဖြုတ် တပ် လို့ရပါတယ်..

အိန္ဒိယမှ လယ်သမားတဦး တီထွင်ထားတာဖြစ်ပါတယ်...

ဗဟုသုတအဖြစ်မျှဝေလိုက်ပါတယ်..
Rnd Rmd Thutazone
❤1
ရှေးမြန်မာ့ ဘိလပ်မြေ(အင်္ဂတေ)ပြုလုပ်နည်း

1️⃣ မီးဖြင့်ကျက်ပြီးသော အနီရောင်ရှိ အုတ်နီခဲကို ဆုံဖြင့်ထောင်းထားသောအုတ်မှုန့်၊


2️⃣ ရေဆေးထားသော သဲနု၊သဲကြမ်း၊ကျောက်စရစ်၊



3️⃣အုံတုံခေါက် ပြုပ်ရည် ၅ဆ၊

ကျွဲသားရေပြုပ်ရည်၆ဆ၊

(အိုးကြီးထဲ၌ ၂၄နာရီလုံး မီးပြင်းပြင်းဖြင့် ၃ခွက် ၁ခွက်တင်အောင် ပြုပ်ထား‌ေသာအရည်)အုံတုံခေါက်တစ်အိုး၊ ကျွဲသားရေတစ်အိုး သီးခြားပြုပ်ရသည်။

ဥသျှစ်သီးမှရသောအစေး ၁ဆ၊

ထန်းလျက်ချက်စဉ်မှာ ထန်းလျက်မဖြစ်မီ အရည်(တင်လဲရည်) ၂ဆ

တို့ကို အချိုးကျ ရောစပ်သုံးခဲ့သည်။

မှတ်ချက်။ ။ထုံးကိုမူ ရေညှိ၊ပိုးမွှားရန်မှ ကာကွယ်ရန်အလို့ငှါ အရာအားလုံးပြီးမှ သုတ်လေ့ရှိသည်။ ဘိလပ်မြေဖျော်စပ်ရာတွင်မထည့်ပါ။
👍2❤1
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး အစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များ
ဆောက်လုပ်ရေးနှင့်ပတ်သတ်သောဝေါဟာရပေါင်း ( ၂၀၀)

1. Peg out -ပန္နက်
2. Stake /peg -တိုင်ငုတ်ချွန်၊ပန္နက်တိုင်
3. Pole/Column -တိုင်
4. Concrete Pole-ကွန်ကရစ်တိုင်
5. Pillar -ဖောင်းအလှတိုင်
6. Wall -နံရံ
7. Beam -ထုတ်/ယက်မ
8. Floor -ကြမ်းခင်း /ကြမ်းပြင်
9. Balcony Floor -လသာဆောင်ကြမ်းခင်း
10. Toilet Floor - အိမ်သာကြမ်းခင်း
11. Polished Concrete -ချောမွတ်ပြောင်လက်နေသော ကွန်ကရစ်နံရံကြမ်းပြင်
12. Brick - အုတ်
13. Lime -ထုံး
14. Sand lime brick -သဲအုတ်
15. Paving brick -လမ်းခင်းအုတ်
16. Ventilation brick -ပန်းအုတ်
17. Concrete brick -ဘိလပ်မြေအုတ်(ဘောက်အုတ်)
18. Joint -နှာ(အုတ္စီ)
19. Raking back -နောက်ဆုတ်အုတ်စီနည်း
20. Stretcher -အုတ်လျား
21. Plinth level -အုတ်ခုံမျက်နှာ
22. Cement -ဘိလပ်မြေ
23. Water -ရေ
24. Sand -သဲ
25. Sand Coarse-သဲကြမ်း
26 . Sand fine -သဲနု
27. Gravel -ကျောက်စရစ်
28. Stone chipping -ကျောက်ဆန်ကွဲ
29. Marble -စကျင်ကျောက်
30. Shingle -ကျောက်စရစ်
31. Steel bar -၃မူးနှင့်အထက်ကြီးသောသံချောင်းများ
32. Steel Round Bar -ပြောင်ချောသံချောင်း
33. Steel plate -သံပြား
34. Steel flat bar -သံပြားအရှည်
35. Steel wire rod -သွတ်ကြိုး
36. Angle steel bar -ကျင်တွယ်သံချောင်း
37. Welded panels -သံဇကာ
38. Welded net -သံဇကာအသေး
39. Iron nail -သံမှို
40. Concrete nail -စတီးသံမှို
41. Bamboo -ဝါး
42. Timber -သစ်
43. Plastic rope-ပလတ်စတစ်ကြိုး
44. Nylon rope -နိုင်လွန်ကြိုး
45. Hardwood Squares -ပျဉ်(သစ္မာ)
46. Plywood -သစ်သားပြား
47. Lumber -သစ်ပွ
48. Earth -မြေကြီး
49. Dig earth -မြေကြီးတူး
50. Earth leveling construction-မြေကြီးညှိ
51. Cement earth -ဘိလပ်မြေညှိ(မျဉ်းတိုက်)
52. Construction site clearing -နေရာဌာနရှင်းလင်း
53. Hall -ဟောခန်း
54. Bedroom -အိပ်ခန်း
55. Living room -ဧည့်ခန်း
56. Shrine /Buddha room -ဘုရားခန်း
57. Dinning room -ထမင်းစားခန်း
58. Kitchen -မီးဖိူချောင်
59. Pantry -စားနပ်ရိပ်ခါထားရာအခန်း
60. Bathroom -ရေချိုးခန်း
61. Lounge room/sitting room-အပန်းဖြေခန်း
62. Basement -မြေအောက်ခန်း
63. Garage -ကား ထားရန်
64. Study -စာကြည့်ခန်း
65. Balcony -လသာဆောင်
66. Verandah -ဝရန်တာ
67. Path -လျှောက်လမ်း
68.Roof -အမိုး
69. Ceiling -မျက်နှာကျက်
70. Sheds -အဖီများ
71. Gate -ဝိုင်းဝင်တံခါး
72. Fence - ခြံစည်းရိုး
73. Letter box-အိမ်ဝန်းရှေ့စာတိုက်ပုံး
74. Door bell -အိမ်ဝန်းရှေ့ အချက်ပေးဘဲ
75. Ditch - ရေမြောင်း
76. Water tank -ရေလှောင်ကန်
77. Wattle -ဝါးကပ်
78. Metal -သတ်တု
79. Brass -ကြေးဝါ
80.Aggreate -ရောစာ
81. Marble tile -စကျင်ကျောက်ပြား
82. Marble chipping-စကျင်ကျောက်ဆန်ကွဲ
83. Abutment wall -မြေကာနံရံ
84. Chimney -မီးဖိုခေါင်းတိုင်
85. Gypsum - စကျင် သလင်းကျောက်
86. Lodedtone -သံလိုက်ကျောက်
87. Bismuth(cast iron) -သံကြွပ်
88. Chowket /door&window frame -ကျည်းဘောင်
89. Formwork -ကျောက်ပုံး
90. Flooring tile- ကျောက်ပြား
91. Span -ခန်းဖွင့်အကျယ်
92. ridge -ခေါင်ရိုး
93. ridge piece-ခေါင်ချုပ်
94. Folding door -ခေါက်တံခါး
95. Hollw brick -ခေါင်းပွအုတ်
96. Pudlog -ငြမ်းဆင့်
97. Puglog hole-ငြမ်းဆင့်ထိုးပေါက်
98. Scaffolding -ငြမ်းဆင်ခြင်း
99. Binder -ထိန်းချုပ်ဆေး
100. Ledged&battened door-ပျဉ်ထောင်တံခါး
101. Putty -ထေးဆေး
102.Turpentine -ထင်းရူးဆီ
103.Tallow -အမဲဆီ
104.Angle bracket -ထောင့်ချိုးသံပြား
105.Angle -ထောင့်မှန်ချိုး
106.Corner -ထောင့်ချိုး
107.Header-ထိပ္စီကျောက်
108.Lime concrete -ထုံးကွန်ကရစ်
109. Binder/stirrup -ထိန်းကွင်း
110.Collar truss -ဒိုင်းငယ်
111.Truss -ဒိုင်းငယ်
112.Cavity tie -နံရံချုပ်
113.Gutter -ရေတလျှောက်
114.Parapet gutter -နံရံကပ်ရေတလျှောက်
115.Valley -ရေလိမ်
116.Valley rafter -ရေလိမ်ဒိုင်း
117.Valley gutter -ရေလိမ်ရေတံလျှောက်
118.Flat or flush pointing -နှာပြည့်
119.Nosing -နှာစွန်း
120.Coping -နံရံထိပ်စီး
121.Batter -နံရံစောင်း
122.Layout plan - ပန္နက်ရိုက်ပုံစံ
123. Bond - ကွန်ကရစ်သိပ်သည်း
124.Stencil -ပုံဖော်ပြား
125.Eave board -ပန်းဆွဲ
126.Moulding (plaster)-ပြော့ကြောင်းထိုးခြင်း
127.Formwork -ပုံစံခွက်
128.Plastic emulsion paint -ပလပ္စတစ္ဆီဆေး
129.Main rod-ပင်မသံချောင်း
130.Cleat -ဖားတုံး
131.Mixing -ဖျော်စပ်ခြင်း
👍3