Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
2024-2025 ပညာသင်နှစ်
အခြေခံပညာအဆင့် ကျောင်းတွင်းစစ်
တတ်မြောက်မှု စစ်ဆေး အကဲဖြတ်ခြင်း
ပုစဉ်းတွေ ဘာ့ကြောင့်ရှားပါးနေရပါသလဲ
Copy from
👇👇👇👇
Zaw Win Shein, Admin of "Wildlife of Myanmar"
Query of Henry Htun

Dragonfly ဆိုတဲ့ ကျွန်တော်တို့အခေါ် ပုစဉ်းလေးတွေဟာ ဂေဟစနစ်ထဲမှတော့ အင်းဆက်အသေးစားလေးကို စားသုံးလေ့ရှိပါတယ်။

သိသာတဲ့ နမူနာပြောရရင် သူတို့လေးတွေဟာ ခြင်တွေကို စားသုံးကြပြီး လူတွေအတွက် အန္တရာယ်ဖြစ်စေတတ်တဲ့ ခြင်တွေပွားများမှုကိုထိန်းသိမ်းရာမှာ တထောင့်တနေရာကနေကူညီပေးနေပါတယ်ဗျ။

ဒီလိုပဲတဖက်မှာကြည့်ရင် သူတို့လေးတွေဟာ ငါး၊ ငှက် စတဲ့သတ္တဝါလေးတွေရဲ့ အစာအနေနဲ့ ပါဝင်ပြီး အစာကွင်းဆက်ကို လည်ပတ်နေဖို့ ကူညီပေးနေတာပါ။

ဆက်‌ရမယ်ဆိုရင် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ပုစဉ်းတွေခါတိုင်းထက်အတွေ့နည်းလာတယ် လို့ပဲ ဆိုရမှာပါ ၊လုံးဝမရှိဘူးဆိုတာတော့ပြောလို့မရပါဘူး

ဘာလို့လဲဆိုတော့ ကိုယ်မှ ခြုံတကာ၊ရေစပ်တကာ၊ ‌မြက်ခင်းတကာလိုက်စစ်နေ ရှာမနေတာမို့ရယ်။
ပုစဉ်းလေးတွေက ကြီးကျယ်တယ်လို့ပဲဆိုရမလားပြောရရင်

သူတို့က လေထုအရည်အသွေးနဲ့ Oxygen level ကောင်းမွန်ပြီး ရေအရည်အသွေးသန့်ရှင်းတဲ့နေရာမျိုးတွေမှာအနေများတာကြောင့်ပါ

ဒီတော့ ကျွန်တော်တို့ပတ်ဝန်းကျင်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေနဲ့ယှဉ်ရင် အခုအချိန်အခါဟာလေထုအရည်အသွေးလွန်စွာဆိုးဝါးနေပြီး၊ ရေသန့်ရှင်းမှုပါအတော်လေးကျဆင်းလာနေပြီ
ဆိုတာကို ဒီပုစဉ်းလေးတွေ တွေ့ရနည်းတာ၊ အကောင်ရေ လျော့နည်းလာနေတာက မီးမောင်းထိုးပြနေသလိုပါပဲ။

မြန်မာနိုင်ငံအနေနဲ့ကတော့ မြို့ပြကြီးတွေနဲ့ယှဉ်ရင် နယ်ဘက်တွေ၊ ကျေးလက်ဒေသတွေမှာတော့ပုစဉ်းလေးတွေကိုတွေ့ရနေတုန်းပါပဲ

အရင်ကထက် အကောင်နည်းသွားတာ၊ တွေ့တဲ့နေရာ နည်းသွားတာ‌တခုက လွဲလို့ပေါ့။

သဘာဝပတ်ဝန်းကျင် တစထက်တစ ပျက်စီးလာနေမှုကို ထိန်းသိမ်းကာကွယ်ဖို့ တဦးချင်းစီတိုင်းမှာတာဝန်ရှိပြီးကူညီနိုင်တဲ့တထောင့်တနေရာကနေပါဝင်ကူညီနေမှသာ ပျက်စီးနေခဲ့ သဘာဝပတ်ဝန်းကျင်ကို တဖြည်း ဖြည်းနဲ့ ပြန်လည်ပြုပြင်နိုင်လာမှာပါခင်ဗျာ
May 12

"၂၀၂၄-၂၀၂၅ ပညာသင်နှစ်” အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များ
👩‍🏫📚📖
==============================================================
၁။ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေး အပါအဝင် မည်သည့် အခကြေးငွေကိုမျှ လုံးဝမကောက်ခံပါ။
၂။ အခမဲ့ထောက်ပံ့မှုများမှာ
(က) သူငယ်တန်း (KG) သင်ရိုးသစ်
၁။ သင်္ချာအခြေခံ ၂။ ပုံဆွဲခြင်းနှင့် ဆေးခြယ်ခြင်း ၃။ သင်ယူမှုရလဒ်မှတ်တမ်း ၄။ ဗျည်းအက္ခရာ၊ ကိန်းဂဏန်းတွေ အရေးကျင့်ကြမယ်စာအုပ် ၅။ ခဲတံ (၄) ချောင်း ၆။ ကျောင်းဝတ်စုံ(၁)စုံ
(ခ) ပထမတန်း (Grade 1) သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ လူမှုရေး ၆။ စာရိတ္တနှင့်ပြည်သူ့နီတိ ၇။ ဗလာ စာအုပ်(၁)ဒါဇင် ၈။ ခဲတံ (၄)ချောင်း ၉။ ကျောင်း ဝတ်စုံ(၁)စုံ
(ဂ) ဒုတိယတန်း (Grdae 2) သင်ရိုးသစ်
၁။ မြန်မာစာ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ လူမှုရေး ၆။ စာရိတ္တနှင့်ပြည်သူ့နီတိ ၇။ ဗလာ စာအုပ် (၁) ဒါဇင် ၈။ ခဲတံ (၄) ချောင်း ၉။ ကျောင်း ဝတ်စုံ(၁)စုံ
(ဃ) တတိယတန်း (Grade 3) သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ လူမှုရေး ၆။ စာရိတ္တနှင့်ပြည်သူ့နီတိ ၇။ ဗလာ စာအုပ် (၁) ဒါဇင် ၈။ ခဲတံ (၄) ချောင်း ၉။ ကျောင်း ဝတ်စုံ(၁)စုံ
(င) စတုတ္ထတန်း (Grade 4) သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ လူမှုရေး ၆။ စာရိတ္တနှင့်ပြည်သူ့နီတိ ၇။ ဘဝတွက်တာ ကျွမ်းကျင်စရာ ၈။ ကာယပညာ ၉။ အနုပညာ(ပန်းချီ) ၁၀။ အနုပညာ(ဂီတ) ၁၁။ ဗလာစာအုပ် (၁)ဒါဇင် ၁၂။ ခဲတံ (၄)ချောင်း ၁၃။ ကျောင်း ဝတ်စုံ (၁)စုံ
(စ) ပဉ္စမတန်း (Grade 5) သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ လူမှုရေး ၆။ စာရိတ္တနှင့်ပြည်သူ့နီတိ ၇။ ဘဝ တွက်တာကျွမ်းကျင်စရာ ၈။ ကာယပညာ ၉။ အနုပညာ(ပန်းချီ) ၁၀။ အနုပညာ(ဂီတ) ၁၁။ ဗလာစာအုပ် (၁)ဒါဇင် ၁၂။ ခဲတံ (၄) ချောင်း ၁၃။ ကျောင်းဝတ်စုံ(၁)စုံ
(ဆ) ဆဋ္ဌမတန်း (Grade 6) သင်ရိုးသစ်
၁။၊ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ ပထဝီဝင် ၆။ သမိုင်း ၇။ စာရိတ္တနှင့်ပြည်သူ့နီတိ ၈။ ဘဝတွက်တာကျွမ်းကျင်စရာ ၉။ ကာယပညာ ၁၀။ အနုပညာ(ပန်းချီ) ၁၁။ အနုပညာ(ဂီတ) ၁၂။ ဗလာစာအုပ်(၁)ဒါဇင် ၁၃။ ဘောပင် (၂)ချောင်း ၁၄။ ခဲတံ (၂)ချောင်း
(ဇ) သတ္တမတန်း (Grade 7) သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ ပထဝီဝင် ၆။ သမိုင်း ၇။ စာရိတ္တနှင့်ပြည်သူ့နီတိ ၈။ ဘဝတွက်တာကျွမ်းကျင်စရာ ၉။ ကာယပညာ ၁၀။ အနုပညာ(ပန်းချီ) ၁၁။ အနုပညာ(ဂီတ) ၁၂။ ဗလာစာအုပ် (၁)ဒါဇင် ၁၃။ ဘောပင် (၂)ချောင်း ၁၄။ ခဲတံ (၂)ချောင်း
(ဈ) အဋ္ဌမတန်း (Grade 😎 သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ ပထဝီဝင် ၆။ သမိုင်း ၇။ စာရိတ္တနှင့်ပြည်သူ့နီတိ ၈။ ဘဝတွက်တာကျွမ်းကျင်စရာ ၉။ ကာယပညာ ၁၀။ အနုပညာ(ပန်းချီ) ၁၁။ အနုပညာ (ဂီတ) ၁၂။ ဗလာစာအုပ် (၁)ဒါဇင် ၁၃။ ဘောပင် (၂)ချောင်း ၁၄။ ခဲတံ (၂)ချောင်း
(ည) နဝမတန်း (Grade 9) သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ ပထဝီဝင် ၆။ သမိုင်း ၇။ စာရိတ္တနှင့်ပြည်သူ့နီတိ ၈။ ဘဝတွက်တာကျွမ်းကျင်စရာ ၉။ ကာယပညာ ၁၀။ အနုပညာ (ပန်းချီ) ၁၁။ အနုပညာ (ဂီတ) ၁၂။ ဗလာစာအုပ်(၁)ဒါဇင် ၁၃။ ဘောပင်(၂)ချောင်း ၁၄။ ခဲတံ (၂) ချောင်း
(ဋ) ဒသမတန်း (Grade 10) သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ ဓာတုဗေဒ ၅။ ဓာတုဗေဒလက်တွေ့ ၆။ ရူပဗေဒ ၇။ ရူပဗေဒ လက်တွေ့ ၈။ ဇီဝဗေဒ ၉။ ဇီဝဗေဒလက်တွေ့ ၁၀။ ပထဝီဝင် ၁၁။ သမိုင်း ၁၂။ ဘောဂဗေဒ ၁၃။ သိပ္ပံ(ဓာတု+ရူပ+ဇီဝ) ၁၄။ လူမှုရေးသိပ္ပံ (ပထဝီဝင်+ သမိုင်း+ဘောဂဗေဒ) ၁၅။ လူမှုရေးသိပ္ပံ (ပထဝီဝင်+သမိုင်း) (ဓာတု+ရူပ+ဘောဂ) ဘာသာတွဲ ၁၆။ စာရိတ္တနှင့်ပြည်သူ့နီတိ ၁၇။ ဘဝတွက်တာ ကျွမ်းကျင်စရာ ၁၈။ ကာယပညာ (သို့မဟုတ်) အနုပညာ (ပန်းချီ) (သို့မဟုတ်) အနုပညာ (ဂီတ) ၁၉။ ဗလာစာအုပ် (၁)ဒါဇင် ၂၀။ ဘောပင် (၂)ချောင်း ၂၁။ ခဲတံ (၂)ချောင်း
(ဌ) ဧကာဒသမတန်း (Grade 11) သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ ဓာတုဗေဒ ၅။ ဓာတုဗေဒလက်တွေ့ ၆။ ရူပဗေဒ ၇။ ရူပဗေဒ လက်တွေ့ ၈။ ဇီဝဗေဒ ၉။ ဇီဝဗေဒလက်တွေ့ ၁၀။ ပထဝီဝင် ၁၁။ သမိုင်း ၁၂။ ဘောဂဗေဒ ၁၃။ သိပ္ပံ (ဓာတု+ရူပ+ဇီဝ) ၁၄။ လူမှုရေးသိပ္ပံ (ပထဝီဝင်+ သမိုင်း+ဘောဂဗေဒ) ၁၅။ လူမှုရေး သိပ္ပံ(ပထဝီဝင်+သမိုင်း) (ဓာတု+ရူပ+ဘောဂ) ဘာသာတွဲ ၁၆။ စာရိတ္တနှင့်ပြည်သူ့နီတိ ၁၇။ ဘဝတွက်တာကျွမ်းကျင်စရာ ၁၈။ ကာယပညာ (သို့မဟုတ်)အနုပညာ(ပန်းချီ)(သို့မဟုတ်)အနုပညာ (ဂီတ) ၁၉။ ဗလာစာအုပ် (၁)ဒါဇင် ၂၀။ ဘောပင် (၂) ချောင်း ၂၁။ ခဲတံ (၂) ချောင်း
(ဍ) ဒွါဒသမတန်း(Grade 12) သင်ရိုးသစ်
၁။ မြန်မာစာ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ ဓာတုဗေဒ ၅။ ဓာတုဗေဒလက်တွေ့ ၆။ ရူပဗေဒ ၇။ ရူပဗေဒ လက်တွေ့ ၈။ ဇီဝဗေဒ ၉။ ဇီဝဗေဒလက်တွေ့ ၁၀။ ပထဝီဝင် ၁၁။ သမိုင်း ၁၂။ ဘောဂဗေဒ ၁၃။ သိပ္ပံ (ဓာတု+ရူပ+ဇီဝ) ၁၄။ လူမှုရေးသိပ္ပံ (ပထဝီဝင်+သမိုင်း+ဘောဂဗေဒ) ၁၅။ လူမှုရေးသိပ္ပံ (ပထဝီဝင်+သမိုင်း) (ဓာတု+ရူပ+ဘောဂ)ဘာသာတွဲ ၁၆။ ဗလာစာအုပ်(၁)ဒါဇင် ၁၇။ ဘောပင် (၂)ချောင်း
❤1👍1
၁၈။ခဲတံ(၂)ချောင်းတို့ဖြစ်သည်။
၂၃ • ၅ • ၂၀၂၄ ၏နောက်ပိုင်းတွင် ကျောင်းအုပ်ဆရာကြီးဆရာမကြီးများပြုလုပ်ရေးသွင်းရမည့် စာရင်းများ၏ပုံစံ

♻ TC ဖြင့်ဝင်လာသူများအတွက်ရေးသွင်းရမည့်စာရင်းဇယားပုံစံ
♻ TC ဖြင့်ထွက်သူများအတွက်ရေးသွင်းရမည့်စာရင်းဇယားပုံစံ
♻ ၂၀၂၄ - ၂၀၂၅ ပညာရေးအညွှန်းကိန်းများ.တွက်ချက်မူပုံစံ

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
၂၃ • ၅ • ၂၀၂၄ မှာ ကျောင်းအုပ်လက်ခံရာတွင်....အတန်းပိုင်များ သို့မဟုတ်
ကျောင်းအပ်လက်ခံမည့်ဆရာဆရာမများကိုယ်တိုင် ထားရှိရမည့်မှတ်တမ်းပုံစံ

နောက်ဆုံးဇယားကွက်နှစ်ကွက်သည် အခြားကျောင်းမှရောက်ရှိလာခြင်းတွင်ထပ်မံဖြည့်သွားရမည့်နေရာပါခင်ဗျာ။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
❤1
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်မှာ မိမိတို့ကျောင်းအတွက် ရရှိသည့်

၁။ မြို့နယ်/တိုက်နယ်မှထုတ်ဝေပေးသော ပုံနှိပ်စာအုပ် အရေအတွက်
လက်ခံရရှိမူ စာရင်း
၂။ ပုံနှိပ်ရရှိမူ လက်မှတ်ထိုးစာရင်း
၃။ ဗလာစာအုပ် ၊ ခဲတံ ၊ ဘောလ်ပင် လက်ခံရရှိမူ လက်မှတ်ထိုးစာရင်း

ပုံစံ ( ၃ ) မျိုးကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
အချိန်ဇယားတွင် ပါဝင်ရမည့်ပုံစံကို တင်ပြပေးခဲ့ပီးဖြစ်ပါတယ်...
ယခုအချိန်ဇယားရေးဆွဲရာတွင်လိုက်နာရမည့်အချက်များကိုဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

အချိန်ဇယားပေါင်းချုပ်ကို ကျောင်းအုပ်ကြီး ရုံးခန်းအတွင်းတွင် ချိတ်ဆွဲထားရှိရမည်။ အချိန်ဇယားရေးဆွဲရာတွင် အရေးကြီးဆုံးအချက်မှာ ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသော အတန်းလိုက်ဘာသာရပ်အသီးသီး၏ သင်ချိန်ခွဲတမ်းကိုကောင်းစွာ သိရှိရမည်ဖြစ်သည်။

#အချိန်ဇယားရေးဆွဲရာတွင်
အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည် -

(က) သတ်မှတ်ပေးထားသည့် ရက်သတ္တပတ်အတွင်း အတန်းအလိုက်ဘာသာရပ် တစ်ခုချင်း၏ သင်ချိန်ခွဲဝေမှုအတိုင်း ရေးဆွဲရမည်။

( ခ) အတန်းတစ်တန်းအတွက် နေ့စဉ် ဘာသာစုံပါဝင်ရန် တတ်နိုင်သမျှ စီစဉ်ရေးဆွဲရမည်။

( ဂ) ဆရာတစ်ဦးတည်း(၃)ကြိမ် ဆက်တိုက်သင်ရန် ထည့်သွင်းရေးဆွဲခြင်းမျိုးမဖြစ်စေရပါ။

(ဃ) ကျောင်းသား၊ ကျောင်းသူများ၏ ပင်ပန်းနွမ်းနယ်မှု အခြေအနေကိုထည့်သွင်း စဉ်းစားရေးဆွဲ ရမည်။ (သာမန်အားဖြင့် နံနက်ပိုင်းအချိန်တို့သည် စိတ်ဓာတ်အရွှင်လန်းဆုံးဖြစ်သည်။ ကျောင်းဆင်းခါနီး နောက်ဆုံးအချိန်သည် ကလေးများ၏ စိတ်ရောကိုယ်ပါနွမ်းနယ်မတည် ငြိမ်သောအချိန်ဖြစ်၍ တက်ကြွလန်းဆန်းချိန်များတွင် အာရုံစူးစိုက်ရန်လိုအပ်သော ဘာသာရပ် များကို ထည့်သွင်းရေးဆွဲရမည်။)

( င) တစ်ဘာသာတည်းကို သင်ချိန်(၃/၄)ချိန် ဆက်တိုက် မရေးဆွဲရပါ။(ဆရာရောတပည့်ပါ ငြီးငွေ့ လာမည်။ ဘာသာရပ်သဘာဝအရရေးသောအချိန်၊ တွက်သောအချိန်၊ သီဆိုရသော အချိန်၊ လှုပ်ရှားလုပ်ဆောင်ရသော အချိန်တို့ကို မျှတစွာ အလှည့်ပေးရေးဆွဲရမည်။)

( စ) ကာယကဲ့သို့သော ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု ဘာသာရပ်များကို နောက်ဆုံးအချိန်တွင်ထားရ မည်။

(ဆ) အတန်းပိုင်စနစ်ဖြင့် ဘာသာစုံသင်သော မူလတန်းအဆင့်တွင် အတန်းလိုက်အချိန်ဇယား ရေးဆွဲရမည်။ အတန်းအချိန်ဇယားသည် ကိုယ်ပိုင်အချိန်ဇယားနှင့် ထပ်တူဖြစ်ရမည်။ (ရေးဆွဲ ရာတွင်တစ်တန်းနှင့် တစ်တန်းသင်ကြားသောဘာသာရပ်၊ သဘာဝချင်း အနှောင့်အယှက် မဖြစ်ရအောင် အတတ်နိုင်ဆုံးစီစဉ်ရမည်။ ဥပမာ-ဒုတိယတန်းတွင် သင်္ချာသင်ချိန်ဖြစ်လျှင် အတန်းချင်းကပ်နေသော တတိယတန်းတွင် ဂီတအချိန်၊ စုပေါင်းသီချင်းဆိုခြင်းမျိုး မဖြစ်သင့် ပေ။)

( ဇ) ဘာသာရပ်စနစ်ဖြင့် ဆရာများက ဘာသာရပ်ခွဲဝေ၍ အတန်းတစ်တန်းကိုဖြစ်စေ၊ အတန်း များကိုဖြစ်စေ၊ သင်ပြသော အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်များတွင် ကိုယ်ပိုင် အချိန်ဇယားကိုမူတည်၍ အတန်းအချိန်ဇယားဖြစ်အောင် ရေးဆွဲရမည်။

(စျ) ဆရာတစ်ဦးအား အချိန်တစ်ချိန်တွင် တာဝန်ချထားပေးပြီးပါက ၎င်းဆရာအား အဆိုပါ အချိန် တွင်ပင် အခြားအတန်းများ၌ တာဝန်ချထားခြင်းမပြုရ။ (အချိန်မထပ်စေရပါ။)

(ည) ကျောင်းတက်စပထမအချိန်နှင့် အခြေအနေပေးပါက နေ့လယ်ပိုင်းကျောင်းပြန်တက်သော အချိန်တို့တွင် အတန်းပိုင်ဆရာအား ၎င်းတာဝန်ယူရသောအတန်းတွင် တာဝန်ချထားပေး ရမည်။

( ဋ) အချိန်ရေးဆွဲသည့်အခါ ဘာသာရပ်သဘာဝရှုထောင့်၊ စိတ်ပညာရှုထောင့်၊ ကျန်းမာရေး ရှုထောင့်စသည့် ရှုထောင့်ဘက်ပေါင်းစုံနှင့် ဆီလျော်အောင် ရေးဆွဲရမည်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍2
#အချိန်ဇယား + စာသင်ချိန်ခွဲဝေမူ + လပိုင်းမာတိကာ + နေ့စဥ်မှတ်တမ်း.....

မင်္ဂလာပါဆရာကြီးဆရာမကြီးတို့ရေ...........

ကျောင်းမဖွင့်မီကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းမှာ.......စာသင်ချိန်ဇယားရေးဆွဲ
ခြင်းလုပ်ငန်းလည်းပါဝင်ပါတယ်ဆိုတာအားလုံးသိရှိထားပီးဖြစ်ပါတယ်........

စာသင်ချိန်စာရင်းရေးဆွဲတဲ့အခါ..........ဆရာဆရာမများသိရှိထားရမည့်အချက်က....

၁။...အချိန်ဇယား၏အောက်ခြေတွင် ဘာသာရပ်တစ်ခုစီ၏တစ်နေ့တာစာသင်ချိန်..... ဘာသာရပ်တစ်ခုစီ၏တစ်ပါတ်တာစာသင်ချိန်......ဘာသာရပ်တစ်ခုစီ၏...တစ်နှစ်တာစာသင်ချိန်အလိုက်ဖော်ပြမူကိုလည်းထည့်သွင်းရေးသားထားရန်...

၂။... လမာတိကာများချိတ်ဆွဲထားရန်

တို့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်......

စစ်ဆေးရေးများလာစစ်တဲ့အခါ....

အချိန်ဇယား + စာသင်ချိန်ခွဲဝေမူ + လပိုင်းမာတိကာ + နေ့စဥ်မှတ်တမ်း.....

ထိုကဲ့သို့ပုံစံမျိုးဖြင့်စစ်ဆေးလာပီမို့....တင်ပြရခြင်းပါ။

နမူနာပြောရမည်ဆိုပါက...အတန်းတွင်းအချိန်ဇယားတွင်....သင်္ချာဘယ်နှချိန်ပါလဲ....တစ်နေ့တာအတွက် ၂ချိန်ပါလျှင်....နေ့စဥ်မှတ်တမ်းတွင် ရေးသားထားမူ
၂ချိန်ရှိရမည်....ထို၂ချိန်စာရေးသားထားမူသည်လည်း....လပိုင်မာတိကာနှင့်ကိုက်ညီမူရှိရပါမည်။.....

ထို့ကြောင့်မိမိတို့ဘက်မှာလည်းလွယ်ကူခက်ခဲခြင်းမရှိသော...အလုပ်မျိုးကို
ပြည့်စုံမူရှိရန်လိုအပ်ပါကြောင်းရေးသားတင်ပြလိုက်ရပါသည်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍1
ကျောင်းလုပ်ငန်းစီမံချက်တွေကဘာတွေလဲလို့.......မေးထားသောဆရာဆရာမများကို ယခုပို့စ်တွင်တစ်ခါတည်းသိရှိသွားရအောင်ရေးသားဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

ကျောင်းလုပ်ငန်းစီမံချက်များရေးဆွဲခြင်း ..................

ကျောင်းလုပ်ငန်းများ တိုးတက်အောင်မြင်လိုပါက စီမံချက်ချ၍ ဆောင်ရွက်ရပေမည်။ စီမံချက် တွင်နိဒါန်း၊ ရည်ရွယ်ချက်၊ ဆောင်ရွက်ရမည့်နည်းလမ်း၊ လုပ်ငန်းတာဝန်များ ကာလသတ်မှတ်ခြင်း၊ ရန်ပုံငွေ နှင့် နိဂုံးစသည့်ကဏ္ဍများ ပါဝင်ရပေမည်။ အချုပ်မှာ လူ၊ ငွေ၊ ပစ္စည်းအင်အားဖြစ်ပါသည်။

ကျောင်း၏အခြေအနေအရရေးဆွဲရသည့် စီမံချက်များမှာ -........

( ၁) ကျောင်းလုပ်ငန်း ကြီးကြပ်ရေး လုပ်ငန်းစီမံချက်

( ၂) ကျောင်းသားလက်ခံရေး လုပ်ငန်းစီမံချက်

( ၃) အေးချမ်းစွာ ပညာသင်ကြားရေးနှင့် လုံခြုံရေးလုပ်ငန်းစီမံချက်

( ၄) မီးဘေးလုံခြုံရေးလုပ်ငန်းစီမံချက်

( ၅) ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့လုပ်ငန်းစီမံချက်

( ၆) ကျောင်းစာကြည့်တိုက်လုပ်ငန်းစီမံချက်

( ၇) အားကစားလုပ်ငန်းစီမံချက်

( ၈) သိပ္ပံခန်းလက်တွေ့လုပ်ငန်းစီမံချက်

( ၉) ကျောင်းမဖွင့်မီ ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းစီမံချက်

(၁ဝ) ကျောင်းကျန်းမာရေးလုပ်ငန်းစီမံချက်

(၁၁) ကျောင်းတွင်း စစ်ဆေးအကဲဖြတ်လုပ်ငန်းစီမံချက်

(၁၂) သဘာဝဘေး အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစီမံချက်

(၁၃) ထူးခြားဖြစ်စဉ်လျော့ပါးရေးလုပ်ငန်းစီမံချက်

(၁၄) နှုတ်မှုစွမ်းရည်များပြိုင်ပွဲလုပ်ငန်း စီမံချက်

(၁၅) ကင်းထောက်အဖွဲ့၏ ဖွဲ့စည်းဆောင်ရွက်ရေးလုပ်ငန်းစီမံချက်

(၁၆) နွေရာသီယဉ်ကျေးမှုသင်တန်းလုပ်ငန်းစီမံချက်

(၁၇) ပဉ္စမတန်း/ နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး
လုပ်ငန်း စီမံချက်

(၁၈) ရေသန့်စက်များတပ်ဆင်ရေးလုပ်ငန်းစီမံချက်

(၁၉) သန့်စင်ခန်းများ သန့်ရှင်းရေးလုပ်ငန်းစီမံချက်

(Jo) Multi media classroom လုပ်ငန်းစီမံချက်

(၂၁) ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ လုပ်ငန်းစီမံချက်

(၂၂) အိမ်တွင်းမှုလုပ်ငန်းစီမံချက်

(၂၃) ဘင်ခရာ၊ ပန်းဖွားလုပ်ငန်းစီမံချက်

(၂၄) ဝါသနာပါအသင်းလုပ်ငန်းစီမံချက်

(၂၅) လေ့လာရေးလုပ်ငန်းစီမံချက်

(၂၆) ကြက်ခြေနီလုပ်ငန်းစီမံချက်

(၂၇) ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြေရေးလုပ်ငန်းစီမံချက်

(၂၈) ပန်းချီ/ဂီတ/အနုပညာ လုပ်ငန်းစီမံချက်

(၂၉) ကျောင်းလုံခြုံရေးလုပ်ငန်းစီမံချက်

(၃၀) နွေရာသီသင်တန်းလုပ်ငန်းစီမံချက် .........တို့ဖြစ်ပါတယ်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃