Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ကျောင်းမဖွင့်မီ ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများ

ကျောင်းများဖွင့်လျှင်ဖွင့်ခြင်း ပညာရေးလုပ်ငန်းများ အဆင်ပြေချောမောစွာ စတင်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ကျောင်းအုပ်ကြီးများအနေဖြင့် အဓိက တာဝန်တစ်ရပ် သတ်မှတ်ကာ မလွှဲမသွေ ဆောင်ရွက်ကြရပေမည်။

ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါလုပ်ငန်းများကိုဆောင်ရွက်ကြရန်ဖြစ်ပေသည်။

(က) ကျောင်းဝင်းခြံ၊ ကျောင်းအဆောက်အဦများ၊ စာသင်ခန်းများ၊ အိမ်သာများ အသင့် ဖြစ်စေရန်အတွက် ပြန်လည်ပြုပြင်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊

( ခ) ကျောင်းအလံတိုင်၊ နိုင်ငံတော်အလံ၊ ကျောင်းဆိုင်းဘုတ်၊ အတန်းဆိုင်းဘုတ်၊ မိဘဆရာ အသင်းဆိုင်းဘုတ်များကို ပြုပြင်ခြင်း၊ ဝယ်ယူထားရှိခြင်း၊ ဆေးသုတ်ခြင်း၊

( ဂ) ကျောင်းသုံးပရိဘောဂများလုံလောက်ရေးနှင့်အသင့်ဖြစ်စေရေးအတွက်ပြန်လည် ပြုပြင်ခြင်း၊ ဝယ်ယူခြင်း၊ အခန်းလိုက်နေရာချထားခြင်း၊ ပရိဘောဂများ ဖြည့်တင်းရေး ကို စာသင်နှစ်မစတင်မီ ကြိုတင်ဆောင်ရွက်ရန် လိုပါသည်။

(ဃ) သောက်ရေအိုး၊ သောက်ရေခွက်၊ ရေအိုးဖုံး၊ ရေစစ်၊ တံမြက်စီး၊ အမှိုက်တောင်း၊ အမှိုက် ကော်ပြား၊မြေဖြူ၊သင်ပုန်းဖျက်၊ဆရာနေ့စဉ်မှတ်တမ်းစာအုပ်များ၊ ကျောင်းဝင်မှတ်ပုံတင် “ ခ ” စာရင်းစာအုပ်များ၊ ကျောင်းခေါ်ကြိမ်စာရင်းစာအုပ်များ၊ ကျောင်းထွက်လက်မှတ် စာအုပ်များစသည်တို့နှင့် အထောက်အကူပြုစာရွက်စာတမ်း၊ ရုပ်ဝတ္ထုပစ္စည်းများ စုဆောင်းထားရှိခြင်း၊

( င ) ကျောင်းသုံးစာအုပ် အပြည့်အစုံ အချိန်မီရရှိရေးအတွက် ကျောင်းသားစာရင်းပြုစုခြင်း၊ ကျောင်းသုံးစာအုပ် ဖြန့်ဖြူးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊သက်ဆိုင်ရာတာဝန်ရှိသူ မြို့နယ်ပညာ ရေးမှူးများနှင့် တိုင်းပညာရေးမှူးများထံ တင်ပြခြင်း၊ စာရင်းပေးပို့ခြင်း၊ အမှာစာများ ပြုစုပေးပို့ခြင်း၊ စာအုပ်များခေတ္တသိုလှောင်ရန် နေရာသတ်မှတ်ခြင်း၊ စာအုပ်ဖြန့်ဝေ မည့် စနစ် ကြိုတင်ရေးဆွဲထားခြင်း၊

( စ) မိမိကျောင်းမှထွက်မည့်ကျောင်းသားများအတွက် ကျောင်းထွက်လက်မှတ်များကို အချိန် မီ စနစ်တကျ အမှားအယွင်းမသမာမှုများလုံးဝမရှိစေဘဲ ထုတ်ပေးရေးကို ကြိုတင် စီစဉ်ထားခြင်း၊ ကျောင်းထွက်လက်မှတ် ထုတ်ပေးသည့် မှတ်ပုံတင်စာရင်းထိပါ ကြိုတင် ပြင်ဆင်ထားခြင်း၊

(ဆ) ကျောင်းသားများ (ကျောင်းသားသစ်အပါအဝင်) စနစ်တကျလက်ခံရေးအတွက် စီမံချက် ရေးဆွဲဆောင်ရွက်ခြင်း၊

( ဇ) ကျောင်းဖွင့်လှစ်သည့်နေ့တွင် သင်ကြားရေးကို စတင်ဆောင်ရွက်နိုင်ရေးအတွက် ဆရာ၊ ဆရာမများအား အတန်းမှူး၊ အတန်းပိုင်၊ ဘာသာရပ်မှူးသတ်မှတ်ခြင်း၊ ဘာသာရပ် ခွဲဝေခြင်း၊ အချိန်ဇယားရေးဆွဲခြင်းများကို ကြိုတင်ဆောင်ရွက်ထားခြင်း၊

(ဈ) သောက်သုံးရေပြည့်စုံရေးအတွက် ကြိုတင်ပြင်ဆင်ထားခြင်း၊

(ည) လက်ခံမည့်ကျောင်းသားများအားကျောင်းစည်းကမ်းနှင့်ပတ်သက်၍ ကြိုတင် အသိပေး ထားရေး၊ ကျောင်းစည်းကမ်းနှင့်ပတ်သက်၍ ကျောင်းသားများ၏ ဝန်ခံကတိပြုရေး အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊

(ဋ) တစ်နှစ်တာ ပညာရေးလုပ်ငန်း စီမံချက်ကို စည်းကမ်းထိန်းသိမ်းရေး၊ သင်ကြားရေး၊ လုံခြုံရေး၊ဖွံ့ဖြိုးရေး၊ စသည့်ကဏ္ဍများခွဲခြားကာ ကဏ္ဍအလိုက်လိုအပ်သော အဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ တာဝန်ခွဲဝေ သတ်မှတ်ခြင်း၊ ကျောင်းသည်ကျောင်းနှင့်တူစေရေး၊ သန့်ရှင်းသပ်ရပ်လှပရေး၊ စိမ်းလန်းစိုပြည်ရေး၊ ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံ၊ ပရိဘောဂနှင့်အခြားရုပ်ဝတ္ထုပစ္စည်းများ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းကို ထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကျောင်းမဖွင့်မီ အနည်းဆုံးတစ်လကပင် စတင်၍ မိဘဆရာ အသင်းအစည်း အဝေးခေါ်ယူ ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်း၊ လိုအပ်သောပံ့ပိုးမှုများရယူခြင်းများ ပြုသင့်ပါသည်။ မိဘဆရာအသင်း ကျောင်းအကျိုးဆောင်အဖွဲ့နှင့်လည်း ညှိနှိုင်းဆောင်ရွက်ခြင်း ပြုသင့်ပါသည်။ သင်ကြားရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးအတွက် တစ်နှစ်တာပညာရေးလုပ်ငန်းစီမံချက်ကို ဆရာ၊ ဆရာမများအား အစည်းအဝေးခေါ်ယူ၍ ရှင်းလင်းဆွေးနွေးခြင်း၊ တာဝန်ခွဲဝေသတ်မှတ်ပေးခြင်းပြု သင့်ပါသည်။

(မှတ်ချက်။ ယခင်စာသင်နှစ်တွင်ဖွဲ့စည်းထားသော မိဘ-ဆရာအသင်း နှင့် ကျောင်းအကျိုးဆောင်အသင်းတို့ကို...ယခုစာသင်နှစ်မစတင်မီခေါ်ယူ၍ညှိနှိုင်းဆောင်ရွက်စေခြင်းကိုဆိုလိုပါသည်။)

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍2
ပညာပြည့်ဝ နှလုံးလှဖို့ ဓမ္မအမွေဖြန့်ဝေစို့ https://play.google.com/store/apps/details?id=com.prox.dsfsong
❤1
🙏🙏🙏
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ၏ Mp-3 တရားတော်များ(239 )ပုဒ် ကို download ရယူ နာကြားပူဇော်နိုင်စေရန် ပူဇော်ပါ၏။

------------------------------
(01). 001 မှ 017-(၁၇)ပုဒ် ( 159.04 MB)
https://www.mediafire.com/download/j752td9lh6oom3i

(02). 018 မှ 034-(၁၇)ပုဒ် (154.19 MB)
https://www.mediafire.com/download/rspor5h6r8yq64m

(03).035 မှ 050-(၁၆)ပုဒ် (147.07 MB)
https://www.mediafire.com/download/2ywvsuhy99g7fu6

(04).051 မှ 066-(၁၆)ပုဒ် (151.24 MB)
https://www.mediafire.com/download/lfh4buv6lvn9xm0

(05). 067 မှ 084-(၁၈)ပုဒ် (168.07 MB)
https://www.mediafire.com/download/8zxprg33ml0wyoj

(06). 085 မှ 101-(၁၇)ပုဒ် (153.38 MB)
https://www.mediafire.com/download/vy7d4zn6ue1o5g7

(07). 102 မှ 118-(၁၇)ပုဒ် (179.88 MB)
https://www.mediafire.com/download/8mzyqb0k8ojxsn5

(08). 119 မှ 134-(၁၆)ပုဒ် (141.61 MB)
https://www.mediafire.com/download/tq2aavkpgkhgvmw

(09). 135 မှ 149-(၁၅)ပုဒ် (159.41 MB)
https://www.mediafire.com/download/2rdeo655ejckew3

(10). 150 မှ 164-(၁၅)ပုဒ် (275.44 MB)
https://www.mediafire.com/download/tau8r328u5zgvdg

(11). 165 မှ 180-(၁၆)ပုဒ် (423.53 MB)
https://www.mediafire.com/download/oc6zt7izkzgihsd

(12). 181 မှ 197-(၁၇)ပုဒ် (159.11 MB)
https://www.mediafire.com/download/fqdfmfghuuzf7mm

(13). 198 မှ 215-(၁၈)ပုဒ် (196.4 MB)
https://www.mediafire.com/download/zan7y9r6n3qi0s1

(14). 216 မှ 232-(၁၇)ပုဒ် (183.08 MB)
https://www.mediafire.com/download/845yf5k4aetiutl

(15). 233 မှ 239-(၇)ပုဒ် (435.29 MB)
https://www.mediafire.com/download/rmw077o5oqvmlzf

#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
#ဝနဝါသီဉေယျဓမ္မသာမိထေရ်
#နတ်တလူသာသနာပြုအသင်း
#kokolatt_shwemahar
❤5
မူ၊လယ်၊ထက်ဆင့်
ဘာသာရပ်အလိုက် အချိန်ခွဲဝေမှုစာရင်း

၂၀၂၃-၂၀၂၄ ညွှန်ကြားချက်
"အစေ့" နှစ်မျိုးက မတူပါဘူး🤔
=========================
ဟုတ်ပါတယ်...
မြန်မာမှာတော့ အသီးတွေရဲ့
ဘယ်လိုအစေ့ကိုမဆို "အစေ့" လို့ပဲ
ခေါ်ပေမယ့် English မှာတော့
အခေါ်အဝေါ်လေးကွဲပါတယ်🤭
.
💫သရက်သီး၊ ထောပတ်သီး၊ မက်မန်းသီး
စတဲ့အသီးတွေလိုမျိုး အလည်မှာ
အစေ့ကြီးကြီး တစ်စေ့ပဲပါတဲ့
အစေ့မျိုးကို English လို
"Pit" လို့ခေါ်ပါတယ်။💫

💫လိမ္မော်သီး၊ စပျစ်သီး၊ သံပုရာ
လိုအသီးတွေမှာပါတဲ့ ခပ်သေးသေးနဲ့
အများကြီးပါတဲ့ အစေ့တွေကိုတော့ English လို
"Seed" လို့ခေါ်ပါတယ်။💫
.
ဒီလောက်ဆိုရင်တော့ အစေ့နှစ်မျိုးရဲ့
English လို အခေါ်အဝေါ်တွေကို
ကွဲကြပြီလို့ ထင်ပါတယ်။
👏5❤3
" " ဘက်စုံ ပညာအရည်အချင်း မှတ်တမ်း " ပုံစံသစ်
ယခင် - MRC
ယခု - QCPR
( Quarterty Comprehensive Personal Record )
ဘက်စုံ ပညာအရည်အချင်း မှတ်တမ်း
Quartery - ၃လ တစ်ကြိမ်ဖြစ်သော

ယခင် - CPR
ယခု - CCPR
( Consolidated Comprehensive Personal Record )
ဘက်စုံ ပညာအရည်အချင်း မှတ်တမ်းချုပ်
Consolidated - တစ်စုတစ်စည်းတည်း ပေါင်းရုံးထားသော

ပုံစံပြောင်းလဲမူစတင်မည်ဖြစ်၍.....ထိုအတွက် အကြောင်းအရာပြည့်စုံစွာသိရှိစေရန်အတွက် ခရိုင်အဆင့်သင်တန်းရှိလာပါမည်။....

ထို QCPR နှင့် CCPR ကို ကိုယ်ပိုင်ကျောင်းအပါအဝင် အခြေခံပညာကျောင်းများအားလုံးသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
👍5
လတ်တလောဖြစ်ပေါ်နေသော နယ်မြေလုံခြုံရေးအခြေအနေများအရ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ ယာယီရပ်ဆိုင်းထားသည့် ဘဏ်ခွဲများနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင် ခြင်းမရှိသည့် ဘဏ်ခွဲများမှ အငြိမ်းစားများ နှစ်လွန်ပင်စင်လျှောက်ထားရာတွင် အခက်အခဲရှိနေကြောင်း သိရှိရပါသည်။


အထက်ပါအငြိမ်းစားများ၏ နှစ်လွန်ပင်စင်လစာ ပြန်လည်လျှောက်ထားမှု အဆင်ပြေစေရန် အတွက် ၁-၄-၂၀၂၁ ရက်နေ့မှစတင်၍ တစ်နှစ်ထက်ကျော်လွန်ပြီး ပင်စင်လစာထုတ်ယူနိုင်ခြင်းမရှိ သော အငြိမ်းစားများအား ယာယီအစီအစဉ်အနေဖြင့် နီးစပ်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် နှစ်လွန် ပင်စင် ပြန်လည်ထုတ်ယူခွင့်ကို လျှောက်ထားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
2024-2025 ပညာသင်နှစ်
အခြေခံပညာအဆင့် ကျောင်းတွင်းစစ်
တတ်မြောက်မှု စစ်ဆေး အကဲဖြတ်ခြင်း
ပုစဉ်းတွေ ဘာ့ကြောင့်ရှားပါးနေရပါသလဲ
Copy from
👇👇👇👇
Zaw Win Shein, Admin of "Wildlife of Myanmar"
Query of Henry Htun

Dragonfly ဆိုတဲ့ ကျွန်တော်တို့အခေါ် ပုစဉ်းလေးတွေဟာ ဂေဟစနစ်ထဲမှတော့ အင်းဆက်အသေးစားလေးကို စားသုံးလေ့ရှိပါတယ်။

သိသာတဲ့ နမူနာပြောရရင် သူတို့လေးတွေဟာ ခြင်တွေကို စားသုံးကြပြီး လူတွေအတွက် အန္တရာယ်ဖြစ်စေတတ်တဲ့ ခြင်တွေပွားများမှုကိုထိန်းသိမ်းရာမှာ တထောင့်တနေရာကနေကူညီပေးနေပါတယ်ဗျ။

ဒီလိုပဲတဖက်မှာကြည့်ရင် သူတို့လေးတွေဟာ ငါး၊ ငှက် စတဲ့သတ္တဝါလေးတွေရဲ့ အစာအနေနဲ့ ပါဝင်ပြီး အစာကွင်းဆက်ကို လည်ပတ်နေဖို့ ကူညီပေးနေတာပါ။

ဆက်‌ရမယ်ဆိုရင် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ပုစဉ်းတွေခါတိုင်းထက်အတွေ့နည်းလာတယ် လို့ပဲ ဆိုရမှာပါ ၊လုံးဝမရှိဘူးဆိုတာတော့ပြောလို့မရပါဘူး

ဘာလို့လဲဆိုတော့ ကိုယ်မှ ခြုံတကာ၊ရေစပ်တကာ၊ ‌မြက်ခင်းတကာလိုက်စစ်နေ ရှာမနေတာမို့ရယ်။
ပုစဉ်းလေးတွေက ကြီးကျယ်တယ်လို့ပဲဆိုရမလားပြောရရင်

သူတို့က လေထုအရည်အသွေးနဲ့ Oxygen level ကောင်းမွန်ပြီး ရေအရည်အသွေးသန့်ရှင်းတဲ့နေရာမျိုးတွေမှာအနေများတာကြောင့်ပါ

ဒီတော့ ကျွန်တော်တို့ပတ်ဝန်းကျင်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေနဲ့ယှဉ်ရင် အခုအချိန်အခါဟာလေထုအရည်အသွေးလွန်စွာဆိုးဝါးနေပြီး၊ ရေသန့်ရှင်းမှုပါအတော်လေးကျဆင်းလာနေပြီ
ဆိုတာကို ဒီပုစဉ်းလေးတွေ တွေ့ရနည်းတာ၊ အကောင်ရေ လျော့နည်းလာနေတာက မီးမောင်းထိုးပြနေသလိုပါပဲ။

မြန်မာနိုင်ငံအနေနဲ့ကတော့ မြို့ပြကြီးတွေနဲ့ယှဉ်ရင် နယ်ဘက်တွေ၊ ကျေးလက်ဒေသတွေမှာတော့ပုစဉ်းလေးတွေကိုတွေ့ရနေတုန်းပါပဲ

အရင်ကထက် အကောင်နည်းသွားတာ၊ တွေ့တဲ့နေရာ နည်းသွားတာ‌တခုက လွဲလို့ပေါ့။

သဘာဝပတ်ဝန်းကျင် တစထက်တစ ပျက်စီးလာနေမှုကို ထိန်းသိမ်းကာကွယ်ဖို့ တဦးချင်းစီတိုင်းမှာတာဝန်ရှိပြီးကူညီနိုင်တဲ့တထောင့်တနေရာကနေပါဝင်ကူညီနေမှသာ ပျက်စီးနေခဲ့ သဘာဝပတ်ဝန်းကျင်ကို တဖြည်း ဖြည်းနဲ့ ပြန်လည်ပြုပြင်နိုင်လာမှာပါခင်ဗျာ
May 12

"၂၀၂၄-၂၀၂၅ ပညာသင်နှစ်” အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များ
👩‍🏫📚📖
==============================================================
၁။ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေး အပါအဝင် မည်သည့် အခကြေးငွေကိုမျှ လုံးဝမကောက်ခံပါ။
၂။ အခမဲ့ထောက်ပံ့မှုများမှာ
(က) သူငယ်တန်း (KG) သင်ရိုးသစ်
၁။ သင်္ချာအခြေခံ ၂။ ပုံဆွဲခြင်းနှင့် ဆေးခြယ်ခြင်း ၃။ သင်ယူမှုရလဒ်မှတ်တမ်း ၄။ ဗျည်းအက္ခရာ၊ ကိန်းဂဏန်းတွေ အရေးကျင့်ကြမယ်စာအုပ် ၅။ ခဲတံ (၄) ချောင်း ၆။ ကျောင်းဝတ်စုံ(၁)စုံ
(ခ) ပထမတန်း (Grade 1) သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ လူမှုရေး ၆။ စာရိတ္တနှင့်ပြည်သူ့နီတိ ၇။ ဗလာ စာအုပ်(၁)ဒါဇင် ၈။ ခဲတံ (၄)ချောင်း ၉။ ကျောင်း ဝတ်စုံ(၁)စုံ
(ဂ) ဒုတိယတန်း (Grdae 2) သင်ရိုးသစ်
၁။ မြန်မာစာ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ လူမှုရေး ၆။ စာရိတ္တနှင့်ပြည်သူ့နီတိ ၇။ ဗလာ စာအုပ် (၁) ဒါဇင် ၈။ ခဲတံ (၄) ချောင်း ၉။ ကျောင်း ဝတ်စုံ(၁)စုံ
(ဃ) တတိယတန်း (Grade 3) သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ လူမှုရေး ၆။ စာရိတ္တနှင့်ပြည်သူ့နီတိ ၇။ ဗလာ စာအုပ် (၁) ဒါဇင် ၈။ ခဲတံ (၄) ချောင်း ၉။ ကျောင်း ဝတ်စုံ(၁)စုံ
(င) စတုတ္ထတန်း (Grade 4) သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ လူမှုရေး ၆။ စာရိတ္တနှင့်ပြည်သူ့နီတိ ၇။ ဘဝတွက်တာ ကျွမ်းကျင်စရာ ၈။ ကာယပညာ ၉။ အနုပညာ(ပန်းချီ) ၁၀။ အနုပညာ(ဂီတ) ၁၁။ ဗလာစာအုပ် (၁)ဒါဇင် ၁၂။ ခဲတံ (၄)ချောင်း ၁၃။ ကျောင်း ဝတ်စုံ (၁)စုံ
(စ) ပဉ္စမတန်း (Grade 5) သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ လူမှုရေး ၆။ စာရိတ္တနှင့်ပြည်သူ့နီတိ ၇။ ဘဝ တွက်တာကျွမ်းကျင်စရာ ၈။ ကာယပညာ ၉။ အနုပညာ(ပန်းချီ) ၁၀။ အနုပညာ(ဂီတ) ၁၁။ ဗလာစာအုပ် (၁)ဒါဇင် ၁၂။ ခဲတံ (၄) ချောင်း ၁၃။ ကျောင်းဝတ်စုံ(၁)စုံ
(ဆ) ဆဋ္ဌမတန်း (Grade 6) သင်ရိုးသစ်
၁။၊ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ ပထဝီဝင် ၆။ သမိုင်း ၇။ စာရိတ္တနှင့်ပြည်သူ့နီတိ ၈။ ဘဝတွက်တာကျွမ်းကျင်စရာ ၉။ ကာယပညာ ၁၀။ အနုပညာ(ပန်းချီ) ၁၁။ အနုပညာ(ဂီတ) ၁၂။ ဗလာစာအုပ်(၁)ဒါဇင် ၁၃။ ဘောပင် (၂)ချောင်း ၁၄။ ခဲတံ (၂)ချောင်း
(ဇ) သတ္တမတန်း (Grade 7) သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ ပထဝီဝင် ၆။ သမိုင်း ၇။ စာရိတ္တနှင့်ပြည်သူ့နီတိ ၈။ ဘဝတွက်တာကျွမ်းကျင်စရာ ၉။ ကာယပညာ ၁၀။ အနုပညာ(ပန်းချီ) ၁၁။ အနုပညာ(ဂီတ) ၁၂။ ဗလာစာအုပ် (၁)ဒါဇင် ၁၃။ ဘောပင် (၂)ချောင်း ၁၄။ ခဲတံ (၂)ချောင်း
(ဈ) အဋ္ဌမတန်း (Grade 😎 သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ ပထဝီဝင် ၆။ သမိုင်း ၇။ စာရိတ္တနှင့်ပြည်သူ့နီတိ ၈။ ဘဝတွက်တာကျွမ်းကျင်စရာ ၉။ ကာယပညာ ၁၀။ အနုပညာ(ပန်းချီ) ၁၁။ အနုပညာ (ဂီတ) ၁၂။ ဗလာစာအုပ် (၁)ဒါဇင် ၁၃။ ဘောပင် (၂)ချောင်း ၁၄။ ခဲတံ (၂)ချောင်း
(ည) နဝမတန်း (Grade 9) သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ သိပ္ပံ ၅။ ပထဝီဝင် ၆။ သမိုင်း ၇။ စာရိတ္တနှင့်ပြည်သူ့နီတိ ၈။ ဘဝတွက်တာကျွမ်းကျင်စရာ ၉။ ကာယပညာ ၁၀။ အနုပညာ (ပန်းချီ) ၁၁။ အနုပညာ (ဂီတ) ၁၂။ ဗလာစာအုပ်(၁)ဒါဇင် ၁၃။ ဘောပင်(၂)ချောင်း ၁၄။ ခဲတံ (၂) ချောင်း
(ဋ) ဒသမတန်း (Grade 10) သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ ဓာတုဗေဒ ၅။ ဓာတုဗေဒလက်တွေ့ ၆။ ရူပဗေဒ ၇။ ရူပဗေဒ လက်တွေ့ ၈။ ဇီဝဗေဒ ၉။ ဇီဝဗေဒလက်တွေ့ ၁၀။ ပထဝီဝင် ၁၁။ သမိုင်း ၁၂။ ဘောဂဗေဒ ၁၃။ သိပ္ပံ(ဓာတု+ရူပ+ဇီဝ) ၁၄။ လူမှုရေးသိပ္ပံ (ပထဝီဝင်+ သမိုင်း+ဘောဂဗေဒ) ၁၅။ လူမှုရေးသိပ္ပံ (ပထဝီဝင်+သမိုင်း) (ဓာတု+ရူပ+ဘောဂ) ဘာသာတွဲ ၁၆။ စာရိတ္တနှင့်ပြည်သူ့နီတိ ၁၇။ ဘဝတွက်တာ ကျွမ်းကျင်စရာ ၁၈။ ကာယပညာ (သို့မဟုတ်) အနုပညာ (ပန်းချီ) (သို့မဟုတ်) အနုပညာ (ဂီတ) ၁၉။ ဗလာစာအုပ် (၁)ဒါဇင် ၂၀။ ဘောပင် (၂)ချောင်း ၂၁။ ခဲတံ (၂)ချောင်း
(ဌ) ဧကာဒသမတန်း (Grade 11) သင်ရိုးသစ်
၁။ မြန်မာစာ ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ ဓာတုဗေဒ ၅။ ဓာတုဗေဒလက်တွေ့ ၆။ ရူပဗေဒ ၇။ ရူပဗေဒ လက်တွေ့ ၈။ ဇီဝဗေဒ ၉။ ဇီဝဗေဒလက်တွေ့ ၁၀။ ပထဝီဝင် ၁၁။ သမိုင်း ၁၂။ ဘောဂဗေဒ ၁၃။ သိပ္ပံ (ဓာတု+ရူပ+ဇီဝ) ၁၄။ လူမှုရေးသိပ္ပံ (ပထဝီဝင်+ သမိုင်း+ဘောဂဗေဒ) ၁၅။ လူမှုရေး သိပ္ပံ(ပထဝီဝင်+သမိုင်း) (ဓာတု+ရူပ+ဘောဂ) ဘာသာတွဲ ၁၆။ စာရိတ္တနှင့်ပြည်သူ့နီတိ ၁၇။ ဘဝတွက်တာကျွမ်းကျင်စရာ ၁၈။ ကာယပညာ (သို့မဟုတ်)အနုပညာ(ပန်းချီ)(သို့မဟုတ်)အနုပညာ (ဂီတ) ၁၉။ ဗလာစာအုပ် (၁)ဒါဇင် ၂၀။ ဘောပင် (၂) ချောင်း ၂၁။ ခဲတံ (၂) ချောင်း
(ဍ) ဒွါဒသမတန်း(Grade 12) သင်ရိုးသစ်
၁။ မြန်မာစာ၂။ အင်္ဂလိပ်စာ ၃။ သင်္ချာ ၄။ ဓာတုဗေဒ ၅။ ဓာတုဗေဒလက်တွေ့ ၆။ ရူပဗေဒ ၇။ ရူပဗေဒ လက်တွေ့ ၈။ ဇီဝဗေဒ ၉။ ဇီဝဗေဒလက်တွေ့ ၁၀။ ပထဝီဝင် ၁၁။ သမိုင်း ၁၂။ ဘောဂဗေဒ ၁၃။ သိပ္ပံ (ဓာတု+ရူပ+ဇီဝ) ၁၄။ လူမှုရေးသိပ္ပံ (ပထဝီဝင်+သမိုင်း+ဘောဂဗေဒ) ၁၅။ လူမှုရေးသိပ္ပံ (ပထဝီဝင်+သမိုင်း) (ဓာတု+ရူပ+ဘောဂ)ဘာသာတွဲ ၁၆။ ဗလာစာအုပ်(၁)ဒါဇင် ၁၇။ ဘောပင် (၂)ချောင်း
❤1👍1
၁၈။ခဲတံ(၂)ချောင်းတို့ဖြစ်သည်။