Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
✍ စာလုံးဆင့်နှင့်
ကင်းစီး ✍

မြန်မာစာအရေးအသားစနစ်တွင် ပါဌ်ဆင့် ခေါ် နှစ်လုံးဆင့်အက္ခရာများလည်းပါဝင်သည့်အတွက်
နှစ်လုံးဆင့်ပုံစနစ်အကြောင်း
ပြောရန်ရှိပါသည်။မြန်မာစာတွင် ပါဌ်ဆင့်များပါသည့်အတွက် ကွန်ပျူတာစာစီ၊ စာရိုက်ပြုလုပ်ရာတွင် နှစ်လုံးဆင့်များထည့်သွင်းထားရသည်ကို အများအသိပင် ဖြစ်ပါသည်။🌿

ပါဠိမှလာသော ပါဠိသက်စကားလုံးများကို နှစ်လုံးဆင့်သည့်အတွက်
ပါဌ်ဆင့်ဟုခေါ်ခြင်းဖြစ်သည်။ နှစ်လုံးဆင့်ရာတွင် ဆင့်သည်စနစ်ရှိပါသည်။ ဘယ်စာလုံးတွေကို ဘယ်လို ဆင့်ရပါသလဲ။🌿

က၊ ဂ၊ ( င)၊ စ၊ ဇ၊ ည၊ ဋ၊ ဍ၊ ဏ၊ တ၊ ဒ၊ န၊ ပ၊ ဗ၊ မ၊ ယ၊ လ၊ သ
တို့ကို စာလုံးတူချင်း နှစ်လုံးဆင့်နိုင်ပါသည်။
သာဓကများကိုကြည့်ပါ။

" တက္ကသိုလ်၊ သမဂ္ဂ၊ ပစ္စည်း၊ ဝိဇ္ဇာ၊
( ပညာ)၊ ဝဋ္ဋ၊ အဍ္ဍ၊ ပုဏ္ဏား၊ စာရိတ္တ၊
သဒ္ဒါ၊ သန္နိဋ္ဌာန်၊ သပ္ပါယ်၊ နိဗ္ဗာန်၊
ဓမ္မတာ၊ ( ယေဘုယျ)၊ ပလ္လင်၊
( နိဿယ)" တို့တွင် စာလုံးတူနှစ်လုံးဆင့်ထားသည်ကို တွေ့နိုင်ပါသည်။

စနစ်အရပြောရလျှင် -
က-င၊ စ-ဉ၊ ဋ-ဏ၊ တ-န၊ ပ-မ
ဟူ၍ ငါးလုံးတစ်စုစီစုထားသည်ကို
ဝဂ်( ဝဂ္ဂ=အစု)ဟုခေါ်သည်။
ပြခဲ့သောနှစ်လုံးဆင့်များကိုကြည့်လျှင် ဝဂ်တစ်ခုစီမှ-
ပထမအက်ခရာ၊ တတိယအက်ခရာ၊
ပဉ္စမအက္ခရာတို့ကို နှစ်လုံးဆင့်ခြင်းဖြစ်ကြောင်း တွေ့နိုင်ပါသည်။

" င" မှာမူ ပဉ္စမအက္ခရာဖြစ်သော်လည်း အခြားပဉ္စမအက္ခရာများဖြစ်သော ဉ၊ ဏ၊ န၊ မ တို့လို
"င" နှစ်လုံးဆင့်မရှိပါ။ပဉ္စမအက္ခရာအဖြစ်သာ ဖော်ပြခြင်းဖြစ်ပါသည်။

" ပညာ"မှ "ည" သည် "ဉ" နှစ်လုံးဆင့်ဖြစ်ပါသည်။( ပဉ်+ဉာ)
ယေဘုယျမှ "ယျ"သည် ယနှစ်လုံးဆင့် ဖြစ်ပါသည်။( ဘုယ်+ယ)

နိဿယမှ "ဿ" သည် သနှစ်လုံးဆင့်ဖြစ်ပါသည်။
( သ်+သ) နှစ်လုံးဆင့်တွင် အပေါ်စာလုံးသည် အသတ်ဖြစ်ခြင်း၊
အခြားစာလုံးများလို နှစ်လုံးမဆင့်ဘဲ ပူးတွဲရေးခြင်းတို့ကြောင့် ပုံစံကွဲပြားနေခြင်းဖြစ်ပါသည်။

ဗျည်း ၃၃လုံးတွင် က မှ မ အထိ
ဝဂ်အက္ခရာများဟုခေါ်ပြီး -
ယ မှ အ အထိ အဝဂ် ( ဝဂ်မဟုတ်သော) အက္ခရာများဟု ခေါ်ပါသည်။
အ, ဝဂ် အက္ခရာများတွင် ယ၊ လ၊ သ
သုံးလုံးကိုသာ စာလုံးတူနှစ်လုံးဆင့်နိုင်ပါသည်။

မတူသောစာလုံးချင်းလည်း ဆင့်နိုင်ပါသည်။ ဘယ်လိုဆင့်နိုင်ပါသလဲ။
သာဓကများကိုကြည့်ပါ။
" ဒုက္ခ၊ အနဂ္ဃ၊ ပုစ္ဆာ၊ မဇ္ဈိမ၊
( ပဋ္ဌာန်း)၊ အာယုဝဎ္ဍန၊ ဝတ္ထု၊ ဗုဒ္ဓ၊
ဇာတိပ္ဖိုလ်၊ ဒုဗ္ဘိက္ခန္တရကပ်"တို့တွင်
စာလုံးကွဲနှစ်လုံးဆင့်ထားသည်ကို
တွေ့နိုင်ပါသည်။

စနစ်အရပြောရလျှင် ဝဂ်အက္ခရာများတွင် ပထမအက္ခရာကို ဒုတိယအက္ခရာအပေါ်ကဆင့်ရသည်။

တတိယအက္ခရာကို စတုတ္ထအက္ခရာအပေါ်ကဆင့်ရသည်။

"ဂိဇ္ဈကုဋ်" တွင် ဇကို ဈပေါ်က ဆင့်ခြင်းဖြစ်သည်။
" ဝဎ္ဍန" တွင် ဍ ကို ဎ ပေါ်ကဆင့်ခြင်းဖြစ်သည်။
ပုံနှိပ်စာလုံး ပုံစံများပြုလုပ်ရာတွင်
တစ်လုံးပေါ်တစ်လုံးဆင့်ရေးလျှင်
ဈ နှင့် ဍ တို့ ခြေထောက်များရှည်နေပြီး နေရာယူမည်စိုး၍ ဤပုံစံများအတိုင်း တစ်လုံးနှင့်တစ်လုံး သီးခြားမဆင့်ဘဲ နေရာချုံ့ထားခြင်းဖြစ်သည်။
" ပဋ္ဌာန်း" မှ " ဋ္ဌ" မှာ "ဋ်+ ဌ" ဖြစ်ကြောင်း ပါဠိအသတ်များတွင် ပြပြီးဖြစ်သည်။ ဋ နှင့် ဌ ကို ဆင့်ထားခြင်းဖြစ်သော်လည်း ရှေ့စာလုံးမှာ အသတ်ဖြစ်နေခြင်း ၊
နှစ်လုံးမဆင့်ဘဲ ပူးတွဲရေးခြင်းတို့ကြောင့် ဤပုံစံဖြစ်နေရခြင်းဖြစ်ပါသည်။🌿

င၊ ဉ၊ ဏ၊ န၊ မ ဟူသော ပဉ္စမအက္ခရာငါးလုံးတွင် ဉ၊ ဏ၊ န၊ မ တို့ကို အခြားအက္ခရာအပေါ်ကဆင့်သောအခါ
" ပဉ္စမ၊ ကဏ္ဍ၊ သန္တာ၊ ကမ္ဘာ" ဟူသောပုံစံများအတိုင်းဆင့်သော်လည်း " င" ကို အခြားအက္ခရာပေါ်ကဆင့်သောအခါတွင်မူ
" င" အက္ခရာသက်သက်ဖြင့်မဆင့်ဘဲ င အပေါ်က အသတ်ကလေး
ထည့်ပြီး ဆင့်ရကြောင်းတွေ့နိုင်ပါသည်။ ငကို က၊ ခ၊ ဂ၊ ဃ တို့အပေါ်က ဆင့်နိုင်သည်။
ဆင့်ရာတွင်
" သင်္ကါ၊ သင်္ခါရ၊ အင်္ဂါ၊ သင်္ဃါ" ဟူသော စာလုံးပုံစံမျိုးဖြင့် င အပေါ်က အသတ်ပါသော ( င်) စာလုံးလေးဖြင့် ဆင့်ရသည်။ထိုမျှမက
" သေ င်္ဘါ၊ ဟင်္သါ" တို့မှာကဲ့သို့
" ဘ၊ သ" တို့၏အပေါ်ကလည်း
ဆင့်ပါသည်။
ထို ငသတ်အသေးလေးကို " "ကင်းစီး" ဟုခေါ်သည်။
အသတ်မထည့်ဘဲ င သက်သက်
ဖြင့်ဆင့်လျှင် " က်၊ ခ်၊ ဂ်၊ ဃ်" တို့နှင့် ရောထွေးစရာရှိသည့်အတွက် င သက်သက်မဆင့်ဘဲ အသတ်ထည့်ပြီး " င" ကင်းစီးဖြင့်ဆင့်သည်ဟု ယူဆရပါသည်။🌿

ပါဠိစကားလုံးများကို စာလုံးဆင့်ရေးသကဲ့သို့ မြန်မာစာလုံးအချို့ကိုလည်း စာလုံးဆင့်ဖြင့် ရေးလေ့ရှိပါသည်။
" ကုက္ကို၊ မိတ္တူ၊ လိမ္မာ၊ လိမ္မော်၊ သေတ္တာ၊ ယောက္ခမ၊ လက်ျာ၊ ယောက်ျား" စသည့်စာလုံးများဖြစ်သည်။🌿

ရှေးက ကျောက်စာ၊ ပေစာများတွင်
နေရာကျုံ့စေရန် စာလုံးနှစ်လုံးဆင့်
ရေးလေ့ရှိကြသည်။" သခင်" ကို "သ္ခင်" ဟုနှစ်လုံးဆင့်ရေးပုံကို
ရာဇကုမာရ်ကျောက်စာမှာကတည်းက တွေ့နေရပြီဖြစ်သည်။
ပေစာတွင် "လ္နံ" မှာ " လက်နက်" ကို အတိုကောက်ရေးခြင်းဖြစ်သည်။
သေးသေးတင်မှာ ကသတ်၏အတိုကောက်ဖြစ်သည်။ လနှင့် နကို ကသတ်တစ်လုံးတည်းဖြင့် ရေးခြင်းဖြစ်သည်။

( ယောက်ျား) မှာ စိတ်ဝင်စားစရာဖြစ်သည်။ ပုဂံခေတ်က
👍3
" ယောက်ယာ" ဟုရေးသည်။
" ယောက်ယား" ဟု အသံထွက်ဖွယ်ရှိပါသည်။ နောက်ပိုင်းမှာ " က်" အောက်မှ ယပင့်ထည့်ရေးပြီး
" ယောက်ျား" ဖြစ်လာသည်။
" ယ" မှာ ယပင့်နှင့် အတူတူပင်ဖြစ်သည်။ " လက်ဝဲ၊ လက်ယာ" ကိုလည်း ဤသို့ပင် ဆင့်၍ရေးကြသည်။ " လက်ဝဲ" ကို " လကွဲ"၊
" လက်ယာ" ကို " လက်ျာ" ဟုရေးခြင်းဖြစ်သည်။ သို့သော် " လက်ဝဲ"အတိုကောက်မှာ အခြားအဓိပ္ပါယ်ဖြစ်သွားနိုင်သည့်အတွက် ယခုခေတ်တွင် ဆင့်၍မရေးတော့ပါ။
" လက်ျာ" ကိုလည်း " လက်ယာ" ဟု ခွဲရေးနေကြပါပြီ။🌿

" မိန်းမ" ကို " မိမ္မ"၊ " ကျန်းမာ" ကို " ကျမ္မာ" ဟူ၍ မနှစ်လုံးဆင့်နှင့်
ရေးပုံမျိုး အသုံးတွင်ကျယ်ခဲ့ပါသေးသည်။ စာလုံးပေါင်းသတ်ပုံ
မမှန်သည့်အတွက် ယခုအခါမှာတော့ " မိန်းမ"၊ " ကျန်းမာ"ဟု ရေးနေကြပြီဖြစ်ပါသည်။🌿

စာလုံးတစ်လုံးကို နှစ်ကြိမ်ထပ်
မရေးဘဲ နောက်က ၂ ဂဏန်းထပ်ရေးပုံမျိုးကိုလည်း ပုဂံခေတ်ကတည်းက သုံးပါသည်။ "မိမိ" ဟုရေးလိုလျှင် " မိ ၂" ဟု ရေးပုံမျိုးဖြစ်ပါသည်။ နေရာကျုံ့အောင်ရေးခြင်းဖြစ်ပါသည်။ တစ်ကျော့သာမက နှစ်ကျော့ထပ်ပြီး ၂ ဂဏန်းထိုးပုံမျိုးလည်းရှိသည်။ " "တပြောင်းပြန်ပြန်၊ တပြောင်းပြန်ပြန်( ငရဲခံရပါစေသတည်း)" ဟုရေးထိုးရာ၌ အတိုချုပ်ပုံမှာ
" တပ္လောင်ပ္လန် ၂၂ "ဟူ၍ဖြစ်သည်။
ရှေ့က ၂ ပြန်ကို ၂ ခါထပ်ခြင်းဖြစ်၍
နောက်က ၂ မှာ " တပြောင်းပြန်ပြန်"
ဟူသော ပုဒ်တစ်ခုလုံးကို ၂ ခါထပ်ခြင်းဖြစ်ပါသည်။🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

Popular Journal, July,2012

{ ဆရာကြီးမောင်ခင်မင်( ဓနုဖြူ)}
[ မြန်မာစကားအကြောင်း
တစေ့တစောင်း]
👍3
ဧပြီလ၂၅/၂၀၂၄ခုနှစ်

ဧပြီလ ၂၇မှ မေလ ၁ ရက်အထိ အပူလိူင်း ထပ်ဖြတ်မည်။🌡️🌡️🌡️🌡️🌡️🌡️🌡️

၂၆-၂၇-၂၈ တွင် ပိုသတိထားကြပါ အပူရှပ်ခြင်း မဖြစ်အောင် ဂရုစိုက် ကာကွယ် နေထိုင်ကြပါ။

#အားလုံးကျန်းမာကြပါစေ

🔘၂၀၂၄ ဧပြီလ ၂၃ မှ ၃၀ ရက်ထိ🌡️Heat Wave🌡️အပူလှိုင်း ကျရောက်မည့်နေရာများမှာ-👇👇👇👇👇👇

1️⃣စစ်ကိုင်းတိုင်း အောက်ပိုင်း စစ်ကိုင်းခရိုင်/မုံရွာခရိုင်/ယင်းမာပင်ခရိုင်/ရွှေဘိုခရိုင်/ကလေးခရိုင် ၄၀ မှ ၄၃ စင်တီဂရိတ်ထိ/

2️⃣မန္တလေးတိုင်း မြင်းခြံခရိုင်/ညောင်ဦးခရိုင် ၄၀ မှ ၄၄ စင်တီဂရိတ်ထိ/မန္တလေးခရိုင်/ကျောက်ဆည်ခရိုင်/
မိတ္ထီလာခရိုင် ၄၀ မှ ၄၂ စင်တီဂရိတ်ထိ/

3️⃣မကွေးတိုင်း ၄၀ မှ ၄၆ စင်တီဂရိတ်ထိ

4️⃣ ပဲခူးတိုင်း အနောက်ခြမ်း ၄၀ မှ ၄၃ စင်တီဂရိတ်ခန့် ရောက်ရှိနိုင်မည်။

5️⃣နေပြည်တော် ၃၉ မှ အမြင့်ဆုံး ၄၂ စင်တီဂရိတ်

6️⃣ကချင်အထက်ပိုင်း/ချင်း တို့မှာ ၂၃ မှ ၂၉ ဒီဂရီစင်တီဂရိတ်ထိ
ကချင်အောက်ပိုင်း ၃၅ မှ ၃၇ စင်တီဂရိတ်ထိ

7️⃣စစ်ကိုင်းအထက်ပိုင်း ၃၅ မှ ၄၀ စင်တီဂရိတ်ခန့်

8️⃣ရှမ်းမြောက် ၃၄ မှ အမြင့်ဆုံး ၃၇ စင်တီဂရိတ်ထိ
ရှမ်းတောင် ၃၀ မှ အမြင့်ဆုံး ၃၆ စင်တီဂရိတ်ထိ
ရှမ်းရှေ့ ၃၆ မှ အမြင့်ဆုံး ၄၀ စင်တီဂရိတ်

9️⃣ရခိုင် ၃၄ မှ အမြင့်ဆုံး ၃၆ စင်တီဂရိတ်ထိ

1️⃣0️⃣ဧရာဝတီ ၃၆ မှ အမြင့်ဆုံး ၄၀ စင်တီဂရိတ်ထိ

1️⃣1️⃣ရန်ကုန်တိုင်း ၃၇ အမြင့်ဆုံး ၃၉ စင်တီဂရိတ်

1️⃣2️⃣ပဲခူးအရှေ့ခြမ်း ၃၈ မှ ၄၂ စင်တီဂရိတ်ထိ

1️⃣3️⃣ကယား ၃၆ မှ ၃၉ စင်တီဂရိတ်ထိ

1️⃣4️⃣မွန်/ကရင်/တနင်္သာရီ ၃၆ မှ အမြင့်ဆုံး ၄၀ စင်တီဂရိတ်ထိ


🌍ကမ္ဘာ့အပူဆုံးမြို့စာရင်း ထုတ်ပြန်ချက်မှာ
🌡️🌡️🌡️🌡️🌡️🌡️🌡️🌡️🌡️🌡️🌡️🌡️🌡️🌡️
မြန်မာမှ🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

1️⃣မကွေးတိုင်း
ကမ္ဘာ့အဆင့်-၁ # ချောက်မြို့
ကမ္ဘာ့အဆင့်-၃ # မကွေးမြို့
ကမ္ဘာ့အဆင့်-၇ # မင်းဘူးမြို့

2️⃣မန္တလေးတိုင်း
ကမ္ဘာ့အဆင့်-၈ # ညောင်ဦးမြို့

3️⃣စစ်ကိုင်းတိုင်း
ကမ္ဘာ့အဆင့်-၁၅ # စစ်ကိုင်းမြို့

#TomorrowWeatherForecast
မြန်မာနိုင်ငံနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဖြစ်နေတဲ့ ရာသီဥတုပြောင်းလဲခြင်း၊ ရာသီဥတုဖေါက်ပြန်ခြင်းနဲ့ အစွန်းရောက်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်ခြင်း ဆိုတာတွေက သစ်ပင်သစ်တောတွေအပေါ်မှာ များစွာ တည်မှီနေပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်နိုင်ငံအကြောင်းပဲ ကိုယ်ပြောကြတာပေါ့။

🔸 ၂၀၀၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တနိုင်ငံလုံးမှာ သစ်ပင်-သစ်တောဖုံးလွှမ်းမှုဧရိယာပျောက်ဆုံးမှု၊ တနည်းပြောရရင် သစ်ခုတ်မှုကြောင့်သစ်တောဧရိယာဆုံးရှုံးမှုပမာဏ(Deforestation)က ၇၂% တောင်ရှိခဲ့ပါတယ်။

📍 ၂၀၀၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၂၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ သစ်ပင်ဖုံးလွှမ်းမှုဧရိယာဆုံးရှုံးပျောက်ကွယ်မှု ၅၆% ရှိခဲ့ပါတယ်၊ သစ်ပင်ဖုံးလွှမ်းမှုဧရိယာဆုံးရှုံးမှုနဲ့ အပူပိုင်းသစ်တောများရဲ့သစ်တောဧရိယာဆုံးရှုံးမှုဆိုတာက မတူပါ။

📍 သစ်ပင်ဖုံးလွှမ်းမှုဧရိယာဆိုတာက လယ်ယာသီးနှံပင်တွေ၊ ခြံကျယ်တွေနဲ့စိုက်တဲ့ စိုက်ခင်းတွေ၊ ၅ မီတာအမြင့်ရှိတဲ့ သဘာဝသစ်တောတွေ စသည်ဖြင့် အမျိုးအစားခွဲခြားထားခြင်းမရှိတဲ့ သစ်ပင်မျိုးစုံပါဝင်တာဖြစ်ပါတယ်။

📍 သစ်တောဖုံးလွှမ်းမှုဧရိယာဆိုတာကတော့ အပူပိုင်းအမြဲစိမ်းသစ်တောတွေနဲ့ သစ်ထုတ်လုပ်ဘို့အတွက်စိုက်ပျိုးထားတဲ့ နှစ်ရှည်ပင်သစ်တောတွေဖြစ်ပါတယ်။

အခုပြောမှာက လယ်ယာသီးနှံပင်တွေ၊ ခြံကျယ်တွေနဲ့စိုက်တဲ့ စိုက်ခင်းတွေ၊ ၅ မီတာအမြင့်ရှိတဲ့ သဘာဝသစ်တောတွေ စသည်ဖြင့် အမျိုးအစားခွဲခြားထားခြင်းမရှိတဲ့ သစ်ပင်မျိုးစုံပါဝင်တဲ့ သစ်ပင်ဖုံးလွှမ်းမှုဧရိယာ(Tree Cover area)တွေရဲ့ အခြေအနေကိုပြောမှာဖြစ်ပါတယ်။

🔸 ရှမ်းပြည်နယ်သည် သစ်ပင်ဖုံးလွှမ်းမှုဧရိယာပျောက်ကွယ်မှုအများဆုံးဖြစ်ပြီး စုစုပေါင်း ဟက်တာ ၁.၆၇ သန်း ရှိခဲ့ကြောင်း သိရပါတယ်။
သစ်ပင်ဖုံးလွှမ်းသည့်ဧရိယာ ပျောက်ကွယ်မှုအများဆုံး ပြည်နယ်တိုင်းများကို အောက်ပါအတိုင်းတွေ့ရပါမယ် -
1 Shan 1.67 Mha (ရှမ်းပြည်နယ် ဧရိယာ ဟက်တာ သန်းပေါင်း ၁.၆၇)
2 Tanintharyi 540 kha (တနင်္သာရီတိုင်း ဧရိယာ ဟက်တာ ၅ သိန်း ၄ သောင်း)
3 Kachin 522 kha (ကချင်ပြည်နယ် ဧရိယာ ဟက်တာ ၅ သိန်း ၂ သောင်း ၂ ထောင်)
4 Sagaing 471 kha (စစ်ကိုင်းတိုင်း ဧရိယာ ဟက်တာ ၄ သိန်း ရသောင်း ၁ ထောင်)
5 Kayin 446 kha (ကရင်ပြည်နယ် ဧရိယာ ဟက်တာ ၄ သိန်း ၄ သောင်း ၆ ထောင်)

🔥 နှစ်စဉ်ဖေဖေါ်ဝါရီလကုန်ပိုင်းက စ ပြီး သစ်တောတွေမီးလောင်ကျွမ်းခြင်းက ပုံမှန်ဖြစ်နေတာလဲ ရှိနေဆဲပါဘဲ။ တောင်ယာမီးရှို့တာတွေ အပါအဝင်ပေါ့။ ဒါကို နာဆာရဲ့ ကမ္ဘာလုံးဆိုင်ရာ VIIRS(Visible Infrared Imaging Radiometer Suite)ဂြိုဟ်တုပုံရိပ်တွေက မြင်ရပါတယ်။ ၂၀၂၄ ခုနှစ်အတွက် ခုချိန်အထိ VIIRS ရဲ့ မီးသတင်းပေးပို့မှုအကြိမ်ရေက ၁၄,၀၁၉ ကြိမ်ရှိပြီဖြစ်ကြောင်း စိတ်ချယုံကြည်ရမှုအမြင့်ဆုံး High Confidence Alerts တွေကိုသာထည့်သွင်းမှတ်တမ်းတင်ထားတာဖြစ်ကြောင်း သိရပါတယ်။

🌳 သစ်ပင်ဧရိယာတွေ၊ သစ်တောဧရိယာတွေဆုံးရှုံးပြုန်းတီးခြင်းက ရာသီဥတုပြောင်းလဲခြင်း၊ ရာသီဥတုဖေါက်ပြန်ခြင်းနဲ့ အစွန်းရောက်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်ခြင်း ဆိုတာတွေအပေါ် များစွာသက်ရောက်မှုဖြစ်စေတယ်ဆိုတာ နားလည်ကြစေရန်အတွက် ရှင်းပြပေးတာဖြစ်ပါတယ်။

🌱 ဒါကြောင့် .. အပူဒဏ်ခံနေကြရတဲ့အပေါ် အပြစ်မတင်ဘဲ၊ အနည်းဆုံး သစ်ပင် ၁ ပင်တော့ စိုက်ဖြစ်အောင်စိုက်၊ ရအောင်စိုက်လိုက်ပါလို့ တိုက်တွန်းချင်တာပါဘဲ။

🌲အဓိက အချက်က
စိုက်တဲ့ အပင်တိုင်း ရှင်သန်ကြီးထွားလာအောင် ထိန်းသိမ်းပြုပြင် ဖို့ပါပဲ။
စိုက်ပြီး ပစ်ထားမယ်(For Show) ဆို ဖိုးလျှော်ဖြစ်ပြီး မထိရောက်နိုင်ပါ။

1️⃣ သစ်ပင်ကိုရှင်အောင်စိုက်ပါ။
2️⃣ ဆက်လက်ကြီးထွားဖို့ ဂရုစိုက်ပေးပါ။
3️⃣ ပတ်ဝန်းကျင်ကိုအသိပညာ မျှဝေပေးပြီး တိုက်တွန်းလုပ်ဆောင်ပါ။
❤1
GFW(Global Forest Watch)မှာတွေ့ရတဲ့ မြန်မာနိုင်ငံရဲ့ ပြည်နယ်တိုင်းများအလိုက် အဓိကသစ်တောပြုန်းတီးမှု(Primary Forest Loss)အခြေအနေတွေဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်နှင့် ယင်းမတိုင်မီ နှစ်များအတွက် တက္ကသိုလ်ဝင်စာမေးပွဲ/အခြေခံပညာအထက်တန်းစာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို ‌နေပြည်တော်နှင့် ရန်ကုန်ရှိ အောက်ဖော်ပြပါ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရုံးများတွင် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအတွင်း လျှောက်လွှာလက်ခံ၍ တိုက်ရိုက် ထုတ်ပေးလျက်ရှိပါသည်။ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များတွင် ရုံးပိတ်ပါသည်။
‌‌‎ ‎
🏦 မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)
ရုံးအမှတ် (၅၂)၊ သီရိမဏ္ဍိုင်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်
https://goo.gl/maps/Kp9WZ73ghzRqni6p6

🏛 မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးခွဲ)
အမှတ်(၄/၅)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့
https://goo.gl/maps/5opUAFGGPequyw1J7

📌အောင်လက်မှတ် ထုတ်ယူရန်အတွက် လိုအပ်သည့် အချက်များမှာ -
• အမည်
• ခုံအမှတ်
• အောင်မြင်သည့်ခုနှစ်
• မွေးသက္ကရာဇ်
• စာစစ်ဌာန
• ဖြေဆိုဘာသာတွဲ
• အဖအမည်
• အမိအမည်

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် သတ်မှတ်လျှောက်လွှာပုံစံ ဝယ်ယူ၍ အထက်ပါ အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး
• အပြာနောက်ခံ (၁.၅" x ၂") ဆိုဒ်ဓါတ်ပုံ ၃ ပုံ
• နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ တို့ဖြင့် ပူးတွဲ တင်ပေးရပါမည်။

📌 အမှတ်စာရင်း ထုတ်ယူရန်အတွက် လိုအပ်သည့် အချက်များမှာ -
• အမည်
• ခုံအမှတ်
• အောင်မြင်သည့်ခုနှစ်
• စာစစ်ဌာန

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် သတ်မှတ်လျှောက်လွှာပုံစံ ဝယ်ယူ၍ အထက်ပါ အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး အမှတ်စာရင်း လျှောက်ထား ထုတ်ယူနိုင်ပါသည်။

💢💢💢အထူးသတိပြုရန် အချက်များ 💢💢💢
• ဓါတ်ပုံသည် သတ်မှတ်အရွယ်အစား ဖြစ်ရပါမည်၊ မျက်နှာ၊ နားရွက် ထင်ရှားပြတ်သားရပါမည်။ ဓါတ်ပုံ အရည်အသွေး ကောင်းမွန်ရပါမည်။ မူလမျက်နှာသွင်ပြင်ပျောက်ကွယ်စေနိုင်သည့် မိတ်ကပ်၊ သနပ်ခါး လိမ်းခြယ်ထားမှုမဖြစ်စေရပါ။ အမြင်သင့်လျော်သည့် ဝတ်စားဆင်ယင်ထုံးဖွဲ့ မှုဖြစ်ရပါမည်။ ဓါတ်ပုံ နမူနာ ဖော်ပြပေးထားပါသည်။
• အဆိုပါ သတ်မှတ်ချက်များနှင့် မကိုက်ညီသော ဓါတ်ပုံများဖြင့် လျှောက်လွှာတင်သွင်းပါက လက်ခံဆောင်ရွက်ပေးမည် မဟုတ်ပါ။
• ပထမအကြိမ်ထုတ်သည့် အောင်လက်မှတ်(မူရင်း)များကို ကိုယ်တိုင်/ကိုယ်စား ထုတ်ယူနိုင်ပါသည်။ အောင်လက်မှတ်ကို ကိုယ်စားလျှောက်ထားထုတ်ယူခြင်းဖြစ်ပါက ကျောင်းသား/သူ၏ မှတ်ပုံတင်မိတ္တူနှင့် ထုတ်ယူသူ မှတ်ပုံတင်မိတ္တူ ပူးတွဲ တင်ရပါမည်။
• အောင်လက်မှတ်/အမှတ်စာရင်း ထုတ်ယူမှုအထောက်အထားစိစစ်ရန် မှတ်ပုံတင်မူရင်း ပြသရပါမည်။
• အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို အတတ်နိုင်ဆုံး နေ့ချင်းပြီးရအောင် ဆောင်ရွက်ပေးပါသည်။ သို့သော်တစ်ရက်တာအတွင်း လျှောက်ထားသည့် စောင်ရေသည် နေ့ချင်းပြီးမရနိုင်ပါက ရနိုင်သည့် ရက်ကို ပြန်လည် ချိန်းဆိုပေးပါသည်။
ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်
သစ်ပင်စိုက်ကြပါ ဆိုလို့.....

အခုတလော ပြန်ခေတ်ထလာလို့ပြောချင်လာတာပါ။ ဒီကိစ္စဟာ လူအတော်များများ ကမ်ပိန်း (campaign) တွေလုပ်၊ ပရောဂျက်တွေရှာနဲ့ အတော် ဟော့ဖြစ်နေတဲ့ ကိစ္စပါ။ သစ်ပင်စိုက်ကြမယ်တဲ့...။
တချို့လဲ ကျွန်းစိုက်ကြတာပေါ့၊ တချို့က တခြားသစ်မာပင်ပေါ့၊ တချို့ကြတော့လဲ အပင်ဖြစ်ရင်ပြီးရော (ဘာပင်ဖြစ်ဖြစ် အောက်စီဂျင်ရရင် ပြီးတာဘဲဆိုတော့) စိုက်ကြပါတယ်။ ဒါလည်းကောင်းတဲ့ အချက်ပါဘဲ။ ဒီထက်လေးလေးနက်နက် ပြောရရင် အဲဒီလိုလုပ်တာဟာ မမှန်သေးဘူးဗျ။
ကျနော့်ဆရာ ဆရာသိန်းအောင် သင်ကြားပေးနေကြ အချက်လေး ဒီမှာပြောပြချင်လာတာပါဘဲ။ အပင်စိုက်ကြတယ်ဆိုတော့ ကြုံတဲ့အပင်စိုက်ရင် ဘာဖြစ်လာမလဲ..... ။ ဒီအချက်က စပြောကြတာပေါ့။ ဥပမာ ရန်ကုန်မြို့ တနေရာမှာ ကျွန်းပင်တွေ စိုက်ကြပြီဆိုပါတော့။ (၁) ကျွန်းပင်တွေ တကယ်ဖြစ်ထွန်းရဲ့လား.....။ ထင်သလောက်မဖြစ်ထွန်းဘူးနော်။ မြန်မာနိုင်ငံမှာ ကျွန်းသစ်အများဆုံးနဲ့ အကောင်းဆုံး မှတ်တမ်းတွေက ရိုးမတွေကဘဲ..အထူးသဖြင့် ပဲခူးရိုးမပေါ့။ ဘာဖြစ်လို့လဲ သူ့ပေါက်ရောက်ရာဒေသ သူ့ဖြစ်ထွန်းမှုဆိုတာကို လေ့လာသင့်တယ်။ ပြီးတေ့ာ စိုက်တော့ စိုက်ပါရဲ့ စိုက်ပြီး လှည့်မကြည့်တော့ဘူး။ သင်းသပ်မဲ့လူမရှိ သေချာစောင့်ကြည့်မဲ့လူ မရှိမှတော့ စိုက်လဲ အလကားဘဲ ဖြစ်မှာပါ။
ဟုတ်ပြီ ကျွန်းအကြောင်း မပြောဘူး ထင်းရှူးပင်တွေအကြောင်းပြောရအောင်။ ကလောတို့ အောင်ပန်းတို့ ဘက်တွေမှာ ထင်ရှုးပင်တွေ စိုက်ကြတယ်။ တခုသတိမထားမိတာက ထင်းရှုးမျိုးရင်းတွေမဟုတ်ဘဲ အနောက်တိုင်းမျိုးတွေ ဖြစ်နေခဲ့တာဘဲ။ အဲဒီတော့ မေးစရာရှိလာပြီ။ ထင်းရှုးပင်ဖြစ်ရင် ပြီးရောပေါ့ကွာ၊ ဘာတွေ လိုနေသေးလို့လဲ ဆိုတာမျိုးပေါ့။
တကယ်အရေးအကြီးဆုံး အချက်ကို ဒီမှာပြောပါမယ်။ ကျနော်တို့တွေက နေရာဒေသတစ်ခုမှာ ကြုံအရာအပင်စိုက်လိုက်ရင် အဲဒီဒေသရဲ့ ဂေဟစနစ်တခုလုံး (eco system) ပြောင်းသွားနိုင်တာဘဲ၊ အဲဒီလို ပြောင်းသွားတာရဲ့ အကျိုးဆက်ကတော့ မကောင်းလှပါဘူး။ ဥပမာ အပင်မစိုက်ခင် အဲဒီဒေသမှာ ဘယ်လိုကျေးငှက်တွေ နေထိုင်ကျက်စားကြသလဲ၊ ဘယ်လို အင်းဆက်ပိုးတွေရှိတတ်ကြသလဲ၊ ဘယ်လိုတွားသွား၊ အသားစား၊ စသည်ဖြင့်နေထိုင်တတ်ကျလဲ အရင်လေ့လာပြီးမှ စိုက်သင့်ပါတယ်။ ဒီငှက်တွေဟာ ဟာဘယ်အပင်နဲ့ ဘယ်အသီးတွေကို စားသုံးပြီးရှင်သန်ကြသလဲ။ ဘယ်လိုအပင်မျိုးမှာ အသိုက်ဆောက်ကြသလဲ၊ ဒီမျောက်တွေဟာ ဘာအရွက်စားတာလဲ။ ဒီအသားစားအကောင်တွေကရော ဘာအသားစားပြီးရှင်သန်ကြတာလဲ လေ့လာပြီးမှ လိုအပ်တဲ့ အပင်ကို အဓိကထား စိုက်ရပါတယ်။ အဲဒီလို ဂေဟာစနစ်တခုသာ ပြောင်းသွားလိုက်ပြီဆိုရင် အဲဒီမှာ ရှင်သန်နေကြတဲ့ သက်ရှိမျိုးစိပ်တွေ အသွင်ပြောင်းရင်ပြောင်း၊ မပြောင်းနိုင်ရင် မျိုးတုန်းသွားနိုင်ပါတယ်။
မျိုးတုန်းရင် ဘာဖြစ်သွားလဲ မေးလာမှာပေါ့။ အစာကွင်းဆက်ပြတ်ပြီဆိုတာနဲ့ ဥပမာ အင်းဆက်စားပင်တွေ မရှိရင်၊ အင်းဆက်မျိးတုန်းမယ်။ သူတို့မရှိရင် ဝတ်မှုန်ကူးပေးမဲ့ အကောင်မရှိတော့ဘူး။ အင်းဆက်မရှိရင် သူတို့ကိုစားပြီးရှင်သန်ရတဲ့ ငှက်လို(အခြားမျိုးစိတ်) တခု မျိုးတုန်းသွားနိုင်တယ်။ အဲဒီလို မျိုးတုန်းရင် ဂေဟစနစ်ပျက်ပြီဘဲ။ သူတို့မရှိတာနဲ့ အခြားအင်းစက်မျိုးစိပ်အသစ်ဖြစ် လူတွေ မမျှော်လင့်တာတွေ ဖြစ်လာနိုင်တယ်၊ ဒါဆိုရင် အန္တရာယ် ရှိလာပြီပေါ့။ အနီးဆုံး ဥပမာပေးရရင် တရုတ်ပြည်မှာ မြွေအရမ်စားလို့ မြွေမျိုးတုန်းတယ်။ မြွေမျိုးတုန်းတော့ လယ်ထဲမှာ ကြွက်တွေ ပိုပေါလာတယ်။ ကြွက်တွေက အပင်တွေကိုဖျက်ရုံမကလို့ ရောဂါပိုးပါသယ်လာတယ်။ နောက်ဆုံးမြွေတွေ လယ်ထဲ ပြန်လွှတ်ရတယ်။
နောက်ဥပမာတခုက မော်စီတုံးလက်ထက် အစားအသောက်ရှားတော့ လယ်ထဲက စပါးစားတဲ့ စာကလေးတွေကို ရှင်းခိုင်းတယ်။ စပါးချွေတာရာရောက်တာပေါ့။ ပြသနာက စာကလေးတွေလဲ မရှိတော့ရော စပါးခင်း ပိုးကျပြီး အကုန်ရှုံးပါလေရော။ စာကလေးတွေက စပါးဘဲစားတယ်ထင်နေတာ လယ်ထဲက အင်းဆက်ကိုပါ စားသွားတာ။ နောက်မှ အဲဒီလို အဖြစ်ကိုသိတော့ စာကလေးပြန်မွေးရတယ်။
နောက်ဥပမာပေးရရင် သဘာဝတောရိုင်းတွေရဲ့ ဂေဟစနစ်တိုင်းဟာ ကွင်းဆက်တွေချည်းဘဲ။ ဆင်တွေမရှိရင် တောပြုန်းနိုင်သလို၊ ကျားတွေမရှိရင်လဲ တောပျက်နိုင်တယ်။
ပြန်ပြီးချုပ်ရရင် တွေ့ကရာအပင်စိုက်တာထက် ဘာအပင်စိုက်သင့်တယ်ကို လေ့လာ(research)ပြီးမှ စိုက်သင့်ပါတယ်။ ထပ်ပြီးမေးလာမှာပေါ့ အပင်စိုက်ဖို့ကွာ အဲဒီလောက် အချိန်ကုန်စရာလား၊ ပညာရှင်တွေလိုလားပေါ့။ အဲလောက်ထိ တာမသွားလဲ ရပါတယ်။ ဥပမာ အဲဒီအပင်စိုက်မဲ့ ပတ်ဝန်းကျင်က အသက် ၆၀၊ ၇၀ ကျော်တွေကို သူတို့ငယ်ငယ်တုန်းက ဘာပင်တွေ တွေ့လဲ၊ ဘာငှက်တွေ တွေ့လဲ အဲဒီလိုမေးမြန်ပြီး စိုက်ရင်ကို၊ အမှားမများတဲ့ ဂေဟစနစ်တခုကို ပြန်လည် အစားထိုးရာကြတာပေါ့....။
စာများရင် မဖတ်ချင်ကြမှာဆိုးလို့ မေးစရာရှိရင်သာ လာမေးကြပါ၊ မိမိအတွေးရှည်သလောက် တွေးတောကြပါလို့ဘဲ ပြောပါရစေ။
👏3👍2❤1
ကျေးလက်ဒေသက
အချိန်နာရီ အခေါ်အဝေါ်တွေ
(၁၆) မျိုးလောက်က အခုထိ
ခေါ်နေကြတုန်း။
လစာ( ၂ )လစာ ချေးငွေ ဆပ်ပြီးအကြိမ်အရေအတွက် မေးနေသူများအတွက်

အောက်တိုဘာ ၂၀၂၁.........(၁)
နိုဝင်ဘာ ၂၀၂၁.........(၂)
ဒီဇင်ဘာ ၂၀၂၁.........(၃)
ဇန်နဝါရီ။ ၂၀၂၂........(၄)
ဖေဖော်ဝါရီ ၂၀၂၂........(၅)
မတ်လ ရပ်နား
ဧပြီလ ရပ်နား
မေလ ရပ်နား
ဇွန်လ။ ၂၀၂၂.......(၆)
ဇူလိုင်။ ၂၀၂၂.......(၇)
ဩဂုတ်။ ၂၀၂၂.......(၈)
စက်တင်ဘာ။ ၂၀၂၂.......(၉)
အောက်တိုဘာ။ ၂၀၂၂......(၁၀)
နိုဝင်ဘာလ။။ ၂၀၂၂......(၁၁)
ဒီဇင်ဘာလ ၂၀၂၂.......(၁၂)
ဇန်နဝါရီလ။ ၂၀၂၃.......(၁၃)
ဖေဖော်ဝါရီ။။ ၂၀၂၃.......(၁၄)
မတ်လ။။ ၂၀၂၃.......(၁၅)
ဧပြီလ။။ ၂၀၂၃.......(၁၆)
မေ လ။။။ ၂၀၂၃.......(၁၇)
ဇွန်လ။ ၂၀၂၃.......(၁၈ )
ဇူလိုင်လ။ ၂၀၂၃.......(၁၉)
ဩဂုတ်လ။ ၂၀၂၃.......(၂၀)
စက်တင်ဘာ။ ၂၀၂၃.......(၂၁)
အောက်တိုဘာ။ ၂၀၂၃......(၂၂)
နိုဝင်ဘာ။ ၂၀၂၃......(၂၃)
ဒီဇင်ဘာ။ ၂၀၂၃......(၂၄)
ဇန်နဝါရီ။ ၂၀၂၄......(၂၅)
ဖေဖော်ဝါရီ။ ၂၀၂၄.......(၂၆)
မတ်လ။ ၂၀၂၄.......(၂၇)
ဧပြီ။ ၂၀၂၄.......(၂၈)
မေ။ ၂၀၂၄.......(၂၉)
ဇွန်။ ၂၀၂၄.......(၃၀)
အခြေခံပညာကျောင်းများကို
(23.5.2024) ရက်နေ့တွင် ကျောင်းအပ်စတင်လက်ခံသွားမှာဖြစ်ပြီး၊
(3.6.2024) ရက်နေတွင် ကျောင်းများစတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
👍2