Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Grade 5 ရဲ့ English ဘာသာ အနှစ်ချုပ်

အင်္ဂလိပ်စာရဲ့ 4-Skills က……….
1. Listening and Speaking
2 Reading and Writing
3. Culture
4. Language

G 1, G 2 နဲ့ G 3 ကို အချင်းချင်းပြောဆိုမှုအခြေခံစွမ်းရည်- Basic interpersonal communication skill
(BICS) ရအောင်သင်။
G 4 နဲ့ G 5 ကို BICS ကိုလည်း ရအောင်သင်ရမယ်။
သိမှုပညာရပ်ဆိုင်ရာ ဘာသာစကား ကျွမ်းကျင်(CALP) Cognitive academic language proficiency
ကိုလည်းရအောင်သင်ရမယ်။

English ဘာသာကို သင်တော့မယ်ဆိုရင်…
၁။ ကျောင်းသုံးစာအုပ်နဲ့ ဆရာလမ်းညွှန်ကိုဖတ်။
၂။ သင်ယူမှုဦးတည်ချက်ကိုကြည့်ပြီး ကလေးအတွက်
ဘာကိုရစေချင်လဲ ဆိုတာ သိအောင်လုပ်။
၃။ သင်ခန်းစာအတွက်လိုအပ်တဲ့ သင်ထောက်ကူ လုပ်။
၄။ သင်ယူနေစဉ် စစ်ဆေးအကဲဖြတ်နိုင်အောင် ပြင်ဆင်။
၅။ သင်ယူမှုအတွက် ခွဲဝေအချိန်တွေကို သေချာလေ့လာ။

Grade-5 English မှာ Unit ၁၀-ခုရှိတယ်။
Unit ၁-ခုမှာ Lesson ၂-ခု ပါတယ်။
Lesson ၁-ခုမှာ စာသင်ချိန် ၆-ချိန်ပါတယ်။
စာသင်ချိန် ၁ ကနေ စာသင်ချိန် ၄ အထိ ဘာသာစကား(Language)ကိုအဓိကထားသင်ရတယ်။

(Language)ရအောင် ဘယ်လိုသင်မလဲ။
စာသင်ချိန် ၁ မှာ(Learn)။ စကားလုံး အသစ်‌သင်ယူမယ်။
စာသင်ချိန် ၂ မှာ (Try/extend)။
စာသင်ချိန် ၁ က သင်ထားတဲ့ဟာကို
Reading, Writing, Speaking တွေနဲ့ လေ့ကျင့်မယ်။

စာသင်ချိန် ၃ နဲ့ ၄ ကလည်း စာသင်ချိန်(၁+၂) လိုပဲ။

စာသင်ချိန် ၅ မှာ Readeing (Pre-Reading, Reading, Post-Reading) အဆင့် ၃-ဆင့်နဲ့ ရွတ်ဖတ်တတ်အောင်
သင် မယ်။

စာသင်ချိန် ၆ မှာ Writing ကို(Pre-writing, Writing, Post-Writing) အဆင့် ၃-ဆင့်နဲ့ ရေးသားတတ်အောင်
သင်မယ်။

ကဲ Lesson (1+2)ပြီးတဲ့အခါ Review ၂-ချိန် လုပ်မယ်။
Review ချိန်-၁ က Lesson-1 အတွက်။
Review ချိန်-၂ က Lesson-2 အတွက်။
Project ၃-ချိန်(Plan, Do, Present) လုပ်မယ်။ ဒါပဲ။

ဒါကြောင့် အင်္ဂလိပ်စာဘာသာမှာ သင်ယူနေစဉ်
စစ်ဆေးခြင်းလုပ်ရင် နယ်ပယ် ၄-ခုကို အခြေခံပြီး
(Learn)နိုင်ရဲ့လား။ (Extend or try) နိုင်လား။
Project မှ (plan)နိုင်ရဲ့လား။ (Do)နိုင်လား။
(Presnet)နိုင်ရဲ့လား။ ဒါတွေကို စစ်ဆေးရမှာပါ။
(ပုံစံဇယားရှိပါတယ်)။

အဲ English ဘာသာရဲ့ Lesson တစ်ခုကို
သင်နေတဲ့ ပုံစံက ယခင်အတိုင်းသင်လို့မရတော့ဘူး။
စနစ်သစ်ပညာရေးမှာ အတန်းတိုင်း၊ ဘာသာတိုင်း၊
သင်ခန်းတိုင်း မျှော်မှန်းထားတဲ့ 21st Century Skill
ဖြစ်တဲ့C-၅လုံးရအောင် သင်ပေးရမှာပါ။ ဒါကြောင့်….

အုပ်စုလုပ်ငန်းတွေလုပ်ခိုင်းမယ်၊ ideas မျှဝေခိုင်းမယ်။
အတူတကွဖြေရှင်းခြင်းတွေနဲ့သင်ပေးမယ်ဆိုရင်
ကလေးတွေအနေနဲ့ #Collaboration ကိုရစေမယ်။

ရေးစေခြင်း၊ ဖတ်စေခြင်း၊ ပြောစေခြင်း၊ နားထောင်စေခြင်းနဲ့ကလေးတွေ #Communication ကိုရစေမယ်။

ပြဿနာတွေကို အဖြေရှာစေပြီး အမှားတွေအတွက်
အမှန်တွေကို ပြင်စေလုပ်ငန်းတွေနဲ့လည်း
#Critical thinking and Problem Solving ကိုရမယ်။

စဉ်းစားစေပြီး new ideas တွေနဲ့ ဖြေရှင်းစေခြင်းဖြင့်
#Creativity and Innovation ကို ရစေမယ်။

ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ တက်ကြွစွာပါဝင်စေပြီး
#Citizenship ကို ရသွားစေပါမယ်။
ကိုင်း .. သင်ခန်းစာချိတ်ဆက်မှုတွေက အဲ့ဂလိုဗျ။

စစ်ဆေးအကဲဖြတ်မှာက ကလေးတွေရဲ့
ဗလ(၅)တန် (ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တ၊ ဘောဂ)ကို
အခြေခံတယ်။ သင်ခန်းစာ ၁-ခုသင်ကြားလိုက်ချိန်မှာ
ကလေးတွေရရှိသွားနိုင်တဲ့ နယ်ပယ်(၄)ခု ရှိတယ်။
၁) အသိပညာတတ်မြောက်မှု
၂) စွမ်းရည်များ
၃) စိတ်နေသဘောထား
၄) အသိပညာကို တွေးတောဆင်ခြင်နိုင်မှု

ဒီနယ်ပယ် ၄-ခုကို ရစေချင်ရင်
သင်ခန်းစာကို သင်ကြား/ယူမှုလုပ်တိုင်း
#Remember မှတ်မိအောင် သင်ရမယ်။
#Understanding နားလည်အောင် သင်ရမယ်။
#Apply အသုံးချနိုင်အောင် သင်ရမယ်။
ဒါကြောင့် သင်ယူပြီးချိန်မှာလည်း မှတ်မိ၊
နားလည်၊ အသုံးချနိုင်မှုတွေကို စစ်ဆေးရမှာပါ။

မူလတန်းထက်ဆင့် Grade-4နဲ့ Grade-5 က
Summative Assessment အနေနဲ့ တစ်နှစ်မှာ
၄-ကြိမ် စစ်ဆေးရပါမယ်။ Formal test အနေနဲ့ပါ။
July+August မှာ ၁ကြိမ် (အခန်းဆုံးစစ်ဆေးခြင်း)
October မှာ ၁ကြိမ်(နှစ်ဝက်ဆုံးစစ်ဆေးခြင်း)
December မှာ ၁ကြိမ်(အခန်းဆုံးစစ်ဆေးခြင်း)
March မှာ ၁ကြိမ်(နှစ်ဆုံးစစ်ဆေးခြင်း)
၁-ဘာသာမှာ ဖြေဆိုချိန် မိနစ်-၄၀ နဲ့ပါ။

မေးခွန်းတည်ဆောက်ပုံ (၂)မျိုးရှိတယ်။
#Item type(မေးခွန်းပုံစံ) နဲ့ #Rubic type(စံပုံစံ)

(Item type)မေးခွန်းအမျိုးအစား ၁၁ မျိုးရှိတယ်။
၁။ ယှဉ်တွဲမေးခွန်း
၂။ အပိတ်မေးခွန်း
၃။ လွတ်လပ်စွာဖြေဆိုနိုင်သော မေးခွန်း
၄။ အမှန်ရွေးမေးခွန်း
၅။ မှား/မှန်ရွေးမေးခွန်း
၆။ ဖြည့်စွက်မေးခွန်း
၇။ အဖြေအမျိုးမျိုးမေးနိုင်သော မေးခွန်း
၈။ အစီအစဉ်တကျ ပြန်စီရသော မေးခွန်း
၉။ အမှားများကို အမှန်ပြင်ရသော မေးခွန်း
၁၀။ ဉာဏ်စမ်းမေးခွန်း
၁၁။ တင်ပြခြင်းနှင့် ကျိုးကြောင်းပြဖြေရသော မေးခွန်း

မှတ်မိမှုကို မေးတဲ့ မေးခွန်း။ အခြေခံမေးခွန်း။
နားလည်မှုကို မေးတဲ့ မေးခွန်း။ အခြေခံမေးခွန်း။
အသုံးချနိုင်မှုကို မေးတဲ့ မေးခွန်း။ အဆင့်မြင့်မေးခွန်း။
Rubic type(စံပုံစံ)
သင်ခန်းစာနဲ့ ပတ်သက်ပြီး အသိပညာ၊ ကျွမ်းကျင်မှု၊
သဘောထား၊ တွေးတောဆင်ခြင်နိုင်မှု တွေအပေါ်
မူတည်ပြီး စံသတ်မှတ်ပြီး စစ်ဆေးရပါတယ်။

လုပ်ဆောင်မှု(Performance) ကို စစ်ဆေးအကဲဖြတ်
မယ်ဆိုရင် ဒီအပိုင်းတွေကိုစစ်ဆေးမယ်။
Assessment point in writing
(အရေးအသားကိုစစ်ဆေးခြင်း)
Assessment point of Role Plays or Dialogue
(သရုပ်ဆောင်ခြင်း(သို့)ပြောဆိုဆက်သွယ်ခြင်း)
Assessment Point of Presentation
(တင်ပြခြင်းကို စစ်ဆေးခြင်း)
Assessment point of Project
(လုပ်ငန်းပေးစစ်ဆေးခြင်း)

အရေးအသားကို စစ်ဆေးခြင်း စံများ
1. Communicative achievement
2. Language
3. Handwriting

သရုပ်ဆောင်ခြင်း(သို့)ပြောဆိုဆက်သွယ်ခြင်း စံ
1. Voice
2. Pronunciation
3. Fluency,
4. Vocabulary and grammer
5. Presentation Techniques။

တင်ပြခြင်းကို စစ်ဆေးခြင်း စံ။
1. Pronunciation
2. Communication,
3. Vocabulary and grammer

လုပ်ငန်းပေးစစ်ဆေးခြင်း စံ။
1. Content
2. Vocabulary and grammer
3. Presentation Techniques။
4. Teamwork

Item type နဲ့ပဲ စစ်ဆေးစစ်ဆေး။
Rubic type နဲ့ပဲ စစ်ဆေးစစ်ဆေး။ ကလေးက..
သင်ရိုးညွှန်းတမ်းအတိုင်း ရရင် ကောင်း(S)။
သင်ရိုးညွှန်းတမ်းထက် ပိုပြီး ရရင် အလွန်ကောင်း(A)။
သင်ရိုးညွှန်းတမ်း အတိုင်း မရဘူးဆိုရင်
ထပ်မံကြိုးစားရန်(E)။
ကဲ ကလေးတွေရဲ့ Result ကို မှတ်တမ်းထဲမှာ
ထည့်သွင်းလိုက်လို့ရပါပြီ။

ဦးရဲ
ပညာရေး
“အမိန့်” ပေးရင်
လုပ်ငန်းကို ကျရှုံးစေတယ်။

“တာဝန်” ပေးရင်
လုပ်ငန်းကို ပြီးမြောက်စေတယ်။

“ယုံကြည်မှု” ပေးရင်
လုပ်ငန်းမှာ ပျော်ရွှင်စေတယ်။

ဒါကြောင့် တာဝန် ကို ယုံကြည်မှုနဲ့ တွဲပေးပါ။
မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲
________

ကန္တာရ၀တီ........... ကယား
ကမ္ဘောဇ ............. ရှမ်း
ကုသိနာဂရ .......... ပုသိမ်
ကေတုမတီ .......... တောင်ငူ
ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက်
ကောသမ္ဘီ ............ ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်

ခေမရဋ္ဌ ......... ကျိုင်းတုံ
ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ ......... ဧရာဝတီမြစ်ဝကျွန်းပေါ်
ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ .... စလင်းအနောက်ဘက်
စိနရဋ္ဌ .......... ကချင်ပြည်နယ်

စန္ဒပူရ ................ မဏိပူရဘက်နယ်စပ်
စမ္ပာနဂရ ............ သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ်ဎန ........... တောင်ငူနယ်
ဇေယျပူရ ............ စစ်ကိုင်း
ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ်
တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်

တမ္ပဒီပ ...................... ဧရာဝတီမြောက်ပိုင်း
ဓညဝတီ .................... မြောက်ဦး
ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ်
ဒွာရာဝတီ .................... သံတွဲ
နဂရာဇာ .................... နဂရစ်
ပဉ္စာလရာဇ် ................. တကောင်း

ပဌမနဂရ ............. မကွေးတောင်ဘက်
ပေါက္ကရ၀တီ .......... ရန်ကုန်
မဟာနဂရ ............. မွန်ငယ်
မစ္ဆဂီရိ .................. ချင်းတောင်တန်း
မေဃဝတီ ............. မာန်အောင်
မထိလာ............... မိတ်ထီလာ

ယောနက ........... ယော
ရတနပုရ ............ အင်းဝ
ရတနာတင်းတိမ်... တောင်တွင်းကြီး
ရတနာပုံ ............. မန္တလေး
ရာဇဂြီဟ ........... ကလေးအနီး

ရာမညဒေဝ .......... မွန်ပြည်နယ်
ရမ္မာဝတီ .............. ရမ်းဗြဲ
ရတနာသိင်္ခ/ရတနာသိင်္ဃ ......... ရွှေဘို
ဝေဘာရာ ဝေပုလ္လ ................ ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ .............................. မြောက်ဦးအနီး
ဝိမဏု/ပုဏ္ဏဝတီ......... ဗိဿနိုး တောင်တွင်းကြီးအရှေ့

သလ္လဝတီ ............ချင်းတွင်းမြစ်
သာကေတ ......... ရန်ကုန်
သာဂရ ............... ဆွာအနီး
သာယာဝတီ ........ သုံးဆယ်အနီး
သိရီခေတ္တရာ ...... မော်ဇာ
သိရီပစ္စရာ ...........ပုဂံအနီး

သိင်္ဂုတ္တရ ............ ရွှေတိဂုံကုန်းတော်
သုနာပရန္တ ...........ဧရာဝတီမြစ်မြောက်ဘက်
သုဓမ္မဝတီ ...........သထုံ
သုဝဏ္ဏဘူမိ .........တိုက်ကုလား၊ အရက်သမ၊ ဝင်က
သင်္ဃဿနာရ .......တကောင်း
ဟရိပုဉ္စ .............. မွန်ပြည်နယ်/ ထိုင်း

ဟံသာဝတီ .......... ပဲခူး
အမရပူရ ............ တောင်မြို့
အရိမဒ္ဒနပူရ......... ပုဂံ
အသီတဉ္စန ...........ရန်ကုန်
အလ္လကပ္ပ ............ စစ်ကိုင်းအနီး
အာဠဝတီ ............ မြစ်ကြီး
သွရိဿ .............. ပဲခူး
ဥက္ကလာပ ............ ရန်ကုန် တို့ဖြစ်သည်။
❤2
*🔯CHEMISTRY.*

☆Ordinary salt ➠ NaCl
✶ baking soda ➠ NaHCO₃
✶ Wash the soda ➠ Na₂CO₃ · 10H₂O
✶ Caustic soda ➠ NaOH
✶ Suhga ➠ Na₂B₄O₇ · 10H₂O.
✶ alum➠ K₂SO₄ · Al₂ (SO₄) ₃ · 24H₂O
✶ red medicine ➠ KMnO₄
✶ Caustic potash ➠ KOH
✶ Shura ➠ KNO₃
✶ Bleach bleaching ➠ Ca (OCl) · Cl
✶ Lime water ➠ Ca (OH) ₂
✶ Gypsum ➠ CaSO₄ · 2H₂O
✶ Plaster of Paris➠ CaSO₄ · ½H₂O
✶ Choke ➠ CaCO₃
✶ limestone ➠ CaCO₃
✶ marble ➠ CaCO₃
✶ Salon ➠ NH₄Cl
✶ Laughing gas ➠ N₂O
✶ Litharge ➠ PbO
✶ Galena ➠ PbS
✶ red vermilion ➠ Pb₃O₄
✶ white lead ➠2PbCO₃ · Pb (OH) ₂
✶ salt acid ➠ HCl
✶ Shure Acid ➠ HNO₃
✶ Acarus ➠ HNO₃ + HCl (1: 3)
✶ dry ice ➠ CO₂
✶ green clasp ➠ FeSO₄ · 7H₂O
✶ Horn Silver ➠ AgCl
✶ heavy water ➠ D₂O
✶ Producer gas ➠ CO + N₂
✶ vinegar ➠ CH₃COOH
✶ gamaxine ➠ C₆H₆Cl₆
✶ Blue Kassis ➠ CuSO₄ · 5H₂O
✶ alcohol ➠ C₂H₅OH
✶ Manda ➠ C₆H₁₀O₅
✶ Grapes juice ➠ C₆H₁₂O₆
✶ Chinese ➠ C₁₂H₂₂O₁₁
✶ Urea ➠ NH₂CONH₂
✶ benzene ➠ C₆H₆
✶ turpentine oil ➠ C₁₀H₁₆.
❤1
ပင်စင်စားများအတွက် အသိပေးကြေညာချက်

မိဘပြည်သူပင်စင်စားများခင်ဗျာ။ 🙂
ပင်စင်ဦးစီးဌာနအနေဖြင့် ပင်စင်စားများအား ငွေပေးမိန့်ထုတ်ပြန်ရာတွင် ပူးတွဲပေးပို့နေသော အငြိမ်စားလက်ခံစာအုပ် (ယခင်စာအုပ်အဝါ 📒) အား ဖော်ပြပါ ပုံစံအတိုင်း ပြောင်းလဲထုတ်ပေးမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ပင်စင်ဦးစီးဌာန(နေပြည်တော်)
၁၀-၆-၂၀၂၂
၁၈၊ ၆ ၊၂၀၂၂ ထွက်မည့် ဆယ်တန်းအောင်စာရင်းများကိုကြည့်ဖို့ရန်အတွက် အောင်စာရင်းအက်ပလီကေးရှင်းကိုယ့်ဆီမှာ ၁၀တန်းဖြေထားတဲ့သူရှိရင် အောက်တွင် အောင်စာရင်းကြည့်ဖို့ရန် Application နှင့် Website များ​ပေးထါးပါတယ်။တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ပညာရေးဝန်ကြီးဌာန Website ကနေပြီး ဖုန်းထဲကြည့်လို့ရအောင် လုပ်ထားပါတယ်။
အောက်မှာ လင့်ခ်ပေးထားပါတယ်။

#Downloadလုပ်ရတယ်

Play store download link :
https://play.google.com/store/apps/details?id=com.ottsolution.examresult

https://apkpure.com/examresult-mm/com.ottsolution.examresult

#အောင်စာရင်းကြည့်ရှုရန်Websiteလိပ်စာ

https://www.myanmarexam.org/index.html


https://t.me/EducationalChannelMM

အောင်စာရင်းများကြည့်ရန် Join ပါ။
https://t.me/EducationalChannelMM

#အနှစ်အလိုက်အောင်စာရင်းများကြည့်ရန်။

https://2022.myanmarexam.org/
https://2020.myanmarexam.org/
https://2019.myanmarexam.org/
https://2018.myanmarexam.org/
https://2017.myanmarexam.org/
https://2016.myanmarexam.org/
👍1
တက္ကသိုလ်ဝင်တန်းအောင်စားရင်းကို
On Lineဖြင့်ကြည့်ရင် ဒါလေးတွေလိုပါတယ်နော်။

1️⃣အမည်
2️⃣ ခုံအမှတ်
3️⃣ စာစစ်ဌာန
4️⃣ မြို့နယ်။